Friday, January 24, 2020

ကျောက်ဖြူအထူးစီးပွားရေးဇုန် ဖော်ဆောင်မယ့်အပေါ် ကြိုဆိုထောက်ခံပွဲပြုလုပ်

Image may contain: one or more people and people sitting
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ “အမုန်းတရားကင်းမဲ့ဇုန်” ဆိုတဲ့နေရာမှာ ဇန်နဝါရီ (၂၀) ရက်က ကျောက်ဖြူအထူးစီးပွားရေးဇုန် ဖော်ဆောင်မယ့်ကိစ္စရပ်ကို ကြိုဆိုထောက်ခံပွဲနဲ့ စီးပွားရေးဇုန်ဖြစ်လာတဲ့အခါ ကြုံတွေ့လာနိုင်တဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေအပေါ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲကို ကျောက်ဖြူခရိုင်ဒေသခံတိုင်းရင်းသားများဖွံဖြိုးရေးအသင်းက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ကျောက်ဖြူခရိုင်အတွင်းရှိကျေးရွာတွေက ဒေသခံတွေ၊ ပါတီအသီးသီးကတာ၀န်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

စီမံကိန်းမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို အဓိကထားပြီး ပါ၀င်အောင်ဆောင်ရွက်သွားမယ်လို့ ကျောက်ဖြူခရိုင်ဒေသခံတိုင်းရင်းသားများဖွံဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးငြိမ်းချမ်းမောင်က ပြောပါတယ်။
“ကျွန်တော်တို့ မိရိုးဖလာ စိုက်ပျိူးမွေးမြူရေးအတွက်လည်း မြေနေရာတွေ ရထားပြီးပြီ။ မြို့သစ်တည်ဖို့လည်း မြေနေရာတွေ ရထားပြီးပြီ။ မြို့သစ်တည်ဖို့အတွက်ကို ဧက (၁၀၀၀၀) ခွဲကြော်။ စိုက်ပျိုးမွေးမြူရေး အတွက်ကို ဧက (၂၀၀၀၀) ‌ကျော် ရပြီးပြီ။ စိုက်ပျိုးမွေးမြူရေကို အဓိကထားပြီး၊ ပင်လယ်ရေလုပ်ငန်းတွေကို အဓိကထားပြီး ရပ်တည်မယ်” လို့ ဦးငြိမ်းချမ်းမောင်က ပြောပါတယ်။
တရုတ် သမ္မတရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး အဲဒီ ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ စက်မှုဇုန်စီမံကိန်း၊ လူနေအိမ်ရာစီမံကိန်းနဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းတို့ ပါ၀င်တယ်လို့ သိရပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ဆောင်မှာနဲ့ ပတ်သက်လို့ ဒေသခံပြည်သူတချို့ကလည်း ထောက်ခံ လိုလားကြပါတယ်။
“အများကြီးသဘောတူတယ်။ ကျွန်တော်တို့ သား၊ သမီးတွေ မလေးရှားသွားလိုက်၊ ထိုင်းသွားလိုက်၊ တရုတ်ပြည်သွားလိုက်နဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်နေရာမှာ အလုပ်အကိုင် မရှိလို့” လို့ အသက် (၅၀) အရွယ်ရှိ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အစိုးရနဲ့ လွတ်တော်တို့ရဲ့ အတည်ပြုချက်နဲ့ (၂၀၁၅) ခုနှစ်၊ ဒီဇင်ဘာလမှာ တရုတ်နိုင်ငံကော်ပိုရေးရှင်း (China international trust investment corporation-CITIC) ဦးဆောင်တဲ့ ကုမ္မဏီအစုအဖွဲ့ကို ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုန် ဆောက်လုပ်အကောင်အထည်ဖော်ခွင့် ပေးအပ်ခဲ့တာဖြစ်ပါတယ်။
(၂၀၁၈) ခုနှစ်အတွင်းမှာတော့ ရှယ်ယာနဲ့ ရင်းနှီးမြုပ်နှံမှုအတွက် မူဘောင်သဘောတူညီမှု နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
Image may contain: 1 person
Image may contain: 1 person, text that says 'one NEWS'

သတင်း - ကျော်လွင်၊ စံနုခိုင်
One News Myanmar

No comments:

Post a Comment

My Blog List