Wednesday, January 22, 2020

တရုတ်သမ္မတနှင့်ကာချုပ်တို့ေတွ့ဆုံပြီးနောက် မြောက်ပိုင်းအဖွဲ့များနှင့်ငြိမ်းချမ်းရေးပိုမိုအားကောင်းလာနိုင်ဟု ဆို


Image may contain: 1 person, closeup
တရုတ်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့တွေ့ဆုံပြီးနောက် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များပိုမိုအားကောင်းလာနိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားေရးကော်မတီမှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
ပြီးခဲ့သည့် မြန်မာပြည်ခရီးစဉ်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် တရုတ်နိုင်ငံနယ်နမိတ်ပိုင်နက်အသုံးပြုနေပြီး မြန်မာနိုင်ငံအတွင်း ဆန့်ကျင်နေသောသူများကိုလက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖဲွ့တွေအနေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ ဥပဒေဘောင်အတွင်းကနေပဲဆောင်ရွက်ဖို့ ပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ကျ ပိုမိုတိုးတက်လာနိုင်တယ်။ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းေရးနဲ့ ပတ်သက်ပြီးတော့ ပိုမိုတိုးတက်လာနိုင်လိမ့်မယ်လို့ ခန့်မှန်းပါတယ်”ဟု တပ်မတော်သတင်းမှန်ပြန်ကြားေရးကော်မတီမှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
အများထင်သကဲ့သို့ တရုတ်သမ္မတကတိုင်းရင်းသားလက်နက်ကိုင်များကို လက်နက်ထောက်ပံ့မှုမရှိကြောင်း၊ အခြားနည်းလမ်းများမှ လက်နက်များရနိုင်သောကြောင့် ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
“တပ်ပိုင်းဆိုင်ရာသဘောတူညီမှုတွေကတော့ တချို့လည်းသိပြီးဖြစ်ပါလိမ့်မယ်ဗျ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့မှ ကျွန်တော်တို့နိုင်ငံမှာအကြမ်းဖက်အဖွဲ့အစည်းတွေ လက်မခံတဲ့အကြောင်း၊ အထူးသဖြင့်လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူတွေကို လက်ခံမှာ မဟုတ်တဲ့အကြောင်း ပြောခဲ့ပါတယ်။” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်ပြောသည်။
မြောက်ပိုင်းမဟာမိတ်များဖြစ်ကြသော ကချင်လွတ်မြောက်ရေးအဖွဲ့-KIA၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA၊ ကိုးကန့်အဖွဲ့-MNDAA နှင့် ရခိုင့်တပ်မတော်-AA တို့သည် တပ်မတော်နှင့် သဘောထားတင်းမာနေသောအဖွဲ့များဖြစ်သည်။
အံ့ညီညီ - နေပြည်တော် ( အကုန်သိ သတင်းဌာန )
<<< Unicode Version >>>

တရုတ်သမ္မတနှင့်ကာချုပ်တို့တွေ့ဆုံပြီးနောက် မြောက်ပိုင်းအဖွဲ့များနှင့်ငြိမ်းချမ်းရေးပိုမိုအားကောင်းလာနိုင်ဟု ဆို

တရုတ်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့တွေ့ဆုံပြီးနောက် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များပိုမိုအားကောင်းလာနိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီမှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
ပြီးခဲ့သည့် မြန်မာပြည်ခရီးစဉ်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် တရုတ်နိုင်ငံနယ်နမိတ်ပိုင်နက်အသုံးပြုနေပြီး မြန်မာနိုင်ငံအတွင်း ဆန့်ကျင်နေသောသူများကိုလက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ ဥပဒေဘောင်အတွင်းကနေပဲဆောင်ရွက်ဖို့ ပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ကျ ပိုမိုတိုးတက်လာနိုင်တယ်။ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ပိုမိုတိုးတက်လာနိုင်လိမ့်မယ်လို့ ခန့်မှန်းပါတယ်”ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီမှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
အများထင်သကဲ့သို့ တရုတ်သမ္မတကတိုင်းရင်းသားလက်နက်ကိုင်များကို လက်နက်ထောက်ပံ့မှုမရှိကြောင်း၊ အခြားနည်းလမ်းများမှ လက်နက်များရနိုင်သောကြောင့် ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
“တပ်ပိုင်းဆိုင်ရာသဘောတူညီမှုတွေကတော့ တချို့လည်းသိပြီးဖြစ်ပါလိမ့်မယ်ဗျ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့မှ ကျွန်တော်တို့နိုင်ငံမှာအကြမ်းဖက်အဖွဲ့အစည်းတွေ လက်မခံတဲ့အကြောင်း၊ အထူးသဖြင့်လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူတွေကို လက်ခံမှာ မဟုတ်တဲ့အကြောင်း ပြောခဲ့ပါတယ်။” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်ပြောသည်။
မြောက်ပိုင်းမဟာမိတ်များဖြစ်ကြသော ကချင်လွတ်မြောက်ရေးအဖွဲ့-KIA၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA၊ ကိုးကန့်အဖွဲ့-MNDAA နှင့် ရခိုင့်တပ်မတော်-AA တို့သည် တပ်မတော်နှင့် သဘောထားတင်းမာနေသောအဖွဲ့များဖြစ်သည်။

အံ့ညီညီ - နေပြည်တော် ( အကုန်သိ သတင်းဌာန )

No comments:

Post a Comment

My Blog List