Friday, January 24, 2020

သြစတြေးလျတောမီးငြိမ်းသတ်ရင်း မီးသတ်လေယာဉ်ပျက်ကျသဖြင့် သေဆုံးသူများ အမည်ကို သက်ဆိုင်ရာမှထုတ်ပြန်

Image may contain: sky, airplane, outdoor and nature
သြစတြေးလျတောမီးလောင်မှုကို ငြိမ်းသတ်နေသည့် C-130 ဟာကျူလီအမျိုးအစား မီးသတ်လေယာဉ်တစ်စီး ယမန်နေ့(ဇန်နဝါရီ ၂၃ရက်)က ပျက်ကျခဲ့ခြင်းကြောင့် လေယာဉ်ပေါ်ပါရှိသူ အမေရိကန်နိုင်ငံသား မီးသတ်အရာရှိ ၃ ဦးသေဆုံးကြောင်း ယင်းလေယာဉ်ကုမ္ဗဏီမှ အတည်ပြုပြောကြားသည်။

သေဆုံးကြသူများမှာ လေယာဉ်မှူး Ian H. McBeth(အသက် ၄၄ နှစ်)၊ ပထမအရာရှိ Paul Clyde Hudson(အသက် ၄၂နှစ်) နှင့် ပထမအင်ဂျင်နီယာ Rick A. Demorgam, Jr.,(အသက် ၄၃နှစ်)တို့ဖြစ်ကြကြောင်း ယင်းလေယာဉ်ကို ပိုင်ဆိုင်သည့် ကယ်လီဖိုးနီယားအခြေစိုက် Coulson Aviation လေယာဉ်ကုမ္ဗဏီမှ သတင်းထုတ်ပြန်သည်။
အဆိုပါ လေယာဉ်သည် အမြင့်ပျံရေလှောင်ကန်လေယာဉ်ဖြစ်ပြီး၊ သြစတြေးလျနိုင်ငံတောင်ပိုင်း နယူးဆောက်သ်ဝေးလ် ပြည်နယ်တွင် မီးငြိမ်းသတ်ပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတို့ကပြောသည်။ ထိုသို့ပျက်ကျခြင်းအတွက် မီးသတ်သမားများအားလုံး တစ်မိနစ်ငြိမ်သက်ကာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ခဲ့ကြသည်။
လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။
Source: LA Times
Ref: 3 U.S. firefighters killed in Australia air crash amid bush fires are identified
Photo: Kevin Pack / K.E. Pack Photography

(Zawgyi)
သြစတြေးလျတောမီးငြိမ်းသတ်ရင်း မီးသတ်လေယာဉ်ပျက်ကျသဖြင့် သေဆုံးသူများ အမည်ကို သက်ဆိုင်ရာမှထုတ်ပြန်
လာထရုတ်ဘ်ဗယ်လီ(သြစတြေးလျ)၊ ဇန်နဝါရီ ၂၄
သြစတြေးလျတောမီးလောင်မှုကို ငြိမ်းသတ်နေသည့် C-130 ဟာကျူလီအမျိုးအစား မီးသတ်လေယာဉ်တစ်စီး ယမန်နေ့(ဇန်နဝါရီ ၂၃ရက်)က ပျက်ကျခဲ့ခြင်းကြောင့် လေယာဉ်ပေါ်ပါရှိသူ အမေရိကန်နိုင်ငံသား မီးသတ်အရာရှိ ၃ ဦးသေဆုံးကြောင်း ယင်းလေယာဉ်ကုမ္ဗဏီမှ အတည်ပြုပြောကြားသည်။
သေဆုံးကြသူများမှာ လေယာဉ်မှူး Ian H. McBeth(အသက် ၄၄ နှစ်)၊ ပထမအရာရှိ Paul Clyde Hudson(အသက် ၄၂နှစ်) နှင့် ပထမအင်ဂျင်နီယာ Rick A. Demorgam, Jr.,(အသက် ၄၃နှစ်)တို့ဖြစ်ကြကြောင်း ယင်းလေယာဉ်ကို ပိုင်ဆိုင်သည့် ကယ်လီဖိုးနီယားအခြေစိုက် Coulson Aviation လေယာဉ်ကုမ္ဗဏီမှ သတင်းထုတ်ပြန်သည်။
အဆိုပါ လေယာဉ်သည် အမြင့်ပျံရေလှောင်ကန်လေယာဉ်ဖြစ်ပြီး၊ သြစတြေးလျနိုင်ငံတောင်ပိုင်း နယူးဆောက်သ်ဝေးလ် ပြည်နယ်တွင် မီးငြိမ်းသတ်ပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတို့ကပြောသည်။ ထိုသို့ပျက်ကျခြင်းအတွက် မီးသတ်သမားများအားလုံး တစ်မိနစ်ငြိမ်သက်ကာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ခဲ့ကြသည်။
လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။
Source: LA Times
Ref: 3 U.S. firefighters killed in Australia air crash amid bush fires are identified
Photo: Kevin Pack / K.E. Pack Photography

No comments:

Post a Comment

My Blog List