တရုတ်နိုင်ငံကနေ နောက်ထပ်အာရှနိုင်ငံ ၃ နိုင်ငံကိုလည်းရောက်ခဲ့တဲ့ SARSရောဂါဖြစ်စေတဲ့ဗိုင်းရပ်စ်နဲ့ဆင်တူတဲ့ဗိုင်းရပ်ဟာ လူလူချင်းကူးစက်နိုင်တယ်လို့ တရုတ်အစိုးရကျွမ်းကျင်သူတစ်ယောက်က အတည်ပြုခဲ့ပြီး အခုတစ်ပတ်ထဲမှာ ကူးစက်မှုအကြောင်းဆွေးနွေးဖို့ အဓိကအရေးပေါ်ကော်မတီတစ်ရပ်တွေ့ဆုံဆွေးနွေးမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကကြေညာလိုက်ပါတယ်။
အင်္ဂါနေ့မှာ အဲဒီကိုရိုနာဗိုင်းရပ်စ်ကြောင့် စတုတ္ထမြောက်လူတစ်ယောက်သေဆုံးခဲ့တယ်လို့ ဝူဟန်ကျန်းမာရေးအာဏာပိုင်အဖွဲ့ကကြေညာခဲ့ပြီးတဲ့နောက် အခုအတည်ပြုချက်ထွက်ပေါ်လာတာပါ။
လက်ရှိမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းတွေ့ရှိထားတဲ့လူ ၂၁၈ ယောက်ရှိလာပါပြီ။
ဘေကျင်းနဲ့ရှန်ဟိုင်းတို့မှာလည်း ကူးစက်ခံရကြောင်းတနင်္လာနေ့မှာအတည်ပြုခဲ့ပြီး တရုတ်နိုင်ငံတောင်ပိုင်းဂွမ်ဒေါင်းပြည်နယ်မှာလည်း ကူးစက်ခံရမှုတစ်ဒါဇင်ကျော်ရှိနေပါတယ်။
ဝူဟန်မြို့က ပင်လယ်စာလက်ကားဈေးတစ်ဈေးဟာ ဗိုင်းရပ်စ်ပြန့်ပွားတဲ့ဗဟိုချက်လို့ယုံကြည်နေတဲ့ ကူးစက်ပုံကို သိပ္ပံပညာရှင်တွေရှာဖွေခဲ့ကြပေမဲ့ မြို့ကိုမရောက်ဘဲနဲ့လည်း ဗိုင်းရပ်စ်သစ်ကူးစက်နိုင်တယ်လို့ SARSရောဂါပြန့်ပွားမှုပမာဏကို ထိတွေ့နိုင်ခဲ့တဲ့တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က နာမည်ကြီးသိပ္ပံပညာရှင် ကျုံးနန်ရှန်းကပြောပါတယ်။
ဂွမ်ဒေါင်းမှာကူးစက်ခံခဲ့ရသူနှစ်ယောက်ဟာ ဝူဟန်ကိုသွားလည်ခဲ့သူရဲ့မိသားစုဝင်တွေလို့လည်း ကျုံးကရှင်းပြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်လူနာတွေကိုကူညီနေတဲ့ဝူဟန်ကျန်းမာရေးဝန်ထမ်း ၁၅ ယောက်ဟာလည်း အဆုတ်ယောင်ရောဂါဖြစ်နေတယ်လို့ ရောဂါတွေ့ရှိခဲ့ပြီး တစ်ယောက်ကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ ဒေသအာဏာပိုင်တစ်ယောက်ကပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ဗုဒ္ဓဟူးနေ့မှာ ဂျီနီဗာမှာတွေ့ဆုံပြီး “နိုင်ငံတကာစိုးရိမ်ရသည့်အများပြည်သူဆိုင်ရာကျန်းမာရေးအရေးပေါ်အခြေအနေ”အဖြစ် ကြေညာမလားဆိုတာဆုံးဖြတ်မှာပါ။
လူ ၁၁ သန်းနေထိုင်တဲ့ဝူဟန်ဟာ တရုတ်နှစ်သစ်ကူးအားလပ်ရက်တွေအပါအဝင် အဓိကပို့ဆောင်ရေးအချက်အချာအဖြစ်ရှိနေပါတယ်။
Source- AFP
Photo- CGTN
Zawgyi
ဝူဟန်ဗိုင်းရပ်စ် လူလူချင်းကူးစက်နိုင်တယ်လို့ တရုတ်အတည်ပြု၊ WHOအရေးပေါ်အစည်းအဝေး အခုတစ်ပတ်ထဲမှာပြုလုပ်ဖို့ရှိနေ
ဇန္နဝါရီ ၂၁
နိုင်ငံတကာသတင်း
တရုတ်နိုင်ငံကနေ နောက်ထပ်အာရှနိုင်ငံ ၃ နိုင်ငံကိုလည်းရောက်ခဲ့တဲ့ SARSရောဂါဖြစ်စေတဲ့ဗိုင်းရပ်စ်နဲ့ဆင်တူတဲ့ဗိုင်းရပ်ဟာ လူလူချင်းကူးစက်နိုင်တယ်လို့ တရုတ်အစိုးရကျွမ်းကျင်သူတစ်ယောက်က အတည်ပြုခဲ့ပြီး အခုတစ်ပတ်ထဲမှာ ကူးစက်မှုအကြောင်းဆွေးနွေးဖို့ အဓိကအရေးပေါ်ကော်မတီတစ်ရပ်တွေ့ဆုံဆွေးနွေးမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကကြေညာလိုက်ပါတယ်။
အင်္ဂါနေ့မှာ အဲဒီကိုရိုနာဗိုင်းရပ်စ်ကြောင့် စတုတ္ထမြောက်လူတစ်ယောက်သေဆုံးခဲ့တယ်လို့ ဝူဟန်ကျန်းမာရေးအာဏာပိုင်အဖွဲ့ကကြေညာခဲ့ပြီးတဲ့နောက် အခုအတည်ပြုချက်ထွက်ပေါ်လာတာပါ။
လက်ရှိမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းတွေ့ရှိထားတဲ့လူ ၂၁၈ ယောက်ရှိလာပါပြီ။
ဘေကျင်းနဲ့ရှန်ဟိုင်းတို့မှာလည်း ကူးစက်ခံရကြောင်းတနင်္လာနေ့မှာအတည်ပြုခဲ့ပြီး တရုတ်နိုင်ငံတောင်ပိုင်းဂွမ်ဒေါင်းပြည်နယ်မှာလည်း ကူးစက်ခံရမှုတစ်ဒါဇင်ကျော်ရှိနေပါတယ်။
ဝူဟန်မြို့က ပင်လယ်စာလက်ကားစျေးတစ်စျေးဟာ ဗိုင်းရပ်စ်ပြန့်ပွားတဲ့ဗဟိုချက်လို့ယုံကြည်နေတဲ့ ကူးစက်ပုံကို သိပ္ပံပညာရှင်တွေရှာဖွေခဲ့ကြပေမဲ့ မြို့ကိုမရောက်ဘဲနဲ့လည်း ဗိုင်းရပ်စ်သစ်ကူးစက်နိုင်တယ်လို့ SARSရောဂါပြန့်ပွားမှုပမာဏကို ထိတွေ့နိုင်ခဲ့တဲ့တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က နာမည်ကြီးသိပ္ပံပညာရှင် ကျုံးနန်ရှန်းကပြောပါတယ်။
ဂွမ်ဒေါင်းမှာကူးစက်ခံခဲ့ရသူနှစ်ယောက်ဟာ ဝူဟန်ကိုသွားလည်ခဲ့သူရဲ့မိသားစုဝင်တွေလို့လည်း ကျုံးကရှင်းပြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်လူနာတွေကိုကူညီနေတဲ့ဝူဟန်ကျန်းမာရေးဝန်ထမ်း ၁၅ ယောက်ဟာလည်း အဆုတ်ယောင်ရောဂါဖြစ်နေတယ်လို့ ရောဂါတွေ့ရှိခဲ့ပြီး တစ်ယောက်ကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ ဒေသအာဏာပိုင်တစ်ယောက်ကပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ဗုဒ္ဓဟူးနေ့မှာ ဂျီနီဗာမှာတွေ့ဆုံပြီး “နိုင်ငံတကာစိုးရိမ်ရသည့်အများပြည်သူဆိုင်ရာကျန်းမာရေးအရေးပေါ်အခြေအနေ”အဖြစ် ကြေညာမလားဆိုတာဆုံးဖြတ်မှာပါ။
လူ ၁၁ သန်းနေထိုင်တဲ့ဝူဟန်ဟာ တရုတ်နှစ်သစ်ကူးအားလပ်ရက်တွေအပါအဝင် အဓိကပို့ဆောင်ရေးအချက်အချာအဖြစ်ရှိနေပါတယ်။
Source- AFP
#TheFifthWaveNews
Photo- CGTN
No comments:
Post a Comment