Thursday, January 23, 2020

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည့် ဥပဒေမူကြမ်းအတွက် သဘောတူလက်မှတ်ရေးထိုး

Image may contain: 6 people, people sitting, text that says 'News Watch'

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မည့် ဥပဒေမူကြမ်းကို လွှတ်တော်သို့တင်ပြနိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက ယနေ့ ဇန်နဝါရီ နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော် စည်ပင်ရိပ်သာ(၂) ၌ လက်မှတ်ရေးထိုးကြသည်။

"ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေက အားလုံးလိုချင်နေတဲ့ တောင့်တနေတဲ့ ပြင်ဆင်ဖို့ ကြိုးစားနေတဲ့အတွက် အချက်အလက်ဆိုတော့ ဒါ ဝိုင်းပြီး ကြိုးစားသင့်တယ်လို့ ပြောချင်ပါတယ်" ဟု ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) မှ ဦးမိုင်းအုံးခိုင်က ပြောကြားသည်။
လွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ ၂၀ ရာခိုင်နှုန်း လက်မှတ်ရေးထိုးခြင်းပါရှိမှသာ တင်ပြနိုင်သည့်အတွက် ထိုကဲ့သို့ လက်မှတ်ရေးထိုးခြင်းဖြစ်ပြီး ထိုမူကြမ်းအား ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ကျန်ရှိနေသေးသည့် လုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
Image may contain: 5 people, people sitting and indoor
Image may contain: 9 people, people standing
Image may contain: 3 people, people sitting, text that says 'News Watch'
တင်မိုးခိုင် (နေပြည်တော်)
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည့် ဥပဒေမူကြမ်းအတွက် သဘောတူလက်မှတ်ရေးထိုး
------ ------ ------ ----- -----

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မည့် ဥပဒေမူကြမ်းကို လွှတ်တော်သို့တင်ပြနိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက ယနေ့ ဇန်နဝါရီ နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော် စည်ပင်ရိပ်သာ(၂) ၌ လက်မှတ်ရေးထိုးကြသည်။
"ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေက အားလုံးလိုချင်နေတဲ့ တောင့်တနေတဲ့ ပြင်ဆင်ဖို့ ကြိုးစားနေတဲ့အတွက် အချက်အလက်ဆိုတော့ ဒါ ဝိုင်းပြီး ကြိုးစားသင့်တယ်လို့ ပြောချင်ပါတယ်" ဟု ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) မှ ဦးမိုင်းအုံးခိုင်က ပြောကြားသည်။
လွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ ၂၀ ရာခိုင်နှုန်း လက်မှတ်ရေးထိုးခြင်းပါရှိမှသာ တင်ပြနိုင်သည့်အတွက် ထိုကဲ့သို့ လက်မှတ်ရေးထိုးခြင်းဖြစ်ပြီး ထိုမူကြမ်းအား ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ကျန်ရှိနေသေးသည့် လုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
တင်မိုးခိုင် (နေပြည်တော်)

No comments:

Post a Comment

My Blog List