Saturday, November 09, 2013

လျှပ်စစ်မီတာခ ပြည်သူလက်ခံနိုင်သည့်နှုန်း ပြန်ပြင်မည်


Saturday, 09 November 2013
 
နိုဝင်ဘာလမှစတင်ကာ တိုးမြှင့်လိုက်သည့် လျှပ်စစ်ဓာတ်အားခများကို ပြည်သူများလက်ခံနိုင်သည့် နှုန်းထားများဖြစ်စေရန် ပြန်လည်ဆောင်ရွက်ပေးမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးအောင်သန်းဦးက ပြောကြားလိုက်သည်။
ယင်းသို့ဆောင်ရွက်နိုင်ရန် နိုဝင်ဘာလ ၈ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မလှိုင်မဲဆန္ဒနယ်မှ အောက်လွှတ်တော်အမတ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးအေးမောက်က အရေးကြီးအဆို တင်သွင်းဆွေးနွေးခဲ့ပြီးနောက် ဒု-ဝန်ကြီးက ပြန်လည်သုံးသပ်ပေးမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းမှာ ရောင်းစား ခံရသူ မြန်မာ ၂၆ ဦး ကယ်တင်နိုင်ခဲ့


လူကုန်ကူးမှုတိုက်ဖျက်ရေး ကြေငြာစာတမ်း

လူကုန်ကူးမှုတိုက်ဖျက်ရေး ကြေငြာစာတမ်း


ထိုင်းနိုင်ငံဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီတာ၁၀၀ခန့်ကွာဝေးတဲ့ ပထုံဌာနီမြို့နယ်ထဲက ပလတ်စတစ် ပစ္စည်းအဟောင်းတွေကို သန့်စင်တဲ့ စက်ရုံတခုထဲမှာ ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသား ၂၆ဦးကို ထိုင်းအစိုးရ လူကုန်ကူးမူတိုက်ဖျက်ရေးအဖွဲ့တွေနဲ့အတူ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့က ပူးပေါင်း ကယ်တင်နိုင်ခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

Friday, November 08, 2013

အဓိကရုဏ်းကို လူ့အခွင့်အရေး စံနှုန်းဖြင့် ထိန်းချုပ်ရန် မြန်မာရဲများကို နိုင်ငံတကာရဲများ သင်ပေးနေ

8 နိုဝင်ဘာ ၂၀၁၃

 မြန်မာနိုင်ငံရဲတပ်ဖွဲ့, ဥရောပသမဂ္ဂ, အဓိကရုဏ်း
 ၂၀၁၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ရန်ကုန်မြို့တွင် ပြည်တွင်း စစ်ပွဲများရပ်ရေး စီတန်း လမ်းလျှောက် ဆန္ဒ ထုတ်ဖော်နေသူများကို တားဆီး ပိတ်ဆို့နေသည့် ရဲ တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)

မြန်မာနိုင်ငံတွင် အဓိကရုဏ်းများ ဖြစ်ပေါ်လာပါက လူ့အခွင့်အရေး စံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်ရန် 
အဓိကရုဏ်း ထိန်းချုပ်ရေး သင်တန်းကို  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ဥရောပ သမဂ္ဂ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ရဲလုပ်ငန်း အတွေ့အကြုံရှိသော နိုင်ငံခြားသား ရဲအရာရှိ ကြီးများက ရန်ကုန်မြို့တွင် စတင် သင်တန်းပေးနေပြီ ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ ရဲလုပ်ငန်း ဆောင်ရွက်တဲ့အခါ၊ လူစုလူဝေးတွေကို ထိန်းသိမ်းတဲ့နေရာမှာ တတ်နိုင်သလောက် သူများ ထောက်ပြစရာ မဖြစ်အောင်၊ ဥပဒေနဲ့အညီ လုပ်နိုင်တဲ့ အပိုင်းလေးတွေ ဖြစ်လာအောင် ကူညီပေးတာပါ။ သင်တန်းမှာက ကျနော်တို့ လုပ်နေတဲ့ အစဉ်အလာတွေကို နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီအောင် ကူညီပံပိုးမှုတွေ ပေးတယ်။ အရင်ကတော့ ကိုယ့်စံနှုန်းနဲ့ ကိုယ်သွားနေတဲ့ အပိုင်းတွေ ရှိတာပေါ့” ဟု နေပြည်တော် အခြေစိုက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီး ကိုကိုအောင်က ဧရာဝတီသို့ ပြောကြားသည်။
သမ္မတ ဦးသိန်းစိန်၏ ဥရောပ ခရီးစဉ်တွင် ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အဆင့်မြှင့်တင်နိုင်ရန် ဆွေးနွေးခဲ့ပြီး နောက်ပိုင်း EU ကိုယ်စားလှယ်အဖွဲ့များ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ လူစုလူဝေး အဓိကရုဏ်းများကို ဥပဒေနှင့် အညီ ထိန်းသိမ်းရေး စသည်တို့ကို သင်တန်းများပေးရန် သဘောတူညီ ခဲ့ကြခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။
၂၀၁၃ ခုနှစ် သြဂုတ်လမှ စတင်ကာ ဥရောပသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ ရဲလုပ်ငန်း အတွေ့အကြုံရှိသူများက ရန်ကုန်တွင် သင်တန်းများ စတင်ပေးခဲ့ပြီး ယခုလ ၄ ရက်နေ့တွင်လည်း ရန်ကုန်မြို့ ပျဉ်းမပင်ရှိ အမှတ် ၈ ရဲတပ်ရင်းတွင် အဓိကရုဏ်း ထိန်းချုပ်ရေး သင်တန်းကို စတင် ဖွင့်လှစ်နိုင်ခဲ့သည်။
အဓိကရုဏ်းများ ဖြိုခွဲရာတွင် နိုင်ငံတကာ စံနှုန်းများနှင့် အညီ အဆင့်ဆင့် ဖြိုခွဲရမည် ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ထင်ရှားခဲ့သော ရွှေဝါရောင် တော်လှန်ရေး၊ လက်ပတောင်းတောင် အရေးတို့တွင် အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့များသည် လုပ်ထုံးလုပ်နည်း များနှင့် မညီဘဲ လူ့အခွင့်အရေး ချိုးဖောက်ကာ အကြမ်းဖက် ခံခဲ့ရကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ တောင်သူလယ်သမား ရေးရာ ဒုတာဝန်ခံ ဦးမျိုးသန့်က ပြောဆိုသည်။
“အဓိကရုဏ်း ဖြိုခွဲရင် သူ့အဆင့်တွေ ရှိပေမယ့် ရဲက လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန် လုပ်ဆောင်တာမျိုးတွေ ရှိခဲ့တယ်။ ပစ်မိန့် ဆိုတာမျိုးက တရားသူကြီးရဲ့ ခွင့်ပြချက်လိုတယ်။ အမိန့်ပေးတဲ့သူက တရားသူကြီး ဖြစ်ရမှာ။ ပြီးတော့ လူစုခွဲဖို့၊ ရေပိုက်နဲ့ ထိုးဖို့ လုပ်ရမှာ။ ရွှေဝါရောင်တုန်းကဆိုရင် ရေပိုက်နဲ့တောင် မထိုးဘူး။ တန်းပစ်ခဲ့တာ” ဟု ဦးမျိုးသန့်က
ပြောသည်။
အဓိကရုဏ်း နှိမ်နင်းရေး သင်တန်းပေးခြင်းကို ရဲတပ်ရင်းများ အတွက် ဦးစားပေး ဆောင်ရွက်နေသော်လည်း မြေပြင်တွင် လက်တွေ့မကြာခဏ တွေ့ကြုံရသည့် မြို့နယ် ရဲစခန်းများကိုလည်း သင်တန်းပေးစေ လိုကြောင်း ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်မှ နယ်ထိန်းအဖွဲ့ ခေါင်းဆောင် ဒုရဲအုပ် ထွန်းနိုင်ဇော်က ဧရာဝတီသို့ ပြောသည်။
“ရဲတပ်ရင်းတွေက လူစုပြီးသားဆိုတော့ သင်တန်းပေးရတာ ပိုအဆင်ပြေတာပေါ့။ မြေပြင်မှာကတော့ အောက်ခြေ ရဲစခန်းတွေက ပိုထိတွေ့ရတာ။ ကျနော်တို့လည်း အဲဒီလို သင်တန်းမျိုး လိုအပ်တယ်။ အခု ဆန္ဒပြနေတဲ့သူတွေ အော်တာက သူတို့ဟာ ဥပဒေကို ချိုးဖောက်တာ မဟုတ်ဘူး၊ လူထု အခွင့်အရေးကို တောင်းဆိုနေတာ ဆိုပြီး အော်နေပေမယ့် တည်ဆဲ ဥပဒေတွေကို လိုက်နာဖို့လိုတယ်။ ကျနော်တို့မှာက ရဲလုပ်ငန်းလည်း ပြီးစီးအောင် ပြည်သူလူထုလည်း အထင်အမြင် မလွဲအောင် လုပ်ရတာ အခက်အခဲတွေ အများကြီး ရှိပါတယ်” ဟု ဒု ရဲအုပ် ထွန်းနိုင်ဇော်က ဆိုသည်။
ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ် သင်တန်းကို EU အကူအညီဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ရဲစခန်းများ အားလုံးတွင် စတင်နိုင်ရန် ဆောင်ရွက်နေပြီ
 ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့လက်အောက်ခံ ရဲတပ်ရင်း ၁၀ ရင်းကို သင်တန်းပေးရန် စီစဉ်လျက်ရှိပြီး သင်တန်းကာလကို ၁၈ လ သတ်မှတ်ထားကြောင်း၊ သင်တန်းကုန်ကျစရိတ် အပါအ၀င် အဓိကရုဏ်း ဆောင်ရွက်ရာတွင် လိုအပ်သော ရဲအသုံးအဆောင် ပစ္စည်းများကိုပါ ဥရောပသမဂ္ဂမှ ကူညီ ပံ့ပိုး ပေးထား ကြောင်း သိရသည်။
“EU အပြင် ICRC တို့ UNDP တို့ကလည်း ရဲလုပ်ငန်းတွေကို ပံ့ပိုးကူညီမှုတွေ ပေးနေပါတယ်။ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ကိုက်ညီဖို့ ICRC က သင်တန်းတွေ ပေးနေတယ်။ နေပြည်တော်မှာ လုပ်ပြီးသွားပြီ။ ရခိုင်မှာလည်း ဆက်လုပ်ဖို့ ရှိပါတယ်။ လူ့အခွင့်အရေး ဆိုင်ရာ သင်တန်းတွေမှာ ထိတွေ့တာ၊ ဖမ်းဆီးတာ၊ ထိန်းချုပ်တာ တွေကို ဥပဒေနဲ့ အညီဖြစ်ဖို့လုပ်နေပါတယ်” ဟု ရဲမှူးကြီး 
ကိုကိုအောင်က ဆိုသည်။
ရန်ကုန်မြို့ အချက်အခြာကျသော မြို့နယ် ရဲစခန်းများနှင့် ဘာသာခြားဦးရေ များပြားသော မြို့နယ်များတွင် ဥရောပသမဂ္ဂမှ ရဲအရာရှိများက မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ လာရောက်ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပြီး ယခုအခါ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် နိုင်ငံခြားသား ရဲအရာရှိ တဦးဖြင့် ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်ကို စတင် လုပ်ဆောင်နိုင်ရန်စီစဉ်လျှက်ရှိကြောင်း ရန်ကုန်တိုင်း 
ရဲတပ်ဖွဲ့မှ သိရသည်။
ဧရာဝတီ

ပါလက်စတိုင်းခေါင်းဆောင် အာရာဖတ် အဆိပ်ကြောင့် သေဆုံးခဲ့


0DD8962E-A6DD-47DC-ABDF-BA2FB6F5AC79_w268_r1

လွန်ခဲ့တဲ့ ကိုးနှစ်ကျော်က ကွယ်လွန်သူ ပါလက်စတိုင်းခေါင်းဆောင် Yasser Arafat သေဆုံးမှုဟာ ရေဒီယိုသတ္တိကြွ polonium အဆိပ်ထိုးပြီး အသတ်ခံခဲ့ရတာဖြစ်ပြီး ဒီလောက် အဆိပ်ပဏမမြင့်မားမှုဆိုတာ မတော်တဆဖြစ်စရာ မရှိဘူးလို့ ဆွစ်ဆလန်က မူခင်းသိပံ္ပစစ်ဆေးရေးမှူး
က အတည်ပြုပြောဆိုလိုက်ပါတယ်။ မစ္စတာ Arafat ရဲ့ ကြွင်းကျန်တဲ့ အလောင်း၊ ပဲရစ်ဆေးရုံမှာ သူမသေခင် ရက်တွေမှာ ဝတ်ဆင်ခဲ့တဲ့ သူ့အောက်ခံဝတ်အစားတွေနဲ့ သူနဲ့အတူရှိနေခဲ့တဲ့ ခရီးဆောင်အိတ်ကို ဓာတ်ခွဲခန်းမှူးက စစ်ဆေးကြည့်တဲ့အခါ ရေဒီယို သတ္တိကြွဓာတ်တွေဟာ ရှိသင့်တဲ့ ပဏမထက် များနေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး Musharraf အိမ်အကျယ်ချုပ်က လွတ်မြောက်



131106153756_pervez_musharraf_304x171_ap_nocredit

တချိန်က အာဏာရှင် ပါဗက်ဇ် မူရှာရက်ဖ်

ပါကစ္စတန်နိုင်ငံမှာ အိမ်အကျယ်ချုပ်ချခံထားရတဲ့ စစ်အာဏာရှင်ဟောင်း Pervez Musharraf လွတ်မြောက်လာပါပြီ။
ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက်ဖ် ဟာ နိုင်ငံတွင်း လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီ ဖြစ်ပေမယ့် သူ့လက်ထက်တုန်းက ဖြစ်ခဲ့တဲ့ အမှုတွေ အတွက် နိုင်ငံတွင်းက ထွက်ခွာခွင့် မရှိဘူးလို့ သူ့ရှေ့နေတယောက်က ပြောပါတယ်။
၂ဝဝ၇ ခုနှစ်တုန်းက အစ္စလာမ် မာဘတ်မြို့က ဗလီ တခုကို စစ်တပ်က ဝင်စီးခဲ့မှု နဲ့ ပတ်သက်လို့ မစ္စတာ မူရှာရက်ဖ်ကို တရားရုံးက အာမခံ ပေးခဲ့ပြီး ရက်ပိုင်း အကြာမှာ သူအိမ်အကျယ်ချုပ်က လွတ်လာတာ ဖြစ်ပါတယ်။
သူဟာ ဝန်ကြီးချုပ်ဟောင်း ဘာနစ်ဇာဘူတိုကို လုပ်ကြံမှု ၊ တရားသူကြီးတွေကို ထိန်းသိမ်းထားမှုတွေနဲ့ ပတ်သက်လို့လည်း တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
စစ်တပ်က အာဏာကြီးကြီးမားမားရှိတဲ့ ပါကစ္စတန်မှာ ဗိုလ်ချုပ်ကြီး မူရှာရက်ဖ် ခုနှစ်လကြာ အိမ်အကျယ်ချုပ်ချခံရမှုဟာ မထင်မှတ်ဘဲ ပေါ်ပေါက်လာတဲ့ ကိစ္စတခု ဖြစ်ပါတယ်။

   

ကချင်နဲ့ ရှမ်းပြည်နယ်အစပ် မန်စီမှာ တိုက်ပွဲတွေ ဖြစ်


131010124254_kachin_304x171_afp_nocredit

ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ကေအိုင်အေ အကြီးအကဲ ဗိုလ်ချုပ် ဂွမ်မော်
မကြာသေးခင်က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ အပစ်ရပ်ရေး ဆွေးနွေးပြီးလို့ ၂ရက်တောင်မရှိသေးချိန်မှာဘဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် မန်စီမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
မန်စီမြို့နဲ့ ၁၀ မိုင်ပတ်ဝန်းကျင်မှာရှိတဲ့ ကောင်လုံရွာ၊ မခေါ်ယမ်ရွာနဲ့ ကောင်ဂျာရွာဆိုတဲ့ နေရာ၃ခုမှာ ကေအိုင်အေ ကချင် လွတ်မြောက်ရေး တပ်မတော်က တပ်ရင်း ၁၂နဲ့ အစိုးရ စစ်တပ် တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းတွေ ဒီနေ့ ကြာသပတေးနေ့မနက် ၉နာရီခွဲခန့်က စပြီးတိုက်ပွဲ ၃ကြီမ် ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ၏ ငွေကြးဖောင်းပွမှု ကမ္ဘာ့ဘဏ်စိုးရိမ်


 November 8, 2013
money-300x232

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ လာမယ့်နှစ်မှာ ၆ ဒဿမ ၈ ရာခိုင်နှုန်း တိုးတက်နိုင်ပေမယ့် ငွေကြေးဖောင်းပွမှုကိုတော့ စိုးရိမ်တယ်လို့ ကမ္ဘာဘဏ်က ပြောဆိုလိုက်ပါတယ်။
မြန်မာ့စီးပွားရေး အခြေနဲ့ပတ်သက်လို့ ကမ္ဘာ့ဘဏ်က နိုဝင်ဘာ ၆ ရက်နေ့ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံ စီးပွားရေး စောင့်ကြည့်အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
ဒီအစီရင်ခံစာမှာ မြန်မာ့ စီးပွားရေးတိုးတက်မှုဟာ သဘာဝဓာတ်ငွေ့၊ ၀န်ဆောင်မှုလုပ်ငန်းတွေ၊ ဆောက်လုပ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်စည်တင်ပို့မှုတွေ အားကောင်းလာတာကြာင့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှာ ၆ ဒဿမ ၅ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် စားသောက်ကုန်ဈေးနှုန်းနဲ့ အိမ်ခြံမြေ ငှားရမ်းခ စတဲ့ စရိတ်တွေ မြင့်တက်လာတာနဲ့အတူ ငွေကြေးဖောင်းပွမှုတွေကလည်း ရှိခဲ့လို့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဩဂုတ်လက ငွေဖာင်းပွမှုနှုန်း ၇ ဒဿမ ၃ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

သတင်းထောက် ကိုခိုင်စိုးလင်း အရိုက်ခံရသည့် ကိစ္စ ပုဂ္ဂိုလ်ရေးမုန်းတီးမှုမရှိ ကာယကံရှင်ပြေ



photo for news no 15

The Voice Weekly Journal မှ သတင်းထောက် ကိုခိုင်စိုးလင်း အရိုက်ခံရသည့် ကိစ္စသည်  ပုဂ္ဂိုလ်ရေး မုန်းတီးမှုမရှိကြောင်း ကိုခိုင်စိုးလင်းက နိုဝင်ဘာ(၇)ရက် နေ့တွင် မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကိုခိုင်စိုးလင်းသည် နိုဝင်ဘာလ ၃ ရက်နေ့ည ကစားသောက်ဆိုင်မှ နေအိမ်သို့ ၎င်း၏သူငယ်ချင်းတစ်ဦးနှင့် အတူ ပြန်လာစဉ် လူ(၃)ယောက်မှ ၀ိုင်း၍ အရိုက်ခံရခြင်းဖြစ်သည်။
“မှော်ဘီ အမှတ် ၄ လမ်းမပေါ်ကဆိုင်မှာ ထိုင်ပြီး အပြန် ည ၁၀ နာရီခွဲလောက်မှာ ပြည်လမ်းပေါ်က ရထားလမ်းကွေ့မှာ အရိုက်ခံရတာပါ။ ၅၈၁ ရာအိမ်မှူးအပါအ၀င်  ၃ ယောက်က  တုတ်တွေနဲ့ ၀ိုင်းရိုက်ကြတာပါ။ မင်းလားကွ မီဒီယာသမားလား ရှုပ်ရှုပ်ယှက်ယှက်နဲ့ ဟုပြောဆိုကာရိုက်နှက်ခဲ့ကြတာပါ”ဟု The Voice မှ သတင်းထောက် ကိုခိုင်စိုးလင်းကပြောသည်။

၂ ဆတိုးတဲ့ မီတာခ ရန်ကုန်လူထုဆန္ဒပြ


ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ရုံးရှေ့ ဆန္ဒပြနေကြစဉ်။
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ရုံးရှေ့ ဆန္ဒပြနေကြစဉ်။ 
 
လျှပ်စစ်မီတာခတွေ ရုတ်တရက်တိုးမြှင့် သတ်မှတ်လိုက်တဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ တက်ကြွလှုပ်ရှားသူတွေ ရန်ကုန်မြို့မှာ ဒုတိယနေ့အဖြစ် ဒီကနေ့ ဆက်လက် ဆန္ဒပြကြပါတယ်။ မီတာခတွေ ၂ ဆလောက် တိုးလိုက်တဲ့ အပေါ်မှာ ဝေဖန်သံတွေ ထွက်ပေါ်နေချိန်မှာပဲ ဆန္ဒပြကန့်ကွက်မှုတွေလည်း ထွက်ပေါ်လာတာပါ။ ရန်ကုန်မြို့က လျှပ်စစ်မီတာခ လျှော့ပေးရေး တောင်းဆို ခဲ့ကြတာကိုတော့ ဆန္ဒပြပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ရန်ကုန်မြို့က ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် ကအပြည့်အစုံ ပြောပြပေးမှာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့တုန်းကလည်း မြို့တော်ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့သလို ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့မှာလည်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ရုံးရှေ့မှာ လူပေါင်း ၁၀၀ နီးပါးလောက်က ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ပြည်သူတွေ သဘောမတူဘဲ တိုးမြင့်လိုက်တဲ့ ဓာတ်အားသုံးစွဲခကို ပြန်ပြီး လျော့ချပေးဖို့ နဲ့ ဓာတ်အားခတွေ မလျော့ မပေးမခြင်း ဆန္ဒထုတ်ဖော်မှုတွေ တောက်လျောက်လုပ်သွားမယ်လို့လည်း ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်ခဲ့တဲ့ ပြည်သူတစ်ဦး ဖြစ်တဲ့ ကိုကျော်နေ၀င်းက ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ရေး ပြည်သူ့ သဘောထား NLD ကောက်ခံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့သဘောထားရယူပွဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့သဘောထားရယူပွဲ
 
 
မြန်မာနိုင်ငံတဝှမ်း ပြည်နယ်၊ တိုင်းအသီးသီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့တွေခွဲပြီး ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မလား၊ အသစ်ပြန်ရေးဆွဲမလား ဆိုတဲ့ ပြည်သူ့သဘောထားတွေ လိုက်လံရယူရာမှာတော့ ပြည်သူ ၉၀%က  ပြင်ဆင်မယ်ဆိုပြီး သဘောထားပေးခဲ့ကြပြီး ၁၀% ကတော့ အသစ်ပြန်ဆင်ဖို့ သဘောထားပေးခဲ့ကြတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး  ပြည်သူ့သဘောထား ရယူပွဲတွေ ဆက်တိုက်ဆိုသလို ကျင်းပနေကြတဲ့ အကြောင်း အသေးစိတ်ကို မဆုမွန်က ပြောပြပေးပါမယ်။

US အရေးယူမှုစာရင်း မွမ်းမံဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း

ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောနေသည့် သမ္မတ အိုဘားမား။ နိုဝင်ဘာ ၁၉၊၂၀၁၂။
မြမြန်မာနိုင်ငံပေါ် ပိတ်ဆို့ဒဏ်ခတ်ရေးနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရရဲ့ပစ်မှတ်ထားအရေးယူဒဏ်ခတ်မှုစာရင်းထဲမှာ လူ့အခွင့်ရေး ဆက်လက် ချိုးဖေါက် နေသူတွေကို ဒီစာရင်းထဲ ထည့်ပေးဖို့ မြန်မာ့အရေးလှုပ်ရှားတဲ့ လူ့အခွင့်အရေးအဖွဲ့တွေက သမ္မတအိုဘားမား အစိုးရထံ စုပေါင်း တောင်းဆို လိုက်ကြပါတယ်။ အကြောင်းစုံကို   ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ကြိုးစားနေတဲ့ အမေရိကန်အစိုးရ အနေနဲ့ မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖေါက်သူတွေကိုသာ  သီးသန့် ပစ်မှတ်ထားတဲ့ SDN နာမည်ပျက်စာရင်းထဲဆက်လက်ဖြည့်စွက်ဖို့ ကျန်နေသူတွေ ရှိတဲ့အတွက် သမ္မတအိုဘားမားကို အခုလို တောင်းဆိုရတာ ဖြစ်တယ်လို့ လူ့အခွင့်အရေး(၃၇)ဖွဲ့က စုပေါင်းထုတ်ပြန်တဲ့ ကြေညာချက်ကဆိုပါတယ်။

ရခိုင်တွင် ကယ်ဆယ်ရေးအဖွဲ့များ ခြိမ်းခြောက်ခံနေရ



http://burma.irrawaddy.org/wp-content/uploads/2013/11/Myanmar.jpg

မွတ်ဆလင် ဒုက္ခသည်များကို ဆေးဝါးကုသပေးနေသော နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) မှ မြန်မာဝန်ထမ်း
ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဆောင်ရွက်နေသည့် အဖွဲ့များ၏ ထောက်ပံ့ရေး လုပ်ငန်းများကို နှောင့်နှေးကြန့်ကြစေရန် ဒေသခံဗုဒ္ဓဘာသာဝင်များက ပြုလုပ်ခဲ့ကြသည်ဟု အဆိုပါ အဖွဲ့ များက ပြောကြသည်။ အကူအညီပေးရာတွင် မွတ်ဆလင်များကိုသာ ဦးစားပေး ဘက်လိုက် ဆောင်ရွက်သည်ဟု စွပ်စွဲပြီး ယခုအပတ်အတွင်းတွင် ရန်လိုသည့်အပြုအမူများ ပိုမိုတိုးပွားလာသည်ဟုလည်း ၎င်းတို့က ဆိုသည်။
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့များ အနေဖြင့် မြန်မာနိုင်ငံ အနောက်ဖက်ခြမ်းမှ ယမန်နှစ် အတွင်းက ဖြစ်ပွားခဲ့သည့် ဒေသတွင်း ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် လူထောင်ပေါင်းများစွာထံသို့ အရေး ပေါ် ကူညီထောက်ပံ့မှုများ ပေးပို့ရာတွင် လုပ်ငန်းများဆောင်ရွက်ရာ၌ ကြုံတွေ့ရသည့် အခက်အခဲများ တိုးပွားလာနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (OCHA) ၏ ပြောရေးဆိုခွင့်ရှိသူ Pierre Pe’ron က ဗုဒ္ဓဟူးနေ့တွင် ဧရာဝတီသို့ ပြောကြားခဲ့သည်။

” ပြာပုံဘဝနှင့် သားကောင်ဘဝသို့ တွန်းပို့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မဖြစ်စေရန် သုံးသပ် အကြံပြုစာတမ်း”

နိုဝင်ဘာ ၈ ရက် ၂၀၁၃
to amend 2008 constitution by U Phoe Hlaing.pdf
 
ဆင်ဖြူတော် ဦးကျော်ဝင်းနှင့် ဦးဖိုးလှိုင်(B.Sc  H.G,R.L) တို့ ရေးသားသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့သည့် ” ပြာပုံဘဝနှင့် သားကောင်ဘဝသို့ တွန်းပို့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မဖြစ်စေရန် သုံးသပ် အကြံပြုစာတမ်း” ဖြစ်ပါသည်။

စာတမ်းတွင်
* လူနည်းစုအခွင့်အရေး (Minority Right) နှင့် စပ်လျဉ်းသည့် ပြဌာန်းချက်များ ရှိပါသလား။
* ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသည် အာဏာရှင်စနစ်ကို စတင်ထူထောင်ခဲ့သူများ၏ မျိုးစေ့ အစစ်အမှန်များလား
* မိစ္ဆာ ဝါဒီတို့၏ ဆောင်ပုဒ်” မြေမျိုလျှင် လူမျိုးမပျောက် လူမျိုလျင် လူမျိုး ပျောက်မည်။”
* ဖျံကျသူများ သွေးခွဲထားသည် နိုင်ငံသား (၆) မျိုး ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသား(၃) မျိုး၊
* လူများစု၏ ဆန္ဒဆိုတိုင်း ဒီမိုကရေစီ မထင်နဲ့ (ဝါဝါမြင်တိုင်း ရွှေမထင်နဲ့)
* သမ္မတများ လက်ရှိရာထူးမှ နှုတ်ထွက်ပေးရလျှင် မသင့်တော်ပါ။
* နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လူမပါဘဲ ငွေနှင့် နည်းပညာသာ ဝင်လာမှာလား/
*  ကေသရာဇာ ခြင်္သေမင်းသည် ဘယ်သောအခါမှ မြက်မစားပါ။ သို့သော် မြက်စားရကိန်း ကြုံတတ်ပါသည်။
* ဆင်သည် ပြထားသောအစွယ်ဖြင့် မစားပါ မဝါးပါ။
* ပြည်ထောင်စု မြန်မာနိုင်ငံဖွား နိုင်ငံမဲ့များ ကိစ္စ။
* ပြုပြင်ရန် ခက်ခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူခိုးဓားပြ ဖွဲ့စည်းပုံ အခြေခံဥပဒေဟု ခေါ်ပါသည်။

M-Media

အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများအား သတင်းပေးပို့နိုင်သည့် ဖုန်းဆော့ဖ်ဝဲတစ်ခုအား ပြင်သစ်တွင် ဖြန့်ချီ


friday , Novenber ,2013
အစ္စလာမ်ဆန့်ကျင်ရေး အပြုအမူများနှင့် စကားများကို တိုင်ကြားနိုင်မည့် ဖုန်းဆော့ဖ်ဝဲတစ်ခုအား ပြင်သစ်ရှိ အစ္စလာမ်ကြောက်ရောဂါတိုက်ဖျက်ရေး အဖွဲ့တစ်ခု ဖြစ်သည့် The Collectif Contre l’Islamophobie en France(CCIF) ပြင်သစ်နိုင်ငံတွင် တနင်္လာနေ့က စတင်ဖြန့်ချီခဲ့သည်ဟု သိရသည်။
ထိုဆော့ဖ်ဝဲအား အိုင်ဖုန်း၊ အိုင်ပက်နှင့် အန်ဒရွိုက်ဖုန်းများတွင်ပါအသုံးပြုနိုင်မည်ဖြစ်ပြီး၊ အသုံးပြုသူများအနေဖြင့် လူမျိုးရေးခွဲခြားသူများနှင့် အစ္စလာမ်ဆန့်ကျင်ရေး အပြုအမူများအား စီစစ်နိုင်မည်ဖြစ်သည်။ ထို့ပြင် မိမိ၏ပတ်ဝန်းကျင်တွင် ထိုကဲ့သို့သောလုပ်ရပ်များ ရှိ၊ မရှိကို စစ်ဆေးနိုင်ပြီး အဓိကအားအဖြင့် ထိုကဲ့သို့သော

တက္ကသိုလ်ကျောင်းသား မွတ်စလင်မ်တချို့ အဆောင်နေရန် အခက်အခဲဖြစ်


 
နိုဝင်ဘာ ၇၊ ၂၀၁၃
http://www.m-mediagroup.com/news/20121
Ygn Uni
ရန်ကုန်  ။       ။         ရန်ကုန်မြို့ရှိ တက္ကသိုလ်များတွင် ပညာသင်ယူနေသော နယ်မြို့များမှ မွတ်စလင်မ် ကျောင်းသားအချို့ ယခုနှစ် ကျောင်းပြန်ဖွင့်ချိန်တွင် အဆောင် များမှ လက်မခံသောကြောင့် အဆောင်မရရှိပဲ ကျောင်းတက်ရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။
ယခင်နှစ် တက္ကသိုလ်ဖွင့်ချိန်တွင် နေထိုင်ခဲ့သော အဆောင်တွင် ဆက်လက်နေထိုင်လိုသော်လည်း မွတ်စလင်မ်ကျောင်းသားဖြစ်နေ၍ ပတ်ဝန်းကျင်မှ ပြဿနာ ဖြစ်လာမည်ကို စိုးရိမ်၍ အဆောင်ပိုင်ရှင်မှ လက်မခံတော့သောကြောင့် အခက်အခဲဖြစ်နေသည်ကို ကျောင်းသားတစ်ဦးမှ ပြောပြလာပါသည်။
“ကျွန်တော် အမြဲတမ်း ဒီအဆောင်မှာပဲ နေခဲ့တာပါ။

Thursday, November 07, 2013

"လက်ပံတောင်း တောင်စီမံကိန်းမှလယ်တီသိမ်နှင့် စေတီတော် ပြောင်းရွှေ့ရေး သမ္မတရုံးဝန်ကြီး ဌာန ၆ မှ လွှတ်တော်တင်မည် "

Thursday, November 7, 2013

လက်ပံတောင်းတောင် စီမံကိန်း ဧရိယာ အတွင်းမှ လယ်တီ ဆရာတော် ကြီး သိမ်နှင့် စေတီတော် ပြော င်းရွှေ့ရေး ကိစ္စတို့ကို သမ္မတရုံး ဝန်ကြီးဌာန (၆) က လွှတ်တော် သို့ မကြာမီ တင်သွင်းဆွေး နွေးေ တာ့မ ည်ဟု အဆိုပါ ဝန်ကြီး ဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

စီမံကိန်း ဧရိယာ အတွင်း ပါဝင်ပြီး ဝင်ရောက် ဖူးမြော်ခွင့်အား ကြိုတင် ခွင့် ပြုချက်ဖြင့် ကန့်သတ် ထားေ သာ အဆို ပါ သိမ်နှင့် စေတီတော် ကိစ္စကို လွှတ်တော်၏ သဘော အတိုင်း သာဖြစ်ရန် တင်ပြခြင်း ဖြစ်သ ည်ဟု ၄င်းကဆိုသည်။

တရုတ်နိုင်ငံ ကွန်ပြူနစ်ပါတီဌာနချုပ်ရှေ့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား

Thursday, November 7, 2013
နိုဝင်ဘာလ ၆ရက် တရုတ်နိုင်ငံ မြောက်ပိုင်းတွင် ရှန်ဇီပြည်နယ်တွင် ကွန်ပြူနစ်ပါတီ၏ ပြည်နယ် ကော်မတီ အဆောက်အဦရှေ့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ရှစ်ဦးခန့် ဒဏ်ရာရရှိ ခဲ့သည်။

ထိုနေ့က ဒေသစံတော်ချိန် နံနက် ၇နာရီ ၄၀မိနစ်က ရှန်ဇီးပြည်နယ်၏ မြို့တော် ထိုင်းယွမ်မြို့မှ ယင်းဇီလမ်း တွင် တည်ရှိ သော ကွန်ပြူနစ်ပါတီ အဆောက်အဦရှေ့မှ ပေါက်ကွဲမှုများသည် လက်လုပ်ဗုံးငယ် များဖြစ် သည် ဟု အာဏာပိုင်များက ဆိုသည်။

Voice၏ မှုခင်း သတင်းရေးသားသည့် သတင်းထောက် မှော်ဘီတွင် ရိုက်နှက်ခံရ

Thursday, November 7, 2013
ပြည်တွင်းမီဒီယာတစ်ခုဖြစ်သည့် Voiceမှ မှုခင်းသတင်းရေးသားသည့်အငယ်တန်းသတင်းထောက်တစ် ဦး မှော်ဘီမြို့နယ်တွင် ရိုက်နှက် ခံရမှု ယခုလ(၃)ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါရိုက်နှက်ခံရမှုမှာ မှော်ဘီမြို့နယ်ပိုင်နေရာဖြစ်သည့် ရန်ကုန်ပြည် လမ်းမပေါ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၄င်းသတင်းထောက်နှင့် သူ၏သူငယ်ချင်းကိုပါ ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြခြင်းလည်း ဖြစ်ကြောင်း ထိုးကြိတ်ခံ ခဲံရသူများက ယနေ့နေ့လည် (၁)နာရီတွင်မြန်မာဂျာနယ် လစ်ကွန်ရက်၌သတင်းစာရှင်းလင်းပွဲပြုလုပ်ြေ ပာ ကြားခဲ့ကြသည်။

မင်းဘူးက ဆရာတော် တပါး ရုပ်ကလာပ် ပျောက်ဆုံးမှု ဖြစ်ပွား

Thursday, November 7, 2013
မကွေးတိုင်း မင်းဘူးမြို့နယ် နန်းတော်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် နှစ်ပေါင်း ၃၀ ခန့် ထားရှိသော ဆရာတော် ဦးနန္ဒိယ ၏ ရုပ်ကလာပ်သည် လွန်ခဲ့သည့် သီတင်းပတ်အတွင်း ပျောက်ဆုံးသွားေ ကြာင်းေ ကျးရွာ အုပ်ချုပ်ရေးမှူးက ဧရာဝတီကို ပြောသည်။“သော့ကတော့ ပိတ်ရက်သား ရှိတယ်။ သော့ ဖွင့်ကြည့် လိုက်တဲ့အခါ အဲဒီအထဲမှာ ထားတဲ့ ဆရာတော် ရုပ်ကလာပ် တခုလုံး မရှိတော့ဘူး”ဟု ကျေးရွာ အုပ်ချုပ်ေ ရးမှူး ဦးဝင်းသူက ပြောပြသည်။

ဆရာတော် ဦးနန္ဒိယသည် သက်တော် ၈၆ နှစ်၊ ၀ါတော် ၆၆ ၀ါ၊ ၁၉၈၃ ခု ဇန်န၀ါရီလ ၁၂ နေ့က ပျံလွန်ေ တာ် မူသွားခြင်းဖြစ်ပြီး ရုပ်ကလာပ် ကို မှန်ခေါင်းတလားဖြင့် ထားရှိခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

မီတာခတိုးမြှင့်ခြင်းကို ပြန်လည်စဉ်းစားသုံးသပ်ရန်အဆို ယနေ့လွှတ်တော်တင်မည်


Thursday, November 7, 2013

လျှပ်စစ်မီတာခတိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် ဝေဖန်မှုများ ဆန္ဒပြမှုများ ဖြစ်ပေါ်လာ သြ ဖင့် လျှပ်စစ်မီတာခတိုးမြှင့်ခြင်းကို ပြန်လည်စဉ်းစား သုံးသပ်ရန် အဆိုကို မလှိုင်မဲဆန္ဒနယ် အောက် လွှတ်ေ တ်ာအမတ် ဦးအေးမောက်က နိုဝင်ဘာလ ၇ရက် အစည်းအဝေးတွင် အရေးကြီးအဆိုအဖြစ် တင်သွင်းမည် ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရသည် ပြည်သူအတွက် အရှုံးခံ၊ အနစ်နာခံ ဆောင်ရွက်သဖြင့် အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ဟု ဦးမြင့်ဆွေပြော

Thursday, November 7, 2013

ယခင်စစ်အစိုးရသည် ပြည်သူများအတွက် အရှုံးခံ၊ အနစ်နာခံ ဆောင်ရွက်ပေးခဲ့သဖြင့် အဆင်းရဲဆုံးနိုင်ငံ အဖြစ် ရောက်ရှိ ခဲ့ရကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေက နိုဝင်ဘာလ ၅ ရက်နေ့ ကျင်းပသော ရန်ကုန်တိုင်း လွှတ်တော် အစည်း အဝေး တွင် လွှတ်တော်အမတ် ဒေါက်တာဒေါ်ညိုညိုသင်း၏ အမျိုးသမီး ဘတ်စ်ကားများ ပြေးဆွဲပေးရေး အဆို ကို လက်မခံနိုင် ကြောင်း ပယ်ချစဉ် ပြောဆိုကြောင်း ယနေ့ထု တ်ြ မန်မာပို့စ်ဂလိုဘယ်ဂျာနယ်တွင် ဖော်ပြထားသည်။

အလုပ်သမားသမဂ္ဂများ ညီလာခံတွင် အလုပ်ရှင်အလုပ်သမား ပဋိပက္ခများဆွေးနွေးမည်


Thursday, November 7, 2013

အနိမ့်ဆုံးလစာ သတ်မှတ်ရေးအပါအ၀င် အလုပ်ရှင်အလုပ်သမားများအကြား ဖြစ်ပေါ်လျက်ရှိနေသည့် အခ က်အခဲများကို နိုဝင်ဘာ ၁၀ ရက် မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်းတွင် ကျင်းပရန်ရှိသောအ လုပ် သမားသမဂ္ဂ ညီလာခံတွင် တင်ပြဆွေးနွေးသွားမည်ဟု ညီလာခံကျင်းပရေးကော်မတီ၏ သတင်း ထုတ်ပြ န်ရေးတာဝန်ခံ ဦးအောင်လင်းက မဇ္ဈိမကိုပြောသည်။

“အလုပ်ရှင်ဘက်က လစာတိုးပေးနိုင်၊ မပေးနိုင် အဲဒါတွေပါလာမယ်။ လုပ်ငန်းအောင်မြင်မှုရှိ မရှိကလည်း ရှိသေးတယ်။ အလုပ်သမားဆိုဒ်တစ်ခုတည်းက သွားလို့မရဘူးဗျ။ လတ်တလောဖြစ်ပွားနေတဲ့ အလုပ်ရှင် အလုပ်သမား ပြဿနာတွေ ဖြေရှင်းဖို့အတော်များများ အကူအညီအထောက်အပံ့ဖြစ်မယ်လို့ ရည်မှန်း ထား ပါတယ်” ဟုပြောသည်။

လျှပ်စစ်မီတာခ လျော့ကျစေရေး ရန်ကုန်မြို့တွင် ဆန္ဒပြမှုများ ဖြစ်ပွား

Thursday, November 7, 2013
လျှပ်စစ်မီတာခ လျော့ကျစေရေးအတွက် ရန်ကုန်မြို့တွင် နိုဝင်ဘာ ၆ ရက်က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ထိုသို့ဆန္ဒပြမှုကို နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ သိမ်ကြီးဈေးအနီး သိမ်တော် ကြီးအရှေ့တွင် စတင် ဆန္ဒဖော်ထုတ် ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ ကိုသိန်းအောင်မြင့် (အထက် မြန်မာပြည်တာဝန်ခံ) အပါအ၀င် ကိုတင်မောင်ကြည် (ရန်ကုန်တိုင်းတာ ၀န်ခံ )၊ ကိုဇေယျာလင်း (ပြန်ကြားရေးတာဝန်ခံ)၊ ကိုဇာနည် (နိုင်ငံခြားရေးရာ တာဝန်ခံ) နှင့် ကိုနောင်နောင်တို့ ငါးဦးပါဝင်ခဲ့ကာ ဆူးလေဘုရားအထိ လမ်းလျှာက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

မဟာသန္တိသုခ ကျောင်းတိုက်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားလျက်ရှိရာ ပီနန်ဆရာတော်ကြီးက သံဃမဟာနာယကအဖွဲ့အား တရားစွဲမည် ဟုဆို

Thursday, November 7, 2013
မဟာသန္တိသုခ ကျောင်းတိုက်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာေ တာ် ကြီး တို့အကြား အငြင်းပွားလျက်ရှိရာ ပီနန်ဆရာတော်ကြီးက သံဃမဟာ နာယကအဖွဲ့အား တရားဥပေ ဒကြောင်းအရ တရားစွဲဆို သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက်က မဟာသန္တိသုခကျောင်းတိုက်တွင် ပြု လုပ်သည့် ပီနန်ဆရာတော်ကြီးမှ ကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိ ရသည်။

တောင်ကြီး တန်ဆောင်တိုင် ပွဲတော်တွင် ဗုံးပေါက်ကွဲမှု မဖြစ်ပွားစေရန် လုံခြုံရေးအတွက် ကြိုတင်လေ့ကျင့်နေ

Thursday, November 7, 2013
နှစ်စဉ် ပြည်တွင်းခရီးသွား ဧည့်သည်များနှင့် ကမ္ဘာလှည့် ခရီးသွားဧည့်သည် အများဆုံး လာရောက်လည်ပ တ်သည့် ရှမ်းပြည်နယ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပွဲတော်တွင် ဗုံးပေါက်ကွဲမှုများနှင့် ထိတ်လန့်မှုများ မဖြစ်ပွားစေရန် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ ကြိုတင်လေ့ကျင်မှုများနှင့် CCTV ကင်မရာ ၄၁ လုံးကို တပ်ဆင်ထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းထွန်းက နိုဝင်ဘာ ၆ ရက် နံနက်ပိုင်း တွင်ြေ ပာကြားခဲ့သည်။

ထို့အပြင် တောင်ကြီး တန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာ ပြီးစီးရန်အတွက် တောင်ကြီးမြို့အတွင်း စစ်ေ ဆးမှုများ၊ မိုင်းရှာဖွေမှုများ၊ သောက်စားမူးယစ် ရမ်းကားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုများကို ထိရောက်စွာ စ စ်ဆေး ဆောင်ရွက်မှုများ ရှိကြောင်း သိရသည်။

NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် ပြည်သူ့သဘောထား ရယူရေး ရန်ကုန်တိုင်းလုံးကျွတ် ဟောပြောပွဲသို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက် ဟောပြောဖွယ်ရှိ

Thursday, November 7, 2013
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲကို NLD ပါတီက ရန်ကုန်မြို့ ပန်းဘဲတ န်းမြို့နယ်တွင် နိုဝင်ဘာ ၃ ရက်က ပြုလုပ်စဉ်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြည်သူ့ သေ ဘာထားများ ရယူနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း သေ ဘာထား ရယူမှုအတွက် တိုင်းလုံးကျွတ် ဟောပြောပွဲ ပြုလုပ်သွားမည်ဖြစ်ပြီး ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်း စုကြည်ကိုယ်တိုင် တက်ရောက် ဟောပြောဖွယ်ရှိကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲကို နိုဝင်ဘာ ၁၀ ရက်တွင် ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်အား ကစားကွင်းတွင် ပြု လုပ် သွားမည်ဖြစ်ပြီး ပွဲတက်ရောက်ရန် လူဦးရေ ၁၀၀၀၀ ကျော်ကို ဖိတ်ကြားထားကြောင်းနှင့် မည်သူမဆို တ က်ရောက်နိုင်ကြောင်း ပွဲကျင်းပသည့် ရန်ကုန်တိုင်း အလုပ်အမှုဆောင် အဖွဲ့ထံမှ သိရသည်။

သမ္မတဦးသိန်းစိန် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သော တောင်ငူမြို့သို့ သွားရောက်

Thursday, November 7, 2013

သမ္မတဦးသိန်းစိန်သည် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သော ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၏ အခြေ အနေများ သိရှိနိုင်ရန် တောင်ငူမြို့ (ကေတုမတီမြို့သစ်) သို့ နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီတွ င်ေ နပြ ည်တော်မှ ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။

တောင်ငူမြို့ တိုင်းရိပ်သာကြီး အစည်းအဝေးခန်းမ၌ သမ္မတအား တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းနှ င့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်တို့က တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြုပ်မှု အခြေအနေများ၊ ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ သီးနှံများ ပြန်လည် စိုက်ပျိုးနိုင်ရန်အ တွက် တိုင်းဒေသကြီးနှင့် ၀န်ကြီးဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်း လင်း တင်ပြခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးခွဲရန် စီစဉ်မှုသည် မြန်မာနိုင်ငံတွင် ဖြစ်ပွား ခဲ့သော ပဋိပက္ခများအား မကျေနပ်၍ လုပ်ဆောင်ခြင်းဟု ဖမ်းဆီးခံထားရသူ ထွက်ဆို

Thursday, November 7, 2013

ပြီးခဲ့သည့် မေလအတွင်းက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးအား ဗုံးဖောက်ခွဲရန် ကြိုးစားမှုသ ည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများအား မကျေနပ်၍ တုံ့ပြန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု အ ဆိုပါ ကြံစည်မှုကြောင့် ဖမ်းဆီးခံထားရသည့် သံသယရှိသူတစ်ဦးက ၀န်ခံ ထွက်ဆိုခဲ့သည်။

အဆိုပါ အစီအစဉ်ကို အခြားအစွန်းရောက်များနှင့်အတူ Facebook အင်တာနက် စာမျက်နှာမှတစ်ဆင့် စီစ ဉ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထွက်ဆိုခဲ့သည်။

မြောင်းမြ ဂုန်နီစက်ရုံတည်ဆောက်ရာတွင် သိမ်းယူခဲ့သော လယ်ယာမြေများ ပြန်ပေးမည်

Thursday, November 7, 2013

တစ်ချိန်က အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်သော မြောင်းမြဂုန်နီစက်ရုံ တည်ဆောက်ရာတွင် သိမ်း ယူခဲ့သော လယ်ယာမြေများကို ပြန်လည်စိစစ်ကာမူလပိုင်ရှင် တောင်သူများကို ပြန်လည်ပေးအပ်သွားပြီး လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်များကိုပါ တစ်ပါတည်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ စုံစမ်းသိရသည်။

၁၉၈၂ ခုနှစ် ဂုန်နီစက်ရုံ တည်ဆောက်စဉ်က သိမ်းယူခဲ့သည့် (၃၈၃ ဒသမ ၃၃)ဧကရှိ လယ်ယာမြေများ တွ င် စက်ရုံအဆောက်အအုံများ၊ ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ထားခဲ့ခြင်းမရှိသော နေရာများမှ ပိုလျံနေေ သာ လ/န-၃၉ ကျပြီးသော မြေဧက ၄၀ ၀န်းကျင်ကို လ/န-၃၉ ပယ်ဖျက်ပေးပြီး မူလသိမ်းဆည်းစဉ်က ပိုင် ဆိုင်ခဲ့သော တောင်သူများထံ ပြန်လည် စိစစ်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ စက်ရုံလည်ပတ်ပြီး ၁၉၉၆ ခုနှ စ်တွင် ဂုန်လျော်ပင်များ စိုက်ပျိုးရန် ထပ်မံသိမ်းဆည်းခဲ့သော လယ်ယာမြေ ၆၇ ဒသမ ၃၇ ဧကကိုမူ မူလပို င်ရှင်များထံ အားလုံး ပြန်ပေးမည်ဖြစ်ကြောင်း မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီး မှူး ဦးကျော်သိန်းထွန်းက ပြောကြားသည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဟောပြောမှုများ ပြုလုပ်မည်

Thursday, November 7, 2013

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီအနေဖြင့် ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များတွင် ၂၀၀၈ ခုနှစ် ဖွဲ့စ ည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ဟောပြောမှုများ ပြုလုပ်သွားမည်ဟု ALD ပါတီဥက္ကဋ္ဌ ဦးအေးသာေ အာင်က ပြောကြားသည်။

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ပေါင်းစည်းရာတွင် လိုအ ပ်သည့် အလုပ်အမှုဆောင် ၃၀ ဦးစာရင်းကို ယခုလ(နိုဝင်ဘာ) ၂၂ ရက် နှင့် ၂၃ ရက်များတွင် ရခိုင်ပြည် နယ် ကျောက်တော်မြို့၌ ပြုလုပ်သွားရန်ရှိပြီး အဆိုပါပွဲအပြီး တစ်ပြိုင်နက် ကျောက်တော်မြို့မှစကာ ရေ သ့တောင်၊ စစ်တွေ၊ မြောက်ဦး၊ မင်းပြား စသည့် မြို့နယ်များတွင် သက်ဆိုင်ရာ ရပ်မိရပ်ဖများ၏ အကူအ ညီဖြင့် ဖွဲ့စည်းပုံဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

မတ္တရာရှိ စကျင်တောင်တွင် ကုမ္ပဏီများ ၀င်ရောက် လုပ်ကိုင်မှုကြောင့် ဒေသခံများ၏ မူလလုပ်ကွက်များ ပျောက်ကွယ်

Thursday, November 7, 2013
မန္တလေးတိုင်း မတ္တရာမြို့နယ် စကျင်တောင်တွင် ကုမ္ပဏီများ ၀င်ရောက် လုပ်ကိုင်လာမှုကြောင့် အသေး စား ဒေသခံလုပ်ကွက်များ ပျောက်ကွယ်လာကြောင်း သိရသည်။

စကျင် ကျေးရွာအုပ်စုတွင် နေထိုင်သော ဒေသခံများသည် ၂၀၀၇ ခုနှစ်ခန့်မှစ၍ စကျင်ရွာ ဒေသခံ ရတ နာမြေသမမှ ရေချမ်းတောင်လုပ်ကွက် (၁၅) ဧကကို ကျောက်ထုတ်လုပ်ခွင့် အခွန်ပေးဆောင်ကာ လုပ် ကိုင်ခဲ့ကြရာမှ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလတွင် မိုးနတ်သား ကုမ္ပဏီမှ ကုမ္ပဏီပိုင် လုပ် ကွက်ဖြစ် သွားပြီဟု ပြောဆိုကာ ဒေသခံ (၁၂) ဦး၏ ကျောက်လုပ်ကွက်များကို သိမ်းယူခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ နယ်မြေမှူးကို ပြည်သူ ၉၂ ဦး တိုင်ကြား


Thursday, November 7, 2013

လားရှိုးမြို့ရှိ နယ်မြေမှူးတစ်ဦးသည် ရေဘေးသင့်ပြည်သူများထံ လှူဒါန်းထားငွေများ ငွေစာရင်းရှင်းတမ်း မထုတ်ပြန်ဟုဆိုကာ အရေးယူပေးရန် ရပ်ကွက်နေ ပြည်သူ ၉၂ ဦးက လက်မှတ်ထိုး တိုင်ကြားထားေ ကြာ င်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ရုံးကို ၉၂ ဦး လက်မှတ်ထိုးပြီး တိုင်ထားပါတယ်၊ နယ်မြေမှူးနဲ့ တိုင်ြ ကားသူတွေကို ခေါ်စစ်ထားပါတယ်”ဟု ပြောသည်။ တိုင်ကြားသူပြည်သူများ ကျေနပ်သည်အထိဆောင် ရွ က်ပေးသွားမည်ဖြစ်ပြီး လိုအပ်ပါက နယ်မြေမှူးအသစ် ပြန်လည် ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း ဦး ညီ ညီအောင်က ပြောသည်။။

မြန်မာသံဃာတော်တစ်ပါး ဒဏ်ရာရရှိခဲ့သည့် ဗုဒ္ဓဂယာဗုံးခွဲမှု တရားခံပေါ်ပြီ

Thursday, November 7, 2013

မြန်မာသံဃာတော်တစ်ပါး ဒဏ်ရာရရှိခဲ့သည့် ဇူလိုင် ၇ ရက် ဗုဒ္ဓဂယာဗုံးပေါက်ကွဲမှုကို အိနိ္ဒယအမျိုးသား စုံ စမ်းရေးအေဂျင်စီ (NIA)က ဖော်ထုတ်လိုက်နိုင်ပြီဟု အိန္ဒိယတိုင်းမ်သတင်းစာတွင် နိုဝင်ဘာ ၆ ရက်ကေ ဖ်ာပြထားသည်။

အိန္ဒိယနိုင်ငံအရှေ့ပိုင်းရှိ ရန်ချီပြည်နယ်မှရရှိခဲ့သည့် မှတ်တမ်းတစ်ခုတွင် ပါရှိသော အထောက်အထား များ အရ ယခုကဲ့သို့ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းမှတ်တမ်းတွင် ဗုံးတစ်လုံးချင်းစီ ထားရှိသည့်နေရာနှင့် ဗုံးေ ထာင်ခဲ့သူများအကြောင်း အသေးစိတ် ရေးသားဖော်ပြထားသည်။

ပညာရေး ဒု-၀န်ကြီး အရှက်ရစေခဲ့သည်ဟုဆိုကာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက လွှတ်တော်များသို့ စာပို့

Thursday, 07 November 2013

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောကြားခဲ့သော စကားရပ်ကြောင့် ပညာရေးဝန်ကြီးဌာန ဒု တိယ၀န်ကြီး လွှတ်တော်တွင် အရှက်ရစေခဲ့သည်ဟုဆိုကာ ပြည်ထောင်စုအစိုးရအဖွဲ့က လွှတ်တော် အ သီးသီးသို့ အောက်တိုဘာ ၂၃ ရက်က ရည်ညွှန်းစာတစ်စောင်ကို ပေးပို့ထားကြောင်း အမျိုးသားလွှ တ်ေ တာ်ဥက္ကဋ္ဌက နိုဝင်ဘာ ၆ ရက် လွှတ်တော်အစည်းအဝေးအပြီးတွင် လွှတ်တော်ကိုယ်စားလှယ်များသို့ အ သိပေး ပြောကြားလိုက်သည်။

အဆိုပါရည်ညွှန်းစာတွင် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် အမျိုးသားလွှတ်တော် အဌမပုံမှန်အစည်းအဝေးတွင် ပညာရေးဆိုင်ရာမေးခွန်းများအား ပညာရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဒေါက်တာဆန်းလွင်က ဖြေကြားခဲ့ရာတွင် ကျောင်းသားများ အလွတ်ကျက်၍ လာ ဖြေ သည့်ပုံစံဖြစ်နေကြောင်း လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည့်အပေါ် အရှက်ရစေသဖြင့် ယင်းကဲ့ သို့ ရ ည်ညွှန်းစာပို့ခဲ့ရကြောင်း ဖော်ပြပါရှိသည်။

Wednesday, November 06, 2013

ပွင့်လင်းလူ့အဖွဲ့အစည်းတွေ ခိုင်မာရင် အာဏာရှင်တွေ ခေါင်းထောင်နိုင်မှာမဟုတ်ဘူး

Wednesday, November 6, 2013
ဒီမိုကရေစီနိုင်ငံတစ်ခုပေါ် ပေါက်လာစေရေးအတွက်ပွင့်လင်း လူ့အဖွဲ့အစည်းများစွာလိုအပ်ပြီး ပွင့်လင်းလူ့ အဖွဲ့အစည်းများခိုင်မာ ပါက အာဏာရှင်များခေါင်းထောင် နိုင်မည်မဟုတ်ဘဲပွင့်လင်းလူ့အဖွဲ့ အစည်းများ အားမကောင်းပါက အာဏာရှင်များခေါင်းထောင်လာ မည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှ င့်ပွင့်လ င်းလူ့အဖွဲ့ အစည်းမှ ကိုမင်းဇေယျ ကပြော ကြားခဲ့သည်။

““ပွင့်လင်းလူ့အဖွဲ့အစည်းဆို တာလွတ်လပ်တဲ့အရပ်ဘက်အဖွဲ့ အစည်းတွေပဲ။ ဒီမိုကရေစီနိုင်ငံကို သွားတဲ့ အခါပွင့်လင်းလူ့အဖွဲ့အစည်း တွေပေါ်ပေါက်ဖို့လိုတယ်။ ကျွန်တော်တို့မြို့၊ ဒေသ၊ နယ်မြေ ကို ကျွန်တော်တို့ ပိုင်တယ်။ အဲဒါကို ပျက်စီးအောင်၊ ဒုက်္ခရောက်အောင် လုပ်တဲ့လူတွေကိုတိုက်ထုတ်ရမယ်။ ကျွန်တော်တို့ နိုင်ငံကဒီမိုကရေစီ နိုင်ငံကို သွားနေတယ်။ လုပ်ကြ ပါလို့လည်း ပြောနေကြတယ်။ ဒီမိုကရေစီ ကို တောင်း လို့မရဘူး၊ တိုက်လို့မရဘူး၊ ကျင့်ယူရမှာပါ။ ကျွန်တော်တို့နိုင်ငံရဲ့ကောင်းမွေ၊ ဆိုးမွေကို ကိုယ်ပဲခံရမှာ။ ဒါ့ေ ကြာင့် ကိုယ်တိုင်ကြိုးစားရပါမယ်”” ဟု ၎င်းမှဆက်လက်ပြောကြားခဲ့သည်။

အကျဉ်းထောင် နှစ်ခု ပြန်တည်ဆောက်ရန် တောင်းခံငွေ လွှတ်တော် အတည်ပြု

Wednesday, November 6, 2013

ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု ကော်မတီက ခွင့်မပြုသင့်ကြောင်း တ င်ပြထားသော မိုးညှင်း အကျဉ်းထောင်နှင့် မော်လမြိုင် အကျဉ်းထောင်တို့ကို ပြန်လည် တည်ဆောက်မည့် စီမံကိန်းအတွက် တောင်းခံငွေကို နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစ ည်းအဝေးတွင် တောင်းခံငွေကို ခွင့်ပြုကြောင်း ဆုံးဖြတ်လိုက်သည်။

ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု ကော်မတီက မိုးညှင်း အကျဉ်းထောင်နှင့် မော်လမြိုင် အ ကျဉ်းထောင်ကို ပြန်လည် တည်ဆောက်မည့် စီမံကိန်း တောင်းခံငွေကို ခွင့်မပြုသင့်ကြောင်း အဆိုကို ပြန် လည် ရုပ်သိမ်းလိုက်သည့် အတွက် လွှတ်တော်က ယင်းသို့ အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ကုလသမဂ္ဂ HIV/AIDS ပပျောက်ရေး ညီလာခံ တက်ရန် ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျ သွားမည်

Wednesday, November 6, 2013

ကုလသမဂ္ဂ၏ HIV/AIDS ဝေဒနာ ခံစားနေရသူများ ခွဲခြား ဆက်ဆံမှု ပပျောက်ရေး ကိုယ်စားလှယ် လ ည်း ဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ HIV/AIDS ပပျောက်ရေး ညီလာခံ တက်ရောက်ရန် သြစတြေးလျ နိုင်ငံသို့ နိုဝင်ဘာလ အတွင်း သွားရောက် မည် ဖြ စ်ကြောင်း NLD ပါတီထံမှ သိရှိရသည်။

အဆိုပါ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံ မ ည် ဖြစ်ပြီး ဆစ်ဒနီမြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ HIV/AIDS ညီလာခံသို့ တက်ရောက်မည် ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

ဆင်ဖြူတော်မုန်ယိုလို့ ပဋိပက္ခများနှင့်အတူ နိုင်ငံရေးမငြိမ်မသက်ခြင်းများဖြစ်နိုင်

Wednesday, November 6, 2013
တပ်မတော်အစိုးရလက်ထက် ပထမဆုံးရရှိပိုင်ဆိုင်ခဲ့သော ဆင် ဖြူတော် မုန်ယိုပြီး ဆင်ထိန်းကို အသက်ေ သစေမှုဖြစ်စဉ်ကြောင့် နိုင်ငံရေး၊ အုပ်ချုပ်ရေးမတည် မငြိမ်ဖြစ်ပေါ်လာနိုင်ကြောင်း မြန်မာနိုင်ငံနက္ခတ် သိပ္ပံ အဖွဲ့ နိုင်ငံ တကာရေးရာနက္ခတ်သိပ္ပံသင်တန်း ကျောင်းမှ အမှုဆောင်အရာရှိ ချုပ် ဦးဇေယျာကို က ပြော ကြားခဲ့ သည်။

ပြည်နယ်နှင့်တိုင်း လွှတ်တော် ဆုံးဖြတ်ချက်များ ဝန်ကြီးချုပ်များ မဆောင်ရွက်ပါက သမ္မတထံ တိုင်နိုင်

Wednesday, November 6, 2013

ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များက ဆုံးဖြတ် အတည်ပြု ထားသော ဥပဒေများ၊ အဆိုများ၊ မေး ခွန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များက လိုက်နာလုပ်ဆောင်ခြင်း မရှိပါက နိုင်ငံေ တာ် သမ္မတထံ တိုက်ရိုက် သဝဏ်လွှာပေးပို့ တိုင်ကြားနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြည်န ယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိ လွှတ်တော် ဥက္ကဋ္ဌများထံ သဝဏ်လွှာ ပေးပို့ထားကြောင်း မွန်ပြည်နယ် လွှ တ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေက ပြောကြားသည်။

ယင်းသဝဏ်လွှာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာလ ၅ရက်နေ့တွင် ကျင်းပသော ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် အသီးသီးသို့ ပေးပို့လိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သူများ ထံမှ သိရှိရသည်။

ဆီးဂိမ်းဘောလုံးပြိုင်ပွဲ မြန်မာအမျိုးသားအသင်း အုပ်စု(ခ)တွင်အင်ဒိုနှင့်ထိုင်းတို့အတူ ကျရောက်

Wednesday, November 6, 2013
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲများ၏အုပ်စုမဲခွဲပွဲအစီအစဉ်များကို ယနေ့တွင်နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်းကြီးတွင် ပြုလုပ်နေသည်။

အဆိုပါ မဲခွဲပွဲရလဒ်များမှာအမျိုးသားပွဲစဉ် အုပ်စု(က)တွင် မလေးရှား၊ အုပ်စု(ခ)တွင် အင်ဒိုနီးရှားတို့ စတင်သက်မှတ်သည်။

ဝန်ကြီးဌာနများ နိုင်ငံတော်သို့ပေးသွင်းရန် ကြွေးကျန် ကျပ်သန်းဘီလီယံချီ ရှိနေ

Wednesday, November 6, 2013

အစိုးရ အဆက်ဆက် ဝန်ကြီးဌာန များက နိုင်ငံတော်ကို ပေးသွင်းရန်ကျန် ရှိသောငွေကျပ်သန်းပေါင်း ဘီလီ ယံချီ သည့် ကြွေးကျန်များကို ပြည်ထောင်စု လွှတ်တော်တွင်လာရောက် ရှင်းလင်းရန် ပြည် သူ့ ငွေစာ ရင်း ပူးပေါင်းကော်မတီက လွှတ်တော်သို့ တင်ပြသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီး ဌာနများအလိုက်နိုင်ငံတော်သို့ ပေးသွင်း ရန်ရှိသည့် စုစုပေါင်း ကြွေး ကျန်စာရင်း မှာ ယခုနှစ် အောက်တိုဘာလ ၂၈ ရက် အထိ ၁၁၂၅ဝ၇၇ ဒသမ ဝ၄၂ ကျပ် သန်း၊ အမေရိ ကန် ဒေါ်လာ ၄၄ဒသမ ၃၈၁သန်း၊ ရွှေစင် ၁၁၃၉၄၈ ဒသမ ၁၃ ကျပ်သား၊ သံချောင်း ၅ ဒသမ ၃၆၂ တန်၊ အက်ဖ်အီးစီ ဝ ဒသမ ဝ၇၄ သန်း၊ ယန်းငွေ ဝ ဒသမ ၂၆ဝ သန်း၊ ရင်းဂစ် ဝ ဒသမ ဝဝ၂သန်း၊ ယူရို ၂ ဒသမ ၃၉၆ သန်း ပါဝင်ကြောင်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။

မိုးစက်ဝိုင် နဲ့ မြန်မာဝတ်စုံ ဖက်ရှင်

Wednesday, November 6, 2013
 မယ်စကြာဝဠာသရဖူကို မော်စကိုမှာ သွားလုနေတဲ့ နိုင်ငံတကာ အလှမယ်များရဲ့ ရိုးရာ ဝတ်စုံ ဖက်ရှင် ပြပွဲ ကို မနေ့က တွေ့ခဲ့ရပါပြီ။
 နိုင်ငံအသီးသီးက ရိုးရာဖက်ရှင်များကို တွေ့ခဲ့ရတဲ့ အစီအစဉ်ပါ။

ဆီးဂိမ်းစ်အတွက် ဘတ်ဂျက်တောင်းခံသည့် ပညာရေး ၀န်ကြီးဌာနနှင့် ပတ်သက်၍ များစွာရှက်မိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား၊ ဒီမိုကရေစီနှင့် မကိုက်ညီသည့် လုပ်ဆောင်မှုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ဝေဖန်

Wednesday, November 6, 2013

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှင့် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် ပညာရေးအတွက် မဟုတ်ဘဲ အားကစားအတွက် အသုံးပြုရန် ထပ်မံတောင်းခံခဲ့ခြင်း အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း ထို့အတွက် များစွာရှက်မိသည်ဟု ပြောကြားသည်။

ကော့သောင်း အကျဉ်းထောင်ရှိ ကြမ်းခင်းအောက်တွင် ဓား ၃၅ ချောင်း အပါအ၀င် ယူဆောင်ခွင့် တားမြစ်ပစ္စည်းများကို ထပ်မံရှာဖွေ တွေ့ရှိ


Wednesday, November 6, 2013
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းအကျဉ်းထောင်အတွင်း ယူဆောင်ခွင့် တားမြစ်ထားသည့် ပစ္စည်း များကို ရှာဖွေတွေ့ရှိခဲ့သဖြင့် စစ်ဆေးနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန၊ ဒုတိယ ညွှ န်ကြားရေးမှူး ဦးအေးသွင်က နိုဝင်ဘာ ၅ ရက်၊ နံနက်ပိုင်းတွင် Daily Eleven သတင်းစာသို့ ပြောကြားခဲ့ သည်။

ကော့သောင်း အကျဉ်းထောင်အတွင်း စည်းကမ်းလိုက်နာမှု အားနည်းနေခြင်းကြောင့် စက်တင်ဘာ ၂၇ ရ က်မှ အောက်တိုဘာ ၆ ရက်အထိ စစ်ဆေးခဲ့ရာတွင် အကျဉ်းသား ငါးဦးထံမှ ဟန်းဆက်၊ ဆင်းမ်ကတ်၊ ဘ လိတ်ဓားနှင့် ဓားများကို တွေ့ရှိရသဖြင့် အရေးယူခဲ့ရကြောင်း သိရသည်။

Mobile Team မှ ၀င်ရောက်စစ်ဆေးနေသော လှိုင်မြို့နယ် ကုမ္ပဏီရှိ သောင်းချီသော နိုင်ငံခြားဖြစ် ၀ိုင်နှင့်ဘီယာများမှာ တရားမ၀င်ကြောင်း အဖြေထွက်ရှိ


Wednesday, November 6, 2013
တိုင်ကြားချက်အရ တရားမ၀င် ကုန်ပစ္စည်းများ ၀င်ရောက်မှု တားဆီးရေးအဖွဲ့ Mobile Team မှ ၀င်ရောက် စစ်ဆေးနေသော လှိုင်မြို့နယ် ၂ ရပ်ကွက် ဘုရင့်နောင် လမ်းဆုံရှိ Quarto Product ကုမ္ပဏီတွ င် သောင်း ချီသော နိုင်ငံခြားဖြစ်ဝိုင်နှင့် ဘီယာများမှာ တရားမ၀င်ဟု Mobile Team အဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကြေ ပာကြားသည်။

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် စစ်ဆေးရန် ကျန်ရှိနေသေးသည့် ဟန်လင်းမြို့ဟောင်းအား လာမည့်နှစ်ဆန်းပိုင်းတွင် လာရောက်စစ်ဆေးမည်

Wednesday, November 6, 2013
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် စာရင်းတင်သွင်းထားသည့် ပျူမြို့ဟောင်း သုံးမြို့အနက် ICOMOS (Inter national Council on Monuments and Sites) မှ လာရောက်စစ်ဆေးရန် ကျန်ရှိနေသေးသည့် ဟန်လ င်းမြို့ဟောင်းအား ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း ယဉ်ကျေးမှု ၀န်ကြီး ဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ သိရသည်။

နန်းခင်ဇေယျာ ပထမဆုံးဗီဒီယိုဇာတ်ကား စတင်ရိုက်ကူး

Wednesday, November 6, 2013
နန်းခင်ဇေယျာ ပါဝင်သရုပ်ဆောင်မည့် အက်တိုးပစ်အပျိုစင် ဗီဒီယိုဇာတ်ကားကို နိုဝင်ဘာ၎ ရက်မှစတင် ရို က်ကူးလျက်ရှိသည်။ ဒါရိုက်တာညွန့်မြန်မာညီညီအောင် ရိုက်ကူးပြီး သရုပ်ဆောင်ခန့်စည်သူနှင့်အတူ နန်း ခင်ဇေယျာက အဓိကပါဝင်မည်ဖြစ်သည်။ အဆိုပါဇာတ်ကားတွင် နန်းခင်ဇေယျာကဆရာဝန်မအဖြစ် သရု ပ် ဆောင်ရမည်ဖြစ်သည်။

ဖုန်းဆင်းမ်ကတ်များ အပြင်ပေါက်ဈေးဖြင့် ထုတ်ရောင်းသူ အုပ်ချုပ်ရေးမှူးကို အရေးယူပြီ

Wednesday, November 6, 2013

ဖုန်းဆင်းမ်ကတ် ၄၅ ကတ်ကို ပြင်ပပေါက်ဈေးဖြင့် ရောင်းခဲ့သည့် မွန်ပြည်နယ်၊ ဘီလူးကျွန်း၊ ချောင်းဆုံ မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းသိန်း၏ ခြစားမှုကို ပြည်နယ်အစိုးရက ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အရေး ယူမှုများ စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေက နိုဝင် ဘာ ငါးရ က်တွင် ပြောသည်။

စက်တင်ဘာလအတွက် ချောင်းဆုံမြို့နယ်အတွင်းရှိ ရွာများကို ခွဲတမ်းချပေးခဲ့သည့် တယ်လီဖုန်းဆင်း က တ်များအနက်မှ တစ်ရွာလျှင် တစ်ကဒ်နှုန်း ထုတ်နှုတ်ကာ (၄၅) ရွာအတွက် (၄၅) ကတ်ကို မြို့နယ် အုပ်ချု ပ်ရေးမှူး ဦးအောင်ထွန်းသိန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးတို့က ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲရန်ပုံ ငွေ ထ ည့်ဝင်ရန်အတွက် ရောင်းချခဲ့ခြင်းဖြစ်ရာ ယင်းအတွက် အရေးယူမှုများ စတင်လုပ်ဆောင်နေပြီဖြစ် သည်ဟု ဦးကျင်ဖေက ဆိုခြင်းဖြစ်သည်။ အရေးယူရာတွင် ချောင်းဆုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်း သိန်း ကို ခြောက်လကြာ ရာထူးတိုး ရပ်ဆိုင်းလိုက်ပြီး မြို့နယ် ဒုဦးစီးမှူး နှစ်ဦးကို နေရာပြောင်းရွှေ့ လိုက်ခြ င်း ဖြ စ်သည်။

ဘင်္ဂါလီ ၇၀ ဦးပါဝင်သည့် စက်လှေတိမ်းမှောက်မှု ရခိုင်ပြည်နယ်အစိုးရ အတည်မပြု

Wednesday, November 6, 2013

ရခိုင်ပြည်နယ်မှထွက်ခွာသွားသော ဘင်္ဂါလီ ၇၀ ဦးပါဝင်သည့် စက်လှေတစ်စင်း ဘင်္ဂလားပင်လယ်အော် အ တွင်းတွင် တိမ်းမှောက်ရာ ၆၀ ဦးကျော် ပျောက်ဆုံးပြီး ရှစ်ဦး ပြန်လည်တွေ့ရှိသည်ဆိုသည့် သတင်းကို ရခို င်ပြည်နယ်အစိုးရအဖွဲ့က အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားေ ရး ကော်မ တီဥက္ကဋ္ဌ ဦးလှသိန်းက နိုဝင်ဘာ ၅ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

နိုဝင်ဘာ ၃ ရက်က AP သတင်းဌာနအပါအ၀င် နိုင်ငံခြားသတင်းဌာနအချို့တွင် ဘင်္ဂါလီ ၇၀ ဦး စီးနင်း လို က်ပါသွားသော စက်လှေသည် တိမ်းမှောက်မှု ဖြစ်ပေါ်ခဲ့ပြီး ဘင်္ဂါလီ ရှစ်ဦးကို ရခိုင်ကမ်းရိုးတမ်း တွင် ပြန် လည်တွေ့ရှိကာ ကျန် ၆၀ ဦးကျော်မှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဖော်ပြထားသော်လည်း အဆို ပါသ တင်းအပေါ် အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ပြည်နယ်အစိုးရအဖွဲ့က ပြောကြားလိုက်ခြင်း ဖြစ် သည်။

ရခိုင်ပြည်နယ်အတွင်း ခွဲခြားအကူအညီပေးသည်ဟု စွပ်စွဲချက် MSF အကြီးအကဲ တုံ့ပြန်ငြင်းဆို

Wednesday, November 6, 2013

ရခိုင်ပြည်နယ်အတွင်း လူမှုရေးကူညီမှုများ ပြုလုပ်လျက်ရှိသည့် NGO များသည် ခွဲခြားအကူအညီပေး သ ည်ဟူသည့် စွပ်စွဲချက်များကို နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ အကြီး အကဲ ဗစ်ကီဟော့ကင်းက တုံ့ပြန်ငြင်းဆိုလိုက်သည်။

နိုဝင်ဘာ၂ ရက်က ပေါက်တောမြို့နယ် ဆင်တက်မော် ဒုက္ခသည်စခန်းတွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခတွင် ဒါ ဏ်ရာရခဲ့သော ဘင်္ဂါလီဒုက္ခသည်များကို ဒေသတွင်းရှိ INGO အဖွဲ့အစည်းတစ်ခုဖြစ်သော MSF အဖွဲ့ဝင် များက စစ်တွေဆေးရုံသို့ ပို့ဆောင်ပေးသော်လည်း ဆင်အိုင်ကျေးရွာတွင် အကြမ်းဖက်ခံရသော ရခိုင် အ မျိုးသမီးများကို ဆေးရုံသို့ ပို့ဆောင်ပေးခြင်းမရှိဟုဆိုသည့် စွပ်စွဲချက်များကို တုန့်ပြန်ငြင်း ဆိုလိုက်ခြ င်း ဖြစ် သည်။

မွန်ခေါင်းဆောင်၏ “မွန်နိုင်ငံရေးလှုပ်ရှားမှုသမိုင်း အတွေ့အကြုံ”စာအုပ် ယခုနှစ်အတွင်း ဖြန့်မည်

Wednesday, November 6, 2013

မွန်တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သူ နိုင်ပန်းသာ ပြုစုထားသည့် “မွန်နိုင်ငံရေး လှုပ်ရှားမှုသမိုင်း အေ တွ့အကြုံ”စာအုပ်ကို ယခုနှစ်မကုန်မီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ၎င်း၏ြေ မးဖြစ်သူ ကိုသူက ပြောသည်။

စာအုပ်ထုတ်ဝေရေး စီစဉ်သူလည်းဖြစ်သည့် ကိုသူက “ကျွန်တော်တို့ မိသားစုဝင်တွေ ဦးစီးပြီး အဘိုး ကိုယ် တိုင်ရေးခဲ့တဲ့ စာတွေကို စုစည်းပြီး စာအုပ်ထုတ်ဝေဖို့ ကြိုးစားခဲ့တာ၊ အခုတော့ အသင့်ဖြစ်ပါပြီ” ဟု ပြော သည်။

စီတန်းလှည့်လည်ခွင့်ဥပဒေကို ပြန်ပြင်မည်

Wednesday, November 6, 2013

ပြည်ထောင်စုလွှတ်တော် အစောပိုင်းကာလကတည်းက ပြဋ္ဌာန်းခဲ့သည့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်း လှ ည့်လည်ခွင့် ဥပဒေပါပုဒ်မ ၁၈ ကြောင့် ထောင်ဒဏ်ကျခံရသူ အများအပြားရှိလာပြီးနောက် အဆိုပါ ပြ ဋ္ဌာန်း ချက် မပါဝင်သည့် ဥပဒေအဖြစ် ပြန်လည်ပြင်ဆင်ရန် ဥပဒေကြမ်းတစ်ခုကို ပြည်သူ့လွှတ်တော် ဥပဒေရေး ရာနှင့် တရားစီရင်ရေး ကော်မတီက ယခုတစ်ပတ်အတွင်း လွှတ်တော်သို့တင်သွင်းသွားမည်ဟု ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက မဇ္ဈိမကိုပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေး အိပ်မက်ရှည် ဘယ်အချိန်ထိ ဆက်မက်နေရဦးမလဲ

Wednesday, November 6, 2013

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လွန်ခဲ့သော အောက်တိုဘာလတွင် ကျင်းပမည် ဟု သတင်း ထွက်ခဲ့သော်လည်း လေထဲတိုက်အိမ်ဆောက်သလို ပျောက်ကွယ်သွားခဲ့တယ်။ ပြီးတော့ အော က်တို ဘာ(၃၀)ရက်ကနေ နိုဝင်ဘာ(၂)ရက်နေ့အထိ လိုင်ဇာမှာ အပစ်ရပ်ရေး အကြိုဆိုပြီး တိုင်းရင်းသား ညီလာခံကြီး ကျင်းပခဲ့တယ်။ ဘုံသဘော တူညီချက်တွေနဲ့ လက်မှတ်တွေ ထိုးခဲ့ကြတယ်။

ဒါပေမယ့် အဲဒီလက်မှတ်ရေးထိုးပွဲမှာ RCSS က လက်မှတ်မထိုးဘူးလို့ သိရပါတယ်။ UNFC နဲ့ အခြား တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ လက်မှတ်ထိုးခဲ့တယ်။ ဒီတော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ် စဲ ရေးမှာ RCSS က ဒီလိုင်ဇာ ကြေညာချက်အတိုင်း လက်မှတ်မထိုးဘူးဆိုတဲ့သဘော သက်ရောက်နေပါ တယ်။ အခုကတည်းကစပြီး ဇာတ်ခေါင်းကွဲပြီလို့ တောင် အသံဗလံတွေ ထွက်လာပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ.၀င်တွေကို ဥရောပ သမဂ္ဂ အစီအစဉ်နဲသင်တန်းပေး

Tuesday, November 6, 2013
မြန်မာနိုင်ငံ ရဲတပ်ဖွဲ.၀င်တွေကို ဥရောပ သမဂ္ဂ အစီအစဉ်နဲ. အဓိကရုဏ်း နှိမ်နင်းရေးနဲ. ပက်သက်တဲ့ သင် တန်းတွေ ပေးနေတယ်လို. သိရပါတယ်။

အဓိကရုဏ်း နှိမ်နင်းရာမှာ ကိုင်တွယ်ဆောင်ရွက်မှုတွေနဲ. ပက်သက်ပြီး ဝေဖန်ခံနေရတဲ့ အတွက် မြန် မာနို င်ငံ ရဲတပ်ဖွဲ.ကို ဥရောပ သမဂ္ဂက ယခုလို သင်တန်း ပေးတာ ဖြစ်တယ်လို. သိရပါတယ်။

Tuesday, November 05, 2013

မြစ်ကြီးနား ပူးတွဲကြေညာချက်

Tuesday, November 5, 2013


အစိုးရနဲ့  လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ ပထမဆုံး ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ဘယ်လို ရလ ဒ်တွေ ထွက်လာပါသလဲ။

မြစ်ကြီးနား ဆွေးနွေးပွဲ မတင်မကျ ပြီးဆုံး

Tuesday, November 5, 2013

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒဖော်ထုတ်

Tuesday, November 5, 2013
ဘိုတထောင်မြို့နယ် အမှတ် ၃ ရပ်ကွက်ရှိ အရင်စစ်အစိုးရလက်ထ က်ကတည်းက မတရားသိမ်း ဆည်းခြဲ့ ပီး အခုလက်ရှိ အိမ်ယာစီမံကိန်းတွေ ဆောက်လုပ်နေတာကို မကျေနပ်တဲ့ ဒေသခံတွေက မြေ ယာတွေ ပြ န်လည်ရရှိရေးအတွက် ဒီနေ့ နေ့လယ် ၁ နာရီက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဒီမိုကရေစီ အခွင့်အရေးနှင့် ပြည်သူ့ဘုံပိုင် သဘာဝ အရင်းအမြစ် ရှင်းတမ်း

Tuesday, November 5, 2013
နိုင်ငံ တစ်ခု၏ သဘာဝ သယံဇာတ အရင်းအမြစ် များသည် ထိုနိုင်ငံတွင် မှီတင်းနေထိုင်ေ သာ ပြည် သူပြ ည်သား အားလုံးနှင့် သက်ဆိုင်ပြီး အားလုံး ဘုံပိုင် ဆိုင်သော အရာဟု လည်းဆိုနိုင်ပါသည်။

ထိုအချက်ကြောင့်ပင် ဒီမိုကရေစီ နိုင်ငံတော် တစ်ခုဟု သေချာပါက ပြည် သူများ အနေနှင့် အစိုးရမှပြည်သူ ကိုယ်စား တာဝန်ယူ အုပ်ချုပ်၍ သယံဇာတ အရင်း အမြစ် တူးဖော် ထုတ်လုပ်ခြင်းမှ ရရှိသည့် အခွန်အတု တ် အပါအဝင် ဘဏ္ဍာငွေ အသီးသီးကို သိရှိခွင့်၊ ပြောဆိုမေးမြန်း ပိုင်ခွင့်သည် ရှိရမည်ဖြစ် သည်။

ဆီးဂိမ်းဘောလုံးပြိုင်ပွဲအုပ်စုမဲခွဲပွဲ ရလဒ်များ Myanmar Football Federation ဖေ့စ်ဘွတ် စာမျက်နှာမှ တိုက်ရိုက်တင်ဆက်မည်

Tuesday, November 5, 2013

ဆီးဂိမ်းဘောလုံးပြိုင်ပွဲအုပ်စုမဲခွဲပွဲရလဒ်များကို့ Myanmar Football Federation ဖေ့စ်ဘွတ်စာမျက်နှာမှ တို က်ရိုက်စီစဉ်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းMyanmar Football Federationမှသိရသည်။

စက်မှုဝန်ကြီးဌာနပိုင် စက်ရုံများ ပုဂ္ဂလိကသို့ ငှားမည်

Tuesday, November 5, 2013

စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အထည်အလိပ်စက်ရုံများ၊ ဝါကြိတ်စက်ရုံများ အပါအဝင် ကျန်ရှိနေေ သးသော စက်ရုံများကို ပုဂ္ဂလိကသို့ ဆက်လက်ငှားရမ်း လုပ်ဆောင်ခွင့်ပြုမည် ဖြစ်ကြောင်း စက်မှု ဝန်ကြီး ဌာန စက်မှုညွှန်ကြားရေး ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အစိုးရက ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ တိုးပွားလာစေရန်အတွက် ယင်းကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်ေ ကြာင်း ၎င်းက ပြောဆိုသည်။

ဖုန်းမယူလာကြရန် လွှတ်တော် ကိုယ်စားလှယ်များကို သူရဦးရွှေမန်း သတိပေး

Tuesday, November 5, 2013
လွှတ်တော်တွင်း ဖုန်း Ring Tone သံများ ကြားနေရသောကြောင့် လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် လွှတ်တော်သို့ ဖုန်းနှင့် ဖုန်းကဲ့သို့သော ပစ္စည်းများ ယူမလာကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က သတိပေး ပြောကြားသည်။

လွှတ်တော်အတွင်း မည်သည့် ပစ္စည်းမျှ ယူမလာကြရန် စည်းကမ်း သတ်မှတ်ထားသော်လည်း လွှတ်တော် ကိုယ်စားလှယ်များက ဖုန်းများ ယူဆောင်လာပြီး လွှတ်တော် အတွင်းဖုန်း Ring Tone သံများ မြည်နေခြ င်းကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယင်းသို့ သတိပေး ပြောကြားလိုက်ခြင်း ဖြစ်သည်။

လေကြောင်း စံချိန်စံညွှန်း ညီ မညီ အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့ချုပ် စစ်ဆေးမည်

Tuesday, November 5, 2013
လေကြောင်းဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်များ (Annex) ညီ မညီ၊ လိုက်နာမှု ရှိ မရှိ အပြည်ပြည်ဆိုင် ရာ မြို့ပြ လေကြောင်းအဖွဲ့ချုပ် (ICAO) က လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန သို့ နိုဝင်ဘာ လ ၆ ရက်နေ့တွင် လာရောက် စစ်ဆေးမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာ န လေယာဉ် စက်မှုဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးသန့်က ပြောကြားသည်။

နိုင်ငံရေးဆွေးနွေးပွဲ အမြန်ကျင်းပေရး အစိုးရနှင့်တိုင်းရင်းသားအဖွဲ့များ သေဘာတူ

Tuesday, November 5, 2013
နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေအမြန်ဆုံးကျင်းပနိုင်ရေးအတွက် နှစ်ဘက်အဖွဲ့အစည်းက သေဘာတူညီခဲ့
ကြတယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ လက်နက်ကိုင်တိုင်း ရင်းသား အဖွဲ့အစည်းတွေ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရေးအတွက် ဆွေးနွေးပွဲကို နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက်ေ န့တွေက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဂျွယ်ခန်းမမှာ ပြုလုပ်ခဲ့ပြီးနောက် အခုလို ပူးတွဲကြေညာချက် ထု တ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဆစ်ဒနီ ငြိမ်းချမ်းရေးဆု ဒေါက်တာ စင်သီယာမောင်ရရှိ

Tuesday, November 5, 2013
ထိုင်း-မြန်မာ နယ်စပ်တလျှာက်က မြန်မာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ စစ်ပြေးဒုက္ခ သည်တွေကို နှစ်ပေါင်း များစွာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီ ယာေ မာင်ကို ဆစ်ဒနီ ငြိမ်းချမ်းရေးဖောင်ဒေးရှင်းကေန ငြိမ်းချမ်းရေးဆု ချီးမြင့်လိုက်ပါတယ်။

တည်ထောင်ပြီး နယ်စပ်တေလျှာက် က မြန်မာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ စစ်ပြေးဒုက္ခသည်တွေကို ကျန်း မာရေးစောင့်ရှောက်မှု ပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်ကို ဆစ်ဒနီ ငြိမ်းချမ်းရေး ဖောင်ဒေးရှ င်းကေနြ ပီး ဒေါက်တာ ၂၀၁၃ ဆစ်ဒနီငြိမ်းချမ်းရေးဆု ပေးဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတနှင့် ၀န်ကြီးများ လစာလျော့ချမှု ပါဝင်သည့် ဥပေဒေကြမ်း လွှတ်တော်တင်

Tuesday, November 5, 2013
သမ္မတနဲ့ ၀န်ကြီးတွေကို အရင် စစ်အစိုးရက ပြဋ္ဌာန်းပေးထားတဲ့ လစာထက် လျော့ချ တ်မှတ်တာ ပါဝင်တဲ့ ဥပေဒြကမ်းကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။နိုဝင်ဘာ ၄ ရက်နေ့က အမျိုးသား လွှတ်တော်မှာ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာလင်းအောင်က “ပြည်ထောင်စု အ ဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နဲ့ အေဆာင်အေယာင်များဆိုင်ရာ ဥပေဒကို ပြင်ဆင်သည့် ဥပေဒြက မ်း” တင်သွင်းစဉ် ဥပေဒြကမ်းကော်မတီက သမ္မတနဲ့ ၀န်ကြီးတွေရဲ့ လစာ လျော့ချတဲ့အချက်ေ တွကို ဖြည့် စွက် ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။

ပေါက်တော အကြမ်းဖက်မှု ထပ်မဖြစ်ရန် လုံခြုံရေးတိုးမြှင့်


Tuesday, November 5, 2013
ပဋိပက္ခများ မကြာခဏ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာ အုပ်စု တွင် နိုဝင်ဘာလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် လူသုံးဦးထက်မန ည်း သေဆုံး ခဲ့သဖြင့် အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပွားစေရန် လုံခြုံရေးအင်အား တိုးမြှင့်ထားကြောင်း မြို့နယ် ရဲတပ် ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

နယ်မြေ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော်နှင့် ရဲတပ်ဖွဲ့ အင်အားများ တိုးချဲ့ ထား ပြီး ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရန် စုံစမ်းနေကြောင်း ယင်းရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။

အပစ်ရပ်စဲရေး ဘုံသေဘာတူညီချက် ၁၁ ချက်


Tuesday, November 5, 2013


"ကိုရီးယားနိုင်ငံ ဂုဏ်ထူးဆောင် ခရီးသွား သံတမန်ဘွဲ့ ခန့်အပ်ခံရတဲ့ မော်ဒယ် တင်မိုးလွင်"


Tuesday, November 5, 2013
အနုပညာလောက မှာ မော်ဒယ် မိခင်ကြီးလို့ တင်စားခေါ်ဝေါ် ခံရတဲ့ Talents & Models အေဂျင်စီ တည်ေ ထာင်သူ တင်မိုးလွင် က အောက်တို ဘာ ၇ ရက်နေ့က ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ကို သွားရောက်ပြီး ကိုရီး ယား နိုင်ငံ ရဲ့ခရီးသွား ဝန်ကြီး ဌာန ကပေးအပ် တဲ့ ဂုဏ်ထူးဆောင် ခရီး သွား သံတမန် ဘွဲ့ကို သွားရော က် ယူခဲ့ပါ တယ်။ ကိုရီးယား ကုန်သွယ်မှု အဖွဲ့အစည်း ၊ မြန်မာ နိုင်ငံ ကုန်သွယ်မှု အဖွဲ့အစ ည်းနှင့် မြန် မာနိုင်ငံမှာ လာရောက် လုပ်ကိုင် နေ တဲ့ ကိုရီးယား လုပ်ငန်းရှင် များရဲ့ ထောက် ခံပေးအပ်မှုကြောင့် ရရှိ ခဲ့ ခြင်းဖြစ်တယ် လို့ သိရပါတယ်။
ဂုဏ်ထူး ဆောင် ခရီးသွား သံတမန်ဘွဲ့ကို ခန့်အပ် ခြင်း ခံရတဲ့ မော်ဒယ်တင်မိုးလွင်က

မလေးရှားရောက် မြန်မာပြည်သားများအတွက် ပူးတွဲ ကြေညာချက်


Tuesday, November 5, 2013
မလေးရှားရောက် မြန်မာပြည်သားများအရေးအတွက်လူမှုအဖွဲ့အစည်းတွေပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။
 
မလေးရှားနိုင်ငံရှိ မြန်မာအသင်းအဖွဲ့များနှင့် မြန်မာနိုင်ငံမှ INEB Conference သို့ တက်ရောက် လာကြေ သာ ပြည်တွင်းအခြေစိုက် အရပ်ဖက်အသင်းအဖွဲ့များ၏ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ပူးတွဲ ကြေညာချက်

ကွာလာလမ်ပူမြို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ(၄)ရက်

နိုင်ငံလုံးအဆင့် အပစ်ရပ်ရေး လိုင်ဇာညီလာခံက ဆုံးဖြတ်သည့် မူဘောင်ပါ အချက်အများစု အစိုးရသဘောတူ


Tuesday, November 5, 2013
KIO ဌာနချုပ် လိုင်ဇာတွင် နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကို င် များ ဆွေးနွေး ဆုံးဖြတ်ခဲ့သည့် လိုင်ဇာမူဘောင်ပါ အချက်အများစုကို အစိုးရက သဘောတူ လက်ခံထားေ ကြာင်း လိုင်ဇာမူ အကောင်အထည်ဖော်ရေး ညှိနှိုင်း အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောကြားသည်။

တိုင်းရင်းသားအဖွဲ့များက တင်ပြသည့် လိုင်ဇာ အပစ်ရပ်မူကြမ်း အချက် ၁၁ ချက်ကို ပြင်ဆင်ရန် အစိုးရဘ က်က အများအပြား တောင်းဆိုမှုမရှိဘဲ အဓိကအချက်များကို လက်ခံကြောင်း၊ ရှေ့ဆက်သွားရန် အလား အလာ အလွန်ကောင်းကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

မြန်မာအမျိုးသမီးအား အဓမ္မမှု ကျူးလွန်ရန် ကြိုးပမ်းသည့် ထိုင်းအမျိုးသားကို ထိန်းသိမ်းထား


Tuesday, November 5, 2013

ထိုင်းနိုင်ငံ၊ ဘန်းဖီမြို့နယ်ရှိ ဖိနပ်များ ထုတ်လုပ်သည့် စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုး သ မီးတစ်ဦးကို ထိုင်းအမျိုးသားတစ်ဦးက အဓမ္မမှုကျူးလွန်ရန် ကြိုးပမ်းခဲ့သည်ကို ဖမ်းဆီးရမိကာ အချိန်မီ ထိ မ်းသိမ်းနိုင်ခဲ့ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှအလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင် က ပြော သည်။

အဆိုပါ မြန်မာအမျိုးသမီး အလုပ်လုပ်သည့် ဖိနပ်စက်ရုံမှာ Summit Foot Wear, Co.Ltd, Aerosoft ဖိန ပ်များ ထုတ်လုပ်သည့်စက်ရုံဖြစ်ပြီး စမုတ်ပရာကန် ခရိုင်၊ ဘန်းဖီမြို့နယ်တွင် တည်ရှိသည်။ ဖြစ်စဉ်မှာ ယ မန်နေ့ နိုဝင်ဘာ ၃ရက်က ဖြစ်ပွားခဲ့ဖြစ်ပြီး အဓမ္မမှုကျူးလွန်ရန်ကြိုးစားသည့် ထိုင်းအမျိုးသားကို ဘန်ဖီ ရဲစ ခန်းတွင် အမှုဖွင့်ကာ ချုပ်နှောင်ထားသည်။

ကျော်သူ သာ သမ္မတကြီး ဖြစ်ခဲ့ရင် (သို့မဟုတ်) သတင်း လူသား


Tuesday, November 5, 2013
ယခုရက်ပိုင်း သတင်းလူသား ဖြစ်နေသူမှာ လူမှုရေးသမား၊ ပရဟိတသမား စင်စစ် ဖြစ်ပြီး မေတ္တာ၊ ကရု ဏာ၊ မုဒိတာ၊ ဥပေက္ခာ တရား ဟူသော ဗြဟ္မစိုရ် တရား လေးပါး အား လက်ကိုင်ပြုပြီး လူမျိုး ဘာသာ၊ ဆ င်းရဲ ချမ်းသာမရွေး လူသားချင်း စာနာ ထောက်ထားသော စိတ်ဖြင့် အနစ်နာ ခံပေးဆပ်မှုမျိုးကို စေတနာ ထား၍ပေး ဆပ်ထမ်း ဆောင်နေသူ၊ ဟိုယခင် မင်းသား တစ်ဖြစ်လဲ ကျော်သူ ဟုသာ ဆိုရပါတော့မည်။ ပရ ဟိတ သမား ကျော်သူ၏ ဘဝ တစ်စိတ် တစ်ဒေသနှင့် အတူ ထွက်ပေါ် လာသော ‘ကျွန်တော်သာ သမ္မတြ ကီး ဖြစ်ခဲ့ရင်’ စာအုပ် မိတ်ဆက်ပွဲ တွင်   ဦးကျော်သူ၏ ဘဝကို ကောက်ကြောင်းေ မးမြန်း ရေးခြစ်ကြည့်ခဲ့ မိပါသည်။

My Blog List