Wednesday, August 21, 2013

BGF အသွင်ပြောင်းလဲမှု ဗိုလ်မှူးချုပ် စောချစ်သူ ရှင်းလင်း

အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) အမှတ် (၃) တပ်နယ်မှူး ဗိုလ်မှူးချုပ် စောချစ်သူ က ၎င်းတို့ အနေဖြင့် နယ်ခြေားစောင့်တပ် အဖြစ် အသွင်းပြောင်း ခဲ့ရပုံကို ယနေ့ ရှင်းလင်း ပြောဆိုလိုက်သည်။
ဗိုလ်မှူးချုပ် စောချစ်သူ သည် ကရင်ပြည်နယ် နယ်ခြားတပ်များ၏ ဗဟို ကွပ်ကဲရေး၊ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သည်။
“DKBA ဘဝကနေ နယ်ခြားစောင့်တပ် ပြောင်းရမယ့်အချိန်မှာ ကျနော်တို့ရဲ့DKBA အကြီးအကဲများ အကြီးမားဆုံး အခက်အခဲတခုကို ရင်ဆိုင်ရပါတယ်၊ ကျနော်တို့လည်း မြိုင်ကြီးငူ ဆရာတော်ဘုရားကြီး (ဦးသုဇန)ရဲ့ သြဝါဒခံယူပြီးတော့ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေအားလုံး စောဘဦးကြီးရဲ့ မူ ၄ ချက် အတိုင်း ကရင့်လက်နက် ကရင့်လက်ထဲမှာရှိရမယ်၊ ကရင့်ကံကြမ္မာ ကရင် ဖန်တီး ရမယ်၊ ကရင်ပြည်နယ် ကရင် အုပ်ချုပ်ရမယ်၊ လက်နက်ချတဲ့ စကား ဘယ်တော့မှ မပြောနဲ့ ဆိုတဲ့ အတိုင်း အဲဒီ မူ ၄ ချက်နဲ့ ညီမျှတဲ့အတွက် ကျနော်တို့ လက်ခံခဲ့တာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် စောချစ်သူ က ပြောသည်။

လွှတ်တော် အမတ်တောင် ငုတ်တုတ် ထိုင်ကြည့်နေရတယ်(အင်တာဗျူး)

စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ် အသွင်ပြောင်းနေပြီဟု အစိုးရက မကြာခဏ ထုတ်ဖော်ပြောဆိုနေချိန် ဥပဒေနှင့် မညီသော လုပ်ရပ်များကို ကန့်ကွက်သော ဆန္ဒပြမှုများ နေ့စဉ်ရက်ဆက်သလို ဖြစ်ပေါ်လျက်ရှိသည်။ သာမန်ပြည်သူများ၊ လယ်သမားများ ဆန္ဒပြမှု ဆက်တိုက်ဖြစ်ထွန်းနေချိန် ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က သြဂုတ်လ ၁၈ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြည်သူပိုင်ပန်းခြံမြေတွင် ကွန်ဒိုအိမ်ရာ တည်ဆောက်သည့်ကိစ္စ ဆန္ဒပြမှုဖြစ်ပွားခဲ့သည်။ ဦးဖုန်းမြင့်အောင်၏ ဆန္ဒပြမှုသည် ဥပဒေပြု လွှတ်တော် ကိုယ်စားလှယ် တဦးအနေဖြင့် ပထမဆုံးသော ဆန္ဒပြမှုဖြစ်ပြီး ဧရာဝတီ အယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက်က ဦးဖုန်းမြင့်အောင်နှင့် ဆက်သွယ်မေးမြန်းထားသည်။

သံတွဲမြို့ ရေကြီးမှု လူ ၃ ဦးသေဆုံး

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ရပ်ကွက်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး လူ ၃ ဦးသေဆုံးသွားကြောင်း သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ သတင်းရရှိသည်။
သံတွဲမြို့နယ်တွင် သြဂုတ်လ ၁၇ ရက်နေ့မှစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး သြဂုတ်လ ၁၉ ရက်နေ့ တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ရေကြီးမှုကြောင့် သံတွဲမြို့ပေါ် ရပ်ကွက်အချို့ ရေနစ်မြုပ် သွားပြီး ဒုက္ခသည်စခန်းများဖွင့်လှစ်ကာ ရေဘေးဒုက္ခသည်များအတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေရကြောင်း၊ ရေကြီးမှုကြောင့် ဒုက္ခသည် ၆၀၀ ကျော်ကယ်ဆယ်ခဲ့ရပြီး လူ ၃ ဦးသေဆုံး ခဲ့ကြောင်း၊သေဆုံးသူများမှာ တရော်တောကျေးရွာ၊ရွှေလှော်ကျေးရွာနှင့်ပုစွန်ဖြေ ကျေးရွာများမှဖြစ်ကြောင်း သိရှိ ရသည်။

ထူးဖောင်ဒေးရှင်းပညာဒါနမျကျောင်းသားများဦးတေဇ၏ကိုယ်ပိုင်ဂျက်လေယာဉ်နှင့်ရဟတ်ယာဉ်များအားလေ့လာခွင့်ရ

Wednesday, August 21, 2013 
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ အစဉ်အလာကောင်းများဖြင့် ရပ်တည်နေသည့် ထူးဖောင်ဒေးရှင်း ပညာဒါနဘော်ဒါဆောင်ကို ဖွင့်လှစ်ထားခဲ့သည်မှာ ယခုပညာသင်နှစ် ဖြစ်သည့် (၂၀၁၃ - ၂၀၁၄) တွင် ပဉ္စမမြောက်နှစ်သို့ရောက်ရှိလာပြီဖြစ်ပါသည်။နှစ်စဉ်တိုးတက်လာသည့်အောင်ချက်ရာခိုင်နှုန်းများကြောင့် ပူတာအိုခရိုင်၏ အားထားရသော ပညာဒါနဘော်ဒါဆောင် တစ်ခုလည်းဖြစ်ပါသည်။ (၂၀၁၂ -၂၀၁၃) ပညာသင်နှစ်အတွက်အောင်ချက်ရာခိုင်နှုန်း(၄၅.၇၈%)ဖြင့်ပူတာအိုခရိုင်၏ပညာရေးကဏ္ဍတွင် နိုင်ငံတော် အတွက်တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ယခုပညာသင်နှစ်တွင် ထူးဖောင်ဒေးရှင်း ပညာဒါနဘော်ဒါဆောင်(ပူတာအို)၌အနာဂတ်၏အသီးအပွင့်လေးများဖြစ်ကြသောဒေသခံတက္ကသိုလ်ဝင်တန်း 
ကျောင်းသားကျောင်းသူ (၁၂၇) ဦးတက်ရောက်ပညာသင်ကြားလျက်ရှိပါသည်။

အားကစားသတင်းတိုများ

Wednesday, August 21, 2013
♦ ဖူလ်ဟမ်အသင်းသည် စပါးအသင်း၏ ကွင်းလယ်လူ စကော့ပါကားအား သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူ နိုင်ခဲ့ပြီဖြစ်ပြီး ယခုနှစ်အပြောင်းအရွှေ့ကာလတွင် ဖူလ်ဟမ်အသင်းခေါ်ယူခဲ့သည့် ရှစ်ဦးမြောက် ကစား သမားလည်း ဖြစ်လာခဲ့သည်။ ဖူလ်ဟမ်အသင်းအနေဖြင့် ပါကားအား ခေါ်ယူသည့် ပြောင်းရွှေ့ကြေးကို ထုတ်ဖော်ကြေညာခြင်းမပြုခဲ့ဘဲ အသက် ၃၂ နှစ်အရွယ် အင်္ဂလန်ကစားသမားအနေဖြင့် လာမည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ဖူလ်ဟမ်အသင်းနှင့် လက်တွဲခွင့်ရရှိတော့မည်ဖြစ်သည်။

LG နောက်ဆုံးထွက် G2 စမတ်ဖုန်း ပြည်တွင်းဈေးကွက်သို့ အောက်တိုဘာတွင်ရောက်မည်

Wednesday, August 21, 2013
ကျောဘက်မျက်နှာပြင်တွင် ပါဝါအဖွင့်အပိတ်နှင့် အသံအတိုးအချဲ့ခလုတ်ပါရှိသော LG ၏ နောက်ဆုံးထွက်
မော်ဒယ် G2 စမတ်ဖုန်းကို ပြည်တွင်းတွင် အောက်တိုဘာလ၌ စတင်မိတ်ဆက်ရောင်းချသွားမည် ဟု LG ကုမ္ပဏီက သိရသည်။
အဆိုပါ LG G2 စမတ်ဖုန်းကို လတ်တလောတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် တရားဝင် မိတ်ဆက်ရောင်းချနေပြီး နောက်ပိုင်းတွင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများသို့ ဆက်လက် မိတ်ဆက်ဖြန့်ချိ
ရောင်းချသွားမည်ဖြစ်သည်။

တတိယအကြိမ်မြောက် Developer Conference ကျင်းပမည်

Wednesday, August 21, 2013
နည်းပညာဆိုင်ရာ solution ရေးသားသူများ၊ အခြားနည်းပညာ
စိတ်ဝင်စားသူများ တက်ရောက်ကြသည့် Developer Conference ကို ပြည်တွင်းတွင် တတိယအကြိမ်မြောက် ကျင်းပမည်ဖြစ်သည်။
အဆိုပါ Developer Conference (DevCon 2013-Yangon) ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCAP) မှ ကြီးမှူး၍ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ် မည်ဖြစ်သည်ဟု မြန်မာနိုင်ငံကွန်ပျူ တာပညာရှင်အသင်းမှ သိရသည်။
အဆိုပါ Developer Conference ကို ခေါင်းစဉ်ရှစ်ခုဖြင့် ဆွေးနွေးမည်ဖြစ်ကာ မိုဘိုင်းအက်ပလီကေးရှင်း၊ ၀က်ဘ်အက်ပလီကေးရှင်း၊ ဂိမ်းအက်ပလီကေးရှင်း၊ ဆော့ဖ်ဝဲလ်အက်ပလီကေးရှင်း၊ ဆော့ဖ်ဝဲလ်ရေးဆွဲခြင်း စီမံခန့်ခွဲမှုနှင့် အခြားဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်သည့်အကြောင်းအရာများကို တင်ပြဆွေးနွေးမည်ဖြစ်သည်။

ဧရာဝတီဆန် မုံရွာဈေးကွက်သို့ဝင်

Wednesday, August 21, 2013
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဓိက ဆန်စပါးစိုက်ပျိုးရာ ရွှေဘိုခရိုင်တွင် ယခုနှစ် အတွင်း ဆည်ရေ မရရှိခဲ့ခြင်းကြောင့် ဆန်အထွက်နှုန်းများ လျော့ကျခဲ့သဖြင့် ဧရာဝတီတိုင်းဒေသကြီးမှ မနောသုခဆန် များကို မှာယူတင်သွင်း ရောင်းချနေရကြောင်း မုံရွာမြို့ ဆန်ပွဲရုံအများစုမှ ပွဲရုံ ပိုင်ရှင်များက ပြောကြားသည်။
"နှစ်တိုင်း ဧရာဝတီတိုင်းက ဆန်ကို ဝယ်သုံးရတာပဲ၊ ဒါပေမဲ့ မနှစ်က ဧပြီလ တစ်လတည်းပဲ ဧရာဝတီတိုင်းကဆန် မှာသုံးရတယ်၊ ဒီနှစ်ကတော့ ဧပြီလကနေ အခု သြဂုတ်လအထိကို မှာသုံးနေရတုန်းပဲ၊ ဆန်ဈေးတွေကလည်း တက်တယ်၊ မနောသုခ စဝယ်တုန်းက တစ်တင်းခွဲဝင် တစ်အိတ်ကို တစ်သောင်းလေးထောင်လောက် ပေးရတယ်။ အခုတစ်အိတ်ကို ခုနစ်ထောင်လောက် တက်နေပြီ။ နှစ်သောင်းတစ်ထောင်ထိ ပေးဝယ်နေရပြီ" ဟု မုံရွာမြို့ အေးသာယာ ရပ်ကွက် ရတနာလှိုင် ဆန်ပွဲရုံမှ ပွဲရုံပိုင်ရှင် ဦးတင်လှိုင်ကပြောကြားသည်။

ရန်ကုန်မြို့တော် လမ်းပေါင်း ၃၀၀ ခန့် ပြင်ဆင်ပြီးဟုဆို

Wednesday, August 21, 2013
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ် တွင် လမ်းမကြီး၊ လမ်းသွယ်များ အပါအဝင် လမ်းပေါင်း ၃၀၀ ခန့်ကိုယ ခုနှစ်အ တွင်း လမ်းသားချဲ့ထွင်ခြင်း၊ ကွန်ကရစ်နှင့် ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီး ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ လမ်းများ အဆင့်မြှင့်ရာတွင် ကျောင်း၊ ဆေးရုံများ တည်ရှိသော လမ်းမများနှင့် ယာဉ်သွားလာမှုတွင် အဓိကကျသော လမ်းမကြီးများကို ဦးစားပေး ပြင်ဆင်လျက်ရှိပြီး ယခုဘဏ္ဍာရေးနှစ် အတွင်း ပြင်ဆင်ရန် လျာထားသောလမ်းပေါင်း ၄၀၀ ကျော်အနက် လမ်းပေါင်း ၃၀၀ခန့် ကို ပြင်ဆင်ပြီးဖြစ်ကြောင်း ၄င်းကရှင်းပြသည်။

အီထရောနစ် ဥပဒေ ပြင်ဆင်ရန် လွှတ်တော် ဆွေးနွေးမည်

ယခင်စစ်အစိုးရ လက်ထက်ပြဋ္ဌာန်းခဲ့သော အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေကို နိုင်ငံရေးလက်နက် အဖြစ် အသုံးပြု ပြစ်ဒဏ်ပေးမှုများ အဆုံးသတ်နိုင်ရေး ပြင်ဆင်ချက်အဆိုတခုကို ယနေ့ နေပြည်တော်တွင် ကျင်းပနေသော ပြည်သူ့ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူ လက်ခံလိုက်ကြောင်း သတင်း ရရှိသည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွှန့်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နိုင်ငံတော် အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီ လက်ထက် ဥပဒေ အမှတ် ၅/၂၀၀၄ ဖြင့် ပြဋ္ဌာန်းခဲ့သော အီလက် ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ယနေ့လွှတ်တော်အစည်းအဝေးတွင် တင်သွင်း လိုက်ပြီး လွှတ်တော်က လက်ခံဆွေးနွေးရန် ကန့်ကွက်သူမရှိ သဘောတူညီလိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

မိတ္ထီလာတွင် ကင်တားနားကို ဆန္ဒပြမှု ၈၈ မျိုးဆက်အဖွဲ့ သဘောထား မပါဟု ဆို

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားအား ဒေသခံများနှင့် အတူ ဆန္ဒပြခဲ့ကြသော မိတ္ထီလာမြို့ခံ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင်များကို ပြင်းပြင်းထန်ထန် သတိပေးလိုက်ပြီး ထိုဆန္ဒပြမှုတွင် ရန်ကုန်ရှိ ၈၈ မျိုးဆက် ကျောင်းသား များ အဖွဲ့၏ သဘောထား လုံးဝ မပါဝင်ကြောင်း သိရသည်။
“ရန်ကုန်က ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့၊ တာဝန်ရှိသူတွေရဲ့ သဘောထားအရ ဒီ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ရဲ့ နာမည်ကိုသုံးပြီး လုပ်ဆောင်ခွင့် မပြုပါဘူး။ ရန်ကုန် ၈၈ ကျောင်း သား ခေါင်းဆောင်တွေရဲ့ သဘောထားမပါဘဲ လုပ်တဲ့အတွက် သူတို့ကို လှမ်းပြောပြီး သတိပေးပြီး သား ဖြစ်တယ်။ နောက်နောင်တွေ ဒီလိုမျိုးလုပ်တဲ့ ကိစ္စတွေမှာ ကြိုတင်အကြောင်းကြား အသိမပေးရင် ကျနော်တို့နဲ့ ဖြေရှင်းမှုတွေ လုပ်ရမယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုဇော်မင်းက ဧရာဝတီသို့ ပြောသည်။

ကေအိုင်အေကို ဆက်တိုက်မည်ဟု ပြည်သူ့စစ်ခေါင်းဆောင် ပြော

 တပ်နေရာဖယ်ခိုင်းရေး ပြေလည်မှုမရှိသရွေ့ကေအိုင်အေဘက်ကို ဆက်လက် ထိုးစစ်ဆင်သွားမှာ ဖြစ်ကြောင်း ပြည်သူ့စစ်ခေါင်းဆောင် ကချင်ပြည်နယ် အမျိုးသား လွှတ်တော်အမတ် ဦးစက်ခုံတိန်ယန်းက ပြောဆိုလိုက်သည်။
“သူတို့က နိုင်ငံတော်ကို အနှောင့်အယှက် ပေးတဲ့လူတွေ၊ အုပ်ချုပ်မယ့်သူတွေ မဟုတ်ဘူး။ တပ်မတော်က လက်ပိုက်ကြည့်နေပေမယ့် ပြည်သူတွေကတော့ မနေနိုင်ဘူး။ မဆုတ်ရင် တုန့်ပြန်မှာပေါ့။ ထပ်ပြီး လုပ်ရမှာပဲ။ ဘာလို့ မဖြစ်နိုင်ရမှာလည်း ပြည်သူ့အင်အားက ပိုကြီးတယ်။ မောင်းထုတ်မှာပဲ”ဟု အမျိုးသား လွှတ်တော်အမတ် ဦးစက်ခုံတိန်ယန်းက ဧရာဝတီသို့ ပြောကြားသည်။

အရပ်ဘက် အဖွဲ့အစည်းများကို ADB ထောက်ပံ့မည်

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ဖွံ့ဖြိုးရေး မဟာဗျူဟာများ အကောင်အထည် ဖော်ရာတွင် မြန်မာနိုင်ငံရှိ အရပ်ဘက် အဖွဲ့အစည်း များက ပါဝင်ကူညီနိုင်ရန် အတွက် ADB က အမေရိကန် ဒေါ်လာ ၂၂၅၀၀၀ သုံးစွဲမည်ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာ ၌ ဖော်ပြထားသည်။ ယင်းထောက်ပံ့မှုသည် အဓိကမိတ်ဖက် အဖွဲ့အစည်းများ သတ်မှတ်နိုင်ရန်၊ လုပ်ငန်းစဉ်များတွင် လိုအပ်သော ကျွမ်းကျင်များ ရရှိရန်နှင့်အစိုးရနှင့် ဆွေးနွေးမှုများတွင်ပါဝင်နိုင်ရန်အတွက် ဖြစ်ကြောင်းရသည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲရေး လုပ်ဆောင်မှုများကြောင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် ADB က အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ သန်းကျော် ပံ့ပိုးခဲ့ပြီး ၂၀၁၃ မှ စတင်၍ ပို့ဆောင်ရေးနှင့် စွမ်းအင် အပါအ၀င် ကဏ္ဍအလိုက် အသေးစိတ် လေ့လာမှုများနှင့် အကဲဖြတ်မှုများ ဆောင်ရွက် ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် အခြေစိုက်သော ADB ကို ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၆၇ နိုင်ငံရှိကြောင်း၊ အာရှပစိဖိတ် ဒေသတွင်း စီးပွားရေး၊ ပတ်ဝန်းကျင်ရေးရာ ရေရှည်ဖွံ့ဖြိုးမှု၊ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများနှင့် ဆင်းရဲ မွဲတေမှု လျှော့ချရေးများကို ဆောင်ရွက်လျက် ရှိသည်။

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်ပေါင်း ၃ ဒသမ ၃ သန်းခန့်ရောင်းချရရန် ဖီဖာမျှော်မှန်းထား

Wednesday, August 21, 2013
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သည် ဘရာဇီးနိုင်ငံတွင် လက်ခံကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် လက်မှတ်များကို စတင်ရောင်းချနေပြီဖြစ်ရာ လက်မှတ်ပေါင်း ၃.၃ သန်းခန့် ရောင်းချရရန် မျှော်မှန်းထားကြောင်း သိရသည်။
ဖီဖာသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်များကို ပြီးခဲ့သည့် အင်္ဂါနေ့က စတင်ရောင်းချခဲ့ ခြင်းဖြစ်ပြီး ဖီဖာ၏ တရားဝင်ဝက်ဘ်ဆိုဒ်ပေါ်တွင် လက်မှတ်ဝယ်ယူရန် စတင်လျှောက်ထားနိုင်ပြီဖြစ်သည်။ 

Photo: ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်ပေါင်း ၃ ဒသမ ၃ သန်းခန့်ရောင်းချရရန် ဖီဖာမျှော်မှန်းထား
Wednesday, August 21, 2013

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သည် ဘရာဇီးနိုင်ငံတွင် လက်ခံကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် လက်မှတ်များကို စတင်ရောင်းချနေပြီဖြစ်ရာ လက်မှတ်ပေါင်း ၃.၃ သန်းခန့် ရောင်းချရရန် မျှော်မှန်းထားကြောင်း သိရသည်။

ဖီဖာသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်များကို ပြီးခဲ့သည့် အင်္ဂါနေ့က စတင်ရောင်းချခဲ့ ခြင်းဖြစ်ပြီး ဖီဖာ၏ တရားဝင်ဝက်ဘ်ဆိုဒ်ပေါ်တွင် လက်မှတ်ဝယ်ယူရန် စတင်လျှောက်ထားနိုင်ပြီဖြစ်သည်။ 

ပထမအဆင့်ပွဲစဉ်များအတွက် လက်မှတ်ဈေးနှုန်းများကို အနိမ့်ဆုံးကန်ဒေါ်လာ ၉၀ သတ်မှတ် ထားပြီး ရီယိုဒီဂျနေးရိုးရှိ မာကာရာနာကွင်းကြီးတွင် ကစားမည့်ဗိုလ်လုပွဲစဉ်အတွက် လက်မှတ်ဈေးနှုန်း မှာ ကန်ဒေါ်လာ ၄၄၀ ကျသင့်မည်ဖြစ်သည်။ ဗိုလ်လုပွဲအတွက် အမြင့်ဆုံးလက်မှတ်ဈေးနှုန်းမှာ ကန် ဒေါ်လာ ၉၉၀ အထိ ကျသင့်မည်ဖြစ်ပြီး ဒေသခံဘရာဇီးပြည်သူများအတွက် လက်မှတ်ဈေးနှုန်းကိုမူ အနိမ့်ဆုံးအဖြစ် ကန်ဒေါ်လာ ၁၅ ဒေါ်လာ သတ်မှတ်ထားသည်။

၂၀၀၆ ဂျာမနီကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပစဉ်က လက်မှတ်တစ်စောင်အတွက် လျှောက်ထားသူ ခုနစ်ဦး အထိရှိခဲ့ ပြီး စုစုပေါင်း ၃.၃ သန်းအထိ ရောင်းချခဲ့ရကြောင်း ဖီဖာက ထုတ်ပြန်ခဲ့သည်။ သို့သော် ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လက်မှတ်ပေါင်းနှစ်သန်းကျော်သာ ရောင်းချခဲ့ရပြီး ရောင်းအား ကျဆင်းခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ဖီဖာကလာမည့် ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် လက်မှတ် အရေအတွက်ကို ၂၀၀၆ ခုနှစ်ကအတိုင်း ရောင်းချရရန် ရည်မှန်းထားကြောင်း ဆိုခဲ့သည်။

ပြီးခဲ့သည့်လက ကျင်းပပြီးစီးခဲ့သည့် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတွင် ဘရာဇီးသို့ ပရိသတ်ပေါင်း ရှစ်သိန်းနီးပါးခန့်လာရောက်ခဲ့ကြပြီး ထိုပရိသတ် ပမာဏမှာ ၂၀၀၅ ခုနှစ် ဂျာမနီနှင့် ၂၀၀၉ တောင် အာဖရိကတို့တွင် ကျင်းပခဲ့သည့်ပြိုင်ပွဲများထက် ပရိသတ်လာရောက်မှုများပြားခဲ့သည်။

Mizzima News

Sunday, August 18, 2013

အမည်ပျက်စာရင်း Black List မှ ထပ်မံပယ်ဖျက်ပေး


Sunday, August 18, 2013

အမည်ပျက်စာရင်း (Black List) ရေးသွင်းခံရသော ကုမ္ပဏီ (၂) ခုနှင့် လူပုဂ္ဂိုလ် (၁၀) ဦး အား အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးခဲ့ကြောင်း သိရသည်-

ရွှေကူတွင် သက်တမ်းနှစ် ၂၀၀ ကျော်ရှိ ရှေးဟောင်းဂူဘုရားတစ်ဆူ ပြိုကျ

Sunday, August 18, 2013
ဗန်းမော်ခရိုင် ရွှေကူမြို့နယ် အမှတ်(၄) ရပ်ကွက်အတွင်း ဧရာဝတီမြစ်ကမ်း နဖူးပေါ်တွင် တည်ထားသော သက်တမ်းနှစ် ၂၀၀ ကျော်ခန့် ရှိမည်ဟု ခန့်မှန်းရသည့် ရှေးဟောင်း ဂူဘုရားတစ်ဆူမှာ မြစ်ရေ တိုက်စားမှုကြောင့် သြဂုတ်လ ၁၆ ရက်နေ့ နံနက် ၇နာရီခွဲ အချိန်ခန့်တွင် ပြိုကျ ပျက်စီးသွားခဲ့ကြောင်း ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီက The Voice သို့ ပြောကြားသည်။
ပြိုကျ ပျက်စီးသွားခဲ့သော ဂူဘုရားမှာ ဉာဏ်တော်အားဖြင့် ၁၈ တောင် အမြင့် ရှိပြီး အမည်အားဖြင့် မသိရှိရသေးကြောင်း၊ အဆိုပါဂူဘုရားကို အင်္ဂတေမပါဘဲ အလျား ၁၈ လက်မ၊ အနံ ခြောက်လက်မနှင့် ထု သုံးလက်မ ရှိသော ရှေးဟောင်းအုတ်ချပ်များကို စီထားသည့် နည်းပညာဖြင့် တည်ထားခြင်း ဖြစ်ကြောင်းနှင့် ယင်းဂူဘုရားကို ညောင်ပင်ကြီးတစ်ပင်က မျိုထားသည်မှာ အနှစ် ၄၀ ခန့်ရှိပြီ ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီက ရှင်းပြသည်။

မောင်တောခရိုင် ဘူးသီးတောင်မြို့တွင် ဗုံးဖောက်ခွဲမည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် လုံခြုံရေးတိုးမြှင့်

Sunday, August18, 2013
မောင်တောခရိုင် ဘူးသီးတောင်မြို့တွင် ဗုံးဖောက်ခွဲမည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် သြဂုတ် ၁၆ ရက် ညနေပိုင်းမှ စတင်ပြီး ဘာသာရေး အဆောက်အအုံများ ဆေးရုံနှင့် စာသင်ကျောင်းများတွင် လုံခြုံရေး တိုးမြှင့်ထားလိုက်ကြောင်း သိရသည်။
ယင်းသို့ လုံခြုံရေး တိုးမြှင့်ရာတွင် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများက ရပ်ကွက်များအတွင်း ရုတ်တရက် လုံခြုံရေး ၀င်ယူခဲ့ကြပြီး ကျေးရွာသားများ အနေဖြင့် ကင်းကိုဂရုတစိုက် စောင့်ကြည့်ရန်လည်း သတိပေးထားကြောင်း မြို့ခံများက ဆိုသည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတအရည်အချင်း သတ်မှတ် ချက်နှင့် ပတ်သက်၍ ပြင်ဆင်ရန် အလေးထား ဆောင် ရွက်မည် ဟု ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား

Sunday, August 18, 2013
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတအရည်အချင်း သတ်မှတ်ချက်နှင့် ပတ်သက်၍ ပြင်ဆင်ရန် အလေးထားဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သြဂုတ် ၁၆ ရက်တွင် သတင်းထောက်များကို ပြောကြားသည်။ပြည်သူ့လွှတ်တော်ဥက္က ဋ္ဌ နားနေဆောင် တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး မေးမြန်းသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတဖြစ်ခွင့် အရည်အချင်း သတ်မှတ်ချက်များနှင့် ပတ်သက် ၍ ပြည်ထောင်စုလွှတ်တော် နာယကက ပြန်လည်ဖြေ ကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက "သမ္မတအရည်အချင်း သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး ဒီကိစ္စဟာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတစ်ယောက်တည်းက ဆောင်ရွက်ရမယ့် ကိစ္စမဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆောင်ရွက်ချက်ပဲ ဖြစ်သလို တချို့ကိစ္စ ကျတော့လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ကိစ္စဟာ ပြည်သူ များနဲ့လည်း ပတ်သက်တဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီအတွက်လည်း မိမိအနေ နဲ့ရော လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ရော အလေးထားဆောင်ရွက်ဖို့ ရှိတယ်လို့ ပြော ကြားလိုပါတယ်" ဟု သတင်းထောက်များကို ပြောကြားသည်။

DKBA မှ ကရင်ပြည်နယ် နယ်ခြားစောင့် အသွင်ကူးပြောင်းသည့် တပ်တည်ထောင်ခြင်း သုံးနှစ်ပြည့် အခမ်းအနား မြ၀တီ၌ ပြုလုပ်မည်

Sunday, August 18, 2013
ယခင် DKBA မှ နယ်ခြားစောင့်တပ်အသွင်သို့ ကူးပြောင်းသည့် တပ်တည်ထောင်ခြင်း သုံးနှစ်ပြည့် အခမ်း အနားကို အမှတ် ၃ တပ်နယ်ရုံးစိုက်ရာ မြ၀တီခရိုင် ရွှေကုက္ကိုလ်ကျေးရွာ၌ သြဂုတ် ၂၀ ရက်တွင် ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များကို နယ်မြေလေးခုနှင့် စုစုပေါင်း တပ်ရင်း ၁၂ ရင်းဖြင့် ဖွဲ့စည်းထားသော်လည်း တည်ထောင်သည့် နေ့ရက်များ မတူညီသဖြင့် ယခုပြု လုပ်မည့် အခမ်းအနားမှာ အမှတ် ၃ နယ်မြေကွပ်ကဲမှုအောက်ရှိ ခစတတပ်ရင်း ၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀ တို့ နှစ်ပတ်လည်ဖြစ်ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ဆက်ဆံရေးမှူး ဗိုလ်မှူးနိုင်မောင်ဇော်က ပြောကြား သည်။

ယူနိုက်တက်နှင့် လီဗာပူးလ်တို့ အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်များ

Sunday, August 18, 2013
ယမန်နေ့ညက ကစားသွားသော ပရီးမီးယားလိဂ် ပွဲစဉ်များတွင် လီဗာပူးလ်နှင့် မန်ချက်စတာ ယူနိုက်တက် အသင်းများ အနိုင်ရပြီး အာဆင်နယ်မှာမူ အိမ်ကွင်းတွင် အရေးနိမ့်သွားခဲ့သည်။
လီဗာပူးလ် ၁ - ၀ စတုတ်ခ်စီးတီး
လီဗာပူးလ် အသင်းသည် အိမ်ကွင်းတွင် ကစားသည့် ပွဲစဉ်၌ ဒန်နီရယ်လ်စတားရစ်ဂ်ျ၊ ဖိလစ်ပီ ကော်တင်ဟို၊ အိုင်ဂို အက်စ်ပက်စ်၊ လူးကက်စ်လီဗာ၊ စတီဗင်ဂျရတ်၊ ယော်ဒန်ဟန်ဒါဆန်၊ ဟိုဆေး အန်ရီကေး၊ ဒန်နီရယ်လ် အဂ္ဂါ၊ ကိုလိုတိုရေးနှင့် ဂလင်းဂျွန်ဆင်တို့ဖြင့် ပွဲထွက်လာခဲ့သည်။ စတုတ်ခ်အသင်းမှာမူ မက်သရူး အက်သရင်တန်၊ ပီတာခရော့ခ်ျ၊ ယိုနသန်ဝေါ်လ်တာ၊ စတီဗန်အန်ဇွန်ဇီ၊ မက်ဝီလ်ဆင်၊ ဂလင်းဝှီလန်၊ အဲရီခ်ပီတာစ်၊ ရောဘတ်ဟုသ်၊ ရိုင်ယန်ရှောခရော့စ်၊ ဂျော့ဖ်ကင်မရွန်တို့ကို အသုံးပြုလာသည်။

အီဂျစ်အဓိကရုဏ်း လျော့ပါးဖွယ်မရှိ

Sunday, August 18, 2013
အီဂျစ်နိုင်ငံကိုင်ရိုမြို့တော်မှာလုံခြုံရေးတပ်ဖွဲ့တွေကဆန္ဒပြသူအများစုကိုဗလီကနေရှင်းထုတ်ပစ်လိုက်လို့ သေ နတ်နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ အပါအဝင် တဘက်နဲ့တဘက် တင်းတင်းမာမာနဲ့ ရှေ့တိုးနောက်ဆုတ် မရ ဖြစ်နေတဲ့ အခြေအနေ ပြီးဆုံးသွားခဲ့ပါတယ်။ ကိုင်ရိုမြို့တော်နဲ့ တခြားမြို့တွေမှာ ဆန္ဒပြပွဲတွေ ကနေ နှစ်ဘက်အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ အမျက်ဒေါသတွေ ခြုံလွှမ်းတဲ့နေ့ ဆိုတဲ့ သော ကြာနေ့ နောက်ပိုင်းမှာ၊ အာဏာက ဖယ်ရှားခံ သမ္မတ မိုဟာမတ်မော်စီ (Mohamed Morsi) ကို ထောက်ခံ သူတွေ ဝင်ရောက်ခိုလှုံနေတဲ့ al-Fatah ဗလီကို လုံခြုံရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့တာပါ။
Photo: အီဂျစ်အဓိကရုဏ်း လျော့ပါးဖွယ်မရှိ 
Sunday, August 18, 2013

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူအများစုကို ဗလီကနေ ရှင်းထုတ်ပစ်လိုက်လို့ သေနတ်နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ အပါအဝင် တဘက်နဲ့တဘက် တင်းတင်းမာမာနဲ့ ရှေ့တိုးနောက်ဆုတ် မရ ဖြစ်နေတဲ့ အခြေအနေ ပြီးဆုံးသွားခဲ့ပါတယ်။ ကိုင်ရိုမြို့တော်နဲ့ တခြားမြို့တွေမှာ ဆန္ဒပြပွဲတွေကနေ နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ အမျက်ဒေါသတွေ ခြုံလွှမ်းတဲ့နေ့ ဆိုတဲ့ သောကြာနေ့ နောက်ပိုင်းမှာ၊ အာဏာက ဖယ်ရှားခံ သမ္မတ မိုဟာမတ်မော်စီ (Mohamed Morsi) ကို ထောက်ခံသူတွေ ဝင်ရောက်ခိုလှုံနေတဲ့ al-Fatah ဗလီကို လုံခြုံရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့တာပါ။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဗလီကို သေနတ်နဲ့ လှမ်းပစ်ခတ်နေတာတွေ၊ ဗလီထဲမှာ လူတွေ အကာအကွယ် ပြေးယူရင်း ဝရုန်းသုန်းကား ဖြစ်နေကြတာတွေကို ရုပ်မြင်သံကြားသတင်းတွေမှာ တွေ့ရပါတယ်။ ဗလီမျှော်စင်ပေါ်ကနေ အနည်းဆုံး လူတဦးက ပြန်ပြီး ပစ်ခတ်နေတယ်လို့လည်း သတင်းရရှိပါတယ်။ ဒီအတောအတွင်းမှာပဲ ညမထွက်ရအမိန့်ကို အာခံတဲ့အနေနဲ့ ကိုင်ရိုမြို့တော် Alexandria မြို့နဲ့ တခြားမြို့ အများအပြားမှာ သမ္မတ မော်စီကို ထောက်ခံ သူတွေ စနေနေ့ကပဲ လမ်းမတွေပေါ် ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ 

ဆန္ဒပြသူတွေက ကြွေးကြော်သံတွေဟစ်အော်၊ အလံတွေလွှင့်ထူပြီး သမ္မတ မော်စီ ရဲ့ ဓာတ်ပုံတွေ ကိုင်ဆောင်လာတာကို လည်း ရုပ်မြင်သံကြားသတင်းမှာ ကြည့်ရပါတယ်။ ရဲတပ်ဖွဲ့ဘက်ကရော အရပ်သားတွေဘက်ကပါ ဘယ်ဘက်ကမှာ လျှော့မယ့်ပုံမရှိဘူးလို့ ကိုင်ရိုမြို့တော်မှာ ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။ 

VOA Burmese

သီပေါမြို့နယ် ဆောင်ကြဲကျေးရွာနေ အမျိုးသမီး လေးဦးအား တရုတ်အ မျိုးသားများနှင့် လက်ထပ်ရန် ခေါ်ဆောင်သွားသော ဇနီးမောင်နှံနှစ်ဦး အား ဖော်ထုတ်ဖမ်းဆီး

Saturday, August 18, 2013
သီပေါမြို့နယ် ဆောင်ကြဲကျေးရွာနေ အမျိုးသမီး လေးဦးအား တရုတ်အမျိုးသားများနှင့် လက်ထပ် ရန် ခေါ်ဆောင်သွားသော ဇနီးမောင်နှံနှစ်ဦးကို ဖော်ထုတ်ဖမ်းဆီး အရေးယူထားကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တစ်နေ့လျှင် တရုတ်ယွမ်ငွေ ၅၀ ခန့်ရရှိမည်၊ လမ်းစရိတ် စားစရိတ် ၂၀၀၀၀ ကုန်ကျမည်၊ အလုပ်ရပြီး လစာထဲမှ ဖြတ်တောက်ယူသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားနှင့် လက်ထပ်လိုပါ ကလည်း မိဘနေရာမှ စီမံဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ တရုတ်အမျိုးသားနှင့် အိမ်ထောင်ကျပြီး ချမ်း သာနေသူ နှစ်ဦး၊ သုံးဦးရှိကြောင်း လိမ်လည်ပြောဆို စည်းရုံး . . . . .
ဖြစ်စဉ်မှာ သီပေါမြို့နယ်၊ ဆောင်ကြဲကျေးရွာတွင် အမျိုးသမီးငယ်များအား အမည်မသိ လင်မယားနှစ်ဦးမှ လာရောက်စုဆောင်းနေကြောင်းသိရ၍ ခလရ(၁၄၇)ဆောင်ကြဲတပ်စခန်းမှအရာရှိများ၊ လားရှိုးလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုများ၊ ဆင်ကျော့ပြည်သူ့စစ်ဌာန လက်အောက်ခံ မိုင်းခေးပြည်သူ့စစ်ဌာနမှ အရာရှိများနှင့် ဆက်သေကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့တွင် စုဆောင်းခံရသူ အမျိုးသမီး ငယ် လေးဦးကို တွေ့ ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန် လက်ထက်တွင် ရွှေတောင်ကုမ္ပဏီမှ နောက်ထပ် အရေးကြီး မြေနေရာများ ထပ်မံရ၊ ရွှေတိဂုံဘုရားအနီး နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်နေရာဟောင်း မြေရှစ်ဧကကျော်နှင့် စစ်ရုံးချုပ်ဟောင်း မြေနေရာအချို့အား MIC မှ ခွင့်ပြုခဲ့


Sunday, 18 August 2013
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ရွှေတောင်ကုမ္ပဏီ အနေဖြင့် ရန်ကုန်မြို့ရှိ အချက်အချာကျ အရေးကြီး မြေနေရာများကို ဆက်တိုက်ရရှိနေပြီး ယခုအခါ ရွှေတိဂုံဘုရားအနီးရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်နေရာဟောင်းမှ မြေရှစ်ဧကကျော်နှင့် စစ်ရုံးချုပ်ဟောင်းဝန်း အတွင်းရှိ မြေဧရိယာ အချို့တွင် စီးပွားဖြစ် အဆောက်အအုံ တည်ဆောက်လုပ်ကိုင်ခွင့် နှစ်ခုစလုံးကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC မှ ထပ်မံခွင့်ပြု ပေးခဲ့သည်။
Photo: သမ္မတဦးသိန်းစိန် လက်ထက်တွင် ရွှေတောင်ကုမ္ပဏီမှ နောက်ထပ်
အရေးကြီး မြေနေရာများ ထပ်မံရ၊ ရွှေတိဂုံဘုရားအနီး နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်နေရာဟောင်း မြေရှစ်ဧကကျော်နှင့် စစ်ရုံးချုပ်ဟောင်း မြေနေရာအချို့အား MIC မှ ခွင့်ပြုခဲ့
Sunday, 18 August 2013 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ရွှေတောင်ကုမ္ပဏီ အနေဖြင့် ရန်ကုန်မြို့ရှိ အချက်အချာကျ အရေးကြီး မြေနေရာများကို ဆက်တိုက်ရရှိနေပြီး ယခုအခါ ရွှေတိဂုံဘုရားအနီးရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်နေရာဟောင်းမှ မြေရှစ်ဧကကျော်နှင့် စစ်ရုံးချုပ်ဟောင်းဝန်း အတွင်းရှိ မြေဧရိယာ အချို့တွင် စီးပွားဖြစ် အဆောက်အအုံ တည်ဆောက်လုပ်ကိုင်ခွင့် နှစ်ခုစလုံးကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC မှ ထပ်မံခွင့်ပြု ပေးခဲ့သည်။

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဟောင်း နေရာမှ မြေရှစ်ဧကကျော်
တွင် ရွှေတောင်ကုမ္ပဏီမှ တစ်ဦးတည်း မြှုပ်နှံလုပ်ကိုင်မည်ဖြစ်ပြီး
 နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဟောင်း နေရာနှင့် ဆက်စပ်နေသည့် ကျန်မြေဧရိယာပေါ်တွင်မူ ရွှေတောင်ကုမ္ပဏီသည် စင်ကာပူကုမ္ပဏီ တစ်ခုဖြင့် ဖက်စပ်မြှုပ်နှံ လုပ်ကိုင်မည်ဖြစ်ကြောင်း၊ လုပ်ကိုင်ခွင့် ခွင့်ပြုမိန့်များအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC မှ ချထားပေးပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ၏ ၂၁/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးကို သြဂုတ် ၁၅ ရက်က နေပြည်တော်ရှိ ဘဏ္ဍာရေး ၀န်ကြီးဌာနတွင် ကျင်းပခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံမှု
များနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများနှင့် သက်ဆိုင်သည့် အကြောင်း
အရာပေါင်း ၃၂ ခုကို စည်းဝေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုမိန့် ငါးခုချထားပေးခဲ့ပြီး
 ရွှေတောင်ကုမ္ပဏီမှ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်နေရာဟောင်း နယ်မြေ (၂)ရှိ မြေဧရိယာ ၁၂ ဒသမ ၆၀၄ ဧကထဲမှမြေ ၈ ဒသမ ၈၄၄ ဧကပေါ်တွင် ဟိုတယ်၊ ရှော့ပင်းမောလ် အပါအ၀င် စီးပွားဖြစ် အဆောက်အအုံ တည်ဆောက်လုပ်ကိုင်မည့် စီမံကိန်းကို ခွင့်ပြုပေးခဲ့မှု ပါဝင်သည်။

ရွှေတောင်ကုမ္ပဏီ အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် နေရာဟောင်းရှိ မြေ ၈ ဒသမ ၈၄၄ ဧကအား BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်းကာ Hotel, Service Apartment နှင့် Shopping Complex များ တည်ဆောက်မည်ဖြစ်ပြီး ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီ တစ်ခုတည်းမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည်ဖြစ်သည်။

ယင်းအပြင် ရွှေတောင်ကုမ္ပဏီ အနေဖြင့် စင်ကာပူနိုင်ငံ အခြေစိုက် Hyday (South Pacific) Investment Pte.Ltd နှင့် ပူးပေါင်းကာ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဟောင်း နေရာနှင့် ဆက်စပ်နေသည့် ကျန်ဧရိယာဝန်းပေါ်၌ စီးပွားဖြစ် အဆောက်အအုံများ တည်ဆောက်ကာ ဖက်စပ်လုပ်ကိုင်မည်ဟု သိရသည်။

နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဟောင်း နေရာနှင့် ဆက်စပ်နေသည့် ကျန်ဧရိယာဝန်း Office Building, Commercial Complex, Service Apartment များ တည်ဆောက်၍ ငှားရမ်းခြင်း လုပ်ငန်းကို Shew Taung Development Co.,Ltd နှင့် Hyday (South Pacific)Investment Pte.Ltd တို့ ပေါင်းကာ Shwe Taung Hyday Myanmar Co.,Ltd ကုမ္ပဏီ အမည်ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဖက်စပ်မြှုပ်နှံ လုပ်ကိုင်မည်ဖြစ်သည်။

တပ်မတော်ပိုင်မြေနှင့် အဆောက်အအုံများကို ပုဂ္ဂလိကသို့ BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်းရာတွင် တင်ဒါအောင်သည့် ကုမ္ပဏီကြီးများ အနေဖြင့် မြေနှင့်အဆောက်အအုံများ ရရှိစေရန် လေလံဆွဲထားပြီးနောက် ကိုယ်တိုင်မြှုပ်နှံခြင်းထက် နိုင်ငံခြား ကုမ္ပဏီများဖြင့် တစ်ဆင့်ပြန်လည် ချိတ်ဆက်ကာ ပူးပေါင်းလုပ်ကိုင်မှုများ ပြုခဲ့ကြသည်။

ယခု ရွှေတောင်ကုမ္ပဏီမှလည်း စင်ကာပူ ကုမ္ပဏီတစ်ခုဖြင့် ဖက်စပ်လုပ်ကိုင်သကဲ့သို့ ဆင်ဖြူရှင်ရိပ်သာအား ရရှိသွားသည့် IGE ကုမ္ပဏီသည်လည်း နိုင်ငံခြား ကုမ္ပဏီဖြင့် ပင်လုပ်ကိုင်မည်ဖြစ်ပြီး နိုင်ငံခြားချေးငွေများဖြင့်ပါ လုပ်ကိုင်မည်ဟု သိရသည်။

ရွှေတောင်ကုမ္ပဏီ အနေဖြင့် ယခုအစိုးရသစ် လက်ထက်တွင် မြေနေ
ရာကောင်းများအား ဆက်တိုက်ရရှိနေပြီး ရန်ကုန်မြို့လယ်ရှိ လဟာပြင်ဈေးနေရာ မြေကွက်ကျယ်၊ ကန်တော်ကြီးပတ်လမ်းရှိ ကျယ်ဝန်းပြီး အချက်အချာကျသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်
မရှင်ရုံးဟောင်းနေရာ၊ လက်ရှိ Junction Square ဆောက်ထားသည့် မြေ
ကွက်ကျယ်နေရာများကို ဆက်တိုက်ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ထပ်မံ၍ အကွက်အကွင်း အလွန်ကောင်းပြီး မည်သည့်ကုမ္ပဏီမှ ရရန်မလွယ်သည့် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်နေရာဟောင်းအား ရရှိခြင်းဖြစ်သည်။

ယင်းအပြင် ရွှေတောင်ကုမ္ပဏီသည် ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် သစ်တောလမ်းထောင့်ရှိ မြေကွက်ကျယ်ကိုလည်း စီးပွားဖြစ် လုပ်ကိုင်ရန်အတွက် သက်ဆိုင်ရာမှ ရရှိထားပြီး ဖြစ်သည်ဟုလည်း သတင်းထွက်ပေါ်လျက် ရှိသည်။

eleven media group

WTO မှ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများသို့ ကုန်သွယ်မှုအတွက် နည်းပညာအ ကူအ ညီ ထောက်ပံ့ပေးမည့် အစီအစဉ်တွင် မြန်မာနိုင်ငံ ပါဝင်ခံစားခွင့် ရရှိ

Saturday, August 18, 2013
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)မှဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသို့ကုန်သွယ်မှုအတွက်နည်းပညာအကူအညီ
 ထောက်ပံ့ပေးမည့်အစီအစဉ်တွင် မြန်မာနိုင်ငံပါဝင်ခံစားခွင့်ရရေးအတွက် ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ ဖွံ့ဖြိုးမှုအနည်းဆုံး အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သဖြင့် ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့က အဆိုပါနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေသည့် ကုန်သွယ်မှုနှင့် ဆက်နွှယ်သော အကူအညီများကို ပေးအပ်မည့် Enhanced Integrated Framework (EIF) အစီအစဉ် တွင်မြန်မာပါဝင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့်ညှိနှိုင်းဆောင် ရွက်ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်လျှောက် ဒေ သခံများ လိုအပ်သည့် လုပ်ငန်းများကို ပိုက်လိုင်းကုမ္ပဏီမှ ထောက် ပံ့ကူညီမည်

Saturday, August 18, 2013
မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်လျှောက် ရှိ ဒေသခံများ အရေးတကြီး လိုအပ် သည့် လျှပ်စစ်ဓာတ် အား၊ ကျေး ရွာချင်းဆက် လမ်းဖောက်ပေးမှု စသည့်လုပ်ငန်းများကို ပိုက်လိုင်းကုမ္ပဏီ မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီ SEAGP နှင့် အရှေ့တောင်အာ ရှ ရေနံကုမ္ပဏီ (SEAOP) မှ သိရသည်။
ပိုက်လိုင်းကုမ္ပဏီ အနေဖြင့် ၂၀၁၃ ခုနှစ်အတွင်း ဒေသခံများအ တွက် ဒေါ် လာနှစ်သန်း ပေးအပ်လှူဒါန်း သည့် အစီအစဉ်အရ ဒေသခံများအတွက် အရေးတကြီး လိုအပ်သည့် ပညာရေး၊ ဆေးဝါးကုသမှု၊ လျှပ်စစ် ဓာတ်အား၊သောက်သုံးရေ၊ ကလေးများ သက်ကြီးရွယ်အိုများ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ရွာချင်း ဆက်လမ်း ဖောက်ပေးမှုများ ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

My Blog List