Friday, October 25, 2019

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး ဦးဆောင်နေသည့် ပြည်ခိုင်ဖြိုး ပါတီတွင် သူခိုးမရှိ၊ ခိုးခဲ့သူအနည်းစုကြောင့် သူခိုးပါတီဟု စွပ်စွဲ ခံရခြင်းဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်ပြော


No photo description available.

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေး ဦးဆောင်နေသည့် ပြည်ခိုင်ဖြိုး ပါတီတွင် သူခိုးမရှိကြောင်း၊ ခိုးခဲ့သူအနည်းစုကြောင့် သူခိုးပါတီဟု စွပ်စွဲခံရခြင်းဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်များနှင့်တွေ့ဆုံပွဲတွင် ပါတီပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ယင်းသို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အရေးကိစ္စ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြန်လည်တုံ့ပြန် လူမျိုးသုဉ်းသတ်ဖြတ်သည်ဟု ဘင်္ဂလားဒေ့ရှ် သုံးနှုန်းခြင်းအား ပြင်းပြင်းထန်ထန် ကန့်ကွက်



Image may contain: 15 people, people sitting

အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူးမြို့၌ ကျင်းပလျက်ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၈)ကြိမ်မြောက် ထိပ်သီးအစည်း အဝေးအကြို ဝန်ကြီးအဆင့်ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးတွင် ၂၃-၁၀-၂၀၁၉ ရက်နေ့၌ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်အပေါ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။

Thursday, October 24, 2019

NLD ၏ ပါတီ ၊ လွှတ်တော် ၊ အစိုးရ စုံညီတွေ့ဆုံပွဲ


Image may contain: 1 person, sittingImage may contain: one or more people
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD )ပါတီ၏ သတ္တမအကြိမ် မြောက် ပါတီ၊ လွှတ်တော်၊ အစိုးရစုံညီတွေ့ဆုံပွဲအခမ်း အနားကို ယနေ့(အောက်တိုဘာ ၂၄ ကြာသာပတေးနေ့ )တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ Sky Star Hotel ၌ ကျင်းပပြုလုပ်နေမှု့မှ မြင်ကွင်းများ ။

ပင်နီဝတ်ထားသူ မြင်လျှင် ပြည်သူက ကြောက်နေဟု ရန်ကုန်တိုင်း NLD ဥက္ကဌ ပြော



ပင်နီဝတ်ထားသူမြင်လျှင် ပြည်သူကကြောက်နေကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲချုပ်၊ရန်ကုန်တိုင်း အလုပ်အမှုဆောင် အဖဲွဲဲ ့ ဥက္ကဌ ဦးမြင့်ဌေး က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံအနေဖြင့် အထူးအစီရင်ခံစာတင်သွင်းသူ၏ တစ်ဖက်သတ် စွပ်စွဲမှုများကို ပြင်းထန်စွာ ပယ်ချပြီး အချက်အလက်ရှာဖွေရေးအဖွဲ့၏ လုပ်ဆောင်ချက်များနှင့် ၎င်းတို့၏ အစီရင်ခံစာများအား ပယ်ချ


Image may contain: 2 people
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီ၊ ယခင် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ မစ္စတာမာဇူကီဒါရူစမန်တို့နှင့် သီးခြားစီ ပြုလုပ်သည့် အပြန်အလှန်ဆွေးနွေးမှုများတွင် ၎င်းတို့၏ ဆွေးနွေးမှုများ အပေါ် တုံ့ပြန်မိန့်ခွန်းများ ပြောကြားခဲ့သည်။

အောင်ဆန်းရုပ်ရှင်အတွက် ဖန်တီးထားတဲ့ ဝတ်စုံအချို့ သမိုင်းအထောက်အထားနှင့်ကွဲလွဲ၍ ပယ်ခံရ


Image may contain: 3 people, people sitting and indoor

အောင်ဆန်းရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ့်သူတွေအတွက် ဖန်းတီးထားတဲ့ ဝတ်စုံတွေထဲမှာ သမိုင်းပညာရှင်တွေပြသတဲ့ ဓာတ်ပုံပါ အထောက်အထားတွေနဲ့ ကွဲလွဲနေတာကြောင့် ပယ်လိုက်ရတဲ့ အဝတ်အထည်တွေအတွက် ကိုယ်ပိုင်ငွေ သိန်း ၂၀ ဖိုးဝန်းကျင် ဆုံးရှုံးခဲ့တယ်လို့ တာဝန်ပေးအပ်ခံရတဲ့ ဒီဇိုင်နာတွေထဲက တစ်ယောက်ဖြစ်တဲ့ ပြည်စိုးအောင်က ပြောပါတယ်။

တရားဥပဒေစိုးမိုးမှုမရှိဘဲ အမှုဗရပွဖြင့် ဆင်းရဲနေပါက စီမံခန့်ခွဲမှု ညံ့ဖျင်းသည့်အစိုးရဟု ပြည်ခိုင်ဖြိုးပါတီပြော


Image may contain: 1 person, standing and text
နိုင်ငံတစ်နိုင်ငံတွင် တရားဥပဒေစိုးမိုးမှုမရှိဘဲ အမှုဗရပွဖြင့် ဆင်းရဲနေပါက စီမံခန့်ခွဲမှုညံ့ဖျင်းသည့် အစိုးရဟု သတ်မှတ်ရမည် ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင်က ပြောဆိုသည်။

ပြီးပြည့်စုံတဲ့ ဒီမိုကရေစီဖြစ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော ရခိုင်အရေးသည် အစွန်းရောက်အကြမ်းဖက်မှု၏ နောက်ဆက်တွဲပြဿနာဟု ထောက်ပြ



Image may contain: 1 person, selfie and closeup
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် ပြီးပြည့် စုံသည့် ဒီမိုကရေစီဖြစ်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေးသည် ဆောင်ရွက်ရမည့် လိုအပ်ချက်ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးသည် နောက်နှစ်တွင်ပြုလုပ်မည့် ၂၀၂၀ ‌ရွေးကောက်ပွဲမတိုင်ခင် ဖြစ်နိုင်ရန် မရှိကြောင်း ပြောကြားလိုက်သည်။

Wednesday, October 23, 2019

ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသည့် အောင်ကြီးမှာ လိင်အကြမ်းဖက်ခဲ့ခြင်း မရှိကြောင်း Wisdom Hill ကျောင်းမှ မူကြိုဆရာမ ထွက်ဆို


ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသည့် အောင်ကြီးမှာ လိင်အကြမ်းဖက်ခဲ့ခြင်း မရှိကြောင်း Wisdom Hill ကျောင်းမှ မူကြိုဆရာမ ထွက်ဆိုခဲ့သည်ဟု တရားခွင်အတွင်း ဝင်ရောက်နားထောင်နေသည့် The Daily Eleven သတင်းထောက်က သတင်းပေးပို့သည်။

ပြည်သူများ လိုအပ်နေသည့် စားဝတ်နေရေးအခြေခံဖြစ်သည့် အလုပ်အကိုင် အခွင့်အလမ်းများကို ပြည်ခိုင်ဖြိုး တာဝန်ယူပေးမည်ဟုဆို



ပြည်သူများလိုအပ်နေသည့် စားဝတ်နေရေး အခြေခံဖြစ်သည့် အလုပ်အကိုင် အခွင့်အလမ်းများကို ပြည်ခိုင်ဖြိုးမှ တာဝန်ယူ ပေးမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက နေပြည်တော် ပုပ္ပသီရိမြို့နယ်တွင် ပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုး ပါတီဝင် ၄၀၀ ကျော်အား အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားတွင် ပြောကြားလိုက်သည်။

လူမှုရေး၊ ဘာသာရေးတွင် အစွန်းမရောက်ရန် လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား


Image may contain: 2 people, table and indoor

မိမိ အမျိုးဘာသာ၊ သာသနာကို မှန်မှန်ကန်ကန် စောင့်ထိန်း၍ လူမှုရေး၊ ဘာသာရေးတွင် အစွန်း မရောက်ရန် လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ငြိမ်းချမ်းရေး မရှိဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်သည်ကို မမေ့စေလိုကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်ပြော


Image may contain: 4 people, people sitting

ငြိမ်းချမ်းရေးမရှိဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်သည်ကို မမေ့စေလိုကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က အောက်တိုဘာလ ၂၃ ရက်နေ့က ကျောက်မျက်ပြပွဲ ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ပြောကြားခဲ့သည် ။

လေဖိအားနည်းရပ်ဝန်းပိုမိုအားကောင်းလာပြီး နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်ကြောင်း မိုးဇလထုတ်ပြန်


Image may contain: outdoor and water
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အောက်တိုဘာလ (၂၃) ရက်နေ့ နံနက်ပိုင်း တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက် တည်ရှိနေကြောင်း သိရသည်။

ဒုက္ခသည်များပြန်လာသည်ဆိုခြင်းမှာ မြန်မာနိုင်ငံ၏ ဝါဒဖြန့်မှုသာဖြစ်ဟု ဘင်္ဂလားဒေ့ရှ်ဆို



ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာအခြေစိုက် မြန်မာသံရုံးရဲ့ Facebook မှာ ဘင်္ဂါလီဒုက္ခသည် ၂၉ ဦးနဲ့အထက် မြန်မာနိုင်ငံက ၎င်းတို့နေရပ်တွေကို ပြန်လာကြတယ်လို့ အင်္ဂ ါနေ့က ရေးသားမှုဟာ ဝါဒဖြန့်မှုသက်သက်သာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

Tuesday, October 22, 2019

ရင်ထဲတွင် အမျိုး၊ ဘာသာ၊ သာသနာအမြဲရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ဟု ဆို


Image may contain: 3 people, people standingImage may contain: 3 people, people standing
ရင်ထဲတွင် အမျိူး၊ ဘာသာ၊ သာသနာအမြဲရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း YMBA အသင်းမှအတွင်းရေးမှူး ဦးသောင်းဝင်း ပြောပြချက်အရ သိရသည်။

ဆရာမများကို ရွာသားများ ရည်းစားစကားပြောခိုင်းသည့် ပဲခူးဝန်ကြီးချုပ် အမှု တိုင်ကြားစာရရှိသော်လည်း မစစ်သေးဟု NLD ပြော


Image may contain: 1 person, standing
ကျောင်းဆရာများကို ကျေးရွာများမှ မပြောင်းရွှေ့စေရန် ရွာသားများ ရည်းစားစကားပြောခိုင်းခဲ့သည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်ပတ်သက်၍ တိုင်ကြားစာများ ရရှိထားသော်လည်း လက်ရှိ အချိန်အထိ စစ်ဆေးမှု မပြုနိုင်သေး ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ကျွန်ပညာရေးစနစ် အဆုံးသတ်ရေးနှင့် ပညာရေးပြုပြင်ပြောင်းလဲရေး သပိတ်တိုက်ပွဲ စတင်


Image may contain: 3 peopleImage may contain: 1 person, standing
ဒီမိုကရေစီပညာရေးလှုပ်ရှားမှုများ ရန်ကုန်မြို့ရှိ လူစည်ကားနေရာများတွင် ဆက်တိုက်ပြုလုပ်မည်ဖြစ်ပြီး ပြည်သူလူထုကို အသိပေးမှုများပြုလုပ်ကာ အားကောင်းသော ပညာရေးပြုပြင်ပြောင်းလဲမှု နှင့်စစ်ကျွန်ပညာရေးစနစ် အဆုံးသတ်ရေး သပိတ်တိုက်ပွဲများဆင်နွှဲသွားမည်ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ(ဗကသ) အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးက ပြောဆိုသည်။

တောင်းပန်ရင် ကျေအေးကြဖို့ YMBA ကို တပ်ချုပ်တိုက်တွန်း


Image may contain: 5 people, people sitting
ဗုဒ္ဓကလျာဏယုဝအသင်း YMBA ဒုဥက္ကဋ္ဌဟောင်း ဦးသန်းလွင် အပါအဝင် သုံးဦးတို့ အမှုဖွင့်ခံထားရတဲ့ ဖြစ်ရပ်မှာ သူတို့က အသင်းတာဝန်ရှိသူတွေကို တောင်းပန်မယ်ဆိုရင် အမှုရုပ်သိမ်းသင့်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒီကနေ့ တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

ဘင်္ဂ ါလီဒုက္ခသည်များ အမြန်ဆုံး ရခိုင်ပြန်နိုင်ရေး ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ဝန်ကြီးချုပ် တိုက်တွန်း


Image may contain: 2 people, people standing and indoor
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ဘင်္ဂလားဒေ့ရ်ှကို ရောက်ရှိနေတဲ့ ဘင်္ဂါလီဒုက္ခသည် ၇ သိန်းကျော်ကို ရခိုင်ပြည်နယ်မှာ အမြန်ဆုံးပြန်လည်နေရာချထားပေးနိုင်ဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တနင်္လာနေ့မှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

မြောက်ဦးမြို့၌ တပ်မတော်နှင့်AAတိုက်ပွဲဖြစ်ပွားရာ တပ်မတော်မှ စစ်သည်အချို့ကျဆုံးပြီးAA အလောင်း (၉)လောင်းရရှိ


Image may contain: tree, grass, plant, outdoor and nature

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့၌ တပ်မတော်နှင့်AAတိုက်ပွဲဖြစ်ပွားရာ တပ်မတော်မှ စစ်သည်အချို့ကျဆုံးပြီးAA အလောင်း (၉)လောင်းရရှိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့သည်။

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်တွင် ညမီးကြီး မီးပုံး အရေအတွက် တိုးမည်


Image may contain: 1 person, crowd

ယခုနှစ် နိုဝင်ဘာလ တွင် ကျင်းပပြုလုပ်မည့် တောင်ကြိးမြို့၏ တန်ဆောင်တိုင်ပွဲတော်၏ ရိုးရာမီးပုံးပျံပွဲတော်တွင် ယခင်နှစ်က ထက် ညမီးကြိး အလုံးအရေအတွက် တိုးလာနိုင်ဖွယ်ရှိကြောင်း မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာသန်းဝင်းကပြောသည်။

နိုင်ငံခြားသားပိုင် နိုင်ငံခြားဘဏ်ခွဲများ ပိုမိုဝင်ရောက်လာရေးအတွက် ခွင့်ပြုသွားရန် ရှိဟုဆို


Image may contain: 1 person, standing

ဘဏ်လုပ်ငန်းဆိုင်ရာ ကဏ္ဍတွင် လက်ရှိ မြန်မာနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်နေသော ၁၀၀ရာခိုင်နှုန်း နိုင်ငံခြားသားပိုင် နိုင်ငံခြားဘဏ်ခွဲ ၁၃ ခုအပြင် ဘဏ်ခွဲများ(သို့မဟုတ်) လက်အောက်ခံ ဘဏ်ခွဲများကို ပိုမိုဝင်ရောက်လာရေးအတွက် ခွင့်ပြုသွားရန် ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။

ပုဂ္ဂိုလ်ရေးပတ်သက် ဆက်နွယ်မှုများကို အခြေခံသည့် စီးပွားရေးပုံစံမှ ပိုမိုပွင့်လင်းမြင်သာ ယှဉ်ပြိုင်မှုနှင့် စည်းမျဉ်းဥပဒေများကို အခြေခံသည့် စီးပွားရေးပုံစံသို့ အသွင်ကူးပြောင်းနေပြီဖြစ် ဟုဆို


Image may contain: 1 person, standing and text

မြန်မာနိုင်ငံအနေဖြင့် ပွင့်လင်းမှုမရှိသော ယှဉ်ပြိုင်မှုမရှိသည့် ပုဂ္ဂိုလ်ရေး ပတ်သက်ဆက်နွယ်မှုများကို အခြေခံသည့် စီးပွားရေးပုံစံမှ ပိုမိုပွင့်လင်းမြင်သာ၊ ယှဉ်ပြိုင်မှုနှင့် စည်းမျဉ်းဥပဒေများကို အခြေခံသည့် စီးပွားရေးပုံစံသို့ အသွင်ကူးပြောင်း နေပြီဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ထိုင်းဘုရင်က ကြင်ယာတော်ကို ရာထူးနှင့်ဘွဲ့များ ပြန်လည်ရုပ်သိမ်း


Image may contain: 4 people, people sitting and indoor
ကင်ယာတော် ဆီနီနက်သည် ထီးနန်းနှင့် နိုင်ငံတော်အပေါ်”သစ္စာမရှိ”သူ ဖြစ်သည်ဟု ထိုင်းတော်ဝင်နန်းတော်က မနေ့က ကြေညာလိုက်ပြီး ကြင်ယာတော်ထံမှ ဘွဲ့များနှင့် ရာထူးများကို ထိုင်းဘုရင်က ရုတ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

My Blog List