မကြာမီ ဈေးကွက်ထဲ ဖြန့်ချီတော့မယ့် မိုဘိုင်းဖုန်းတွေကို
ကျပ်ငွေ တစ်သိန်းနှုန်းနဲ့ရောင်းချဖို့ စီစဉ်ထားပေမယ့် အစိုးရအဖွဲ့ရဲ့
ခွင့်ပြု ချက် ကို ယနေ့အချိန်ထိ ရရှိခြင်းမရှိသေးဘူးလို့ RFA က စုံစမ်း သိရပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ အသုံးပြုနေတဲ့ ဂျီအက်စ်အမ်၊ စီဒီအမ်အေ စတဲ့ မိုဘိုင်းဖုန်းတွေကိုထက်ဝက်ဈေးနဲ့ ဈေးကွက်ထဲ ဖြန့်ချီဖို့ မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းက အစိုးရအဖွဲ့ထံ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းက တင်ပြခဲ့တာပါ။