Wednesday, January 22, 2020

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အား သတ်ဖြတ်နိုင်သူ မည်သူမဆို ဆုကြေး ဒေါ်လာ သုံးသန်းပေးမည်ဟု အီရန်အမတ်တစ်ဦး ပြောကြား

Image may contain: 1 person, suitImage may contain: 1 person, standing
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား သတ်ဖြတ်နိုင်သူ မည်သူ့ကိုမဆို အမေရိကန် ဒေါ်လာ သုံးသန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် အီရန်အနေဖြင့် နျူးကလီးယားလက်နက် ပိုင်ဆိုင်ပါက ခြိမ်းခြောက်မှုများကို ရှောင်ရှားနိုင်မည်ဟု အီရန် ဥပဒေပြု အမတ်တစ်ဦးဖြစ်သူ Ahmad Hamzeh က ပြောကြားခဲ့ကြောင်း အီရန် သတင်းအေဂျင်စီ ISNA က ဇန်နဝါရီ ၂၁ ရက်က ဖော်ပြခဲ့သည်။

"ဘယ်သူမဆို ထရမ့်ကို သတ်ဖြတ်ပေးရင် Kerman ပြည်နယ် ပြည်သူတွေ ကိုယ်စား ကျွန်တော်တို့က အမေရိကန်ဒေါ်လာ ၃ သန်း ချီးမြှင့်သွားမှာပါ" ဟု အီရန် ပါလီမန် လွှတ်တော်အမတ် ၂၉၀ အနက်မှ တစ်ဦးဖြစ်သူ Ahmad Hamzeh က ပြောကြားခဲ့သည်။
အဆိုပါ ဆုကြေး ထုတ်မှုသည် ရယ်စရာ ကောင်းကြောင်း လက်နက်ဖျက်သိမ်းရေးဆိုင်ရာ အမေရိကန် သံအမတ် ရောဘတ်ဝုဒ်က ဂျနီဗာတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
Hamzeh နောက်ကွယ်တွင် ကျောထောက်နောက်ခံပေးနေသည့် အဖွဲ့အစည်းများ ရှိနေခြင်းကြောင့် ၄င်းမှာ ယခုကဲ့သို့ ဆုကြေးထုတ်ခြင်းဖြစ်ကြောင်း သုံးသပ်သူများ ရှိနေသည်။
Hamzeh က “တကယ်လို့သာ ဒီနေ့မှာ ကျွန်တော်တို့ နျူကလီးယားလက်နက်များ ရှိခဲ့ရင် ကျွန်တော်တို့ ခြိမ်းခြောက်မှုတွေ ကာကွယ်နိုင်မှာပါ။ ကျွန်တော်တို့ နျူကလီးယား ထိပ်ဖူး တင်ဆောင်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်တွေ ထုတ်လုပ်နိုင်ဖို့ အစီအစဉ်တွေ ရှိထားသင့်ပါတယ်။ ဒါကလည်း ကျွန်တော်တို့အတွက် သဘာဝက ပေးထားတဲ့ အခွင့်အရေးပါပဲ” ဟု ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ်တွင် ဒေါ်နယ်ထရမ့်သည် အီရန် နျူကလီးယား အစီအစဉ်များအား ထိန်းသိမ်းရန်ရည်ရွယ်သည့် ဘက်စုံသဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံ တင်းမာမှု မြင့်တက်ခဲ့ပြီး ယခုလအစောပိုင်းကလည်း အပြန်အလှန် တိုက်ခိုက်မှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
အီရန်သည် နျူကလီးယား လက်နက် ထုတ်လုပ်မှုကို လုပ်ဆောင်နေကြောင်း အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စွပ်စွဲမှုကို အီရန်နိုင်ငံက ငြင်းဆိုထားသည်။
အီရန်သည် ယူရေနီယမ်သန့်စင်ခြင်း အခြေအနေတွင်သာ ရှိနေပြီး ရှေ့မတက်နိုင်သေးဟ ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာများက ဆိုခဲ့သည်။
AS
Ref; straitstimes
Isee Media

<Zawgyi>
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အား သတ်ဖြတ်နိုင်သူ မည်သူမဆို ဆုကြေး ဒေါ်လာ သုံးသန်းပေးမည်ဟု အီရန်အမတ်တစ်ဦး ပြောကြား

ဇန္နဝါရီ ၂၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား သတ်ဖြတ်နိုင်သူ မည်သူ့ကိုမဆို အမေရိကန် ဒေါ်လာ သုံးသန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် အီရန်အနေဖြင့် နျူးကလီးယားလက်နက် ပိုင်ဆိုင်ပါက ခြိမ်းခြောက်မှုများကို ရှောင်ရှားနိုင်မည်ဟု အီရန် ဥပဒေပြု အမတ်တစ်ဦးဖြစ်သူ Ahmad Hamzeh က ပြောကြားခဲ့ကြောင်း အီရန် သတင်းအေဂျင်စီ ISNA က ဇန်နဝါရီ ၂၁ ရက်က ဖော်ပြခဲ့သည်။
"ဘယ်သူမဆို ထရမ့်ကို သတ်ဖြတ်ပေးရင် Kerman ပြည်နယ် ပြည်သူတွေ ကိုယ်စား ကျွန်တော်တို့က အမေရိကန်ဒေါ်လာ ၃ သန်း ချီးမြှင့်သွားမှာပါ" ဟု အီရန် ပါလီမန် လွှတ်တော်အမတ် ၂၉၀ အနက်မှ တစ်ဦးဖြစ်သူ Ahmad Hamzeh က ပြောကြားခဲ့သည်။
အဆိုပါ ဆုကြေး ထုတ်မှုသည် ရယ်စရာ ကောင်းကြောင်း လက်နက်ဖျက်သိမ်းရေးဆိုင်ရာ အမေရိကန် သံအမတ် ရောဘတ်ဝုဒ်က ဂျနီဗာတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
Hamzeh နောက်ကွယ်တွင် ကျောထောက်နောက်ခံပေးနေသည့် အဖွဲ့အစည်းများ ရှိနေခြင်းကြောင့် ၎င်းမှာ ယခုကဲ့သို့ ဆုကြေးထုတ်ခြင်းဖြစ်ကြောင်း သုံးသပ်သူများ ရှိနေသည်။
Hamzeh က “တကယ်လို့သာ ဒီနေ့မှာ ကျွန်တော်တို့ နျူကလီးယားလက်နက်များ ရှိခဲ့ရင် ကျွန်တော်တို့ ခြိမ်းခြောက်မှုတွေ ကာကွယ်နိုင်မှာပါ။ ကျွန်တော်တို့ နျူကလီးယား ထိပ်ဖူး တင်ဆောင်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်တွေ ထုတ်လုပ်နိုင်ဖို့ အစီအစဉ်တွေ ရှိထားသင့်ပါတယ်။ ဒါကလည်း ကျွန်တော်တို့အတွက် သဘာဝက ပေးထားတဲ့ အခွင့်အရေးပါပဲ” ဟု ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ်တွင် ဒေါ်နယ်ထရမ့်သည် အီရန် နျူကလီးယား အစီအစဉ်များအား ထိန်းသိမ်းရန်ရည်ရွယ်သည့် ဘက်စုံသဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံ တင်းမာမှု မြင့်တက်ခဲ့ပြီး ယခုလအစောပိုင်းကလည်း အပြန်အလှန် တိုက်ခိုက်မှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
အီရန်သည် နျူကလီးယား လက်နက် ထုတ်လုပ်မှုကို လုပ်ဆောင်နေကြောင်း အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စွပ်စွဲမှုကို အီရန်နိုင်ငံက ငြင်းဆိုထားသည်။
အီရန်သည် ယူရေနီယမ်သန့်စင်ခြင်း အခြေအနေတွင်သာ ရှိနေပြီး ရှေ့မတက်နိုင်သေးဟ ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာများက ဆိုခဲ့သည်။
AS
Ref; straitstimes

No comments:

Post a Comment

My Blog List