Wednesday, January 22, 2020

ကိုယ့်အရည်အချင်း မပြည့်မီလို့ အကယ်ဒမီဘုတ်အဖွဲ့မှာ မပါဝင်တာပါဆိုတဲ့ ထွန်းအိန္ဒြာဗို

Image may contain: 2 people, people standing
မြန်မာ့ရုပ်ရှင်လောကမှာ ပြောင်းလဲလာတဲ့ ဇာတ်ကားတွေ များလာတာကြောင့် အကယ်ဒမီရတဲ့ဇာတ်ကားဆိုတာ ပိုပြီး ဂုဏ်ယူစရာဖြစ်လာပါလိမ့် မယ်လို့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုက အခုလိုသုံးသပ်ပြခဲ့ပါတယ်။
“အခုနောက်ပိုင်း ရုပ်ရှင် ဇာတ်ကားတွေမှာ ပြောင်းလဲမှု တွေအများကြီးရှိလာတယ်။ အပြောင်းအလဲတွေများ လာတယ်။ ဇာတ်ကား ကောင်းတွေအများ ကြီးရှိလာတယ်ဆို တော့ အဲလိုအကောင်းတွေ၊ အပြောင်းအလဲတွေ ထဲမှာမှ အကယ်ဒမီဆုရသွားတယ်ဆိုတာ အရမ်းကို ဂုဏ်ယူစရာဖြစ်ပါတယ်။ ကျွန်မတို့ဇာတ်ကားတွေ ရွေးချယ်မှုတွေမှာ အကောင်းတွေများတော့ ပိုပြီး ရွေးရစဉ်းစားရတယ်။ အဲဒီထဲမှာမှ ဆုကိုပိုင်ဆိုင် သွားတဲ့သူကတော့ အရမ်းဂုဏ်ယူစရာကောင်းတာ ပေါ့။ ရလိုက်တဲ့သူအတွက်လည်း ကျွန်မတို့က ဝမ်းသာပါတယ်။ ထပ်တူဂုဏ်ယူပါတယ်” လို့ပြော ခဲ့ပြီး ကိုယ်တိုင်အကယ်ဒမီဘုတ်အဖွဲ့ဝင်အဖြစ် ဘာကြောင့် မပါဝင်လဲဆိုတာကိုတော့...
“ကျွန်မကို အကယ်ဒမီဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ နှစ်တိုင်းကမ်းလှမ်းပါတယ်။ ကျွန်မက အဲ ဒီလိုဆုံးဖြတ်ပေးဖို့ အရည်အချင်းမပြည့်မီသေး ဘူးလို့ ကိုယ့်ကိုယ်ကိုယ်ခံယူထားတဲ့အတွက် ဘယ်တုန်းကမှ မလုပ်ဖြစ်ပါဘူး”လို့ ပြောခဲ့ပြီး အနုပညာအလုပ်တွေအနေ နဲ့ ဂီတရုပ်ရှင်တစ်ခုဖန်တီးသွားမယ်လို့ သိရပါတယ်။
“ကျွန်မ အခုသီချင်းအသစ် တွေစုနေပါတယ်။ ကိုယ်ပိုင်သံစဉ် တွေပေါ့။ အဲဒါတွေစုပြီးရင်တော့ ကျွန်မသီချင်းတွေကိုတည်ပြီး ဂီတရုပ်ရှင်ဖန်တီးဖို့ရှိပါတယ်”လို့ သူမကပြောပါတယ်။

စောရတီနိုင်
ကိုယ့်အရည်အချင်း မပြည့်မီလို့ အကယ်ဒမီဘုတ်အဖွဲ့မှာ မပါဝင်တာပါဆိုတဲ့ ထွန်းအိန္ဒြာဗို
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မြန်မာ့ရုပ်ရှင်လောကမှာ ပြောင်းလဲလာတဲ့ ဇာတ်ကားတွေ များလာတာကြောင့် အကယ်ဒမီရတဲ့ဇာတ်ကားဆိုတာ ပိုပြီး ဂုဏ်ယူစရာဖြစ်လာပါလိမ့် မယ်လို့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုက အခုလိုသုံးသပ်ပြခဲ့ပါတယ်။

“အခုနောက်ပိုင်း ရုပ်ရှင် ဇာတ်ကားတွေမှာ ပြောင်းလဲမှု တွေအများကြီးရှိလာတယ်။ အပြောင်းအလဲတွေများ လာတယ်။ ဇာတ်ကား ကောင်းတွေအများ ကြီးရှိလာတယ်ဆို တော့ အဲလိုအကောင်းတွေ၊ အပြောင်းအလဲတွေ ထဲမှာမှ အကယ်ဒမီဆုရသွားတယ်ဆိုတာ အရမ်းကို ဂုဏ်ယူစရာဖြစ်ပါတယ်။ ကျွန်မတို့ဇာတ်ကားတွေ ရွေးချယ်မှုတွေမှာ အကောင်းတွေများတော့ ပိုပြီး ရွေးရစဉ်းစားရတယ်။ အဲဒီထဲမှာမှ ဆုကိုပိုင်ဆိုင် သွားတဲ့သူကတော့ အရမ်းဂုဏ်ယူစရာကောင်းတာ ပေါ့။ ရလိုက်တဲ့သူအတွက်လည်း ကျွန်မတို့က ဝမ်းသာပါတယ်။ ထပ်တူဂုဏ်ယူပါတယ်” လို့ပြော ခဲ့ပြီး ကိုယ်တိုင်အကယ်ဒမီဘုတ်အဖွဲ့ဝင်အဖြစ် ဘာကြောင့် မပါဝင်လဲဆိုတာကိုတော့...
“ကျွန်မကို အကယ်ဒမီဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ နှစ်တိုင်းကမ်းလှမ်းပါတယ်။ ကျွန်မက အဲ ဒီလိုဆုံးဖြတ်ပေးဖို့ အရည်အချင်းမပြည့်မီသေး ဘူးလို့ ကိုယ့်ကိုယ်ကိုယ်ခံယူထားတဲ့အတွက် ဘယ်တုန်းကမှ မလုပ်ဖြစ်ပါဘူး”လို့ ပြောခဲ့ပြီး အနုပညာအလုပ်တွေအနေ နဲ့ ဂီတရုပ်ရှင်တစ်ခုဖန်တီးသွားမယ်လို့ သိရပါတယ်။
“ကျွန်မ အခုသီချင်းအသစ် တွေစုနေပါတယ်။ ကိုယ်ပိုင်သံစဉ် တွေပေါ့။ အဲဒါတွေစုပြီးရင်တော့ ကျွန်မသီချင်းတွေကိုတည်ပြီး ဂီတရုပ်ရှင်ဖန်တီးဖို့ရှိပါတယ်”လို့ သူမကပြောပါတယ်။
စောရတီနိုင်

No comments:

Post a Comment

My Blog List