Saturday, July 14, 2012

မြန်မာနိုင်ငံမှာ မြုပ်နှံမှုအတွက် အမေရိကန် အမတ်တွေက သတိပေး

2012-07-13 အမေရိကန် ပြည်ထောင်စုက ရီပတ်ပလစ်ကန်ပါတီ အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်း (John McCain) နဲ့ တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ် ဂျိုး လီဘာမန်း (Joe Lieberman) တို့က အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် အရေးယူမှုတချို့ လျှော့ပေးတာကို ကြိုဆိုလိုက်ပေမယ့် အစိုးရပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ အကျိုးတူ လုပ်ငန်းလုပ်မယ့် ကိစ္စဟာ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အဟန့်အတား ဖြစ်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

(Photo: AFP)
အမေရိကန် ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ် အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်း။ (Photo: AFP)
သူတို့ နှစ်ယောက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက မြန်မာနိုင်ငံကို သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ရော အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အစိုးရတပ်မှ ကလေးစစ်သား ၅ ဦး KIA ထိန်းသိမ်းထား

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာအစိုးရ စစ်တပ်တို့ ၁ နှစ်ကျော်ကြာသည် အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့စဉ် ကလေးစစ်သား ၅ ဦးအပါအဝင် မြန်မာအစိုးရ တပ်သား ၃၄ ဦးကို KIA ဘက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အစိုးရစစ်တပ်မှ ကလေးစစ်သားတဦး (ဓာတ်ပုံ – ဧရာဝတီ)

ဖမ်းဆီးရသည့် မြန်မာ့တပ်သားများနှင့် ကလေးစစ်သားများကို အစိုးရတပ်များဘက်သို့ အေးချမ်းစွာ ပြန်လည်ပို့ဆောင် ချင်ကြောင်း KIA ဒုတိယ စစ်ဦးစီးမှူး ဂွမ်မော်က ဧရာဝတီသို့ ပြောသည်။
“ဒီတပ်သားတွေ အားလုံးကို သူတို့တပ်ရင်း ပြန်ပို့ချင်တယ်။ အေးချမ်းစွာနဲ့ပေါ့။ အဲဒီအထဲမှာ ကလေးစစ်သား တွေလည်းပါ တယ်။ သူတို့ တပ်ကိုပြန်ရောက်အောင်၊ ဘာပြဿနာမှ မဖြစ်အောင်တော့ လုပ်ရမှာပေါ့။ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း ဦးအောင်သောင်း တို့ကို စာပို့ထားပါတယ်။ ဒါပေမယ့် ဘာမှ အကြောင်းမပြန် သေးဘူး” ဟု သူက ဆိုသည်။
ယခုအခါတွင် KIA ထိန်းချုပ်ထားသည့် ကချင်စစ်ပြေး ဒုက္ခသည် စခန်းတခုတွင် ရောက်ရှိနေသော ကလေး စစ်သားတဦး ဖြစ်သည့် မောင်သန့်ဇင်အောင်က “ကျနော် စစ်တပ်ထဲ ၀င်လာတာ ၀ါသနာပါလို့ မဟုတ်ဘူး။ အိမ်နဲ့ရန်ဖြစ်ပြီး အိမ်ပေါ်ကနေ ဆင်းလာတော့ ကျနော့် အစ်ကိုဝမ်းကွဲက စစ်တပ်ထဲကို လိုက်ပို့တာပါ။ အဲဒီမှာ စစ်ကျောင်းဆင်းပြီးတာနဲ့ ချက်ချင်း စစ်ပွဲဖြစ်တဲ့ နေရာကို စစ်လာ တိုက်ခိုင်းတယ်။ ကျနော် သေနတ်မကိုင်ချင်ဘူး၊ စစ်မတိုက်ချင်ဘူး” ဟု ဧရာဝတီကို ပြောသည်။

ဖြူဖြူကျော်သိန်း ယာဉ်တိုက်မှုဖြစ်ပွား

ထွန်တုံးတိုက်ပွဲ ဆင်နွှဲသည့် လယ်သမားများ အဖမ်းခံရ

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် အတွင်း အသိမ်းခံ လယ်မြေများတွင် ဝင်ရောက် ထွန်ယက်နေသည့် အလုပ်သမားများ (ဓာတ်ပုံ – Civil & Political Rights Campaign Group)
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်တောင်းမြို့အတွင်း သိမ်းယူခံထားရသော လယ်မြေများတွင် လယ်ပြန်စိုက်ခွင့် ရရှိရန်
ထွန်တုံးတိုက်ပွဲ ဆင်နွှဲသည့် လယ်သမား ၇ ဦး ယနေ့နံနက်တွင် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။
အဆိုပါ လယ်သမားများကို နံနက် ၁၀ နာရီခန့်က ပန်းတောင်းမြို့နယ် တပ်မတော် ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) ၃ က ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးခံရ သူများမှာ ဆင်တဲကျေးရွာအုပ်စု ရွာသစ်ကုန်း ကျေးရွာမှ လယ်သမား ၅ ဦးနှင့် ပုတီးတော ကျေးရွာမှ လယ်သမား ၂ ဦးတို့ဖြစ်ကြောင်း ဒေသခံ လယ်သမား တဦးက ပြောသည်။

ဂျကာတာမြို့ မြန်မာသံရုံးရှေ့မှာ မွတ်စလင် အဖွဲ့ဝင်တွေ ဆန္ဒပြ

2012-07-13 မနေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က မြန်မာသံရုံးရှေ့မှာ သဘောထား တင်းမာသူ မွတ်စလင် အဖွဲ့ဝင်တွေက ဘင်္ဂါလီ ရိုဟင်ဂျာ ကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
အစ္စလာမ် ကာကွယ်ရေးတပ်ဦး (FPT) နဲ့ (JAT) စတဲ့ အဖွဲ့တွေက လူ (၃၀၀) လောက်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်နေတဲ့ကိစ္စ ရပ်ဆိုင်းရေးဆိုပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၄-၇-၂၀၁၂ )

- ထွန်တုံးတိုက်ပွဲ ဆင်နွှဲသည့် လယ်သမားများ အဖမ်းခံရ click
- လယ်သမား ၇ ဦးကို စစ်တပ်က ဖမ်းဆီး click
- ကုလသမဂ္ဂ ၀န်ထမ်းတချို့ တရားစွဲခံရ click
- ဗကသအဖွဲ့ဝင်တွေရဲ့ မိဘတွေ ထောက်လှမ်းရေးက ဖိအားပေး click
- မီးရထား အခြေခံအလုပ်သမားအဖွဲ့အစည်း စတင်ထူထောင် click
- မြန်မာနိုင်ငံမှာ မြှုပ်နှံမှုအတွက် အမေရိကန်အမတ်တွေက သတိပေး click
- ပိတ်ဆို့မှုရုပ်ရေး မည်သူမဆို ဆောင်ရွက်ပေးရန် လွှတ်တော်က သဘောတူ click
- ပိတ်ဆို့မှုရုပ်သိမ်းပေးရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် click
- သမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီး ကလင်တန်တွေ့ click
- သမ္မတ ဦးသိန်းစိန်နဲ့ ကလင်တန် တွေ့ဆုံ click
- မစ္စစ် ကလင်တန်နဲ့ ဦးသိန်းစိန် ဆွေးနွေး click
- အမေရိကန် ကုန်သွယ်ရေးအဖွဲ့ မြန်မာပြည် လာမည် click
- မြန်မာကို ကူညီဖို့ IMF ရုံးဖွင့် click
- ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ တတိယအကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်ပွဲ click
- ရခိုင်ပြည်နယ်အရေး အင်န်ဂျီအိုများ မစွက်ဖက်ရန် ဥရောပမြန်မာများ ထုတ်ပြန် click
- အရင် ဦးထုပ်တစောင်း အခု ခေါင်းပေါင်းနဲ့ ကမ္ဘာပတ်မယ့် မြန်မာ ဆိုကရေးတီး click
- ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များရဲ့ ကချင်ပြည်နယ်ခရီးစဉ် (ရုပ်သံ) click
- မှတ်မှတ်သားသား စကားများ (ရုပ်သံ) click
- လူကုန်ကူးမှု တားဆီးရေး အလုပ်ရုံဆွးနွေးပွဲ (ရုပ်သံ) click
- ပြည်သူ့ခေတ်ဂျာနယ် ၂ နှစ်ပြည့် အခမ်းအနား (ရုပ်သံ) click
- လူ့စည်းကမ်းနှင့် လမ်းစည်ကမ်း (ဆောင်းပါး) click
- သမ္မတကြီးကို ငြိုငြင်အောင် မလုပ်နဲ့ … (ကာတွန်း) click
- ဟောဒီက ပေါပေါလေး၊ ပေါပေါလေး … မြန်မာပြည်မှာပဲ ရတယ် (ကာတွန်း) click
- ဆီးရီးယားမှာ လူ ၂၀၀ ကျော် အသတ်ခံရ click
- အာဆီယံအစည်းအဝေး ပူးတွဲကြေညာချက် မထုတ်နိုင် click
- တောင်တရုတ်ပင်လယ်အရေး အာဆီယံ သဘောထားကွဲ click
- ထိုင်းဖွဲ့စည်းပုံ ပြင်ဆင်ရေး click
- ဇူလိုင် ၁၃ တမိနစ် သတင်းဗီဒီယို click
- စီးပွားရေးသုံးသပ်ချက် (အသံ) click

မီးရထား အခြေခံအလုပ်သမား အဖွဲ့အစည်း စတင်ထူထောင်




2012-07-13

ရန်ကုန်တိုင်း အင်းစိန် မီးရထားစက်ခေါင်း စက်ရုံ အလုပ်သမား (၆၀) ကျော် စုပေါင်းပြီး မီးရထားအခြေခံ အလုပ်သမား အဖွဲ့အစည်းကို ဒီကနေ့ စတင် ဖွဲ့စည်းလိုက်ပါတယ်။

ဒီအဖွဲ့အစည်းဟာ မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂတွေ တရားဝင် ဖွဲ့စည်းထူထောင်ခွင့် ရရှိပြီးနောက်ပိုင်း အစိုးရဝန်ထမ်း အလုပ်သမားတွေ ကိုယ်တိုင် ပထမဆုံး ထူထောင်လိုက်တဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

ဘယ်လမ်းရွေးမလဲ. . . KIA

KIA နဲ့ အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြတာ အကြိမ်ကြိမ်ရှိနေပါပြီ။ လဂျားယန်၊ မိုင်ဂျာယန်နဲ့ ရွှေလီတို့မှာပါ ဆွေးနွေးခဲ့ပြီး သိရသလောက် စုစုပေါင်း  ၁၀ ကြိမ်လောက်ရှိပါတယ်။ အစိုးရကိုယ်စားလှယ်က မိုင်ဂျာယန်အထိ လိုလိုလားလားနှင့် လာဆွေးနွေးခဲ့တယ်။ အခုချိန်ထိ တိကျသေချာတဲ့ ရလဒ် ဘာတစ်ခုမှရတာ မကြားသေးဘူး။ KIA ခေါင်းဆောင်ပိုင်းတွေက ယုံကြည်မှုတည်ဆောက်မယ်လို့ လူကြားကောင်းအောင် ပြောနေပေမယ့် ဒါဟာ နိုင်ငံတကာ အမြင်မှာ ငြိမ်းချမ်းရေးလိုလားသယောင် အသံကောင်းဟစ်တဲ့ သဘောပါပဲ။ ငြိမ်းချမ်းရေး ဆွေးနွေးမှုရဲ့ အခြားတစ်ဘက်မှာတော့ KIA ဟာ စစ်ရေးတိုက်ခိုက်မှုတွေကိုပဲ တိုးမြှင့် ဆောင်ရွက်နေခဲ့တယ်။
ဒီနေ့ခေတ်မှာ အကြမ်းဖက်လုပ်ရပ်တွေကို ဘယ်နိုင်ငံမှ လက်မခံတော့ပါဘူး။ ခေတ်နောက်ပြန် KIA ခေါင်းဆောင်တွေရဲ့ စေခိုင်းချက်အရ လမ်း၊တံတား၊တာဝါတိုင်တွေကို မိုင်းထောင်ဖျက်ဆီးတာတွေ၊ ကလေး/လူကြီး/ယောက်ျား/မိန်းမ မရွေး  အတင်းအဓ္ဓမ လူသစ် စုဆောင်းတာတွေ၊ အဆမတန် ဆက်ကြေးကောက်ခံတာတွေနဲ့ အဆိုးဆုံးကတော့ ဒေသခံတွေကို ရက်တို လက်ပူတိုက် သင်တန်းပေးပြီး မိုင်းထောင်ခိုင်းလို့ သေကြေ ဒဏ်ရာရခဲ့တာတွေကြောင့် KIA ဟာ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းတစ်ရပ်ဆိုတာ ပီပီပြင်ပြင် မြင်သာ လာပါတော့တယ်။
ဒါတွေကြောင့် တရုတ်-မြန်မာနယ်စပ်  စစ်ရေး အကဲခတ်လေ့လာသူတစ်ဦးဖြစ်သူ ကိုအောင်ကျော်ဇောက KIA နဲ့ပတ်သက်ပြီး “ဒီလိုလုပ်ရပ်တွေဟာ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုအနေနဲ့ မကြာခင် ပြိုကွဲပျက်စီးတော့မယ့် သဘောဆောင်နေပါတယ်။ အထက်နဲ့အောက် ကြားမှာ မကျေလည်မှု အစိုင်အခဲတွေကြီးမားလာတဲ့အတွက် လာမယ့် ၄ လနဲ့ ၆ လကြားမှာ KIA တပ်ဖွဲ့အတွင်း အချင်းချင်း ပုန်ကန်တိုက်ခိုက်မှုတွေ ဖြစ်လာတော့မယ်”လို့ သုံးသပ်ပြောဆိုပါတယ်။
KIA ခေါင်းဆောင်ပိုင်းတွေကို လက်အောက်ငယ်သားတွေက လိုလားလက်ခံလိုခြင်း လုံးဝမရှိတော့သလို ဒေသခံကချင်တိုင်းရင်းသားတွေအနေနဲ့ကလည်း ရွံကြောက်ဖြစ်နေပါတယ်။ KIA ဟာ ဒီလိုဆုံးရှုံးမှုတွေရှိနေပေမယ့် တစ်ဘက်ကလည်း မျောက်ပြဆန်တောင်းတာတွေ လုပ်နေပါတယ်။ တိုက်ပွဲတွေဖြစ်လို့ ဒုက္ခရောက်နေရသူတွေကိုအသုံးချပြီး ငွေရှာတဲ့ အလုပ်ကိုလည်း လုပ်လာပါတယ်။ 
ဒုက္ခသည်တွေကို တစ်နေရာမှာစု၊ စာရင်းပြုပြီးကြော်ငြာ၊ ကူပါကယ်ပါဗျာ ဆိုပြီး သူတောင်းစားလိုအော်၊ ရတဲ့ဒေါ်လာကို တရုတ်ဘက်မှာ တိုက်ဆောက်၊ ဒီလောက်ဆို KIA ဘာကြောင့် အပစ်မရပ်တာလဲဆိုတဲ့အဖြေ ရေရေရာရာ တွေ့နိုင်ပါပြီ။
သူတောင်းစား ဇောင်းဟရား ဦးစီးပြီး ဂိုဏ်းခေါင်းဆောင် ဂမ်ရှောင် တို့ရဲ့ အဖွဲ့ကို KIA ဆိုတဲ့နာမည်အစား “သူတောင်းစားဂိုဏ်း” လို့သာ နာမည်ပြောင်းပေးချင်ပါတော့တယ်။
KIA ခေါင်းဆောင်တွေက မြို့ပေါ်မှာရှိတဲ့ ဘာသာရေး တရားဟောဆရာ၊ သိက္ခာတော်ရ ဆရာတွေကိုလည်း စစ်တပ်ကလာတိုက်လို့သာ ပြန်လည်ခုခံတိုက်ခိုက်ရခြင်း ဖြစ်ကြောင်း KIA ဘက်ကရပ်တည်ပြီး မီဒီယာတွေကိုပြောဖို့ အကြပ်ကိုင် ခြိမ်းခြောက်ထားတယ်။ ဒုက္ခသည်စခန်းရဲ့ အကာအကွယ်နဲ့ နေနေတဲ့ KIA တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရရင်လည်း ပြန်လွတ်အောင် နည်းမျိုးစုံသုံးလုပ်ဆောင်ဖို့ မှာကြားထားတယ်လို့လည်း သိရတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က ဂျန်မိုင်ကောင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရဆရာ ဦးလဖိုင်ဂျာနော် ဦးဆောင်ပြီး မြစ်ကြီးနားမြို့တွင်း စီတန်းလှည့်လည်မှု ပြုလုပ်ရာမှာ ဒုက္ခသည်စခန်းကလူတွေ ဆန္ဒပြတယ်လို့ ပြောပေမယ့် အမှန်စင်စစ် ဒုက္ခသည် ၃၀ လောက်ပဲပါတယ်။ ကျန်တာတွေက ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)အဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။ 

ဒီအကြောင်းကို ဖခင်တစ်ဦးဖြစ်သူ ဦးမရမ်ထွယ်ဝါက အခုလိုပြောပြပါတယ်။

ရှူးဖိနပ်စက်ရုံအလုပ်သမားများလည်း ဆန္ဒပြတောင်းဆိုလာ

ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာစက်မှုဇုံ၊ ဇုံ(၂) ရှိ ရှူးဖိနပ်စက်ရုံမှ အလုပ်သမားများ လုပ်ခလစာနှင့် အလုပ်ချိန် လျော့ပေါ့ရေးအတွက် ဆန္ဒပြတောင်းနေလျှက်ရှိသည်။ အလုပ်သမား (၅၀၀) ခန့်ရှိသည့် အဆိုပါစက်ရုံတွင် အလုပ်သမား (၃၀၀) ခန့်က ငြိမ်းချမ်းစွာ ဆန္ဒပြနေခြင်းဖြစ်သည်။
လှိုင်သာယာ စက်မှုဇုံအတွင်း အလုပ်သမား ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်နေသောလည်း အလုပ်ရှင်နှင့် အလုပ်သမားအကြား တစုံတရာ ပြေလည်မှုမရရှိသည့် အခြေအနေ ဖြစ်နေကြသည်။
အချို့စက်ရုံများတွင် အလုပ်ရှင်ဘက်မှ အလုပ်သမားများအပေါ် ကိုယ်ထိလက်ရောက် အကြမ်းဖက် ကျူးလွန်မှုများရှိကြောင်း ဆန္ဒပြအလုပ်သမားတဦးက ပြောသည်။

မော်တော်ယာဉ်လိုင်စဉ်များ ထုတ်ပေးရာတွင် မသမာမှုများ ရှိနေ

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များအား လိုင်စင်ထုတ်ပေးမှုတွင် မသမာမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။ မြင်းခြံမြို့ပေါ်တွင် လိုင်စဉ်မဲ့ယာဉ်များကို မြို့နယ်အခွန်ဦးစီးဌာနနှင့် ကုန်းလမ်းညွှန်ကြားမှုဦးစီးဌာန (ကညန) တို့က ယခုလ ၁၄ ရက်နေ့မှ စတင်ကာ ယာဉ်လိုင်စင်များ ပြုလုပ်ပေးနေခြင်းဖြစ်ပြီး ယာဉ်အမျိုးအစားအပေါ် မူတည်ကာ လိုင်စဉ်အတွက် ကျပ်ခြောက်သောင်းမှ တစ်သိန်းအထိ ပေးနေရကြောင်း သိရသည်။
ထိုသို့ လိုင်စဉ်ပြုလုပ်ပေးရာတွင် လာရောက်ပြုလုပ်သူ များလွန်းသည့်အတွက် နေရာတန်းစီမှုတွင် မသမာမှုများ ဖြစ်ပေါ်နေကြောင်း မြင်းခြံမြို့ခံတဦးက ပြောသည်။
“နေရာမှောင်ခိုတန်းစီပြီး နေရာဦးထားတဲ့လူတွေက ပိုင်ရာဆိုင်ရာ အာဏာပိုင်တွေနဲ့ပေါင်းပြီး ရောင်းစားနေကြတယ်။ တစ်နေရာကို တစ်သောင်းခွဲပေးရတယ်။ အဲဒီလို နေရာမှောင်ခို ရောင်းစားနေတဲ့လူတွေက ခါးကြားမှာ ဓားတွေထိုးထားပြီး ခြိမ်းခြောက်တယ်” ဟု အဆိုပါ မြို့ခံက ပြောသည်။

လျှပ်စစ်မီးရရှိရန် ပြည်မြို့ ဒုတိယနေ့ဆန္ဒပြမှု ရိုက်နှက်ဖမ်းဆီးမှုများရှိ

ယနေ့နံနက် (၉) နာရီတွင် စတင်ခဲ့သည့် ပဲခူးတိုင်း၊ ပြည်မြို့ လျှပ်စစ်မီး ၂၄ နာရီ အပြည့်အဝရရှိရေး ဒုတိယနေ့ ဆန္ဒပြမှုတွင် လုံထိန်းရဲများ၏ ရိုက်နှက်ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူတဦးက ပြောသည်။
ပြည်မြို့ ဆန္ဒပြမှုမြင်ကွင်း (ဓာတ်ပုံ - ရိုးမ ၃)
ပြည်မြို့ ဆန္ဒပြမှုမြင်ကွင်း (ဓာတ်ပုံ - ရိုးမ ၃)
ပြည်မြို့တွင် ယမန်နေ့မှစတင်ကာ လျှပ်စစ်မီး ၂၄ နာရီ ရရှိရေးအတွက် လူနှစ်ထောင်ခန့်က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရာ ပထမနေ့တွင် အာဏာပိုင်တို့နှင့် ညှိနှိုင်းမှုဖြင့် အောင်မြင်စွာ ဆန္ဒပြနိုင်ခဲ့သော်လည်း ယနေ့ ဒုတိယနေ့အဖြစ် ဆက်လက်ဆန္ဒပြကြရာတွင် လုံထိန်းရဲများ၏ ရိုက်နှက်ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
“မနေ့က စပြီး ဆန္ဒပြတဲ့ မြို့နယ်လျှပ်စစ်ရုံးရှေ့ကနေပြီး လူတစ်ထောင်ကျော်နဲ့ ဒီနေ့ စထွက်တယ်။ စထွက်ထွက်ချင်းပဲ HRDP ကိုကျော်ဆွေနဲ့ NLD ကိုဝင်းလှိုင်တို့ကို ရိုက်နှက်ပြီး ခေါ်သွားတယ်။

ဆန္ဒပြစက်ရုံအချို့ပြေလည်သော်လည်း တင်းမာမှုများရှိနေဆဲ

အခြေခံလုပ်ခလစာ တိုးပေးရေးအတွက် လှိုင်သာယာစက်မှုဇုန်နှင့် မြောင်းတကာရှိ စက်ရုံအလုပ်သမားများ ဆန္ဒပြတောင်းဆိုရာ စက်ရုံအချို့ ပြေလည်မှု ရရှိသွားသော်လည်း အချို့စက်ရုံများမှာ  တင်းမာမှုများဖြင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။
စံပါယ်ပွင့် စက်ရုံတွင် အထူးသတိပေး ကြေညာချက် (ဓါတ်ပုံ -ရိုးမ ၃)
စံပါယ်ပွင့် စက်ရုံတွင် အထူးသတိပေး ကြေညာချက် (ဓါတ်ပုံ -ရိုးမ ၃)
နေမင်းအောင်အထည်ချုပ်စက်ရုံတွင် လုပ်အားခများတိုးမြင့်ပေးလိုက်သော်လည်း အခြားစက်ရုံများတွင် လျော်ကြေးပေး အလုပ်ထုတ်ပယ်ခြင်းများ ပြုလုပ်နေကြောင်း အလုပ်သမားများ အရေးကူညီပေးနေသူက ပြောသည်။
“အခုဆိုရင် နေမင်းအောင် စက်ရုံမှာ နောက်ဆုံးညှိနှိုင်းမှုအရ နေ့စာ ၃၀၀ ရနေတဲ့ helper တွေကို ၇၀၀ တိုးပေးပြီး ၈၀၀ ရနေတဲ့ operator တွေကို နောက်ထပ် ၇၀၀ တိုးပေးမယ်ဆိုပြီး အလုပ်ရှင်ဘက်က ဆွေးနွေးလာတယ်၊ အလုပ်တရက်ပျက်ရင် ၁၀၀၀၀ ဖြတ်တာကနေ ၁၀၀၀ ပဲဖြတ်မယ်၊ စနေနေ့ ညနေ ၅ နာရီဆိုပြန်လွှတ်ပေးမယ်၊ တနင်္ဂနွေ အော်ဒါရှိရင်ဆင်းရမယ် မရှိရင် မဆင်းရဘူးဆိုပြီး ဖြစ်သွားတယ်” ဟု ပြောသည်။

ဆန္ဒပြခွင့်အတွက် စာတင်သည့် လယ်သမားများအား ဒေသအာဏာပိုင်များက ခေါ်ယူခြိမ်းခြောက်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲကျေးရွာနှင့် လေးမျက်နှာကျေးရွာများမှ လယ်သမား ၆ ဦးကို ဆန္ဒပြခွင့်အတွက် စာတင်သည့် ကိစ္စနှင့်ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ယနေ့ မနက်ပိုင်းတွင် ဆင့်ခေါ်ကာ ဆန္ဒပြလျှင် ထောင် ၁ နှစ် ချနိုင်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။ ဆန္ဒပြရန် အခုလ ၁၈ ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ စာတင်ခဲ့သည့် ဝမ်းတွင်းမြို့နယ် လေးမျက်နှာနှင့် ပင်းတလဲကျေးရွာများမှ လယ်သမား ဦးဝင်း၊ ဦးသန်း၊ ဦးလင်းလင်းအောင်၊ ဦးအေးနိုင်စိုး၊ ဦးအောင်ထွန်းတို့ အပါအဝင် ၆ ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုထွေးနှင့် ဒုရဲမှူး တင့်ဇော်တို့က ခေါ်ယူတွေ့ဆုံပြီး အဆိုပါကဲ့သို့ ခြိမ်းခြောက်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လမ်းအူကြောင်းဖောက်လို့ လယ်မြေဧက (၅၀၀) ကျော် လယ်သမားတွေ ဆုံးရှုံး

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ကျောက်စက်ကျေးရွာမှာ ပျော်ဘွယ်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးက ကျောက်ကုမ္ပဏီတခုအတွက် လယ်ဧက (၅၀၀) လောက်ကိုဖြတ်ပြီး လမ်းအူကြောင်းဖောက်လုပ်တဲ့အတွက် လယ်သမားပိုင် စပါးစိုက်ပျိုးဖို့ လယ်မြေတွေ ဆုံးရှုံးခဲ့သည်။ ပျော်ဘွယ်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးက ကျောက်စက်ကျေးရွာအနီးက တောင်ရိုးပေါ်မှာ ကျောက်ရှာဖွေတူးဖော်နေသည့် ပတ္တမြားနဂါးကုမ္ပဏီအတွက် ကျောက်စက်ကျေးရွာက လယ်သမားတွေပိုင် လယ်မြေများပေါ်တွင် လမ်းအူးကြောင်းဖောက်လုပ်ခဲ့ပြီး ဆုံးရှုံးနစ်နာသည့် လယ်သမားများအတွက် ငွေကြေးတစုံတရာမပေးဘဲ အဓမ္မဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ လယ်သမားများက ပြောသည်။

NLD ရဲ့ ထိပ်တန်းကိစ္စသုံးရပ်နဲ့ ကာကွယ်ဦးစီးချုပ်ရဲ့အဓိကတာဝန်

“(၆၇) နှစ်မြောက် တပ်မတော်နေ့” မှာ ပြောတဲ့ ဗိုလ်မင်းအောင်လှိုင်ရဲ့မိန့်ခွန်းထဲက အောက်ပါ အချက် ၂ ချက်ကို သတိပြုမိပါတယ်။ တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကို တပ်မတော်ကို ခေတ်ကာလနဲ့အညီ တည်ဆောက်ပေးခဲ့လို့ ကျေးဇူးတင်ထိုက်သူများအဖြစ် တစ်တန်းတည်းထားပြီး ရည်ညွန်းပြောကြားတဲ့အချက်နဲ့ လွှတ်တော်ထဲမှာ စစ်သား အမတ် ၂၅% ဘာကြောင့်ပါဝင်နေရသလဲ ဆိုတဲ့အချက်တွေပဲ ဖြစ်ပါတယ်။
တပ်မတော်ဖခင်လို့ ဗိုလ်ချုပ်အောင်ဆန်းကို ရည်ညွန်းသော်လည်း ယခင်က “အောင်ဆန်းစစ်ကြောင်း” ဆိုတာ ရှိခဲ့ပြီး (နဝတ-နအဖ) ခေတ်မှာ ဖြုတ်ပယ်ခဲ့ပါတယ်။ အခုလည်းဖြုတ်ပယ်ထားဆဲပါ။ ထားပါတော့။
နောက်တစ်ချက်က ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးလုပ်တော့

ရဲတဦးလက်ချက်ဖြင့် ကျောင်းသားတဦး သေဆုံးခဲ့သည့်အမှု သက်ဆိုင်ရာက ဖော်ထုတ်အရေးယူခြင်း မရှိသေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းက ဒဿမတန်းကျောင်းသား မောင်ကောင်းဆက်ပိုင် (ခ) တရုတ်ကြီးကို ရဲဒုတပ်ကြပ်တဦးက ဆိုင်ကယ်ပေါ်မှ တွန်းချခဲ့ရာ သေဆုံးခဲ့သည့် အမှုကို ၇ လကျော်ကြာသည့်တိုင် သက်ဆိုင်ရာ ရဲစခန်းက တရားခံကို ဖော်ထုတ် အရေးယူဆောင်ရွက်ခြင်းမရှိသည့်အတွက် တရားလိုမိဘဖြစ်သူများ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးအပါအဝင် သက်ဆိုင်ရာ ဌာနအသီးသီးသို့ အခုလ (၆) ရက်နေ့က စာရေးသားတိုင်ကြားခဲ့သည်။ Kaung Set Paing“ကျနော့်သား သေဆုံးခဲ့တဲ့ ဖြစ်စဉ်က တလပိုင်း (၃) ရက်နေ့ မနက်ပိုင်းမှာ သား ကောင်းဆက်ပိုင်က  ဝိုင်းကျူရှင်တက်ပြီး ဆိုင်ကယ်နဲ့အပြန်မှာ စည်တော်မင်္ဂလာရပ်ကွက်ထဲက မောင်ဇော်လင်းဦးကို ဝင်ခေါ်ပြီး ရထားလမ်းဘေး လူသွားလမ်းအတိုင်း ဆိုင်ကယ်မောင်းလာတာကို နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်လာတဲ့ ဒုတပ်ကြပ် သဲမောင်မောင်က သားဆိုင်ကယ်နောက်မှာထိုင်တဲ့ မောင်ဇော်လင်းဦးရဲ့ အင်္ကျီကို ဆုပ်ကိုင်ဆွဲချလို့  အရှိန်နဲ့ ပြုတ်ကျတယ်။ ပြီးတော့ သားဆိုင်ကယ် လက်ကိုင်ဆွဲတယ် ဘေးဘက်ကို လှမ်းကန်လိုက်လို့ သားက ဆိုင်ကယ်နဲ့အတူ လမ်းဘေးလဲကျသွားလို့ ဦးခေါင်းဒဏ်ရာ သွေးတွေထွက်ပြီး သတိလစ်သွားပြီး အဲဒီဒဏ်နဲ့ပဲ သေသွားတာ။ သားသူငယ်ချင်း မောင်ဇော်လင်းဦးက ပြောပြတယ်။ သူလည်း ဆေးရုံတက်ရတယ်ဗျာ”

အသက်မပြည့်သေးသည့် ကလေးစစ်သားတဦး တပ်မှထွက်ခွင့်ရရန် ကြိုးပမ်းနေ

ပဲခူးတိုင်း၊ ပြည်မြို့မှ ကလေးစစ်သားတဦးဖြစ်သူ မောင်စန်းဝင်းထွဋ် (တပ်ထဲအမည် – မောင်ဆန်းဝင်းထွဋ်) အား တပ်ထဲမှ နှုတ်ထွက်ခွင့်ရရှိရန် ကြိုးပမ်းနေကြကြောင်း သိရသည်။


တပ်မှ ထွက်ခွင့်ရရန် ကြိုးပမ်းနေသည့် ကလေးစစ်သား မောင်စန်းဝင်းထွဋ်
တပ်မှ ထွက်ခွင့်ရရန် ကြိုးပမ်းနေသည့် ကလေးစစ်သား မောင်စန်းဝင်းထွဋ်

ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ စည်ကြီးဆွဲ၊ အောင်သစ္စာလမ်းတွင် နေထိုင်သူ မောင်းစန်းဝင်းထွဋ်၏ မိဘများက သူတို့၏သားသည် အသက်မပြည့်သေးသဖြင့် တပ်မှထွက်ခွင့်ရရန် အကူအညီတောင်းခံခဲ့သဖြင့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP) နှင့် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) တို့မှ လိုက်လံဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
မောင်စန်းဝင်းထွဋ်၏ မွေးသက္ကရာဇ်မှာ သူ၏ ကျောင်းဝင်မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများအရ (၁၀-၇-၁၉၉၅) ဖြစ်သောကြောင့် အသက် ၁၇ နှစ်သာ ရှိသေးသည့် ကလေးငယ်တဦးဖြစ်သည်။
သူ့အား သထုံလေ့ကျင့်ရေး (၉) မှ ဒုတပ်ကြပ် စန်းဦးဆိုသူက (၂၁-၇-၂၀၁၀) ရက်နေ့တွင် “တပ်ထဲဝင်လျင် ဆိုင်ကယ်စီးရမယ်၊ ကားမောင်းရမယ်၊ ကိုယ်ဝါသနာပါတဲ့အလုပ် လုပ်ရမယ်” ဟု မက်လုံးပေးပြောဆိုကာ တပ်ထဲသို့ ခေါ်ဆောင်သွားခဲ့ကြောင်း မောင်စန်းဝင်းထွဋ်က ပြန်လည်ပြောပြသည်။
ထို့နောက် လှည်းကူးမြို့နယ်၊ မင်းကုန်းရှိ လေ့ကျင့်ရေး (၁) သင်တန်းကျောင်းတွင်

Friday, July 13, 2012

အာဏာပိုင်များက အာဇာနည်နေ့တွင် လွမ်းသူ့ပန်းခွေချခွင့် မပြု

ဇူလိုင်လ (၁၉) ရက်နေ့မှာ ကျရောက်မည့် (၆၅)နှစ်မြောက် အာဇာနည်နေ့မှာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် (HRDP) က ပြည်မြို့ အာဇာနည်ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်ရှေ့တွင် လွမ်းသူပန်းခွေချဖို့ စီတန်းလမ်းလျောက် ပန်းခွေချခွင့်ပြုဖို့ တင်ပြလျှောက်ထားချက်ကို မြို့နယ်ရဲတပ်မှူးက ခွင့်မပြုကြောင်း အကြောင်းပြန်ခဲ့သည့်အတွက် အယူခံတက်ဖို့ပြင်ဆင်နေကြောင်း သိရသည်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၄)အရ စီတန်းလှည့်လည်ခွင့်ပြုပြီး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီကျောက်ရုပ်ရှေ့မှာ လွမ်းသူပန်းခွေချခွင့်ပြုဖို့ ပြည်မြို့ မြို့နယ်ရဲတပ်မှူးရုံးကို ကျောင်းကြီးအိုတန်းရပ်ကွက် တပ်လမ်းနေ ရှေ့နေ ဦးမြင့်အေးနှင့် ရွာဘဲရပ်ကွက် ဗိုလ်ချုပ်လမ်းနေ ကိုဇော်ထွန်း (HRDP) က အခုလ (၁၀) ရက်နေ့ နေ့လည်ပိုင်းက

ချင်းမိုင် တက္ကသိုလ်မှာ မြန်မာ့ မီဒီယာအကြောင်း ဆွေးနွေး


လက်ရှိ မြန်မာနိုင်ငံ အခြေအနေနဲ့ မြန်မာ့မီဒီယာ အခန်းကဏ္ဍအကြောင်း ဆွေးနွေးပွဲ တရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ချင်းမိုင် တက္ကသိုလ် ထဲမှာ ကျင်းပသွားပါတယ်။ ဦးဆောင် ဆွေးနွေးသူတွေကတော့ Dr. Jennifer Leehey ၊ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်၊ ကရင် သတင်းစဉ် (KIC) က အယ်ဒီတာ နန်းဖော့ဂေ၊ ဖေ့စ်ဘုတ်သုံးစွဲမှု စောင့်ကြည့်သုတေသနပြုနေသူ မမွန်မွန်မြတ် တို့ ဖြစ်ပါတယ်။
ချင်းမိုင် တက္ကသိုလ်က Dr. Jennifer Leehey က Burma’s Media in the 1990’s and the Media’s Role in Burma’s Democratic Transition ခေါင်းစဉ်နဲ့ ၁၉၉၀ ကျော် ကာလများက မြန်မာ့ မီဒီယာဆိုင်ရာ သုတေသနပြုချက်နဲ့ မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ မီဒီယာရဲ့အခန်းကဏ္ဍတွေကို အကျယ်တ၀ံ့ ဆွေးနွေးသွားခဲ့ပါတယ်။

ရခိုင်၌ ဖမ်းဆီးထားသည့် ကုလသမဂ္ဂ ၀န်ထမ်းများ ရုံးထုတ်


ရခိုင်ပြည်နယ် အဓိကရုဏ်း အခြေအနေများကို လာရောက်လေ့လာသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယာကို ဇွန်လ ၁၄ ရက်က စစ်တွေလေဆိပ်၌ တွေ့ရစဉ် (ဓာတ်ပုံ – Reuters)

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ဖမ်းဆီးထားသည့် ပြည်တွင်း အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ၀န်ထမ်းများ နှင့် ဘာသာရေး ခေါင်းဆောင်တချို့ကို ရုံးထုတ် စစ်ဆေးနေကြောင်း သိရသည်။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) မှ ၀န်ထမ်းနှစ်ဦး အပါအ၀င် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး  (UNHCR) ၀န်ထမ်းဖြစ်သူ ဒေါ်ချိုလေးမာခါတုန် တို့ကို ဇူလိုင်လ ၉ ရက်နေ့မှ စတင်၍ မောင်တော တရားရုံးတွင် ရုံးထုတ် စစ်ဆေး နေကြောင်း၊ ၎င်းတို့အား ပုဒ်မ(၁၅၃၊ ၁၄၇) ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု၊ ပုဒ်မ ၅၀၅(ခ) နိုင်ငံတော် အကြည်ညို ပျက်စေ မှုတို့ဖြင့် တရားစွဲဆို စစ်ဆေးနေကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။

မြန်မာ့သမိုင်းကို ကယ်တင်ခဲ့သူ


ဒေါ်မော်နီကာမြမောင်သည် ရန်ကုန်ရှိ ဗြိတိသျှကောင်စီတွင် ၃၈ နှစ်ကြာ အမှုထမ်းခဲ့ပြီး ၁၉၇၉ တွင် MBE ဆုတံဆိပ်ချီးမြှင့်ခံရသည်။ ၂၀၀၈ ခုနှစ် အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်သည် (ဓာတ်ပုံ – British Council)
ရန်ကုန်မှာရှိတဲ့ ဗြိတိသျှကောင်စီ စာကြည့်တိုက်ဟာ မြန်မာ့သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ အထင်ကရ အစိုးရ စာကြည့်တိုက် ဖြစ်ပါတယ်၊ ဒါပေမယ့် အဲ့ဒီစာကြည့်တိုက်မှာ သူမတူအောင် စုဆောင်းထားတဲ့ စာအုပ်စာတမ်းတွေကို အခုလို ထိန်းသိမ်း စောင့်ရှောက် ထားနိုင်တဲ့အပေါ် အမျိုးသမီး တယောက်ကို ကျေးဇူး အထူးတင်ရပါလိမ့်မယ်။
ဒေါ်မော်နီကာ မြမောင်တယောက် မြန်မာဝတ်လုံတော်ရ ဦးပါစီမြမောင်ရဲ့  အင်္ဂလိပ်ဇနီးသည် အဖြစ်နဲ့ ၁၉၃၇ ခုနှစ် အောက်တိုဘာလမှာ ရန်ကုန်မြို့ကို ပထမဆုံး ရောက်လာခဲ့ပါတယ်။ ဦးပါစီမြမောင်ဟာ တရားသူကြီးတယောက်ရဲ့ သားဖြစ်ပြီး ကိန်းဘရစ်ခ်ျ (Cambridge) တက္ကသိုလ်၊ စိန့်ဂျွန်းကောလိပ် (St. John’s College) ကနေ ဘွဲ့ရခဲ့သူပါ။

ဦးဘရန်ရှောင်၏ ဒဏ်ရာများ ဓာတ်ပုံ မှတ်တမ်းယူခွင့် တရားရုံးပယ်ချ


မြစ်ကြီးနားမြို့ပေါ်၌ ဦးလထော်ဘရန်ရှောင် လွတ်မြောက်ရေး ယနေ့ ဆန္ဒပြသူများကို တွေ့ရစဉ် (ဓာတ်ပုံ – KDNG)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှ ဦးဘရန်ရှောင်အား စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) က ဖမ်းဆီးခဲ့စဉ် နှိပ်စက်ခံထားရသော ဒဏ်ရာများကို မြစ်ကြီးနားမြို့နယ် တရားရုံးက ဓာတ်ပုံမှတ်တမ်း ယူခွင့်မပြုကြောင်း သတင်းရရှိသည်။
မြစ်ကြီးနား မြို့နယ် တရားရုံးတွင် ယခုလ ၁၁ ရက်နေ့က ရုံးထုတ်လာသော ဦးဘရန်ရှောင်၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို သူ၏ရှေ့နေ ဦးဂျီမာခါးက မှတ်တမ်းပြုခွင့် တင်ပြတောင်းဆိုခြင်းကို တရားရုံးက ပယ်ချလိုက်ခြင်း ဖြစ်သည်။

သမ္မတ ကမ်းလှမ်းချက် UNHCR လက်မခံ



ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres (ဓာတ်ပုံ – Reuters)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ တရားမ၀င် ရိုဟင်ဂျာများ ကိစ္စ ကမ်းလှမ်းချက်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အကြီးအကဲ Mr. Antonio Guterres က လက်မခံကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားမဟုတ်ဘဲ ပြည်ပမှ ခိုးဝင်လာသော ရိုဟင်ဂျာများကို လက်ခံထားရှိရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ UNHCR အနေဖြင့် ရိုဟင်ဂျာများအတွက် ဒုက္ခသည်စခန်း ဖွင့်လှစ်ကာ ထောက်ပံ့ပေးပြီး တတိယ နိုင်ငံသို့ ပို့ပေးရန် စီစဉ်ပါက မြန်မာအစိုးရအနေဖြင့် အကူအညီပေးမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က Mr. Antonio Guterres  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဇူလိုင် ၁၁ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်ကို Mr. Antonio Guterres က ရန်ကုန် ဆီဒိုနားဟိုတယ်တွင် ယမန်နေ့ ညနေက ကျင်းပသည့် UNHCR ၏ သတင်းစာ ရှင်းလင်းပွဲ၌ ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။
“UNHCR ရဲ့ ပြန်လည် နေရာချထားရေးဆိုတာက နိုင်ငံတခုကနေ တခြားနိုင်ငံ တခုကို အခြေအနေ တရပ်ရပ်ကြောင့် စွန့်ခွာ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ အတွက်ပါ။ ရခိုင်အခြေအနေက အဲဒါနဲ့ လုံးဝ မသက်ဆိုင်ပါဘူး။ ကျနော် ပြောနိုင်တာက UNHCR အနေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကိုတော့ လူ့အဖွဲ့အစည်း နှစ်ရပ်စလုံးကို ခွဲခြားမှု မရှိဘဲ ပေးသွားမှာပါ” ဟု Mr. Antonio Guterres က ဆိုသည်။

ကယား(ကရင်နီ)ပြည် တိုးတက်ရေး လူထုကြား ပြေလည်နိုင်တဲ့ ထွက်ပေါက်ရှာဖွေဖို့

ချိုင့်ဝှမ်းချိုင့်ခွက်တွေနဲ့ ပြည့်နက်နေတဲ့ လမ်းတွေ၊ အန္တရာယ်များတဲ့ တောင်စောင်းပေါ်ကလမ်းတွေ ၊ မှိတ်တုန့်မှိတ်တုန့် ဖြစ်နေတဲ့ လျှပ်စစ်မီးတွေ အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးကြန့်ကြာနေတဲ့ လက္ခဏာ အင်္ဂါရပ်တွေဟာ ကရင်နီ(ကယား)ပြည်နယ်မှာ အများကြီး တွေ့မြင်နေရပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်းမှာတော့ လမ်းမရဲ့ ချိုင့်ခွက်မျက်နှာပြင်တွေကို နေရာကွက်ကြား ကပ်သရာနဲ့ ထပ်ဆင့်ထပ်ပိုးလွှာ အနည်းငယ် ပြန်လည်ပြုပြင် နေတာတော့ရှိပါတယ်။
ဒေသဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ကရင်နီပြည်နယ်မှာလည်း မော်ချီးသတ္တုတွင်းလုပ်ငန်း၊ လောပိတရေအားလျှပ်စစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ငန်းစတဲ့ မြေပေါ်မြေအောက် သံယံဇာတရှိနေပါလျက်နဲ့ အဲဒီက ထွက်တဲ့ အခွန်ဝင်ငွေထွက်ငွေတွေဟာ ပြည်နယ်အတွက်နဲ့ ဒေသခံလူထုအတွက်တော့ ဘာအကျိုးခံစားခွင့်မှ မရှိကြပါဘူး။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန် လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရရုံး၌ ပြည်နယ်ဝန်ကြီးများနှင့် KNPP အဖွဲ့ခေါင်းဆောင်တို့ ဆွေးနွေးနေကြစဉ် (ဓါတ်ပုံ-ကေတီ)

ပြည်သူကနေ ရွေးကောက်တင်မြောက်လိုက်တယ်ဆိုတဲ့ အစိုးရသစ်တက်လာပြီး နောက်မှာလည်း ယခုချိန်ထိ ပြောင်းလဲ တိုးတက်လာတာ မတွေ့ရသေးပါဘူး။

ကျဆုံးသူ ၈ ဦးကို စစ်တွေတွင် သူရဲကောင်း အဖြစ် ဂုဏ်ပြု

ဇွန်လ ၈ ရက်နေ့မှ စတင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူတွင် မိမိရပ်ကွက်၊ ကျေးရွာကို ကာကွယ်ရင်း အသက်ပေး ကျဆုံးခဲ့ရသူ ရခိုင်အမျိုးသား (၈) ဦးအား သူရဲကောင်းများ အဖြစ် စစ်တွေတွင် ဂုဏ်ပြု ခဲ့ကြသည်ဟု သတင်း ရရှိသည်။

စစ်တွေမြို့မှ သူရဲကောင်း အဖြစ် ဂုဏ်ပြုခံရသူ (၈) ဦးမှာ စစ်တွေ ဒေါမြောင် တိုက်ပွဲတွင် ကျဆုံးသူ ခိုင်မိုးပျံ (ခေါ်) မောင်ထွန်းဝင်း- မင်းဂံ အကွက် (၅)၊ ကိုကျော်ထွန်းသာ – မင်းဂံ အကွက် (၉)၊ ခိုင်ဘရွှေ – မင်းဂံ အကွက် (၁၇) နှင့် နာဇီရွာ တိုက်ပွဲတွင် ကျဆုံးသူ ခိုင်လှဌေး- မင်းဂံ အကွက် (၃) တို့ ဖြစ်သည်။
၎င်းပြင် နောက်ထပ် ဂုဏ်ပြုခံရသူများမှာ သံတော်လီ တိုက်ပွဲတွင် ကျဆုံးခဲ့ကြသော  ဦးကျော်သိန်း- ကျေးတော ရွာမ၊ ကိုတင်ဦး- ရွှေပြည်သာ၊ ဦးမြသာထွန်း (ဗျိုင်းဖြူရွာ)၊ ဦးမောင်သန်းရွှေ – (ဗျိုင်းဖြူရွာ) တို့ ဖြစ်ကြသည်။

ကျောက်ဖြူမြို့ ပြင်ဖြူမော်ရွာမှ ကျောင်းသူတစ်ဦးအား ဘင်္ဂလီမူဆလင်များ ဗရကာရပြောဆို၍ ဖမ်းဆီးထိန်းသိမ်းထားလိုက်ရ





545010 362523573820315 317401011 nကျောက်ဖြူမြို့တွင် ၆တန်းကျောင်းသူ တစ်ဦးအား ပိုက်ဆိပ်ရွာမှ ဘင်္ဂလီမူဆလင်များက ဗရကာရပြုကျင့်ရန် ခြိမ်းခြောက်ပြောဆိုမှုကြောင့် ယင်းကျောင်းသူမိသားစုမှတစ်ဆင့် တာဝန်ရှိသူများအား တိုင်ကြားလိုက်နိုင်၍ ယင်းဘင်္ဂလီမူဆလင်များအား ဖမ်းဆီးထိန်းသိမ်းထားလိုက်ကြောင်း သတင်းရရှိသည်။
ကျောက်ဖြူမြို့ ပြင်ဖြူမော်ရွာနေ ကျောက်ဖြူ အ.ထ.က(၂) ကျောင်းတွင် ပညာသင်ကြားနေသော ၆တန်းကျောင်းသူတစ်ဦးသည် ပြင်ဖြူမော်ရွာသို့ ပြန်ရာတွင် ဘင်္ဂလီမူဆလင် ပိုက်ဆိပ်ရွာကို ဖြတ်သန်းသွားရာ ပိုက်ဆိပ်ရွာမှ ဘင်္ဂလီမူဆလင်၎ဦးမှ ယင်းကျောင်းသူအား ယခုကဲ့သို့ ဗရကာရပြုကျင့်ရန် ပြောဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။
"အ.ထ.က(၂)ကနေ ကျောင်းဆင်းပြီး ပြင်ဖြူမော်ကိုပြန်ရင် ပိုက်ဆိပ်ရွာကိုဖြတ်ပြီးတော့ ပြန်ရပါတယ်။ အဲဒီကျောင်းသူက တစ်ယောက်တည်းဖြစ်နေတော့ ပိုက်ဆိပ်ရွာက ဘင်္ဂလီမူဆလင်တွေက ထွက်လာပြီး သူ့လက်ကိုဆွဲတယ်။ အဲဒီတော့ ကောင်မလေးကလည်း အဲဒီကုလားတွေကို ဆဲတာပေါ့နော်။ ဆဲလိုက်တော့ ဘင်္ဂလီမူဆလင်တွေက သူ့ကို ကျောက်နီမော်က မသီတာထွေးလိုဖြစ်သွားချင်လားလို့ မေးတယ်တဲ့၊ အဲဒီတော့ အဲဒီကျောင်းသူကလည်းကြောက်ကြောက်နဲ့ အိမ်ကိုငိုယိုပြေးလာပြီး မိဘတွေကိုပြောပြလိုက်တယ်။ မိဘတွေက တစ်ဆင့် သက်ဆိုင်ရာရဲတွေကို အကြောင်းကြားလိုက်လို့ ရဲစခန်းက အဲဒီလိုပြောတဲ့ ဘင်္ဂလီမူဆလင်တွေကို

စစ်သုံ့ပန်းများကို လက်ခံပေးရန် KIA ပန်ကြားနေ


KIA_010912နေရပ်ပြန်ပို့ရန် ငြင်းဆန်နေသည့် အစိုးရ စစ်သုံ့ပန်း များကို သီးခြား လွတ်လပ်သော အဖွဲ့အစည်း များမှ တာဝန် ယူပေးရန် လိုအပ်နေပြီး ဖြစ်ကြောင်း ကချင်ပြည် လွတ်မြေက်ရေး အဖွဲ့ (KIO) မှ ပြောရေး ဆိုခွင့်ရှိသူ ဦးလာနန်းက ပြောပါသည်။
“ ကျနော်တို့မှာ အခု ဖမ်းဆီး ရမိတဲ့ အစိုးရ စစ်သုံ့ပန်းက (၃၄) ဦး ရှိနေတယ်။ သူတို့ကို ကျနော်တို့က ပြန်ပို့ ချင်ပေမဲ့ သူတို့ရဲ့ ဆန္ဒက မပြန်ရဲကြဘူး ဖြစ်နေတယ်။ တကယ်လို့ ပြန်သွားခဲ့ရင် စစ်တပ်က သူတို့ကို ဖမ်းပြီး ပုဒ်မ တခုခုနဲ့ တပ်ပြီး အရေးယူ တော့မှာ သေချာလို့ သူတို့က ပြောပါတယ်။ ဒါကြောင့် သူတို့ရဲ့ ဘ၀လုံခြုံမှု မရှိတဲ့အတွက် မပြန်ချင်ကြတာပါ။ အဲဒီတော့ ကျနော်တို့ကလည်း လူမှု အဖွဲ့အစည်း တခုခုက လက်ခံမယ် ဆိုရင် ကျနော်တို့က လွှဲပေးချင်ပါတယ်”ဟု ဆိုပါသည်။

မြောက်ဦးလူထု အာဏာပိုင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဒု ဥက္ကဋ္ဌ ဖြစ်သူ ဦးအေးမောင်သန်းနဲ့ ပါတီဝင်တစ်ဦးဖြစ်သူ ဦးဘတင်တို့ကို မနေ့က ဇွန်လ (၁၂) ရက်နေ့ ညနေပိုင်းက စစ်တပ်နဲ့ ရဲက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုကြတဲ့အတွက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
ဖမ်းဆီးခံရသူ (၂) ဦးက မြောက်ဦးမြို့၊ ကျောက်ရစ်ကေ ရပ်ကွက်ရှိ ဦးကျော်ဝင်း ဆန်စက်ကို သွားရောက်ပြီး ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ ရခိုင်လူမျိုးတွေ ပဋိပက္ခတွေ ဖြစ်နေတဲ့ကာလမို့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို စပါးကြိတ်မပေးဖို့ ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီး ကစားသမား ဂျွန်တယ်ရီနှင့် လူမျိုးရေးခွဲခြားမှု



ဂျွန် တယ်ရီ
ချဲလ်ဆီး၊ အင်္ဂလန် ဘောလုံးသမား အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ဂျွန်တယ်ရီဟာ ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့က Westminster Magistrates တရားရုံးကို စတုတ္ထနေ့မြောက် လာရောက် တရားရင်ဆိုင်ရပါတယ်။

အခုလို တရားရင်ဆိုင်နေရတဲ့ အကြောင်းက ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့က Queens Park Rangers နဲ့ ကစားခဲ့တဲ့ ပွဲမှာ Queens Park Rangers နောက်ခံလူ အန်တန် ဖာဒီနန်ကို တယ်ရီက လူမျိုးရေး ခွဲခြားမှုရှိခဲ့ပါသတဲ့။

ဘလက်ဘယ်ရီသစ် လာတော့မယ်




နမူနာ ဘလက်ဘယ်ရီ နဲ့ တွေ့ရတဲ့ RIM ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် (ဓာတ်ပုံ - Reuters)

iPone၊ Android ဖုန်းတွေနဲ့ ယှဉ်နိုင်အောင် Device အသစ်တွေ ဖန်တီးနေပါပြီ လို့ ဘလက်ဘယ်ရီက ပြောလိုက်ပါတယ်။

ဒီလိုဖန်တီးနေချိန်မှာ ရင်းနှီးမြှုပ်နှံသူတွေ သည်းခံ စောင့်ဆိုင်းပေးကြပါအုံး လို့ ဘလက်ဘယ်ရီ ထုတ်လုပ်တဲ့ Research in Montion (RIM) ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် သော်စတန်ဟိန်းစ်က မေတ္တာရပ်ခံလိုက်တာပါ။

အထက်က ပုံမှာ ပြထားတဲ့အတိုင်း ဆိုရင် ဘလက်ဘယ်ရီသစ်က အပေါ်ယံမှာတော့ တကယ်ပဲ ပုံစံပြောင်းနေပါပြီ။ ကီးဘုတ်ကို မမြင်ရတော့ပါဘူး။ ရုတ်တရက်ကြည့်ရင်
iPone တလုံးလိုပါပဲ။

၃ နှစ်လောက် သည်းခံပေးပါ



လက်ကိုင်ဖုန်း သုံးလိုသူတွေ ၃ နှစ်လောက် သည်းခံ စောင့်ပေးကြပါ။ ၅၀၀၀ ကျပ်တန်ု ဖုန်းသုံးလိုသူတွေ လည်း စောင့်ပေးကြပါ။ ဆန္ဒမစောကြပါနဲ့ ဆိုတဲ့ စကားသွားသတိရမိပါတယ်။

အခု တာဝန်ရှိသူတွေက လာမယ့် ၂၀၁၅၊ ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံက လူဦးရေ ၇၀ ကနေ ၇၅ ရာခိုင်နှုန်းအထိ လက်ကိုင်ဖုန်းသုံးစွဲနိုင်ပါတော့မယ်တဲ့။ ဌာနကို ဗဟို ပြုတဲ့ စနစ်ကို မကျင့်သုံးတော့ ဘဲ ပြည်သူကို ဗဟို ပြုတဲ့ စနစ်ကို သွားဖို့ စီစဉ်နေပါပြီတဲ့။

ဧရာဝတီ(Blog)

ဦးဝင်းတင်ဖောင်ဒေးရှင်း တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ



ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ တတိယအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲ

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ တတိယအကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်ပွဲကို မနေ့က ရန်ကုန်၊ ဗဟန်းမြို့နယ်မှာရှိတဲ့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၊ ငြိမ်းချမ်းခန်းမမှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ လက်ရှိနိုင်ငံ ရေးအကျဉ်းသား (၃) ယောက်၊ နိုင်ငံရေးအကျဉ်းသားဟောင်း (၁၂) ယောက် စုစုပေါင်း (၁၅) ယောက် ကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါတယ်။ အခမ်းအနားအစီအစဉ်အရ

၂၀၁၅ ရွေးကောက်ပွဲ၌ အချိုးကျကိုယ်စားလှယ်စနစ် အသုံးပြုရန် အာဏာရ ပါတီ စိတ်ဝင်စားနေ



လက်ရှိအစိုးရအဖြစ် အာဏာရထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လာမည့် ၂၀၁၅ ပြည်လုံး ကျွတ်အထွေထွေ ရွေး ကောက် ပွဲ၌ ရွေးကောက်ပွဲဝင်အမတ်လောင်းများအား ရရှိသည့်မဲအရေအတွက်အပေါ် ရာခိုင် နှုန်း အရ အချိုးကျ ကိုယ်စားလှယ်စနစ်ဖြင့် လွှတ်တော်အမတ်များအားရွေးချယ်သတ်မှတ်ရန် စိတ်ဝင်စားနေပုံရ သည်ဟု ဆိုသည်။ နည်း ဟောင်းအတိုင်း Winner take all လမ်းစဉ် ကိုသာ သွားမည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို လုံးဝယှဉ်နိုင်မည် မဟုတ် ဟု ယုံကြည်ထားသောကြောင့် လည်းဖြစ်နိုင် ကြောင်း သုံးသပ်သူများရှိနေပါသည်။

Winner take all လမ်းစဉ်သည် ဥပမာ -(က) မြို့၌ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း နှစ်ယောက် အနက် တယောက်မှာ ထောက်ခံမဲ ၅၁ ရာ ခိုင်နှုန်း တယောက်မှာမူ ထောက်ခံမဲ ၄၉ ရာခိုင်နှုန်း ရရှိပါက ၅၁ ရာခိုင်နှုန်း ရရှိ သည့်ပုဂ္ဂိုလ် က လုံးဝအောင်နိုင်ဖြစ်၏။ ၄၉ ရာခိုင်နှုန်း ရရှိသူ က လွှတ်တော်အတွင်း ရောက်ရှိလာနိုင်ခြင်း လုံးဝမရှိ တော့ပေ။

လက်မှတ်မရှိသော အလုပ်သမားတစ်ရာကျော် ချုံဖော်တွင် ထောင်ဒဏ် ချမှတ်ခံရ



ထိုင်းနိုင်ငံတောင်ပိုင်း၊ ချုံဖော်ဒေသရှိ ပါနန်းအရပ်တွင် တရားဝင် အလုပ်သ မား လက်မှတ်မရှိသော မြန်မာနိုင်ငံသားများကို ထိုင်းအာ ဏာပိုင်များဖမ်း ဆီးခဲ့ရာ အရွယ်ရောက်ပြီးသူ ၁၆၀ ဦးကျော် ဇူလိုင်လ ၁၀ ရက်နေ့တွင် ထောင်ဒဏ်ချမှတ်ခံရလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း စက်ရုံများသို့ဝင်ရောက်ဖမ်းဆီးရာတွင် အမျိုး သား ၅၃ ဦး၊ အမျိုးသမီး ၁၁၀ ဦးနှင့် အရွယ်မရောက်သေး သူ ကလေးအ လုပ်သမား ၃၂ ဦးတို့ အဖမ်းခံခဲ့ရသည်။

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီဝင်များနှင့်ရွှေနံ့သာလယ်သမားများငြိမ်းချမ်းစွာတန်းစီဆန္ဒပြမည်



ဇူလိုင်လ(၁၄)ရက်နေ့ကစတင်ပြီး(၁၈)ရက်နေ့အထိမတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီဝင်တွေနဲ့ရွှေနံ့သာလယ်သမားတို့ဟာမင်္ဂလာဒုံမြို့နယ်၊ထောက်ကြန့်တိုးချဲ့ရပ်ကွက်မှာရှိတဲ့မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီရုံးရှေ့ကနေမင်္ဂလာဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့ထိငြိမ်းချမ်းစွာစီတန်းဆန္ဒပြသွားဖို့စီစဉ်ထားတယ်လို့ဦးနေမျိုးဝေကရန်ကုန်မြို့မှာရှိတဲ့မီဒီယာများကိုပြောကြားခဲ့ပါတယ်..

ဦးသိန်းစိန်နှင့် ဟီလာရီကလင်တန် ပိတ်ဆို့မှု ရုပ်သိမ်းရေးဆွေးနွေးမည်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ အင်္ဂါနေ့ ဒီဇင်ဘာ ၁ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။


မဇ္ဈိမသတင်းဌာန ။ ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့ ကမ္ဘောဒီးယားနိုင်ငံ Siam Reap မြို့၌ သောကြာနေ့တွင် တွေ့ဆုံရန်ရှိပြီး အမေရိကန်၏ စီးပွါးရေးပိတ်ဆို့ အရေးယူမှု များ ဖြေလျှော့ပေးရေး အပါအဝင် အခြားကိစ္စရပ်များ ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန် အရာရှိတဦးက ကြာသပတေးနေ့တွင် ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံ Siem Reap တွင်ကျင်းပသည့် အာရှ အမေရိကန် စီးပွါးရေးလုပ်ငန်းများ အကြီးမားဆုံး စုဝေးမှု
ဖြစ်သည့် ညီလာခံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ရန်လာသည့် ခရီးစဉ်အတွင်း မြန်မာသမ္မတနှင့်
တွေ့ဆုံခြင်း ဖြစ်သည်။ တဆက်တည်းတွင် အမေရိကန် ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တရားဝင် လုပ်ကိုင်နိုင်ပြီဖြစ်ကြောင်းလည်း အမေရိကန်က ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။

မြန်မာ သမ္မတ ၏ ရိုဟင်ဂျာ လက်မခံ သည့် သတိပေး ချက် ကို ကုလ ဒုက္ခ အကြီး အကဲ ပယ် ချ

 



UN refugee chief rejects call to resettle Rohingya

YANGON, Myanmar -- The U.N. High Commissioner for Refugees on Thursday rejected a suggestion by Myanmar's president that the world body resettle or take care of ethnic Rohingyas who have settled in the Southeast Asian country.

UNHCR chief Antonio Guterres told reporters it was not his agency's job to resettle the Rohingya, who live in western Myanmar but without Myanmar citizenship.

On his website, President Thein Sein said he told Guterres in a meeting Wednesday that the solution to ethnic enmity in Myanmar's western Rakhine state was to either send the Rohingya to a third country or have the UNHCR look after them.

ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ ပြဿနာဖြစ်ခဲ့သော လူမျိုးနှစ်မျိုးအကြား အနာဂတ်တွင် ပြန်လည်ရင်ကြားစေ့နိုင်ရန် မျှော်မှန်းကြောင်း ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးပြောကြား




ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအပြီးတွင် ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာများအကြား အနာဂတ်တွင် ပြန်လည်ရင်ကြားစေ့နိုင်ရန် မျှော်မှန်းကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres က ဇူလိုင်လ ၁၂ ရက်နေ့တွင် ဆီဒိုးနားဟိုတယ်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်တွင် ပြောကြားသွားခဲ့သည်။

ကုလသမဂ္ဂ UN အဖွဲ့အစည်းများ၏ အကူအညီပေးမှုကို ရခိုင်တိုင်းရင်းသားများက သံသယရှိမှုကြောင့် အကူအညီများ လက်မခံဟု သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သတ်၍ Eleven Media ၏ မေးမြန်းချက်ကို "နှစ်ဘက်စလုံး စိတ်အေးအေးထားပြီး စစ်မှန်တဲ့ ပြန်လည်ရင်ကြားစေ့ရေး ပြုလုပ်နိုင်စေဖို့ မျှော်လင့်မိပါတယ်" ဟု ၄င်းက ဖြေကြားခဲ့သည်။

ဆူဇူကီး ခြေစစ်ပွဲစဉ်များ မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

 


  ၂၀၁၂ နိုဝင်ဘာလတွင် ကျင်းပမည့် ဆူဇူကီး ဖလားပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ခြေစစ်ပွဲဝင်ရမယ့် ကမ္ဘောဒီယား၊ ဘရုနိုင်း၊ လာအို၊ အရှေ့တီမောနှင့် မြန်မာအသင်းတို့ရဲ့ ခြေစစ်ပွဲစဉ်များကို မြန်မာအသင်းက အိမ်ရှင်အဖြစ် အောက်တိုဘာလအတွင်း ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ လက်ခံကျင်းပတော့မှာ ဖြစ်ပါတယ်။

အုပ်စုပတ်လည် ခြေစစ်ပွဲစဉ်တွေထဲက အသင်း ၂ သင်း တက်ရောက်မှာဖြစ်ပြီး မြန်မာအသင်းဟာ အဖွင့်ပွဲအဖြစ် ဘရူနိုင်း အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ခြေစစ် ပွဲစဉ်တွေကို အောက်တိုဘာ ၅ ရက်နေ့ကနေ ၁၃ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပြီး အုပ်စုဗိုလ်နဲ့ ဒုတိယ ရရှိသူက ဆူဇူကီး ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဟာ စစ်တွေမြို့က ဒုက္ခသည် စခန်းတွေကို မနေ့ က သွားရောက်




ရခိုင်ပြည်နယ်ကို ရောက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ
ဟာ စစ်တွေမြို့က ဒုက္ခသည် စခန်းတွေကို မနေ့ က သွားရောက်ပြီး အလှူငွေနဲ့ အသုံးအဆောင် ပစ္စည်းတွေ ပေးအပ်ခဲ့ကြပါတယ်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုဂျင်မီတို့ ဦးဆောင်တဲ့ ၈၈ မျိုးဆက်
ကျောင်းသားတွေဟာ ဒီကနေ့ နေ့လည်က စစ်တွေ မြို့မ ပရိယတ္တိ စာသင်တိုက် နဲ့ မင်းဝံ ဒုက္ခသည်စခန်း အပါအဝင် စခန်း ၆ ခုကို သွားရောက်ပြီး အလှူငွေ ၅ သိန်းစီ ပေးအပ် လှူဒါန်းခဲ့သလို ဒုက္ခသည် စခန်းတွေက မွေးကင်းစ ကလေးငယ် တွေရဲ့ မိခင်တွေကိုလည်း ကျပ် ၁ သောင်းစီ ပေးအပ်ခဲ့ပါတယ်။

NGOs ၃၁ ဖွဲ့၏ မြန်မာ လ.၀.က ဥပဒေပြင်ဆင်ဖို့ တောင်းဆိုသည်ကို တုန့်ပြန်ချက်

 နိုင်ငံရပ်ခြားမှာ ဆယ်စုနှစ် ၂ စုကျော်ကျော် နေထိုင်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးလှုပ်ရှားသူများအနေဖြင့် လူနည်းစု ပြဿနာကို အလေးအနက်ထားရှိပါသည်။ ပထမဆုံး ပြောလိုသည်မှာ မကြာခင်က ဖြစ်ပွားခဲ့သည့် ရခိုင်အရေး အခင်းကိစ္စသည် ၂ ဦး ၂ ဖက်မှ ရာဇ၀တ်မှု့ ကျူးလွန်ခဲ့ကြသည်သာဖြစ်ပြီး လူမျိုးရေး ၊ ဘာသာရေးအပေါ်မှာ အခြေမခံပါ။ ဥပဒေမဲ့မှု့၊ လာဒ်စားမှု့တို့ကို ကျင့်သုံးခဲ့သည့် နှစ်ပေါင်းများစွာ အုပ်ချုပ်လာသည့် စစ်အုပ်ချုပ်ရေးအပေါ်မှာသာ တာဝန်ရှိပါသည်။

"အမျှော်အမြင်ရှိတာလားဗျာ.......အံ့သြစရာ"





"အမျှော်အမြင်ရှိတာလားဗျာ.......အံ့သြစရာ"

By/ Pa Yit

မှတ်မိပါတယ်..
အခြေခံဥပဒေကိုပြင်မဲ့အတွက် ကျမ်းသစ္စာဆိုဖို့ကိစ္စနဲ့ ဒေါ်စုလွတ်တော်ထဲမ၀င်ပဲနဲ့နေတုန်းက..
လူတွေတော်တော်ဝေဘန်ကြတယ်၊
... အမျိုးမျိုးပဲ...
ကျွန်တော်တို့လဲအားမရခဲ့တာအမှန်ပါ...၊
သစ္စာပြုတဲ့ကိစ္စကအရမ်းအရေးကြီးလားပေါ့...

ပန်းတောင်းမြို့နယ် တောင်သူလယ်သမား အရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများသို့ အရေးပေါ် ထုတ်ပြန်ကြေငြာချက် ....


ပန်းတောင်းမြို့နယ် တောင်သူလယ်သမား အရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများသို့ အရေးပေါ် ထုတ်ပြန်ကြေငြာချက်

ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန် ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည် ဆိုလျှင် ပို့ပေးမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန် ပြောဆို..


ရိုဟင်ဂျာ ဘင်္ဂလီတွေနဲ့ ပတ်သက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း သဘောထားပြောပြီးပြီ၊ ၈၈ခေါင်းဆောင်တွေလည်း ပြောပြီးပြီ.. ကဲ အခုနောက်ဆုံး သမ္မတဦးသိန်းစိန် ကိုယ်တိုင် ရိုဟင်ဂျာအပေါ် သဘောထားကို ပြတ်ပြတ်သားသား ပြောလိုက်ပါပြီ..

သမ္မတဦးသိန်းစိန်မှ ရိုဟင်ဂျာအပေါ် သဘောထားနဲ့ အနာဂတ် ဘင်္ဂလီအရေးကို ဒီလို ပြောလိုက်ပါပြီ

နေပြည်တော် ဇူလိုင် ၁၁

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် သမ္မတအိမ်တော် သံတမန်ဧည့်ခန်းမ၌ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres နှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ကချင်ပြည်နယ် စစ်ဘေးသင့်ပြည်သူများ အရေးကိစ္စ၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအရေးကိစ္စနှင့် ရခိုင်ပြည်နယ်အရေးကိစ္စ များကို ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားချက်မှာ အောက်ပါအတိုင်း ဖြစ်သည်-

ဘုန်းနှင့် ကံနှင့် သဇင်နီ (၂) (ကဗျာရှင် နေရဲနီ)

ဇူလိုင် ၁၂ရက်နေ့က လွှတ်တော် အစည်းအဝေး တက်ရောက်လာတဲ့ ဘုန်းနှင့်ကံနှင့် သဇင်နီ အမေစု
ဘုန်းနှင့် ကံနှင့် သဇင်နီ (၂)
(ကဗျာရှင် နေရဲနီ)

ဘုန်းကံဟူသည်

ပိင်္ဂ္ဂုတ္တရလုလင်သည်
ဥဒုမ္ဗရ ဒေဝီ၏ ဘုန်းကံအရှိန်အဝါကို
မခံနိုင်သောကြောင့်
လမ်းခရီး၌ပင် စွန့်ခွာပစ်သွားခဲ့၏။
(မဟောသဓာဇာတ် ဘုန်းရှိဘုန်းမဲ့ ပြဿနာ)

ဂျာနယ်နှစ်စောင် ပိတ်သိမ်းခံရမည်ဟု သတိပေးခံရ

အပြီးတိုင် ထုတ်ဝေခွင့် ပိတ်သိမ်းမည်ဟု သတိပေးခံရသော ရန်ကုန်တိုင်းမ်နှင့် ဗီးနပ်စ်သတင်းဂျာနယ်
ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး လေဖြတ်ဝေဒနာခံစားရပြီး စင်ကာပူတွင် ဆေးကုသမှုခံယူဆိုသော သတင်းကို ပိတ်ပင်တားဆီးမှုများ ကြားမှ ထည့်သွင်းဖော်ပြခဲ့သည့် ရန်ကုန်တိုင်းမ်နှင့် ဗီးနပ်စ်သတင်းဂျာနယ် နှစ်စောင်ကို နောက်တကြိမ်ဆိုလျှင် အပြီးတိုင် ထုတ်ဝေခွင့် ပိတ်သိမ်းမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက သတိပေးလိုက်ကြောင်း သတင်းရရှိသည်။
ယခင်စစ်အစိုးရ၏ ဒုတိယခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ဇူလိုင်လ ၈ ရက်နေ့က လေဖြတ်ဝေဒနာခံစားရပြီး စင်ကာပူနိုင်ငံတွင် ဆေးဝါးကုသမှုခံယူရန် ထွက်ခွာသည်ဆိုသောသတင်းကို သတင်းဂျာနယ်များတွင် လုံးဝ ဖော်ပြခြင်းမပြုရန် စာပေစိစစ်ရေးဌာနက သတင်းဂျာနယ်များကို တရားဝင် တားမြစ်ခဲ့ကြောင်း၊ သို့ရာတွင်  ဇူလိုင် ၉ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်သတင်းဂျာနယ်နှင့် ဗီးနပ်စ်သတင်းဂျာနယ်များတွင် ယင်းသတင်းကို အကျယ်တ၀င့် ရေးသားဖော်ပြခဲ့သည့်အတွက် စာပေစိစစ်ရေးက ဂျာနယ်တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံပြီး သတိပေးလက်မှတ်ထိုးခိုင်းကြောင်း၊ နောက်တကြိမ် စာပေစိစစ်ရေးက ခွင့်ပြုမှုမရှိသော သတင်းများကို ထည့်သွင်းပါက ဂျာနယ်ထုတ်ဝေခွင့် လုံးဝ ရုပ်သိမ်းသွားမည်ဟု တရားဝင် အသိပေးပြောဆိုကြောင်း သိရှိရသည်။

မန္တလေးမြို့လယ်တွင် လောင်စာဆီဆိုင် မဖွင့်ရေး ကန့်ကွက်

မန္တလေးမြို့လယ်တွင် လောင်စာဆီဆိုင် ဖွင့်မည်ကို ကန့်ကွက်နေစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
သင်္ကြန်မိုး ရုပ်ရှင် ဇာတ်ကား ရိုက်ကူးခဲ့သော မန္တလေးမြို့လယ် ကြားပွဲတန်းရပ်ကွက်ရှိ မြေနေရာတွင် တရုတ်လုပ်ငန်းရှင် တဦးက ဂါလန် ၅ သောင်းဆံ့ ဆီကန်ဆောက်လုပ်၍ လောင်စာဆီ အရောင်းဆိုင် ဖွင့်လှစ်ရန် ပြင်ဆင်နေမှုအပေါ် ဒေသခံများက ကန့်ကွက်သည်ကို သက်ဆိုင်ရာက အရေးမယူသဖြင့် ယနေ့ စတင် ဆန္ဒပြနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့ ကြားပွဲတန်းရပ်ကွက် ၂၆ ဘီလမ်း၊ လမ်း ၉၀ နှင့် ၉၁ လမ်းကြားရှိ အလျား ပေ ၁၇၀၊ အနံ ပေ ၈၀ ရှိသော မြေကွက်လပ်ပေါ်တွင် ပိုင်ရှင် အမည်ပေါက် ဒေါ်နန်းလင်းထွန်းက ဆီလှောင်ကန်နှင့် လောင်စာဆီ အရောင်းဆိုင် ဆောက်လုပ်ခွင့် ရရှိကြောင်း ဇွန်လ ၃ ရက်နေ့ မန္တလေးနေ့စဉ်ထုတ် သတင်းစာတွင် ကြေညာချက် ပါရှိစဉ်ကတည်းက သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့ ဒေသခံများက ကန့်ကွက်စာများ ပေးပို့ခဲ့ကြောင်း သိရသည်။

ရခိုင်၌ ဖမ်းဆီးထားသည့် ကုလသမဂ္ဂ ၀န်ထမ်းများ ရုံးထုတ်


ရခိုင်ပြည်နယ် အဓိကရုဏ်း အခြေအနေများကို လာရောက်လေ့လာသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယာကို ဇွန်လ ၁၄ ရက်က စစ်တွေလေဆိပ်၌ တွေ့ရစဉ် (ဓာတ်ပုံ – Reuters)
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ဖမ်းဆီးထားသည့် ပြည်တွင်း အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ၀န်ထမ်းများ နှင့် ဘာသာရေး ခေါင်းဆောင်တချို့ကို ရုံးထုတ် စစ်ဆေးနေကြောင်း သိရသည်။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) မှ ၀န်ထမ်းနှစ်ဦး အပါအ၀င် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး  (UNHCR) ၀န်ထမ်းဖြစ်သူ ဒေါ်ချိုလေးမာခါတုန် တို့ကို ဇူလိုင်လ ၉ ရက်နေ့မှ စတင်၍ မောင်တော တရားရုံးတွင် ရုံးထုတ် စစ်ဆေး နေကြောင်း၊ ၎င်းတို့အား ပုဒ်မ(၁၅၃၊ ၁၄၇) ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု၊ ပုဒ်မ ၅၀၅(ခ) နိုင်ငံတော် အကြည်ညို ပျက်စေ မှုတို့ဖြင့် တရားစွဲဆို စစ်ဆေးနေကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။

သမဂ္ဂ မဖွဲ့နဲ့၊ အသင်းပဲဖွဲ့



မန္တလေးတက္တသိုလ် ပင်မဆောင်ကြီး (ဓာတ်ပုံ - မန်းသားလေး/ဧရာဝတီ)

အထက်မြန်မာပြည် တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းကို မန္တလေးမြို့ တက္ကသိုလ်သုံးခုမှ အင်အားစုများဖြင့် မကြာသေးမီက ဖွဲ့စည်းလိုက်သည်။

မှတ်ပုံတင်စဉ်က "သမဂ္ဂ" ဟူသော စကားလုံးကို လက်ခံခြင်း မရှိသဖြင့် အသင်း ဟု ပြောင်းလဲလိုက်ရသည်ဟု သိရသည်။

‘‘အလုပ်သမားဦးစီးဌာနမှာ မှတ်ပုံတင် လိုက်ပါပြီ။ ပြီးခဲ့တဲ့ အပတ်တွေတုန်းကတော့ ဒီအသင်းမဖွဲ့ဖို့ နောက်ကနေ ခြိမ်းခြောက်တာတွေ၊ ခြောက်လှန့်တာတွေ ရှိခဲ့ပါတယ်” ဟု မန္တလေး အဝေးသင်တက္ကသိုလ်၊ စိတ်ပညာဌာန တွဲဘက်ပါမောက္ခ ဦးသက်လွင်က ဧရာဝတီကို ပြောသည်။

အနားယူခြင်း




ကာတွန်း - ATH
facebook.com/cartoonistath

မြန်မာ မီဒီယာ ဘာလဲ ဘယ်လဲ ဆွေးနွေးပွဲ



ယနေ့ မီဒီယာအကြောင်းဆွေးနွေးပွ္ပဲမှာ ဦးဆောင်ဆွေးနွေးသူများ၊ ချင်းမိုင်း တက္ကသိုလ်၊ ဓာတ်ပုံများ- ဧရာဝတီ

ဒီကနေ့ ချင်းမိုင်းတက္ကသိုလ်ထဲက Social Research Center မှာ လုပ်တဲ့ Burma Now: Accessing The Reforms, Part 3, Evolving Media Landscapes အမည်ရ ဆွေနွေးပွဲမှာ အဓိက ဆွေးနွေးသူများက မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ မီဒီယာရဲ့ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသွားကြပါတယ်။

Thursday, July 12, 2012

ပြည်သူ့လွှတ်တော်တက်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော် ဆဌမနေ့အပြီး သတင်းမီဒီယာ မေးမြန်းပြောကြားချက်(ရုပ်သံ)


ဒု ဗိုလ်ချုပ်ကြီး ဝေလွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြစ်လာမလား


ဇူလိုင်လ ၁၀ ရက်နေ့တွင် လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာကြသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဧရာဝတီ)
ရန်ကုန်တိုင်း ဒေသကြီး၏ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် မကြာမီက ပြောင်းလဲခန့်အပ်ခဲ့သည့် စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်အား လစ်လပ်တော့မည့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် နေရာတွင်ခန့်အပ်ရန် လျာထားကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။
ယနေ့ထုတ် အစိုးရ သတင်းစာများတွင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၃ အရ ရန်ကုန်တိုင်း ဒေသကြီး တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီး လင်းလင်းကျော်၏ နေရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် နှင့် အစားထိုးကြောင်း ဖော်ပြထားသည်။

သစ္စာ​စောင့်​သိသည့်​ အတိုက်ခံအဖွဲ့​မျိုး​ အမြင်ဖြင့်​ လုပ်​ဆောင်မည်

ဒီမိုက​ရေစီနည်း​အရ အတိုက်အခံအဖွဲ့​အစည်း​ဆိုတာ ရှိရမှာဖြစ်ပြီး​ နိုင်ငံ​တော်အ​ပေါ်မှာ သစ္စာ​စောင့်​သိတဲ့​ အတိုက်အခံအဖွဲ့​မျိုး​ အမြင်နဲ့​ လုပ်​ဆောင်သွား​မယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောပါတယ်။

ဒီ​နေ့​ကျင်း​ပတဲ့​ ပြည်သူ့​လွှတ်​တော် ဆဌမ​နေ့​အစည်း​အ​ဝေး​ ​နေ့​လယ်ပိုင်း​ နား​ချိန်မှာ----
သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကိုနှိပ်ပါ

နိုင်ငံ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ် မပါဝင်တော့ကြောင်း သမ္မတ ဦးသိန်းစိန် ပြောကြား

မြန်မာနိုင်ငံမှာ အနှစ် ၅၀ တိုင်တိုင် စစ်တပ်က အာဏာရှင်မူဝါဒ ကျင့်သုံးအုပ်ချုပ်ခဲ့ပေမဲ့ ဒီမိုကရေစီစနစ် ခိုင်မာ အားကောင်းအောင် ရှေ့ဆက် တိုးသွားနေတာနဲ့ အမျှ အခုဆိုရင် နိုင်ငံ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ် မပါဝင်တော့တဲ့ အကြောင်း သမ္မတ ဦးသိန်းစိန်က ---
သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကိုနှိပ်ပါ


ဝန်ထမ်းများ၏အလွဲသုံးစားမှုမှ တောင်သူလယ်သမားများ၏အခက်အခဲ

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ ပင်ကောက်မြို့ နယ်မှာရှိကြသော တောင်သူလယ်သမား များအနေဖြင့် လယ်ယာမြေများစိုက်ပျိုးချိန်ပြီးဆုံးသည်အထိ နိုင်ငံတော်၏စိုက်ပျိုးစရိတ်ထုတ်ချေးငွေ မရရှိသဖြင့် အတိုးနှုန်းထားများဖြင့်ချေးယူစိုက်ပျိုးနေရသဖြင့် အခက်အခဲများစွာဖြင့်ကြုံတွေ့ နေရ ပါသည်။

တောင်သူလယ်သမားများအနေဖြင့် ခေတ်အစဉ်ဆက်ကပင် နိုင်ငံတော်၏ အစီအစဉ်ဖြင့် ချေးပေးသော မိုးကြို  ၊ ဆောင်ကြိုချေးငွေများကို အားကိုးအားထားပြုပြီးစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင် ကြရပါသည်။

အကျင့်ဆိုး ၊ စရိုက်ဆိုးနဲ့ အုပ်ချုပ်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို အရေးယူပေးစေလို

ပဲံခူးတိုင်းအနောက်ပိုင်း ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် ၊ တူးကံကျေးရွာအုပ်စုမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်
လျက်ရှိတဲ့ သန်းလွင် ဟာ ရယကဥက္တဌ အဖြစ်ကနေ မြို့နယ်က တာဝန်ရှိသူတွေကို ငွေကျပ်(၁)သိန်းပေးပြီး ကျေးရွာအုပ်ချုပ်ရေးမှူး
အဖြစ်ဆက်လက်တာဝန် ထမ်းဆောင်နေသူဖြစ်ပါသည်။

ရပ်ရွာအကြောင်းများတွင် အရာရာကို ငွေကြေးတောင်းခံရယူနေသူဖြစ် ပါသည်။ ကျေးရွာတွင် သေးငယ်သောအမှုအခင်းများဖြစ်ပွားပါကရဲများခေါ်
လာပြီးဒဏ်ငွေ(၅၀၀၀၀)ကျပ် ဒဏ်ရိုက်ပြီး ရဲနှင့်ဝေစားမျှစားပြုနေပါသည်။

အိုလံပစ်အားကစားပွဲကြောင့် နှစ်နိုင်ငံချစ်ကြည်ရေး တိုးတက်မြင့်မားနိုင်ဟု အား/ကာညွှန်မှူးပြောကြား

၂၀၁၂ခုနှစ်၊ ဇူလိုင်(၂၇)ရက်နေ့တွင် စတင်တော့မည့် အိုလံပစ်အားကစားပွဲကိုအခြေခံ၍ နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုတိုးတက်မြင့်မားလာမည်ဟု မျှော်လင့်ကြောင်း “Road to London”  အိုလံပစ် အထိမ်းအမှတ်ပွဲတွင် အား ကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။

“လန်ဒန်မှာကျင်းပမည့် အိုလံပစ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တာကြောင့် အိုလံပစ်အားကစားပွဲကို အခြေခံပြီး အရင်က ရှိထားတဲ့ ဗြိတိန်နိုင်ငံသူနိုင်ငံသားတွေနဲ့ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်လေးစားမှုတို့ကိုလည်း ပိုမိုတိုးတက် မြင့်မားလာမယ်လို့မျှော်လင့်ပါတယ်” ဟု အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်က ပြောကြားခဲ့သည်။

My Blog List