Saturday, February 23, 2013

နယ်သာလန်ရောက် အိန္ဒိယပြန် ကရင်ရဲဘော် မိမိကိုယ်ကို အဆုံးစီရင်

လွန်ခဲ့တဲ့နှစ်က အိန္ဒိယနိုင်ငံကနေ နယ်သာလန်နိုင်ငံကို ရောက်ရှိသွားတဲ့ ရခိုင်- ကရင် ရဲဘော် ၂၉ ဦးထဲက ကရင်ရဲဘော် တစ်ဦးဟာ ဒီလ ၁၉ ရက်နေ့က မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။
Shwe Lar KNU freedom fighter

မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ ကရင် ရဲဘော်ဟာ ရွှေလာ ( Shwe Lar)  ဆိုသူ ဖြစ်ပြီး နယ်သာလန် နိုင်ငံ Delfsen  မှာနေထိုင် နေသူ ဖြစ်ပါတယ်။
သူဟာ အဲဒီ ညနေပိုင်းမှာ သူ့သူငယ်ချင်း တစ်ဦးရဲ့ ကားဂိုဒေါင်မှာ ကြိုးဆွဲချ သေဆုံးသွားတာ ဖြစ်တယ်လို့ ရခိုင်ရဲဘော်တစ်ဦးဖြစ်တဲ့ ကိုဓညလင်းက ပြောပါတယ်။
သူဟာ ဗုဒ္ဒဘာသာ တစ်ဦးဖြစ်ပြီး လာမယ့် စနေနေ့မှာတော့ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ ဓလေ့ထုံးစံတွေနဲ့ အတူ သဂြိင်္ုလ်သွားမယ်လို့ ဆိုပါတယ်။

၈၂ နိုင်ငံသားဥပဒေ နိုင်ငံတကာ အဆင့်မီသင့်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ပြည်သူ့လွှတ်တော် တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည် 

မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်၊ မဖြစ်ခွင့်ကို နိုင်ငံတော်နှင့် နိုင်ငံသားများက အဓိက ဆုံးဖြတ်ရမည်ဖြစ်သော်လည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် နိုင်ငံတကာအဆင့်မီသင့် ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ယနေ့ နေပြည်တော်တွင် ပြည်သူ့လွှတ်တော်အစည်းအဝေးတက်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ဧရာဝတီသတင်းဌာနက နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များဖြစ်ကြသည့် အရှေ့တီမောနိုင်ငံ သမ္မတဟောင်း ဂျိုဆေးရာမို့စ် ဟော်တာ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စီးပွားရေးပညာရှင် မိုဟာမက် ယူနွတ်စ်တို့ နှစ်ဦး အမေရိကန် အွန်လိုင်းသတင်းစာ ဟပ်ဖ်တင်တန်ပို့စ်တွင် မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ”များသည် တရားမ၀င် ခိုးဝင်လာသူများမဟုတ်ကြဘဲ နိုင်ငံသားဖြစ်သင့်ကြောင်းနှင့်၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်သင့်ကြောင်း ရေးသားချက်အပေါ် မည်သို့မှတ်ချက်ပြုချင်ပါ သနည်းဟု မေးမြန်း ရာ အထက်ပါ အတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

နို့စားနွား မွေးမြူရေး ထိုင်း၊ ကိုရီးယား၊ ဟော်လန်နှင့် နယူးဇီလန် လာရောက်ဆွေးနွေး

မြန်မာနိုင်ငံ၏ နို့စားနွား မွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် ထိုင်း၊ ကိုရီးယား၊ နယ်သာလန်နှင့် နယူးဇီလန် နိုင်ငံများမှ လာရောက်ဆွေးနွေးမှုများ ရှိကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။
“နို့စားနွား မွေးမြူရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ပြည်ပနိုင်ငံတွေကနေ လာရောက် ဆွေးနွေးနေ ပါတယ်။ အထူးသဖြင့် ထိုင်း၊ ကိုရီးယား၊ ဟော်လန်နဲ့ နယူးဇီလန် နိုင်ငံတွေပါ” ဟု အဆိုပါ ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီး က မဇ္ဈိမကို ပြောသည်။

Friday, February 22, 2013

နျူစွမ်းအင် ထုတ်လုပ်ရန် အဆို လွှတ်တော်တွင် ရှုံးနိမ့်

Print This Post


အနာဂတ် စွမ်းအင်လိုအပ်ချက်ကို နျူကလီးယား ဓာတ်ပေါင်းဖိုမှ ထုတ်ယူ ဖြည့်ဆည်းသင့်ကြောင်း အဆိုသည် အမျိုးသား လွှတ်တော်တွင် ထောက်ခံမဲ ၂၉မဲ၊ ကန့်ကွက်မဲ ၁၁၀ မဲဖြင့် ရှုံးနိမ့်သွားသည်
အနာဂတ် စွမ်းအင်လိုအပ်ချက်ကို နျူကလီးယား ဓာတ်ပေါင်းဖိုမှ ထုတ်ယူ ဖြည့်ဆည်းသင့်ကြောင်း အဆိုကို အမျိုးသား လွှတ်တော်တွင် ယမန်နေ့က မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၉မဲ၊ ကန့်ကွက်မဲ ၁၁၀ မဲဖြင့် ရှုံးနိမ့်သွားကြောင်း သိရသည်။

ထိုင်းလျှပ်စစ် ဖူလုံမှုအား စိန်ခေါ်နေ


စံခလပူရီ (မဇ္ဈိမ)။   ။ မြန်မာ့ ကမ်းလွန် ပင်လယ်ပြင်ရှိ ရတနာနှင့် ရဲတံခွန် ဓါတ်ငွေ့ လုပ်ကွက် နှစ်ခုကို ဧပြီလ ၅ ရက်နေ့မှ ၁၃ ရက်နေ့အထိ နှစ်စဉ်ပြုနေကျ ကြံ့ခိုင်မှု စစ်ဆေးရန်နှင့် ပြန်လည် ပြင်ဆင်ရန် အချိန်ဖြစ်၍ ထိုင်းနိုင်ငံသို့ တင်ပို့နေသည့် သဘာဝဓါတ်ငွေ့များကို ခေတ္တရပ်ဆိုင်းရမည် ဖြစ်ကာ ထိုင်းနိုင်ငံ လျှပ်စစ်မီး
ဖြန့်ဖြူးပေးနိုင်ခြင်းအပေါ် သက်ရောက်မှုများ ရှိနိုင်သည်ဟု ထိုင်း စွမ်းအင် ဝန်ကြီးဌာန ပြောသည်။

Yadana“ပြီးခဲ့တဲ့နှစ် စာရင်းတွေအရ ပြောရရင် ဧပြီလ ၄ ရက်နေ့ ဟာ လျှပ်စစ်ဓါတ်အား သုံးစွဲမှု အမြင့်မားဆုံးနေ့ပါ။    ဒီအတောအတွင်း မြန်မာဘက်က သဘာဝဓါတ်ငွေ့ တင်ပို့မှု ရပ်ဆိုင်းတာဟာ ကျနော်တို့ ဘန်ကောက်မြို့
ဒေသအချို့နဲ့ ထိုင်းတောင်ပိုင်း ဒေသအချို့ကို လျှပ်စစ် မီးပေးဝေနိုင်ဖို့အပေါ် ပြတ်လပ်မှု ဖြစ်စေမယ့် စိန်ခေါ် မှုတွေရှိနေပါတယ်။ ဒီနေ့ညနေ အစည်းအဝေး မှာ   ဘယ်ဒေသတွေ သက်ရောက်မှု ရှိနိုင်မလဲ ဆိုတာ တိတိကျကျ သတ်မှတ်နိုင်မယ်” ဟု ထိုင်းစွမ်းအင် ဝန်ကြီးဌာန၊ ဘန်ကောက်ရုံးချုပ်မှ အရာရှိတဦး ဖြစ်သူ ခွန်နရီန် က မဇ္ဈိမကို ပြောသည်။

NLD ပါတီအတွင်း မွတ်ဆလင်ဘာသာဝင်များ လွှမ်းမိုးနေကြောင်း တရားပွဲတစ်ခုတွင် ဆရာတော် အရှင်ဝီရသူ ပြောကြား


        
ဆရာတော် အရှင်ဝီရသူ 

 ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သော တရားပွဲတစ်ခုတွင် NLD ပါတီအတွင်း မွတ်ဆလင်လူမျိုး အစ္စလာမ်ဘာသာ ကိုးကွယ်သူများ လွှမ်းမိုးနေကြောင်း မန္တလေးမြို့ မစိုးရိမ် တိုက်သစ်မှ ဆရာတော် အရှင် ၀ီရသူမှ ပြောကြားသွားသည်။
  တရားပွဲအတွင်း ဆရာတော်မှ မွတ်ဆလင်လူမျိုးများအနေဖြင့် ယခင် အစိုးရနှင့်လည်း   ပြေလည် အောင် ပေါင်းသင်းကာ စီးပွားရေးနေရာယူမှုများရှိကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ အင်အားကြီး လာချိန်တွင်လည်း ပြည်ခိုင်ဖြိုးပါတီအတွင်းသို့ ပါတီဝင်များအဖြစ် ဝင်ရောက် ပူးပေါင်းခဲ့ကြောင်း၊    ယခုအခါ NLD ပါတီ အတွင်း မွတ်ဆလင် လူမျိုးများ များစွာဝင်ရောက်ကာ ပါတီဝင် များ ဖြစ်လာပြီး မြို့နယ်တိုင်း လိုလိုတွင် မွတ်ဆလင်မူမျိုး NLD ပါတီဝင်များ များစွာရှိလာကာ ပါတီ၏ ထိပ်ပိုင်းနေရာများကို ရယူလျက် ရှိသည်ဟု ဆရာတော်မှ ပြောကြားခဲ့သည်။

My Blog List