Saturday, May 02, 2015

“ညောင်ရေသွန်း ပွဲတော် ဖြစ်ပေါ်လာရခြင်း နှင့် ညောင်ရေသွန်း ပူဇော်ရကျိုး”


“ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာရခြင်း”

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း “ကဆုန်လပြည့်နေ့”၌ ကျင်းပ
ပူဇော်လေ့ရှိကြသည်။ ထိုသို့ ကျင်းပပူဇော်ရခြင်းမှာ-

KNU နယ်မြေ အစိုးရလေတပ် ဗုံးကြဲ


ကရင် အမျိုးသားအစည်းအရုံး(KNU)၏ တောင်ငူခရိုင် တပ်မဟာ(၂)ဌာနချုပ်အနီး အစိုးရ လေတပ်၏ ဗုံးကြဲ လေ့ကျင့်မှုများသည် ဒေသခံများကို ထိတ်လန့်စေသည့် ခြိမ်းခြောက်မှုမျိုး ဖြစ်လာစေကြောင်း KNU က ပြောသည်။

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံမြန်မာနှစ်ဦး၏ ဒီအင်န်အေကို ပြန်လည် စစ်ဆေးရန် ထိုင်းတရားသူကြီး ဆုံးဖြတ်


လိပ်ကျွန်းလူသတ်မှု တရားခံဟု စွပ်စွဲခံထားရသော မြန်မာလုပ်သားနှစ်ဦး၏ ဒီအင်န်အေ (မျိုးရိုးဗီဇ)ကို အမှီအခိုကင်းပြီး လွတ်လပ်စွာ ပြန်လည်စစ်ဆေး ရန် ကော့စမွီခရိုင်တရားသူကြီးက ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။

မာလာလာကို လုပ်ကြံပစ်ခတ်မှုနှင့် ဆက်စပ်သူ ၁၀ ဦးကို ထောင်ဒဏ် တစ်သက် ပါကစ္စတန်ချမှတ်


ပညာရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ပါကစ္စတန်ကျောင်းသူ မာလာလာ ယူဆက်ဖ်ဇိုင်းကို သေနတ်ပစ် လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သည့်အမှုနှင့် ဆက်စပ်သူများကို ပါကစ္စတန် တရားရုံးတစ်ရုံးက ထောင်ဒဏ် တစ်သက်ချမှတ်လိုက်ကြောင်း CAN သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ချောက်မြို့တွင် မေဒေးနေ့ အထိမ်းအမှတ်အဖြစ် မေဒေးကျောက်တိုင်သို့ ချီတက်အလေးပြု


မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် မေဒေးနေ့အထိမ်းအမှတ်အဖြစ် ချောက်မြို့ရှိမေဒေး ကျောက်တိုင် သို့ ချီတက်အလေး ပြုခြင်းနှင့် ချောက်မြို့ ဒီချုပ်လူငယ်များနှင့် ပန်းရဲ့လမ်းအဖွဲ့သားများ ပူးပေါင်း၍ ဖျော်ဖြေမှု
များ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ‘၀’ပြည်သွေးစည်းညီညွတ်ရေးပါတီ သဘောထားထုတ်ပြန်ရန်ရှိ


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အပါအ၀င် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ‘၀’ ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP)၏ သဘောထားကို ပန်ဆန်းထိပ်သီးအစည်းအဝေး ဒုတိယနေ့ (မေလ ၂ ရက် )တွင် တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပန်ဆန်း ညီလာခံမှာ ကိုးကန့် တိုက်ပွဲများ ရပ်ဆိုင်းရေး ဆွေးနွေးမည်


ယနေ့ မေလ ၁ ရက်တွင် စတင်ခဲ့သော ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ် ပန်ဆန်းမြို့ တိုင်းရင်းသားထိပ်သီး ခေါင်းဆောင်များ ညီလာခံတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသော ကိုးကန့်ဒေသ၌ ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်နိုင်ရေး ပါဝင် ဆွေးနွေးမည်ဖြစ်သည်။

“၀” ပြည်နယ် ရရှိရေး ထောက်ခံပေးပါဟု UWSA တောင်းဆို


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရရှိထားသည့် “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ်အဆင့် တိုးမြှင့် သတ်မှတ်ပေးရေး အစိုးရနှင့် ညှိနှိုင်းရာတွင် တိုင်းရင်းသား ခေါင်းဆောင်များ ထောက်ခံပေးပါဟု “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA ) စစ်သေနာပတိချုပ်  ဦးပေါက်ယူချန်းက တောင်းဆို လိုက်သည်။

ကဆုန်လပြည့် ရွှေတိဂုံစေတီတော်ညောင်ရေသွန်းပွဲတော်



ပြန်ကြားရေးဝန်ကြီးဌာနက တရားစွဲဆိုခဲ့သည့်အမှု (၁၃) ကြိမ်မြောက် ရုံးချိန်းတွင် အချိန်သုံးနာရီနီးပါးအထိ အမှုစစ်ဆေး၊၂၀၀၉ ခုနှစ်တွင် တန်ဖိုး ယူရို ၇၃၅၀၀၀ တန် ပုံနှိပ်စက် ပြန်ကြားရေးဝန်ကြီးဌာနက ၀ယ်ယူခဲ့ကြောင်း တရားလိုပြသက်သေ ဦးကျော်ဇင်စိုး ၀န်ခံထွက်ဆို


ပြန်ကြားရေးဝန်ကြီးဌာနက The Daily Eleven နှင့် Weekly Eleven News ဂျာနယ် တို့အား တရားစွဲဆို ထားသည့်အမှု၏(၁၃) ကြိမ်မြောက် ရုံးချိန်းစစ်ဆေးမှုတွင် အချိန် သုံးနာရီနီးပါးကြာသည်အထိ အမှုစစ်ဆေး ခဲ့ ကြောင်း သိရသည်။ ထို့ပြင် အဆိုပါအမှုရုံး ချိန်းတွင် တရားလိုပြသက်သေ ဦးကျော်ဇင်စိုးက ၂၀၀၉ ခုနှစ်တွင် တန်ဖိုးယူရို ၇၃၅ç၀၀၀ တန် ပုံနှိပ်စက်အား ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ၀ယ်ယူခဲ့ကြောင်း ၀န်ခံထွက်ဆို သွားခဲ့ကြောင်း သိရသည်။

နီပေါ ငလျင်လှုပ်စဉ်က ဗွီဒီယို မှတ်တမ်းများ


နီပေါငလျင် သေဆုံးသူ ၆၂၀၀ ကျော်ပြီ


အလွန်ပြင်းထန်သော ငလျင်ကြီးတစ်ခု ဟိမဝန္တာတောင်ကြောပေါ်တွင် တည်ရှိသော နီပေါနိုင်ငံကို ဗဟိုပြု လှုပ်ခတ်သွားခဲ့ရာ သေဆုံးသူ အရေအတွက်သည် မေလ ၁ ရက်နေ့၌ ၆၂၀၀ ကျော်သွားခဲ့ပြီ ဖြစ်ကြောင်း BBC သတင်းက ဆိုသည်။

သူရဦးရွှေမန်း သမ္မတဖြစ်ဖို့ မျှော်မှန်း


ရွေးကောက်ပွဲအပြီး နောက်တက်လာမယ့် အစိုးရသစ်အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ရွေးချယ်မယ်ဆိုရင် သမ္မတလောင်း အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ မျှော်လင့်ချက်ရှိတဲ့အကြောင်း ၀ါရှင်တန်မြို့တော်ကို ရောက်လာတဲ့ ပြည်ထောင်စု လွှတ်တော် နာယကလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်တဲ့ သူရဦးရွှေမန်းက ပြောဆိုပါတယ်။

ပန်ဆန်းညီလာခံဖွင့်ပွဲ ပေါက်ယူချန် ဘာတွေပြောခဲ့သလဲ



ကမ္ဘာ့အလုပ်သမားနေ့ ထုတ်ပြန်ကြေညာချက်


ILO သဘောတူညီချက် ထိုင်းအစိုးရ လက်မှတ်ရေးထိုးရန် အလုပ်သမားများ တောင်းဆို



ကမ္ဘာ့အလုပ်သမားနေ့တွင် လှိုင်သာယာစက်မှုဇုန် အလုပ်သမား ၅၀၀ ခန့် ဆန္ဒပြ


မေလ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့မှာ လှိုင်သာယာစက်မှုဇုန် အလုပ်သမား ၅၀၀ လောက်က ရန်ကုန်မြို့ ဗဟန်းမြိုနယ် ဗိုလ်စိန်မှန်ကွင်းမှာစုရုံးပြီး အနိမ့်ဆုံးလုပ်ခ တနေ့ ကျပ် ၅၀၀၀ ကျော်ထိ တိုးမြှင့်ရရှိရေးအပါအ ၀င် အလုပ်သမားရပိုင်ခွင့်တွေ တောင်းဆိုဆန္ဒပြကြပါတယ်။

အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရာမှာ ဆိုးကျိုးများထည့်တွက်ဖို့ သမ္မတဦးသိန်းစိန် ပြော


အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရာမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း ထည့်သွင်းတွက်ချက်ကြ ဖို့ နိုင် ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့မှာ သတိပေးပြော ကြားလိုက်ပါတယ်။

Thursday, April 30, 2015

“၀” နယ်တွင် ကျင်းပမည့် တိုင်းရင်းသား ညီလာခံ ၃ ရက် ထပ်တိုး


“၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့တွင် ကျင်းပမည့် တိုင်းရင်းသား ထိပ်သီးညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများကို အဖြေရသည်အထိ ဆွေးနွေးရန် ရည်ရွယ်ပြီး ညီလာခံ ကျင်းပ မည့်ရက်ကို ၃ ရက် ထပ်တိုးလိုက်ကြောင်း သိရသည်။

မြောက်ကိုရီးယား အစိုးရ ၀န်ကြီးများအပါအ၀င် ၁၅ ဦးကို သေဒဏ်ပေး ကွပ်မျက်


၂၀၁၅ ခုနှစ် ဧပြီလအတွင်းမှာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းဟာ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ အပါအ၀င် လူ ၁၅ ယောက်ကို သေဒဏ်ပေး ကွပ်မျက်ခဲ့တယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးဌာနက ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဟီလာရီ သမ္မတဖြစ်ခဲ့သော်



၂၀၁၁ ခုနှစ်ကုန်ခါနီး နံနက်ခင်းတခုမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ ဟီလာရီ ကလင်တန်ဟာ စစ်အစိုးရရဲ့ ကြမ်းတမ်း ရက်စက်မှုတွေ ကြောင့် အဆက်ဖြတ်ခံထားရတဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ရန်ကုန်မြို့ အင်းလျားကန်ဘေးက နေအိမ် ဆီ ဆိုက်ရောက်လာခဲ့ပါတယ်။

မြန်မာရွေးကောက်ပွဲ အခင်းအကျင်းနှင့်ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင် မဖြစ်နိုင်


အရပ်သားတစ်ပိုင်း ပြုပြင်ပြောင်းလဲရေး အစိုးရ အာဏာ ရယူပြီး ငါးနှစ်ပြည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ အစော ပိုင်းတွင် တစ်နိုင်ငံလုံးရွေးကောက်ပွဲများကို ကျင်းပရန်မြန်မာနိုင်ငံက တာဆူနေ ပြီဖြစ်သည်။ အချိန် သတ်မှတ်ချက် ကာလအတွင်း ဖွဲ့စည်းပုံနှင့်ညီစွာ ကျင်းပရေး လိုအပ်သည့်ရွေးကောက်ပွဲသည် အဓိကနိုင် ငံရေးပြောင်းလဲ မှတ်ဖြစ် လာပေမည်။

စစ်တပ်မှ ဖမ်းဆီးထားသည့် AA တပ်ဖွဲ့ဝင်များကို တပ်မတော်ကသာ ဆုံးဖြတ်မည်ဖြစ်ပြီး ဥပဒေမဲ့ မဖြစ်စေရဟု ရခိုင်ဝန်ကြီးချုပ်ဆို


ရက္ခိုင့်တပ်မတော် AA နှင့် ပတ်သက်သည်ဟုယူဆကာ ဖမ်းဆီးထားသူများကို စစ်တပ်ကသာ ဆုံးဖြတ်နိုင် မည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားလိုက်သည်။ ရခိုင်ပြည် နယ် ကျောက်တော်မြို့နယ် အတွင်းမှ လူ ၁၂ ဦးနှင့် သေနတ် ၁၉လက်ကို ထိမ်းသိမ်းထားပြီး ထိုလူများ နှင့် စပ်လျဉ်း၍ မဇ္ဈိမက မေးမြန်းခဲ့ရာထိုသို့ ဖြေကြားလိုက်ခြင်းဖြစ်သည်။

ချင်းကျောင်းသားများ၏ ပထမဆုံး ညီလာခံမှ မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသား သမဂ္ဂဖွဲ့စည်း


ချင်းပြည်နယ် ထန်တလန်မြို့တွင် ကျင်းပသော ပထမဆုံးအကြိမ် ချင်းကျောင်းသားများ၏ ညီလာခံတွင် မြန် မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားသမဂ္ဂ (Chin Student Union ,Myanmar)ကို စတင်ဖွဲ့စည်းလိုက် သည်။

ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ အပေါ် သုံးသပ်ချက်


မကြာခင်က ကျင်းပခဲ့တဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲအပေါ် အမြင်အမျိုးမျိုး ထွက်ပေါ်လာတာ တွေ့ရပါ တယ်။ တချို့ကလည်း အ ကောင်းမြင် ကြတယ်။ တချို့ကလည်း ထင်ထားသလောက် လောက်လောက် လားလား ဖြစ်မလာဘူးဆိုပြီး စိတ်ပျက်တဲ့ သဘောပြောကြ ရေးကြတယ်။

သျှမ်းပြည်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကို TNLA ယာယီထိန်းချုပ်



တရုတ် ကြေးနီစီမံကိန်းတွေ မှာ မြန်မာအလုပ်သမား များ သောင်းနဲ့ချီ ဆန္ဒပြမည်


လာမယ့်မေလ ၁ ရက်နေ့ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အလုပ် သမားနေ့ နဲ့ မေလ ၂ ရက်နေ့မှာ ကျရောက်မယ့် ကဆုန်လပြည့်နေ့တွေမှာ မြန်မာ-ယန်စီ၊ မြန်မာ-ဝမ်ပေါင် နဲ့ စီနိုဝမ် စတဲ့ တရုတ်ကြေးနီ ထုတ်လုပ်ရေးကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားစုစုပေါင်း ၁ သောင်းလောက် အလုပ် မဆင်းဘဲ ဆန္ဒပြကြမယ်လို့ သိရပါတယ်။

ကိုးကန့်စစ်ပွဲရပ်တန့်ရေး ပန်ဆန်း ညီလာခံမှာ ဆွေးနွေးအဖြေရှာမည်


ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှာကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ညီလာ ခံမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ရေးအတွက် အသေး စိတ်ဆွေးနွေး ကြမယ်လို့ ညီလာခံကျင်းပရေးကော်မတီက ပြောပါတယ်။

ဒုတိယစီးရီးကို ‘အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို’ လို့အမည်ပေးလိုက်တဲ့ ပိုပို


အဆိုတော်ပိုပိုက ၎င်း၏ ဒုတိယတစ်ကိုယ်တော်အခွေကို ‘အလွမ်းသီချင်း ကြိုက်တဲ့ ရေဒီယို’ ဟု အမည်ပေး ထားပြီး မေလအတွင်း ကျရောက်မည့်  (၂၅)နှစ်ပြည့်မွေးနေ့တွင် ဖြန့်ချိပေးမည် ဖြစ်ကြောင်း ပိုပိုကပြော သည်။

မြန်မာ ၂၆ ဦးကို ဗင်ကားငယ်အတွင်း တရားမ၀င် သယ်ဆောင်လာသည့် သူ အား ထိုင်းရဲ ဖမ်းဆီး


ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီဒေသ၊ မောင်ခရိုင်တွင် ဗုဒ္ဓဟူးနေ့၊ နံနက် အစောပိုင်းက အလုံပိတ် ထရပ်ကားငယ် တစ်စီးအတွင်း တရားမ၀င် မြန်မာရွှေ့ပြောင်းလာသူ ၂၆ ဦးကို တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည် ။ မောင်ခရိုင်အတွင်း ဘန်ကောက်ရှိ လမ်းတစ်ခုမှ တရားမ၀င် ခိုးဝင်လာသူများဖြတ်သန်းမည်ဆိုသည့် သတင်းတစ်ခုအရ စစ်ဆေးမှုပြုလုပ်နေသည့် အဝေးပြေးလမ်း ရဲတပ်ဖွဲ့က ယနေ့ နံနက် ၅ နာရီခန့်တွင် Isuzu MU 7 ယာဉ်တစ်စီးကို တားဆီးခဲ့သည်ဟု စစ်ဆင်ရေးအဖွဲ့ ခေါင်းဆောင် ရဲမှူး ပီတက်ဝေါင်ဝါနစ် က ပြောကြားသည်။

အင်န်အယ်လ်ဒီပါတီတွင် ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ ကျန်ပါတီဝင် များအား သမ္မတရာထူး ရွေးချယ်ထားခြင်းမရှိ


NLD ပါတီတွင် ပါတီဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်မှလွဲ၍ ကျန်ပါတီဝင်များအား သမ္မတရာထူးကိုရွေး ချယ်ထားခြင်းမရှိဟု ပါတီဗဟိုအလုပ်အမှု ဆောင်တစ်ဦးက ရန်ကုန် တိုင်းမ်ဂျာနယ်သို့ ပြောသည်။အဆိုပါ သမ္မတရာထူးအား ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းအား ရွေးချယ်ထားမှုကို ပါတီဗဟိုအလုပ် အမှုဆောင်တစ်ဦးဖြစ်သူ ဒေါ်နန်းခင်ထွေးမြင့်အား ဆက်သွယ်မေး မြန်းရာတွင် ''ပါတီကတော့ ၂ဝ၁၅ရွေးကောက် ပွဲအတွက် သမ္မတရာထူးကို ဘယ်သူ့ကိုမှ ရွေး ချယ်ထားခြင်း မရှိသေးပါဘူး။ 

ဖမ်းဆီးခံကျောင်းသားများနှင့်ဝန်းရံသူများအတွက် ထောင်တွင်းသို့ ခြင်ထောင် သွင်းခွင့်ပြု


သာယာဝတီထောင်အတွင်းဖမ်းဆီးခံထားရသည့်သပိတ် မှောက်ကျောင်းသားများနှင့် ၀န်းရံ ပြည်သူများ ညအချိန်တွင် ပိုးမွှားအန္တရာယ် ကာကွယ်ရန်   ခြင်ထောင်သွင်းခွင့်ပြုလိုက်ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှသတင်း ရရှိသည်။

တရုတ် ရေနံကုမ္ပဏီ ဖွံ့ဖြိုးရေး အကူအညီ ရပ်ဆိုင်းမှု မဒေးကျွန်း ဒေသခံများ မကျေနပ်


ကျောက်ဖြူ ရေနက်စီမံကိန်းမှလုပ်ငန်းခွင်တခု၏ မြင်ကွင်းရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကမဒေးကျွန်း ဒေ သခံများကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)နှင့် တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC)တို့က ပေးအပ်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး အကူအညီများ ရပ်ဆိုင်းနေသဖြင့် ဒေသခံများက မကျေမနပ်ဖြစ်နေကြောင်း သိရသည်။

လန်ဒန်ဆရာတော်၏ ပုဒ်မ ၂၉၅ (က) အမှုနှင့်ပတ်သက်၍ ပြင်ဆင်မှုတင် သွင်းရာ နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ကြားနာ


လန်ဒန်ဆရာတော် အပါအ၀င် သံဃာတော်ငါးပါးအား တိုင်းသာသနာရေး မှူးက စွဲဆိုထားသည့် အမှုနှစ်ခု အနက် ပုဒ်မ ၂၉၅ (က)အား ချေဖျက်ပေးရန် အတွက် နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ဧပြီ ၂၉ ရက်က ပြင်ဆင်မှုတင်သွင်းခဲ့ရာ နေပြည်တော် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၌ ကြားနာ ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်နိုင်သည့် ဒေသများနှင့် တရုတ်သစ်ခိုး ထုတ်ဂိုဏ်းများအား ရှင်းလင်းနိုင်ပြီဟု ဆို


ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်နိုင်သည့် ဒေသများနှင့် အဖွဲ့များအား ရှင်းလင်းနိုင်ပြီဟု ကချင်ပြည်နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “ကချင်ပြည်နယ်ထဲမှာ ရှိနိုင်တဲ့ အနေအထားတွေ အားလုံးကို ရှင်းလင်းပြီးစီးသွားပါပြီ။ တရုတ်သစ်ခိုး ဂိုဏ်းတွေလည်း မရှိတော့ပါဘူး” ဟု ပြောကြားသည်။

၂၀၁၅ သမ္မတလောင်း ရွေးချယ်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်သင့်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြောကြား


၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး သမ္မတလောင်းအဖြစ် ရွေးချယ်ခံမည့်ပုဂ္ဂိုလ်များတွင် ဒေါ်အောင်ဆန်း စုကြည် ပါဝင်သင့်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။ ဧပြီလ ၂၉ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ ChungEui-hwa နှင့် တွေ့ဆုံရန်အတွက် တောင်ကို ရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိနေသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယင်းကဲ့ သို့ ပြောကြားခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ အခြေစိုက် Yonhap သတင်းဌာနတွင် ဖော်ပြထား သည်။

စစ်အတွင်းလုပ်ရပ် ဂျပန်ဝန်ကြီးချုပ် ၀မ်းနည်းစကားဆို


ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံက လုပ်ဆောင်ခဲ့တာတွေအပေါ် အထူး နောင်တရမိကြောင်း ဂျပန် ၀န်ကြီးချုပ် ရှင်ဇို ဘာအေးက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ အာရှတိုက်အတွင်း တရုတ်နိုင်ငံက အင်အား ကြီးထွားလာနေတဲ့အချိန်မှာ ဂျပန်နိုင်ငံကလည်း ကမ္ဘာ့လုံခြုံရေးမှာ အရေးပါတဲ့ကဏ္ဍက ပါဝင်မယ့် အစီအစဉ်ကို ကြေငြာတဲ့အချိန်မှာပဲ ၀န်ကြီးချုပ် အာဘေးက အဲဒီလို ပြောကြားလိုက်တာပါ။

အပြစ်မဲ့ပြည် သူများအား ဥပဒေနှင့်အညီစောင့်ရှောက်ပေးရန် ရခိုင်အမျိုးသားပါတီက ကြေညာထုတ်


ကျောက်တော်နှင့်ပလက်ဝနယ်စပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း အပြစ်မဲ့ပြည်သူများအား ဥပဒေနှင့်အညီစောင့်ရှောက်ပေးရန် ရခိုင်အမျိုးသားပါတီ(ANP)က ဧပြီလ ၂၉ ရက်နေ့ တွင် ကြေညာချက် ထုတ်၍တောင်းဆိုလိုက်သည်။

ကားများကို TNLA ဆက်ကြေးကောက်၍ တပ်မတော်နှင့် တိုက်ပွဲဖြစ်


ကွတ်ခိုင်-မူဆယ်လမ်းပိုင်းကို ပိတ်ဆို့ကာ တအာင်န်း (ပလောင်) အမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) က ဆက်ကြေးငွေကောက်ခံနေခြင်းကြောင့် အစိုးရတပ်မတော် က တားဆီးခဲ့ပြီး တိုက်ပွဲအပြင်းအ ထန်ဖြစ်ပွားခဲ့ရာ တပ်မတော်မှ တပ်ကြပ်တစ်ဦးကျဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။

နိုင်ငံသားမဟုတ်သူများကို ပါတီဝင်အဖြစ်မှ ရပ်စဲရေးဥပဒေအရ ဒီချုပ်ပါတီဝင် ခုနစ်ထောင်ကျော် ရပ်စဲခံခဲ့ရ


နိုင်ငံသားမဟုတ်သူများကို ပါတီဝင်များအဖြစ်မှ ရပ်စဲရန် ပြင်ဆင်လိုက်သည့် ဥပဒေအရ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပါတီ (NLD) အနေဖြင့် ပါတီဝင် ၇,၀၀၀ ခန့်ကို ပါတီဝင်အဖြစ်မှ ရပ်စဲခဲ့ကြောင်း သတင်း ရရှိသည်။

UNICEF က လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ကူညီ



ကျောက်တော်မြို့နယ်အတွင်းရှိ စစ်ဘေးတိမ်းရှောင်သူ ၅ဝဝ ကျော်အတွက် UNICEF က လူသုံးကုန်ပစ္စည်း များကို ယနေ့ ပေးပို့ကူညီလိုက်ကြောင်း စစ်တွေရှိ UNICEF ရုံးတာဝန်ခံ Yosi Burckhardt က အတည်ပြုပြော သည်။

နိုင်ငံခြားသား ၂ ဦးကို မူဆယ်ရဲတပ်ဖွဲ့ ပြန်လွှတ်ပေး


နမ့်ခမ်းသွားလမ်း ၁၂ မိုင်ကနေ မူဆယ်မြို့နယ် ရဲစခန်းမှာ ခေါ်ယူ စစ်ဆေးခဲ့တဲ့ နိုင်ငံခြားသား ၂ ဦးကို ဒီကနေ့ ညနေ ၃ နာရီလောက်မှာ ပြန် လွှတ်ပေးလိုက်ပြီလို့ ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။သူတို့ဟာ လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားတဲ့ နယ်မြေထဲကို ၀င်ရောက် သွားတဲ့အတွက်လုံခြုံရေးအရ ခေါ်ယူစစ်ဆေး ခဲ့တာလို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုပြည်နယ်ရဲမှူး အောင်မြတ်မိုးက ဒီဗွီဘီကို ပြောပါတယ်။

အိုင်အက်စ်စစ်သွေးကြွ သံသယရှိသူ ၉၀ ကျော်ကို ဖမ်းဆီးထားဟု ဆော်ဒီပြော



အစ္စလာမ္မစ် နိုင်ငံတော်အမည်ခံ (အိုင်အက်စ်) အစွန်းရောက် အဖွဲ့ဝင်တွေလို့ သံသယရှိသူ ၉၃ ယောက် ကို ဆော်ဒီ အာရေးဗီယားမှာ ဖမ်းဆီးထားကြောင်း ပြည်ထဲရေးဌာန ပြောခွင့်ရသူက ဧပြီ ၂၈ ရက်နေ့ မှာ ပြောကြား လိုက်ပါတယ်။

အကယ်ဒမီပြေတီဦးနှင့် အကယ်ဒမီအိန္ဒြာကျော်ဇင် မိသားစု ကဆုန် လပြည့်နေ့တွင် စတုဒိသာနှင့် တရားအလှူပွဲကြီး ပြုလုပ်မည်


အကယ်ဒမီပြေတီဦးနှင့်အကယ်ဒမီအိန္ဒြာကျော်ဇင် မိသားစုတို့သည်မေ၂ရက်တွင်ကျ ရောက်သည့် ကဆုန် လပြည့်နေ့(ညောင် ရေသွန်းပွဲတော်နေ့)တွင် တရားအလှူ နှင့်စတုဒိသာအလှူပြုလုပ်မည်ဖြစ်ပြီး အဆိုပါ အလှူနှင့်ပတ်သက်၍ အကယ်ဒမီပြေတီဦးက . . .

လိပ်ကျွန်းလူသတ်မှု တရားလိုပြသက်သေများ စစ်ဆေးမည်


ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်က လိပ်ကျွန်း ခေါ် ကော့တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ကော့စမွီ တရားရုံးက တရားလိုပြသက်သေတွေ စစ်ဆေးဖို့ရှိနေပါတယ် ။ကော့စမွီခရိုင်တရားသူကြီး အပြောင်းအလဲရှိတဲ့အတွက် ဧပြီလ ၃၀ ရက် မနက် ၉ နာရီ မှာ တရားလိုနဲ့ တရားခံ နှစ်ဘက်သက်သေများ အခြေအနေကို စစ်ဆေးမယ်လို့ တရားခံ မြန်မာလူငယ် ၂ ဦးဘက်ကနေ ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အတိုင်ပင်ခံ အန်ဒီဟောလ် က ဒီဗွီဘီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်တိုင်းနှင့်ပြည်နယ်ခေါင်းဆောင်များ ဆွေးနွေး


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့တွေ ဟာတိုင်းဒေသကြီးနဲ့ပြည်နယ်ကအလုပ်အမှုဆောင်တွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး ဆွေးနွေး မှု တွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

My Blog List