Friday, November 27, 2015

ဒေါ်အောင်ဆန်းစုကြည် အတွက် စက္ကူစုတ် ဖြစ်သွားသည့် သမ္မတဖြစ်ခွင့် ၅၉(စ) - လက်စောင်းထက်



မြန်မာနိုင်ငံရေးသည် ကြိုတင်အကွက်ချ ကြံစည်၍မရနိုင်။ လွန်ခဲ့သည့် ဆောင်းပါးများစွာထဲ၌ လက်စောင်းထက် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခု ၅၉(စ)သည်လည်း ဤနည်းနှင်နှင်ပင် …

မြန်မာနိုင်ငံ၏ အတိုက်ခံ ဒီမိုကရေစီ အင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား တပ်မတော် ဗိုလ်ချုပ်ကြီးများမှ နိုင်ငံရေးအရ တစိုက်မတ်မတ် တိုက်ခိုက် စွပ်စွဲခဲ့သော အရာမှာ ၁၉၇၂ခုနှစ် တွင် အင်္ဂလိပ်လူမျိုး သမိုင်းပညာရှင် ဒေါက်တာ မိုက်ကယ်အဲရစ်နှင့် လက်ထပ်ခဲ့ခြင်းဖြစ်သည်။ 

NLD အစိုးရနှင့် ငြိမ်းချမ်းရေးနိုင်ငံရေးဆွေးနွေးရန် ၀ တပ်ဖွဲ့မှ ကော်မတီ ဖွဲ့စည်းထား


ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ငြိမ်းချမ်းရေး ၊ နိုင်ငံရေး ဆွေးနွေးနိုင်ရန်အတွက် UWSA ၀ ပြည်သွေးစည်းညီညွတ်ရေး ပါတီ မှ ကော်မတီ တရပ်ကို ဖွဲ့စည်းထားကြောင်း ၀ တပ်ဖွဲ့ တာဝန်ရှိ သူမှ ပြောသည်။နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးတွင် လက်မှတ်ရေးထိုးခြင်းမရှိသေးဘဲ အစိုးရသစ်လက်ထက် မှသာ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးမည်ဟူသည့် မူဝါဒကို ကိုင်စွဲထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် ၀ တပ်ဖွဲ့လည်း ပါဝင်ပြီး ကော်မတီ တရပ်ဖွဲ့စည်းနိုင်ရန်အတွက် လွန်ခဲ့သည့် အပတ်အတွင်း ၀ ဌာနချုပ် ပန်ဆန်း (ပန်ခမ်း)တွင် ဗဟိုကော်မတီ အစည်းဝေးတရပ်ကို ကျင်းပခဲ့ကြောင်း ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီမှ အမည်မဖော်လိုသူအရာရှိတဦးက ပြောသည်။

တပ်မတော်၏ လက်တွဲဖော်သစ်


မြန်မာနိုင်ငံ၏ နိုင်ငံရေးမြင်ကွင်းမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီဟု ချင်းမိုင်တက္ကသိုလ်မှ မြန်မာ့အရေး ကျွမ်းကျင်သူ အက်ရှလေဆောင် က ဆိုသည်။ “ဘယ်အရာမှ မတူနိုင်တော့ပါဘူး” ဟု အက်ရှလေက ပြောကြားသည်။ အထင်ရှားဆုံး ပြောင်းလဲမှုတစ်ခုမှာ တစ်ချိန်က အင်အားကြီးခဲ့သော ကြံ့ခိုင်ရေးပါတီသည် နိုဝင်ဘာ ၈ ရွေးကောက်ပွဲရလဒ်အရ ပြိုဆင်းသွားခဲ့ပြီး နိုင်ငံရေးပုံစံသစ် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ၁၂ ကြိမ်မြောက် မဟာဘုံကထိန်



ဒေါ်အောင်ဆန်းစုကြည် အနိုင်ရကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်


အိုင်အက်စ်ကိုတိုက်ခိုက်ရန် လေယာဉ်များနှင့် စစ်သင်္ဘောတို့ကို ဂျာမနီက ပြင်သစ်ကို ကူညီမည်


အိုင်အက်စ်စစ်သွေးကြွအုပ်စုကို တိုက်ခိုက်ရေးအတွက် တော်နေဒိုးထောက် လှမ်းရေးဂျက်လေယာဉ်များ၊ ဖရီးဂိတ်စစ်သင်္ဘောတစ်စင်း၊ ကောင်းကင် ဆီဖြည့်ပေးခြင်းနှင့် ဂြိုဟ်တုပုံရိပ်များကို ဂျာမနီက ပြင်သစ်ကို ပေးအပ်နိုင် ကြောင်း ကာကွယ်ရေးဝန်ကြီးက နိုဝင်ဘာ ၂၆တွင် ပြောကြားသည်။

မကျေနပ်မှုများနှင့် အစပြုလိုက်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ


တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့စတင်ပြုလုပ်သော ဆွေးနွေးပွဲများတွင် ပါဝင်ခွင့်မရသည့် နိုင်ငံရေးပါတီတချို့က မကျေမနပ်ကန့်ကွက်လျက်ရှိသည်။ အောက်တိုဘာ ၁၅ ရက်နေ့က ချုပ် ဆိုသော စာချုပ်တွင် ကရင်အမျိုးသား အစည်းအရုံး၊ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ငါးဖွဲ့တို့ လက်မှတ်ထိုးခဲ့ကြသည်။

တူရကီက ကြိုတင်သတိပေးခြင်းမရှိဘဲ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း အသက် မသေဘဲလွတ်မြောက်လာသူ ရုရှားလေယာဉ်မှူး ပြော


ခွင့်ပြုချက်မဲ့ လေပိုင်နက်ထဲကျုးကျော်သည်ဟုဆိုကာ နိုဝင်ဘာ ၂၄ ရက်က တူရကီ-ဆီးရီးယားနယ်စပ်တွင် တူရကီဘက်က ရုရှား Su-24 ဗုံးကြဲ လေယာဉ်ကို ပစ်ချခဲ့ရသောဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့သည် တူရကီ လေပိုင်နက်ထဲသို့ မ၀င်ရောက်ခဲ့ကြောင်း၊ မပစ်ချမီ တူရကီဘက်က ကြိုတင်သတိပေးခဲ့ခြင်းလည်း မရှိကြောင်း အသက်မသေဘဲလွတ်မြောက် လာသူ လေယာဉ်မှူးက ပြောသည်။

“အဘခေတ်မှသည် အစ်မခေတ်သို့”


ကမ္ဘာပေါ်ရှိ ရှိသမျှလူတွေထဲမှာ စာရေးသူတို့တိုင်းပြည် နိုင်ငံတော်ကြီး လက်ျာတောင်ကျွန်း သြဘာနိမိတ် ထွန်းတယ်။ ဘုရားရှင်ကို ဆွမ်းဦးကပ်ခွင့် ရတဲ့ လူမျိုး၊ ဗုဒ္ဓဘာသာဖြစ်ထွန်းခဲ့တဲ့ နိုင်ငံအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်ခဲ့ပါတယ်။ ဒါပေမဲ့ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ကျေးဇူးရှင် ချောင်းဝဆရာတော်ဘုရားကြီးက တို့မြန်မာလူမျိုးတွေဟာ အကြွားသန် တယ်။ မစ္ဆရိယစိတ် များတယ်။ ပြီးတော့ ဖားတတ်တယ်။ ဒါကြောင့် မကြီး ပွားတာလို့ ပြောဆိုမိန့်ကြားခဲ့ဖူးပါတယ်။ ဦးနေ၀င်းလက်ထက်က 'အဘ' ဆိုတာ မရှိခဲ့ပါဘူး။ ဘယ်လိုကြောင့် မှန်းမသိ န၀တခေတ်ကစပြီး 'အဘ' ဆိုတဲ့အသုံးအနှုန်း တော်တော်လေး ခေတ်စားလိုက်တာ။

ဟားခါးမြို့ ယမ်းပေါက်ကွဲမှု အိမ်ရှင်ကို ဖမ်းဆီး


ချင်းပြည်နယ် ဟားခါးမြို့ ဈေးသစ်ရပ်ကွက်က နေအိမ်တစ်လုံးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က ယမ်းပေါက်ကွဲပြီး လူ ၆ ဦး သေဆုံးခဲ့တဲ့အတွက် ပေါက်ကွဲမှုဖြစ်တဲ့ အိမ်ပိုင်ရှင်ကို ဟားခါးမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။နေအိမ်ပိုင်ရှင်ကို ပေါက်ကွဲမှုအက်ဥပဒေ ပုဒ်မ ၃ နဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ချင်းပြည်နယ် ဟားခါးမြို့နယ် ရဲတပ်ဖွဲ့က ရဲမှူးကြီး ခင်ဟာရန်းက ပြောပါတယ်။

ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ လျှော့ ချရပ်ဆိုင်းရေး နှစ်ဘက်ဆွေးနွေး သဘောတူ


အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ကြားဖြစ်နေတဲ့ တိုက်ပွဲတွေကို လျှော့ချ ရပ်ဆိုင်းသွားဖို့အတွက် အစိုးရနဲ့ SSPP အဖွဲ့တို့ ပဏာမသဘောတူညီချက်ထဲမှာပါရှိပြီး SSPP ဘက်က ဗဟိုကော်မတီမှာ တင်ပြပြီး အစိုးရထံ အကြောင်းပြန်မယ်လို့ သိရပါတယ်။

အစိုးရအဖွဲ့တွင် ပါတီဝင်မဟုတ်သည့် တိုင်းရင်းသားများနှင့် နိုင်ငံအကျိုးပြုနိုင်သူများ ပါဝင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် (NLD)ကဖွဲ့စည်းမည့် အ စိုးရအဖွဲ့တွင် ပါတီဝင်မဟုတ် သော တိုင်းရင်းသားများအပြင် နိုင်ငံကို အကျိုးပြုနိုင်သူ များပါဝင် မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။ လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနက နိုဝင်ဘာ ၂၆ ရက်တွင် ပြုလုပ်သော မြန်မာ့ ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ် အောင်ဆန်းစုကြည် တွေ့ဆုံမေး မြန်းခန်း အစီအစဉ်၌ ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နယ်စပ်ရှိ တရားမ၀င် ယာယီတံတားများကို မီးရှို့ဖျက်ဆီး


မူဆယ်မြို့နှင့် ထိစပ်နေသည့် မြန်မာ-တရုတ် နယ်စပ်ရှိ တရားမ၀င် ဆောက်လုပ်ထားသည့် ယာယီတံတား ငါးစင်းကို နှစ်နိုင်ငံ နယ်စပ် တာဝန်ရှိသူများ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိသည်။ မူဆယ်မြို့ စွမ်ဆော်ရပ် ကွက်နှင့် တရုတ်နိုင်ငံကြယ်ခေါင် မြို့ကြား နယ်စပ်မှတ်တိုင်အမှတ် ဘီပီ (၈၀) မှ ဘီပီ(၈၀-၂)အတွင်း ရှိသည့် နှစ်နိုင်ငံနယ်စပ် ရေ မြောင်းများမှတစ်ဆင့် ခိုးဝင်၊ ခိုး ထွက်ပြုလုပ်နိုင်သော သစ်သား တံတားငါးစင်းကို မီးရှို့ဖျက်ဆီးခဲ့ ခြင်းဖြစ်သည်ဟု မူဆယ်မြို့မရဲ စခန်းမှ တာဝန်ကျရဲအရာရှိတစ် ဦးက ပြောသည်။ မည်သည့်နေ့ တွင် ဖျက်ဆီးလိုက်သည်ကိုမူ မ ပြောပေ။

မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီး မဟာမင်္ဂလာနှင့် ရေစက်ချ အောင်ပွဲ မင်္ဂလာ ကုသိုလ်တော်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး တက်ရောက်ကြည်ညို



ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီအား ၀န်းရံကြရန် ကယားပြည်နယ် အတွင်းရှိ တိုင်းရင်းသားပါတီများကို KNPP တိုက်တွန်း


၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအား ၀န်းရံကြရန် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားပါတီများအား ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)က တိုက်တွန်းခဲ့ကြောင်း သတင်းရရှိသည်။ KNPP ဒုတိယဥက္ကဋ္ဌ ခူးဦးရယ်က လွိုင်ကော်မြို့ ဆက်ဆံရေးရုံးတွင် ပြည်နယ်တွင်း တိုင်းရင်းသားပါတီများဖြစ်သော ကယားလူမျိုးစု ဒီမိုကရေစီပါတီ၊ လူမျိုးပေါင်းစုံဒီ မိုကရေစီပါတီ (ကယားပြည်)၊ ကယန်းအမျိုးသား ပါတီတို့မှ ကော်မတီဝင်များအား နိုဝင်ဘာ ၂၄ ရက်တွင် ဖိတ်ခေါ်၍ တွေ့ဆုံ တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံနေရသည့် သတင်းထောက်ကို ထောင်ပြင်ပ ထောင်ဒဏ် ၅ နှစ် ချမှတ်


တရုတ်အာဏာရကွန်မြူနစ်ပါတီ လျှို့ဝှက်ချက်တွေ ပေါက်ကြားမှုနဲ့ ဖမ်းဆီးအရေးယူခံရတဲ့ အစိုးရအတိုက်အခံသတင်းထောက်တဦးကို ကျန်းမာရေးအကြောင်းပြချက်နဲ့ ထောင်ပြင်ပ ထောင်ဒဏ် ၅ နှစ်ချလိုက် ပါတယ်။ နိုဝင်ဘာ ၂၃ ရက်နေ့က အမှုကို တခါပိတ်ပြန်လည်ကြားနာခဲ့ပြီး မူလထောင်ဒဏ်ဖြစ်တဲ့ ၇ နှစ်ကနေ ၅ နှစ်ကို လျော့ချပေးခဲ့ပါတယ်။

အစိုးရဖွဲ့ရာတွင် NLD မှ မဟုတ်သည့် တိုင်းရင်းသားများ၊ နိုင်ငံအကျိုးပြုမည့်သူများ ပါနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


အစိုးရဖွဲ့ရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် မဟုတ်သည့် တိုင်းရင်းသားများ၊ နိုင်ငံအကျိုးပြုမည့်သူများ ပါနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ လွတ်လပ်တဲ့ အာရှအသံ (RFA) သတင်းဌာန၏ အပတ်စဉ် ကဏ္ဍတစ်ခုဖြစ်သော “ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်၏ နိုဝင်ဘာ ၂၅ ရက် မေးမြန်းခန်းတွင် အစိုးရ ဖွဲ့စည်းရာတွင် NLD ပါတီဝင် မဟုတ်သည့် တိုင်းရင်းသားများ ပါ၊ မပါနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

IS ချေမှုန်းရေး ရုရှား ပြင်သစ် လက်တွဲမည်


ဆီးရီးယားမှာ IS စစ်သွေးကြွတွေရဲ့ အဓိကပစ်မှတ်တွေကို ဗုံးကြဲတိုက် ခိုက်မှုတွေမှာ ပိုမိုထိရောက်စေဖို့ IS စစ်သွေးကြွတွေနဲ့ တခြား အစွန်းရောက် အဖွဲ့တွေနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး အချက်အလက်တွေကို အပြန် အလှန် လဲလှယ်ကြဖို့ သူနဲ့ ရုရှားသမ္မတ Vladimir Putin တို့ သဘောတူခဲ့ကြ တဲ့ အကြောင်း ပြင်သစ် သမ္မတ Francois Hollande က ပြောဆိုလိုက်ပါ တယ်။

အာဖဂန်ဆေးရုံ တိုက်ခိုက်မှု မှားယွင်းပစ်ခတ်မိခြင်းဖြစ်ကြောင်း အမေရိကန်တပ်မှူး ပြော


ပြီးခဲ့တဲ့လ ၃ ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ ခွန်ဒုစ်မြို့ဆေးရုံကို တိုက်ခိုက် မှုဟာ “လူ့ဆုံးဖြတ်ချက်အမှား” ကြောင့် မှားယွင်းပစ်ခတ်မိတာလို့ အာဖဂန် နစ္စတန်နိုင်ငံမှာ တပ်စွဲနေတဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး ဂျွန်ကမ်းဘဲလ်က နိုဝင်ဘာ ၂၅ ရက်နေ့က ပြောဆိုပါတယ်။

တူရကီဘက်မှ လေကြောင်းသတိပေးမှု မလုပ်ခဲ့ဟု ရုရှားလေယာဉ်မှူး ပြော


ရုရှားဗုံးကြဲလေယာဉ် ပစ်ချခံရပြီး အသက်မသေ လွတ်မြောက်လာတဲ့ လေယာဉ်မှူးက တူရကီနိုင်ငံကပြောသလို လေကြောင်းသတိပေး တားမြစ်မှုတွေ မရှိခဲ့ဘူးလို့ နိုဝင်ဘာ ၂၅ ရက်နေ့က သတင်းထောက်တွေကို ပြောဆိုပါတယ်။ လေယာဉ်မှူး ဗိုလ်ကြီး ကွန်စတန်တင် မူရက်တင်က သူပျံသန်းခဲ့တဲ့နေရာဟာ ဆီးရီးယားလေပိုင်နက်ထဲမှာဆိုတာ ကောင်းကောင်းသိပြီး တူရကီနိုင်ငံက စွပ်စွဲသလို တူရကီလေပိုင်နက်ထဲ တလက်မတောင် မ၀င်ဘူးလို့ ဆီးရီးယား နိုင်ငံ၊ ရုရှားစစ်အခြေစိုက်စခန်းမှာ ပြောဆိုတာပါ။

NLD ဦးဉာဏ်ဝင်း ဂျပန်ခရီး စတင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းဟာ ဂျပန်နိုင်ငံကို မကြာခင်နာရီပိုင်းကပဲ ရောက်ရှိသွားခဲ့ပါပြီ။ ဦးဉာဏ်ဝင်းကို ဂျပန်အစိုးရက တရားဝင် ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။မကြာသေးခင်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံက ရွေးကောက်ပွဲမှာ ပြတ်ပြတ် သားသား အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထိပ်တန်းခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေပြီဖြစ်ပါတယ်။ 

မြန်မာသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှု တတိယအမြင့်ဆုံး ဖြစ်


မြန်မာနိုင်ငံသည် တကမ္ဘာလုံးတွင် လူသတ်မိုင်းများကြောင့် ထိခိုက်ဒဏ်ရာရမှု တတိယအမြင့်ဆုံးနေရာတွင်ရှိပြီး ကရင်ပြည်နယ်၊ ကချင်ပြည် နယ်နှင့် ပဲခူးတိုင်းဒေသကြီးများသည် မြေမြှုပ်မိုင်းပျံ့နှံ့မှု အများဆုံး ဒေသများတွင် ပါဝင်ကြောင်း မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာစည်းရုံး လှုံ့ဆော်ရေးအဖွဲ့ (ICBL) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစိုးရသစ်ကို စောင့်ကြိုနေသော စီးပွားရေး ကိန်းဂဏန်းများ


ရွေးကောက်ပွဲ အနိုင်ရပါတီက အစိုးရသစ် တရပ်ဖွဲ့၍ နိုင်ငံ ဖွံ့ဖြိုးရေး တာဝန်များကို ယူရတော့မည်။

ယခင် အစိုးရဟောင်းလက်ထက် ရှိခဲ့သော နိုင်ငံစီးပွားရေး အခြေအနေ ဖော်ပြနေသည့် ကိန်းဂဏန်းများကို အစိုးရသစ်က နှစ်မြို့သည်ဖြစ်စေ မနှစ်မြို့သည် ဖြစ်စေ အာဏာလွှဲပြီဆိုသည်နှင့် ကောင်းမွေ ဆိုးမွေ အကုန် တာဝန်ယူရတော့မည် ဖြစ်သည်။

တိုင်းပြည်အကျိုးအတွက် ကူညီဆောင်ရွက်မည်ဟု ဦးသန်းရွှေ၏မြေးပြော


ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံခဲ့ပြီး တိုင်းပြည်အကျိုး အတွက် ကျရာကဏ္ဍမှ ကူညီ ဆောင်ရွက်မည်ဟု ဗိုလ်ချုပ်မှူး ကြီး(ငြိမ်း) ဦးသန်းရွှေ၏ မြေး နေရွှေသွေးအောင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ် ဆင့် ပြောကြားခဲ့သည်။နေရွှေသွေးအောင်နှင့် တွေ့ ဆုံခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်သောအာရှ အသံ(RFA) သတင်းဌာနအားအတည်ပြု ပြောကြားပြီးနောက် နေရွှေသွေးအောင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် အတည်ပြုပြောကြားခဲ့သည်။

Wednesday, November 25, 2015

တူရကီလေကြောင်းပိုင်နက် ကာကွယ်ခွင့်ရှိ Obama ပြော


ဆီးရီးယားနဲ့ တူရကီနှစ်နိုင်ငံ နယ်စပ်ဒေသမှာ ရုရှားတိုက်လေယာဉ် အင်္ဂါနေ့က ပစ်ချခံလိုက်ရတာဟာ ဆီးရီးယားနိုင်ငံအတွင်း ရုရှားက ပြုလုပ်နေတဲ့ စစ်ဆင်ရေးမှာ ပြဿနာရှိနေတယ်ဆိုတာကို ပြသလိုက်တာဖြစ်ပြီး တူရကီနိုင်ငံအနေနဲ့ သူ့ရဲ့ လေကြောင်းပိုင်နက်ကို ကာကွယ်ပိုင်ခွင့် ရှိတယ်လို့ အမေရိကန်သမ္မတ Barack Obama က ပြောပါတယ်။

တပ်ချုပ်နဲ့ Washington Post မေးမြန်းခန်းအပေါ် အမြင်တချို့



ရွေးကောက်ပွဲအနိုင်ရ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လာမယ့် ဒီဇင်ဘာလထဲမှာ တွေ့ဆုံသွားမယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Washington Post သတင်းထောက်နဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးမူဘောင် နိုဝင်ဘာ ၂၇ တွင် စတင်ရေးမည်


နိုင်ငံရေးဆွေးနွေးပွဲများအတွက် ဆွေးနွေးမည့်အကြောင်းအရာ နိုင်ငံရေး မူဘောင်ကို နိုဝင်ဘာ ၂၇ရက်တွင် စတင် ရေးဆွဲမည်ဟု UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက နိုဝင်ဘာ ၂၄ရက်တွင် မဇ္ဈိမကို ပြောသည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်က သူ၏ထိပ်တန်းအရာရှိကို ရာထူးချ၍ စုပေါင်းလယ်ယာသို့ ပို့ခဲဟုဆို


နိုဝင်ဘာ ၂၄ရက်နေ့က ဆိုးလ်၏ ထောက်လှမ်းရေးအေဂျင်စီက လွှတ်တော် အမတ်များကိုပြောကြားချက်အရ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် က သူ၏ ထိပ်တန်း တွဲဖက်အရာရှိကြီးများထဲမှ တစ်ယောက်ကို ရာထူးချပြီး ကျေးလတ် စုပေါင်းလယ်ယာတစ်ခုသို့ စေလွှတ်ခဲ့သည်ဟု ယူဆရသည်ဟု ဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အချိန်အကန့်အသတ်ရှိ၍ ဆောင်ရွက်ချက်များတွင် အားနည်းချက်များနှင့် မပြည့်စုံမှုများ ရှိနိုင်သဖြင့် NCA ကို မဖောက်ဖျက်ဘဲ အများစုလက်ခံနိုင်သည့်အခြေအနေမျိုးကို ဝိုင်းဝန်းဆောင် ရွက်ရန်လိုဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဆို


ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သည်အချိန်အကန့်အသတ်ရှိသည့်အတွက် ဆောင် ရွက်ချက်များ တွင်အားနည်းချက်များနှင့်မပြည့်စုံ သည်များရှိနိုင်သဖြင့် NCA အခြေခံပေါ်တွင် NCA Timeline ကိုမဖောက်ဖျက်ဘဲ အများစုလက်ခံနိုင် သည့် ရှေ့ဆက် ဆောင်ရွက်သွား နိုင်မည့် အခြေအနေမျိုးကို ဝိုင်းဝန်း ဆောင်ရွက်ရန် ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်း ကဆိုသည်။

လွှတ်တော်သစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကြောင့် တပ်နှင့်လွှတ်တော် ပွတ်တိုက်နိုင်မည်လား


လွှတ်တော်နှစ်ရပ်စလုံးတွင်လက်ရှိ အာဏာရပါတီမှ ကိုယ်စားလှယ်အနည်းငယ်သာပါဝင်ပြီး အတိုက်အခံပါတီ၏ကိုယ်စားလှယ်အများဆုံး အခင်းအကျင်းဖြင့် ပွဲထွက်လာတော့မည့် လွှတ်တော်သစ်သည် ၂၀၁၆ ဇန်နဝါရီ ၃၀ ရက်နောက်ပိုင်း၌ စတင်တော့မည်ဖြစ်သည်။

မြန်မာ့နိုင်ငံရေးခေါင်းဆောင်များအားလုံး အတူလက်တွဲလုပ်ကြရန် အမေရိ ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း


မြန်မာ့နိုင်ငံရေးခေါင်း ဆောင်များအားလုံး အတူတကွ လက်တွဲ လုပ်ဆောင်ကြရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကန်လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးက သမ္မတဦးသိန်းစိန်အား နိုဝင်ဘာ ၂၄ ရက်တွင် တိုက်တွန်း ခဲ့သည်။ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ်ရပ် ဆဲလ်သည် နိုဝင်ဘာ ၂၄ ရက်က နေပြည်တော်တွင် သမ္မတဦးသိန်း စိန်နှင့် အစိုးရထိပ်ပိုင်း တာဝန် ရှိသူများကို တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တော်ဝင်နှင်းဆီဦးစိုးညွန့်နှင့်ဗဟန်း NLD အနိုင်ရအမတ်ကိုဒေါက်တာညိုညို သင်းအမှုဖွင့်


ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တွင် ဆန္ဒမဲပေးခြင်းပျက်ပြားစေရန်ရေးသားဖြန့်ဝေမှု ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ၅၈(ယ)ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ မြို့နယ်အောင်နိုင်ရေးအထူးတာဝန်ခံ ဦးစိုးညွန့်(တော်ဝင်နှင်းဆီ)နှင့် အနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းမြင့်တို့ကို ယင်းမြို့နယ်မှ တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်သူ ဒေါက်တာညိုညိုသင်းကအမှုဖွင့်တိုင်ကြားထားကြောင်း ယင်းမြို့နယ်စခန်းမှူးဒုရဲမှူးအေးမင်းသိန်းကပြောသည်။

ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုနှင့် ဖမ်းဆီးထားသူ ၂ ဦးကို ထိုင်းစစ်ခုံရုံးတွင် စွဲချက်တင်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ပြီးခဲ့တဲ့ သြဂုတ်လက ဧရာဝဏ်နတ် ကွန်း ဗုံးခွဲမှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့သူ ၂ ဦးကို နိုဝင်ဘာ ၂၄ ရက်နေ့က ထိုင်းစစ်ခုံရုံးမှာ စွဲချက်တင်ခဲ့ပါတယ်။ လူသတ်မှု အပါအ၀င် စွဲချက် ၁၀ ခု စစ်ခုံရုံးတင်ထားပြီး အကြမ်းဖက်မှုနဲ့ တော့ မပါဝင်ပါဘူး။

အိန္ဒိယ ရဟတ်ယာဉ်ပျက်ကျ၊ အမျိုးသမီး ရဟတ်ယာဉ်မှူးနှင့် ခရီးသည် ၆ ဦးသေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ကက်ရှ်မာပြည်နယ်မှာ နိုဝင်ဘာ ၂၃ ရက်နေ့က ရဟတ်ယာဉ်တစင်း ပျက်ကျပြီး အမျိုးသမီး ရဟတ်ယာဉ်မှူးနဲ့ ခရီးသည် ၆ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီရဟတ်ယာဉ်ဟာ အိန္ဒိယနိုင်ငံရဲ့ရှေးအကျဆုံး ဟိန္ဒူဝတ်ပြု ဘုရားကျောင်း တွေထဲက တခုဖြစ်တဲ့ ဗက်ရှ်နိုဒက်ဗီ ဘုရားကျောင်းကအပြန် ကက်ထရာမြို့မှ ပျံသန်းထွက်ခွာစဉ်မှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ စီစီတီဗွီ သတင်းမှာ ဖော်ပြပါတယ်။

နီပေါတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ ပစ်ခတ်နှိမ်နင်း


နီပေါနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆန့်ကျင်ဆန္ဒပြသူတွေကို ရဲအဖွဲ့က သေနတ်နဲ့ ပစ်ခတ်လို့ လူ ၂ ဦး သေဆုံးသွားပါတယ်။ နီပေါမှာ စက်တင်ဘာလက ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အတည်ပြုပြီး ကတည်းက နိုင်ငံရေး မငြိမ်မသက် ဖြစ်နေတာပါ။

ရုရှား လေယာဉ်ပစ်ချမှု တူရကီကို သမ္မတ ပူတင်သတိပေးပြီ


ရုရှားတိုက်လေယာဉ် Su -24 ကို ပစ်ချလိုက်ခြင်းရဲ့ အကျိုးဆက်က ရုရှား – တူရကီ ဆက်ဆံရေးကို ထိခိုက် စေမှာဖြစ်တယ်လို့ ရုရှားသမ္မတ ပူတင်က ပြောလိုက်ပါတယ်။ “ငါတို့ရဲ့ ပိုင်းလော့ ငါတို့ရဲ့ လေယာဉ်ဟာ တူရကီကို ခြိမ်းခြောက်တဲ့ အနေအထား မရှိပဲနဲ့ ပစ်ချခံခဲ့ရတယ်၊ ငါတို့ဟာ တူရကီကို အိမ်နီးချင်းအဖြစ်သာမက မိတ်ဆွေနိုင်ငံအဖြစ်နဲ့ အမြဲလေးစားခဲ့တယ် ဒီဝမ်းနည်းဖွယ်ဖြစ် ရပ်ရဲ့ အကျိုးဆက်က ရုရှား – တူရကီဆက်ဆံရေးကို ထိခိုက်လိမ့်မယ်”လို့ ယနေ့မှာ ဂျော်ဒန်ဘုရင်နဲ့ တွေ့ဆုံတဲ့ သမ္မတ ပူတင်က ပြောဆိုလိုက်တာဖြစ်ပါတယ်။

ရုရှားလေယာဉ်ပစ်ချခံရမှု တူရကီက ရုရှားသံအမတ်ကို ဆင့်ခေါ်


ပစ်ချခံရသည့် ရုရှားတိုက်လေယာဉ်နှင့် ပတ်သက်ပြီး တူရကီနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကို တူရကီ နိုင်ငံခြား ရေးဝန်ကြီးက ဆင့်ခေါ်ထားကြောင်း သံရုံးပြောခွင့်ရ အီဂါ မစ်ယာကော့ဗ်က ပြောသည်။ “ရုရှား သံရုံးက ကောင်ဆယ်လာကို ဆင့်ခေါ်တာမှန်ပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မရှိပါဘူး” သူက ဆိုပါတယ်။

အနိုင်ရပါတီကို အာဏာလွှဲပြောင်းရမည့်ကိစ္စသည် မှန်ကန်သည့်လုပ်ရပ်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

အနိုင်ရပါတီကို အာဏာလွှဲပြောင်းရမယ့် ကိစ္စဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ် တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၀ါရှင်တန်ပို့စ်သတင်းစာနဲ့ သီးသန့်အင်တာဗျူးမှာ ပြောပါတယ်။ သမ္မတကိုယ်တိုင်ကလည်း အစိုးရ အလွှဲအပြောင်းအတွက် ကတိပြုထားပြီး ဖြစ်လို့ တပ်မတော်ကလည်း ဒီအတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီဇင်ဘာလထဲတွင် တွေ့ဆုံမည်ဟု ဗိုလ်ချုပ်မှူးကြီး ပြော



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်နဲ့ ဒီဇင်ဘာလထဲမှာ တွေ့ဆုံသွားမယ်လို့ ၀ါရှင်တန်ပို့စ် သတင်းစာနဲ့ သီးသန့်အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

Tuesday, November 24, 2015

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ယုံကြည်မှုရှိနေသည့် ဒီချုပ်


နိုဝင်ဘာ ရွေးကောက်ပွဲမှာ သူ့ရဲ့အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်(ပါတီ) ရလဒ်ပြတ်သားစွာ အနိုင်ရခဲ့ပြီးတဲ့နောက် အတိုက်အခံခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ အသစ်တက်လာမယ့် သမ္မတနေရာအတွက် ပြင်ဆင်နေပါပြီ။ နိုင်ငံခြားသား တစ်ယောက်ကို လက်ထပ်ထားခြင်း၊ ပြည်ပနိုင်ငံ တစ်ခုရဲ့ နိုင်ငံသား ခံယူထားတဲ့ သား နှစ်ဦးရှိနေခြင်းစတဲ့ အချက်တွေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ပိုင်ခွင့်ကနေ တားဆီး ထားတဲ့တိုင် ဒီချုပ်ကတော့ ဇန်နဝါရီလကုန်၊ လွှတ်တော် အစည်းအ ဝေး ခေါ်ယူချိန်မှာ သူ့ကို သမ္မတ နေရာအတွက် အမည်စာရင်း တင်သွင်းဖို့ ပြင်ဆင်နေပါပြီ။

မြောက်ကိုရီးယားသို့ သွားရောက်ရန် စိတ်ကူးရှိကြောင်း ဘန်ကီမွန်း အတည်ပြု


မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက်ရန် ၎င်းအနေဖြင့် စိတ်ကူးရှိကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက အတည်ပြု ပြောကြားလိုက်သည်။ အထီးကျန် ကွန်မြူနစ်နိုင်ငံသို့ တတ်နိုင်သမျှ အစောဆုံးသွားရောက်လိုသော်လည်း လတ်တလောတွင် မည်သည့်ဆုံးဖြတ်ချက်မျှ မချရသေးကြောင်းလည်း ဘန်က ဆိုသည်။ တောင်ကိုရီးယားနိုင်ငံသား တစ်ဦးဖြစ်သည့် ဘန်အနေဖြင့် မြောက်ကိုရီးယားသို့ သွားရောက်ရန် ပြင်ဆင်နေကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း ၎င်းက နှုတ်ဆိတ်နေခဲ့ပြီး ယခုအခါမှ ပထမဆုံးအကြိမ် သဘောထားမှတ်ချက် ပေးလာခြင်း ဖြစ်သည်။

အိုင်အက်စ်ကိုတိုက်ရန် ခြေလျင်တပ်များ စေလွှတ်မည် မဟုတ်ဟု ဩစတြေးလျ ဝန်ကြီးချုပ် အတည်ပြု


အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်ရန် ဩစတြေးလျအနေဖြင့် ခြေလျင်တပ်ဖွဲ့များ စေလွှတ်ရန် အစီအစဉ်မရှိဟု ဝန်ကြီးချုပ် မယ်လ်ကွမ် တန်ဘူးလ်က အတည်ပြု ပြောကြားခဲ့သည်။ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်တွင် အိုင်အက်စ်က စေလွှတ်သည့် အကြမ်းဖက်သမားများက ပစ်ခတ်ဗုံးခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ လူပေါင်း ၁၃၀ ကျော်မျှ အသက်ဆုံးရှုံးခဲ့သည်။ ဩစတြေးလျသည် အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ်တပ်များကို အမေရိကန်ဦးဆောင်ပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ဆင်ရေးတွင် ပါဝင်လျက်ရှိသည်။

မိုင်းရှူးမြို့တွင် တတိယအကြိမ်ဗုံးပေါက်ကွဲ နှစ်ဦးဒဏ်ရာရ


သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့တွင် နိုဝင်ဘာလ ၂၄ ရက်ယနေ့မနက်ပိုင်း က ဗုံးပေါက်ကွဲမှုဖြစ်ပွါးရာ ဒေသခံလူငယ် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နမ့်စန်မြို့ နယ် ခိုလမ်မြို့ သို့ပို့ဆောင်ဆေးကုထားရကြောင်း စုံစမ်းသိ ရှိရသည်။မိုင်းရှူးမြို့မှ တန့်ယန်းသို့အထွက်လမ်း မိုင်းရှူးမြို့ပြင်ရှိ ခိုစူမ် ဟူသည့်နေ ရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး လမ်းသွားလမ်းလာ ဒေသခံ ၂ ဦးအား ထိခိုက်ခဲ့မိခြင်းဖြစ်ကြောင်း မိုင်းရှူးမြို့တွင် စစ်ဘေး ဒုက္ခသည်များ အရေးကူညီ ဆောင် ရွက်ပေးနေသည့် နန်းစိန်ကပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Washington Post သတင်းဌာန တွေ့ဆုံမေးမြန်းမှုမှတ်တမ်း အပိုင်း(၃)


Washington Post။ အဆွေတော်ရဲ့နိုင်ငံအကြောင်းကို အခြားနိုင်ငံတွေက အဆွေတော် လောက် မသိနိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်များ အနေနဲ့ နိုင်ငံကို တည်ဆောက်ဖို့ ကြီးမားတဲ့စိန်ခေါ်မှုတွေ ရှိလိမ့်မယ်ဆို တာကို ကျွန်မ သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုရဲ့မျှော်မှန်း ချက်က အတိုင်းအတာ မြင့်မားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Washington Post သတင်းဌာန တွေ့ဆုံမေးမြန်းမှုမှတ်တမ်း အပိုင်း(၂)


Washington Post။ နှစ်ပေါင်းများစွာ မြန်မာ့တပ်မတော်က တရုတ်နိုင်ငံကလက်နက်တွေကို ၀ယ်ယူခဲ့တယ်။ အဆွေတော်အနေနဲ့ အမေရိကန်နိုင်ငံနဲ့ တပ်မတော်ချင်း ဆက်ဆံရေး ဘယ်လိုတိုးမြှင့် ဆောင်ရွက်မယ်လို့ စဉ်းစားထားပါသလဲ။

တောကြီးမျက်မည်းထဲက မထွက်နိုင်ခင်မှာ လွတ်ပြီလို့ မအော်ကြပါနဲ့


(တစ်)
ကျုပ်စကားပြောရင် စာရေးရင် အညာသားပီပီ ကြားဖူးနားဝ ပုံတိုပတ်စ ၊ ဥပမာ ဥပမေယျလေး ထည့်ပြောရမှ ပြည့်စုံတယ်လို့ အောက်မေ့တာ ကလား။ ဟုတ်တယ်ဗျ။ အထူးသဖြင့် အာဏာရှင်မျိုးဆက် အစိုးရမင်းများ အကြောင်း စဉ်းစားမိရင် ကျုပ်ခေါင်းထဲမှာ ပုံတိုပတ်စတွေ အစီအရီ ပေါ်လာတတ်လေရဲ့။

အေးချမ်းစွာ ရွေးကောက်ပွဲ ကျင်းပပြီးစီးမှုအတွက် သမ္မတ၊ ကာချုပ်နှင့် ရွှေးကော်ဥက္ကဌတို့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီးမှ ဂုဏ်ပြု ကျေးဇူးတင်စကား ဆို


တခြားနိုင်ငံများ၌ ပဋိပက္ခများနှင့် သွေးထွက်သံယိုမှုများ ဖြစ်ပွားနေသည့် အချိန်မှာ မြန်မာနိုင်ငံက ငြိမ်းငြိမ်းချမ်းချမ်းနှင့် ကူးပြောင်းလာသည့် အတွက် မြန်မာပြည်သူများ၏ ဒီမိုကရေစီအရေး ဆောင်ရွက်ချက်ကို မြန်မာနိုင်ငံက ကက်သလစ်ဘုန်းတော်ကြီး ချားလ်ဘိုက ကျေးဇူးတင် ဂုဏ်ပြုစကား ဆိုလိုက်သည်။

အမေရိကန် ရဟတ်ယာဉ်တစီး တောင်ကိုရီးယားတွင် ပျက်ကျ


အမေရိကန် အပါချီ ရဟတ်ယာဉ်တစီး တောင်ကိုရီးယားနိုင်ငံမှာ နိုဝင်ဘာ ၂၃ ရက်နေ့က ပျက်ကျခဲ့လို့ လေယာဉ်မှူးနဲ့ တခြား အမှုထမ်းတဦး သေဆုံး တယ်လို့ ရဲတွေနဲ့ စစ်တပ် အရာရှိတွေက ပြောပါတယ်။တိုက်ခိုက်ရေးရဟတ်ယာဉ်ဟာ ဂန်းဝန်ခရိုင် ဝမ်ဂျူးမြို့နားမှာ ပျက်ကျခဲ့တာ လို့ အရာရှိတွေက ပြောပါတယ်။

My Blog List