Friday, January 24, 2020

မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ်မှောက်လှုပ်ရှားမှုနှင့် အခြေခံပညာကျောင်းများတွင် စာနှစ်တိုးခြင်း တို့အပေါ် ပညာရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှုများအား ကန့်ကွက်ဆန္ဒပြ

Image may contain: 2 people
မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ်မှောက်လှုပ်ရှားမှုနှင့် အခြေခံပညာကျောင်းများတွင် စာနှစ်တိုးခြင်း တို့အ ပေါ် ပညာရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှုအား ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ) အနေဖြင့် ဇန်နဝါရီလ ၂၄ ရက်က ကန့်ကွက်ဆန္ဒပြခဲ့သည်။

အဆိုပါ ဆန္ဒပြမှုတွင် မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ်အား အမြန်ဆုံးဖြေရှင်းပေးရေး၊ ပညာရေး ဗျူရိုကရေစီ ယန္တယား ချက်ချင်းရပ်၊ လုပ်ငန်းခွင် အခြေမပြုသည့် ပြုပြင်ပြောင်းလဲရေး ဖျက်သိမ်းပေး စသည့် ကြွေးကြော်သံများ ဖြင့် ရတနာပုံတက္ကသိုလ်အတွင်း လှည့်လည်ချီတက်ခဲ့ကြသည်။
“မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ် နဲ့ အခြေခံကျောင်းတွေမှာ မတ်လကုန်အထိ စာသင်နှစ်တိုး တဲ့ကိစ္စအပေါ် ကျွန်တော်တို့ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ(ဗကသ) က ပညာရေးဝန်ကြီးဌာနကို အမြန်ဆုံးဖြေရှင်းပေးဖို့ ဆန္ဒပြတာပါ။ မန္တလေးတက္ကသိုလ်ကိစ္စဆိုရင် လေးလကျော်နေပြီး ဘာမှဖြေရှင်းပေးတာမရှိဘူး။ ပညာသင်ကာလ တိုး တယ်ဆိုတာကလည်း လုပ်ငန်းခွင်ကို အခြေမခံပဲ ပြောင်းတယ်ဆိုတာပဲ လုပ်နေတာ။ ဒါ့ကြောင့် ကျွန်တော်တို့ သမဂ္ဂ က အခြေခံပညာက ဆရာ၊ဆရာမတွေအတူရှိနေတယ်ဆိုတာ ပြသတာပါ” ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားသ မဂ္ဂ(ဗကသ) တွဲဖက်အတွင်းရေးမှူး ကိုမျိုးချစ်ဇော်က ပြောသည်။
မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် အနေဖြင့် နိုင်ငံတော်သမ္မတ ညွှန်ကြားချက်အား ချိုးဖောက်ပြီး ၎င်းနှင့် ရင်းနှီး ကျွမ်းဝင်သည့် လုပ်ငန်းရှင်အား Food Court လုပ်ပိုင်ခွင့် ပေးသည့်ကိစ္စနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် မန္တလေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်မှောက်ဦးဆောင်ကော်မတီမှ ဦးဆောင်ကာ ကျောင်းသားသပိတ်မှောက် လှုပ်ရှားမှုကို လုပ်ဆောင်လျှက်ရှိသည်။
ထိုသို့ သပိတ်မှောက်တောင်းဆိုနေသည်မှာ လေးလကျော်ရှိသွားပြီဖြစ်ပြီး ပညာရေးဝန်ကြီးဌာန စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ဆုံးဖြတ်ချက်ကို ထုတ်ပြန်မပေးမချင်း၊ ဥပဒေချိုးဖောက်သည့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို အရေးမယူမ ချင်း သပိတ်ဆက်မှောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အခြေခံပညာအသီးသီး၏ ကျောင်းတွင်းစစ်စာမေးပွဲများအား တက္ကသိုလ်ဝင်တန်းပြီးဆုံးသည့်အချိန်တွင် စစ်ဆေးရမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ၂၀၁၉ ဒီဇင်ဘာလ ၂၀ ရက်က စာထုတ်ခဲ့သည့်အပေါ် ဖဲကြိုးစိမ်း လှုပ်ရှားမှုများအပါအဝင် ဆန္ဒပြမှုများရှိသည်။ ပညာရေးကောလိပ်နှင့် ပညာရေးတက္ကသိုလ်များမှ ကျောင်သား၊ ကျောင်းသူများအပါအဝင် အခြေခံပညာမှ ဆရာ၊ဆရာမ များအနေဖြင့် စာသင်ကာလနောက်ဆုတ်ခြင်းအား ဖျက်သိမ်းပေးစေလိုကြကြောင်း သိရသည်။
Image may contain: 6 people, people standing, crowd and outdoor
Image may contain: 3 people, outdoor
Image may contain: 2 people, outdoor
Image may contain: 3 people, people standing, child and outdoor
(Zawgyi)

#TheFifthWaveNews

No comments:

Post a Comment

My Blog List