Thursday, January 23, 2020

ဒီမိုကရေစီဆိုသည်မှာ မတည့်အတူနေ မူဝါဒတစ်ခုဖြစ်သည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း အဓိပ္ပါယ်ဖွင့်ဆို


Image may contain: 4 people
ဒီမိုကရေစီစနစ်နှင့်ပတ်သက်၍ အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုနေလျက်ရှိသော်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သည် မတည့်အတူနေသည့်စနစ်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
ယနေ့ နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ သတင်းမီဒီယာများက မေးမြန်းရာတွင် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဒီမိုကရေစီကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြတယ်။ ကျွန်တော်ယုံကြည်တဲ့ လက်တွေ့ကျတဲ့အရာတစ်ခုက စာရေးဆရာတစ်ယောက်ကပြောတယ်။ ဒီမိုကရေစီဆိုတာ မတည့်အတူနေ မူဝါဒပဲ ဥပမာတစ်ခု ကျွန်တော် ပြောမယ်။ ကျွန်တော်တို့နဲ့ ခင်ဗျားတို့ ဘယ်တုန်းက အခုလို မျက်နှာခြင်းဆိုင်ထိုင်ပြီးတော့ လုပ်ဘူးလို့လည်း ဒီမိုကရေစီလေ ခင်ဗျားတို့နဲ့ ကျွန်တော်တို့ မတည့်လည်း မျက်နာခြင်းဆိုင်ထိုင်ပြီးေတာ့ ပြောနေတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ တပ်မတော်အား အမျိုးမျိုးဝေဖန်ပြောဆိုမှုများရှိသော်လည်း ဒီမိုကရေစီ စနစ်အား အမှန်တကယ်လိုချင်ပါက မတည်အတူနေသည့်စနစ်အား အမှန်တကယ်လက်ခံရမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

“ဒီမိုကေရစီကိုလိုလားတယ္ဆိုရင် မတည့်အတူနေမူဝါဒကို လက်ခံထားရမယ်။ ညှိနှိုင်းနိုင်ရမယ်၊ အချိန်အတိုင်း အတာတစ်ခုအထိ ဘောင်ထဲကနေဆွေးနွေးနိုင်ရမယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

နိုင်ငံတကာတွင် အသွင်ကူးပြောင်းမူကာလသည် ဆယ်စုနှစ်အထိ ကြာမြင့်နိုင်ပြီး ယင်းသို့ကာလတွင် အခက် အခဲအများစုသည် ပေါ်ပေါက်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထပ်လောင်းကာ ပြောဆိုခဲ့သည်။

Photo - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

(Unicode)
ဒီမိုကရေစီဆိုသည်မှာ မတည့်အတူနေ မူဝါဒတစ်ခုဖြစ်သည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း အဓိပ္ပါယ်ဖွင့်ဆို


ဒီမိုကရေစီစနစ်နှင့်ပတ်သက်၍ အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုနေလျက်ရှိသော်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် သည် မတည့်အတူနေသည့်စနစ်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ သတင်းမီဒီယာများက မေးမြန်းရာတွင် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဒီမိုကရေစီကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြတယ်။ ကျွန်တော်ယုံကြည်တဲ့ လက်တွေ့ကျတဲ့အရာတစ်ခုက စာရေးဆရာတစ်ယောက်ကပြောတယ်။ ဒီမိုကရေစီဆိုတာ မတည့်အတူနေ မူဝါဒပဲ ဥပမာတစ်ခု ကျွန်တော် ပြောမယ်။ ကျွန်တော်တို့နဲ့ ခင်ဗျားတို့ ဘယ်တုန်းက အခုလို မျက်နှာခြင်းဆိုင်ထိုင်ပြီးတော့ လုပ်ဘူးလို့လည်း ဒီမိုကရေစီလေ ခင်ဗျားတို့နဲ့ ကျွန်တော်တို့ မတည့်လည်း မျက်နာခြင်းဆိုင်ထိုင်ပြီးတော့ ပွောနတေယျ” ဟု ဗိုလျမှူးခြုပျဇောျမငျးထှနျးက ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ တပ်မတော်အား အမျိုးမျိုးဝေဖန်ပြောဆိုမှုများရှိသော်လည်း ဒီမိုကရေစီ စနစ်အား အမှန်တကယ်လိုချင်ပါက မတည်အတူနေသည့်စနစ်အား အမှန်တကယ်လက်ခံရမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

“ဒီမိုကရေစီကိုလိုလားတယ်ဆိုရင် မတည့်အတူနေမူဝါဒကို လက်ခံထားရမယ်။ ညှိနှိုင်းနိုင်ရမယ်၊ အချိန်အတိုင်း အတာတစ်ခုအထိ ဘောင်ထဲကနေဆွေးနွေးနိုင်ရမယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

နိုင်ငံတကာတွင် အသွင်ကူးပြောင်းမူကာလသည် ဆယ်စုနှစ်အထိ ကြာမြင့်နိုင်ပြီး ယင်းသို့ကာလတွင် အခက် အခဲအများစုသည် ပေါ်ပေါက်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထပ်လောင်းကာ ပြောဆိုခဲ့သည်။

Photo - တပ်မတော်ကာကွယ်ရေးဦးစီးချုပ
#PeopleMedia #Political

No comments:

Post a Comment

My Blog List