အီရတ်နိုင်ငံမြို့တော်ဘက္ကဒက်မှာရှိတဲ့အမေရိကန်သံရုံးနားမှာ ဒုံးကျည် ၃ စင်းကျရောက်ပေါက်ကွဲခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
ဒုံးကျည်တွေကျရောက်ခဲ့ပြီးတဲ့နောက် အဲဒီပတ်ဝန်းကျင်မှာ သတိပေးသံတွေချက်ချင်းဆူညံခဲ့တယ်လို့လည်း AFPသတင်းအေဂျင်စီကဖော်ပြပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေက အမေရိကန်သံရုံးဝင်းရှိတဲ့အစိမ်းရောင်နယ်မြေမှာ အလားတူတိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး အီရန်ကျောထောက်နောက်ခံပေးထားတဲ့အရံတပ်ဖွဲ့တွေကို အမေရိကန်က အပြစ်တင်ခဲ့ပေမဲ့ တာဝန်ရှိတယ်လို့ထုတ်ပြောလာတာမျိုးတွေတော့မရှိခဲ့ပါဘူး။
အခုလအစောပိုင်းတုန်းကလည်း အလားတူကျရောက်ပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။
အဲဒီဖြစ်ရပ်ကတော့ အီရန်တပ်မှူးကြီးကာဆမ် ဆိုလမ်မာနီကို အမေရိကန်က လုပ်ကြံခဲ့ပြီးတဲ့နောက်ဖြစ်လာတာပါ။
Source- AFP
Photo- Daily News Eqypt
Zawgyi
ဘက္ကဒက်က အမေရိကန်သံရုံးနားမှာ ဒုံးကျည် ၃ စင်းကျရောက်ပေါက်ကွဲ
ဇန္နဝါရီ ၂၁
နိုင်ငံတကာသတင်း
အီရတ်နိုင်ငံမြို့တော်ဘက္ကဒက်မှာရှိတဲ့အမေရိကန်သံရုံးနားမှာ ဒုံးကျည် ၃ စင်းကျရောက်ပေါက်ကွဲခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
ဒုံးကျည်တွေကျရောက်ခဲ့ပြီးတဲ့နောက် အဲဒီပတ်ဝန်းကျင်မှာ သတိပေးသံတွေချက်ချင်းဆူညံခဲ့တယ်လို့လည်း AFPသတင်းအေဂျင်စီကဖော်ပြပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေက အမေရိကန်သံရုံးဝင်းရှိတဲ့အစိမ်းရောင်နယ်မြေမှာ အလားတူတိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး အီရန်ကျောထောက်နောက်ခံပေးထားတဲ့အရံတပ်ဖွဲ့တွေကို အမေရိကန်က အပြစ်တင်ခဲ့ပေမဲ့ တာဝန်ရှိတယ်လို့ထုတ်ပြောလာတာမျိုးတွေတော့မရှိခဲ့ပါဘူး။
အခုလအစောပိုင်းတုန်းကလည်း အလားတူကျရောက်ပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။
အဲဒီဖြစ်ရပ်ကတော့ အီရန်တပ်မှူးကြီးကာဆမ် ဆိုလမ်မာနီကို အမေရိကန်က လုပ်ကြံခဲ့ပြီးတဲ့နောက်ဖြစ်လာတာပါ။
Source- AFP
#TheFifthWaveNews
Photo- Daily News Eqypt
No comments:
Post a Comment