Friday, July 03, 2015

လုပ်သားများ လွတ်လပ်စွာ ပြောင်းရွှေ့လုပ်ကိုင်မှုသည် အာဆီယံ စီးပွားရေး အသိုက်အဝန်းအတွက် ကြီးမားသော ပြဿနာ ဖြစ်လာနိုင်


ယခုနှစ်အတွင်းတွင် စတင်မည့် အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) သဘောတူညီချက်ပါ အချက်တစ်ချက် ဖြစ်သော အာဆီယံနိုင်ငံများကြား အလုပ်သမားများ လွတ်လပ်စွာ ပြောင်းရွှေ့လုပ်ကိုင်ခွင့် ပြုခြင်းသည် AEC အမှန် တကယ် စတင်သည့်အချိန်တွင် အာဆီယံ ၁၀ နိုင်ငံအတွက် လှေစီးရွှေ့ပြောင်းသူများ အရေးထက်ပို၍ ကြီးမားသည့် ပြဿနာ ဖြစ်လာနိုင်သည်ဟု ထိုင်းကုန်သွယ်ရေး ဘုတ်အဖွဲ့၏ ဒုဥက္ကဋ္ဌ ဒေါက်တာဂျင်ဂျေဟန်ချန်လက်ရှ်က သတိပေး လိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။ 

စာရေးဆရာထင်လင်းဦးရဲ့ အယူခံ မုံရွာခရိုင်တရားရုံး ပယ်ချ


သာသနာ ညှိုးနွမ်းစေမှုနဲ့ ချောင်းဦးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တဲ့ စာရေးဆရာ ထင်လင်းဦးရဲ့ အမှုကို မုံရွာခရိုင် တရားရုံးသို့ ဇူလိုင်လ ၁ ရက်နေ့က အယူခံ တင်သွင်းခဲ့ပေမယ့် အဲ့ဒီနေ့မှာပဲ ပယ်ချခံခဲ့ရတယ်လို့ ဆရာထင်လင်းဦးရဲ့ အကျိုးဆောင်ရှေ့နေဖြစ်သူ ဦးသိန်းသန်းဦးက ပြောပါတယ်။ 

သမ္မတဦးသိန်းစိန် ဂျပန်ခေါင်းဆောင်များနှင့် တွေ့မည်


ခုနစ်ကြိမ်မြောက် ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ဇူလိုင်လ ၂ ရက်နေ့က ရောက်ရှိလာသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်ဧကရာဇ် အပါအဝင် ဂျပန်နိုင်ငံ ခေါင်းဆောင်အများ အပြားနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ထိပ်သီးအစည်းအဝေး အစီအစဉ်များအရ သိရ သည်။

အခြေခံဥပဒေခုံရုံးကို ပယ်ဖျက်ရန် NLD ကိုယ်စားလှယ်ဆွေးနွေး


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဖွဲ့စည်းထားမှုသည် လိုအပ်မှုမရှိသောကြောင့် အခြေခံဥပဒေ ပါ ပြဌာန်းချက်တွင် ပယ်ဖျက်ရန်လျိုကြာင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် လမ်းမတော်မဲဆန္ဒနယ် ပြည်သူလွတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ဝင်း က လွှတ်တော်တွင် ဆွေးနွေးပြောကြားသည်။

Nigeria အစွန်းရောက် လက်ချက် လူ ၁၅၀ သေဆုံး


နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဘိုကိုဟာရမ်းမ် စစ်သွေးကြွလို့ သံသယရှိသူတွေရဲ့ တိုက်ခိုက် မှုတွေကြောင့် လူပေါင်း ၁၅၀ ထက်မနည်း သေဆုံးသွားပါတယ်။ အဆိုးရွားဆုံးတိုက်ခိုက်မှုက Lake Chad အနီး Kukawa မြို့မှာ ဗုဒ္ဓဟူးညနေပိုင်းက တိုက်ခိုက်မှုဖြစ်ပြီးတော့ လူ ၉၇ ယောက် သေဆုံးတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

al Qaida အစွန်းရောက်တချို့ Bangladesh ဖမ်းဆီး


ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ စစ်သွေးကြွ တွေလို့ သံသယရှိသူ ၁၂ ယောက်ကို လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးလိုက် ပါတယ်။ ဖမ်းဆီးလိုက်သူတွေထဲမှာ့  အယ်လ်ခိုက်ဒါးအဖွဲ့နဲ့ ဆက်နွယ်နေပြီး မနှစ်က တောင်အာရှမှာ စတင်ပေါ်ပေါက် လာတဲ့ အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင် ၂ ယောက်လည်း ပါဝင်ပါတယ်။ 

ပါကစ္စတန် ကွန်မန်ဒိုတပ်ဖွဲ့ စီးနင်းမှု အယ်လ်ကိုင်းဒါးခေါင်းဆောင် သေဆုံး


ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့နားက ကွန်မန်ဒိုရဲ စီးနင်းမှုအတွင်း သေဆုံးခဲ့တဲ့ စစ်သွေးကြွ ၄ ယောက်ထဲမှာ ပါကစ္စတန် အယ်လ်ကိုင်းဒါး ကွန်ရက်ခေါင်းဆောင် သေဆုံးတယ်လို့ ပန်ဂျပ်ခရိုင် ပြည်ထဲ ရေးဝန်ကြီး ရှုဂျ ခန်ဇာဒါက ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က ပြောပါတယ်။

ဖမ်းထားသည့် ဖီဖာအရာရှိ ၇ ဦး လွှဲပေးရန် အမေရိကန် တောင်းဆို


မေလက အကျင့်ပျက်ခြစားမှုနဲ့ စွဲဆိုဖမ်းဆီးထားတဲ့ ဖီဖာအရာရှိ ၇ ဦးကို အမေရိကန် ပြည်ထောင်စုထံ လွှဲပြောင်းပေးဖို့ တောင်းဆိုထားတယ်လို့ ဆွစ်ဇာလန် အရာရှိတွေက ပြောပါတယ်။ ဇူလိုင် ၁ ရက်က တရား ၀င်တောင်းဆိုတဲ့ စာကို ပေးပို့ထားပြီး ရက် ၄၀ အတွင်း လွှဲပြောင်းပေးဖို့ သတ်မှတ်ထားတယ်လို့ ဆွစ်ဖက် ဒရယ် တရားရုံး(အက်ဖ်အိုဂျေ) က ပြောပါတယ်။

လှေစီးပြေးတွေအတွက် အရေးပေါ် ရန်ပုံငွေ မတည်ဖို့ မလေးရှား တိုက်တွန်း


မြန်မာနိုင်ငံအပါအ၀င် ဒေသတွင်းနိုင်ငံတွေဆီလှေစီးထွက်ပြေး လာနေသူတွေအရေး ဖြေရှင်းရာမှာ၊ သုံးစွဲ နိုင်မယ့် အရေးပေါ်ရန်ပုံငွေတရပ် အာဆီယံနိုင်ငံတွေ ၀ိုင်းဝန်းမတည်သွားကြဖို့ မလေးရှားနိုင်ငံက တိုက် တွန်းလိုက်ပါတယ်။ 

အမေရိကန်ရောက် မြန်မာတချို့ မဲပေးရခက်



ပြည်ပရောက်မဲဆန္ဒရှင်တွေ မဲပေးနိုင်ရေး ၀ါရှင်တန်မြို့ မြန်မာသံရုံးက စတင် စီစဉ်ဆောင်ရွက်နေပေမဲ့ အလှမ်းဝေးတဲ့ပြည်နယ်တွေက မြန်မာတွေအဖို့ မဲကိုယ်တိုင်သွားပေးဖို့ အခက်အခဲတွေ ရှိနေကြပါတယ်။ မြန်မာနိုင်ငံ မှာ ရွေးကောက်ပွဲကျင်းပချိန် အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ မဲပေးနိုင်ဖို့ မြန်မာသံရုံးက စာရင်းတွေကောက် ခံနေပါတယ်။ 

ဝှိုက်ကတ် အစားထိုး အစိမ်းရောင်ကတ်များ ထုတ်ယူရာတွင် ရိုဟင်ဂျာ အမည်ဖြင့် စာရင်းသွင်းရန် တောင်းဆိုမှု များပြားဟုဆို


ရခိုင်ပြည်နယ်တွင် ယာယီသက်သေခံလက်မှတ် ( ၀ှိုက်ကတ်) အစားထိုးကတ် အစိမ်းရောင်ကတ်များ ထုတ်ယူရာတွင်  ရိုဟင်ဂျာအမည်ဖြင့် စာရင်းသွင်းရန်တောင်းဆိုမှုများရှိနေပြီး အစားထိုးကတ်ကို ထုတ်ယူမှု လျော့နည်းလျှက်ရှိသည်ဟု ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်  အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန (လ.၀.က )ဦးစီးမှူး ဦးခင်စိုးကပြော သည်။

အစိုးရ စစ်တပ်နှင့် DKBA တို့ တိုက်ပွဲဖြစ်ပွား၊ ငြိမ်းချမ်းရေးဖြစ်စဉ် ထိခိုက်မည်ကို စိုးရိမ်ဟုဆို


အစိုးရ စစ်တပ်နှင့် ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)တို့ ဇူလိုင်လ ၂ ရက်က အာရှလမ်းမကြီးနှင့် မြဝတီ ကော့ကရိတ် မြို့ကြား လမ်းပိုင်း ကော့နွဲ့ရွာနှင့် တစ်မိုင်ခန့်အကွာတွင် တိုက်ပွဲ များဖြစ်ပွားခဲ့သည့်အတွက် ငြိမ်းချမ်းရေးဖြစ်စဉ် ထိခိုက်မည်ကို စိုးရိမ်သည်ဟု DKBA က ဗိုလ်မှူးကြီး စောဆန်းအောင်က မဇ္ဈိမကိုပြောသည်။

ပြည်သူဆန္ဒရှိပါက သမ္မတဒုတိယသက်တမ်းလုပ်ရန် စဉ်းစားမည်ဖြစ်ပြီး ပါတီလုပ်ငန်းထက် အမျိုးသားနိုင်ငံရေး လုပ်မည်ဟု သမ္မတပြော


သမ္မတဦးသိန်စိန်က လာမည့်အစိုးရသက်တမ်းတွင် ပါတီလုပ်ငန်းထက် အမျိုးသားနိုင်ငံရေးဖြစ်သည့် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖောင်ဆောင်ရန် ကြိုးပမ်းသွားမည်ဟု NHK သတင်းဌာန နှင့် တွေ့ဆုံ ပြောကြားလိုက်သည်။

တကသ ကျောင်းသားခေါင်းဆောင် ကိုပိုင်ရဲသူ ဖမ်းဆီးခံရ


တပ်မတော်သားအမတ် ၂၅ ရာခိုင်နှုန်း လွှတ်တော်တွင်းက ထွက်သွားဖို့  ရန်ကုန်မြို့မှာ ဇွန်လ ၃၀ ရက်နေ့ က ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) ကျောင်းသားခေါင်းဆောင်တွေကို အာဏာပိုင်တွေက ဖမ်းဆီး အရေးယူလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် မူလအတိုင်း ရပ်ခံငြင်းဆိုနေခြင်း သည် အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်ဘဲ စစ်ပွဲများပြန်ဖြစ်မည်ကို စိုးရိမ်ကြောင်း NLD ကိုယ်စားလှယ် ဆွေးနွေး


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၌ မူလအတိုင်း ရပ်ခံငြင်းဆိုနေခြင်းသည် အပစ်အခတ်ရပ်စဲရေး လက် မှတ်မထိုးနိုင်ဘဲ စစ်ပွဲများပြန်ဖြစ်မည်ကို စိုးရိမ်မိကြောင်း NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး က ဆွေးနွေးပြောကြားသည်။

Thursday, July 02, 2015

ဇနီးသည်က အမှန်တိုင်းထွက်ဆိုခိုင်း၍ မတေးနုယဉ်၏ အတွင်းရေးများကို မင်းအုပ်စိုးထွက်ဆို


သရပါမဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာ မတေးနုယဉ်သေဆုံးမှုနှင့် ပတ်သက်၍ ၎င်း၏လူမှုရေးကိစ္စများကို အသေး စိတ်ထွက် ဆိုရခြင်းမှာ တဘက်သား၏ ဂုဏ်သိက္ခာကို ကျဆင်းစေလိုခြင်းကြောင့်မဟုတ်ဘဲ မိမိ၏ဇနီးမှ အမှန်အတိုင်း ထွက်ဆိုစေ လိုခြင်းကြောင့် ထွက်ဆိုရခြင်းဖြစ်သည်ဟု မင်းအုပ်စိုးက ရုံးတော်တွင် ထွက်ဆိုခဲ့သည်။

မြန်မာနိုင်ငံသားများ ၁ စက္ကန့် ပိုအိပ်ခဲ့ရသည့်နေ့


နိုင်ငံတကာအချိန်နဲ့ ဇွန်လ ၃၀ ရက်နေ့ ည ၈ နာရီ၊ မြန်မာပြည်အတွက် ဇူလိုင် ၁ ရက် မနက် ၆ နာရီခွဲက ၂၄ နာရီ တနေ့တာထက် ၁ စက္ကန့် ပိုရှည်ကြာခဲ့ပါတယ်။ ကမ္ဘာကြီးရဲ့ လည်ပတ်နှုန်း နှေးလာတာကို ထေမိ ဖို့အတွက် နိုင်ငံတကာအချိန်ညှိနှိုင်းထိန်းသိမ်းတဲ့ ပညာရှင်တွေက ၁ စက္ကန့် ပိုတွက်ပေးခဲ့ရတာ ဖြစ်ပါတယ်။

မဲလိမ်ခြင်းသည် အကုသိုလ်အလွန်ကြီးသည့်အတွက် အလွန်ကြီးမားသော အကုသိုလ်အကျိုးကို ခံစားရမည်ဟု ဆရာတော်အရှင်ဆန္ဒာဓိက မိန့်ကြား


ရွေးကောက်ပွဲတွင် မဲလိမ် မဲခိုးခြင်းသည် လူသန်းပေါင်း ၅ဝကျော်အား လိမ်လည်ခြင်းဆိုသည့်သဘော သက်ရောက်သောကြောင့် ပြုလုပ်သူများအနေဖြင့် အလွန်ကြီးမားသည့် အကုသိုလ်အကျိုးကို ခံစားရလိမ့် မည်ဟု ဆရာတော်အရှင်ဆန္ဒာဓိကက မိန့် ကြားသည်။

" ဒီမိုကရေစီ လော်စပီကာ "


ပြီးခဲ့တဲ့ ရက်အတွင်းက အရေးကြီးအသည့် ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မများကို လွှတ်တော်ထဲ မဲခွဲဆုံးဖြတ်ကြရာမှာ မပြင်ဆင်နိုင်ဘဲ ရှုံးနိမ့်သွားခဲ့ရသည်ကို အများသိရှိကြပြီးပြီလို့ ယုံကြည်ပါတယ်။ ဒါကို လည်း နိုင်ငံရေးသမားအများစုကတော့ ခွင့်ယူခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နောက်ပြီး တပ်မတော် က ၂၅ ရာခိုင်နှုန်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်မဲတွေကြောင့် မဲမခွဲခင်အချိန်မှာပင် ရှုံးလိမ့် မယ်လို့ ကြိုတင်ဟောဟိန်း ထုတ်ခဲ့ကြပြီးတဲ့ကိစ္စပါ။ 

ပုဒ်မ ၅၉ (ဃ) ပြည်လုံးကျွတ် ဆန္ဒခံယူနိုင်ရေး ရွေးကောက်ပွဲနှင့် ပူးတွဲပြုလုပ်ရန် ကော်မရှင်ထံ စာပို့မည်


အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာတွင် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှု ရရှိခဲ့သော ပုဒ်မ ၅၉ (ဃ) ကို ပြည်လုံးကျွတ် ဆန္ဒခံယူရေး ၂၀၁၅ အထွေ ထွေရွေး ကောက်ပွဲနှင့် ပူးတွဲပြုလုပ်ရန် ရွေးကောက်ပွဲကော်မရှင်ထံသို့ စာပေးပို့သွား မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။ 

ကော့ကရိတ်တွင် တပ်မတော်နှင့် DKBA တိုက်ပွဲဖြစ်


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထွက် အာရှလမ်းမကြီးအနီး ရွာသစ်ကုန်း ကျေးရွာအနီး၌ အစိုးရတပ် မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) တို့အကြား ယနေ့ မနက် ၅ နာရီခွဲမှ စတင် ကာ တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။

ကင်ဂျုံအန်း လေဆိပ်သစ်ပုံစံမကြိုက်သဖြင့် ဒီဇိုင်းရေးဆွဲသူကို ကွပ်မျက် လိုက်ကြောင်း သတင်းများထွက်ပေါ်



ဖားကန့်တိုက်ပွဲတွင် အရပ်သား ၅ ဦး ဒဏ်ရာရ


ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ရင်း ၆ တို့ အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ခရီးသည်တင်ယာဉ်တစီး ပစ်ခတ်ခံရပြီး အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

ဖွဲ့စည်းပုံ မပြင်ဆင်မှု ဆန္ဒပြကျောင်းသား ၅ ဦး ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရ


လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ရှုံးနိမ့်သွားသည့် ဆုံးဖြတ်ချက်အပေါ် ကျောင်းသား များက ယမန် နေ့ က ရန်ကုန်မြို့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ယင်းသို့ ဆန္ဒပြသည့် ကျောင်းသား ခေါင်း ဆောင် ၅ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။

ISIS ၏ သွေးထိုးမှုဖြင့် အကြမ်းဖက်မှုများ ပေါ်ပေါက်


ISIS အဖွဲ့က မွတ်စလင်တို့၏ ရာမာဒန်ဥပုသ်လကို “ဘေးအန္တရာယ် ကျရောက်စေသည့် လ” တလ အဖြစ် ပြောင်းလဲရန် ၎င်းတို့ကို ထောက်ခံသူများအား တိုက်တွန်းခဲ့ပြီး ရက်အနည်းငယ် အကြာ ဇွန်လ ၂၆ ရက် နေ့က ကမ္ဘာပေါ်ရှိ တိုက်ကြီး ၃ တိုက်၌ ကြောက်မက်ဖွယ်ရာ အကြမ်းဖက် တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ သည်။

မန္တလေးတွင် လက်နက်မှုဖြင့် အဖမ်းခံရသူများ နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲခံရမည်ဟု ဆို


မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် သေနတ်များ၊ ဆက်သွယ်ရေးစက်များနှင့် မူးယစ်ဆေးဝါး တချို့ တရားမဝင်လက်ဝယ်ထားရှိမှုဖြင့် ဖမ်းဆီးထား သူများကို နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အရာရှိတဦးက ပြောသည်။

အမျိုးသမီး အမတ် များပြားလာစေရန် ခွဲတမ်းစနစ် ကျင့်သုံးသင့်ဟု ဆို


မြန်မာနိုင်ငံရှိ လွှတ်တော်များတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကို ခွဲတမ်းစနစ်ဖြင့် သတ်မှတ်လိုက်ခြင်းဖြင့် မြန်မာ အမျိုးသမီးများကို နိုင်ငံရေး ခေါင်းဆောင်မှုတွင် ပိုမိုပါဝင်လာအောင် တွန်း အားပေးနိုင်ကြောင်း ကျား၊ မ တန်းတူ အခွင့်အရေးဆိုင်ရာ သုတေသန ပညာရှင်များက ဆိုသည်။

မလေးရှားနိုင်ငံမှ ရဟတ်ယာဉ်တစ်စင်း တနင်္သာရီတိုင်းဒေသကြီး ကလိန်အောင်မြို့နယ်တွင် အရေးပေါ် ဆင်းသက်ခဲ့ရ



မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ ထွက်ခွာလာသော KULIARCHAR GROUP တံဆိပ်ပါ 9M-NKX ရဟတ် ယာဉ် တစ်စင်းသည် တနင်္သာရီတိုင်းဒေသကြီး ကလိန်အောင်မြို့နယ်ခွဲ အတွင်းရှိ ကံပေါက်-နတ်အိမ် တောင် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ၅၈ ဒသမ ၅ ကီလိုမီတာ အနီးတွင် ပြီးခဲ့သည့် ဇွန် ၂၇ ရက်က အရေးပေါ် ဆင်းသက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဒေါ်လာဈေး ကောင်းနေခြင်းနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ကျဆင်းလာခြင်း အပါအ၀င် အချို့သော စီးပွားရေးဆိုင်ရာ ညွှန်းကိန်းများအရ မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကျဆင်းလာနိုင်သည့် အန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရကြောင်း IMF က သတင်းထုတ်ပြန်


ဒေါ်လာဈေး ကောင်းနေခြင်းနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ကျဆင်းလာခြင်း အပါအ၀င် အချို့သော စီးပွားရေးတိုးတက်မှုကို ဟန့်တားသည့် အကြောင်းအရင်းများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကျဆင်းလာနိုင်သည့် အန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ၂၀၁၅ Article IV ခရီးစဉ်အပြီး ဇူလိုင် ၁ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကချင်ဆရာမနှစ်ဦး အမှုကိစ္စနှင့် ပတ်သက်၍ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် စုံစမ်းစစ်ဆေးရေးကော်မတီ၏ တွေ့ရှိချက်များ တင်ပြမှုအပေါ် ရဲတပ်ဖွဲ့မှ အလေးထားစစ်ဆေး ဆောင်ရွက်မှု မရှိကြောင်း သိရ



စေတနာ့ဝန်ထမ်း ကချင်ဆရာမနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့၍ လေ့လာစစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ကော်မတီ၏ တွေ့ရှိချက်များကို ရဲတပ်ဖွဲ့မှ အလေးထားစစ်ဆေး ဆောင်ရွက်ပေးမှု မရှိကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အထွေ ထွေအတွင်းရေးမှူးက ပြောကြားသည်။

မူဆယ်မြို့နယ် ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့် အသတ်ခံခဲ့ရသည့် ကချင်ဆရာမနှစ်ဦး အမှုကိစ္စနှင့် ပတ်သက်၍ မူဆယ်ခရိုင် ရဲတပ်ဖွဲ့ရုံးမှ အမှုစစ် အဖွဲ့ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့်အတူ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်မှ ၁၅ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ငါးလကျော် ကြာမြင့်သည်အထိ ကျူးလွန်သူများအား ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိသေး ကြောင်း သိရသည်။

“ကျွန်တော်တို့ကော်မတီ အဖွဲ့ထဲမှာပါတဲ့ ရှေ့နေတွေရဲ့ စစ်ဆေးချက်၊ ထွက်ဆိုချက်တွေကို ရဲတပ်ဖွဲ့အနေ နဲ့ ထည့်သွင်းစဉ်းစားပြီး အလေးထား လုပ်ဆောင်ပေးတာ မရှိဘူး။ ကျွန်တော်တို့အဖွဲ့ကပဲ ဒီအမှုကို နှောင့်နှေးအောင် လုပ်သလို ပုံစံမျိုး ပြောဆိုလာတယ်။ ကော်မတီအနေနဲ့ ရွာကလူ ၄၁ ဦးကို စစ်ဆေးတဲ့ အခါ တရားခံလို့ ယူဆရတဲ့သူတွေ တွေ့ပါတယ်။ အဲဒီ တွေ့ရှိတဲ့ အချက်အလက်တွေကိုလည်း ရဲတပ်ဖွဲ့ကို ပေးပို့ထားပါတယ်” ဟု ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ် ဆမ်ဆွန်က ပြောကြားသည်။

“ဆရာမနှစ်ဦး အမှုကို စုံစမ်းစစ်ဆေးမှုတွေ အများကြီး လုပ်နေတာ မပြီးသေးပါဘူး။ DNA အဖြေကလည်း ပြန်မရသေးပါဘူး။ အဲဒီ ရွာဘက်တွေမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် လောလောဆယ် အနေအထားမှာ ထူးခြားမှု မရှိသေးပါဘူး” ဟု မူဆယ်မြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးတစ်ဦးက ပြောကြားသည်။

ဆရာမနှစ်ဦး အမှုမှန် အမြန်ဆုံး ပေါ်ပေါက်နိုင်ရေးအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် စုံစမ်းရေး ကော်မတီအဖွဲ့ဝင် ရှေ့နေများနှင့် နိုင်ငံတကာ သံရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့ တွင် တွေ့ဆုံမှု ပြုလုပ်သွားမည်ဖြစ်ပြီး မကြာမီ သတင်းစာရှင်းပွဲတစ်ရပ် ပြုလုပ်သွားရန် စီစဉ်ထားရှိ ကြောင်း သိရသည်။

“အမှုမှန် ဖော်ထုတ်ရေးကို ရာနှုန်းပြည့် လိုလားသလို အပြစ်မဲ့တဲ့သူတွေ တရားခံဖြစ်မှာကိုလည်း စိုးရိမ်ပါတယ်။ ကော်မတီအနေနဲ့ အခင်းဖြစ်တဲ့ရက်က နံနက်အစောကြီး ကားမောင်းထွက်သွားတဲ့ ကားသမား နှစ်ဦးနဲ့ အဲဒီနေ့က ရွာမှာရောက်ရှိနေတဲ့ စစ်ကြောင်းမှူးကို တွေ့ဆုံမေးမြန်းဖို့အတွက် ရဲဌာနကို တင်ပြထား ပါတယ်” ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ဆက်လက်ပြောကြားသည်။

အကျိုးဆောင် စေတနာ့ဝန်ထမ်း ကချင်ဆရာမနှစ်ဦးသည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ကြူကုတ် (ပန်ဆိုင်း) နယ်မြေ၊ ကောင်းခါးကျေးရွာရှိ မူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်ရင်း ဇန်န၀ါရီ ၁၉ ရက် ညသန်းခေါင်ယံ အချိန်၌ ၎င်းတို့နေထိုင်ရာ ဘုရားကျောင်းဝင်းရှိ နေအိမ်၌ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Eleven Media Group


ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တပ်မတော်ရဲ့ သဘောထားနဲ့ မှေးမှိန်သွားပြီဖြစ်တဲ့ ငြိမ်းချမ်းရေး အလားအလာ


(၁) ပြီးခဲ့တဲ့ ဇွန် ၂၅ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) ပြင်ဆင်ရေးကို ရွေးကောက်ခံ မဟုတ်တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ပယ်ချလိုက် ပါတယ်။

ခြေဥပြင်ဆင်ရေး ဆန္ဒပြကျောင်းသားခေါင်းဆောင်ငါးဦးကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်



၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရန်နှင့် လွှတ်တော်တွင်းမှ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထွက်ခွာပေးရန် ဆန္ဒပြ တောင်းဆိုသော တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ကျောင်းသား ခေါင်းဆောင် ကိုဇေယျာလွင်အပါအဝင် ကျောင်းသား ငါးဦးကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူ လိုက် ကြောင်း သတင်းရရှိသည်။

ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များ သက်ဆိုင်ရာလွှတ်တော်များက ရွေးချယ်ခန့်အပ်နိုင်ရေး တပ်မတော်သားကိုယ်စားလှယ်ကန့်ကွက်


ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်များကရွေးချယ်ခန့်အပ်နိုင် ရေး  အခြေခံဥပဒေပါ ပုဒ်မကို ပြင်ဆင်ပေး ရန် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များက တောင်းဆို ဆွေးနွေး နေသော်လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ယင်းပုဒ်မကို ပြင် ဆင်ခြင်း မပြုရန် ကန့်ကွက်ခဲ့သည်။

မြန်မာသံရုံး၏ တိတ်ဆိတ်သော မဲစာရင်းကြေညာချက်


အမေရိကန်နိုင်ငံရှိ မြန်မာလူမျိုး  အများစုနှင့် မပတ်သက်သလို ဘာသိဘာသာ ခပ်ကင်းကင်းနေတတ်လေ့ ရှိသည့် ၀ါရှင်တန်ဒီစီမြို့ရှိ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သူ၏အင်တာနက်စာမျက်နှာတွင် ဇွန်လ ၂၅ ရက်က ကြေညာချက်တစ်ခုကို  တိတ်တိတ်ဆိတ်ဆိတ် တင်ထားလိုက်သည်။ 

နိုင်ငံတော်သမ္မတကို တစ်ကိုယ်တော် ဆန္ဒပြသူအား ထောင်ဒဏ် ၂ နှစ်ချမှတ်


နိုင်ငံတော်သမ္မတကို ဝေဖန်ရေးသားသည့် စာသားပါ အင်္ကျီဝတ်ဆင်၍ တစ်ကိုယ် တော်ဆန္ဒဖော်ထုတ်ခဲ့သူ ကိုဝင်းလှိုင်အား သာယာဝတီမြို့နယ် တရားရုံးက ဇူလိုင် ၁ ရက်တွင် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ် ခဲ့ကြောင်း သတင်းရရှိသည်။

နှစ်၂၀ ကျော် ကျွန်ပြုခံရသူ ရေလုပ်သား ကိုမြင့်နိုင် မိသားစုနှင့်ပြန်ဆုံ


ငါးဖမ်းလှေတွေ ပေါ်မှာ ကျွန်တွေလို ဖမ်းဆီးချုပ်နှောင်ပြီး အတင်းအဓမ္မ ခိုင်းစေခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၈၀၀ လောက် အင်ဒိုနီးရှား ကနေ မြန်မာပြည် ကို ပြန်ပို့ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီထဲက အနှစ် ၂၀ ကျော် ငါးဖမ်းကျွန် ဘဝ နဲ့ လှုပ်ရှား ရှောင်တိမ်းခဲ့ရတဲ့ ကိုမြင့်နိုင်အကြောင်း အေပီ သတင်းဆောင်းပါး ကို အခြေခံပြီး ကိုငြိမ်းချမ်းက ပြောပြပါမယ်။

ရွေးကောက်ပွဲ ကျင့်ဝတ် နိုငိငံရေး ၆၇ ပါတီ သဘောတူညီမှု အမေရိကန် ကြိုဆို


နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လိုက်နာရမယ့် ရွေးကောက်ပွဲ ဆိုင်ရာ ကျင့်ဝတ်တွေကို နိုင်ငံရေးပါတီ (၆၇)ခု သဘောတူ လက်မှတ်ရေးထိုး လိုက်တဲ့အပေါ် မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးက ကြိုဆိုလိုက်ပါတယ်။ ဒီကျင့်ဝတ်တွေ ပြဌာန်းနိုင်ဖို့ ပါတီတွေအချင်းချင်း ကြားမှာ အပြန်အလှန် ညှိနှိုင်းခဲ့ကြ တာဖြစ်ပြီး မိမိတို့အနေနဲ့ အလေးထား လိုက်နာမှာဖြစ်တယ်လို့လည်း လူ့ဘောင်သစ် ဒီမိုကရစ်တစ်ပါတီက ပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

ကန်နှင့် ကျူးဘား သံတမန် ဆက်ဆံရေး ပုံမှန်ထားဖို့ သဘောတူ


အမေရိကန်နဲ့ ကျူးဘားကြား သံတမန်ဆက်ဆံရေးပြန်လည်ထားရှိဖို့နဲ့ ဒီလနှောင်းပိုင်း ၀ါရှင်တန်နဲ့ ဟာဗား နားမြို့တော်တို့မှာ သံရုံးတွေပြန်လည် ဖွင့်လှစ်ဖို့ အစီအစဉ်ကို နှစ်နိုင်ငံတို့ သဘောတူညီခဲ့ကြတယ်လို့ အမေရိကန်သမ္မတ ဘရက် အိုဘားမားက ဗုဒ္ဓဟူးနေ့ကပြောပါတယ်။ ဒါဟာ နှစ်နိုင်ငံအကြား နှစ်ပေါင်းများ စွာ ရန်လိုမုန်းထားမှုကို အဆုံးသတ်တဲ့ လတ်တလော ကျ တဲ့ အရေးယူဆောင်ရွက်မှုလဲဖြစ်ပါတယ်။

အနိမ့်ဆုံး နေ့စားလုပ်ခ သတ်မှတ်ရေး ကန့်ကွက်မှုတွေရှိလာနိုင်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ အနည်းဆုံးအခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီကနေ ဇွန်လ ၂၉ ရက်နေ့ နေ့စွဲနဲ့ အဆိုပြုတဲ့ အနည်းဆုံးအခကြေးငွေသတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့တာနဲ့ပတ် သက်လို့ အလုပ်သမားတွေဘက်ကရော အလုပ်ရှင်တွေဘက်ကပါ ကန့်ကွက်မှုတွေ ရှိနိုင်ကြောင်း သတင်း တွေ ထွက်ပေါ်နေပါတယ်။ ဒီအဆိုပြုချက်အပေါ် မှာလည်း အလုပ်သမားအရေး ဆောင်ရွက်သူတွေဘက်က လည်း အမြင်အမျိုးမျိုး ရှိနေကြပါတယ်။ 

လှေစီးပြေးအရေး အရင်းခံအကြောင်းရှာဖို့ AI တိုက်တွန်း


လှေစီးပြေးဒုက္ခသည်တွေအရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ရောေ ဒ သတွင်းနိုင်ငံတွေနဲ့ပါ ပိုပြီး ပူးပေါင်း လုပ်ကိုင်ဖို့လိုတယ်လို့ လူ့အခွင့်အရေးအဖွဲ့ကြီး AI ကပြောလိုက်ပါ တယ်။ အရှေ့တောင်အာရှနိုင်ငံတွေအတွင်း လှေစီးပြေး ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ အာဆီယံ နိုင်ငံတွေဘက်က လုံလောက်တဲ့ပြင်ဆင်မှုတွေ အခုချိန်ထိမလုပ်ကြတဲ့အတွက် လာမယ့် အောက်တိုဘာလ ပွင့်လင်း ရာသီရောက်ရင် လှေစီးပြေး တွေပိုများလာလိမ့်မယ်လို့လည်း ဆိုပါတယ်။ 

လူကုန်ကူးဂိုဏ်းဝင်နှစ်ဦး ထိုင်းရဲ ဖမ်းဆီး


ငါးဖမ်းသင်္ဘောသားတွေ ရှာဖွေစုဆောင်းပေးနေတဲ့ လူမှောင်ခိုကူးဂိုဏ်းဝင် အဓိကလူတွေလို့ဆိုတဲ့ လူနှစ်ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့ပဲ ဖမ်းဆီးလိုက်ပါတယ်။ အသက် ၅၃ နှစ်အရွယ် Samruay Chatkrod နဲ့ အသက် ၅ဝ အရွယ် Chayuthphong Charoenporn တို့ဟာ ရထားဘူတာရုံတွေ၊ ဘတ်စ် ကားဂိတ်တွေ ဒါမှမဟုတ် အများပြည်သူ သွားလာရာ နေရာတွေမှာ အလုပ်သမားအဖြစ် ခိုင်းလို့ရမယ့်လူ တွေကို ရှာဖွေဖို့အတွက် ကြားလူတွေကို ခိုင်းခဲ့တယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ရလာတဲ့ အလုပ်သမား တယောက်ကို ထိုင်းဘတ်ငွေ ၃ သောင်း နဲ့ ငါးဖမ်းလှေပိုင်ရှင်တွေကို ရောင်းချခဲ့ပြီးနောက် အလုပ်သမားတွေကို အင်ဒိုနီးရှားနိုင်ငံ Ambon ကျွန်းနားက ငါးဖမ်းလှေတွေမှာ အလုပ်လုပ်ဖို့ ပို့ဆောင်ခံ ကြရတယ်လို့လည်း ဆိုပါတယ်။

ရတနာပုံတက္ကသိုလ်ရှေ့ စာရေးသားတောင်းဆိုသည့် ကျောင်းသား လေးဦး ဖမ်းဆီးခံရ


လက်ပံတန်းမြို့တွင် အကြမ်းဖက်ဖမ်းဆီးခံခဲ့ရသည့် သပိတ်မှောက်ကျောင်းသားများ ပြန်လွှတ်ပေးရန်နှင့် အစိုးရကို ဝေဖန်သည့် စာသားများအား မန္တ လေးမြို့ ရတနာပုံတက္ကသိုလ်ရှေ့ ၌ မှုတ်ဆေးဘူးဖြင့် စာရေး သားတောင်းဆို ခဲ့သည့် ရတနာပုံတက္က သိုလ်ကျောင်းသားသမဂ္ဂမှ ကျောင်းသား လေးဦး  ဇူလိုင် ၁ ရက်က ဖမ်းဆီးခံခဲ့ရကြောင်း  သတင်းရရှိ သည်။

ဝန်ကြီးချုပ်ဖိတ်ကြားချက်ကြောင့် မယ်ပြိုင်ပွဲမှာ ဒိုင်လုပ်ခဲ့တဲ့ ဇွန်သံစဉ်


ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ မယ်စကြဝဠာပြိုင်ပွဲ (Miss Universe) စစ်တွေ အလှမယ် ရွေးချယ်ပွဲတွင် ပထမဆုံးအကြိမ် အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း အလှမယ် ဇွန်သံစဉ်က   ပြော သည်။

Wednesday, July 01, 2015

NLD ပါတီဝင် မဟုတ်သူကို သမ္မတလောင်းအဖြစ် လက်မခံနိုင်ဟု NLD ဗဟိုအလုပ်အမှုဆောင် ပြတ်ပြတ်သားသား ပြောကြား


၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် အမတ်နေရာအများစု အနိုင်ရရှိခဲ့ပြီး သမ္မတလောင်းအမည် စာရင်း တင်သွင်းခွင့်ရရှိခဲ့ပါက NLD ပါတီဝင်မဟုတ်သူကို သမ္မတလောင်းအဖြစ် လက်မခံနိုင်ကြောင်း ပါတီ ဗဟိုအလုပ်အမှု ဆောင်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက The Voice Daily သတင်းစာနှင့်အင်တာ ဗျူးတွင် ယတိပြတ် ပြောကြားခဲ့သည်။

အခြေခံဥပဒေပြင်ရေးဆန္ဒပြသည့် တကသ ကျောင်းသားခေါင်းဆောင်များ နေပြည်တော်တွင် NLD အမတ် ဇေယျာသော်နှင့် ကြိုတင်တွေ့ဆုံစီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ


ရန်ကုန်မြို့ သိမ်ကြီးဈေးတွင် ဇွန်လ ၃၀ ရက် မွန်းလွဲပိုင်းက လူ ၂၅ ဦးခန့်ဖြင့် ပြုလုပ်ခဲ့သော အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် တကသ ကျောင်းသား ဇေယျာလွင်နှင့်အဖွဲ့သည် NLD အမတ် ဇေယျာသော်နှင့် ဇွန်လ ၂၂ ရက် နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ စည်ပင်ရိပ်သာတွင် တွေ့ဆုံဆွေးနွေးခဲ့ ပြီးမှ စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့နိုင်ငံရေး အနုတ်လက္ခဏာနှင့် မရေရာသော ရွေးကောက်ပွဲ


ရွေးကောက်ပွဲမတိုင်မီ ခြေဆင်းအနေအထား အရပ်အရပ်မှာ လက်ရှိ အာဏာရ နေပြည်တော်အစိုးရနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) အဖို့ မျက်နှာမလှ၊ တာထွက်မကောင်းဘဲ ရှိနေသည်။ ရွေးကောက်ပွဲ အတွက် မဲစာရင်းက လူအများ စိတ်ကုန်ရသည်အထိ အလွဲစာရင်း ဖြစ်နေရ သောကြောင့် ဖြစ်သည်။ 

My Blog List