Friday, January 24, 2020

ပဲခူးမြို့ ဗိုလ်ချုပ်မြင်းစီးရုပ်ထုရှေ့တွင် ဖဲကြိုးစိမ်း လှုပ်ရှားမှုကို ၂ ရက်တာ ပြုလုပ်သွားမည်


Image may contain: one or more people and outdoor
ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းများ၏ စာသင်ချိန်ကို မတ်လကုန်အထိ တိုးမြှင့်သတ်မှတ်ခြင်း အပေါ် ကန့်ကွက်သည့်အနေဖြင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအနီး ဗိုလ်ချုပ်မြင်းစီးရုပ်ထုရှေ့တွင် ဖဲကြိုးစိမ်း လှုပ်ရှားမှု လက်မှတ်ရေးထိုးခြင်းကို ၂ ရက်တာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖဲကြိုးစိမ်း လှုပ်ရှားမှု ဦးဆောင်သူ ဆရာ/ဆရာမများထံမှ သိရှိရသည်။
ပညာရေးဝန်ကြီးဌာနမှ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ ကျောင်းသားများ၊ မိဘများ၏ မြေပြင်အခြေအနေကို မလေ့လာဘဲ၊ မတ်လကုန်အထိ စာသင်ချိန် တိုးမြှင့်သတ်မှတ်သည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် ဆရာ/ ဆရာမများ ကျောင်းသား မိဘများမှ ဇန်နဝါရီ ၂၃ ရက်နှင့် ၂၄ ရက် လက်မှတ်ရေးထိုးခြင်းကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့နဲ့အတူ ဗကသကျောင်းသားအချို့လည်း လာရောက်ပူးပေါင်းမှာပါ။ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီစနစ် ကူးပြောင်းချိန်မှာ ဆရာ/ဆရာမတွေနဲ့ ကျောင်းသားမိဘ သဘောထားဆန္ဒတွေ မေးမြန်းသင့် တယ်။ နွေရာသီ ကျောင်းပိတ်တယ်ဆိုတာက ကျန်းမာရေးအရ ရာသီဥတုကြောင့် ပိတ်ပေးတာပါ။ ဆုံးဖြတ်ချက် ပေးနိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာ ကြိုတင်ပြီး ညှိနှိုင်းပေးရမှာပါ။ ဆရာ/ မိဘ/ ကျောင်းသား အဆင်ပြေနိုင်လား စုံစမ်းသင့်တယ်။ ကျွန်တော်တို့ ၂ ရက်တာ လတ်မှတ်ကောက်ခံပြီး ရန်ကုန်က ဖဲကြိုးစိမ်းကော်မတီကို ပေးပို့သွားမှာပါ။”ဟု ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်သူ ပဲခူးမြို့နယ် (ကျွန်းသုံးပင်ကျေးရွာ) အ.မ.က ကျောင်းမှ ကျောင်းအုပ်ဆရာ ဦးလှိုင်မျိုးဝင်းက ပြောသည်။

အခြေခံပညာကျောင်းများ၏ ပညာသင်ကာလ မတ်လကုန်အထိ သတ်မှတ်ခြင်းအပေါ် မပြုပြင်ပါက ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများ အဖွဲ့ချုပ်မှ ဇန်နဝါရီ ၅ ရက်တွင် သဘောထား ကြေငြာချက် ၁/၂၀၂၀ ကို ထုတ်ပြန်ခဲ့သေးကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာရေးကျောင်းများ၏ အရေအတွက် ၅၀၀၀ နီးပါးရှိပြီး သင်ကြားရေး
ဆရာ/ဆရာမ ၃ သိန်းကျော်ရှိကာ တက်ရောက်သင်ကြားနေသည့် ကျောင်းသား/ ကျောင်းသူဦးရေ ၁၀ သိန်းကျော် ရှိကြောင်း သိရသည်။
မျိုးမြတ် (မြစ်မခ)
zawgyi

ပဲခူးမြို့ ဗိုလ်ချုပ်မြင်းစီးရုပ်ထုရေှ့တွင် ဖဲကြိုးစိမ်း လှုပ်ရှားမှုကို ၂ ရက်တာ ပြုလုပ်သွားမည်

ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းများ၏ စာသင်ချိန်ကို မတ်လကုန်အထိ တိုးမြှင့်သတ်မှတ်ခြင်း အပေါ် ကန့်ကွက်သည့်အနေဖြင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအနီး ဗိုလ်ချုပ်မြင်းစီးရုပ်ထုရေှ့တွင် ဖဲကြိုးစိမ်း လှုပ်ရှားမှု လက်မှတ်ရေးထိုးခြင်းကို ၂ ရက်တာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖဲကြိုးစိမ်း လှုပ်ရှားမှု ဦးဆောင်သူ ဆရာ/ဆရာမများထံမှ သိရှိရသည်။

ပညာရေးဝန်ကြီးဌာနမှ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ ကျောင်းသားများ၊ မိဘများ၏ မြေပြင်အခြေအနေကို မလေ့လာဘဲ၊ မတ်လကုန်အထိ စာသင်ချိန် တိုးမြှင့်သတ်မှတ်သည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် ဆရာ/ ဆရာမများ ကျောင်းသား မိဘများမှ ဇန်နဝါရီ ၂၃ ရက်နှင့် ၂၄ ရက် လက်မှတ်ရေးထိုးခြင်းကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့နဲ့အတူ ဗကသကျောင်းသားအချို့လည်း လာရောက်ပူးပေါင်းမှာပါ။ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီစနစ် ကူးပြောင်းချိန်မှာ ဆရာ/ဆရာမတွေနဲ့ ကျောင်းသားမိဘ သဘောထားဆန္ဒတွေ မေးမြန်းသင့် တယ်။ နွေရာသီ ကျောင်းပိတ်တယ်ဆိုတာက ကျန်းမာရေးအရ ရာသီဥတုကြောင့် ပိတ်ပေးတာပါ။ ဆုံးဖြတ်ချက် ပေးနိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာ ကြိုတင်ပြီး ညှိနှိုင်းပေးရမှာပါ။ ဆရာ/ မိဘ/ ကျောင်းသား အဆင်ပြေနိုင်လား စုံစမ်းသင့်တယ်။ ကျွန်တော်တို့ ၂ ရက်တာ လတ်မှတ်ကောက်ခံပြီး ရန်ကုန်က ဖဲကြိုးစိမ်းကော်မတီကို ပေးပို့သွားမှာပါ။”ဟု ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်သူ ပဲခူးမြို့နယ် (ကျွန်းသုံးပင်ကျေးရွာ) အ.မ.က ကျောင်းမှ ကျောင်းအုပ်ဆရာ ဦးလှိုင်မျိုးဝင်းက ပြောသည်။

အခြေခံပညာကျောင်းများ၏ ပညာသင်ကာလ မတ်လကုန်အထိ သတ်မှတ်ခြင်းအပေါ် မပြုပြင်ပါက ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများ အဖွဲ့ချုပ်မှ ဇန်နဝါရီ ၅ ရက်တွင် သဘောထား ကြေငြာချက် ၁/၂၀၂၀ ကို ထုတ်ပြန်ခဲ့သေးကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာရေးကျောင်းများ၏ အရေအတွက် ၅၀၀၀ နီးပါးရှိပြီး သင်ကြားရေး
ဆရာ/ဆရာမ ၃ သိန်းကျော်ရှိကာ တက်ရောက်သင်ကြားနေသည့် ကျောင်းသား/ ကျောင်းသူဦးရေ ၁၀ သိန်းကျော် ရှိကြောင်း သိရသည်။
မျိုးမြတ် (မြစ်မခ)

No comments:

Post a Comment

My Blog List