Wednesday, January 22, 2020

YMBA အသင်း ရန်ကုန်တပ်နယ်အရာရှိမိသားစုဝင်များကို အသင်းဝင်အဖြစ်ခန့်အပ်

Image may contain: indoorImage may contain: one or more people, crowd and indoor, text that says 'one NEWS'
ဗုဒ္ဓကလျာဏယုဝအသင်းကြီး YMBA က ရန်ကုန်တပ်နယ် အရာရှိမိသားစုဝင်တွေကို အသင်းဝင်အဖြစ် ခန့်အပ်တဲ့ အခမ်းအနားကို ဇန်နဝါရီ ၂၂ ရက်က ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အခမ်းအနားကို ရန်ကုန်မြို့ ကျောက်တော်ကြီးဘုရားက သိရိမင်္ဂလာမဟာသာသနဗိမာန်တော်မှာပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အသင်းဝင်အဖြစ် ခန့်အပ်တဲ့အခမ်းအနားကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သတ်ပုံ၊ တပ်မတော်အရာရှိ တွေနဲ့မိ သားစုဝင်တွေ ၊ YMBA အသင်းဥက္ကဋ္ဌ ဦးရဲထွန်းနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းသံဃနာယက ဥက္ကဋ္ဌ ဆရာတော်အမှူးပြုတဲ့ သံဃာတော်တွေထံမှာ သြဝါဒ ခံယူခဲ့ပါတယ်။
ဒီကနေ့ အသင်းဝင်ခန့်အပ်တဲ့ အခမ်းအနား မှာ ရန်ကုန်တပ်နယ်က အရာရှိနဲ့ မိသားစုဝင် (၁၀၀၀)က YMBA အသင်းကို ဝင်ရောက်ခဲ့တယ်လို့ အသင်းတွဲဖက် ဥက္ကဋ္ဌ ဦးစိန်သန်းကပြောပါတယ်။ YMBA အသင်းကြီးကို ၁၉၀၆ ခုနှစ်က စတင်ထူထောင်ခဲ့တာဖြစ်ပြီး သက်တမ်း ၁၁၄ နှစ် ရှိပြီဖြစ်ပါတယ်။
Image may contain: 2 people, flower, text that says 'one NEWS'
Image may contain: 7 people, people sitting, table and indoor
Image may contain: 2 people, people standing and flower, text that says 'one NEWS'
Image may contain: one or more people and indoor
Image may contain: table and indoor
သတင်း-ညိမ်းသူ၊ထက်အောင်လှိုင်

No comments:

Post a Comment

My Blog List