Wednesday, January 22, 2020

ကမ္ဘာ့ဘီလျံနာ ၂၁၅၃ ဦး၏ ချမ်းသာမှုသည် ကမ္ဘာ့လူဦးရေ ၆ဝရာခိုင်နှုန်းထက်ပိုမိုနေကြောင်း ကမ္ဘာစီးပွားရေးဖိုရမ်တွင် တင်ပြ


Image may contain: 2 people
ယခုနှစ်တွင် သိရှိရသော စာရင်းကောက်ယူမှုအရ ကမ္ဘာတစ်ဝန်းတွင် ဘီလျံနာပေါင်း ၂၁၅၃ ဦးရှိပြီဖြစ်ပြီး၊ ယင်းတို့၏ စုစုပေါင်းကြွယ်ဝမှုသည် ကမ္ဘာ့အဆင်းရဲဆုံးလူဦးရေ ၄ ဒသမ ၆သန်း(ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်း)တို့၏ ပိုင်ဆိုင်မှုထက် ပိုမိုကြောင်း ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ယခုကျင်းပနေဆဲဖြစ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် Oxfam ပရဟိတအသင်းကြီးက ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။
လူအများစုမှာ သူတို့တစ်သက်လုံးတွင် ၁ ဘီလျံဟူသော ငွေကြေးပမာဏကို မြင်ဖူးသွားကြသည်မဟုုတ်သောကြောင့် ချမ်းသာ ဆင်းရဲ ကွာဟမှုမှာ မြင့်မားလွန်းလှသည်။ ကမ္ဘာပေါ်ရှိ အချမ်းသာဆုံးသော အမျိုးသား ၂၂ ဦးတို့သည် အာဖရိကတိုက်တစ်တိုက်လုံးရှိ အမျိုးသမီးအားလုံး(သန်း ၆၀၀ ခန့်)ထက် ပိုမိုကြွယ်ဝသည်ဟုလည်း ယင်းအစီရင်ခံစာက ဆိုသည်။

အကယ်၍ လူတစ်ဦးသည် လွန်ခဲ့သည့် နှစ်ပေါင်း ၄၅၀၀ ခန့် အီဂျစ်နိုင်ငံရှိ ပိရမစ်ကြီးများတည်ဆောက်ချိန်ကတည်းက စတင်၍ ကန်ဒေါ်လာတစ်သောင်းကျစီ နေ့စဉ်စုဆောင်းခဲ့သည်ဆိုလျှင်သော်မှ ယနေ့လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၅ ဦးထက် ၈ဝရာခိုင်နှုန်းမျှ ပိုမိုဆင်းရဲနေလိမ့်ဦးမည်ဟုလည်း အဆိုပါ အစီရင်ခံစာဝယ် ရေးသားဖော်ပြထားသည်။

လူတို့သည် မိမိတို့ပိုင်ဆိုင်သည့် ကန်ဒေါ်လာ ၁၀၀ တန်ငွေစက္ကူများကိုစီထပ်၍ ယင်းငွေစက္ကူပုံပေါ်တွင် ထိုင်ကြမည်ဆိုပါက ချမ်းသာသောနိုင်ငံတစ်နိုင်ငံရှိ အလယ်အလတ်တန်းစားလူတစ်ဦးသည် သာမန်ထိုင်ခုံတစ်ခု၏ အမြင့်တွင်သာရှိနေမည်ဖြစ်ပြီး၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နှစ်ဦးကမူ အာကာသတွင်းသို့ရောက်နေလိမ့်မည်ဟုလည်း အစီရင်စာပြုစုသူက ထပ်လောင်းရေးသားထားသည်။

အာကာသတွင်းရောက်နေမည့် သူနှစ်ဦးမှာ ဘီလ်ဂိတ်(မိုက်ခရိုဆော့သူဌေး)နှင့် ဂျက်ဖ်ဘေဇော့စ်(အမဇုန်သူဌေး)တို့ဖြစ်ဖွယ်ရှိပြီး သူတို့နှစ်ဦးပေါင်း ကြွယ်ဝမှုပမာဏမှာ ကန်ဒေါ်လာ ၃၃၀ ဘီလျံမျှ ရှိသည်ဆို၏။

”အလွန်အမင်းချမ်းသာကြွယ်ဝခြင်းသည် စီးပွားရေးစနစ်တစ်ခု မှားယွင်းနေခြင်း၏ လက္ခဏာတစ်ရပ်ပင်ဖြစ်သည်”ဟု Oxfam အစီရင်ခံစာကဆိုသည်။

နိုင်ငံတကာအစိုးရတို့သည် အဆိုပါ ဆင်းရဲ ချမ်းသာ ကွာဟမှု လျော့နည်းသည်ထက်လျော့နည်းလာစေရန် စီစဉ်သင့်ကြောင်း၊ အဆိုပါ ဆင်းရဲချမ်းသာကွာဟမှုကို ရပ်တန့်စေရန်မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များအပေါ်တွင် ထပ်ဆောင်းအခွန် ၀ ဒသမ ၅ ရာခိုင်နှုန်းကို ယခုဆယ်စုနှစ်တွင် ထပ်မံတိုးမြှင့်ကောက်ခံသင့်ပြီး ယင်းမှ ရရှိသော အခွန်ငွေများကို လုပ်အားခမရရှိကြသော အမျိုးသမီးလုပ်သားများအား ပြန်လည်ချီးမြှင့်ပေးသင့်ကြောင်း Oxfam က အကြံပြုထားသည်။ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီး ၄၂ ရာခိုင်နှုန်းတို့မှာ သူတို့၏ မိသားစုများ၏ တာဝန်ကိုထမ်းဆောင်နေကြရသဖြင့် ဝင်ငွေရရှိမည့် အလုပ်အကိုင်ကို လုပ်ကိုင်ခွင့်မရကြကြောင်းကိုလည်း တင်ပြထားသည်။ ထို့အပြင် အဆိုပါ ထပ်ဆောင်းအခွန်ငွေပမာဏသည် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များအား စောင့်ရှောက်မှု၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့အတွက် အထူးအသုံးဝင်မည်ဟုလည်းဆိုသည်။

Ref: Davos Report: 2,153 Billionaires Are Richer Than 60% of the World’s Population Combined
Photo: Imtiyaz Shaikh /Anadolu Agency via Getty Images
ပုံစာ - အမဇုုန်ကုုမ္ဗဏီပိုင်ရှင် ဂျက်ဖ်ဘေဇော့စ်သည် သူချမ်းသာသမျှ ငွေကြေးတို့ကို ကန်ဒေါ်လာ ၁၀၀ တန်များဖြင့်လဲလိုက်ပြီး၊ ယင်းကန်ဒေါ်လာ ၁၀၀ တန်များကို ပုံ၍ ငွေပုံပေါ်တက်ထိုင်မည်ဆိုပါက အာကာသတွင်းသို့ရောက်နေလိမ့်မည်ဟုု Oxfam မှ တင်ပြသော အစီရင်ခံစာကဆိုထားသည်။

(Zawgyi)

ကမ္ဘာ့ဘီလျံနာ ၂၁၅၃ ဦး၏ ချမ်းသာမှုသည် ကမ္ဘာ့လူဦးရေ ၆၀ရာခိုင်နှုန်းထက်ပိုမိုနေေကြာင်း ကမ္ဘာစီးပွားရေးဖိုရမ်တွင် တင်ပြ

ယခုနှစ်တွင် သိရှိရသော စာရင်းကောက်ယူမှုအရ ကမ္ဘာတစ်ဝန်းတွင် ဘီလျံနာပေါင်း ၂၁၅၃ ဦးရှိပြီဖြစ်ပြီး၊ ယင်းတို့၏ စုစုပေါင်းကြွယ်ဝမှုသည် ကမ္ဘာ့အဆင်းရဲဆုံးလူဦးရေ ၄ ဒသမ ၆သန်း(ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်း)တို့၏ ပိုင်ဆိုင်မှုထက် ပိုမိုကြောင်း ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ယခုကျင်းပနေဆဲဖြစ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် Oxfam ပရဟိတအသင်းကြီးက ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။

လူအများစုမှာ သူတို့တစ်သက်လုံးတွင် ၁ ဘီလျံဟူသော ငွေကြေးပမာဏကို မြင်ဖူးသွားကြသည်မဟုတ်သောေကြာင့် ချမ်းသာ ဆင်းရဲ ကွာဟမှုမှာ မြင့်မားလွန်းလှသည်။ ကမ္ဘာပေါ်ရှိ အချမ်းသာဆုံးသော အမျိုးသား ၂၂ ဦးတို့သည် အာဖရိကတိုက်တစ်တိုက်လုံးရှိ အမျိုးသမီးအားလုံး(သန်း ၆၀၀ ခန့်)ထက် ပိုမိုကြွယ်ဝသည်ဟုလည်း ယင်းအစီရင်ခံစာက ဆိုသည်။

အကယ်၍ လူတစ်ဦးသည် လွန်ခဲ့သည့် နှစ်ပေါင်း ၄၅၀၀ ခန့် အီဂျစ်နိုင်ငံရှိ ပိရမစ်ကြီးများတည်ဆောက်ချိန်ကတည်းက စတင်၍ ကန်ဒေါ်လာတစ်သောင်းကျစီ နေ့စဉ်စုဆောင်းခဲ့သည်ဆိုလျှင်သော်မှ ယနေ့လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၅ ဦးထက် ၈၀ရာခိုင်နှုန်းမျှ ပိုမိုဆင်းရဲနေလိမ့်ဦးမည်ဟုလည်း အဆိုပါ အစီရင်ခံစာဝယ် ရေးသားဖော်ပြထားသည်။

လူတို့သည် မိမိတို့ပိုင်ဆိုင်သည့် ကန်ဒေါ်လာ ၁၀၀ တန်ငွေစက္ကူများကိုစီထပ်၍ ယင်းငွေစက္ကူပုံပေါ်တွင် ထိုင်ကြမည်ဆိုပါက ချမ်းသာသောနိုင်ငံတစ်နိုင်ငံရှိ အလယ်အလတ်တန်းစားလူတစ်ဦးသည် သာမန်ထိုင်ခုံတစ်ခု၏ အမြင့်တွင်သာရှိနေမည်ဖြစ်ပြီး၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နှစ်ဦးကမူ အာကာသတွင်းသို့ရောက်နေလိမ့်မည်ဟုလည်း အစီရင်စာပြုစုသူက ထပ်လောင်းရေးသားထားသည်။

အာကာသတွင်းရောက်နေမည့် သူနှစ်ဦးမှာ ဘီလ်ဂိတ်(မိုက်ခရိုဆော့သူဌေး)နှင့် ဂျက်ဖ်ဘေဇော့စ်(အမဇုန်သူဌေး)တို့ဖြစ်ဖွယ်ရှိပြီး သူတို့နှစ်ဦးပေါင်း ကြွယ်ဝမှုပမာဏမှာ ကန်ဒေါ်လာ ၃၃၀ ဘီလျံမျှ ရှိသည်ဆို၏။

”အလွန်အမင်းချမ်းသာကြွယ်ဝခြင်းသည် စီးပွားရေးစနစ်တစ်ခု မှားယွင်းနေခြင်း၏ လက္ခဏာတစ်ရပ်ပင်ဖြစ်သည်”ဟု Oxfam အစီရင်ခံစာကဆိုသည်။

နိုင်ငံတကာအစိုးရတို့သည် အဆိုပါ ဆင်းရဲ ချမ်းသာ ကွာဟမှု လျော့နည်းသည်ထက်လျော့နည်းလာစေရန် စီစဉ်သင့်ကြောင်း၊ အဆိုပါ ဆင်းရဲချမ်းသာကွာဟမှုကို ရပ်တန့်စေရန်မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များအပေါ်တွင် ထပ်ဆောင်းအခွန် ၀ ဒသမ ၅ ရာခိုင်နှုန်းကို ယခုဆယ်စုနှစ်တွင် ထပ်မံတိုးမြှင့်ကောက်ခံသင့်ပြီး ယင်းမှ ရရှိသော အခွန်ငွေများကို လုပ်အားခမရရှိကြသော အမျိုးသမီးလုပ်သားများအား ပြန်လည်ချီးမြှင့်ပေးသင့်ေြကာင်း Oxfam က အကြံပြုထားသည်။ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီး ၄၂ ရာခိုင်နှုန်းတို့မှာ သူတို့၏ မိသားစုများ၏ တာဝန်ကိုထမ်းဆောင်နေကြရသဖြင့် ဝင်ငွေရရှိမည့် အလုပ်အကိုင်ကို လုပ်ကိုင်ခွင့်မရကြကြောင်းကိုလည်း တင်ပြထားသည်။ ထို့အပြင် အဆိုပါ ထပ်ဆောင်းအခွန်ငွေပမာဏသည် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များအား စောင့်ရှောက်မှု၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့အတွက် အထူးအသုံးဝင်မည်ဟုလည်းဆိုသည္။

Ref: Davos Report: 2,153 Billionaires Are Richer Than 60% of the World’s Population Combined
Photo: Imtiyaz Shaikh /Anadolu Agency via Getty Images

ပုံစာ - အမဇုန်ကုမ္ဗဏီပိုင်ရှင် ဂျက်ဖ်ဘေဇော့စ်သည် သူချမ်းသာသမျှ ငွေကြေးတို့ကို ကန်ဒေါ်လာ ၁၀၀ တန်များဖြင့်လဲလိုက်ပြီး၊ ယင်းကန်ဒေါ်လာ ၁၀၀ တန်များကို ပုံ၍ ငွေပုံပေါ်တက်ထိုင်မည်ဆိုပါက အာကာသတွင်းသို့ရောက်နေလိမ့်မည်ဟု Oxfam မှ တင်ပြသော အစီရင်ခံစာကဆိုထားသည်။

No comments:

Post a Comment

My Blog List