၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း
ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်က ယူနတီသတင်းဂျာနယ်မှ သတင်းထောက်လေးဦးကို နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေဖြင့်စွဲဆိုကာ ပခုက္ကူ မြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခဲ့သည်။ ယင်းသို့ ထောင်ချသည့် အပေါ် ပြစ်ဒဏ်မှ လွတ်ငြိမ်းစေရန်ရည်ရွယ်၍ ငြိမ်းချမ်းစွာ အသံတိတ် တောင်းဆို ဆန္ဒပြသည့် သတင်းသမား ၅၀ ဦးကိုလည်း ကမာရွတ်မြို့နယ် ရဲစခန်းက ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဥပဒေ ပုဒ်မ၁၈ဖြင့် အမှုဖွင့် အရေးယူထားသည်။