Wednesday, January 22, 2020

နေဒွေးကို သက်သေအထောက်အထားနဲ့တကွတရားစွဲဖို့ဆုံးဖြတ်လိုက်ပြီဆိုတဲ့ သံစဉ်မောင်

Image may contain: 1 person, standing
သရုပ်ဆောင်နေဒွေးကို သက်သေအထောက်အထားနဲ့တကွတရားစွဲဖို့ဆုံးဖြတ်လိုက်ပြီလို့ သံစဉ်မောင်က ပြောပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်လို့ အကုန်သိသတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြန်လည်ဖြေကြားပေးတာဖြစ်ပါတယ်။
“ ဂုဏ်သိက္ခာနဲ့လည်းဆိုင်သလို သူအခုလိုမျိုးပြောဖို့သေချာပြင်ဆင်ပြီးမှ ညီမကိုစွပ်စွဲပြောဆိုတဲ့ အတွက်ကြောင့် ညီမအနေနဲ့ကလည်းရှေ့နေတွေနဲ့သေချာတိုင်ပင်ပြီး သက်သေအထောက်အထားနဲ့တကွ တရားရင်ဆိုင်ဖို့ပြင်ဆင်နေပြီ။ ဒီကိစ္စကြောင့် မိသားစုပတ်ဝန်းကျင်မှာပါ ဂုဏ်သိက္ခာကျရတဲ့အတွက်ကြောင့် ညီမရဲ့ဂုဏ်သိက္ခာအတွက် အခုလိုမျိုးတရားရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တာပါ” လို့သံစဉ်မောင်က အကုန်သိသတင်းဌာနကို ပြောပါတယ်။
သရုပ်ဆောင်ဘေဘီမောင်ရဲ့ ညီမဖြစ်သူ သံစဉ်မောင်ဟာ ချစ်သူဟောင်းရဲ့နှိပ်စက်ခြင်းခံခဲ့ရတုန်းက ဓာတ်ပုံတွေကို စာသားတွေနဲ့တကွ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်၊ ည ၇ နာရီကျော်မှာ ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်စဉ်တွေဟာ မဟုတ်မှန်ပါဘူးလို့ သရုပ်ဆောင်နေဒွေးကလည်း သတင်းမီဒီယာများထံ ပြန်လည်ဖြေရှင်းထားတာကို တွေ့ရှိရပါတယ်။
ကေကေခင် ( အကုန်သိသတင်းဌာန )

<<< Unicode Version >>>
နေဒွေးကို သက်သေအထောက်အထားနဲ့တကွတရားစွဲဖို့ဆုံးဖြတ်လိုက်ပြီဆိုတဲ့ သံစဉ်မောင်
----- ကေကေခင် ( အကုန်သိသတင်းဌာန ) -----
သရုပ်ဆောင်နေဒွေးကို သက်သေအထောက်အထားနဲ့တကွတရားစွဲဖို့ဆုံးဖြတ်လိုက်ပြီလို့ သံစဉ်မောင်က ပြောပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်လို့ အကုန်သိသတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြန်လည်ဖြေကြားပေးတာဖြစ်ပါတယ်။
“ ဂုဏ်သိက္ခာနဲ့လည်းဆိုင်သလို သူအခုလိုမျိုးပြောဖို့သေချာပြင်ဆင်ပြီးမှ ညီမကိုစွပ်စွဲပြောဆိုတဲ့ အတွက်ကြောင့် ညီမအနေနဲ့ကလည်းရှေ့နေတွေနဲ့သေချာတိုင်ပင်ပြီး သက်သေအထောက်အထားနဲ့တကွ တရားရင်ဆိုင်ဖို့ပြင်ဆင်နေပြီ။ ဒီကိစ္စကြောင့် မိသားစုပတ်ဝန်းကျင်မှာပါ ဂုဏ်သိက္ခာကျရတဲ့အတွက်ကြောင့် ညီမရဲ့ဂုဏ်သိက္ခာအတွက် အခုလိုမျိုးတရားရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တာပါ” လို့သံစဉ်မောင်က အကုန်သိသတင်းဌာနကို ပြောပါတယ်။
သရုပ်ဆောင်ဘေဘီမောင်ရဲ့ ညီမဖြစ်သူ သံစဉ်မောင်ဟာ ချစ်သူဟောင်းရဲ့နှိပ်စက်ခြင်းခံခဲ့ရတုန်းက ဓာတ်ပုံတွေကို စာသားတွေနဲ့တကွ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်၊ ည ၇ နာရီကျော်မှာ ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်စဉ်တွေဟာ မဟုတ်မှန်ပါဘူးလို့ သရုပ်ဆောင်နေဒွေးကလည်း သတင်းမီဒီယာများထံ ပြန်လည်ဖြေရှင်းထားတာကို တွေ့ရှိရပါတယ်။

No comments:

Post a Comment

My Blog List