Saturday, August 18, 2012

ကားနံပါတ် နဲ့ ပြောရေးဆိုခွင့်ရှိသူ

ကားနံပါတ်
ကားသစ်တွေမှာ နံပါတ်ပြား တပ်ရင် အင်္ဂလိပ်လို တပ်လို့ရတယ် လို့ မြန်မာ့အလင်း သတင်းစာမှာ ကြာသပတေးနေ့က ရေးပါတယ်။

နောက်တနေ့မှာ အဲဒီသတင်းမှားတယ်လို့ အဲဒီသတင်းစာမှာပဲ သတင်းတပုဒ် ရေးထားပါတယ်။

သတင်းမှားတဲ့အကြောင်း ချက်ချင်း ဖြေရှင်းချက် ထည့်တာက ချီးကျူးဖို့ ကောင်းပါတယ်။
မော်တော်ယာဉ်အကြောင်း စိတ်ဝင်စားသူ အင်မတန်များတာကြောင့် ဒီဖြေရှင်းချက်ကို မြန်မြန် မပျက်မကွက်ထည့်ဖို့ လိုအပ်ပါတယ်။

လူထု ဦးစိန်ဝင်း စာမူများ သမီးဖြစ်သူထံ ခွင့်တောင်းရန် လို

ကွယ်လွန်သူသတင်းစာဆရာ၊စာရေးဆရာလူထုဦးစိန်ဝင်းရဲ့ စာ မူ ၊ ဆောင်းပါး၊ စာအုပ်များနဲ့ပတ်သက်ပြီး မည်သည့်နည်းနှင့် မဆို ပြန်လည် ထုတ်လုပ်၊ ပုံနှိပ်၊ ဖော်ပြတဲ့အခါ ဆရာ လူထု ဦးစိန် ၀င်းရဲ့ သမီးဖြစ် သူဒေါ်ချောအိဝင်းဇော်ထံတွင် ခွင့်ပြုချ က်တော င်းခံ ရန် မေတ္တာရပ် ခံမှုကို သမီးဖြစ်သူက မြန်မာ့အလင်း သတင်း စာမှာ ကြေညာ ထားပါတယ်။ဆရာကြီး မကွယ်လွန်မီက ဆရာကြီးထံ က ခွင့်ပြုချက်ယူ ထားသည့် စာမူ၊ ဆောင်းပါးတွေ စသဖြင့် ရှိခဲ့ ပါ ရင် လည်း ဒေါ်ချော အိဝင်းဇော် ထံ အကြောင်းကြားခွင့်ပြုချက်ယူဖို့ မေတ္တာ ရပ်ခံစာမှာ

ကျောက်ဆည်မြို့နယ်ဒီမိုကရေစီအရေးတော်ပုံ ၂၄နှစ်ပြည့်အမှတ်တရ (၁၉.၈.၂၀၁၂) မနက်ဖြန်တွင်ကျင်းပမည်။

၁၉၆၂ခုနှစ်မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့နောက်ဆုံးဥက္ကဌ၊မန္တလေးတက္ကသိုလ်ကလောင်ရှင်များအတွင်းရေးမှူး ဆရာဦးစိုးဝင်းမောင်၊ဇနီး ဒေါ်မြသန်းတို့၏နေအိမ်တင်ဒီမိုကရေစီအရေးတော်ပုံ၂၄နှစ်ပြည့်အမှတ်တရအခမ်းအနား(ကျောက်ဆည်မြို့နယ်)ကျင်းပမည်ဖြစ်သည်။

အသစ်တက်လာသော နိုင်ငံတော်ဒုတိယသမ္မတအတွက် အကြံပြုချက်

Photo..AP
ဒုတိယသမ္မတ တစ်ယောက်အနေဖြင့် သူ့ကို ရွေးချယ်ပေးလိုက်သည့် တပ်မတော်သားများဘက်က လိုက်မည်လား။ ဒီမိုကရေစီ အလှည့်အပြောင်းကို လက်ရှိအစိုးရနှင့်အတူ ဝင်ရွှေ့နိုင် မည်လား။နိုင်ငံတော်၏ ထိပ်တန်းတာဝန်ရှိသူသုံးဦးတွင် တပ်မတော်သားကိုယ်စားလှယ်အုပ်စုမှ ရွေးချယ်လိုက်သော ဒုတိယသမ္မတလည်း ပါဝင်သည် ဖြစ်ရာ တပ်မတော်နှင့်ပြည်သူကြား သဘောထားအမြင် တစ်သားတည်းဖြစ်စေရေးအတွက် အစီအစဉ်သစ်များ ဆောင်ရွက်နိုင်၊မနိုင်ဆိုသည်မှာလည်း ဒုတိယသမ္မတ၏ ဆုံးဖြတ်ဆောင်ရွက်ချက်အပေါ် မူတည်မည် ဖြစ်သည်။
(ဤဆောင်းပါးကို ပြည်သူတစ်ဦး၏ ရှုထောင့်မှ ရေးသားအကြံပြု တင်ပြထားခြင်း ဖြစ်ပါသည်။)

ဧရာဝတီတိုင်းအတွင်းရှိ ဘုရားနီရွာလုံးကျွတ် ရေကြီးနစ်မြုပ်

ဧရာဝတီတိုင်း သာပေါင်းမြို့နယ် ဘုရားနီကျေးရွာတွင် ယခုလ ၈ ရက်နေ့တည်းက ရွာလုံးကျွတ် ရေကြီးနစ်မြုပ်လျက်ရှိပြီး ဒေသခံများမှာ ကုန်းမြင့်ဒေသများရှိ ဘုန်းတော်ကြီးကျောင်း၊ ကားလမ်းနဘေးနှင့် ရထားလမ်းတာဘောင်များသို့ ပြောင်းရွှေ့ကာ ယာယီစခန်းများထိုး၍ နေထိုင်နေကြရသည်။
Flooding-in-Irrawaddy-Region-3
အိမ်ခြေ ၃၂၆ လုံး၊ လူဦးရေ ၁၄၆၆ ယောက်တို့သည် ပုသိမ်- ကြံခင်း ရထားလမ်း၊ ကျေးရွာဆေးပေးခန်းနှင့် ကုန်းမြင့်နေရာဖြစ်သည့် ဒေသအခေါ် ဘက်ဖိုးတာဘောင် တို့တွင် ကိုယ်ထူကိုယ်ထ စခန်း လေးခုဆောက်လုပ်၍နေထိုင်နေကြရသည်။

ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပြီး

အခက်အခဲများကြားမှ ကျောင်းသားများ၏ အရေးအရာကို ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန် ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂကို ကျောင်းသား ၃၇ ဦးဖြင့် သောကြာနေ့က ဖွဲ့စည်းလိုက်ကြကြောင်း သမဂ္ဂဖြစ်မြောက်ရေး ဦးဆောင်လှုပ်ရှားသူများက ပြောသည်။
“ဒီအဖွဲ့စည်းကို ဖွဲ့စည်းခဲ့တယ်ဆိုတာကလည်း ခက်ခက်ခဲခဲနဲ့ပါ။ သမဂ္ဂတခု ဖွဲ့စည်းဖို့ဆိုတာ အင်မတန် ခက်ပါ တယ်။ ကျောင်းသားမိဘတွေ၊ ဆရာဆရာမတွေရဲ့ အတားအဆီး အခက်အခဲတွေလည်း အများကြီး ကြုံရပါတယ် ” ဟု သမဂ္ဂဖြစ်မြောက်ရေးကော်မတီမှ ကိုဒီငြိမ်းလင်း က ပြောသည်။

မြေပုံ အမေ့အိမ် ပညာဒါန ကျောင်းအတွက် NLD မှ စာအုပ်များ လှူဒါန်း

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် အသစ်ဖွင့်လှစ်လိုက်သော အမေ့အိမ် ပညာဒါန ကျောင်းအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ စာအုပ်များ ပေးပို့ လှူဒါန်းခဲ့သည်ဟု သိရှိရသည်။
အဆိုပါ ကျောင်းရှိ ကျောင်းသား ကျောင်းသူများ အတွက် NLD မှ စာ အုပ် ဒါဇင် ၁၀၀ နှင့် ဘောလ်ပင် အချောင်း ၁၀၀ လှူဒါန်းခဲ့သည်ဟု ဆိုသည်။

ရိုဟင်ဂျာ ဆိုသူတွေကို စုဆောင်းနေတယ်လို့ စွပ်စွဲခံရတဲ့ စစ်သွေးကြွ ခေါင်းဆောင်ကို ဘင်္ဂလာရဲက ဖမ်းဆီး၊ ရမန်ယူ

ဘင်္ဂလာဒေခ်ျ့ ရဲအဖွဲ့က သြဂတ်စ်လ ၁၆ ရက်နေ့ က ဖမ်းဆီးလိုက်တဲ့ JeM  စစ်သွေးကြွ အဖွဲ့ခါင်းဆောင် လို့ ယူဆရသူ တစ်ဦးကို စစ်ဆေးဖို့ တရားရုံးက ရဲအဖွဲ့ကို ရမန် (၆) ရက် ပေးလိုက်တယ်လို့ သိရပါတယ်။
JeM-man-detained
သံသယရှိနေတဲ့ မော်လနာ မူဟာမတ် ယူနိုး (၄၈ နှစ်) ဟာ အိန္ဒိယ အခြေစိုက် ကတ်ရှ်မီးရှား စစ်သွေးကြွအဖွဲ့  Jaish –e- Mohammed (JeM) အဖွဲ့ရဲ့ ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ ခေါင်းဆောင် ဖြစ်တယ်လို့ ဘင်္ဂလာရဲက  စွပ်စွဲ ပြောဆိုပါတယ်။

အစိုးရ၏ သွေးခွဲ အုပ်ချုပ်ရေး ဆိုသည်မှာ KNU ဆက်ဆံရေး ရုံးဖွင့်ပွဲက သက်သေပြ

စတုတ္ထမြောက် ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ မြ၀တီ ဆက်ဆံရေး ရုံးဖွင့်ပွဲကို အစိုးရ ၀န်ကြီးများ အပါဝင်၊ လွှတ်တော် ကော်မီရှင်များနှင့် ပြည်နယ် အဆင့် သက်ဆိုင်ရာ အကြီးအကဲများကို အင်တိုက်အားတိုက် တက် ရောက်စေခြင်းဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကြား သွေးခွဲပြီး ဆက်ဆံရာ ရောက်စေခဲ့သည်ဟု အခမ်းအနားကို တက်ရောက် ခဲ့သော KNU ခရိုင် အတွင်းရေးမှူး တဦးက ဆိုပါသည်။
Ag_min_in_Knu_office__thumb_medium
“ဒါဟာ တောင်ပိုင်းက အပစ်ရပ်ထားတဲ့ တိုင်းရင်းသား အဖွဲ့တွေ အပေါ်မှာ စိတ်ဓါတ် စစ်ဆင်ရေးကို သုံးလိုက်တာပါ။ သူတို့ ကိုယ်တိုင်က မကထ လုပ်ထားပုံပါ။ တိုင်းရင်းသား ဖက်ကဆိုရင် မွန်၊ ကရင်၊ DKBA ၊ BGF အဖွဲ့အားလုံးကို ဖိတ်တယ်။ အစိုး ရဖက်ကဆိုရင် ၀န်ကြီးအပြင်၊

မွန်လူငယ်များအတွက် ရပ်ရွာဖွံ့ ဖြိုးရေးသင်တန်းပြီးစီး

မွန်ဒေသ အရပ်သားလူ့ အဖွဲ့ အစည်းဖွံ့ ဖြိုးရေးအစီအစဉ်မှ ပြုလုပ်သည့် သုံးလတာ ‘လူထုစည်းရုံးရေးနှင် ရပ်ရွာဖွံ့ ဖြိုးသင်တန်း’ သည် မွန်လူငယ်သင်တန်းသား (၁၈) ဦးအား ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ထိုင်းဖွံ့ ဖြိုးရေး ဖောင်ဒေးရှင်းအဖွဲ့တခု၏ အကူအညီနှင့်အတူ သင်တန်ပေးအပ် ပြီးစီးသွားကြောင်း သိရှိရသည်။
imna-2012-08-01
ယမန်နေ့ က ပြုလုပ်သည့် သင်တန်းပြီးဆုံးသည့် အခမ်းအနားတခုတွင် ဒေသခံပြည်သူများ၊ မွန်ရပ်သားလူ့ အဖွဲ့ အစည်းများမှ လူ (၁၀ဝ) နီးပါး တက်ရောက်သည့် အခမ်းအနားတွင် ထိုင်းနိုင်ငံအခြေစိုက် မွန်အမျိုးသားညီညွတ်ရေးအဖွဲ့ ချူပ် ဥက္ကဌ နိုင်ဆွန်းထွန်းမှ သဘာပတိ အဖြစ်ဆောင်ရွက်ကာ ‘ပတ်ထနာရတ်’ ဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ ‘မစ္စတာဆေရီထောင်ဇု’ နှင့် အဖွဲ့ ဝင်များလည်း တက်ရောက်ပါသည်။

ဧရာဝတီတိုင်းအတွင်းရှိ ဘုရားနီရွာလုံးကျွတ် ရေကြီးနစ်မြုပ်

 ဧရာဝတီတိုင်း သာပေါင်းမြို့နယ် ဘုရားနီကျေးရွာတွင် ယခုလ ၈ ရက်နေ့တည်းက ရွာလုံးကျွတ် ရေကြီးနစ်မြုပ်လျက်ရှိပြီး ဒေသခံများမှာ ကုန်းမြင့်ဒေသများရှိ ဘုန်းတော်ကြီးကျောင်း၊ ကားလမ်းနဘေးနှင့် ရထားလမ်းတာဘောင်များသို့ ပြောင်းရွှေ့ကာ ယာယီစခန်းများထိုး၍ နေထိုင်နေကြရသည်။

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ရှိ ဘုရားနီကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ပရဝဏ်အတွင်း သြဂုတ်လ ၁၇ ရက်နေ့က ရေကြီးလျက်ရှိသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - မျိုးသန့် - မဇ္ဈိမ) ဘုရားနီကျေးရွာတွင် ယခုလ ၈ ရက်နေ့တည်းက ရွာလုံးကျွတ် ရေကြီးနစ်မြုပ်လျက်ရှိပြီး ဒေသခံများမှာ ကုန်းမြင့်ဒေသများရှိ ဘုန်းတော်ကြီးကျောင်း၊ ကားလမ်းနဘေးနှင့် ရထားလမ်းတာဘောင်များသို့ ပြောင်းရွှေ့ကာ ယာယီစခန်းများထိုး၍ နေထိုင်နေကြရသည်။

စတုတ္ထမြောက် ကေအဲန်ယူ ဆက်ဆံရေးရုံး ဖွင့်ပွဲ လူပရိဿတ် ၆၀၀နီးပါး တက်ရောက်


ကရင်ပြည်နယ်၊ မြ၀တီမြို့ အမှတ်(၃)ရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ကရင်အမျိုးသားလွတ် မြောက်ရေး-KNLA တပ်မဟာ(၆)နှင့် တပ်မဟာ(၇) ဆက်ဆံရေးရုံးကို ယနေ့မနက်ပိုင်းက ဖွင့်လှစ်ခဲ့ရာ လူပရိဿတ် ၆၀၀နီးပါး တက် ရောက်ခဲ့ကြသည်။

ဖမ်းဆီးခံထားရသည့် ကုလသမဂ္ဂ ၀န်ထမ်းများ လွတ်မြောက်

ခင်ဦးသာ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ဖမ်းဆီးထားသည့် ပြည်တွင်း အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ၀န်ထမ်း များ နှင့် NGO ၀န်ထမ်း စုစုပေါင်း ၉ ဦးကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များက ယမန်နေ့တွင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

လွတ်မြောက်လာသူများမှာ မောင်တောမှ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ၀န်ထမ်းနှစ်ဦး အပါအ၀င် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင် ရာ မဟာမင်းကြီးရုံး (UNHCR) ၀န်ထမ်းဖြစ်သူ ဒေါ်ချိုလေးမာခါတုန်တို့ဖြစ်ပြီး စစ်တွေမှ UNHCR ၀န်ထမ်း ဦးကျော်လှအောင် နှင့်NGO ၀န်

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင် သမ္မတဖွဲ့စည်း

ကျော်ဖုန်းကျော်

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် လူထုအဖွဲ့ ပဋိပက္ခများနှင့် ပတ်သက်၍ ဖြစ်ရပ်မှန် စုံစမ်း စစ်ဆေးရန်နှင့် အကြံပြုရန်အတွက် ဘာ သာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ လူထုအခြေပြု အဖွဲ့များမှ ထင်ပေါ်ကျော်ကြားသူများ ပါဝင်သော စုံစမ်းစစ် ဆေးရေး ကော် မရှင် တရပ်ကို သမ္မတဦးသိန်းစိန် က သောကြာနေ့တွင် ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။

၂၇ ဦးပါဝင်သော ကော်မရှင်တွင် အငြိမ်းစား သာသနာရေးညွှန်ချုပ် ဒေါက်တာမျိုးမြင့် က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် အစ္စ လာမ် ဘာသာရေးနှင့် လူမှုအဖွဲ့ အစည်းများမှ ကိုယ်စားလှယ် ခြောက်ဦး၊ သိက္ခာတော်ရ ခရစ်ယာန်ဆရာတော် နှစ်ဦး၊ ဟိန္ဒူဘာသာရေး အဖွဲ့အစည်းမှ

နိုင်ငံရေးပါတီ ခေါင်းဆောင်များ ထိုင်းလွှတ်တော်အတွင်း လေ့လာမည်



ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ရောက်ရှိနေသည့် မြန်မာပြည်မှ လွှတ်တော် ကိုယ်စားလှယ်အချို့ အပါအ၀င် နိုင်ငံရေးပါတီ ခေါင်း ဆောင်များက ထိုင်း နိုင်ငံ၏ လွှတ်တော်များသို့ သွားရောက် လေ့လာရန်ရှိသည်။

ချင်းမိုင်တက္ကသိုလ် နိုင်ငံရေး သိပ္ပံဌာနတွင် ပြုလုပ်သည့် ဒေသန္တရ အုပ်ချုပ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှု သင်တန်း တက်ရောက်ပြီးပါက လက်တွေ့လုပ်ငန်းစဉ်အရဘန် ကောက်သို့ သွားရောက်လေ့လာမည်ဟု ဗဟုဖွံ့ဖြိုးမှုအဖွဲ့မှ

‘ရွှေမြွေဟောက်’ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာ ပါဝင်လို


ထိုင်းနှင့် အမေရိကန်တို့၏ ‘ရွှေမြွေဟောက်’ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံ ပါဝင်နိုင်ရေး အမေရိကန်နှင့် ညှိနှိုင်းပေးရန် ထိုင်း ကာကွယ်ရေးဝန်ကြီးအား မြန်မာ စစ်ခေါင်းဆောင်များက ပြောကြား လိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ဖော်ပြပါရှိသည်။
ထိုင်း ကာကွယ်ရေးဝန်ကြီး ဆူခွန်ပိုး ဆူဝါနာတတ် Sukumpol Suwanatat ၏ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း မြန်မာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် လှမင်းတို့နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ထိုသို့ အကူအညီတောင်းခံလိုက်ခြင်းဖြစ်ပြီး ဆူခွန်ပိုး အနေနှင့်လည်း ဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်း

ဝန်ကြီးဌာန အဆောက်အအုံ လေးခု ဟိုတယ် ဆောက်ရန် အဆို ပြုသည့် လုပ်ငန်းရှင် ၇၀ဦးရှိ


 


ရန်ကုန်မြို့ အချက်အချာ ကျသည့် နေရာများတွင် တည်ရှိသော ဝန်ကြီး ဌာနပိုင် အဆောက်အအုံ ရုံးဟောင်းလေးခုကို ဟိုတယ်အဖြစ် ပြောင်းလဲပြီး ရင်းနှီးမြှုပ်နှံ မှုများ လုပ်ကိုင်ရန် ဖိတ်ခေါ်ရာတွင် ပြည် တွင်းမှ တိုင်းရင်းသားလုပ်ငန်းရှင် နှင့်နိုင်ငံခြားသားလုပ်ငန်းရှင်၇၀ဦး အဆိုပြုတင်သွင်းထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော် မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့ နယ်အတွင်း ဆူးလေဘုရားလမ်း နှင့်မဟာဗန္ဓုလလမ်းထောင့်ရှိ ယခင်ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်း ဝန်ကြီးဌာန၏ ရုံး ဟောင်း သုံးထပ်အဆောက်အအုံ၊

ပြုပြင်ပြောင်းလဲရေး နှေးကွေးသူများ ချန်ခဲ့မည်ဟု သမ္မတပြော

ကျော်ခ
ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် ရှေးရိုးစွဲ၊ ခေတ်နောက်ပြန်ဆွဲသည့် အမြင်ရှိသူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း မေလ ၁၁ ရက်က ကျင်းပသော အစည်းအဝေး၌ ပြောကြားနေသည့် သမ္မတ ဦးသိန်းစိန်(ဓာတ်ပုံ – သမ္မတရုံး ၀က်ဘ်ဆိုက်)
နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးများကို မြန်ဆန်စွာ ဆောင်ရွက်လျက်ရှိရာ နှေးကွေးနေသူများကို ချန်ထားခဲ့မည်ဟု သမ္မတ ဦးသိန်းစိန်က ထပ်မံ ပြောဆိုလိုက်သည်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် နှေးကွေးစွာ ဆောင်ရွက်နေသူများ အစိုးရအဖွဲ့အတွင်းနှင့် လွှတ်တော်ထဲတွင် ရှိကြောင်း၊ ယင်းသို့ ပြောင်းလဲရေး ခရီးမတွင်သူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း ဦးသိန်းစိန် က ပြည်ပအခြေစိုက် VOA သတင်းဌာန မြန်မာ

ရွေးကောက်ခံ လွှတ်တော်အမတ်များနှင့် ဒီမိုကရေစီ စိန်ခေါ်မှု

ပြည်ထောင်စုအဆင့် အန္တရာယ်လို့ ခေါင်းစဉ်ပေးထားတဲ့ စာတပုဒ်ကို ဖတ်ရပါတယ်။ ရေးသူက Stephen Shwe ဖြစ်ပါတယ်။ သူ့ ရဲ့ ပိုင်းခြား သုံးသပ်ချက်က ရှင်းလင်းလှပါတယ်။ အပင်ပန်းခံ လုပ်ဆောင်ပေးထားမှန်း သိသာလှပြီး အဲဒီအတွက် Stephen Shwe ကို လေးစားချီးကျူးမိပါတယ်။ ဒါကတော့သူ့ရဲ့ လွတ်လပ်စွာ သုံးသပ်တဲ့ အမြင်ပါ။
ပြည်ထောင်စုအဆင့်တွေ ဖြစ်လာပြီဆိုရင် ပြည်ထောင်စုအဆင့် အဆောင်အယောင်တွေ ရတော့မယ်။ ပြည်ထောင်စုအဆင့် အဆောင်အယောင်တွေကို လွှတ်တော်အမတ်တိုင်း မရပါဘူး၊ ကော်မတီ၊ ကော်မရှင်တွေရဲ့ ဥက္ကဌနဲ့ အဖွဲ့ဝင်တွေပဲရမယ်။ အဆောင်အယောင် ဆိုတာ ပေါ့သေးသေးတော့ မထင်နဲ့နော် ကော်မတီဥက္ကဌဆိုတာ ဝန်ကြီးအဆင့်ဖြစ်လို့ လစာ ၃၅ သိန်းနဲ့ ကားသုံးစီး၊ (လောင်စာဆီ အပါအဝင်) နန်းတော်အငယ်စား တစ်လုံးလို ခန်းခန်းနားနားရှိတဲ့ နေအိမ်၊ ရေ၊ မီး၊ ဖုန်း အလကားသုံးခွင့် ဒရိုင်ဘာ (၃) ယောက်စာနဲ့ အိမ်ဖေါ်နဲ့ မာလီအတွက် လစာတွေ ပါမယ်။ ဒါ့အပြင် နှစ်စဉ် သိန်းပေါင်းများစွာ တန်ဖိုးရှိတဲ့

ပုသိမ်မြို့ ပတ်ဝန်းကျင် ဒေသများရှိ ရေဘေး ဒုက္ခသည်များကို OVDR4MM မိသားစုမှ ကူညီလှူဒါန်းမည်

ရာသီဥတု ဆိုးရွားမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး မြန်မာပြည် အနယ်နယ် အရပ်ရပ်တွင် ရေကြီး   ရေလျှံမှုများ နေရာအနှံတွင် ဖြစ်ပွားနေပါသည်။
မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေ မြင့်တက်လာသည့်အတွက် ဧရာဝတီတိုင်း ပုသိမ်ခရိုင်ရှိ ဒေသ အတော်များများတွင် ရေဘေးဒုက္ခကို ပြင်းထန်စွာ ခံစားနေရကြောင်း OVDR4MM မှ ဝမ်းနည်းဖွယ် ကြားသိရပါသည်။ ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက် အတော်များများ ရေနစ်မြုပ်နေကြောင်း သိရှိရပြီး ကယ်ဆယ်ရေး စခန်းများတွင် လူနှစ်ထောင်ခန့် နေထိုင်နေရကြောင်း၊ စာသင်ကျောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်ထားရကြောင်း ဝမ်းနည်းဖွယ် ကြားသိရပါသည်။ သာပေါင်းမြို့နယ်တွင် မြို့၏ ၉၀ ရာခိုင်နှုန်းကျော်ကျော်မှာ ရေနစ်မြုပ်မှု ဒဏ်ကို ပြင်းထန်စွာ ခံစားနေရပြီး ဘုန်းကြီးကျောင်းများ အားကစားရုံများတွင် ဒုက္ခသည်ပေါင်းများစွာ ကျပ်တည်းစွာ နေထိုင်နေရကြောင်း ကြားသိရပါသည်။ နေရာဒေသ တဝိုက်တွင် ရေဘေးဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသောကြောင့်

လိုင်စင် အသိမ်းခံ ရှေ့နေအချို့ အမှုလိုက်ခွင့် ပြန်လည်ရရှိ

 နိုင်ငံရေး လှုပ်ရှားသူများအတွက် အကျိုးဆောင်ပေးခဲ့၍ လည်းကောင်း၊ ကိုယ်တိုင် တက်ကြွစွာနိုင်ငံရေးလှုပ်ရှား၍ လည်းကောင်း လိုင်စင်ရုပ်သိမ်းခံထားရသော ရှေ့နေများအနက် ရှေ့နေ ငါးဦးကို နေပြည်တော် တရားလွှတ်တော်ချုပ်မှ လိုင်စင် ပြန်လည် ထုတ်ပေးလိုက်သည်ဟု လိုင်စင်ပြန်လည် ရရှိသွားသူ ရှေ့နေ ဦးအေးမြင့် က ပြောသည်။နှစ်ပေါင်းများစွာ ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ရှေ့နေ ဦးကြည်ဝင်း၊ ဦးရဲမြင့်၊ ဦးဌေးအောင်၊ ဦးဟန်မာညွန့်နှင့် လမ်းပြကြယ်အဖွဲ့ ဦးဆောင်သူ ဦးအေးမြင့်တို့ ငါးဦးတိုအား ရှေ့နေ လိုက်ခွင့် ပြန်ပေးခြင်းဖြစ်သည်ဟု သိရသည်။
သြဂုတ်လ ၁ဝ ရက်နေ့ တရားရုံးချုပ် တရားသူကြီး စည်းဝေးဆုံးဖြတ်ချက်ဖြင့် ညွန်ကြားရေးမှူး ဒေါ်တင်တင်ဝါ လက်မှတ်ဖြင့် ရှေ့နေလိုက်ပါဆောင်ရွက်ခွင့် လိုင်စင်

ပေါင်းဆန်ဖြင့် ဓနတိုးအောင် ကြံဆောင်

ပေါင်းဆန်ဆိုသည်မှာ
အခွံမချွတ်ရသေးသည့် စပါးတမျိုးမျိုးကို ရေနွေးငွေ့ ပေါင်းခံပြီး အခွံချွတ်၍ အခြောက်ခံလိုက်လျှင် ‘ပေါင်းဆန်’ ကို ရပါသည်။ ပေါင်းဆန်ကို ချက်လျှင် ဆန်ရိုးရိုးထက် တဆခွဲခန့် ထမင်းပိုထွက်သည်။ ထမင်းကြမ်း ဖြစ်ခဲ့သည့်တိုင် မာမသွားပါ။မြန်မာ့ပေါင်းဆန်အတွက် စပါးမျိုးမှာ သီးထပ်ရင် ဖြစ်ပြီး အရွယ်အားဖြင့်  ၅ ဒဿမ ၅ နှင့် ၆ မီလီမီတာ အကြား ရှိသည်။ ထိုင်းနိုင်ငံထုတ် ပေါင်းဆန်မှာ ၇ မီလီ မီတာကျော် အရွယ် ရှိသည်။ကဆီဓါတ် လျော့ကျသွားသည့်အတွက် ကျန်းမာရေးပိုင်းကဆိုလျှင် ဆီးချို  ရောဂါသည်များ စားသုံးရန် သင့်သည်။ စီပွားရေးပိုင်းတွင် ဆန်ကွဲ အကျိုးအကျေ မရှိသေ လာက်နည်းသည့် တန်ဖိုးမြင့် ကုန်စည်ဖြစ်ပြီး ပြည်ပ ဝယ်လိုအားကောင်းနေသည်။

မြန်မာနဲ့ ပေါင်းဆန်
တချိန်က အာရှ၏ စပါးကျီဟု တင်စားခံခဲ့ရပြီး ဆန်စပါး အဓိကစိုက်ပျိုးထုတ်လုပ်သည့် မြန်မာနိုင်ငံအတွက် ပေါင်းဆန် ထုတ်လုပ်ခြင်းမှာ စီးပွားရေးအရ

FMI City ဆောက်လုပ်ရေး လုပ်သားဟောင်းတွေ ဆန္ဒပြ


လှိုင်သာယာမြို့နယ် FMI City ပဒေသာပင်မြို့တော် အလုပ်သမား စံပြနေအိမ်စုက ဆောက်လုပ်ရေး လုပ်သားဟောင်းတွေဟာ သူတို့ နေထိုင်မှုဘဝ မြှင့်တင်ပေးဖို့နဲ့ အခက်အခဲတွေ ဖြေရှင်းပေးဖို့ ရန်ကုန်မြို့ ဘုရင့်နောင်တံတားအနီးမှာ ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ အလုပ်သမား အယောက် (၇၀) ကျော်ပါဝင်ပြီး အချက် ၅ ချက် တောင်းဆိုတယ်လို့ အလုပ်သမား လယ်သမားအရေး ဆောင်ရွက်သူ မစုစုနွေးက RFA ကိုပြောပါတယ်။
“အချက် ၄ မှာ သူတို့ ဘာရေးထားသလဲဆိုရင် ယခုအခါ ပဒေသာပင်မြို့တော်သည် ထည်ဝါခန့်ငြား စည်ပင်သော အိမ်ရာကြီးအဖြစ် ဖြစ်ထွန်းချိန်တွင် ကျွန်တော် ကျွန်မ၏ အလုပ်သမား စံပြနေအိမ်စုကြီးမှာ မီးမရှိ ရေမရှိ တဲစုတ်များအနေဖြင့် နုံချာစွာ နေရတဲ့ အပြင် FMI ကုမ္ပဏီမှ လုပ်ငန်းရှင်တွေရယ်၊ ရပ်ကွက်

ရခိုင်အရေး ကော်မရှင် ဖွဲ့စည်းမှု ဘန်ကီမွန်းကြိုဆို


သမ္မတဦးသိန်းစိန်က ရခိုင်ပြည်နယ် ပဋိပက္ခအရေး  အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်း တာဝန် ပေးအပ်လိုက်တဲ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပါ တယ်။

အဲဒီကော်မရှင်မှာ မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေးနယ်ပယ် အသီးသီးက တတ်/သိပညာရှင်တွေ၊ ပရဟိတ စေတနာ့ ၀န်ထမ်း အကျိုးဆောင်တွေ၊ ၈၈ ကျောင်းသားခေါင်းဆောင်တွေ အစရှိတဲ့ တက်ကြွလှုပ်ရှားသူတွေ ပါဝင်ကြ ပါတယ်။
ဒီကော်မရှင် အနေနဲ့ ရခိုင်ပြည်နယ် သဟဇာတမျှတစွာ တည်ငြိမ်ရေးအတွက် ရခိုင်ပြည်နယ်က
မူဆလင် အသိုင်းအ၀ိုင်းရဲ့ အခြေအနေ အပါအ၀င် အကြမ်းဘက် ရုန်းရင်ဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းတွေကို စုံစမ်းစစ်ဆေးနိုင်လိမ့်မယ်လို့ ယူဆပါကြောင်း ကုလသမဂ္ဂ

စစ်တွေရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် မုဒိမ်းမှုများ ဒလကြမ်း ဖြစ်ပွားနေ

 

စစ်တွေမြို့နယ်အတွင်းရှိ ဘင်္ဂါလီဒုကွသည်စခန်းများတွင် အမျိုးသမီးများအားအကြမ်းဖက်မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့သော အရေအတွက်မှာ  ပြီးခဲ့သည့်ဇွန်လအတွင်း ဒုက္ခသည်စခန်းများသို့ ပြောင်းရွေ့ချိန်မှစ၍ ယခုအထိ မုဒိမ်းမှုပေါင်း အနည်းဆုံး သုံးဆယ်ကျော် ဖြစ်ခဲ့ပြီးပြီဟု ရခိုင်ပြည်နယ် လုံခြုံရေးဝန်ကြီးဌာန

နှင့် နီးစပ်သူတစ်ဦးက Coral Arakan ကို ပြောကြားသည်။ သို့သော် ပြည်သူ့ရဲတပ်ဖွဲ့၏အတည်ပြုချက်ကိုမူ မရရှိသေးပေ။
မကြာမီ သုံးလေးရက်အတွင်းက ဘင်္ဂါလီဆူပူမှုမတိုင်မီ စစ်တွေမြို့ပေါ် မိဇံရပ်ကွက်တွင် နေထိုင်ခဲ့သော ဒေါ်အသိန်း၏ သမီးနှစ်ဦးအနက် အငယ်ဖြစ်သူ ဘင်္ဂါလီအမျိုးသမီးငယ်မှာ စစ်တွေမြို့အပြင်ဘက် ဒုက္ခသည် စခန်းတစ်ခုတွင် မော်လ၀ီဆရာများ၏ အဓမ္မအနိုင်ကျင့်ခံရပြီးနောက်

အင်္ဂလန်ပညာသင်ထောက့်ပံ့ကြေး တွေလာပြီ

အင်္ဂလန်အခြေစိုက် Globe Education Consultancy နှင့် CROWN Education တို့ အစီအစဉ်ဖြင့်ပေးအပ်မည့် အင်္ဂလန်ပညာသင်ထောက့်ပံ့ကြေး

အင်္ဂလန်နိုင်ငံ အခြေစိုက် Globe Education Consultancy နှင့်   CROWN Education တို့ ၏ စီစဉ်ဆောင်ရွက်မှု့ ဖြင့် အင်္ဂလန်တွင် MBA, BA, Degree Foundation ပရိုဂရမ်များကို သင်ယူမည့်ကျောင်းသူကျောင်းသားများ ကုန်ကျစရိတ်စရိတ်သက်သာစွာဖြင့် ပညာသင် ယူနိုင်ရန် ၀န်ဆောင်မူ့ ပေးမည့်ရှင်းလင်းပွဲကို August 22, 2012 (Wednesday), ညနေ (၃) နာရီမှ (၅) နာရီအထိ Summit Parkview Hotel, Meeting Room တွင် ရှင်းလင်းပြောကြားသွားမည်ဖြစ်ပြီး  August 23-24  ရက်များတွင် တစ်ဦးချင်းစီ ဆွေးနွေးပေးမည့်အစီအစဉ်ရှိကြောင်းသိရသည်၊၊
ပြောင်းလဲလာသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမူဝါဒများအပေါ် အင်္ဂလန်နိုင်ငံရှိ

ရိုဟင်ဂျာအရေး အာဆီယံ ဆွေးနွေးပွဲမလိုဟု မြန်မာပယ်ချ


၂၀၁၄ တွင် အာဆီယံ ဥက္ကဋ္ဌရာထူးအား မြန်မာက တာဝန်ရယူရန် ရှိရာ ရိုဟင်ဂျာအရေး မည်သို့ဖြေရှင်းသည်ကို အာဆီယံအဖွဲ့ဝင်များက စောင့်ကြည့်နေခဲ့ကြသည်။ (ဓာတ်ပုံ- Reuters)
လတ်တလော မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂအပါအဝင် အစ္စလာမ်မစ်နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိသောကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများအရေး အရေးပေါ်ဆွေးနွေးရန် လက်ရှိ အာဆီယံ ဥက္ကဌရာထူးရယူထားသည့် ကမ္ဘောဒီးယားနိုင်ငံ၏ အဆိုပြုချက်ကို မြန်မာဘက်က လက်မခံ ပယ်ချခဲ့သည်။
ဧရာဝတီက ဖတ်ရှုခွင့်ရခဲ့သည့် ကမ္ဘောဒီးယား ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး

KIA ၏ ခုခံခြင်းကို ပြင်းထန်စွာ ခံနေရသော အစိုးရ၏ ရွှေပြည်သာ စစ်ဆင်ရေး

အစိုးရ တပ်ဖွဲ့များသည် ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့(KIO) လိုင်ဇာဌာနချုပ်အား ပြင်းထန်သော တိုက်ပွဲများဖြင့်
နေ့စဉ် စစ်ဆင်နေသော်လည်း ရှေ့မတိုးနိုင်ဟု KIO ပြောခွင့်ရသူ ဦးလာနန်းက ရွှေဟင်္သာ သတင်းဌာနကို ပြောပါသည်။

“ KIO ကို လေးဖက်လေးတန်ကနေ စစ်ရေးအရအကြပ် ကိုင်နိုင်ဖို့ ရွှေပြည်သာ စစ်ဆင်ရေးနဲ့စစ်ဆင်နေတာ တနှစ် ကျော် နေပါပြီး။
ကနေ့အထိလည်း ပြင်းထန်တဲ့ တိုက်ပွဲနဲ့ ဆင်နေတုန်းဘဲ။ ဒါပေမဲ့ အစိုးရထင်သလိုတော့ ဘယ်ဖြစ် မလဲဗျာ။ ကျနော်တို့ မှာလည်း လက်နက်ရှိတယ် ကျည်ဆံလည်း ရှိတယ်လေ။
ထင်သလို ဘယ်တက်နိုင်မှာလဲ။ အခုတောင် တိုက်ပွဲ တွေက ဒီလဆန်းကနေ အခု (၁၆) ရက်အထိ ပြောရရင် တိုက်ပွဲက (၄၇) ပွဲရှိခဲ့တယ်။ ဒါပေမဲ့ အစိုးရတပ်တွေ က ရှေ့ကို တိုး လာလို့ကို

Friday, August 17, 2012

မဟာချိုင်တွင် မြန်မာငွေ ငါးထောင်ကျပ်တန်အမြောက်အများဖမ်းမိ

ထိုင်းနိုင်ငံဘန်ကောက်မြို့ အနီး မဟာချိုင် တလာမွန်းမိုင်ေ ဈးအနီးတွင် ဖွင့်လှစ်ထားသော ကုမ္ပဏီ တစ်ခုတွင်ယမန်နေ့ က   မြန်မာကျပ်ငွေ ၅၀၀၀ တန် အတုများအား မဟာချိုင် ရဲများက ဖမ်းဆီးမိခဲ့သော် လည်း ပတ်သက်သူများအား ဘတ်ငွေ ၂သိန်း ယူကာ ပြန်လွှတ်ပေး လိုက်ေ ကြာင်း  ဒေသခံမျက်မြင် တစ်ဦး က ပြောသည် ။ ငွေစက္ကူများ အားမည် သို့မည်ပုံ ဖြေရှင်းလိုက်သည် ကိုမူ အသေးစိတ်မသိ ရသော်လည်း အဆိုပါ ကျပ်ငွေ ၅၀၀၀ တန် အတု များကို တရုတ်လူမျိုးတစ်ဦး၊ မွန်လူမျိုးတစ်ဦးနှင့် ကရင်လူမျိုး တစ်ဦးတို့ အတူတကွ လုပ်ဆောင်ကြကြောင်း၊ ကျပ်ငွေ ၅၀၀၀ တန်တစ်ရွက်အား ဘတ်ငွေ ၁၂၀ နုန်းဖြင့် အလှဲအလှယ်လုပ်ေ ကြာင်း၊ ငွေရောင်းဝယ်လုပ်ရန် စည်းရုံးခံခဲ့ရသူတစ်ဦးက ပြောသည်။အဆိုပါငွေစက္ကူ တွင် စာလုံးများပြတ် သားမှုမရှိခြင်း၊ စက္ကူပါးခြင်း၊ နံပါတ်များမကြည်လင်ခြင်းနှင့် ရေးစာများ လည်း အရောင်မထွက်ချေ။

တိုင်းရင်းသား အဖွဲ့အစည်း များကို မထောက် ပံ့ရန် ဂျပန် အဖွဲ့အား အစိုးရ တားမြစ်

ယခုအချိန်၌ တိုင်းရင်းသား အဖွဲ့အစည်းများကိုအကူအညီပေးရန် မသင့်တော်သေးကြောင်းသမ္မတ အပါဝင် အစိုးရအဖွဲ့ဝင် ၀န်ကြီးများကလူမှုရေး အကူအညီ ပေးနေသည့် ဂျပန်နိုင်ငံမှနိပွန်ဖောင်ဒေးရှင်း  အဖွဲ့အား ပြောခဲ့သည်ဟု သြဂုတ်လ (၁၄) ရက်နေ့ နိပွန်အဖွဲ့၏
အကြောင်းပြန်စာအရ သိခဲ့ရကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ကောင်စီ(UNFC) အထွေအထွေ အတွင်းရေးမှူးက ပြောပါသည်။ “ နိပွန်အဖွဲ့ကတော့ ဇွန်လ (၂၂ )ရက်နေ့မှာ ကျနော်တို့နဲ့ ဇင်းမယ်မှာတွေ့ခဲ့တယ်။ သူတို့ဟာ လူမှုရေး အကူအညီ ပေးနေတဲ့ အဖွဲ့ အစည်းကြီး တစ်ခုဖြစ်တယ်။
သူတို့လာတဲ့အကြောင်းကတော့ ကျနော်တို့ ကို ဘာအကူအညီများ ပေးရမလဲလို့ လာမေး တာဖြစ်တယ်။ လိုနေတဲ့ အကူအညီကိုလည်း သူတို့ပေးဖို့ ဆုံးဖြတ်ထားတယ်တဲ့” ဟု ဆိုပါသည်။
ဤသို့ဖြင့် UNFC အနေနှင့် လိုအပ်သော အကူအညီများကို တင်ပြတောင်းဆိုခဲ့ပါသည်။ နိပွန်ဖောင်းဒေးရှင်း ဥက္ကဌ Mr. Yohei Sa နှင့် အဖွဲ့သည်လည်း ဇွန်လ (၂၇)ရက် နေ့တွင် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး၊ သမ္မတအပါဝင် အစိုးရအဖွဲ့ ၀န် ကြီးများနှင့် နေပြည်တော်၌ တွေ့ ဆုံဆွေးနွေးခဲ့ပါသည်။

စမတ်ဖုန်းအကြောင်း သိကောင်းစရာ

Phoneနဲ့ ပတ်သတ်တဲ့ အမေးအဖြေလေးတွေပါ။

အရမ်းကြီး စုံစုံလင်လင်မဟုတ်တောင်.. တော်တန်ရုံကြုံတွေ့ရတဲ့ ပြဿနာ တွေ အားလုံးကိုတော့ ခြုံငုံမိမှာပါ။ အားလုံး အဆင်ပြေဖို့အတွက် တွေ့ရှိသလောက်ကို ကူးယူဖော်ပြထားပါတယ်။

iPhone မှာ Lock code လည်းဖြည်ထားတယ် ဖုန်းလည်းပြောလို့ရတယ်။ ဒါပေမယ့် အခြား Application တွေထည့် လို့မရတာ ဘာကြောင့်ပါလဲ။

iPhone မှာ Lock code ကိုဖြည်ထားရုံနဲ့ Application တွေ ထည့်လို့ မရနိုင်ပါဘူး။ တခါတလေမှာ Lock code ဖြည်ထားတာက ဖုန်းပြောလို့ရရုံအတွက် Sim Card Lock ကိုပဲ ဖြည်ထားတာပါ။ အဲဒါကြောင့် ဖုန်းပဲပြောလို့ရတာပါ။

အခြား iPhone Application တွေကို ထည့်ချင်တယ် ဆိုရင်တော့ ဖုန်းကို modified လုပ်သလိုမျိုး jailbreak ပြန်လုပ်မှ ရပါမယ်။ ဒါမှ Application တွေကို ထပ်ထည့်နိုင်မှာပါ။

CDMA 450 တွေမှာ ဘာကြောင့်ဘက်ထရီက ကြာကြာမခံတာလဲ

CDMA 450 တွေမှာ ဘက်ထရီကြာကြာမခံတာကတော့ သူဖုန်းမှာပါတဲ့ နဂိုဘက်ထရီကိုက အဲလိုဖြစ်နေတာပါ။ ဘက်ထရီ သိပ်မကောင်းပါဘူး။ အဲ့ဒါအပြင် CDMA 450 က လိုင်းဆွဲအားပြင်းပါတယ်။ အဲဒီအတွက်ကြောင့် သူက GSM ထက် ဘက်ထရီ ပိုစားပါတယ်။ အဲဒါကြောင့် ကြာကြာမခံတာပါ။

Sony Ericsson ဖုန်းတွေမှာပါတဲ့ Face Detection စနစ်ဆိုတာဘာပါလဲ။

Sony Ericsson ဖုန်းတွေရဲ့ ကင်မရာတွေမှာပါတဲ့ Face Detection ဆိုတဲ့စနစ်ကတော့ ဓါတ်ပုံရိုက်တဲ့နေရာမှာ ဓါတ်ပုံရိုက်ခံသူတွေ တစ်ဦးချင်းစီရဲ့မျက်နှာတွေကို ကြည်လင်ပြတ်သား ရှင်းလင်းအောင် ပြုလုပ်ပေးတဲ့ စနစ် တစ်ခုပါ။ အဲဒီ function နဲ့ မျက်နှာတွေကို ဖမ်းယူနိုင်ပါတယ်။

ပထမအကြိမ်ရိုးရာယဉ်ကျေးမှုပြိုင်ပွဲ၌ လီဆူ(တာဂေါ်)အကဖြင့် ပြိုင်ပွဲဝင်မည့် ကချင်ပြည်နယ်

ကချင်တိုင်းရင်းသားတို့၏ ပထမအကြိမ်ရိုးရာယဉ်ကျေးမှုပြိုင်ပွဲကြီးတွင် လီဆူ(တာဂေါ်)လူမျိုးစု အကဖြင့် ပြိုင်ပွဲဝင်မည်ဟု ကချင် ပြည်နယ် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ဘဏ္ဍရေး နှင့်လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ဆိုသည်။

ပြိုင်ပွဲကျင်းပရေးညှိနှိုင်းအစည်းအဝေးတွင် ယခုနှစ် ကျင်းပမည့် (၁၉)ကြိမ်မြောက် မြန်မာတိုင်းရင်း သားရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများနှင့်အတူ ပြည်နယ်အသီးသီး၌လည်း တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြိုင်ပွဲများ ယှဉ်ပြိုင် ရ မည်ဟုဒုတိယသမ္မတ ဒေါက်တာစိုင်းမောက် ခမ်းက ပြောကြားခဲ့ခြင်းဖြစ်သည်။


အဆိုပါပြိုင်ပွဲကို ကချင်ပြည်နယ်တွင် အောက်တိုဘာ(၁)ရက်နေ့တွင် ကျင်းပမည်။ ဂျိန်းဖော့၊ ရဝမ်၊ လီဆူ၊ လချိတ်၊ လောင်ဝေါ်၊ ဇိုင်ဝါး တို့ဖြစ်သည့် ကချင်တိုင်းရင်းသားလူမျိုးစု (၆)မျိုးမှ လီဆူကချင် လူမျိုးစု အကဖြင့် အားလုံးပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ အခွင့်အရေး ကာကွယ်ရန် ကျောင်းသားခေါင်းဆောင်များနှင့် မွန်ပါတီတို့ အကြိုသဘောတူ


မွန်နိုင်ငံရေးပါတီမှ ခေါင်းဆောင်များနှင့် ၈၈ ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုမှ ပြည်သူတို့၏ အခွင့်အရေးကို ကာကွယ် ရန် အခြေခံ သဘောတူညီချက် ရရှိခဲ့သည်ဟု မွန်ဒီမိုကရေစီပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်စိုးမြင့် က ပြောသည်။

သြဂုတ်လ ၁၄ ရက်နေ့တွင် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ မွန်ဒီမိုကရေစီပါတီရုံးတွင် မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ရွာ ဇာတိ ကို မင်းဇေယျ ဦးဆောင်သည့် ကျောင်းသားခေါင်းဆောင် ၅ ဦးနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီမှ ခေါင်း ဆောင် များ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး အကြိုသဘောတူခဲ့ခြင်း ဖြစ်သည်။

“၈၈ ကျောင်းသားခေါင်းဆောင်တွေက ပြည်သူတွေအတွက် ကျနော်တို့နဲ့ ပူးပေါင်းလုပ်ဆောင်သွား မယ်လို့ ကတိပေးသွားတယ်” ဟု နိုင်စိုး မြင့် က ပြောသည်။

“ကျနော်တို့ ယေဘုယျ သဘောတူချက်ပဲ ရသေးတယ်။ ဘယ်တော့ အကောင်အထည်ဖော်မယ် ဆိုတာ မသတ်မှတ်ရသေးဘူး။ ဒါပေမဲ့ ဇေက မ္ဘာကုမ္ပဏီက ကျိုက်မရောမြို့နယ်မှာ မြေသိမ်းထားတဲ့ ကိစ္စကို ကျနော်တို့ စာရင်းကောက် ထားမယ်” ဟု နိုင်စိုးမြင့် က ပြောသည်။

နိုင်ငံပိုင်သတင်းစာများ သတင်းတင်ဆက်မှု ပုံစံပြောင်း လဲတော့မည်

 
နိုင်ငံပိုင်သတင်းစာများအား ပြည်သူ့ရေးရာဝန်ဆောင်မှုမီဒီယာဖြစ်စေရေး အတွက်လူပုဂ္ဂိုလ်ဗဟိုပြုသတင်းမှ အကြောင်းအရာဗဟိုပြု သည့်စနစ်သစ်
သို့ပြောင်းလဲကျင့် သုံးတော့မည် ဖြစ်သည်။
သြဂုတ်လ(၁၅)ရက်နေ့တွင်မြန်မာ့အလင်းပုံနှိပ်တိုက် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည့်နိုင်ငံပိုင်သတင်းစာများ အသွင်သဏ္ဍန် နှင့်အနှစ်သာရ
ကောင်းမွန်ရေးနှင့်ပြည်သူ့ရေး ရာ ဝန်ဆောင်မှု မီဒီယာဖြစ်စေရေး မူဝါဒသဘောထားနှင့်လုပ်ငန်းစဉ်များအားချပြ ဆွေးနွေးပွဲတွင်ယခုကဲ့သို့ပြောင်းလဲ
ခဲ့ခြင်းဖြစ်သည်။ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ထုတ်ဝေလျက်ရှိသည့်နိုင်ငံပိုင် သတင်းစာများကို အသွင်သဏ္ဍာန်နှင့် အနှစ်သာရကောင်းမွန်
ရေးနှင့်ပြည်သူ့ရေးရာဝန် ဆောင်မှုမီဒီယာ (Publish Servive Media)ဖြစ်စေရေးအတွက် လူပုဂ္ဂိုလ်ဗဟိုပြုသတင်းမှ ကြောင်းအရာဗဟိုပြုသည့် စနစ်သစ်ဖြင့်ပြောင်းလဲထုတ်ဝေမည်ဖြစ်ကြောင်း သိရသည်။

လွှတ်တော်ကို ယ်စားလှယ် အရည်အချင်းနှ င့်ပတ် သတ်၍ ကန့်ကွ က်မှုတွင် NLD အနိုင်ရ


NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ လွှတ်တော်ကိုယ်စားလှယ်အရည်အချင်းနှင့်ပတ်သတ်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်စာပေးပို့ထားမှုကို ပြည်ထောင်စုရွေးကောက်ပွဲက်ေမရှင်က ယနေ့ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး NLD ပါတီလွှတ်တော်ကိုယ်စားလှယ်အား အနိုင်ပေးလိုက်ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းအား လွှတ်တော်ကိုယ်စားလှယ်အရည်အချင်းနှင့်ပတ်သတ်၍ ရွေးကောက်ပွဲကန့်ကွက်လွှာအမှတ် ၄/ ၂၀၁၂ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အမတ်တွေကို လွှတ်တော်ထဲက ဆွဲထုတ်နိုင်ပြီ



အမတ်တွေ အလုပ်ကောင်းကောင်းမလုပ်ရင် လွှတ်တော်ထဲက ဆွဲထုတ်နိုင်ပါတယ် လို့ ဒီကနေ့ အစိုးရသတင်းစာများမှာ ပါဝင်တဲ့ ဆောင်းပါးရှည်တစောင်မှာ ဥပဒေပညာရှင်တယောက်က ထောက်ပြထားပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်များ မိမိတို့အကျိုးကို လုပ်ဆောင်ခြင်းမရှိလျှင် ပြန်လည် ခေါ်ယူ ဖြုတ်ချနိုင်သော (မူလမဲဆန္ဒရှင် စုစုပေါင်း၏ တစ်ရာခိုင်နှုန်းသာလိုသည်) အခွင့်အာဏာရှိသည်"
လို့ မောင်အေးချမ်း(ဟားဗတ်)က ရေးလိုက်ပါတယ်။

ဒီလိုလုပ်နိုင်တယ် ဆိုတာကို မြန်မာပြည်သူတွေ မသိကြသေးဘူး လို့လည်း သူက မှတ်ချက်ချထားပါတယ်။

ဆောင်းပါးမှာ ရေးသားချက်များအရ သူဟာ အမေရိကန်နိုင်ငံရောက် ပညာရှင်တဦး ဖြစ်ပါတယ်။

တွံတေး-ခနောင်-ဒလ လမ်းပိုင်း သွားလာ၍မရအောင် ပျက်စီးနေ

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ကြံ့ခိုင်ရေးပါတီက  မဲဆွယ်ဖောက်လုပ်ပေးခဲ့တဲ့ တွံတေး-ခနောင်-ဒလ ဆက်သွယ်ထားတဲ့လမ်းဟာ အပြီးမသတ်သေးတဲ့အတွက် အခု မိုးတွင်းအချိန်မှာ သွားလာလို့ မရအောင် ပျက်စီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တွံတေး-ခနောင်-ဒလ လမ်းပိုင်းဟာ မြေသားလမ်းဖြစ်တဲ့အတွက် အခုလို မိုးတွင်းအချိန်မှာ သွားလာလို့မရအောင် ပျက်စီးနေတာလို့ ဒလမြို့နယ် ခနောင်ချောင်းဝ ကျေးရွာဒေသခံ တဦးက ပြောပါတယ်။
တွံတေး-ခနောင်-ဒလ လမ်းပိုင်း
“ဒီလမ်းက ဆိုင်ကယ်စီးသွားရင် မြေမြိုသလား မှတ်ရတယ်။ သူတို့ကိုမဲထည့်ပြီးတာနဲ့ ခင်းပေးမယ်လို့ ကတိပေးသွားပါတယ်။ ဒါပေမယ့် ဖြစ်မလာဘူး။ ပြည်သူတွေရဲ့ရင်ထဲမှာ မပြောရဲလို့သာ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ၂၀၀၉ ခုနှစ်မှာ စပြီးမတည်ပေးတာ။ သူတို့အပြောက ကတ္တရာခင်းမယ် မီးတိုင်တွေ ပါမယ်ပေါ့။ ပြောတဲ့ အတိုင်းဖြစ်ဖို့လိုတယ်။ ကျေးရွာတွေက ဖြစ်ချင်တဲ့အတိုင်း လုပ်ပေးလိုက်ပေမယ့် ဖြစ်မလာဘူး၊ သွားရေးလာရေး ခက်ခဲတယ်။”

ရိုဟင်ဂျာ အရေးကို ဘယ်လို ပြတ်ပြတ် သားသားလုပ်မလဲ?

ရခိုင်ပြည်နယ် ဒေသအတွင်းမှာ တည်ငြိမ်မှု ရှိနေပြီလို့ အစိုးရ ဘက်က ပြောနေပေမယ့် ရသေ့တောင်မြို့နယ်က ကျေးရွာတွေမှာ တော့ ရပ်ရွာလုံခြုံရေး အတွက် ဒေသခံတွေ ညကင်းစောင့်နေကြ ရဆဲ ဖြစ်ပါတယ်။
ရသေ့တောင်မြို့နယ်ထဲက ကျေးရွာတွေမှာ ည ၇ နာရီကနေ မနက် ၆ နာရီထိ ရပ်ရွာလုံခြုံရေးအတွက် ညကင်းစောင့်နေ ရတယ် လို့ ဒေသခံတဦးက ပြောပါတယ်။
ကျနော်တို့ရွာမှာ ၃ နေရာ ခွဲပြီး စောင့်ကြရပါတယ်။ ဘာဖြစ် လို့လည်း ဆိုတော့ သူတို့အခြေအနေ က အေးအေး ဆေးဆေး တော့ မဟုတ်ပါဘူး။ တောင်ယာတွေကိုလာဖျက် ဟိုဖျက် ဒီဖျက်၊ ဖျက်ဆီးနေကြတုန်းပါ။ အရင်က နွားတွေကို တောင်မှာ လွှတ်ပြီး ကျောင်းလေ့ရှိပေမယ့် အခု ကျနော်တို့မှာ နွားတွေ ကိုတောင် လွတ်လွတ်လပ်လပ်ကျောင်းလို့မရတော့ဘူး။ ဒုက္ခရောက်နေကြရ ပါတယ်။”
ရသေ့တောင်မြို့နယ်ထဲမှာ ခမရ ၅၃၆၊ ၅၃၇ နဲ့ ၅၂၈ တို့က တာဝန်ယူနေတယ် ဆိုပေမယ့် ကျောက်တန်း၊ စေတီပြင်၊ သရက်ချောင်း ကျေးရွာတွေ အားလုံးမှာ ညကင်းစောင့်နေကြရ တာပါ။ ဒေသခံစစ်တပ်အနေနဲ့ အဲ့ဒီကျေးရွာတွေကို တခါ တရံမှသာ လာရောက်ကြတဲ့အတွက် ကိုယ်ရွာရဲ့ လုံခြုံရေးကို ရွာသားတွေ ကိုယ်တိုင် တာဝန်ယူနေကြရတာလို့ ဆိုပါတယ်။
“အစိုးရလုံခြုံရေးဆိုတာ ရှိတယ်ဆိုတာ ကြားတော့ ကြားပါတယ်။ ဒါပေမယ့် ကျနော့် ရွာမှာ မရှိဘူး။ ကျနော်တို့ကမ်းခြေမှာ ရသေ့တောင်မြို့နယ်မှာ မမြင်ဘူး။ ဘင်္ဂါလီတွေနေတဲ့ နယ်စပ်ဘက်မှာတော့ ရှိတယ်လို့ ပြောသံကြားပါတယ်။ ကျနော်တို့ ရွာတွေကိုတော့ မရောက်ဘူး။”

ပြန်လာသူတို့ နှလုံးသား


မြန်မာ့ ပြုပြင် ပြောင်းလဲရေး အရှိန်အဟုန် တက်လာသည်နှင့် အမျှ ပြန် လာသူ များကို ဆထက် ထမ်းပိုးတိုး လိုအပ် လာပေပြီ။
မြန်မာ့ပြုပြင် ပြောင်းလဲရေးကို ထိပ်တန်းမှ စိန်ခေါ်လျက် ရှိသည်ဟု ပြည်တွင်း ပြည်ပ ပညာရှင်များက တစ်ခဲနက် လက်ခံထားသည်မှာ ‘Capacity’ ဟု အင်္ဂလိပ် ဘာသာဖြင့် ခေါ်ဝေါ်သည့် စွမ်းရည် ဖြစ်သည်။ ယိုယွင်း အားနည်းခဲ့သော ပညာရေး စနစ်ကြောင့် လည်းကောင်း၊ တော်သူချောင်ထိုး ယဉ်ကျေးမှု ထွန်းကား ခဲ့သောကြောင့် လည်းကောင်း၊ နိုင်ငံတွင်း အခွင့်အလမ်းများ နည်းပါး ခဲ့သောကြောင့် လည်းကောင်း နိုင်ငံတွင်းတွင် စွမ်းရည် နည်းပါးကာ နိုင်ငံပြုပြင် ပြောင်းလဲရေးကို တွန်းနိုင် ဆွဲနိုင်မည့် သူများ ပြတ်လပ် နေသေးသည်။

တရုတ် နိုင်ငံသားများ ပြည်ပတွင် နေထိုင်ကာ ပြန်မလာကြ သည်ကို တရုတ် ခေါင်းဆောင်ကြီး ချူအင်လိုင်းက Brainpower stored overseas ပြည်ပတွင် သိမ်းဆည်း ထားသော ဦးနှောက် စွမ်းအင်ဟု တင်စားခဲ့သည်။ မလိုလျှင် သုံးစရာ မလိုသေး၊ လိုလျှင် သုံးနိုင်သည်ဟု ဆိုလိုသည်။ ပြည်ပတွင် အကြောင်းကြောင်းကြောင့် ရောက်နေသည့် မြန်မာနိုင်ငံမှ ပေါက်ပေါက်မြောက်မြောက် ပုဂ္ဂိုလ်များသည် ပြည်ပတွင် သိုမှီးထားသည့် ဦးနှောက်များပင် ဖြစ်သည်။ ယခု နိုင်ငံပြုပြင် ပြောင်းလဲချိန်တွင် ထိုသူတို့၏အား လိုအပ်လာပြီ။
ပြန်လာသော သူတို့သည် နိုင်ငံတကာ လုပ်နည်း ကိုင်နည်းများကို အကျွမ်းတ၀င် ရှိမည်။ နိုင်ငံတကာ ဘာသာစကားကို ပြောနိုင်သည်။နိုင်ငံတကာ ဘာသာစကား ဆိုသည်မှာ အင်္ဂလိပ်၊ ပြင်သစ်ဘာသာ တို့ကို မဆိုလို။ နိုင်ငံတကာတွင် ပေါက်အောင် ဘယ်လို ပြောရမည်၊ သူတို့ ဘာကြိုက်သည်ကို နားလည်ခြင်းကို ဆိုလိုသည်။ သက်ဆိုင်ရာ နယ်ပယ် အလိုက် နည်းစနစ်များကို ကျွမ်းကျင်သည်။ နိုင်ငံတကာ မိတ်ဆွေ အပေါင်းအသင်း ကွန်ရက် ( Networks ) အားကောင်းသည်။တစ်ဖန် အမိမြေ၏ အထာ ကိုလည်း ရင်းနှီးသည်။ အနည်းဆုံး မြန်မာလို နားလည်မည်။ ဘယ်လိုရွှေ့လျှင် ဘယ်လို ခရီးပေါက်မည်ကို သိသည်။ထို့ကြောင့် သူတို့သည် သူစိမ်းတစ်ရံဆံ နိုင်ငံခြားသားများနှင့် ယှဉ်လျှင် ထိုနေရာ တို့တွင် အားသာချက်များ ရှိသည်။

ရှီးယားမွတ်စလင် ခရီးသည် ၁၉ ဦးကို ပစ်ခတ်သတ်ဖြတ်

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ ကြာသပတေးနေ့က ဘတ်စ်ကားတစ်စီးကို လက်နက်ကိုင်သမားတွေက ရပ်တန့်ပစ်ခတ်ခဲ့ရာ လူအနည်းဆုံး ၁၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသအာဏာပိုင်တွေပြောစကားအရ သိရှိရပါတယ်။ လူနည်းစု ရှီးယားမွတ်ဆလင်များကို ပစ်မှတ်ထားတိုက်ခိုက်ပုံရတယ်လို့ ဆိုပါတယ်။ 


အခုတိုက်ခိုက်မှုဟာ ဆူနီမွတ်စလင်လူများစုနေထိုင်တဲ့ အစ္စလာမ်မာဘတ်မြို့ မြောက်ဘက် က တောတောင်ထူထပ်တဲ့ မန်ဆရာ ခရိုင်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ စစ်ယူနီဖောင်းဝတ်ထား တဲ့ သေနတ်ကိုင်သမား ၄၀ လောက်ဟာ ဘတ်စ်ကားပေါ်က ခရီးသည်တွေကို ဆင်းခိုင်းပြီး သူတို့ရဲ့ ID ကဒ်ကို စစ်ပြီးမှ ရှီးယားမွတ်စလင်စစ်စစ်တွေကို ရွေးချယ်ကာ သေဒဏ်ပေးသဏ္ဍန်မျိုး သတ်ဖြတ်ခဲ့ တာလို့ ဒေသအာဏာပိုင်တွေက ဆိုပါတယ်။

ပါကစ္စတန်က ဆူနီအစွန်းရောက်အဖွဲ့အစည်းတွေဟာ ရှီးယားမွတ်ဆလင်များကို ၄င်းတို့နှင့် အယူဝါဒ ကွဲလွဲသူတွေအဖြစ် သတ်မှတ်ကာ ပုံမှန်အကြမ်းဖက်သုတ်သင်နေကြတာပါ။ သတ်ဖြတ်ခံရတဲ့ ခရီးသည်တွေ လိုက်ပါလာတဲ့ အဆိုပါဘတ်စ်ကားဟာ တပ်မြို့ဖြစ်တဲ့ ရာဝါပင်ဒီ ကနေ ရှီးယားမွတ်စလင် အတော် များများနေ ထိုင်ကြတဲ့ ကာရာကိုရမ် တောင်ခြေရင်းက ဂီဂျစ်ဒေသကို သွားလာနေတာ ဖြစ်ပါတယ်။

ထိုင်း ၈၃ ဦးကို ပြန်လွှတ်ပေးရန် မြန်မာဘက်က စီစဉ်

မူးယစ်ဆေးဝါး၊ လက်နက်မှုတွေနဲ့ မပတ်သက်တဲ့ ထိုင်း ၈၃ ဦးကို ပြန်လွှတ်ပေးဖို့ မြန်မာဘက်က ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ ရနောင်းခရိုင်နဲ့ မြန်မာနိုင်ငံ ကော့သောင်းခရိုင်က ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် ကော်မတီရဲ့ ဩဂုတ်လ ပုံမှန်လစဉ်အစည်းအဝေးမှာ ဒီကိစ္စကို ညှိနှိုင်းခဲ့ပြီး ပြန်လွှတ်ဖို့ စီစဉ်နေတဲ့အကြောင်း ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်၂၃ ရက်နေ့က ထိုင်းနိုင်ငံသား ၉၂ ဦးကို ကော့သောင်းခရိုင် တရားရုံးက လူဝင်မှု ကြီးကြပ်ရေး (လ၀က) နှင့် သစ်တောဆိုင်ရာ ဥပဒေ ပုဒ်မ တို့ဖြင့် ထောင်ဒဏ် ၃ နှစ်နဲ့ ၆ လ အမိန့်ချမှတ်ခဲ့တာပါ။
ကော့သောင်း ခရိုင်တရားရုံးရဲ့ စစ်ဆေးချက်အရ အဲ့ဒီထိုင်း ၈၃ ဦးဟာ မူးယစ်ဆေးဝါးနဲ့ စစ်လက်နက်ပစ္စည်း လက်ဝယ်တွေ့ရှိမှုနဲ့ ကင်းရှင်းတာမို့ အမြန်လွှတ်ပေးနိုင်ရေးအတွက် သမ္မတ ကြီးဦးသိန်းစိန်ဆီကို အယူခံလွှာတင်သွင်းဖို့ အစည်းအဝေးမှာ သဘောတူခဲ့ကြတယ်လို့ အစည်းအဝေး သတင်းထုတ်ပြန်ရေး အဖွဲ့က ပြောတဲ့အကြောင်း ရေးသားထားတာပါ။

ရခိုင်လယ်သမားများ ခေါင်းပုံဖြတ်ခံနေရ


ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးစရိတ်ချေးငွေ ဖြတ်စားခံရမှုအကြောင်း တိုင်ကြားမှုများ တိုးပွားလာနေသည်ဟု ဒေသခံတို့က ပြောသည်။

ယခုလ ၈ ရက်နေ့တွင် မာန်အောင်မြို့နယ် ပလ္လင်ကျေးရွာမှ လယ်သမား ၂၈ ဦးက သမ္မတထံသို့ပင် စာရေး တိုင်ကြားခဲ့သည်ဟု ဒေသ ခံတ ဦးက ပြောသည်။

“ငွေအပြည့်မရတာ ဘဏ်ကဝန်ထမ်းတွေကို မေးတဲ့အခါ တယောက်ကို တယောက် လွဲချပြီးတော့ တိတိကျကျ ဖြေရှင်း မပေးတဲ့အတွက် သမ္မတဆီကို တိုက်ရိုက် စာရေးပြီး တိုင်တာ ဖြစ်ပါတယ်” ဟု ဒေသခံ လယ်သမားတဦးက ပြောသည်။

လယ်တဧကလျှင် ၅၀,၀၀၀ ကျပ်စီ ထုတ်ချေးပေးသော်လည်း သုံးပုံနှစ်ပုံခန့်သာ လယ်သမားထံသို့ ရောက်ရှိသည်ဟု ဆိုသည်။

“ချေးငွေရတဲ့ လယ်သမားများတွေဆီက အားကာကြေး (အားကစားကြေး) ဆိုပြီး ၁,၀၀၀၊ အုပ်ချုပ်ရေးမှူးက ၆,၀၀၀ ဖြတ်တယ်။ ပြီးတော့ ခရီးစရိတ်နဲ့ စာရွတ်စာတန်းကြေး ဆိုပြီး လာသေးတယ်” ပလ္လင်ကျေးရွာမှ လယ်သမားက ရှင်းပြသည်။

လွှတ်တော်ကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီခေါင်းဆောင်တချို့ ချင်းမိုင်ကို ရောက်ရှိ


ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ ပညာရပ်တွေ လေ့လာသင်ကြားနိုင်ဖို့ မြန်မာနိုင်ငံက ပြည်သူ့ လွတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ စုစုပေါင်း ၂၀ ခန့် ဒီကနေ့ ညနေပိုင်းမှာ ချင်းမိုင်မြို့ကို ရောက် ရှိလာပါတယ်။

သြဂုတ်လ ၁၇ ရက်နေ့ ကစပြီး ၂ ပတ်ကြာ ပြုလုပ်မယ့် ဒီသင်တန်းမှာ ချင်းမိုင် တက္ကသိုလ်က ဆရာတွေက ဒေသန္တရ အုပ်ချုပ် ရေးပိုင်းဆိုင်ရာတွေကို သင်ကြားပို့ချသွားမှာ ဖြစ်ကြောင်း ဒီသင်တန်းကို စီစဉ်ခဲ့တဲ့ ချင်းမိုင်အခြေစိုက် ဗဟု ဖွံ့ဖြိုးမှုအဖွဲ့ရဲ့ ခေါင်း ဆောင် တစ်ဦးဖြစ်သူ ဦးအောင်သူငြိမ်းက အာအက်ဖ်အေကို ပြောပါတယ်။

"အဓိကကတော့ ကျွန်တော်တို့ သင်တန်းကဗျာ။ Local Government ခေါ်တာပေါ့နော်။ ဒေသန္တရ အုပ်ချုပ်ရေးပေါ့၊ ဆိုတော့ အထူးသဖြင့် ပါတဲ့အမတ်တွေကတော့ ပြည်နယ်တိုင်းအဆင့်က အမတ်တွေပဲ များပါတယ်၊ မှန်းခြေ ၂၀ လောက်ရှိမယ်။ အကုန် အမတ်တွေချည်းပဲ မဟုတ်ဘူးဗျ။ တခြား နိုင်ငံရေး ပါတီတွေလည်း ပါတယ်ဗျ။ သူတို့တွေကတော့ အထူးသဖြင့် ချင်းမိုင် တက္က သိုလ်က ဆရာတွေလည်း ပို့ချမယ်။ ပြီးတော့ ထိုင်းမှာလုပ်ခဲ့တဲ့ အောက်ခြေ ဒေသန္တရ အုပ်ချုပ်ရေး အတွေ့အကြုံတွေပါ သူတို့ လေ့လာမယ်။ ကျွန်တော်တို့ကတော့ တချို့ သီအိုရီ သဘောမျိုး ပို့ချတာပါမယ်။ နောက်တခါကျတော့ တချို့ အုပ်ချူပ်ရေးကိစ္စနဲ့ ပတ်သက်တဲ့ဟာမျိုး တချို့ ပို့ချတာပါမယ်"

ကချင်ဒုက္ခသည်တွေ အကူအညီထပ်မံရရှိ


တရုတ် မြန်မာနယ်စပ် လိုင်ဇာမြို့အနီးရှိ ဂျယ်ယန်နဲ့ ဖုံလုံယန် ဒုက္ခသည်စခန်း ၂ ခုကို ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတွေဖြစ်တဲ့ အဖြူရောင်တွဲလက်များနဲ့ မန္တလေးရှိ ကလေးသူငယ်များ ကွန်ယက်အဖွဲ့က ဆေးနဲ့ ကျောင်းသုံးပစ္စည်းတွေ ဒီနေ့ သွားရောက် ကူညီကြပါတယ်။

အဲဒီစခန်းတွေမှာ အဓိက လိုအပ်နေတာကတော့ အစားအသောက်နဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် စာရေးကရိယာ ပစ္စည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီစခန်း တစ်ခုမှာ ရောက်ရှိနေတဲ့ အဖြူရောင်တွဲလက်များ အဖွဲ့ဝင်တစ်ယောက်က အခုလိုပြောပါတယ်။

"နာရေးကူညီမှုအသင်းက ၂ ယောက်ပါတယ်။ နောက် မန္တလေးက အဖွဲ့ပါတယ်။ ကလေးချစ်သူများအဖွဲ့၊ အဲဒီအဖွဲ့မှာ ဆရာ တော်တစ်ပါး ပါတယ်။ ကူညီတာကတော့ ဆေးပစ္စည်း၊ ၀ှီးချဲတို့၊ ဒေါက်တို့၊ ညှပ်တို့ အဲဒါတွေတော့ ပါတယ်ခင်ဗျ။ အဖြူရောင် တွဲလက်များ အနေနဲ့ကတော့ ပြီးခဲ့တဲ့ ၆ လပိုင်းလောက်က ရောက်ထားတော့ ကျွန်တော်တို့ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ၊ နောက်ပြီး ဒီဘက်ကလုပ်တဲ့ ဟာလေးတွေ ပြန်ပေးတာတို့ ရှယ်တာပဲ ရှိတယ်ခင်ဗျ။ ကျန်တဲ့လှူတာတို့ မပါသေးဘူးခင်ဗျ။ ဒီအခေါက်မှာက။ ကျန်တဲ့အဖွဲ့တွေကတော့ ကလေးတွေနဲ့ ပတ်သက်တဲ့ ပညာရေး စာအုပ်စာတမ်းတွေ ပါလာတယ်၊ မန္တလေး အဖွဲ့လှူတာက။ ကျန်တဲ့အဖွဲ့တွေကတော့ ပိုက်ဆံတွေလှူကြတယ်"

ကိုမိုးသီးဇွန် နှင့် ကျောင်းသားခေါင်းဆောင်များ ဗီဇာရရှိ


အမေရိကန် နိုင်ငံသို့ ရောက်ရှိနေကြသော ရှစ်လေးလုံး အရေးအခင်း ကာလက ဦးဆောင်သူများဖြစ်ကြသည့် ကျောင်းသား ခေါင်း ဆောင် ကိုမိုးသီးဇွန်၊ ကိုထွန်းအောင်ကျော် အပါအ၀င် ၇ ဦးကို အစိုးရက ဗီဇာ ပေးလိုက်ပြီဖြစ်ကြောင်း သတင်းရသည်။ သို့သော် မည်သည့်နေ့ရက်တွင် မြန်မာပြည်သို့ သွားရောက်မည်ကိုမူ မသိရှိရသေးပေ။ မြန်မာအစိုးရဘက်က ပြည်ပမှနေ၍ ပြစ်တင်ဝေဖန်မှုများ ပြုလုပ်နေမည့်အစား မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများကို အနီးကပ် လာရောက်လည်ပတ် ကြည့်ရှုနိုင်ရန်အတွက် ယခု ကဲ့သို့ ပြည်ဝင်ခွင့်ပေးခြင်းဖြစ်ကြောင်း၊ ၄င်းတို့အပြင် ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေကြသော ရှစ်လေးလုံးကာလ ပါဝင်ခဲ့ကြ သူများကိုလည်း အဖွဲ့အလိုက် ပြည်ဝင်ခွင့်ဗီဇာများ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကိုမိုးသီးဇွန်သည် ယခင် စစ် အစိုးရ က မျက်ကွယ် သေဒဏ် ချမှတ်ခံထားရသူ ဖြစ်သည်။

ဧရာဝတီ(Blog)

“အမှန်တရားကို လိုလားတဲ့စိတ် ပြည်သူတွေမှာ အပြည့်ရှိတယ်”


ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် လူ့အခွင့်အရေး ပညာပေး ဌာန – မြန်မာနိုင်ငံ (HREIB) ကို တည်ထောင်သူ ဦးအောင်မျိုးမင်း သည် အနှစ် ၂၀ ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးသွားရောက်ကာ အနယ်နယ်အရပ်ရပ်၌ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် သင်တန်းများပေးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ မြန်မာအစိုးရ၏ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တာဝန် ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့သည်။
ဦးအောင် မျိုးမင်း၏ သင်တန်း များနှင့် ဆွေးနွေးပွဲများအတွင်း တွေ့ကြုံ ခဲ့ရသည့် အခက်အခဲများ အပါအဝင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး စံနှုန်းအပေါ် သူ၏ ထင်မြင်ချက်များကို ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး။ ။ ဦးအောင်မျိုးမင်း အနေနဲ့ မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ပတ်သတ်ပြီးတော့သင်တန်းတွေ လာပေးတယ်လို့ သိရပါတယ်။သင်တန်းပေးတော့အဓိက ဘာ အခက်အခဲတွေ တွေ့ရပါသလဲ။
ဖြေ။ ။ သင်တန်း ပုံစံနှစ်မျိုး ပေးဖြစ်ပါတယ်။တခုကတော့လူဦးရေ ကန့်သတ်ထားပြီး သင်တန်းပေးမယ့် အကြောင်းအရာ ခေါင်းစဉ်ကို သတ်မှတ်ပြီး ပေးတဲ့ပုံစံမျိုးရယ်၊နောက်တမျိုးကတော့စိတ်ဝင်စားတဲ့သူ တက်ရောက်နိုင်ပြီး လူ့အခွင့်အရေး ခေါင်းစဉ်အောက်မှာစိတ်ဝင်စားတာ မေးတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ပထမတမျိုးကတော့ကိုယ် ရွေးချယ်ထားတဲ့ ခေါင်းစဉ်ကို သတ်မှတ်ပြီးသား ဖြစ်တာရယ်၊တက်ရောက်လာတဲ့ သူတွေကလည်း သတ်မှတ်ထားတဲ့ အရေအတွက် အတိုင်း ဖြစ်တော့သိပ်အခက်အခဲတော့ မရှိပါဘူး၊သွားချင်တဲ့ အကြောင်းအရာ အတိုင်း၊ ရည်ရွယ်ထားတဲ့အတိုင်း ရောက်အောင် သွားနိုင်တယ်။ အချိန်နဲ့ တိကျကိုက်ညီအောင်ထိမ်းနိုင်တယ်။လူတွေ ပါဝင်ဆွေးနွေးနိုင်အောင်လည်း လမ်းဖွင့်ပေးနိုင်တယ်။

မြန်မာနိုင်ငံ အမျိုးသမီးများ ကွန်ယက်အဖွဲ့ ငွေလှူဒါန်း

အမျိုးသမီးအဖွဲ့အစည်း (၁၄) ဖွဲ့ ပူးပေါင်းထားတဲ့ မြန်မာနိုင်ငံ အမျိုးသမီးများ ကွန်ယက်အဖွဲ့က ရခိုင်ဒေသမှာ အကူအညီ လိုအပ် နေသူတွေအတွက် ငွေကျပ် ၈ သိန်းကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့အဖွဲ့ထံ ဒီကနေ့ မနက်ပိုင်းက လာရောက် လှူဒါန်းခဲ့ပါတယ်။

အကူအညီ လိုအပ်နေသူတွေဆီ အလှူငွေတွေ ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင်တွေကို အခုလို လာရောက် လှူဒါန်းရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံအမျိုးသမီးများ ကွန်ယက်အဖွဲ့ဝင် ကရင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်စူစန်နာ လှလှစိုးက RFA ကို ပြောပါတယ်။

"ကျွန်မတို့ မြန်မာနိုင်ငံ အမျိုးသမီးအသင်းများ ကွန်ယက်ကပါ။ ဘေးအန္တရာယ် ကျရောက်တဲ့ ဒေသမှာရှိတဲ့ အမျိုးသမီးတွေ နောက်ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေအတွက် ကူညီဖို့ ကျွန်မတို့အမြဲတမ်း ရန်ပုံငွေရှာပါတယ်။ ဇူလိုင်လ ၂၁ ရက်မှာလည်းပဲ ရခိုင်မှာရှိတဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေအတွက် ရန်ပုံငွေရှာဖွေပွဲ လုပ်ပါတယ်။ လက်တွေ့ချုပ်လုပ် တယ်။

ဟင်္သာတက ဦးထွန်းရွှေအကြောင်း ပေးစာ

ဟင်္သာတမြို့ တနေရာ (ဓာတ်ပုံ - ဂူဂဲလ်ဂြိုလ်တု)

ဧရာဝတီတိုင်း ဟင်္သာတမြို့ နယ်မှာ ပြီး ခဲ့  တဲ့  ၁၅ ရက် ၆ လပိုင်းက ဖြစ် ခဲ့  တဲ့  အမှုအကြောင်း ပြောချင်ပါတယ်။

တလုတ္ထော် ကျေးရွာ မြစ်ကိုင်းရပ်ကွက် နေ ဦးထွန်းရွေ ဆိုသူက အဲံ့ ဒီ နေ့မှာ မူးပြီး အိမ်မှာ ရမ်းကားနေခဲ့ ပါ တယ်။

ဒါ ကို အိမ် က လူ တွေ က ရဲ ကို အကြောင်း ကြားပြီး ဖမ်းခိုင်းတယ်။ ရဲက မူးရစ် ရမ်းကားဆို ဖမ်းတော့  သူက မလိုက်ဘူးဗျ။ ၇ဲ ကအတင်း ရိုက်နှက် လူမဆန် စွာ ကြိုးတုပ် လက်ထိပ်ခတ်။ ဒါတင်မက တိ ရိစ္ဆာန် ထမ်းသလို ဒုတ် နဲ့  ရှိုထမ်းပြီး ရဲစခန်းေ၇ာက်စေခဲ့  ကြပါတယ်။

ဥပဒေမှာ မူးယစ်ရမ်းကားသူကို ရဲက ၂၄ နာရီထက် ပိုဖမ်းလို့မရပါ။ တကယ်လို့  အရမ်း ခံရသူတွေက အမှုဖွင့် ခဲ့ ရင်လဲ ၇ဲက အမှုဖွင့်ပြီး ဟင်္သာတ ပို့ရမှာပါ။ တရားရုးံ က တစ်လ အမိန့် ချခဲ့ရင် တရားခံက ကျခံရမှာပါ။ ဒါက ပုံစံအမှန်ပါ။

သို့ သော် တလုတ္ထော် ရဲစခန်းမှာ စခန်းမှူးနဲ့ စခန်းရှိ မိန်းမများ မကျန် ဦးထွန်းရွှေကို ဟိုခိုင်း ဒီခိုင်း ခိုင်း ပြီး ၀ိုင်း နှိပ်စက်လိုက်ကြတာ တစ်လ တင်းတင်း ပြည့် တဲ့ နေ့ (၇ လ ပိုင်း ၁၅ ရက်နေ့  မှာ ရဲစခန်းမှာ သေဆုးံခဲ့ပါတယ်။ သေတာက မနက် လေး နာရီမှာပါ။

သီပေါမင်းအုတ်ဂူ ပြန်သယ်ဖို့ဆန္ဒရှိသော်လည်း အချိန်ခါကောင်း မရောက်သေးဟုဆို

 

မြန်မာဘုရင်မင်းဆက်၏ နောက်ဆုံး နန်းဆက်ဖြစ်ခဲ့သော သီပေါ မင်း နှင့် စုဖုရားလေးတို့၏ အိန္ဒိယနိုင်ငံ၊ ရတနာဂီရိမြို့တွင် တည်ရှိသော  အုတ်ဂူများကို မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းရေးနှင့် ပတ်သက်ပြီး သီပေါ မင်း၏ မြစ်တော်စပ်သူ ဒေါ်ဒေ၀ီသန့်စင်က အုတ်ဂူေ တ်ာရွှေ့ပြောင်း ရန် စိတ်ဆန္ဒ ရှိသော်လည်း ယခု အချိန်သည် အဓိကဦးစားပေး ရမည့် အရေးများကြောင့်အချိန်ကောင်းမဟုတ်သေးဟုမြန်မာတိုင်း(မ်) ကို ပြောသည်။

"သီပေါမင်းရဲ့ မြစ်တော်တစ်ယောက် အနေနဲ့ဆိုရင် ကိုယ့်အဘိုးတော် စပ်တဲ့သူ ရဲ့ အုတ်ဂူတော်ကို ကိုယ့်နိုင်ငံမှာပဲ ရှိစေချင်တာ သဘာဝ ပါပဲ။ ကိုယ်တိုင်မြေးတစ်ယောက်အနေနဲ့ ခံစားကြည့်ရင် တော်ဝင် မိ သားစုမဟုတ်ဘဲ ရိုးရိုးသာမန် မိသားစုတစ်စုမှာတောင် ကိုယ့်ဘိုးဘွား တွေရဲ့အုတ်ဂူကို ကောင်းကောင်းမွန်မွန် ဖြစ်စေချင်မှာပါ"ဟု ၎င်းက ပြောသည်။
"နိုင်ငံသားတစ်ယောက်အနေနဲ့ ၀င် ခံစားကြည့်မယ်ဆိုရင်လည်း ကျွန်မ အနေနဲ့ ကိုယ့်နိုင်ငံရဲ့ နောက်ဆုံးဘုရင် အုတ်ဂူပြန်ရွှေ့ယူမယ့် ကိစ္စကို ငြင်းပယ် စရာဘာ အကြောင်းမှမရှိပါဘူး။ ဒါပေမယ့် တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင် အခုချိန်က တိုင်းပြည်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုး ပြဿနာတွေကို အရင်ငြိမ်းချမ်းအောင်ဖြေရှင်း၊ တိုင်းပြည်တိုးတက်အောင် ကြိုးပမ်းပြီးမှ ဒီအကြောင်းကို ပြန်စဉ်း စားသင့်တယ်ထင်ပါတယ်။ ဘုရင်ဟောင်းရဲ့ အုတ်ဂူတော် ပြန်ရွှေ့ရေးဟာ လတ်တလော ကြိုးပမ်းနေကြတဲ့ တိုင်းရင်းသား ညီညွတ် ငြိမ်းချမ်းရေးနဲ့ နှိုင်းယှဉ်ရင် မပြောပလောက်ပါဘူး"ဟု ဒေါ်ဒေ၀ီသန့်စင်က ပြောသည်။
သီပေါမင်းနှင့် စုဖုရားလတ်တို့၏ သမီးတော်လေးပါးအနက် အငယ်ဆုံး သမီးတော်မှ ပေါက်ဖွားလာသည့် သားသမီး ခြောက်ဦးအနက် သားအငယ်ဖြစ်သော တော်ဘုရားကလေး ဦးအောင်ဇေသည် ဒေါ်ဒေ၀ီသန့်စင်၏ဖခင်ဖြစ်သည်။

ဟောင်းနွမ်း ကန်ဒေါ်လာ စီးပွားေ ရးပိတ် ဆို့မှု ကင်းစင်မှ ဗဟိုဘဏ် လက်ခံလဲ လှယ်ပေးမည်

နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှု ကင်းစင်မှသာ ဟောင်းနွမ်း ကန်ဒေါ်လာ များ အား လက်ခံလဲ လှယ်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောသည်။
လက်ရှိ အခြေအနေ၌ မြန်မာ နိုင်ငံအား နိုင်ငံတကာမှ စီးပွားရေး ပိတ်ဆို့ ထားမှုကြောင့် ပြည်တွင်း ဘဏ်များရှိ ဒေါ်လာများမှာ ပြည်ပ နိုင်ငံများ၌ လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားခွင့် မရဘဲ ပြည်တွင်း၌ သာ လှည့်ပတ် သုံးစွဲနေရကြောင်း ၄င်းက ပြောသည်။

”ဒီမှာလုပ်နေတဲ့ ဘဏ်တွေက သူတို့ဆီ ဝင်လာတဲ့ ဒေါ်လာတွေ ကို နိုင်ငံခြား ကိုသွားပြီး ရောင်းလို့ မရဘူး။ ရောင်းလို့ မရတာကလည်း ကျွန်တော်တို့ နိုင်ငံကို စီးပွားရေး ပိတ်ဆို့ထားမှုကြောင့်ပဲ။ ဒါကြောင့် ကျွန်တော်တို့က ဒေါ်လာကို အကူး အပြောင်းလုပ်ဖို့ ခက်ခဲသလိုအပြင်ကို ယူဖို့အတွက်လည်း ပိုခက်ခဲတယ်။ ဒီ့အတွက်ကြောင့်ကျွန်တော်တို့ ဘဏ် တွေက ဒေါ်လာကို ငွေသားအဖြစ်နဲ့ ဒီက Customer တွေကို ထုတ်ပေး ရတယ်။ အဲဒီလို ထုတ်ပေးရာမှာ လည်း သူတို့က ဟောင်းတာ တို့၊ နွမ်းတာတို့ဆိုရင် အဆင်မပြေတဲ့ အတွက် ကျွန်တော်တို့က အကော
င်း တွေပဲ ထုတ်ပေးရတယ်။

မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုနှုန်း တိုးတက်ရခြင်းမှာ ရေနံဆီ ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ခြင်းနှင့်လည်း ပတ်သက်နေ


မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုသည် ရှေးကုန်းဘောင်ခေတ်တွင် နိုင်ငံ အကျယ်အ၀န်း၏ ၇၀ ရာခိုင်နှုန်း၊ ၁၉၆၂ ခုနှစ်တွင် ၅၇ ရာခိုင်နှုန်း၊ ၂၀၀၅ ခုနှစ်တွင် ၅၁ ရာခိုင်နှုန်းနှင့် ၂၀၀၈ ခုနှစ်တွင် ၄၇ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း၊ မြန်မာနိုင်ငံတွင် သစ်တောကြီးများ နှစ်စဉ် ပြုန်းတီးမှုနှုန်းမှာ ၁၉၇၅ ခုနှစ်မှ ၁၉၈၉ ခုနှစ်အတွင်း ၀ ဒသမ ၆၄ ရာခိုင်နှုန်း၊ ၁၉၈၉ ခုနှစ်မှ ၁၉၉၈ ခုနှစ်အတွင်း ၁ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ 
သစ်တောပြုန်း တီးမှု ပိုမိုများပြားလာသည့် ၁၉၈၉ ခုနှစ်မှ ၁၉၉၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ရေနံဆီ ထုတ်လုပ်၊ ဖြန့်ဖြူးမှုကို ရပ်ဆိုင်းခဲ့သော ကာလနှင့် တိုက်ဆိုင်မှုရှိနေပြီး ရေနံဆီကို မီးဖိုချောင်သုံး လောင်စာ အဖြစ် အဓိက သုံးစွဲရာက ထုတ်လုပ်ဖြန့်ဖြူးမှု ရပ်ဆိုင်းခဲ့သောကြောင့် ထင်း၊ မီးသွေးကို ပိုမို တိုးတက် သုံးစွဲလာ ရခြင်းဖြစ်ကြောင်း၊ ပြည်သူ ၇၅ ရာခိုင်နှုန်းမှာ လျှပ်စစ်မီး မရရှိသေးသည့်အ တွက် ရေနံဆီ ကို ပြန် လည်ထုတ်လုပ်၊ ဖြန့်ဖြူးပါကချက်ပြုတ်ရေးသာမကအလင်းရောင် ရရှိရေးအတွက်ပါ အထောက်အကူ ပြုမ ည်ဖြစ်ကြောင်း ချောက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူးဦး သိန်းလွင်က ပြောကြားသည်။

မတော်တဆ သာမန်လူမျိုးရေး ပဋိပက္ခ သက်သက်မဟုတ်ပါ

ရခိုင်ပြည်နယ် အရေးဟာ သာမန် လူမျိုးရေး အထိကရုဏ်း သက်သက်မဟုတ်ပါဘူး။
မြန်မာနိုင်ငံ ဘာလဲ ဘယ်လဲ စဉ်းစားကြည့်ကြပါ။ သမိုင်းဝင်မြန်မာပြည် မြေပုံက နယ်မြေတစ်ခုက ဘယ်သူတွေရဲ့သွေးတွေဘယ်သူတွေရဲ့ အရိုးတွေ မြှုပ်နှံစတေးထားခဲ့ရတာလဲ။    ဒါဟာ လူမျိုးရေး ဘာသာရေး လုပ်ကြံမှု သက်သက်ပါ။

ပြည်နယ်တောင်းတာ လူ့အခွင့်အရေးတဲ့လား၊ နိုင်ငံထောင်တာ လူသားချင်း စာနာတာတဲ့လား၊
အစိုးရသော်လည်းကောင်း၊ ပါတီများ အားလုံးသော်လည်းကောင်း နိုင်ငံချစ်စိတ် မျိုးချစ်စိတ်
နှိုးကြားသင့်နေပါပြီ။ နိုင်ငံတကာက ပေးအပ်ချီးမြှင့်တဲ့ ဘာဘွဲ့၊ ညာဘွဲ့တွေနဲ့ နိုင်ငံရဲ့ ပြည်နယ်တွေကို
လဲလှယ်တော့မှာလား။ မြန်မာနိုင်ငံရဲ့ အထင်ကရ တိုင်းရင်းသားတွေ အားလုံးကရော လက် ပိုက်ကြည့်နေကြတော့မှာလား။ ကျုပ်တို့တစ်တွေ စစ်ခင်းနေကြဦးမှာလား။ ယခုကတည်းက ရခိုင်ပြီးလျှင် ချင်းပြည်နယ် ဆိုပြီးစကားဦးသန်းနေပြီနော်။


အစိုးရနဲ့ တိုင်းရင်းသားပါတီတွေကြားမှာ ဘယ်လိုပဲသဘောထားကွဲခဲ့ပါစေ ရိုဟင်ဂျာ အရေးမှာတော့ အိပ်ချင်ယောင်ဆောင်၊တို့ပြည်နယ်တော့ မီးမလောင်ဘူးဆိုပြီး ပြူံးပြနေမယ်ဆိုလျှင်တော့   မြန်မာပြည်ဆိုတာ သင်တို့လက်မှာမှ ပျက်ရလေတယ်ဆိုပြီးတို့ဘိုးဘွားတွေ တမလွန်က ငိုကြွေး ဒေါ သဖြစ်ရတော့မပေါ့။ဒါဟာ.............. ရခိုင်အရေးမဟုတ်ပါ၊ အမျိုးသားရေး .......

ကချင်၊ကယား၊ ကချင်၊ချင်း၊ ဗမာ၊မွန်၊ရခိုင်၊ရှမ်း၊ဆိုသော သင်တို့နှင့် တိုင်းရင်းသားစစ်စစ်တွေ မရှိလျှင်
ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်ကြီး မရှိတော့ဘူးဆိုတာ သင်တို့တစ်ချက်လောက် ငဲ့ကြည့်လိုက်ကြပါဦး။
မြန်မာနိုင်ငံသားစစ်စစ် လို့ခံယူထားသူများလည်း ဘာသာရေး၊လူမျိုးရေး မှိုင်းတိုက်မှုတွေအောက်က
ယုံကြည်ချက်တွေ၊ မာန်မာနတွေ ခဏလောက်ရပ်ပြီး ခဏလောက် ညီညွတ်ပေးကြပါတော့ဗျာ...........
                                                                                                                         ဦးယဉ်ကျေး။

့ OIC က ရိုဟင် ဂျာတွေကို ခွဲယူရန် ဆုံးဖြတ် ချက်မချ မြန်မာကို ဖိအားေ ပးရန်သာဆုံးဖြတ်ခဲ့




အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံပါဝင်တဲ့
Organization of the Islamic Conference (OIC) ခေါ် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ရဲ့ အစ္စလာမ်မစ် သွေးစည်းညီညွတ်ရေး ညီလာခံကို ဆော်ဒီအာရေဗျနိုင်ငံမက္ကာမြို့မှာ မနေ့က ကျင်းပပြီးစီးခဲ့ရာ မြန်မာနိုင်ငံက ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့ ဖိအားပိုမိုပေးဖို့ဆွေးနွေးခဲ့ကြောင်းOICထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
OIC အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေက အစ္စလာမ် အသိုင်းအ၀ိုင်းတွေ၊ အဲဒီအသိုင်းအ၀ိုင်းတွေကို အမှန်တကယ် ကိုယ်စားပြုသူတွေနဲ့ ပြောဆိုဆွေးနွေးဖို့ အရေးကြီးကြောင်း၊ ဒါမှသာ သူတို့ရဲ့အခွင့်အရေးတွေ ကာကွယ်နိုင်မှာဖြစ်ပြီး အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နိုင်မှာ ဖြစ်ကြောင်း၊
ဒီကိစ္စနဲ့ဆက်နွယ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေအပေါ် မြန်မာအစိုးရက အကြမ်းဖက် ဖိနှိပ်နေတာတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးစံတွေ အပါအ၀င် ကိုယ်ကျင့်သိက္ခာဆိုင်ရာ စံတွေနဲ့ မကိုက်ညီတဲ့အတွက် ရှုတ်ချကြောင်းလည်း ဖော်ပြပါတယ်။

စရဖ အရာရှိ တရားရုံးကို မထီမဲ့မြင်လုပ်

၂၀၁၁ ခရစ္စမတ် နေ့က ဂျန်မိုင်ကောင် နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းတွင် မိသားစုနှင့် အတူ တွေ့မြင်ရသော ဦးလထော်ဘရန်ရှောင် (ဓာတ်ပုံ – Hkamung pan)
ကချင်တိုင်းရင်းသား ဦးလထော်ဘရန်ရှောင်အား ဖမ်းဆီးပြီး တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ တရားရုံး၌ တရားလိုပြ သက်သေ အဖြစ် ထွက်ဆိုသူ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ) အရာရှိက တရားခွင်အတွင်း မထီမဲ့မြင် ဆက်ဆံမှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။
မြစ်ကြီးနား မြို့နယ် အစိုးရထိန်းချုပ်မှုအောက်ရှိ ဂျန်မိုင်ကောင် စစ်ပြေးဒုက္ခသည်စခန်း၌ ဒုက္ခသည်အဖြစ်နှင့် ခိုလှုံနေသော ဦးဘရန်ရှောင်ကို ကချင်ပြည်လွတ်လပ်ရေး အဖွဲ့(KIO)၏ ဝန်ထမ်းနှင့် ဖောက်ခွဲရေးသမားဟု စွပ်စွဲဖမ်းဆီးထားပြီး စရဖ အဖွဲ့က မြစ်ကြီးနား မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသည်။
ယင်းသို့ စွဲဆိုချက်များနှင့် ပတ်သက်၍ ဦးဘရန်ရှောင်၏ ရှေ့နေ ဦးဂျီမာခါး က ယမန်နေ့က ရုံးချိန်းတွင် စစ်ဆေးမေးမြန်းရာ၌ တရားလိုပြသက်သေ အဖြစ် ထွက်ဆိုသော တပ်ကြပ်ကြီး စောလှထူးက မထီမဲ့မြင် ပြုမူ ဆက်ဆံခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်။
“ကျနော်မေးခွန်းမေးတဲ့ အချိန်မှာ သူကနားမထောင်ဘူး၊ စာပဲ ငုံ့ပြီးဖတ်နေတယ်၊ ကျနော်မေးပြီးရင် သူက ဘာပြောတာလဲ ဆိုပြီး မထီတထီနဲ့ ထပ်ခါထပ်ခါ ပြန်မေးတယ်၊ တရားရုံးထဲမှာ တာဝန်အရ မေးမြန်းချိန်မှာ ဒါမျိုးလုပ်ခွင့်မရှိပါဘူး၊ ကျနော်လည်း တရား သူကြီးကို ပြောတဲ့အခါ တရားသူကြီးက စာဖတ်လို့မရဘူး၊ မေးတာကို ဖြေပေးပါဆိုမှ သူဆက်မလုပ်တော့တာ”ဟု ဦးဂျီမာခါး က ဧရာဝတီသို့ ပြောသည်။

စင်ကာပူနိုင်ငံ သည် တစ်ဦးချင်းဝင်ငွေ အကောင်းဆုံးနိုင်ငံဖြစ်

ကမ္ဘာပေါ်တွင် တစ်ဦးချင်းဝင်ငွေကို နှိုင်းယှဉ်ကြည့်ပါက စင်ကာပူနိုင်ငံသည် ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်လာပြီး ၂ဝ၅ဝ ပြည့်နှစ်အထိ ထိပ်ဆုံးနေရာတွင် ဆက်လက်ရပ်တည်နိုင်မည့်အလား အလာရှိကြောင်း ကမ္ဘာ့စီးပွားရေးလေ့ လာချက်တစ်ခုအရ သိရသည်။
စင်ကာပူ၏နောက်တွင် နော်ဝေနိုင်ငံသည် တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၅၁၂၂၆ ဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိပြီး အမေရိကန်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၅၅၁၁ ဖြင့် တတိယနေရာကို အသီးသီးရပ်တည် လျက်ရှိသည်ဟု သိရသည်။ ထို့အတူ ဟောင်ကောင်ကျွန်းသည်လည်း တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၄၅၃ဝ၁ ဖြင့် ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်း ၁ဝ နိုင်ငံတွင် ပါဝင်လာခဲ့သည်ဟု သိရသည်။

ဧည့်စာရင်း

ဒီမိုကရေစီ ကိုဖော်ဆောင်နေသည်ဆိုသောမြန်မာပြည်သည် ယခုအချိန်အထိ ဧည့်စာရင်း တိုင်နေရဆဲသာ ဖြစ်ပါသည်။ တိုးတက်လာမှု ကိုဆိုရပါမူ ဗိုလ်ချုပ်နေ၀င်း အစိုးရ လက်ထက်တွင် တစ်လ မှတစ် ကြိမ်သာဧည့်စာရင်းတိုင်ရန် လိုအပ်ပါသည်။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အစိုးရ လက် ထက်တွင် နှစ်ပါတ် တစ် ကြိမ် ဧည့်စာရင်းတိုင်ရန်လိုအပ်ပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အပြီး ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲဆိုတာကြီး ပြီးသည့်နောက် ယာယီသန်းခေါင် စာရင်းများ ထုတ်ပေး ခဲ့ခြင်းကြောင့် နေရပ်လိပ်စာ မပြောင်းသ၍ ဧည့်စာရင်းထပ်တိုင်ရန် မလိုဟုသိရပါသည်။

စစ်ဘောင်းဘီ ကျွတ် သမ္မတကြီး ဦးသိန်းစိန် လက်ထက် တွင် ယာယီသန်းခေါင် စာရင်းများ လုံးဝ အသက်မရှိတော့ ဘဲ တစ် ပတ်တခါ ဧည့်စာရင်းတိုင်ပွဲကြီး စတင် ပါတော့သည်။ သမ္မတကြီး ဦးသိန်းစိန် က ဧည့်စာရင်းတိုင်ရာတွင် ငွေကြေးတစုံတရာ ပေးရန် မလိုဟု ဆိုခဲ့ငြား လည်း ရပ်ကွက် တိုင်းရှိ အုပ်ချုပ်ရေးမှုး ရုံးများတွင် အလှူ ခံဗူး၊ အလှူခံခွက် များဖြင့် ပြောင်ပြောင် တင်းတင်းပင် တောင်းခံနေကြသည်မှာ ဥပဒေကဲ့သို့တည်တံ့ သော သမ္မတကြီး ၏ နှုတ်ထွက် စကား အား ပြက်ရယ်ပြုနေသယောင်။ တစ်ပါတ်တခါ ဧည့်စာရင်းတိုင်ကြားရခြင်း သည် ရပ် ကွက်လူကြီးများ အဖို့ တစ်ပါတ်တခါ အလှူငွေ ရရှိ ၍ အကျိုးရှိ တွက်ခြေကိုက် နိုင်သော်လည်း ဧည့်စာရင်း လာတိုင်ရသော ပြည်သူများမှာ ကထိကထ များရုံ မျှမက တစ်ပါတ် တခါမှန်မှန် လှူနေရသည့် အတွက် မစားသာလှပါ။

KKO/DKBA ဦးဆောင်ပြုလုပ်သည့် ကျိုက်ဒုံမြို့နယ် ကရင့်အာဇာနည်နေ့သို့ လူထု ၂၀၀၀ကျော် တက်ရောက်ခဲ့



လွန်ခဲ့တဲ့ သြဂုတ်လ ၁၂ရက်နေ့က ကျရောက်တဲ့ (၆၂) နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ် အတွင်းမှာ DKBA/KKOတို့က ဦးဆောင် ကျင်းပခဲ့ပြီး ဒေသခံ ကရင်တိုင်းရင်းသား (၂၀၀၀) ကျော် တက်ရောက်တယ်လို့ သိရပါတယ်။

 ကျိုက်ဒုံမြို့နယ် ပူရေကျေးရွာ မှာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ နယ်မြေဟာ ဒီကေဘီအေ ၉၀၂တပ်ရင်း အခြေစိုက်ရာ နေရာလည်း ဖြစ်ပါတယ်။ အဆိုပါ အခမ်းအနားသို့ KKO တွဲဖက်အတွင်းရေးမှူး စောဂုဏ်အောင်၊ DKBAတပ်မှူး ဗိုလ်မှူးကြီး စောစန်းအောင်နှင့် နယ်မြေခံ DKBAတပ်ဖွဲ့ဝင်များ၊ မဟာမိတ် အဖွဲ့များနှင့် ဒေသခံ ကရင်လူထုတွေ တက်ရောက်ခဲ့ပါတယ်။

 ဒါ့အပြင် ဌာနချုပ် ကော်သူးမွဲခီးတွင်လည်း KKO ဥက္ကဌ မန်းရောဘတ်ဇန်နှင့် DKBAစစ်ဦးစီးချုပ် ဗိုလ်ချုပ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ဗဟိုခေါင်းဆောင်တွေက ၆၂နှစ်ပြည့် အာဇာနည်နေ့အခမ်းအနားကို တရက်တည်း ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သံတွဲမှ ကျောင်းသားကလေး လေးယောက်အမူကို စတင်စစ်ဆေးပြီ


စာရွက်စာတမ်း ဖြန့်ဝေမူဖြင့် ပုဒ်မ ၅၀၅(ခ) တပ်ကာ ဖမ်းဆီးထားသော
သံတွဲမြို့မှ

ညီမင်းခန့်် ၊
နိုင်ရဲဦး ၊
ခိုင်ဇော်ဆန်း ၊
သန့်ဇင်ဖြိုး ၊

ဆိုသော ကျောင်းသားလေးယောက် ကို သံတွဲ တရားရုံး ၁၄၊၈၊၂၀၁၂ နေ့လည်အချိန်တွင်
ကြားနာစစ်ဆေးရာ ဒေသခံလူထု ၁၀၀ ကျော်ခန့် လာရောက် နားထောင်ကြသည်။
သူတို့ဖြန့်သည်ဟု စွပ်စွဲခံရသော စာရွက်မှာ မူဆလင်များက ရေးသားဖြန့်ဝေသော စာရွက်ဖြစ်သော်လည်း
မူလအရင်းအမြစ်ကို မစုံစမ်းပဲ လက်ဝယ်တွင် တစ်စောင်တစ်လေ တွေ့ရှိသူကို ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုထားသည်မှာ အဘယ်ကြောင့်နည်း။
အကယ်၍ ဖြန့်ဝေမိသည် ဆိုလျှင်လည်း အမျိုးဘာသာ သာသနာ အတွက် သတိပေးရာရောက်သည် မဟုတ်ပါလား။ မူဆလင်များ၏ အန္တရာယ် ကို သတိပြုမိရန် မျိုးချစ်စိတ်ဓာတ် အရင်းခံဖြင့် ပြုလုပ်ခြင်းသည်
တိုင်းပြည်နှင့်နိုင်ငံ၏ အကျိုးပင် မဟုတ်ပါလား။
သတင်းရရှိသည်မှာ ရဲမြို့နယ်မူး၏ မိန်းမသည် မော်လမြိုင်မှ မူဆလင်မ တစ်ဦးဖြစ်ပြီး သံတွဲမူဆလင် အသိုင်းအဝိုင်း၏ ရာနှင့်ချီသော ငွေကြေးများက ဤအမူအပေါ် တစ်စုံတစ်ရာ သက်ရောက်မူ ရှိနေကြောင်း။
ဒေသခံ လူထုမှ ဤကျောင်းသားလေးများ အဖမ်းခံရမူ အပေါ် မကျေနပ်မူများစွာ ရှိနေကြကြောင်း။

ရွာအတွက် ကျမ ဆေးမှူးတစ်ဦး ဖြစ်ချင်တယ်


ဓာတ်ပုံ-ကေအိုင်စီ (ဒုက္ခသည်စခန်းတွင်းမှ ကျောင်းသူလေးများ)

ပညာသင်ပြီးတဲ့အခါ နော်ဆာ့ကမွီးဖောဟာ ရွာမှာ ကျန်းမာရေးမှူးတစ်ယောက် ပြန်ဖြစ်ချင်ပါတယ်။ ဒီအိပ်မက်ဟာ သူမအတွက် အမြင့် မားဆုံးသော ဆုကြီးတစ်ခုအဖြစ် ခံယူထားပါတယ်။ အသက် ၁၈နှစ်ထဲ ၀င်နေပြီဖြစ်တဲ့ နော်ဆာ့ကမွီးဖောဟာ သူမရဲ့ မိသားစုတွေနဲ့ မိုင် ပေါင်း ရာနဲ့ချီကွာဝေးတဲ့ ထိုင်းနိုင်ငံ နယ်စပ်က ဒုက္ခသည်စခန်းထဲမှာ အသက် ၁၃နှစ်အရွယ်ကတည်းက လာရောက် ပညာသင်ကြားနေရ သူ ဖြစ်ပါတယ်။


သူမဟာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက ကရင်လူမျိုးတွေချည်း နေထိုင်တဲ့ အိမ်ခြေ ၇၀ခန့်ရှိတဲ့ လယ်ဖိုး(ကျောက်တောင်လေး)ရွာက ဖြစ်ပြီး မိဘတွေက ဗမာပြည်မှာ ကျောင်းဆက်မထားနိုင်တော့တဲ့အတွက် ပညာရေးအခွင့်အလမ်းရအောင် ဒုက္ခသည်စခန်းကို ရွှေ့ပြောင်း ပညာသင်ကြားရသူလည်း ဖြစ်ပါတယ်။ သူမဟာ မူလတန်းပညာ အောင်မြင်ပြီးတဲ့နောက် ၂၀၀၇ခုနှစ်မှာ ရွာကိုစွန့်ပြီး ပညာ ဆက်လက် သင်ကြားနိုင်ဖို့ မယ်လဒုက္ခသည်စခန်းကို ရောက်ရှိလာရတာပဲ ဖြစ်ပါတယ်။။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်အတွင်းက မယ်လဒုက္ခသည်စခန်းမှာ စခန်းတွင်း ကြီးပြင်းသူ ကလေးသူငယ်များသာမက အချို့ကလည်း နော်ဆာ့ကမွီးဖောလို မြန်မာပြည်တွင်းကနေ လာရောက်ပညာသင်ကြားကြသူတွေလည်း ရှိပါတယ်။ အဲသလို မြန်မာပြည် ထဲက မိဘအသိုင်းအ၀ိုင်းနဲ့ ရပ်စွန့်ရွာစွန့်ပြီး ဒုက္ခသည်စခန်းမှာ ပညာလာသင်ကြတဲ့အထဲ အချို့က အစိုးရကျောင်းမှာ သင်ကြားဖို့ ငွေ ကြေးမတတ်နိုင်တာရှိသလို အချို့က ငွေကြေးတတ်နိုင်ပေမဲ့ အစိုးရရဲ့ ကျောင်းပညာရေးစနစ်ကို မနှစ်သက်ကြတာလည်း ဖြစ်ပါတယ်။

ပြည်သူ့ဝန်ထမ်းများ ပြစ်မှုကျူးလွန်ပါက ခွင့်ပြုမိန့်မလိုဘဲ တရားစွဲဆိုခွင့်ပြု

 
(ပြန်တမ်းဝင်အရာရှိ)များ တာဝန်ထမ်းဆောင်ချိန်တွင် ပြစ်မှုကျူးလွန်ပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၇(၁) အရ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ တရားစွဲဆိုခွင့်ပြုမိန့် တင်ပြတောင်းခံရန်နှင့် တာဝန်ချိန် ပြင်ပတွင် ပြစ်မှုကျူးလွန်ပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၇ နှင့် တရားရုံးများ ညွှန်ကြားလွှာအမှတ် ၁၁/၇၀ တို့အရ တရားစွဲဆိုခွင့်ပြုမိန့် တင်ပြတောင်းခံရန် မလိုဘဲ ဥပဒေနှင့်အညီ တရားစွဲဆို တင်ပို့နိုင်ပြီဟု သြဂုတ်လ ၆ ရက်နေ့က သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများသို့ အစိုးရအဖွဲ့ အဆင့်ဆင့်မှ အကြောင်းကြားချက် အရ သိရသည်။ 

My Blog List