Thursday, December 31, 2015

“ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်ကလည်း အကြံပြု တိုက်တွန်းတာပဲ”


လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်လို့ သေဒဏ်ချမှခံထားရတဲ့ မြန်မာ ၂ ဦးအတွက် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့ ပန်ကြားချက်နဲ့ ၂၀၁၅ ခုနှစ်အတွင်း လူ့အခွင့်အရေး ကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲတခုကို ပြည်မြို့မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ပါ တယ်။ အဲဒီ လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာတဲ့ မြန်မာ နိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်ကို ဧရာဝတီသတင်းဋ္ဌာနမှ သတင်းထောက် ကောင်းမြတ်မင်းက တွေ့ဆုံ မေးမြန်းထားပါတယ်။

နိုင်ငံပိုင်သတင်းစာတွေကိစ္စ ဒေါ်အောင်ဆန်းစုကြည်ပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံပိုင်သတင်းစာတွေဆိုတာ ဒီမိုကရေစီစနစ်နဲ့ကိုက်ညီခြင်းမရှိတဲ့အတွက် သူတို့အစိုးရလက်ထက်မှာ ဒီကိစ္စကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းမယ်လို့ ပြောဆိုလိုက်ပါတယ်။ RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူက အခုလို ပြောကြားခဲ့တာပါ။

အာရှတော်ဝင်ဆေးရုံတွင် ကျောက်တည်မှု ခွဲစိတ်ပြီးနောက် သေဆုံး သွားသည့်လူနာကိစ္စ စုံစမ်းမည်ဟုဆို


ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ အာရှတော်ဝင်ပုဂ္ဂလိကဆေးရုံတွင် ဆီးနှင့်ကျောက်ကပ်ခွဲစိတ် အထူးကု ဆရာဝန် ဒေါက်တာ ဦးသန်းအေး ၏ ခွဲစိတ်ကုသမှု ခံယူခဲ့သည့် အသက် ၄၇ နှစ်အရွယ် ဒေါ်သင်းသင်းဟန်သည် ခွဲစိတ်စဉ် ကျောက်ကပ်ရှိ ကျောက်ကို လေဆာပစ်သည့် အရှိန်များရာမှ သွေးကြောပေါက်၍ ခန္ဓာကိုယ် အတွင်း သွေးဆိပ်ပျံ့နှံ့ကာ သေဆုံးခဲ့ရ သည်ဟု ဆိုသည့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဖြစ်စဉ်အပေါ် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ က စုံစမ်းစစ်ဆေး မှုများပြုလုပ် မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယုံကြည်ရတဲ့ ရွေးကောက်ပွဲအတွက် လိုအပ်ချက်များ


နိုင်ငံတကာမှာ ကျင်းပနေတဲ့ ရွေးကောက်ပွဲ ပုံစံတွေနဲ့ ရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန် ဖြစ်အောင် နိုင်ငံတကာမှာ ဘယ်လိုစံတွေနဲ့ လုပ်ဆောင်နေကြတယ် ဆိုတာတွေကို အမေရိကန်နိုင်ငံ Delaware ပြည်နယ် Dupont company က လျှပ်စစ်နဲ့ ဆက်သွယ်ရေးဆိုင်ရာ သုတေသနပညာရှင် ဦးဌေးမင်းလှိုင်က ပြောပြပေးမှာပါ။

အာဆီယံခေါင်းဆောင်တွေ အမေရိကန်မှာ ညီလာခံတက်ကြမည်


လာမယ့် ၂၀၁၆ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၁၆ ရက်နေ့တွေမှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Rancho Mirage မြို့မှာ အာဆီယံခေါင်းဆောင်တွေနဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား တို့ တွေ့ဆုံပြီး ထိပ်သီးဆွေးနွေးပွဲတခု ကျင်းပမယ့်အကြောင်း အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။

နိုင်ငံရေးခေါင်းဆောင်တွေရဲ့ နှစ်သစ်မျှော်မှန်းချက်


လာမယ့် ၂၀၁၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာဖို့ ယုံကြည်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ နာယကကြီး ဦးတင်ဦးက ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် တိုင်းပြည်တွင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးတည်ဆောက်ပြီး ဒီမိုကရေစီအပြောင်းအလဲ နဲ့ ပြည်တွင်းငြိမ်းချမ်းရေးတွေရဖို့ မျှော်လင့်တာတွေလည်းရှိပါတယ်။ လာမယ့် နှစ်သစ်အတွက် နိုင်ငံရေးအင်အားစုတွေရဲ့ မျှော်လင့်ချက်တွေ နဲ့ မျှော်မှန်းချက်တွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။

အမျိုးသမီးပါဝင်ခွင့် နည်းနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်


ရန်ကုန် (Myanmar Now) မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်အဆင့်ဆင့်တွင် အမျိုးသမီးတို့ ပါဝင်နိုင်မှု အခန်းက ဏ္ဍ အားနည်းနေဆဲ ဖြစ်သောကြောင့် လူဦးရေ ငါးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲများ အဆုံးသတ်ရေး ဆွေးနွေးပွဲ အောင်မြင်စေရန် အဟန့်အတားဖြစ်စေကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတို့က ပြောနေကြသည်။

ရွေးကောက်ပွဲ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ အချိန် ကတ်သတ်မထား


ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲအတွင်း ပေါ်ထွက်ခဲ့တဲ့ အနိုင်အရှုံး အဖြေ တွေကို မကျေနပ်လို့ ကန့်ကွက် တိုင်ကြား ထားတဲ့ အမှုတွေကို စစ်ဆေးတဲ့အခါ ဘယ်တော့အပြီး ဆုံးဖြတ် ပေးရမယ်ဆိုတဲ့အချိန် ကန့်သတ်မှုမရှိဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် က ပြောပါတယ်။ ကန့်ကွက်လွှာ တင်သွင်းထားတဲ့ အမှုပေါင်း ၄၀ ရှိနေပြီး၊ အဲဒီ တိုင်ကြားစာ ထဲက တချို့ကို ခုံရုံးဖွဲ့ စစ်ဆေး နေပြီ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသိန်းဦး က ဘီဘီစီ ကို ပြောပါတယ်။

"ပြောင်းလဲချိန်တန်ပြီ"ဟူသည်မှာ ဘဝင်မြင့်စိတ်ကြီးဝင်သူစိတ်ဟု အဘိဓမ္မာစာမေးပွဲတွင် မေးခွန်းထုတ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆွယ်စည်းရုံးခဲ့သည့် "ပြောင်းလဲချိန်တန်ပြီ" ဆိုသည့် စကားလုံးသည် ဘဝင်မြင့်စိတ်ကြီးဝင်သူစိတ်ဟုဆိုကာ အဘိဓမ္မာ(ဂုဏ်ထူးဆောင်) ပထမအဆင့် စာမေးပွဲ မေးခွန်းအတွင်း ဒီဇင်ဘာ ၂၅ရက်တွင် သာသနာရေးဦးစီးဌာနက ထည့်သွင်းမေးမြန်းခဲ့သည်။

နေပူတောင်စီမံကိန်း ဆန္ဒဖေါ်ထုတ်မှု တစ်နှစ်ပြည့် ကမ်ပိန်းအား ဒီဇင်ဘာလ ၃၁ ရက်တွင် ပြုလုပ်မည်


တောင်ကုတ်မြို့နယ်အတွင်းရှိ နေပူတောင်ကျောက် ထုတ်လုပ်မှုစီမံကိန်းအား ရပ်ဆိုင်းပေးရန် တောင်းဆို ဆန္ဒဖေါ်ထုတ်မှု တစ်နှစ်ပြည့် Campaign တစ်ခုအား ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်ကုတ်လူမှုကွန်ရက်မှသိရသည်။

“MPC သို့မဟုတ် မီဒီယာတစ်ချို့ရဲ့ ပုံဖျက်ခြင်း ခံရတဲ့ အဖွဲ့အစည်း”


၂၀၁၅ ခုနှစ်ကုန်ခါနီးမှာ အငြင်းပွားမှုတွေနဲ့ အဆုံးသတ်တော့မယ့် အဖွဲ့အစည်းကို ပြပါဆိုရင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်း တည်ထောင်ထားတဲ့ Myanmar Peace Centre (MPC) မြန်မာ ငြိမ်းချမ်းရေးစင်တာပဲ ဖြစ်ပါတယ်။ သိပ်မကြာခင် အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့ တက်လာတော့မယ့်ကာလ၊ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် ဦးဆောင် ပါဝင်သွားမယ်ဆိုတဲ့ အခြေအနေအောက်မှာ တစ်ချို့ကတော့ MPC ကို ဖျက်သိမ်းစေချင်ကြပါတယ်။

ရွှေညဝါဆရာတော်နှင့် တွေ့ဆုံမေးမြန်းခြင်း


ဦးဇင်းဘယ်နေ့က ထိုင်းနိုင်ငံကိုရောက် လာတာလဲဘုရား။

အမှုအမိန့်ချတဲ့နေ့ပဲ။ အမှန်က ထိုင်းမှာ တရားဟောဖို့အစီအစဉ်ရှိပြီးသား။ ခုဒီကိစ္စဖြစ်တာကြားတော့ ဖြစ်တဲ့နေ့ပဲ ချက်ချင်း တက်လာဖြစ်သွားတယ်ဆိုပါတော့။ ဆွမ်းခံရင်းငှက်သင့်တယ်လို့ပဲပြောရတော့မှာပေါ့။

လိပ်ကျွန်းလူသတ်မှု ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ သံတမန်ရေးကြိုးပမ်း


ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်နှစ်ဦးကို ထိုင်းနိုင်ငံ ကော့တောင် အပန်းဖြေကျွန်းမှာ သတ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ သေဒဏ်ချမှတ်ခံလိုက်ရတဲ့ မြန်မာအလုပ်သမား ၂ ဦး ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ တရားစီရင်ရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နေ့စဉ်ဆက်တိုက် ဖြစ်လာနေချိန်မှာ အခြေအနေကို အေးအေးဆေးဆေး ထိန်းသိမ်းကြဖို့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေက တိုက်တွန်းလိုက်ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီနှင့် UNA တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံမည်


ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)က လွှတ်တော် တွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးအခင်း အကျင်း သစ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တွေ့ဆုံရန် UNA ခေါင်း ဆောင်များအကြား ဆွေးနွေးနေကြ ကြောင်း သိရသည်။

လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အဖွဲ့ ဖျက်သိမ်းအမိန့်စာ


ဒီဇင်ဘာလ ၃၀ ရက်နေ့ကစလို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး Mobile Team ဖျက်သိမ်းကြောင်း အမိန့်စာတစ်ရပ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာပါတယ်။ 

Wednesday, December 30, 2015

လက်ရှိအစိုးရ လက်ထက်တွင် ရာဇ၀တ်မှု ပုဒ်မများကို အသုံးချပြီး နိုင်ငံရေး အကျဉ်းသားများ ဖြစ်ပေါ်စေခဲ့ကြောင်းနှင့် လူထုရွေးချယ်ထားသည့် လာမည့်အစိုးရသစ် လက်ထက်တွင် ဖျက်သိမ်းပြင်ဆင်ရမည့် ပုဒ်မများ ရှိနေဟု ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် ပြောကြား



“သမ္မတ ဦးသိန်းစိန်၊ ကောင်းတာ လုပ်သလောက် အကောင်းပြောမခံရသူ”


၂၀၁၁ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ကို ကိုင်ပြီး စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပြောင်းအလဲလုပ်ချိန်မှာ ကံထူးသူ ဖြစ်သွားသူ ကတော့ ဗိုလ်ချုပ်ကြီး သိန်းစိန်ပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်တစ်ယောက်ရဲ့ ရွေးချယ်ပေးမှုနဲ့ နိုင်ငံသားအားလုံးရဲ့ အထွဋ်အထိပ် နေရာဖြစ်တဲ့ နိုင်ငံ တော်သမ္မတ ဖြစ်လာခဲ့ပြီး သမိုင်းဝင်ပုဂ္ဂိုလ် ဖြစ်သွားခဲ့ပါတယ်။

မလေးရှားတွင် မြန်မာနိုင်ငံသား ဈေးဆိုင်ပိုင်ရှင်တစ်ဦးနှင့် နောက်တစ်ဦး ဓားခုတ်ခံရကာ သေဆုံးလျက်တွေ့ရှိ


မလေးရှားနိုင်ငံ ဘန်ဒါမန်ဂျာလာရာအရပ်တွင် အစားအသောက်အရောင်းဆိုင်တစ်ဆိုင်၌ မြန်မာနိုင်ငံသားနှစ်ဦး ဓားဖြင့် 
ခုတ်သတ်ခံရသည့် ဒဏ်ရာ များဖြင့် သေဆုံးလျက်ရှိသည်ကို ဒီဇင်ဘာ ၂၉ ရက်တွင် တွေ့ရှိသည်။အနီးနားဖြတ်သွားသူတစ်ဦးက သေဆုံးနေသူနှစ်ဦးအား သွေးအိုင်ထဲ လဲကျနေသည်ကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများ မည်သူမည်ဝါဖြစ်ကြောင်း စတင်တွေ့ရှိသူကပင် ပြောကြားခဲ့သည်ဟု လက်ထောက်ရဲမင်းကြီး မန်နုဆာမိက ပြောသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ထိပ်တန်းလက်ထောက် ကားတိုက်မှုတစ်ခုတွင် သေဆုံး


မြောက်ကိုရီးယား အာဏာရပါတီ အကြီးတန်းအရာရှိနှင့် ခေါင်းဆောင် ကင်ဂျုံအန်၏ ထိပ်တန်းလက်ထောက် တစ်ဦးဖြစ်သူသည် ကားတိုက်မှုတစ်ခု တွင် သေဆုံး ခဲ့ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီက ဒီဇင်ဘာ ၃၀တွင် အစီရင်ခံခဲ့သည်။ ၄င်းသေဆုံးမှုက ကင်ဂျုံအန်၏ နီးကပ်သော လက်ထောက် အသိုင်းအ၀ိုင်းမှ လူများ ကွယ်လွန်မှုတွင် ထင်ရှားသည့် နောက်ဆုံးဖြစ်စဉ် ဖြစ်သည်။

မြန်မာကို ကိုင်လှုပ်ခဲ့သော ဖြစ်ရပ်ကြီး (၁၀)ခု



မြန်မာနှစ်ဦးအရေး သတိရှိစွာ ဆန္ဒပြပါ


‘‘ထိုင်းတရားစီရင်မှု...အလိုမရှိ...အလိုမရှိ’’၊ ‘‘ဇော်လင်းနဲ့ ၀င်းဇော်ထွန်း... ချက်ချင်းလွှတ်... ချက်ချင်းလွှတ်’’၊ "We Want Justice...We Want Justice" ဟူ သော ဆန္ဒပြဟစ်ကြွေးသံများက ရန်ကုန်မြို့ရှိ ထိုင်းသံရုံး ၀န်းကျင် တွင် ဖုံးလွှမ်းသွားသည်။

သေဒဏ်ကျ မြန်မာနှစ်ဦးအတွက် မဘသ ဆန္ဒထုတ်ဖော်စဉ် ဆန့်ကျင် ပြောသည့် အမျိုးသားတစ်ဦးကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွား


သေဒဏ်ကျခံရသည့် မြန်မာနှစ်ဦး လွတ်မြောက်ရန် မဘသဆရာတော်များ ဦးဆောင်၍ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းတွင် ဆန္ဒထုတ်ဖော်ပွဲပြုလုပ် နေစဉ် ဟောပြောချက်များအပေါ် အမျိုးသား တစ်ဦးကဆန့်ကျင်ဘက်များ ပြောဆိုသဖြင့် ပွဲအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သတင်းရ ရှိသည်။

တဦးချင်စီ ၀န်ကြီးဖြစ်ရေးထက် NLD အစိုးရအဖွဲ့ကို လက်တွဲပူးပေါင်း ဆောင်ရွက်ရန် လိုလားဟု ဦးအေးသာအောင် ပြော


တဦးချင်စီ ၀န်ကြီးဖြစ်ရေးထက် NLD အစိုးရအဖွဲ့ကို လက်တွဲပူးပေါင်းဆောင် ရွက်ရန် လိုလားကြောင်း ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ပြည်လမ်းရှိ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) ရုံးတွင် ဒီဇင်ဘာ ၂၉ရက်နေ့က ပြုလုပ်သော UNA ထိပ်သီးခေါင်းဆောင်များဆွေး နွေးပွဲ (၂၀၁၅) အခမ်းအနားမှ သိရသည်။

ထိုင်းရောက် မြန်မာများ အန္တရာယ်ကင်းရေး ထိုင်းအစိုးရကို မြန်မာနိုင်ငံခြားရေးဝန်ကြီးပြော


ထိုင်းရောက် မြန်မာများ အန္တရာယ်ကင်းရေး ထိုင်းအစိုးရကို မြန်မာနိုင်ငံခြားရေးဝန်ကြီးပြောလိပ်ကျွန်းလူသတ်မှု သေဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံ သားများပေါ်သို့ ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှု မရှိစေလိုပါကြောင်းနှင့်‌ မြန်မာနိုင်ငံ သားများ ဘေးအန္တရာယ် ကင်းရှင်းရေး ထိုင်းအစိုးရအနေဖြင့် ဦးစားပေးဆောင်ရွက် စေလိုပါကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mr. Pisanu Suvanajata မနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံရာတွင် ပြောဆိုလိုက်သည်။

ထိုင်းတွင် ဗီဇာသက်တမ်းကုန် ရွှေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီးမှုစတင်


ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနက် နေထိုင်လုပ်ကိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးသွားသူများအား ထိုင်းအာဏာပိုင်များက စတင်ဖမ်းဆီးနေကြောင်း သိရသည်။ လက်ရှိအချိန်၌ ဖမ်းဆီးခံနေရသည့် မြန်မာအလုပ်သမား အများစုသည် ၆ နှစ် ဗီဇာသက်တမ်း ကုန်ဆုံးသူများ ဖြစ်ကြောင်းနှင့် ၎င်းတို့အား ပြီးခဲ့သည့် သီတင်းပတ်မှ စတင်ဖမ်းဆီးနေခြင်း ဖြစ်သည်။

မြန်မာအစိုးရ ဥပဒေ အကြံပေးတွေ စေလွှတ်နိုင်ကြောင်း ထိုင်းဝန်ကြီး ပြောကြား


ထိုင်းနိုင်ငံမှာ ဒီကနေ့ ထုတ်ဝေတဲ့ The Nation သတင်းစာမှာဖေါ်ပြချက်အရ မြန်မာ ၂ ဦးကို သေဒဏ်ချမှတ်ခဲ့တဲ့ အမှုနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က တရားခံတွေကို ကူညီဖို့အတွက် မြန်မာ အစိုးရအနေနဲ့ ဥပဒေအကြံပေးအရာရှိတွေ စေလွှတ်နိုင်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ပြောဆိုခဲ့တယ်လို့ သိရှိရပါတယ်။

NLD ပါတီနဲ့ ပူးပေါင်းနိုင်ရေး UNA တိုင်းရင်းသား ပါတီတွေ ဆွေးနွေး


နိုင်ငံရေးပါတီ ၈ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ကာလုံဥပဒေကြမ်း လက်ရှိသက်တမ်း အတည်ပြုဖို့ ခက်ခဲ


အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဥပဒေကြမ်းဟာ အခုချိန်ထိ အမျိုးသား လွှတ်တော်မှာ တရားဝင် တင်သွင်းထားခြင်းမရှိသေးတာကြောင့် လွှတ်တော် ၂ ရပ်လုံးမှာ ဆွေးနွေးအတည်ပြုဖို့ အချိန်လုံလောက်မှု မရှိဘူးလို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က ပြောဆို လိုက်ပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပေး ပါမယ်။

ပြင်သစ်အကြမ်းဖက်မှု ကြိုးကိုင်ခဲ့သူ သေဆုံး


ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ကြိုးကိုင်စီစဉ်ခဲ့သူလို့ စွပ်စွဲခံထားရသူနဲ့ တိုက်ရိုက် ဆက်စပ်ပတ်သက်နေတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွ ခေါင်းဆောင်ဟာ ဆီးရီးယားနိုင်ငံအတွင်း ပြုလုပ်ခဲ့တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှု တခုအတွင်း သေဆုံးသွားကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

လိပ်ကျွန်းကိစ္စ ဆန္ဒပြမှု ထိုင်းရောက်မြန်မာတွေ စိုးရိမ်


ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံလိုက်ရတဲ့ မြန်မာအလုပ်သမား ၂ ဦး ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ တရားစီရင်ရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နေ့စဉ် ဆက်တိုက် ဖြစ်လာနေချိန်မှာ ထိုင်းရောက မြန်မာအလုပ်သမားတွေကတော့ နှစ်နိုင်ငံ ပဋိပက္ခတွေ ပိုတိုးလာမှာ စိုးရိမ်နေကြတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး မကျေနပ်ကြပေမဲ့ လောလောဆယ် ပြည်တော် မပြန်နိုင်သေးတဲ့ မြန်မာအလုပ်သမား အများစုကတော့ ဒီကိစ္စကို အေးအေးချမ်းချမ်းနဲ့ အဖြေရှာစေချင်ကြတာပါ။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုဇင်လတ်က သတင်းပေးပို့ထားပါတယ်။

New Year အတွက် နေပြည်တော်တွင် ရှိသမျှ ရဲအားလုံး လုံခြုံရေးယူမည်


နေပြည်တော်တွင် New Year အတွက် ရဲတပ်ဖွဲ့ ရှိသမျှအင်အားဖြင့် လုံခြံရေးရယူမည်ဖြစ်ကာ ပျဉ်းမနား နှင့် ဇမ္ဗူသီရီ မြို့နယ်တွင် လုံခြံရေးပိုမိုတင်းကျပ်မည်ဟု ဒီဇင်ဘာလ ၂၉ ရက်က နေပြည်တော် ၊ ဒက္ခိဏခရိုင်ဒုတိယရဲမှူးကြီးဖြစ်သူ ဦးဝင်းချွန်က မဇ္ဈိမသို့ပြောသည်။

ဖားကန့်ဒေသကို မထိန်းသိမ်းပါက အန္တရာယ်ရှိသည့် ဒေသအဖြစ်တည်ရှိနိုင်


ကချင်ပြည်နယ်၊ဖားကန့်ဒေသတွင် ဧကပေါင်းသောင်းနှင့်ချီ၍ ကျောက်မျက် တူးဖော်မှုကို မထိန်းသိမ်းပါက ချိုင့်ဝှမ်းကြီးများ၊ မြေဇာပုံကြီးများကျန်ရှိပြီး နောင်တချိန်တွင် အသုံးမပြုနိုင်ခြင်းမရှိဘဲ အန္တရာယ်ရှိသည့် ဒေသအဖြစ် တည်ရှိနိုင်ကြောင်း ကချင် ပြည်နယ်မဲဆန္ဒနယ်မှ ဦခက်ထိန်နန်က လွှတ်တော်အစည်းအဝေးတွင်ပြောသည်။

ထိုင်းဝန်ကြီးချုပ်ပြောဆိုမှုအပေါ် မြန်မာတုံ့ပြန်မည်မဟုတ်


လိပ်ကျွန်းအမှုနှင့်ပက်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်၏ တောင်းဆိုပြီးနာက် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာပြောဆိုမှုအပေါ် မြန်မာနိုင်ငံ အနေဖြင့် မှတ်ချက်ပြုတုံ့ပြန်မည် မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ဦးအောင်လင်းက ဒီဇင်ဘာ ၂၉ရက်တွင် မဇ္ဈိမကိုပြောသည်။

ရက္ခိုင်တပ်မတော် နှင့် တပ်မတော်တို့ သုံးရက်ကြာ တိုက်ပွဲဖြစ်နေ


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ရက္ခိုင်တပ်မတော်(AA)နှင့် အစိုးရ တပ်မတော်တို့ အကြား ဒီဇင်ဘာလ ၂၇ ရက်မှ ယနေ့ ၂၉ ရက်ထိ သုံးရက်ကြာ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု AA ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ညိုထွန်းအောင်က ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် သတ်မှတ်ရေး သမ္မတအမိန့်ထုတ်ပြန်မည်


ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် မြေနေရာ (၄၂၈၉.၃၂) ဧရိယာဧကအတိ အကျသတ်မှတ်ပြီး ယင်းနေရာကို ကျောက်ဖြူ အထူးစီးပွားရေးဇုန်အဖြစ် လွှတ်တော်က သဘောတူသည့်အတွက် သမ္မတမှ တရားဝင် အမိန့် ထုတ်ပြန်ကြေညာသွားမည်သည်။

ဂီနီကို အီဘိုလာကင်းစင်နိုင်ငံအဖြစ် ဒဗလျူအိပ်ခ်ျအို ကြေညာ


ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အီဘိုလာရောဂါ အသည်းအသန် ဖြစ်ပွားခဲ့တဲ့ အနောက်အာဖရိကနိုင်ငံ ၃ နိုင်ငံထဲက ဂီနီနိုင်ငံကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (ဒဗလျူအိပ်ခ်ျအို) က အီဘိုလာကင်းစင်နိုင်ငံအဖြစ် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဂီနီနိုင်ငံမှာ အီဘိုလာရောဂါနဲ့ သေဆုံးသူ ၂၅၀၀ ကျော်ရှိခဲ့ပြီး အိမ်နီးချင်း ဆီရာယာလီယွန်းနိုင်ငံနဲ့ လိုင်ဘေးရီးယားနိုင်ငံ နှစ်နိုင်ငံပေါင်းမှာတော့ သေဆုံးသူအားလုံး ၉၀၀၀ ကျော် ရှိခဲ့ပါတယ်။

တရုတ်တွင် ဗီယက်နမ်နိုင်ငံသားတဦးကို တသက်တကျွန်း ပြစ်ဒဏ်ချ


တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ဒေါင်းခရိုင်၊ ဇူဟိုင်းမြို့ ဒေသတွင်း တရားရုံးတခုက ဗီယက်နမ်နိုင်ငံသားတဦးကို တသက်တကျွန်းပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ဇူဟိုင်းအလယ်တရားရုံးရဲ့ အဆိုအရ အသက် ၂၅ နှစ်အရွယ် ဆာအိုအမည်ရ အဲဒီအမျိုးသားဟာ ၂၀၁၄ ခုနှစ်မှာ တရုတ်နိုင်ငံသားတဦးနဲ့ စီးပွားရေးဆိုင်ရာ အငြင်းပွားမှုကြောင့် လူသတ်မှုကျူးလွန် သံသယနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး တသက်တကျွန်းပြစ်ဒဏ်နဲ့ နစ်နာကြေး လျော်ကြေး ယွမ်ငွေ ၃၈၇၅၁ ဒသမ ၆ ပေးဆောင်ခဲ့ရတာပါ။

ဆီးရီးယားရှိ ပစ်မှတ် ၅၅၆ နေရာကို ထိမှန်အောင် ပစ်ခတ်ခဲ့ဟု ရုရှား ပြော

ရုရှားကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားလှယ်က ရုရှားလေယာဉ်တွေဟာ ပြီးခဲ့တဲ့ ၃ ရက်အတွင်း ဆီးရီးယားနိုင်ငံထဲက 
ပစ်မှတ် ၅၅၆ နေရာကို ထိမှန်အောင် ပစ်ခတ်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၈ ရက်က ပြောလိုက်ပါတယ်။ဂျက်လေယာဉ် ပျံသန်းမှု ၁၆၄ ကြိမ်အတွင်း ပစ်ခတ်ခဲ့တာလို့ ကာကွယ်ရေး အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီး ဆာဂီ ရုဒ်စကွိုင်က ဒီဇင်ဘာ ၂၈ ရက် သတင်းစာရှင်းလင်းပွဲထဲမှာ ပြောလိုက်တာပါ။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု


ကျောက်ဖြူအထူးစီပွားရေးဇုန်သတ်မှတ်ပေးဖို့ အစိုးရရဲ့တင်ပြထားချက်ကို ပြည်ထောင်စု လွှတ်တော်က ဒီဇင်ဘာ ၂၉ ရက်နေ့မှာ အတည်ပြုပေးလိုက် ပါတယ်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ပတ်သက်လို့ ဒေသခံ လွှတ်တော်အမတ် တွေက ကန့်ကွက်ခဲ့ကြပေမယ့် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲများတဲ့အတွက် စီမံကိန်းဟာ အတည်ဖြစ်သွားတာပါ။

Tuesday, December 29, 2015

ဦးလှဆွေကအနိုင်ရ NLD အမတ်လောင်းဦးပြူးလွင်ကို ဂုဏ်သိက္ခာချပြီး မဲဆွယ်သည်ဟုဆိုကာ တိုင်ကြား



မကွေးတိုင်းအမှတ် ၁၂ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် နေရာအတွတ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သောပြည်ခိုင်ဖြိုးပါတီမှဦးလှဆွေကထောက်ခံမဲတသိန်းကျော်ဖြင့် အပြတ်အသတ်အနိုင်ရခဲ့သော NLD မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဦးပြူးလွင်ကဂုဏ်သိက္ခာချပြီးမဲဆွယ်ခဲ့သည်ဟုဆိုကာ နေပြည်တော်ရွေးကောက် ပွဲကော်မရှင်သို့ တိုင်ကြားထားသောကြောင့် လာမည့်ဇန်န၀ါရီလ ၁ ရက်နေ့တွင် သွားရောက်ဖြေရှင်းရမည်ဖြစ် ကြောင်း တိုင်ကြားခံရသူအနိုင်ရလွှတ်တော်ကိုယ်စားလှယ်က ဒီဇင်ဘာ၂၈ ရက်နေ့ တွင် ပြောကြားသည်။

မချောစန္ဒီထွန်း ထောင် ၆ လ ချမှတ်ခံရမှု အယူခံဝင်မည်



လူမှုကွန်ရက် ဖေ့ဘုတ်စ်စာမျက်နှာတွင် တပ်မတော်ကို သရော်ခဲ့သဖြင့် မအူပင် အကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် မချောစန္ဒီထွန်း(ခ)ချစ်သမီးကို မအူပင်မြို့နယ် တရားရုံးက အီလက်ထရောနစ် ပုဒ်မ ၆၆(ဃ)ဖြင့် ထောင်ဒဏ် ၆ လ ချမှတ်လိုက်သည့် အပေါ် အယူခံဝင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အစိုးရသစ်မှာ ရှမ်းပြည်နယ်ကို ဘယ်သူဦးဆောင်မလဲ



၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တပြည်လုံးအတိုင်းအတာနဲ့ အနိုင်ရခဲ့ပေမယ့် ရှမ်းပြည်နယ်အတွင်း ပြည်နယ် လွှတ်တော်ကိုယ်စားပြုယှဉ်ပြိုင်ရာမှာတော့ ပြိုင်ဘက် အင်အားကြီး ပါတီ နှစ်ခုကို ရှုံးနိမ့်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဦးခွန်ဂျာလီအမှုကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် စွဲချက်တင်


လှိုင်မြို့နယ်တရားရုံး တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဓာတ်ပုံကိုခြေဖြင့်နင်းကာ လူမှုကွန်ရက် စာမျက်နှာ၌ ဖြန့် ဝေခဲ့သူဟု စွပ်စွဲခံရသူဦးခွန်ဂျာလီ ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် စွဲချက်တင်ခဲ့ကြောင်း လှိုင်မြို့နယ်တရားရုံး တာဝန်ရှိသူ တစ်ဦးကပြောသည်။

သေဒဏ်ချခံရသည့် မြန်မာနှစ်ဦးအမှု ပြန်လည်စစ်ဆေးပေးရန် သီပေါမင်း၏ ဆွေတော်မျိုးတော်များ ထိုင်းဘုရင်ထံ မေတ္တာရပ်ခံစာပေးပို့


ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် မြန်မာနိုင်ငံသား နှစ်ဦးကို သေဒဏ် ချမှတ်ခဲ့သော် လည်း အမှုမှန်ပေါ်ပေါက်စေရေး ပြန်လည်စစ်ဆေးပေးရန် ထိုင်းဘုရင်ထံသို့ သီပေါမင်း၏ ဆွေ တော်မျိုးတော်များက မေတ္တာရပ်ခံစာ ပေးပို့ခဲ့ကြောင်း သတင်း ရရှိသည်။

သမ္မတဦးသိန်းစိန်အား DKBA ဒုတိယစစ်ဦးစီးချုပ် ချီးကျူးပြောဆို


၂၀၁၆ တွင်ကျင်းပမည့် နိုင်ငံရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပဋိပက္ခမရှိပါက အကောင်းဆုံးဖြစ်ကြောင်း DKBA ကလိုထူယဘောတပ်ဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးမှပြောကြားသည်။ "လာမယ့်အစိုးရကလည်း နိုင်ငံအတွက် လုပ်နိုင်မယ်လို့ ထင်တယ်။ ဘယ်အစိုးရ တက်တက် ကိုယ်တွေအစိုးရဘဲလေ။ NCA နဲ့ပတ်သက်ရင် တချို့တွေက ကျေနပ်ချင်မှ ကျေနပ်မယ်။ ဦးသိန်းစိန် သမ္မတဖြစ်လာတာ ကိုက ပြောရရင် ခေါတ်ပျက်သူကြီး အခြေအနေမှာ ဖြစ်လာတာ။

မြန်မာလူငယ်နှစ်ဦးအတွက် ကူညီပေးရန် ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်သုံးဦးထံ ကာဒီနယ်ချားလ်စ်ဘို တောင်းဆို


လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ အခြားပိုမိုကောင်း သော ဖြေရှင်းနည်းများ ရှာဖွေရန် တရားရုံး(သို့မဟုတ်) သက်ဆိုင် သူထံ အယူခံဝင်ပေးကြရန်ထိုင်း ကက်သလစ်ဘုန်းတော်ကြီးများ ညီလာခံဥက္ကဋ္ဌ၊ ထိုင်းဆိုင်ရာ ဗာ တီကန်ကိုယ်စားလှယ် ကာဒီနယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပုပ်ရဟန်းမင်းကြီး၏ တမန်တော်သုံးဦးထံ သို့ ကာဒီနယ်ချားလ်စ်ဘိုက တောင်းဆိုစာများပေးပို့ခဲ့သည်။

ဖားကန့်ကျောက်စိမ်း တူးဖော်ရေး လုံးဝ ရပ်ဆိုင်းရန် အပါအ၀င် နည်းလမ်း သုံးမျိုးကို သတ္တုတွင်း ဒုဝန်ကြီး လွှတ်တော်သို့ တင်ပြ


လုံးခင်း၊ ဖားကန့်ဒေသတွင် ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းကို လုံးဝပိတ်သိမ်းရန် အပါအ၀င် နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သတ္တုတွင်း ဒုဝန်ကြီး ဦးသန်းထွန်းအောင်က ဒီဇင်ဘာ ၂၈ ရက် ကကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောဆိုလိုက်သည်။

ရွေးကောက်ပွဲ ကန့်ကွက်မှု ၃၃ မှု ရှိ


ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်တွေအပေါ် ကန့်ကွက်လွှာတင်တဲ့ အမှုတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ နောက်ဆုံးထားလက်ခံမှာဖြစ်ပြီး မနေ့ကအထိ အမှုပေါင်း ၃၃ မှု ရှိတယ်လို့ သိရပါတယ်။ကန့်ကွက်လွှာအမှုတွေကို စစ်ဆေးနေဆဲဖြစ်ပြီး စစ်ဆေးမှုဟာ နောက်ထပ် ၆လလောက်အထိ ကြာနိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်ခုံရုံးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

My Blog List