တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ဟွာဝေး၏ ဘဏ္ဍာရေးအကြီးအကဲအား အမေရိကန်သို့လွှဲပြောင်းခြင် းပြု၊ မပြုကို ဇန်နဝါရီ ၂၀ ရက်တွင် ကနေဒါတရားရုံးက ဆုံးဖြတ်သွားမည်ဖြစ်သည်။
ဟွာဝေး၏ ဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျို့သည် အမေရိကန်၏ တောင်းဆိုမှုကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကနေဒါနိုင်ငံ၌ ဖမ်းဆီးခံခဲ့ရသည်။ ၎င်းအား လိမ်လည်မှုနှင့် အခြားစွဲချက်များဖြင့် အမေရိကန်တရားရေးဌာနက စွဲချက်တင်ခဲ့ပြီး အမေရိကန်သို့ လွှဲပြောင်းပေးရန် ကနေဒါနိုင်ငံအား တောင်းဆိုခဲ့သည်။
မန်ဝမ်ကျို့မှာ လက်ရှိတွင် အာမခံရရှိပြီးနောက် ဗန်ကူးဗားရှိ ၎င်း၏နေအိမ်တွင် နေထိုင်လျက်ရှိသည်။ ၎င်းအပေါ် အမေရိကန်၏စွဲချက်သည် ကနေဒါနိုင်ငံတွင် ရာဇဝတ်မှုကျူးလွန်ခြင်းကြောင ့်မဟုတ်ဘဲ အီရန်အပေါ် အမေရိကန်က ချမှတ်ထားသောအရေးယူပိတ်ဆို့ မှုများအား ချိုးဖောက်ခြင်းများကို အခြေခံကြောင်း မန်ဝမ်ကျို့ဘက်မှ တာဝန်ရှိသူများက တုံ့ပြန်ပြောဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ မှတ်ချက်များသည် နိုင်ငံရေးအရလှုံ့ဆော်မှုသာဖြ စ်ကြောင်း ၎င်းတို့ကပြောသည်။
မန်ဝမ်ကျို့၏ အမှုကိစ္စသည် အဆင့်မြင့်နည်းပညာကဏ္ဍတွင် ကမ္ဘာ့ထိပ်သီးဖြစ်ရန်အတွက် ယှဉ်ပြိုင်ခြင်းအပါအဝင် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ၏ သင်္ကေတတစ်ခုအဖြစ် ရှုမြင်ရသည်။
(Unicode Version)
ဟွာဝေးဘဏ္ဍာရေးအကြီးအကဲကို အမေရိကန်သို့ လွှဲပြောင်းခြင်းပြု၊ မပြု ကနေဒါတရားရုံး ဆုံးဖြတ်မည်
တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ဟွာဝေး၏ ဘဏ္ဍာရေးအကြီးအကဲအား အမေရိကန်သို့လွှဲပြောင်းခြင ်းပြု၊ မပြုကို ဇန်နဝါရီ ၂၀ ရက်တွင် ကနေဒါတရားရုံးက ဆုံးဖြတ်သွားမည်ဖြစ်သည်။
ဟွာဝေး၏ ဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျို့သည် အမေရိကန်၏ တောင်းဆိုမှုကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကနေဒါနိုင်ငံ၌ ဖမ်းဆီးခံခဲ့ရသည်။ ၎င်းအား လိမ်လည်မှုနှင့် အခြားစွဲချက်များဖြင့် အမေရိကန်တရားရေးဌာနက စွဲချက်တင်ခဲ့ပြီး အမေရိကန်သို့ လွှဲပြောင်းပေးရန် ကနေဒါနိုင်ငံအား တောင်းဆိုခဲ့သည်။
မန်ဝမ်ကျို့မှာ လက်ရှိတွင် အာမခံရရှိပြီးနောက် ဗန်ကူးဗားရှိ ၎င်း၏နေအိမ်တွင် နေထိုင်လျက်ရှိသည်။ ၎င်းအပေါ် အမေရိကန်၏စွဲချက်သည် ကနေဒါနိုင်ငံတွင် ရာဇဝတ်မှုကျူးလွန်ခြင်းကြော င့်မဟုတ်ဘဲ အီရန်အပေါ် အမေရိကန်က ချမှတ်ထားသောအရေးယူပိတ်ဆို့ မှုများအား ချိုးဖောက်ခြင်းများကို အခြေခံကြောင်း မန်ဝမ်ကျို့ဘက်မှ တာဝန်ရှိသူများက တုံ့ပြန်ပြောဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ မှတ်ချက်များသည် နိုင်ငံရေးအရလှုံ့ဆော်မှုသာ ဖြစ်ကြောင်း ၎င်းတို့ကပြောသည်။
မန်ဝမ်ကျို့၏ အမှုကိစ္စသည် အဆင့်မြင့်နည်းပညာကဏ္ဍတွင် ကမ္ဘာ့ထိပ်သီးဖြစ်ရန်အတွက် ယှဉ်ပြိုင်ခြင်းအပါအဝင် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ၏ သင်္ကေတတစ်ခုအဖြစ် ရှုမြင်ရသည်။
No comments:
Post a Comment