Thursday, January 23, 2020

ရန်ကုန်မိုးပျံလမ်းစီမံကိန်း ယခုနှစ်အတွင်း စတင်နိုင်လိမ့်မည်ဟု ဆို

Image may contain: one or more peopleImage may contain: 1 person

ရန်ကုန်မြို့တွင်းအကောင်အထည်ဖော်ဆောင်ရွက်မည့်ရန်ကုန်မိုးပျံလမ်းစီမံကိန်းကို ယခုနှစ်အတွင်း စတင်နိုင်လိမ့်မည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

ရန်ကုန်မိုးပျံအမြန်လမ်း၊ စီမံကိန်းအပိုင်း(၁) စီမံကိန်းဆိုင်ရာအချက်အလက်များကို သက်ဆိုင်သည့်ဒေသများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြီးခဲ့သည့် ၁၈ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းစီမံကိန်းနှင့်ပတ်သက်၍ လုပ်ကိုင်ခွင့်ရရှိသည့်ကုမ္ပဏီများယှဉ်ပြိုင်ရန် ရင်းနှီးမြှုပ်နှံမှုစာချုပ်ကို အစိုးရအဖွဲ့ရုံးသို့ တင်ပြရန်ပြင်ဆင်နေပြီး ဧပြီလပထမအပတ်တွင် လုပ်ကိုင်ခွင့်ရရှိသည့်ကုမ္ပဏီကို ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
“စီမံကိန်းနယ်မြေအတွင်းမှာပါတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ထွေအုပ်တွေ၊ စည်ပင်က တာဝန်ရှိတဲ့သူတွေကို ခေါ်ပြီး စီမံကိန်းအခြေအနေတင်ပြတယ်။ ပြီးတော့ဝန်ကြီးက ပြောသွားတယ်။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ပြည်သူလူထုကိုချပြသွားပြီးတော့ ပြည်သူတွေရဲ့အသံနားထောင်မယ်။ တင်ဒါကတော့ ခေါ်ထားပြီးနေပြီ။ လုပ်ငန်းစဉ်ကတော့ စနေပြီ။ ခရီးကတော့ တော်တော်လေးရောက်နေပြီ။ ဒီနှစ်ထဲ စီမံကိန်းစတင်နိုင်လိမ့်မယ်”ဟု မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။
ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကိုလျော့ချနိုင်ရန် အဓိကရည်ရွယ်၍တည်ဆောက်သည့် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ အကောင်အထည်ဖေါ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို Public Private Partnership (PPP) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကာ စုစုပေါင်းအရှည်မှာ (၄၇.၅)ကီလိုမီတာဖြစ်ပြီး Phase 1 အဖြစ် အရှေ့ဘက်ခြမ်း (၄)လမ်းသွားလမ်းမကြီး (၁၉)ကီလိုမီတာ၊ အရှေ့နှင့် အနောက် ချိတ်ဆက်ထားသော (၄)လမ်းသွား (၆)ကီလိုမီတာ ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်သွယ်ထားသော (၂)လမ်းသွား (၂.၅)ကီလိုမီတာ၊ စုစုပေါင်း အရှည် (၂၇.၅)ကီလိုမီတာရှိကြောင်း သိရသည်။
Image may contain: text
Image may contain: 3 people, people sitting, table and indoor
စုသက်နှင်း(အကုန်သိသတင်းဌာန) 
Unicode Version
ရန်ကုန်မိုးပျံလမ်းစီမံကိန်း ယခုနှစ်အတွင်း စတင်နိုင်လိမ့်မည်ဟု ဆို
-------- စုသက်နှင်း(အကုန်သိသတင်းဌာန) --------

ရန်ကုန်မြို့တွင်းအကောင်အထည်ဖော်ဆောင်ရွက်မည့်ရန်ကုန်မိုးပျံလမ်းစီမံကိန်းကို ယခုနှစ်အတွင်း စတင်နိုင်လိမ့်မည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။
ရန်ကုန်မိုးပျံအမြန်လမ်း၊ စီမံကိန်းအပိုင်း(၁) စီမံကိန်းဆိုင်ရာအချက်အလက်များကို သက်ဆိုင်သည့်ဒေသများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြီးခဲ့သည့် ၁၈ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းစီမံကိန်းနှင့်ပတ်သက်၍ လုပ်ကိုင်ခွင့်ရရှိသည့်ကုမ္ပဏီများယှဉ်ပြိုင်ရန် ရင်းနှီးမြှုပ်နှံမှုစာချုပ်ကို အစိုးရအဖွဲ့ရုံးသို့ တင်ပြရန်ပြင်ဆင်နေပြီး ဧပြီလပထမအပတ်တွင် လုပ်ကိုင်ခွင့်ရရှိသည့်ကုမ္ပဏီကို ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
“စီမံကိန်းနယ်မြေအတွင်းမှာပါတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ထွေအုပ်တွေ၊ စည်ပင်က တာဝန်ရှိတဲ့သူတွေကို ခေါ်ပြီး စီမံကိန်းအခြေအနေတင်ပြတယ်။ ပြီးတော့ဝန်ကြီးက ပြောသွားတယ်။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ပြည်သူလူထုကိုချပြသွားပြီးတော့ ပြည်သူတွေရဲ့အသံနားထောင်မယ်။ တင်ဒါကတော့ ခေါ်ထားပြီးနေပြီ။ လုပ်ငန်းစဉ်ကတော့ စနေပြီ။ ခရီးကတော့ တော်တော်လေးရောက်နေပြီ။ ဒီနှစ်ထဲ စီမံကိန်းစတင်နိုင်လိမ့်မယ်”ဟု မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။
ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကိုလျော့ချနိုင်ရန် အဓိကရည်ရွယ်၍တည်ဆောက်သည့် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ အကောင်အထည်ဖေါ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို Public Private Partnership (PPP) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကာ စုစုပေါင်းအရှည်မှာ (၄၇.၅)ကီလိုမီတာဖြစ်ပြီး Phase 1 အဖြစ် အရှေ့ဘက်ခြမ်း (၄)လမ်းသွားလမ်းမကြီး (၁၉)ကီလိုမီတာ၊ အရှေ့နှင့် အနောက် ချိတ်ဆက်ထားသော (၄)လမ်းသွား (၆)ကီလိုမီတာ ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်သွယ်ထားသော (၂)လမ်းသွား (၂.၅)ကီလိုမီတာ၊ စုစုပေါင်း အရှည် (၂၇.၅)ကီလိုမီတာရှိကြောင်း သိရသည်။

No comments:

Post a Comment

My Blog List