Saturday, April 19, 2014

ဧ၀ရတ် တောင်နှင်းထုပြို လူတစ်ရာခန့် ပိတ်မိ


ဧဝရတ်တောင်မှာ နှင်းထုပြိုကျမှုတွေ ဆက်တိုက်ဖြစ်ပွါးနေတာမို့ တောင်တက်သမား တရာလောက် လမ်းမှာပိတ်မိနေကြသလို  သောကြာနေ့ အစောပိုင်း ပြိုမှုကြောင့်သေဆုံးရတဲ့  ဒေသခံ Sherpa လမ်းပြ က  ၁၂ ဦးထက်မနည်း ရှိနေပါတယ်။
 

တိမ်းမှောက် သွားတဲ့ တောင်ကိုရီးယား သင်္ဘော ကပ္ပတိန်ကို ဖမ်းဆီး


တောင်ကိုရီးယားနိုင်ငံမှာ နစ်မြုပ်သွားတဲ့ ခရီးသည်တင် ကူးတို့သင်္ဘောက သင်္ဘောကပ္ပတိန် နဲ့ သင်္ဘော သား ၂ ဦးကို တောင်ကိုရီးယားရဲတပ်ဖွဲ့က တရားဝင်ဖမ်းဆီးလိုက်ပါတယ်။ 
 

အီတလီ ဂုဏ်ထူးဆောင်မြို့တော်သူ ဆု စုစုနွေး လက်ခံ



ရခိုင်မှာဖွင့်မည့် INGO ရုံးလုံခြုံရေး နယ်မြေကန့်သတ် တာဝန်ယူဖို့ ပြင်ဆင်


ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့လက ဖြစ်ခဲ့တဲ့ အကြမ်းဖက် မှုတွေကြောင့် ပိတ်ထားခံခဲ့ရတဲ့ နိုင်ငံ တကာ NGO ရုံးတွေ မကြာခင် ပြန်ဖွင့်နိုင်တော့မယ်လို့ လွှတ်တော် အမတ်တွေနဲ့ ဒေသခံတွေက ပြောပါ တယ်။ ပြည်နယ်အစိုးရက လုံခြုံရေး တာဝန် ယူပေးတဲ့ နေရာမှာ ဒီ INGO ရုံးတွေကို ပြန်ဖွင့်နိုင်ဖို့ စီစဉ်နေ တာဖြစ်ပေမယ့် အစိုးရက တာဝန်ယူမပေးတဲ့နေရာတွေမှာတော့ လုံခြုံရေးအရ အခက်အခဲရှိနိုင်တယ်လို့ ဆိုပါတယ်။ လောလောဆယ် အခြေအနေတွေ တည်ငြိမ်နေတယ်ဆိုပေမဲ့ အရေးပေါ်အမိန့်ကိုတော့ ရုပ်သိမ်းခြင်း မရှိသေးပါဘူး။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က ပြောပြပေးထားပါတယ်။

ရိုဟင်ဂျာလူမျိုးဟု မထည့်၍ သန်းခေါင်စာရင်း အကောက်မခံခဲ့သည့် ဘင်္ဂါလီ အချို့ လက်ရှိတွင် ဘင်္ဂါလီအမည်ဖြင့် လာရောက်အကောက်ခံမှုများ ရှိနေ


ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသည့် ကာလအတွင်း ရိုဟင်ဂျာလူမျိုးဟု မထည့်သည့်အတွက် သန်းခေါင်စာရင်း အကောက်မခံခဲ့သည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများထဲမှ အချို့က လက်ရှိတွင် ဘင်္ဂါလီအမည်ဖြင့် သန်းခေါင်စာရင်း လာရောက်အကောက်ခံ မှုများ ရှိနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သိရသည်။

Grand Royal ၏ လုပ်ရပ်ကြောင့် ရန်ကုန်သင်္ကြန် နာမည်ပျက်ရဟု နယ်လုံဝန်ကြီးပြော

သင်္ကြန်အကြိုနေ့က Grand Royal မဏ္ဍပ်၏ အရက်ကြော်ငြာရှိုးပွဲတွင် ထိုင်းအကအဖွဲ့၏ ဝတ်စား ဆင်ယင်မှုနှင့် ဖျော်ဖြေမှုသည် မြန်မာရိုးရာနှင့် ဆန့်ကျင်သောကြောင့် ရန်ကုန်သင်္ကြန် နာမည်ပျက်ခဲ့ ရသည်ဟု ရန်ကုန်တိုင်း နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဧပြီ ၁၉ တွင် မီဒီယာ များကို ပြောခဲ့သည်။

အခြေခံပညာအဆင့် အောင်စာရင်းများ ထုတ်ပြန်၊ အဋ္ဌမတန်းနှင့် န၀မ တန်းတွင် တစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်း ၉၀ ကျော်ရှိ


၂၀၁၃-၁၄ ပညာသင်နှစ် အခြေခံပညာအဆင့် အောင်စာရင်းများအား ၂၀၁၄ ခုနှစ် ဧပြီ ၁၈ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ သက်ဆိုင်ရာ ကျောင်းများအလိုက် အသီးသီးထုတ်ပြန် ကြေညာခဲ့ ကြသည်။

နီုင်ကျဉ်း ရေကစားမဏ္ဍပ်တွင် လာရောက်ဖျော်ဖြေသည့် သံချပ်အဖွဲ့များမှ ပြည်သူ့အသံအချို့ကို လွှတ်တော်သို့ တင်ပြသွားမည်


နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ရေကစားမဏ္ဍပ်တွင် လာရောက်ဖျော်ဖြေသည့် သံချပ်အဖွဲ့ များမှ ပြည်သူများ၏ ကိုယ်စားပြု အသံအချို့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက လွှတ်တော်အထိ တင်ပြသွားရန်ရှိကြောင်း သိရသည်။

သင်္ကြန်ကာလတွင် နိုင်ငံတစ်ဝန်း လူသတ်မှု ၃၃ မှု၊ မုဒိမ်းမှု ၁၃ မှုနှင့် ယာဉ်တိုက်မှု ၃၃၃ မှုအပါအ၀င် အမှုပေါင်း ၈၃၆ မှု ဖြစ်ပွားပြီး ၉၁ ဦး သေဆုံး


သင်္ကြန်ကာလအတွင်း ပြည်တွင်း၌ လူသတ်မှု ၃၃ မှု၊ မုဒိမ်းမှု ၁၃ မှု၊ ယာဉ်တိုက် မှု ၃၃၃ မှု အပါအ၀င် စုစုပေါင်း ၈၃၆ မှု ဖြစ်ပွားခဲ့ပြီး ၉၁ ဦး သေဆုံးကာ ၇၅၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှုခင်းဌာနမှ တာဝန်ရှိသူ ဒုတိယ ရဲမှူးကြီး ၀င်းစိန်က ဧပြီလ ၁၈ ရက် နံနက် ပိုင်းက ပြောကြား သည်။

မြန်မာနိုင်ငံအတွက် ၂၀၁၄ သည် အရေးပါသောနှစ်ဖြစ်ပြီး စိုးရိမ်မကင်းသည့် ပြဿနာရပ်များအပေါ် ဖြေရှင်းရာတွင် တိုးတက်မှုရှိရေး အရေးကြီးကြောင်း ဗြိတိန်တိုက်တွန်း


၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် ကျင်းပရန် စီစဉ်ထားသည် ရွေးကောက်ပွဲမတိုင်မီ လုပ်ဆောင်ရ မည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် ၂၀၁၄ ခုနှစ်သည် အရေးပါသော နှစ်တစ်နှစ်ဖြစ်ပြီး စိုးရိမ်မကင်း ဖြစ်နေသည့် ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး တိုးတက်မှုရရှိရေး လုပ်ဆောင်ရန် အသက်တမျှ အရေးကြီးကြောင်း ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး၏ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာအရ သိရသည်။

Friday, April 18, 2014

စစ်တွေ အဓိကရုဏ်းအတွင်း ကျပ်သိန်းပေါင်း ၄၃၀၀ ကျော်နှင့် ကန်ဒေါ်လာ လေးသိန်းကျော်ဖိုး ဆုံးရှုံးခဲ့


သာသနာ့အလံအား မဖွယ်မရာ ပြုသည်ဟူသည့် အကြောင်းပြချက် မှတစ်ဆင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း NGO ၁၈ ဖွဲ့၏ ရုံး၊ နေအိမ်နှင့် သိုလှောင်ရုံများ ဖျက်ဆီးခံခဲ့ရမှုတွင် ကာလတန်ဖိုး ခန့်မှန်းခြေ ကျပ်သိန်းပေါင်း ၄၃၀၀ ကျော်နှင့် အမေရိကန်ဒေါ်လာ လေးသိန်းကျော် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း အဆိုပါ အဓိကရုဏ်း စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

သင်္ကြန်ကာလအတွင်း ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ မဖြစ်စေရန် "နှုတ်ကိုစောင့်စည်းရန် ပန်းစကား" လှုပ်ရှားမှုပြုလုပ်


နှစ်သစ်ကူး မဟာသင်္ကြန် ကာလအတွင်း မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ မဖြစ်စေရန် "နှုတ်ကိုစောင့်စည်း ရန်အတွက် ပန်းစကား" လှုပ်ရှားမှုတစ်ရပ်ကို ဘာသာပေါင်းစုံပါဝင်သည့် ပန်းစကား လူငယ်အဖွဲ့အစည်း တစ်ခုက ပြုလုပ်ခဲ့သည်။

ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးရပ်ဆိုင်းရေးအတွက် လမ်းလျှောက်ဆန္ဒထုတ်ဖော် သည့်အဖွဲ့ နှစ်ဆန်း ၁ ရက်နေ့တွင် မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာ


သင်္ကြန်ကာလများတွင် ဆေးကုသမှု ခံယူရန်အတွက် ခေတ္တရပ်နားနေသော မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရန်အတွက် လမ်းလျှောက်ဆန္ဒဖော်ထုတ်သည့် အဖွဲ့သည် နှစ်ဆန်းတစ်ရက်နေ့ တွင် မြင်းခြံမြို့မှ မန္တလေးသို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။

မပြေလည်မှုများကြားမှ အလှူဒါန ပြုလုပ်သူများဖြင့် မြန်မာနှစ်ဆန်း ၁ ရက်တွင် အစဉ်အလာမပျက် စည်ကား



ကချင်ပြည်နယ်၌ ဆက်တိုက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ပြေး ဒုက္ခသည် အရေအတွက် တစ်သောင်းကျော်အထိ ရောက်ရှိလာ


ကချင်ပြည်နယ်အတွင်း ဆက်တိုက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ပြေးဒုက္ခသည် အရေအတွက်မှာ တစ်သောင်းကျော်အထိ ရှိလာကြောင်း စစ်ပြေးဒုက္ခသည်များကို အကူ အညီပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

သင်္ကြန်မဏ္ဍပ်များအား နှစ်ဆန်း ၂ ရက်တွင် အပြီးဖျက်သိမ်းရမည်ဖြစ်ပြီး နောက်ကျပါက တစ်ရက်လျှင် ဒဏ်ငွေကျပ်သုံးသိန်း ပေးဆောင်ရမည်ဟု ထုတ်ပြန်ထား


ရန်ကုန်မြို့ရှိ သင်္ကြန်မဏ္ဍပ်များအား နှစ်ဆန်းနှစ်ရက်နေ့တွင် အပြီးဖျက်သိမ်းပေးရမည်ဖြစ်ပြီး ဖျက်သိမ်း မှုနောက်ကျပါက တစ်ရက်လျှင် ဒဏ်ငွေကျပ်သုံးသိန်း ပေးဆောင်ရမည်ဟု သင်္ကြန်မဏ္ဍပ်များ နေရာ ချထားပေးရေး ကော်မတီက ထုတ်ပြန်ထားသည်။

ရေပက်ကစားသူများခြင်းနှင့် စပွန်ဆာရရှိ၍ ယခုနှစ် ရန်ကုန်မြို့ သင်္ကြန်မဏ္ဍပ် အများစု အမြတ်ရ


ရေပက်ကစားသူဦးရေများခြင်းနှင့် စပွန်ဆာ အခက်အခဲမရှိ ရရှိခဲ့ခြင်းတို့ကြောင့် ယခုနှစ်ရန်ကုန်မြို့ သင်္ကြန် မဏ္ဍပ် အများစု အမြတ်ရခဲ့ကြောင်း မဏ္ဍပ်ဆောက်လုပ်သူများထံမှ သိရသည်။

ပညာရေးဖိနှိပ်မှုများနှင့် ၂၀၀၈ ဖွဲ့စည်းပုံတို့ကို သရော်ခဲ့သည့် ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ ရန်ကုန်မြို့ အနှံ့တွင် ဖျော်ဖြေ


ကျောင်းသားများနှင့် ပတ်သက်၍ ပညာရေးဆိုင်ရာ ဖိနှိပ်မှုများနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံတို့ကို သရော်ခဲ့ သည့် ဒေါင်းတို့မျိုး ဆက်သံချပ်အဖွဲ့က သင်္ကြန်တွင်း ရန်ကုန်မြို့ရှိ မြို့နယ်အများစု တွင် ဖျော်ဖြေ မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၁၉ အာရှအားကစားပွဲ ဗီယက်နမ် လက်ခံကျင်းပမည်မဟုတ်


ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ ၂၀၁၉ ခုနှစ် အာရှအားကစားပွဲစဉ်တွေကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးဖို့ အစီအစဉ်ကို ငွေကြေး အခက်အခဲကြောင့် ပြန်ပြီး ရုတ်သိမ်းလိုက်ကြောင်း ဗီယက်နမ် အစိုးရက ပြောပါတယ်။ ကြာသပတေးနေ့မှာ အစိုးရရုံး ဝက်ဘ်ဆိုက် စာမျက်နှာမှာ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Tan Dung က အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။

အမေရိကန် ကူးသန်း ဝန်ဆောင်ရုံး ရန်ကုန်မှာ ဖွင့်မည်


အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ နိုင်ငံတကာကုန်သွယ်မှု စီမံခန့်ခွဲရေးရုံးကို မြန်မာနိုင်ငံမှာ ပထမဆုံး ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ Johns Hopkins တက္ကသိုလ်က SAIS (SAIS (Paul H. Nitze School of Advanced International Studies ) သုတေသနဌာနမှာ ကြာသပတေးနေ့ က ပြုလုပ်တဲ့ “အာရှပစိဖိတ်ဒေသ အမေရိကန် အနာဂါတ် စီးပွါးရေး ဆိုင်ရာ ဟောပြောပွဲ” မှာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Penny Pritzker က အခုလိုပြောကြားလိုက်တာ ဖြစ်ပြီး ဇွန်လထဲမှာ သူကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ အပြည့်အစုံ ကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

Thursday, April 17, 2014

"တောင်ကိုရီးယား ကူးတို့သင်္ဘောနစ်မြုပ်မှု သေဆုံး ၁၈ ဦးရှိပြီဟု အတည်ပြု"





ပြည်ထောင်စု လွှတ်တော်နာယကသူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း




‘‘နောက်ကျောဓားနဲ့ မထိုးပါဘူး။ ဦးလွန်းမောင်နဲ့ ကိုယ်နဲ့ဟာ တစ်တပ်တည်းမှာနေခဲ့တယ်။ ကိုယ်က တပ်မှူး၊ သူက ဒုတပ်မှူး ကိုယ်တို့နှစ်ယောက်ရဲ့ချစ်ခင်မှု၊ ရင်းနှီးမှု၊ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားမှုကို ကိုလွန်းမောင် သိပါတယ်။’’ 

မြန်မာနှစ်ဆန်းတစ်ရက်နေ့ အများပြည်သူ ကောင်းမှုကုသိုလ်ယူကြ





ဦးဝင်းတင် ကျန်းမာရေး အထူးကုတွေ ကြပ်မတ်ကုသနေ




NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယကအဖွဲ့ဝင်လည်းဖြစ်၊ ၀ါရင့် သတင်းစာ ဆရာကြီးလည်းဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေဟာ မမျှော်လင့်ပဲ ရုတ်တရက် ဆိုးရွားလာတာကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ အထူးကု ဆရာဝန်ကြီးတွေက အနီးကပ် ကြည့်ရှု စောင့်ကြပ်နေတယ်လို့ ဦးဝင်းတင်ကို ဆေးရုံမှာ သွားရောက် ကြည့်ရှုနေတဲ့ NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးက ပြောပါတယ်။

Phuketwan သတင်းသမား ၂ ဦး ထိုင်းတရားစွဲ



မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို လူမှောင်ခိုကူးမှုမှာ ထိုင်းစစ်တပ် ပါဝင်နေတယ်လို့ စွပ်စွဲထားတဲ့ သတင်းကို ထုတ်ပြန်ခဲ့မှုနဲ့ သတင်းထောက် ၂ ယောက်ကို ထိုင်းတရားရုံးတခုက အသရေဖျက်မှုနဲ့ စွဲချက်တင်လိုက်ပါတယ်၊ Phuketwan အွန်လိုင်းသတင်းဌာနရဲ့ Australia လူမျိုး အယ်ဒီတာ Alan Morison နဲ့ ထိုင်းသတင်းထောက် Chutima Sidasathian တို့ကို ထိုင်းနိုင်ငံ ကွန်ပျူတာ ရာဇဝတ်မှု ဥပဒေနဲ့လည်း စွဲချက်တင်ခဲ့ပါတယ်။

ရခိုင် ပဋိပက္ခ ရေးသားသည့် Reuter သတင်းထောက်များ ပူလစ်ဇာဆုရ


ရခိုင်ပြည်နယ်ပဋိပက္ခတွေနဲ့ ရိုဟင်ဂျာ ( ဘင်္ဂါလီ) မွတ်စလင် လူနည်းစုတွေအကြောင်း သတင်း ရေးသား တင်ပြခဲ့တဲ့ Reuter သတင်းဌာနမှ Jason Szep နဲ့ Andrew R.C. Marshall တို့နှစ်ဦးကို ၂၀၁၄ ခုနှစ် အတွက် ပူလစ်ဇာဆု ချီးမြှင့် လိုက်ပါတယ်။

ဗြိတိန်တော်ဝင် မင်းသား မိသာစု သြစီကို အလည်အပတ် ရောက်ရှိ


ဗြိတိန်နိုင်ငံက ​တော်ဝင် ​မင်းသား ​ဝီလီယံနဲ့ ​မိသားစုဝင်တွေ ​သြစတြေးလျနိုင်ငံ ​ဆစ်ဒနီမြို့ရဲ့ ​ဒုတိယနေ့မြောက် ​ခရီးစဉ်အတွင်း ​တောမီးလောင်မှု ​ဒဏ်ခံခဲ့ရတဲ့ ​Blue ​Mountains ​ဒေသကို ​သွားရောက်လေ့လာမှာ ​ဖြစ်ပါတယ်။

ရုရှား ရန်ကို ကာကွယ်ဖို့ နေတိုးတပ်ဖွဲ့ တိုးချဲ့ ချထားမယ်လို့ဆို


ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ​ရုရှားရဲ့ ​ရန်ကို ​ကာကွယ်နိုင်ဖို့အတွက် ​အရှေ့ဥရောပ ​နယ်စပ်တလျှောက် မှာ ​စစ်အင်အားပိုမို တိုးချဲ့ချထားမယ်လို့ ​​မြောက်အတ္တလန္တိတ်စစ်စာချုပ် ​နေတိုးအဖွဲ့ကပြောကြား လိုက်ပါတယ်။

ဒီမိုကရေစီအတွက် အရေးကြီးချိန် ရောက်ပြီလို့ ဒေါ်စုပြော


အမျိုးသားဒီမိုကရေစီ​အဖွဲ့ချုပ်ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်က ​မြန်မာနိုင်ငံနိုင်ငံဟာ ​ဒီမိုကရေ စီ ​ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ​အခက်ခဲဆုံး​အချိန် ကြုံတွေ့နေတဲ့အတွက် ​နိုင်ငံတကာ အနေနဲ့ ​ထောက် ခံအားပေးမှုတွေလုပ်ဖို့ ​လိုကြောင်း ​ပြောသွားခဲ့ပါတယ်။

လူ ၄၅၉ ဦး လိုက်ပါသော တောင်ကိုရီးယား ကူးတို့သင်္ဘော နစ်မြုပ်ရာ လေးဦးသေဆုံးပြီး ၃၀၀ နီးပါးပျောက်ဆုံးနေ



မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းသည် ခက်ခဲသောအဆင့်တွင် ရောက်နေကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်း သည် ခက်ခဲသော အဆင့်တွင်ရောက်နေကြောင်းပြင်သစ်နိုင်ငံသို့ရောက်ရှိစဉ် ဂျာနယ်လစ်များအား ဧပြီ ၁၅ ရက်က ပြောကြားသည်။

နိုင်ဂျီးရီးယား ကျောင်းသူ တစ်ရာကျော် ဖမ်းဆီးခံရ


နိုင်ဂျီးရီးယား ​နိုင်ငံ ​အရှေ့မြောက်ပိုင်းက ​မိန်းကလေးဘော်ဒါဆောင်တခုကို ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေ က ​၀င်ရောက်စီးနှင်းခဲ့ပြီး ​ကျောင်းသူ ​တစ်ရာကျော်ကို ​ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

My Blog List