Friday, October 12, 2012

OIC ရုံးဖွင့်မည်ကို မြို့ကြီးများ၌ ကန့်ကွက် ဆန္ဒပြရန် စီစဉ်နေ

စံခလပူရီ (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံတွင် ကမ္ဘာ့အစ္စလာမ်အဖွဲ့ကြီး OIC ၏ လူသားချင်း စာနာမှုဆိုင် ရာ လေ့လာစောင့်ကြည့်ရေး ရုံးများ လာရောက်ဖွင့်လှစ်မည်ကို ကန့်ကွက်သည့် အနေဖြင့် လူထုလူတန်းစား အလွှာအသီးသီးနှင့် သံဃာတော်များက မြို့ကြီးများတွင် ဆန္ဒပြပွဲများ ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရှိ ရသည်။
နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးနှင့် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ အရ ရန်ကုန်နှင့် စစ်တွေမြို့ များတွင် OIC ၏ လေ့လာစောင့်ကြည့်ရေးရုံးများ လာရောက် ဖွင့်လှစ်မည်ကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် မြို့ကြီးများ၌ တပြိုင်တည်း ကန့်ကွက်ပွဲများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ဆန္ဒပြပွဲ ဖြစ်မြောက်ေ ရး ကော်မတီဝင် တဦးက ပြောသည်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော် ဇော ဈာပန အကျဉ်းချုံး ပြုလုပ်

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ သမီး ဒေါက်တာလှကျော်ဇော (ချိုးလင်းပြာမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်)

မြန်မာလွတ်လပ်ရေးလှုပ်ရှားမှု နဲ့ ဖက်ဆစ်ဆန့် ကျင်ရေးမှာ ဦးဆောင်ပါဝင်ခဲ့သူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ရဲ့ ဈာပနကို ဒီကနေ့မနက်ပိုင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ အကျဉ်းရုံး ကျင်းပခဲ့ပြီးတော့ မီးသဂြိုလ်ခဲ့ပါတယ်။ ကြွင်းကျန်တဲ့ အရိုးပြာကိုတော့ တစ်ချိန်ချိန် မှာ မြန်မာပြည်ကို ပြန်ပို့ပေးမှာဖြစ်ကြောင်း သားဖြစ်သူ ဦးအောင်ကျော်ဇောက အခုလို ပြောပါတယ်။

Sunday, October 07, 2012

မစ္စမြန်မာ အင်တာနေရှင်နယ် ပြိုင်ပွဲမှာ ပထမဆုံး အကြိမ် ယှဉ်ပြိုင်

Nan_001လာမည့် အောက်တိုဘာလ ၂၁ ရက်နေ့ ဂျပန်နိုင်ငံ၊ အိုကီနာဝါတွင် ကျင်းပမည့် (၅၂) ကြိမ်မြောက် Miss International Beauty Pageant 2012 ပြိုင်ပွဲ၌ မြန်မာ အလှမယ် တဦး ပထမဆုံး အကြိမ် ယှဉ်ပြိုင်မည်။ ပါဝင် ယှဉ်ပြိုင်သူမှာ မော်ဒယ် ဆုရှင် နန်းခင်ဇေယျာ ဖြစ်ပါသည်။ သူသည် ပါဝင် ယှဉ်ပြိုင်ရန် ဂျပန်နိုင်ငံသို့ အောက်တိုဘာလ ၁ ရက်နေ့တွင် ထွက်ခွာ သွားခဲ့ပါသည်။
ပြိုင်ပွဲကြီးကို နိုင်ငံပေါင်း ၅၀ ကျော်မှ ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ် ပြီး International Cultural Association အဖွဲ့မှ မြန်မာအ လှမယ်များကို ဖိတ်ကြား ခဲ့ပါသည်။ နန်းခင်ဇေယျာ အသက် (၂၃) နှစ်သည် ပအိုဝ် သူလေးဖြစ်ပြီး မော်ဒယ်မယ် တဦး ဖြစ်ပါသည်။
Nan_Khinတောင်ကြီးမြို့မှ ပအိုဝ်သူလေး နနးခင်ဇေယျာ

ရန်ကုန်ကို ခြေဆန့်လာတဲ့ ပြုံယမ်း





 
 

 “ပြုံယမ်းကော်ယို” မြောက်ကိုရီးယား စားသောက်ဆိုင် မြင်ကွင်း  

“ပြုံယမ်းကော်ယို” လို့ အမည်ရတဲ့ မြောက်ကိုရီးယား စားသောက်ဆိုင်ဟာ ရန်ကုန်မြို့ ဆရာစံလမ်းထဲမှာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ကတည်းက ဖွင့်လှစ်ခဲ့တာ အခုဆိုရင် နှစ်နှစ် နီးပါး ရှိခဲ့ပါပြီ။
မြန်မာနိုင်ငံက စားသောက်ဆိုင်တွေက အများအားဖြင့် လမ်းမကြီးတွေရှိတဲ့ ဘက်ကို မျက်နှာမူထားပြီး   ရောင်းချကြပေမယ့် “ပြုံယမ်းကော်ယို” ကတော့ ဆရာစံလမ်းမကြီးကို ကျောခိုင်းပြီး နှစ်ထပ်အိမ်ကို ဆိုင်အဖြစ်နဲ့ ဖွင့်ထားတာပါ။

My Blog List