Friday, June 05, 2015

ဝ တပ်ဖွဲ့ဝင်များကို အစိုးရတပ် ဖမ်းဆီး၊ နှစ်ဘက်စစ်ရေး တင်းမာ


ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ထဲမှာ သစ်ထုတ်လုပ်နေတဲ့ ယူဒဗလျုအက်စ်အေ ၀ တပ်ဖွဲ့ဝင်တွေကို အစိုးရတပ်က ဖမ်းဆီးထားပြီး နှစ်ဘက်စစ်ရေးတင်းမာမှု အခြေအနေမှာ ရှိနေပါတယ် ။ဇွန်လဆန်းပိုင်းက ၀ တပ်ဖွဲ့ဝင်တွေ တောထဲမှာ သစ်ခုတ်နေစဉ် အစိုးရတပ်က ၀င်ရောက် ဖမ်းဆီးထားတဲ့အတွက် သူတို့ဘက်ကလည်း တပ်ရင်း ၂ ရင်းနဲ့ ပြန်ဝိုင်းထားတယ်လို့ ယူဒဗလျူအက်စ်အေ ပြောခွင့်ရ ဦးအောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီး ပထမဆုံးအကြိမ်သွားမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် သီတင်းပတ်အတွင်း  တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် တရားဝင်ချစ်ကြည်ရေးခရီးသွားမယ်လို့ ပါတီက  ဒီဗွီဘီကို အတည်ပြုပြောပါတယ်။တရုတ်ပြည် ၅ ရက်ကြာခရီးစဉ်မှာ တရုတ် သမ္မတ ရှီကျင်ပင်း၊ ၀န်ကြီးချုပ် လီကီချန်တို့နဲ့ လည်း တွေ့ဆုံဖို့ရှိတယ်လို့ အန်အယ်လ်ဒီ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောပါတယ်။

အမျိုးသမီးများအား အကြမ်းဖက်မှု သိန်းနှင့်ချီသည့် အာဂျင်တီးနား ပြည်သူများ ကန့်ကွက်ဆန္ဒပြ


ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများ အတွဲလိုက် ဖြစ်ပွားပြီးနောက်မှာ အမျိုးသမီးများအား အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချသည့်အားဖြင့် အာဂျင်တီးနား နိုင်ငံတစ်ဝန်းလုံးမှ သိန်းနှင့်ချီသည့် လူထုများမှာ လမ်းများပေါ်သို့ ထွက်လာခဲ့ကြသည်။ မြို့တော် ဗျူနို့စ်အေရီးစ်နှင့် အခြားမြို့ကြီးပေါင်း ၁၀၀ ကျော်တွင် ‘မဟာပူရိသဝါဒက လူသတ်နေတယ်’’၊ ‘လုံလုံလောက်လောက် သေခဲ့ပြီ’’ စသည့် ကြွေးကြော်သံ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားသည့် အာဂျင်တိုင်း လူအုပ်များက လမ်းမများကို ရေလွှမ်းသလို ဖုံးလွှမ်းသွားခဲ့ကြသည်ဟု ဆိုသည်။ ချီလီ၊ ဥရုဂွေးနှင့် မက္ကဆီကို နိုင်ငံများတွင်လည်း အလားတူ ချီတက်ကန့်ကွက်ပွဲများ ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

သဘာပတိ ခိုင်စိုးနိုင်အောင် ဒုဥက္ကဌ (ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP) မိန့်ခွန်း



ကျွန်တော်ပြောမယ့် စကားတွေ၊ အချက်အလက်တွေဟာ လက်ရှိအခြေအနေ၊ နိုင်ငံတစ်ကာ အခြေအနေအပေါ်မှာ ဖြစ်နိုင်ချေ၊ဖြစ်သင့်တာတွေကို တိုင်းတာ၊ ဝေဖန်၊ သုံးသပ်ပြီးတော့ ပြောကြားမယ့်စကား ဖြစ်ပါတယ်။

သြဇာကြီးသော အမေရိကန် လွှတ်တော်အမတ် မြန်မာ့ အပြောင်းအလဲကို ဝေဖန်


မြန်မာ့ပြုပြင်ပြောင်းလဲရေးဟာ အရှိန်အဟုန်တုန့်ဆိုင်းသွားပြီ ဖြစ်ကြောင်း အမေရိကန် လွတ်တော် အမတ် မစ်ခ်ျ မက်ကော်နယ်(Mitch McConnell) က ဝေဖန်လိုက်ပါတယ်။ မကြာခင် မြန်မာပြည်မှာ ပြုလုပ်မယ့် ရွှေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒအမှန်တွေကို မပေါ်လွင် မထင်ဟပ်တဲ့ ရလဒ်တွေဆိုရင်တော့ အမေရိကန်ကွန်ဂရက်က မြန်မာ့ပြုပြင်ပြောင်းလဲ ရေးအပေါ်ထားတဲ့ ယုံကြည်မူကို ပျက်ပြားစေမှာဖြစ်ပြီး အမေရိကန်နဲ့ မြန်မာအကြားမှာ ပြုလုပ်မယ့် စီးပွားရေး နဲ့ တပ်မတော် အချင်းချင်း ဆက်ဆံရေးတွေကလည်း ဖြစ်လာနိုင်ဖို့ နည်းပါးတယ်လို့ မြန်မာကို သတိပေး ပြောကြားလိုက်ပါတယ်။

ဒုတိယအကြီးဆုံး ခေါင်းလောင်းတော်ကြီး လှူဒါန်းပူဇော်



တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇွန် ၆ ရက် ထုတ်ပြန်မည်


တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန် ၆ ရက်နေ့မှာ ထုတ်ပြန်ပေးသွားမှာ ဖြစ်သလို အောင်မြင်သူတွေရဲ့ အမှတ်စာရင်းကိုလည်း အောင်စာရင်းထုတ်ပြန်ပြီး ၂ ရက်အကြာမှာ နေ့ချင်းပြီးထုတ်ပေးသွားမယ်လို့ မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့တော်ရှိ ကြော်ငြာဆိုင်းဘုတ်များ ထက်ဝက်ခန့်လျှော့ချမည်


မန္တလေးမြို့တော်၏အလှအပ နှင့် အမြင်တင့်တယ်မှုရှိစေရေးအတွက် ကြော်ငြာဆိုင်းဘုတ်များကို လက်ရှိအ ရေအတွက်ထက် ထက်ဝက်ခန့်လျှော့ ချသွားမည်ဟု မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီမှ သိရသည်။

ကျန်းမာရေးအရ ခေါင်းပေါင်းချွတ်မည်ဟု လွှတ်တော်နာယက သူရဦးရွှေမန်း ပြောကြား


လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီသည်ဖြစ်စေ ကန့်ကွက်သည်ဖြစ်စေ ကိုယ်တိုင်ဆောင်းထားသည့် ခေါင်းပေါင်းကိုချွတ်၍ လွှတ်တော်အစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်းပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

အကြမ်းဖက်သမား တစ်ယောက်ကို ငြိမ်းချမ်းရေးမှာ နေရာပေးသင့်သလား MPC


မကြာသေးခင်က အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လက်မှတ်ရေးထိုးခဲ့တဲ့ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး စာချုပ် (NCA) မူကြမ်းကို အပြီးသတ်လက်မှတ်ရေးထိုးဖို့အတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က ကရင်ပြည်နယ် လော်ခီးလာဒေသမှာ ယခုလ ၂ ရက်နေ့ကစပြီး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပလျက်ရှိပါတယ်။

ဂူးဂဲလ်၏ ထိပ်တန်း ရာဇဝတ်သား ဆယ်ဦးစာရင်းမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီ ပုံပါရှိလာ


ဂူးဂဲလ်၏ ရှာဖွေရေးအင်ဂျင်တွင် Top 10 criminals ထိပ်တန်း ရာဇဝတ်သား ၁၀ ဦး စာရင်းကို ရှာဖွေလျှင် အိန္ဒိယနိုင်ငံလက်ရှိ ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ၏ပုံများ ပါဝင်နေ၍ အင်တာနက် ကုမ္ပဏီကြီး ဂူးဂဲလ်က ပြန်လည် တောင်းပန်ခဲ့ရသည်။

လော်ခီးလာရောက် တိုင်းရင်းသား အဖွဲ့အားလုံး အပစ်ရပ်စာချုပ်ကို လက်ခံနိုင်ဟုဆို


တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ လော်ခီးလာ ညီလာခံတွင် တင်ပြချက်အားလုံးက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် လက်ခံနိုင်ကြောင်း တွေ့ရသည်ဟု တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

အားလုံးအပစ်ရပ်ကာ နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးလုပ်ဖို့ RCSS/SSA တိုက်တွန်း



ကရင်အမျိုးသားအစည်းအရုံးဌာနချုပ် လော်ခီးလာ၌ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ NCCT အဖွဲ့ဝင် ထိပ်သီးခေါင်း ဆောင်များ တွေ့ဆုံ ဆွေးနွေးနေချိန် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ကလည်း တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကာ နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးလုပ်ဖို့ ဂျွန် ၃ ရက်က သဘောထားကြေငြာ ချက်တစောင် ထုတ်ပြန်သည်။

ကိုးကန့် ၊ ရခိုင် နှင့် ပလောင်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ NCCT မှ နှုတ်ထွက်


အစိုးရ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော အဖွဲ့များဖြစ်ကြသည့် ကိုးကန့် MNDAA ၊ အေအေ ရက္ခိုင်အဖွဲ့နှင့် TNLA တအာင်းပလောင်အဖွဲ့ တို့မှာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းမှု အဖွဲ့ NCCT မှ နှုတ် ထွက်လိုက်ကြောင်း သက်ဆိုင်ရာအဖွဲ့ တာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။

မဲစာရင်း မှားယွင်းမှု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ NLD စာပို့


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားသည့် ၃၂ မြို့နယ်ရှိ အခြေခံ မဲဆန္ဒရှင် စာရင်းများမှာ ခန့်မှန်းခြေအားဖြင့် ၃၀ ရာ ခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိ မှားယွင်းနေသည်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်( NLD) က စစ်ဆေးတွေ့ရှိသည်ဟု သတင်းရရှိသည်။

ပထမဆုံး အမျိုးသမီးပါတီ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်တို့တွင် အဓိက ယှဉ်ပြိုင်မည်


အမျိုးသမီး ပါတီအနေဖြင့် ပါတီတည်ထောင်ခွင့် ပထမဆုံး ရရှိသည့် အမျိုးသမီးပါတီ (မွန်) က လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပဲခူးတိုင်း၊ တနသာင်္ရီတိုင်းနှင့် မွန်ပြည်နယ်တို့၌ အဓိက ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ် အမည်စာရင်းများ ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး သမ္မတ ဦးသိန်းစိန် ပြောဆိုချက်အပေါ် ဝေဖန်မှုများရှိနေ


သမ္မတ ဦးသိန်းစိန်က ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို အကောင်ထည်ဖော် ရန် ၂၀၀၈ ဖွဲ့စည်းပုံပါ ဇယား(၁) နှင့် (၂) ကို ပြင်ဆင် မည် ဖြစ်ကြောင်း ပြောဆိုချက်အပေါ် တိုင်းရင်းသား လွှတ်တော်အမတ်များနှင့် နိုင်ငံရေး ပါတီတချို့က ဝေဖန်ပြောဆိုနေကြသည်။

ရန်ကုန် ရုပ်ရှင်ပွဲတော် အလည်လာတဲ့ မီရှဲယိုးနှင့် အင်တာဗျူး


အာရှ ရုပ်ရှင်လောကတွင် နာမည်ကျော် ထင်ရှားသော မင်းသမီး မီရှဲယိုးသည် မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်း စုကြည်၏ ကိုယ်ပွားဟု လူသိများသည်။ မလေးရှားနိုင်ငံ ဇာတိဖြစ်သော မီရှဲယိုးသည် ကမ္ဘာ အနှံ့သို့ ဖြန့်ချိသည့် ရုပ်ရှင်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ကောင်စရိုက် များကလည်း အမျိုးသမီး တယောက်အနေဖြင့် ခက်ခဲသောနေရာများတွင် သရုပ်ဆောင်ခဲ့သည်။

လက်ပွား ကိုယ်တော် ကိစ္စကြောင့် လွှတ်တော် မီဒီယာခန်းများ ကန့်သတ်ဟု ဦးရွှေမန်းပြော


တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တဦးက လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်စဉ် အခြားမလာရောက်နိုင်သည့် တပ်မ တော် လွှတ်တော်ကိုယ် စားလှယ် ကိုယ်စား ဆန္ဒမဲပေးနေသည့် ဓာတ်ပုံကို ပြည်တွင်းသတင်းဂျာနယ် တခုဖြစ်သည့် ဂလို ဘယ်လ် ပို့စ်တွင် ဖော်ပြမှုသည် လွှတ်တော်မီဒီယာခန်း များတွင် မီဒီယာများ သတင်းယူခွင့် ကန့်သတ်ခြင်းနှင့် ဆက်စပ် နေကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ယမန်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေး တွင် ပြောသည်။

မန္တလေးတွင် အခွန်စနစ် ကောင်းမွန်ရေး အထောက်အကူပြု အဖွဲ့များဖွဲ့မည်


အခွန်ကောက်ခံမှုစနစ် ပိုမိုကောင်းမွန်လာစေရန်နှင့် အခွန်ရှောင်သူများအား စိစစ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး မန္တလေး စည်ပင် နယ်နိမိတ်ပိုင် မြို့နယ် ၆ ခုတွင် အခွန်ဘဏ္ဍာ တိုးတက်ရရှိရေး အထောက်အကူပြု အဖွဲ့များအား စတင်ဖွဲ့စည်းမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မြင့်ကြူက ပြောသည်။

ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် မဝင် ကိစ္စ


“ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်” အစား “ကျောင်းသားကိုယ်စားလှယ်” ဆိုပြီး ဥပဒေမှာ သုံးစွဲဖို့ ဒေါ်အောင်ဆန်းစုကြည် က ပြတ်ပြတ်သားသား ပြောဆိုတာနဲ့ ပတ်သက်ပြီး ကန့်ကွက်ငြင်းခုံမှု တော်တော်များများကို တွေ့ရပါတယ်။ ဒါပေမယ့် သည်နေရာမှာ ကန့်ကွက်ကြသူ ဒီမိုရောင်းရင်းတို့ အနေနဲ့ ပထမဆုံး သတိပြုမိဖို့ လိုတာက သည်ကိစ္စဟာ တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ပညာရေးဥပဒေကို ပြဌာန်းနေတာ ဖြစ်တယ် (legistlation) ၊ ကျောင်းသားသမဂ္ဂ “တက်ကြွလှုပ်ရှားမှု” (activism) ကို အကောင်အထည် ဖော်နေတာ မဟုတ်ပါဘူး။

အပစ်ရပ်လက်မှတ်ထိုးရာတွင် စစ်သည်တော် ကျင့်ဝတ်နှင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းရေးပါဝင်ရန် အကြံပြု


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရာတွင် စစ်သည်တော်ကျင့်ဝတ်နှင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီများ ဖွဲ့စည်းရေးကိုပါ တစ်ပြိုင်နက်တည်း လက်မှတ်ရေးထိုးသွားရန် လော် ခီးလာထိပ်သီးအစည်းအဝေး၌ အကြံပြုတင်ပြခဲ့သည်။

ထိုင်းနိုင်ငံသို့ MoU ဖြင့် လုပ်သားစေလွှတ်ခြင်း စိစစ်ပေးရန် အစိုးရကို လုပ်သားများတောင်းဆို


အလုပ်သမား လိုအပ်ချက် ရှိ၊ မရှိ သေချာစွာစိစစ်ပြီးမှ ထိုင်းနိုင်ငံသို့ MoU ဖြင့် လုပ်သားများ စေလွှတ်ကြရန် အလုပ်သမားဝန်ကြီးဌာနအား ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ပြီး ဒုက္ခ ရောက်ခဲ့သည့် MoU လုပ်သား များက တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

သုသာန်ဟောင်းနေရာ မြေတိုင်းတာရာတွင် စေတီပရိဝုဏ်ထားရှိပေးရန် တောင်းဆို


 ပြည်မြို့ရှိ ကန်သာဦး သုသာန်ဟောင်းကို မြေစာရင်းဦးစီး ဌာနက မြေကွက်များတိုင်းတာရာ တွင် သုသာန်အတွင်း တည်ထားကိုးကွယ်သည့် စေတီတော်အတွက် မြေပရိဝုဏ်အကျယ်အဝန်း ထားရှိပေးရန် စေတီတော် ဂေါ ပက အဖွဲ့က တောင်းဆိုထား ကြောင်း သတင်းရရှိသည်။

ရာသီဥတုပူချိန်တွင် စားရမည့် အစားအစာများ


ရာသီဥတုပူချိန်တွင် အပူချိန်နှင့် စိုထိုင်းမှုကြောင့် အစာစားချင်စိတ်လျော့ကျသွားတတ်သည်။ ရာသီဥတုပူချိန်တွင် ကော်ဖီပူပူ၊ လက်ဖက်ရည်နှင့် စွပ်ပြုတ်ပူပူတို့ကဲ့သို့ ပူနွေးသော အစားအစာများကို စားသုံးပါက ခန္ဓာကိုယ် တဖြည်းဖြည်းအေးလာစေသည်ဟု လူအများ ယုံကြည်ထားကြသည်။ 

လှေစီးဘင်္ဂါလီများ မောင်တောသို့ စုပြုံလာခြင်းမှာ ဒေသတွင်း တည်ငြိမ် ရေးကိုထိခိုက်စေကြောင်း မောင်တောအရပ်ဘက်အဖွဲ့အစည်းများ ကြေညာချက်ထုတ်


လှေစီးဘင်္ဂါလီများ မောင်တောခရိုင်အတွင်းသို့ စုပြုံရောက်ရှိလာခြင်း ကြောင့် မောင်တောခရိုင်အတွင်း တည် ငြိမ်အေးချမ်းရေးထိခိုက်မည်ကို စိုးရိမ်ပြီး ဘင်္ဂါလီအရေးဖိအားပေး သည့်နိုင်ငံများနှင့် ကုလဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)အဖွဲ့တို့ကို သပိတ် မှောက်ကန့်ကွက်သွားမည်ဟု မောင်တော ဒေသ ခံအရပ်ဘက် အဖွဲ့အစည်း ၂၀ ကျော်က ကြေညာချက်ထုတ်ပြန်သည်။

Thursday, June 04, 2015

ဦးရွှေမန်း သမ္မတ ဖြစ်မလား


၂၀၁၅ ရွေးကောက်ပွဲ အများသိကြသလို နိုဝင်ဘာလထဲမှာ ကျင်းပမယ်ဆို ၆ လပဲ လိုပါတော့တယ်။ ဒါဟာ အုပ်ချုပ်မှု အစိုးရတရပ်နဲ့ လွှတ်တော်တွေ တစခန်းရပ်တော့မှာပါ။ နောက်လွှတ်တော်သစ်နဲ့ အစိုးရသစ်ကို ရွေးကောက်ပွဲများမှာ ပြည်သူက မဲပေးရွေးချယ် ရတော့မှာပါ။ ဒီအချိန်မှာ တိုင်းပြည်ရဲ့ ခေါင်းဆောင် ဘယ်သူလဲဆိုတာ လူတိုင်းက စိတ်ဝင်စားနေကြ ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက်အမှတ် ၂/၀၆/၂၀၁၅


ထိုင်းကျောင်သူရဲ့ မေးခွန်းက သမ္မတ အိုဘားမားကို အကြပ်ရိုက်စေ သလား


ဇွန်လ ၂ ရက်နေက အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ သမ္မတ အိုဘားမား နဲ့ အရှေ့တောင်အာရှနိုင်ငံတွေက လူငယ်ခေါင်းဆောင် ၇၅ ဦးတွေ့ဆုံခဲ့ ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်သုံးဖွဲ့ NCCT က နှုတ်ထွက်


ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရ တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွား နေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး မဟာမိတ် အဖွဲ့ သုံးဖွဲ့က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများမှ ပြောဆိုလိုက်သည်။

ကလေးစစ်သား ၅၁ ဦးထပ်ထွက်ခွင့်ပြု


အရွယ်မတိုင်မီစစ်မှုထမ်းဆောင်နေသည့် ကလေးသူငယ်နှင့်လူငယ် ၅၁ ဦး အား မြန်မာ့တပ်မတော်က ယနေ့ ဇွန်လ ၄ ရက်က ထပ်မံနုတ်ထွက်ခွင့်ပြု လိုက်သည်။ ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်နုတ်ထွက်ခွင့်ပြုခြင်းဖြစ်ပြီး ၂၀၁၅ နှစ်စမှလက်ရှိအချိန်ထိ အရွယ်မရောက်သေးသောစစ်မှုထမ်း ၉၃ ဦးနုတ် ထွက်ခွင့်ပြုပြီးဖြစ်သည်။ 

မွတ်စလင်ဒုက္ခသည်တွေ အမေရိကန်နဲ့ နီပေါ လက်ခံဟုဆို


အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် ၂၆ဝဝ ကျော် လက်ခံ ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောဆိုတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရှစ်လအတွင်း တစ်ထောင်ကျော် လက်ခံနေရာချခဲ့ကြောင်း AFP သတင်းတစ်ပုဒ်က ဖော်ပြပါတယ်။ ဒါ့ပြင် ဒီနှစ်အတွင်း ၁၆ဝဝ အထိ လက်ခံ မှာဖြစ်ပြီး၊ နောက်နှစ်မှာ ၂၅ဝဝ အထိ လက်ခံမယ်လို့ အမေရိကန် နိုင်ငံခြား ရေး ဌာနက ပြောဆိုတယ်လို့ သိရပါတယ်။ 

ဟိုင်းကြီးကျွန်းက လှေစီးဒုက္ခသည် ၇ဝဝ ကျော် ရခိုင်မောင်တော ကို ရောက်ရှိ


ဧရာဝတီတိုင်း ဖျာပုံမြို့အနီးက မြန်မာ့ရေပိုင်နက်တွင်း ဖမ်းမိတဲ့ လှေစီး ဒုက္ခသည် (၇၂၇ ) ဦး ကို ခေတ္တထိန်းသိမ်း ထားတဲ့ ဟိုင်းကြီးကျွန်းကနေ ရခိုင်မောင်တောမြို့နယ်က ကညင်ချောင်းကို ဒီကနေ့ မနက်ကရွှေ့ပြောင်း ထားလိုက် ပြီလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းက RFA ကိုပြောပါတယ်။

နိုင်ငံရေးပါတီတွေ မဲဆန္ဒရှင်စာရင်း ကူးယူခွင့်ရရှိ


ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေက ထုတ်ပြန်ကြေညာထားတဲ့ မဲပေးခွင့် ရှိသူစာရင်းတွေကို နိုင်ငံရေး ပါတီတွေအနေနဲ့ ကူးယူခွင့်ပေးမှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ပြောလိုက် ပါတယ်။

ပညာရေးဝန်ကြီးဌာန၏စီမံခန့်ခွဲမှုများသည်နားလည်ရန်ခက်ခဲပြီး လွှတ်တော်ကို မျက်ကွယ်ပြုနေကြောင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဝေဖန်


ပညာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုများသည်နားလည်ရန် ခက်ခဲပြီး လွှတ်တော်ကိုမျက်ကွယ် ပြုနေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဝေဖန် ထောက်ပြလိုက်သည်။

လွှတ်တော်နှင့် အခြားအဖွဲ့များကြား ညီညွတ်မှု ပျက်ပြားစေနိုင်၍ မီဒီယာခန်းမများပိတ်ဟု သူရဦးရွှေမန်း ပြောကြား


လွှတ်တော်အစည်းအဝေး ကျင်းပနေသည့် မြင်ကွင်းကို မီဒီယာများမှ တိုက်ရိုက်သတင်းရယူ ဖော်ပြနေခြင်းကြောင့် လွှတ်တော်နှင့် တပ်မတော်၊ မီဒီယာများ၊ ပြည်သူလူထုအကြား အထင်အမြင်လွဲမှား၍ ညီညွတ်မှု ပျက်ပြားစေနိုင်သောကြောင့် မီဒီယာခန်းမများ ပိတ်ကာ ပြင်ဆင်သတ်မှတ် ထားသည့် နေရာ၌သာ သတင်းရယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

လှေစီးဒုက္ခသည်များနှင့်ပတ်သက်၍ ကုလသမဂ္ဂသို့ စာရေးသားပေးပို့ ( English Version)


*** မြန်မာနိုင်ငံအပေါ် မှန်ကန်မျှတစွာ ပြောဆိုပြုမူ ဆောင်ရွက်ကြရန်။

၂၀၁၅ ရွေးကောက်ပွဲ ကြံ့ခိုင်ရေးပါတီ မဲဆန္ဒနယ် တစ်ထောင်ကျော်တွင် ပြိုင်မည်


ယခုနှစ်အတွင်း ကျင်းပမည့် ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနည်းဆုံး မဲဆန္ဒနယ် တစ်ထောင်ကျော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီဗဟိုကော်မတီဝင် ဦးတင့်ဇော်က ပြောကြားသည်။

လှေစီးပြေးဒုက္ခသည် ၇၀၀ ကျော်ကို မြန်မာအစိုးရစတင်စိစစ်



မြန်မာနိုင်ငံ ဟိုင်းကြီးကျွန်းအနီး မေလ ၂၈ ရက်နေ့က မြန်မာရေတပ်က ထိန်းသိမ်း ခေါ်ဆောင်ခဲ့တဲ့ စက်လှေပေါ် လိုက်ပါလာသူ လှေစီးပြေး ရွှေ့ပြောင်းနေထိုင်သူ ၇၀၀ ကျော်တို့ကို စိစစ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ မြန်မာအစိုးရက ပြောပါတယ်။

လူမှောင်ခိုကူးမှု မကျူးလွန်ကြောင်း ထိုင်းဗိုလ်ချုပ်ငြင်းဆို


ထိုင်း၊ မြန်မာနဲ့ မလေးရှား နိုင်ငံတွေအတွင်း လူကုန်ကူးမှု အရှုတ်အထွေးမှာ ပါဝင်ပတ်သက်နေတယ် ဆိုပြီးတော့ စွပ်စွဲခံထားရတဲ့ ထိပ်တန်းစစ်ဘက်ဆိုင်ရာ အရာရှိကြီးဟာ ဒီအမှုကိစ္စကို ရင်ဆိုင်ဖို့ သူ့ရဲ့သဘောဆန္ဒအလျှောက် ဗုဒ္ဓဟူးနေ့မှာ သွားရောက် အဖမ်းခံခဲ့ပါတယ်။

ညွန့်ပေါင်းတပ်ဖွဲ့နှိမ်နင်းမှု IS စစ်သွေးကြွ တစ်သောင်းကျော်သေဆုံး


အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေအတွင်း IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေကို တညတည်းအတွင်းမှာ ၂၂ ကြိမ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက်၊ တနှစ်တောင် မပြည့်သေးတဲ့ စစ်ဆင်ရေးကာလအတွင်း IS စစ်သွေးကြွ တစ်သောင်းကျော်ကို သတ်ဖြတ်ပစ်နိုင်ခဲ့တယ်လို့ အမေရိကန် ထိပ်တန်း သံတမန်တဦးက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။

ထိုင်းရှိ အလုပ်သမားများ စာတိုက်မှ ပစ္စည်းပို့လျှင် ပတ်စပို့ပြရမည်


ဇွန်လ ၂ ရက်နေ့မှစ၍ ထိုင်းနိုင်ငံတွင် စာတိုက်မှ ပစ္စည်းများ ပို့မည်ဆိုပါက အထောက်အထား စာရွှက်စာတမ်း သို့မဟုတ် ပတ်စပို့ ပြရမည် ဖြစ်သည်။ထိုင်းနိုင်ငံသားများသည် နိုင်ငံသားကတ်ကို ပြ၍ နိုင်ငံခြားသားများနှင့် အလုပ်သမားများသည် ပတ်စပို့ မိတ္တူပေးရမည် ဖြစ်သည်။ 

လော်ခီးလာ တွင်ကျင်းပသော တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးဆွေး နွေးပွဲ၌ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောသည့် မိန့်ခွန်း အပြည့် အစုံ ..


လေးစားအပ်ပါသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးခေါင်း ဆောင်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား ...။ 

ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့်ပြည့်ဝပါစေကြောင်း ဆန္ဒပြု လိုက်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရေးအတွက် NCCT နဲ့ UPWC တို့ရဲ့ ရေးဆွဲအတည်ပြုထားတဲ့ အပစ်ရပ်မူကြမ်းကို ထိပ်သီးခေါင်း ဆောင်များ အချင်းချင်း ဖြည့်စွတ် အတည်ပြုနိုင်ရေးအတွက် ဒုတိယနေ့ ဆွေးနွေးပွဲကို ယခုအချိန်ကနေ အစည်းအဝေးစတော့မှာ ဖြစ်ပါတယ်။ 

လွှတ်တော်တိုက်ရိုက်သတင်းယူခွင့် ကန့်သတ်မှု မီဒီယာသမားတွေဝေဖန်


လွှတ်တော် ၃ ရပ်မှာ မီဒီယာတွေကို တိုက်ရိုက်သတင်းရယူခွင့် ကန့်သတ် လိုက်တာဟာ တပ်မတော်သား ကိုယ်စားလှယ်က စက်ခလုတ်နှိပ်ပြီးကိုယ်စား မဲပေးတာနဲ့ ဆက်စပ်နေကြောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအပေါ် အထင်အမြင် လွှဲမှားစေနိုင်မှုကြောင့်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကက ရှင်းလင်းခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်အတွင်း ဆောင်ရွက်ချက်များကို သတင်းရယူ ခွင့်ကန့်သတ်ရခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်နာယက၏ ရှင်းလင်းပြောကြား ချက်များအပေါ် မီဒီယာသမားအချို့ တုံ့ပြန်ထောက်ပြ


ပြည်ထောင်စု လွှတ် တော်အတွင်း ဆောင်ရွက်ချက်များကို သတင်းရယူခွင့် ကန့်သတ်ရခြင်းသည် လွှတ်တော်ကိုယ်စား လှယ်အချို့၏ လုပ်ရပ်အပေါ် ပြည်သူများအထင် အမြင်လွဲမှားခြင်း၊ အချင်းချင်းကြား သံသယရှိခြင်းများ မဖြစ်ပေါ်စေရန် ဆောင်ရွက် ရခြင်းဖြစ်သည် ဟု ပြည် ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြောသည်။

တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးရာတွင် တိုင်းရင်းသားအဖွဲ့အားလုံး ပါဝင်ရေးမူ ဆက်လက်စွဲကိုင်မည်ဟု UNFC ဥက္ကဋ္ဌပြော


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စကားရပ်နှင့်အညီ လက်မှတ်ရေးထိုးရာတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(PLSF/ TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) အပါအဝင် အဖွဲ့ဝင်များအားလုံး ပါဝင် လက်မှတ်ရေးထိုးရေး မူကို ဆက်လက် ကိုင်စွဲသွားရန် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လက တိုက်တွန်းလိုက်သည်။

ဟိုင်းကြီးကျွန်း လှေစီး ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်နှင့် အနီးဆုံးဖြစ်စေရန် ရခိုင်သို့ပို့ ဟုဆို


ဟိုင်းကြီးကျွန်း ရေတပ်စခန်းတွင် ထိန်းသိမ်းထားသော ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်နှင့် အနီးဆုံးဖြစ်အောင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲသို့ ပို့ဆောင်ထားခြင်းဖြစ်ပြီး ယာယီစစ်ဆေးမှုများ ပြုလုပ်မည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောသည်။

ရခိုင်-ဘင်္ဂလားနယ်စပ် လုံခြုံရေးအစီအမံများ


ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်၊ ရခိုင်ပြည်နယ် မောင်တောဒေသမှာ လူခိုးဝင်မှုနဲ့၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် နယ်စပ်လုံခြုံရေး ဆောင်ရွက်ချက်တွေကို ဗွီအိုအေ (မြန်မာပိုင်း) ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ အဖွဲ့ ဒီကနေ့ သွားရောက် လေ့လာခွင့် ရပါတယ်။

ဆိုလာလေယာဉ် ထိခိုက်ပျက်စီးမှုတချို့ ကြုံတွေ့


စံချိန်တင်မယ့် ကမ္ဘာပတ်ခရီးကို နေစွမ်းအင်နဲ့ ပျံသန်းနေတဲ့ Solar Impulse လေယာဉ်ဟာ ဂျပန်နိုင်ငံမှာ မမျှော်လင့်ဘဲ ဆင်းသက်ခဲ့ရပြီးနောက် ထိခိုက်ပျက်စီးမှုတချို့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ဆိုလာလေယာဉ်ဟာ ပစ္စိဖိတ် သမုဒ္ဒရာကို ဖြတ်ကျော်ပျံသန်းစဉ် ရာသီဥတု ဆိုးရွားတဲ့အတွက် တနင်္လာနေ့က ဂျပန်နိုင်ငံ၊ နာဂိုယာမြို့မှာ စီစဉ်မထားဘဲ ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။

My Blog List