Friday, December 05, 2014

ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်စစ်ဦးစီးချုပ် ပြန်လည်စုဖွဲ့


ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်ကောင်စီ (ယူအန်အက်ဖ်စီ)က ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် Federal Union Army (FUA) ပထမအကြိမ် စစ်ဦးစီး အဖွဲ့အစည်းအဝေးကို ထိုင်း-မြန်မာနယ် စပ်မှာကျင်းပခဲ့ပြီး စစ်ဦးစီးအဖွဲ့ ကို ပြန်လည်စုဖွဲ့တာဝန်ပေးခဲ့ကြပါတယ်။

ရှမ်းတိုင်းရင်းသူမော်ဒယ် နန်းနွတ် ပါဝင်သည့် ထိုင်းသရဲကား ရုံတင်



ထိုင်းနိုင်ငံ ချင်းမိုင်မြို့က   အသားကင်စားသောက်ဆိုင်မှာ စားပွဲထိုးဝင်လုပ် ရာက  မော်ဒယ်လ်ဖြစ်သွားတဲ့ မြန်မာနိုင်ငံက ရှမ်းတိုင်းရင်းသူ နန်းနွတ်ဟာ  လက်ရှိထိုင်းနိုင်ငံနဲ့ လာအို နိုင်ငံက ရုပ်ရှင်ရုံတွေမှာ   ရုံတင်ပြ သနေတဲ့ သဲထိပ်ရင်ဖို သရဲကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး နိုင်ငံခြားက သားနှစ်ယောက်ကို အမွေပြတ် စွန့်လွှတ်လိုက်ရမည်လား


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်ရေးရည်ရွယ်ရေးဆွဲထားသည် ဟု အများက ယူဆနေကြသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၅၉ (စ)- “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်း ကောင်း၊ မိမိ၏တရား ၀င်သားသမီးတဦး ဦးသော်လည်းကောင်း၊ ထိုတရား ၀င်သား သမီးတဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြား အစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတပါး၏နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ”ဟု ဆိုထားသည်။ 

ကင်ဂျုံအန်းကို သရော်ထားတဲ့ The Interview ရုပ်ရှင် ခိုးယူဖောက်ထွင်းခံရ


မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကို သရော်ထားတဲ့ ရုပ်ရှင်ဟာ ထုတ်ဝေဖြန့်ချီမယ့် ရက်မတိုင် ခင်မှာပဲ ခိုးယူခံလိုက်ရပြီး အင်တာနက်ပေါ် ရောက်သွားခဲ့ပါတယ်။ အဲဒီ ဆိုက်ဘာ ပြစ်မှုကြီးကတော့ ပြီးခဲ့ တဲ့သတင်းပတ်က ဖြစ်ပွားခဲ့ရတာပါ။ 

အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲ အချိန်စာရင်း ထုတ်ပြန်



ခရိုင်စစ်၊ တိုင်းစစ်အဖြစ် ပြောင်းလဲလိုက်သော စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲများကို ဖေဖော်ဝါရီ တတိယပတ်တွင် စတင်ဖြေဆိုရမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်အရ သိရှိရသည်။အတန်းတင် စာမေးပွဲကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၆ ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အခြေခံသိပ္ပံ/ပထဝီဝင်၊ လူမှုရေး/ သမိုင်း၊ အထွေထွေ သိပ္ပံဘာသာရပ် အစဉ်လိုက် နံနက် ၉ နာရီမှ ၁၁ နာရီအထိ ဖြေဆိုရမည် ဖြစ်ပြီး အတန်း တင် စာမေးပွဲ အကြိုစစ်ဆေးမှုကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဖြေဆိုရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာန၏ ယင်းထုတ်ပြန်ချက်အရ သိရသည်။

မနက်အိပ်ယာ နိုးနိုးပြီပြီးချင်း ရေသောက်ခြင်းကရတဲ့ ကောင်းကျိုးအဖြာဖြာ



ယခုလက်ရှိ ကျန်းမာရေးလိုက်စားတဲ့ အပိုင်းမှာ ခေတ်စားနေတာက အိပ်ယာထထချင်း ရေသောက်တာပါပဲ။ ဒီအလေ့ အကျင့်လုပ်ခြင်းရဲ့ ကုသမှုပိုင်းဆိုင်ရာကနေ ရရှိတဲ့ တန်ဖိုး၊ အကျိုးကျေးဇူးဟာ ကျွန်ုပ်တို့ရဲ့ကျန်းမာရေးနဲ့ လုံးဝ ကိုက်ညီမှု ရှိလှကြောင်း သိပ္ပံနည်းအရ အတည်ပြုထားပါတယ်။

တရုတ်တွင် သေဒဏ်ခံ အကျဉ်းသားများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ရယူခြင်းကို ရပ်တန့်တော့မည်ဟုဆို



တရုတ်နိုင်ငံတွင် သေဒဏ်ကျခံရသူများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ယူငင်ကာ ဆေးဘက်ဆိုင်ရာ အစားထိုး ကုသမှုများ ပြုလုပ်နေခြင်းအား ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။တရုတ် သတင်းစာ တစ်စောင်က အဆိုပါ သတင်းကို ဖော်ပြခဲ့ပြီး ယင်းမတိုင်မီကလည်း တရုတ်အာဏာပိုင်များသည် အလားတူ ကတိမျိုး အကြိမ်ကြိမ် ပေးခဲ့ပြီး တည်တံ့အောင် မဆောင်ရွက်နိုင်ခဲ့ဟု သိရသည်။

FUA တောင်ပိုင်း စစ်ဒေသအတွက် တာဝန်ခံပေးအပ်မှု KNU လက်မခံ



ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင် စီ(UNFC)က ဖွဲ့စည်းလိုက်သော ပြည်ထောင်စုတပ်မတော် (FUA) ၏တောင်ပိုင်းစစ်ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်(KNLA)ဒုတိယစစ်ဦးစီး ချုပ်အား တာဝန်ပေးခြင်းအပေါ် ကရင်အမျိုးသားအစည်းအရုံးအ နေဖြင့် လက်မခံကြောင်း တုံ့ပြန် ပြောကြားလိုက်သည်။

မျိုးစောင့်ဥပဒေများနှင့် ပတ်သက်၍ လွှတ်တော်ဥက္ကဋ္ဌများထံ ခွင့်ပြုချက်ယူပြီး ဆွေးနွေးပွဲကျင်းပနိုင်



တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ အပါအ၀င် ဥပဒေကြမ်းလေးခုနှင့် ပတ်သက်၍ လူ့အခွင့်အရေးရှု ထောင့်၊ ဥပဒေရေးရာအပါအ၀င် အပြန်အလှန် ဆွေးနွေးမှုများ၊ ဆွေးနွေးဖလှယ်ပွဲများကို သက်ဆိုင်ရာလွှတ်တော် ဥက္ကဋ္ဌများထံ ခွင့်ပြုချက်တောင်း၍ ပြုလုပ်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားသည်။

ခြောက်ပွင့်ဆိုင်ကို သမ္မတယတိပြတ်ငြင်းခြင်းမဟုတ်ဟု ဦးရဲထွဋ်ထပ်ပြော



ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုကို သမ္မတအနေဖြင့် ယတိပြတ် ငြင်းပယ်ခဲ့ခြင်းမဟုတ်ဘဲ ၁၄ ပွင့် ဆိုင်နှင့် ခြောက်ပွင့်ဆိုင်နည်း လမ်းတို့အကြား ညှိနှိုင်းရမည့် အခြေအနေဖြစ်ပြီး အခြခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်သည့် တွေ့ဆုံမှုတွင် တတ်နိုင် သမျှ အဖွဲ့အစည်းအားလုံးပါဝင်ရန်လိုအပ် ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကပြောကြားသည်။

IS တို့၏ နောက်ဆုံးပေါ်လူသတ်လက်နက် (သို့) ၁ဝပေရှည်သော ရိုင်ဖယ်သေနတ်



IS အကြမ်းဖက်အဖွဲ့တွင် အလျား ၁ဝ ပေရှိပြီး သာမန်ထက် သုံးဆပို၍ကြီးသည့် ကျည်ဆန်ထည့်၍ ပစ်ခတ်နိုင်သော လူသတ်လက်နက် သစ်တစ်မျိုးကို ပိုင်ဆိုင်ထားကြောင်း Daily Mail သတင်းအရ သိရသည်။သာမန်ထက်ပို၍ကြီးမားသော ယင်းရိုင်ဖယ်သေနတ်ကိုပစ်ခတ်၍ သုံးချောင်းထောက်ဒေါက်နှစ်ချောင်းကို အသုံးပြုရပြီး ထိုသေနတ်ကို အသုံးပြု၍ တိုက်ပွဲဝင်နေသော ခိုဘာနီ မြို့မှ IS စစ်သွေးကြွ တစ်ဦး၏ ဓာတ်ပုံပေါ်ထွက်လာပြီးနောက် ထိုသို့ရေးသားဖော်ပြခဲ့ခြင်း လည်း ဖြစ် သည်။

ခိုလှုံခွင့်တောင်းသူ သောင်းချီကို ယာယီခိုလှုံခွင့်ပြု



သြစတြေးလျနိုင်ငံမှာ ခိုလှုံခွင့်တောင်းတဲ့ လူပေါင်း နှစ်သောင်းကျော်ကို အစိုးရက ယာယီနေထိုင်ခွင့် ပေးမယ့်ကိစ္စကို လွှတ်တော်အမတ်တွေက ထောက်ခံလိုက်ပြီ ဖြစ်ပါတယ်။ သြစတြေးလျ လွှတ်တော် ခိုလှုံခွင့်တောင်းသူတွေကို ယာယီနေ ထိုင်ခွင့် ပေးမယ့် ဥပဒေ ပြဌာန်းနိုင်ဖို့အတွက် လွှတ်တော်အမတ်တွေဟာ ဒီမနက် အာရုံဦးအချိန်အထိ ညလုံးပေါက် ဆွေးနွေးပြီး ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။

ကျောက်မျက်အများပိုင်ဘဏ် တည်ထောင်ရန် မတည်ငွေရင်း ကျပ် ၅၀ ဘီလီယံ သတ်မှတ်



ကျောက်မျက်သယံဇာတ ဖွံ့ဖြိုးရေးအများပိုင်ဘဏ် တည်ထောင်ရေးအတွက် ထည့်ဝင်မတည်ငွေရင်းကို ကျပ်ငွေ ဘီလီယံ ၅၀ သတ်မှတ်ထားသည်ဟု ၎င်းအများပိုင် ဘဏ်ဖြစ်မြောက်ရေး ကော်မတီက ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်ထားသည်။ဘဏ်တည်ထောင်ပြီးပါက ကျောက်စိမ်းနှင့် ကျောက်မျက်များကို အပေါင်ထား၍ ချေးငွေရမည် ဖြစ်သည်။

သားသမီးများကို ကိုယ်ပိုင်ကားဖြင့် ကျောင်းကြို/ပို့ မလုပ်ရေး ဥပဒေရေးဆွဲရန် တိုင်းလွှတ်တော် ဆွေးနွေးမည်



ရန်ကုန်တိုင်းအတွင်းရှိ စာသင်ကျောင်းများတွင် ပညာသင်နေသည့် သား၊ သမီးများကို မိမိတို့၏ ကိုယ်ပိုင်ကားဖြင့် အကြို၊အပို့မလုပ်စေဘဲ ကျောင်းကားများဖြင့် စနစ်တကျ သယ်ယူပို့ဆောင်နိုင်မည့် ဥပဒေ တစ်ရပ် ပြဋ္ဌာန်းပေးရန် လွှတ်တော် အမတ် တစ်ဦး၏အရေးဆိုမှုကို လက်ခံဆွေးနွေးရန် ဒီဇင်ဘာ ၄ ရက်က ရန်ကုန်တိုင်း လွှတ်တော်တွင် သဘောတူလိုက် သည်။

ကမ္ဘောဒီးယား သံဃာတော်များ ထိုင်းနိုင်ငံတွင် လူဝတ်လဲခံရ



ထိုင်းနိုင်ငံတွင် ကျင့်သုံးသည့် ရဟန်း ၀ိနည်း အများအပြားကို ချိုးဖောက်မှုဖြင့် ကမ္ဘောဒီးယား သံဃာ ၁၉ ပါးကို ထိုင်းတာဝန် ရှိသူများက လူဝတ်လဲစေခဲ့ပြီး ပြည်နှင်ဒဏ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရဟန်းများကို ၀ီချစ်ဒေသ ရဲများနှင့် မောင်ဒေသ တာဝန်ရှိသူများက ဖူးခက်မြို့ရှိ ၀က်မုန်ကော နာမစ် ဘုရားကျောင်းသို့ စောင့်ကြပ်ပို့ဆောင်ခဲ့ပြီး မောင်ဒေသ၏ အကြီးအကဲ ဘုန်းတော်ကြီးက ၎င်းတို့ကို လူဝတ်လဲစေခဲ့ခြင်းဖြစ်သည်။

လစ်ဗျားတွင် အိုင်အက်စ်က စစ်သင်တန်းများ ဖွင့်လှစ်ထားဟု အမေရိကန် ဗိုလ်ချုပ် ပြောကြား



ဝါရှင်တန်၊ဒီဇင်ဘာ ၄။ အီရတ် နှင့် ဆီးရီးယား နိုင်ငံတို့တွင် နယ်မြေ အများအပြား သိမ်းပိုက်ထား နိုင်လျက်ရှိသော အစ္စလာမ္မစ် ပြည်ထောင်စု အဖွဲ့သည် လစ်ဗျား အရှေ့ပိုင်းတွင် စစ်သင်တန်းများ ဖွင့်လှစ် ထားခြင်းကို သေချာစောင့်ကြည့် လေ့လာလျက် ရှိကြောင်း အမေရိကန် ထိပ်တန်း စစ်ဗိုလ်ချုပ် တစ်ဦးက ဒီဇင်ဘာလ ၃ရက်တွင် ပြောကြားခဲ့သည်။

ကီလိုမီတာ ၂၀၀၀ အကွာအဝေးကို ငါးနာရီအတွင်း အရောက်ပို့ကာ အဆုတ်အစားထိုးမှု တစ်ရပ်ကို တရုတ်နိုင်ငံတွင် အောင်မြင်စွာ ပြုလုပ်



ပေကျင်း၊ ဒီဇင်ဘာ ၄။ တရုတ်နိုင်ငံ ကွမ်တုန်ပြည်နယ် ကွမ်ကျိုးမြို့မှ လှူဒါန်းလိုက်သော အဆုတ်တစ်စုံကို ဆရာဝန်များ၊ လေဆိပ်နှင့် ရှန်ဟိုင်း လေကြောင်းလိုင်း တို့၏ပူးပေါင်း ဆောင်ရွက်မှုကြောင့် ဒီဇင်ဘာ ၂ ရက် အစောပိုင်းက ၂၀၀၀ ကီလိုမီတာ ကွာဝေးသော ကျန်ဆုပြည်နယ် ၀ူကျီမြို့ရှိ လူနာတစ်ဦးကို အောင်မြင်စွာ အစားထိုး ကုသနိုင်ခဲ့သည်။

ကမ္ဘာ့အကောင်းဆုံးဝီစကီအဖြစ် ဂျပန်ဝီစကီ ရွေးချယ်ခံရ



၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဝီစကီစာရင်း (Jim Murray Whisky Bible 2015) အရ ဂျပန်ဝီစကီ ယာမာဇာကီ ရှယ်ရီ ကတ်က် ၂၀၁၃ (Yamazaki Sherry Cask 2013)ဟာ ကမ္ဘာ့အကောင်းဆုံး ၀ီစကီဆုအဖြစ် ရွေးချယ်ခံရပါတယ်။ဒီဝီစကီကို ဥရောပမှာပဲ ရောင်း ချတာ ဖြစ်ပြီး ဒီဝီစကီနဲ့ အနီးစပ်ဆုံး အရည်အသွေးတူတဲ့ ယာမာဇာကီ ရှယ်ရီ ကတ်က် ၂၀၁၂ (Yamazaki Sherry Cask 2012) ၀ီစကီကတော့ ဂျပန်ပြည်တွင်းမှာပဲ ရောင်းချပြီး မြို့တော် တိုကျိုမှာ လူကြိုက်များ တဲ့ ၀ီစကီ ဖြစ်ပါတယ်။

အပစ်ရပ်ရေး ယူကရိန်း သမ္မတ အဆိုပြု



ယူကရိန်းနိုင်ငံမှာ ရုရှားလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ရုရှားနယ်စပ်မှာ လအတော်ကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အဆုံးသတ်ရေး ဆောင်ရွက်ချက် အနေနဲ့ ရှေ့သီတင်းပတ်အတွင်း အပစ်အခတ် ရပ်စဲဖို့ ယူကရိန်းသမ္မတ Petro Poroshenko က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ခရိုင်းမီးယား သိမ်းပိုက်မှု သမ္မတ ပူတင် ခုခံ ပြောကြား



ရုရှားက ယူကရိန်းနိုင်ငံရဲ့ ခရိုင်းမီးယားကွန်းဆွယ်ကို တိုက်ခိုက်သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ Vladimir Putin က ကာကွယ်ပြောဆို လိုက်ပါတယ်။ နောက်ပြီး အနောက်နိုင်ငံတွေဟာ ရုရှားအပေါ် ဒဏ်ခတ် အရေးယူ ပိတ်ဆို့ မှုတွေ ပြုလုပ်ဖို့ ယူကရိန်းနိုင်ငံမှာဖြစ်တဲ့ အရေးအခင်းကို အကြောင်းပြခဲ့ကြ တယ်လို့လည်း စွတ်စွဲ လိုက်ပါတယ်။

မြန်မာ ၂ ဦးအပေါ် လူသတ်မှု စွဲဆိုဖို့ ထိုင်းတရားရုံး ကြားနာမည်



ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ဦး သတ်ဖြတ်ခံရတဲ့ အမူနဲ့ ပတ်သက်လို့ ဒီဇင်ဘာလ ၄ရက်နေမှာ မြန်မာနိုင်ငံသား လူငယ်၂ဦးကို ကော့စမွေ တရားရုံးကနေ အမှု ၇ မှု နဲ့ ရုံးတင်ခဲ့ပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲသူတွေကို ကာကွယ်ဖို့ လိုကြောင်း Freedom House ပြော



မြန်မာနိုင်ငံရဲ့ အင်တာနက် လွတ်လပ်မှုဟာ ၂၀၁၄ခုနှစ် အတွင်း ပြောင်းလဲ တိုးတက်လာခဲ့ပေမဲ့ အင်တာနက် သုံးစွဲသူတွေ ရဲ့အခွင့်အရေးကို အကာအကွယ်ပေး ဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ Freedom House အဖွဲ့ကြီးက ပြောလိုက် ပါတယ်။ မြန်မာ အပါအ၀င် နိုင်ငံပေါင်း (၆၅)နိုင်ငံရဲ့ အင်တာနက် လွတ်လပ်မှုကို သုတေသနပြုစုထားတဲ့ Freedom of the Net 2014 အစီရင်ခံစာကိုFreedom House အဖွဲ့ကြီးက ကြာသာပတေးနေ့က ထုတ်ပြန်ခဲ့တာပါ။ 

လက်ရှိခွင့်ပြုထားသည့် ဘီယာစက်ရုံများအပြင် နောက်ထပ်ခွင့်ပြုရန် အစီအစဉ်မရှိကြောင်းနှင့် စီးကရက်စက်ရုံ တည်ထောင်ခွင့်လည်း ပေးဦးမည်မဟုတ်ကြောင်း MIC ထုတ်ပြန်



မြန်မာနိုင်ငံ၌ လက်ရှိတွင် ခွင့်ပြုပေးထားသော Carlsberg ၊ Heineken အစရှိသည့် ဘီယာစက်ရုံများအပြင် နောက်ထပ် ဘီယာထုတ်လုပ်ခွင့်အား ထပ်မံချထားပေးဦးမည် မဟုတ်ကြောင်းနှင့် စီးကရက်စက်ရုံ တည်ဆောက် ခွင့်ကိုလည်း ပေးဦး မည်မဟုတ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ပြောကြားခဲ့သည်။

မေမြတ်နိုးကို ခွဲစိတ်ပြုပြင်မှုအတွက် လိုအပ်သည့်စရိတ်ရှာဖွေရန် စပွန်ဆာ ပေးမည့်သူများနှင့် အတူနေရန် ခိုင်းစေခဲ့ခြင်းမှာ မှန်ကန်ကြောင်း ကိုရီးယားအလှမယ်ပြိုင်ပွဲစီစဉ်သူက ထုတ်ဖော်



မေမြတ်နိုးကို ခွဲစိတ်ပြုပြင်မှုများပြုလုပ်ရန် စေခိုင်းခဲ့ပြီး ယင်းသို့ခွဲစိတ်ပြုပြင်ရန် လိုအပ်သည့်စရိတ်များရှာဖွေရန် စပွန်ဆာပေး မည့်သူများနှင့်အတူနေရန် ခိုင်းစေခဲ့သည်မှာ မှန်ကန်ကြောင်း ကိုရီးယားအလှမယ်ပြိုင်ပွဲစီစဉ်သူက ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု ကိုရီးယားသတင်း မီဒီယာများ၌ ဖော်ပြခဲ့ကြသည်။

ကွမ်တုံနှင့် မန္တလေးကို ညီအစ်ကိုပြည်နယ်များအဖြစ် သတ်မှတ်ကာ စီးပွားရေးအရ ပူးပေါင်းရန် ကမ်းလှမ်း


တရုတ်နိုင်ငံမှ ကွမ်တုံ ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ကို   ညီအစ်ကိုပြည်နယ်များအဖြစ် သတ် မှတ်၍ ကွမ်တုံ ပြည်နယ်တွင် မြန်မာကောင်စစ် ဝန်ချုပ်ရုံးထားရှိကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် တရုတ် နိုင်ငံက ကမ်းလှမ်းထားကြောင်း သတင်းရရှိသည်။

အချိုးကျ ရွေးချယ်ရေး (PR) ကိစ္စ ဖွဲ့စည်းပုံ ခုံရုံး ဆုံးဖြတ်မည်



လာမယ့်နှစ်မှာ ကျင်းပမယ်လို့ ပြောဆိုထားတဲ့ ရွေးကောက်ပွဲမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေကို မဲအချိုးကျ ကိုယ်စားပြု စနစ် PR စနစ်နဲ့ ရွေးချယ် တင်မြှောက်ဖို့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ကိုက်ညီမှု ရှိမရှိ ဆုံးဖြတ်ပေးဖို့ တိုင်းရင်းသား အများစု ပါဝင်တဲ့ လွှတ်တော် အမတ်တွေက ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို တင်လိုက်ပါပြီ။ 

Thursday, December 04, 2014

စစ်တပ်ကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည် ထမင်းစားဖိတ်ခေါ်ဦးမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်
တွေကို လာမယ့်လွှတ်တော်အစည်းအဝေးပြန်လည် စတင်မယ့်အချိန်အတွင်းမှာ သီးသန့် ထမင်းစား ဖိတ်ခေါ်တွေ့ဆုံမယ်လို့ သိရပါတယ်။

ပြင်ဦးလွင် ပန်းပွဲတော် ၉ နှစ်ပြည့်နဲ့ ဂီတပွဲတော် ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပမည်


ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ပန်းပွဲတော်ကို ၉ နှစ်ပြည့်နဲ့ ဂီတပွဲတော် ၁၀ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဒီဇင်ဘာ ၁၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ပြင်ဦးလွင်မြို့မှာ စည်ကားစွာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

အတိတ်က အဖြစ်အပျက်တွေနဲ့ ဘယ်လို ပြန်ရင်ဆိုင်မလဲ


ဟားဗတ်တက္ကသိုလ် International Human Rights Clinic မှ ယခုလ အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော လေ့လာသုံးသပ်မှု အစီရင်ခံစာတစောင်၌ မြန်မာ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ၃ ဦးကို စစ်ရာဇ၀တ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု များနှင့် ပတ်သက်နေကြောင်း သံသယရှိနေသည်ဟု စွပ်စွဲဖော်ပြ ခဲ့သည်။ မြန်မာနိုင်ငံမှ အရပ်သား တပိုင်းအစိုးရတွင် အရေးပါသည့် နေရာရယူထားသော ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို အပါအ၀င် အရာရှိကြီး ၃ ဦး ထိုသို့ စွပ်စွဲခံရခြင်းသည် ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး ယုံကြည်မှု၏ အချို့သော အစိတ်အပိုင်းများနှင့် ပတ်သက် ၍ မေးခွန်းများ ဖြစ်ပေါ်စေ ခဲ့သည်။

ဦးသန့် သို့မဟုတ် မီးလျံထဲက ပန်းတပွင့်


ဦးသန့်က နိုင်ငံ့ အကျိုး တွေလည်း အတတ် နိုင်ဆုံး ထမ်းဆောင် ခဲ့တယ်။ နောက် ကုလ သမဂ္ဂလို ကမ္ဘာ့ အဖွဲ့ အစည်း ကြီးမှာ အမြင့်ဆုံး နေရာကနေ တာဝန် တွေကို ထမ်းဆောင် ခဲ့တဲ့သူ ဖြစ်လေတော့ သမိုင်း မှာ အလွန် ဂုဏ်ယူစရာ ကောင်းတယ်ပေါ့ဗျာ။ ဒါက လူပုဂ္ဂိုလ်အရ ပြောရတာပါ။ ဗမာနိုင်ငံသား တယောက် အနေနဲ့ အလွန် ဂုဏ်ယူစရာ ကောင်းတဲ့ ပုဂ္ဂိုလ်လို့ ပြောချင်ပါတယ်။ တခုရှိတာက ဦးသန့်ဟာ ကုလသမဂ္ဂ လို နေရာမှာ ရာထူးရသွားလို့ ဂုဏ်ယူခြင်းဆိုတာထက် ဒီပုဂ္ဂိုလ်ရဲ့စွမ်းဆောင်ချက်၊ သူ့ရဲ့ ဆောင်ရွက်ချက် တွေက ထူးထူးခြားခြား ကောင်းမွန် ခဲ့တာ တွေ့ရတယ်ဗျ။

ပြင်သစ်နိုင်ငံရဲ့ အကူအညီပေးမှုတွေ၂၀၁၅ ရွေးကောက်ပွဲပေါ် မူတည်ပြီး ပြောင်းလဲနိုင်


ပြင်သစ်နိုင်ငံအနေနဲ့ ၂၀၁၅ မှာ မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ အကူအညီတွေ ကိုတိုးမြှင့်သွားမှာဖြစ်ပြီး ၂၀၁၅မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပွင့်လင်းမြင် သာမှု ရှိ မရှိ၊ တရားမျှတမှု ရှိ မရှိကို ပြင်သစ်နိုင်ငံက စောင့်ကြည်နေ မှာဖြစ်ကြောင်း မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဖွံဖြိုးတိုးတက်ရေးနှင့် ပြင်သစ်ဘာသာစကား ထွန်းကားပြန့်ပွားရေးဝန်ကြီး မဒမ် အန်နီ ဂျီရာဒီ က ပြောကြားပါတယ်။

မြစ်ကြီးနား မနောပွဲ မသေချာသော်လည်း ထိုင်းရောက်ကချင်များ၏ မနောပွဲစပြီ


ကချင်ပြည်နယ်အတွင်း စစ်ပွဲများကြောင့် ကချင်ရိုးရာ မနောပွဲကို ကျင်းပရန် မသေချာသော်လည်း ထိုင်းနိုင် ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်၊ ချင်းတောင်းမြို့နယ် ဘန်းမိုင်ဆာပခီကျေးရွာရှိ ကချင်တိုင်းရင်းသားများက ၆ ကြိမ်မြောက် Wunli hkridip ကချင်မနောပွဲကို ဒီဇင်ဘာ ၄ ရက်တွင် စတင် ကျင်းပနေပြီ ဖြစ်သည်။

ဆောင်းရာသီမှာ အားကစားလုပ်တာ လူကို လန်းဆန်းစေတယ် ဆိုတဲ့ အလှမယ် ထားထက်ထက်


ဆောင်းရာသီ အရုဏ်ဦး ပျိုးချိန် လို့ဆိုရမယ့် ဒီဇင်ဘာလထဲ တိုးဝင်လာပြီ ဆိုတာနဲ့ လူကြီး လူငယ်မရွေး၊ ကျားမ ဟူသမျှ တို့ဟာ မနက်ခင်း တိုင်းမှာ ကိုယ်လက် လှုပ်ရှား အားကစား လိုက်စားကြလေ့ ရှိကြပါတယ်။ အဲဒီလို အားကစား လိုက်စားကြတဲ့ အခါ ကျန်းမာရေး အရရော၊ လူမှုဘဝ အတွက်ပါ ကိုယ်ကျန်းမာ၊ စိတ် ချမ်းသာဖြစ်စေတာမို့ မျိုးဆက်သစ် လူငယ်အမျိုးသမီးဖြစ်သူ ကျွမ်းဘား အားကစား ပညာရှင် လည်းဖြစ်၊ အလှမယ် တစ်ဦးလည်းဖြစ်တဲ့ ထားထက်ထက် ရဲ့ ဆောင်းရာသီထဲက ဒီဇင်ဘာ နဲ့ အားကစား အပေါ် အမြင်စကား သံများ စုစည်းဖော်ပြ လိုက်ပါတယ်။

ကရင်ပြည်နယ် စက်မှုနှင့်စွမ်းအင်ဝန်ကြီး၏ သား ၂ ဦးကို မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲဆို


စိတ်ကြွရူးသွပ်ဆေးပြားလက်ဝယ်တွေ့ရှိမှုနဲ့ ကရင်ပြည်နယ် စက်မှုနဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးရဲ့  သား ၂ ဦးကို နယ်မြေခံရဲ့စခန်းက ဖမ်းဆီး တရားစွဲဆိုထားပါတယ်။ ကရင်ပြည်နယ် စက်မှုနဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးစောကြည်လင်းရဲ့သား စောသမောထူး (၂၅ ) နှစ်နဲ့ စောထူးစေးဟဲ (၂၇) နှစ်တို့ အိန္ဒူးအပိုင် ရဲစခန်း ကနေပြီး ဒီဇင်ဘာလ ၂ ရက်နေ့က မူးယစ်ဆေးတွေနဲ့ အတူ ဖမ်းဆီးရခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ ဆိုင်းဘုတ် စိုက်ထူခွင့်မပြု


ဒီဇင်ဘာ ၂၇ ရက်မှာ ပြုလုပ်မယ့် ရန်ကုန်မြို့​တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲမှာ ဝင်​ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်​လောင်း​တွေရဲ့ ​ကြော်ငြာဆိုင်းဘုတ်​တွေကို စိုက်ထူခွင့်ပြုမှာ မဟုတ်ဘူး လို့ ရန်ကုန်မြို့​တော်ဝန် က ​ပြောကြားလိုက်ပါတယ်။

လိပ်ကျွန်းလူသတ်မှု ပထမဆုံးအကြိမ် စွဲချက်တင်ရုံးထုတ်


ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို တရားစွဲဆိုထားတဲ့ အမှုတွဲကို ကော်စမွီခရိုင်တရား ရုံးမှာ ဒီကနေ့ မွန်းလွဲပိုင်း ရုံးတင်တော့မယ်လို့ မြန်မာသံရုံးအထူးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် တစ်ခုလုံးကို ၁၉၈၂ နိုင်ငံသား ဥပဒေဖြင့် ၂၀၁၅ နှစ်ဆန်းမှ စတင်စိစစ်မည်


ရခိုင်ပြည်နယ် တစ်ခုလုံးကို ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေဖြင့် စိစစ်အရေးယူ ဆောင်ရွက်ခြင်း လုပ်ငန်း များကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလထဲတွင် ပြုလုပ်နိုင်ရန်အတွက် လုပ်ဆောင်နေပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ က မဇ္ဈိမကို ပြောသည်။

အမျိုးသား လွှတ်တော်၌ PR ကျင့်သုံးရန် အခြေခံ ဥပဒေဆိုင်ရာခုံရုံး အဆုံးအဖြတ် ယူမည်


၂၀၁၅ ရွေးကောက်ပွဲ၌ အမျိုးသားလွှတ်တော်တွင် ကျင့်သုံးမည့် ဆန္ဒမဲ အချိုးကျ ကိုယ်စားပြုစနစ်(PR)ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွှတ်မှု ရှိမရှိ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၆ ဦးက လက်မှတ်ထိုး တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

မြန်မာ-တရုတ် ဆက်ဆံရေး အနီးအဝေး


လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကာလများဆီသို့ ပြန်ကြည့်လျှင် အိန္ဒိယနှင့်ဖြစ်စေ၊ တရုတ်နိုင်ငံနှင့်ဖြစ်စေ မြန်မာနိုင်ငံ၏ ဆက်ဆံရေး အနေအထားသည် ဘန်ဒေါင်းညီလာခံမှ ချမှတ်ပေးခဲ့သည့် မူကြီး ၅ ရပ်ကို စွဲကိုင်ခဲ့သည့်အလျောက် အိန္ဒိယဝန်ကြီးချုပ် နေရူး၊ မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးနုနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်း တို့အပေါ် အမေရိကန် နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံကြီးများက လေးစားစေခဲ့သည်သာမက ငြိမ်းချမ်းရေး မူဝါဒ ၅ ရပ်သည်လည်း သမိုင်းမှတ်တမ်း ဝင်စေခဲ့သည်။

သမ္မတအပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့်စကားလုံးများ မသုံးစွဲရန် အစိုးရသတိပေး



၆ ပွင့်ဆိုင်ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူတွေက အမြင်သဘောထား တွေပြောဆိုရာမှာ သမ္မတပြောကြားခြင်းမရှိတဲ့ စကားတွေကိုသမ္မတပြောကြားသလို ပြောနေဆိုနေကြပြီး အမြင်မတူသူတွေကို ပုဂ္ဂိုလ်ရေးအရ ထိုးနှက်တိုက်ခိုက်ရာရောက်တဲ့ စကားလုံးတွေ သုံးစွဲနေတယ်လို့ အစိုးရက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

သမ္မတနဲ့ ကာချုပ်က အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အတားအဆီးလား


မြန်မာနိုင်ငံ တကယ်လိုအပ်နေတာက တွေ့ဆုံဆွေးနွေးမှုတွေပါပဲ။ ဒါပေမယ့် တွေ့နေရုံနဲ့ တော့ မပြီးသေး ပါဘူး။ ဒီတွေ့ဆုံဆွေးနွေးမှုတွေဟာ နိုင်ငံရဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖြေရှင်းပေးနိုင်မယ့်၊ ပြီးတော့ နိုင်ငံအတွင်း မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံအတွက် အကျိုး ဖြစ်ထွန်းစေနိုင်မယ့် တွေ့ဆုံဆွေးနွေးမှုဖြစ်ရပါမယ်။

FUA ပထမအကြိမ် စစ်ဦးစီး အဖွဲ့ အစည်းအဝေးမှ စစ်ဒေသ နှစ်ခု ဖွဲ့စည်း



ဖက်ဒရယ် တပ်မတော် (FUA) အဖွဲ့၏ နှစ်ရက်တာ လွတ်မြောက် နယ်မြေ တနေရာ၌ ကျင်းပ ခဲ့သည့် ပထမ အကြိမ် စစ်ဦးစီး အဖွဲ့ အစည်းအဝေး အတွင်း၌ စစ်ဒေသ နှစ်ခု ဖွဲ့စည်း ခဲ့ကြောင်း အစည်အဝေး တက်ရောက် ခဲ့သည့် အမည်မဖော် လိုသူ စစ်ဖက် အရာရှိ တဦးက ရွှေဟင်္သာ သတင်းဌာနအား နိုဝင်ဘာလ (၃) ရက်နေ့၌ ပြောကြားသည်။

ပီအာကျင့်သုံးမှု ဖွဲ့စည်းပုံနှင့် ညီမညီ ခုံရုံးက ဆုံးဖြတ်ပေးရန် အမတ်များ တောင်းဆို



အမျိုးသားလွှတ်တော်မှာ အချိုးကျကိုယ်စားပြုစနစ် (ပီအာ) စနစ် ကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့မှုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့အညီ ကိုက်ညီခြင်းရှိမရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက အဆုံးအဖြတ်ပေးဖို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်


တွေက လက်မှတ်ထိုးတောင်းဆို လိုက်ပါတယ်။

ရန်ကုန်မြို့တွင် ခုံးကျော်တံတားသစ် ၃ စင်း တည်ဆောက်မည်



လာမယ့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့မှာ ခုံးကျော်တံတား ၃ စင်း တည်ဆောက်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဒီနေ့ ပြောကြား လိုက်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ ရသုံးမှန်းခြေ ငွေစာရင်း လျာထားချက် လွှတ်တော်ကို ရှင်းလင်းတင်ပြစဉ် ပြောကြားလိုက်တာဖြစ်ပြီး ခုံးကျော်တံတားသစ် တည်ဆောက်မယ့် နေရာတွေကတော့ တာမွေမြို့နယ်၊ မရမ်းကုန်းမြို့နယ်နဲ့ ဗဟန်းမြို့နယ်တို့မှာ တည်ဆောက်ဖို့ လျာထားတာပါ။

အိမ်ယာမဲ့ မြန်မာ အမျိုးသမီးတဦး အမေရိကန်တွင် သေဆုံး



အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် အော်လ်ဘာနီမြို့က ပြတိုက်မှာ ဒီဇင်ဘာ ၂ ရက်နေ့က သေဆုံးသွားနေ တဲ့ အမျိုးသမီးဟာ မြန်မာနိုင်ငံကဖြစ်တယ်လို့ သတင်းတွေက ရေးပါတယ်။ သေဆုံးသူဟာ အသက် ၂၃ နှစ်အရွယ် ကလေး တယောက်မိခင် ထီးဂေဖော ဖြစ်ပြီး ယောက်ျားနဲ့ အတူ အရင်နှစ်က အမေရိကန်ကို လာရောက်အခြေချနေ ထိုင်တာလို့ ဆိုပါတယ်။

အစိုးရ၀န်ကြီး ၂ ဦးကို အစ္စရေးဝန်ကြီးချုပ် ထုတ်ပယ်



အစ္စရေးဝန်ကြီးချုပ်က သူ့ရဲ့အစိုးရ၀န်ကြီး ၂ ဦးကို ဒီဇင်ဘာ ၂ ရက်နေ့က ထုတ်ပယ်လိုက်ပြီး ရွေးကောက်ပွဲစောခေါ်မယ်လို့ ပြောဆိုပါတယ်။ သူ့အစိုးရထဲမှာ အတိုက်အခံမထားဘူးဆိုပြီး ဘဏ္ဍာရေးဝန်ကြီး Lapid နဲ့ တရားရေးဝန်ကြီး Livni တို့ကို ရာထူးက ထုတ်ပယ်ခဲ့တာပါ။

တန်ဖိုးနည်းအိမ်ရာများမှာ အခြေခံပြည်သူများ လက်လှမ်းမမီသည့်ဈေးနှုန်း များဖြစ်နေ၍ ပြည်တွင်း၊ နိုင်ငံခြားဘဏ်များနှင့်ချိတ်ဆက်ကာ နှစ် ၂၀ အထိ ချေးငွေစနစ်ဖြင့်ဝယ်ယူခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အဆိုတင်သွင်း



ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ယူရောင်းချသည့် တန်ဖိုးနည်း အိမ်ရာများသည် အခြေခံလူတန်းစားပြည်သူ များ လက်လှမ်းမမီသည့်ဈေးနှုန်း များဖြစ်နေ၍ ပြည်တွင်းဘဏ်များ(သို့မဟုတ်) နိုင်ငံတကာဘဏ်များနှင့်ချိတ် ဆက်၍ နှစ် ၂၀ အထိ ချေးငွေစနစ်ဖြင့်ဝယ်ယူခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို ဒီဇင်ဘာ ၃ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေးတွင် တင်သွင်းခဲ့သည်။

အယ်ရှာဘတ်တို့၏ တိုက်ခိုက်မှုများကြောင့် ကင်ညာ ပြည်ထဲရေး ၀န်ကြီးနှင့် ရဲချုပ် ရာထူးမှ ထုတ်ပယ်ခံရ



ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဆိုမာလီမှ အယ်ရှာဘတ် မွတ်စလင် များက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ကင်ညာပြည်ထဲရေး ၀န်ကြီးနှင့် ရဲချုပ်တို့သည် ဒီဇင်ဘာ ၂ ရက်တွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရ ကြောင်း သိရသည်။

ဘဏ်ချေးငွေဖြင့် ပြည်သူတို့ တိုက်ခန်းဝယ်ယူနိုင်ရန် တိုင်းလွှတ်တော် ဆွေးနွေးမည်



အိမ်ခန်းတစ်ခန်းလျှင် သိန်းပေါင်း ရာဂဏန်းဖြင့် ရောင်းချပေးနေသော ရန်ကုန်တိုင်း အစိုးရ၏ တန်ဖိုးနည်း အိမ်ရာ စီမံကိန်း များသည် အခြေခံပြည်သူများအတွက် လက်လှမ်းမမီသည့် ဈေးနှုန်းဖြစ်သောကြောင့် ပြည်တွင်းဘဏ်များ သို့မဟုတ် နိုင်ငံတစ်ကာ ဘဏ်များဖြင့် ချိတ်ဆက်ပြီး နှစ်ရှည်ချေးငွေစနစ်ဖြင့် ဝယ်ယူခွင့်ပြုရန် ဒီဇင်ဘာ ၃ ရက်က တိုင်းလွှတ်တော် အထူးအစည်းအဝေးတွင် အမတ်တစ်ဦးက အရေးဆိုလိုက်သည်။

My Blog List