Thursday, December 18, 2014

စည်းကမ်းမဲ့ အမှိုက်ပစ်သူများကို အထူးအဖွဲ့များ ဖွဲ့ အရေးယူနေသော်လည်း ရန်ကုန်မြို့တော်ကြီး သန့်ရှင်းမှုရှိလာစေရန် မလွယ်ကူဟု ရန်ကုန်လူထုဝေဖန်


 ရန်ကုန် မြို့တစ်ခွင် နေရာအနှံ့သို့ကြည့်လိုက်ပါက ကြည့်လေရာရာတွင် အမှိုက်သရိုက်များ ပြေးမလွတ်အောင် မြင်aတွ့နေရ သည်ဟုဆိုလျှင် လွန်အံ့ မထင်ပါချေ။

နိုင်ငံတော်သမ္မတအိမ်တော်သို့ တိုက်ရိုက်သတင်းရယူခွင့် ပြုမည်ဟုဆို



နိုင်ငံတော်သမ္မတနှင့် အစိုး ရအဖွဲ့ဝင်များ၏ လုပ်ဆောင်ချက် များနှင့်ပတ်သက်၍ လာမည့်နှစ် ဇန် နဝါရီလမှစပြီး နိုင်ငံတော်သမ္မတအိမ် တော်၌ သတင်းရယူခွင့်ပြုမည်ဟု ပြန် ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးရဲထွဋ်က ပြောဆိုလိုက် ကြောင်း သိရသည်။

မီးဖွားပြီး ၂ မိနစ်ကြာမှ ကလေးချက်ကြိုးဖြတ်ပေးခြင်းဟာ ကလေးရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေ


Photo: မီးဖွားပြီး ၂ မိနစ်ကြာမှ ကလေးချက်ကြိုးဖြတ်ပေးခြင်းဟာ ကလေးရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေ
Thursday, December 18, 2014

သင့်မွေးကင်းစကလေး ရောဂါခုခံနိုင်စွမ်း ပိုမြင့်စေချင်တယ်၊ ရောဂါခုခံအား ချိနဲ့ခြင်းကို လျော့နည်းစေချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

တစ်ခုတည်းသော လုပ်ရမယ့်အချက်က ချက်ကြိုးဖြတ်ရမယ့်အချိန်ကို ခဏစောင့်ပေးဖို့ပဲဖြစ်ပါတယ်။

အတိအကျဆိုရရင် ချက်ကြိုးကို နောက်ကျမှဖြတ်ပေးခြင်းမှာ ကလေးတွေကို ရောဂါခုခံနိုင်စွမ်း ပိုမိုအစွမ်းထက်စေပြီး ရောဂါဖြစ်နိုင်ချေ ပိုမိုလျော့နည်းစေကြောင်း စပိန်နိုင်ငံ Granada တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေ ရဲ့ပြောဆိုချက်အရ သိရပါတယ်။

Granada က San Cecilio Clinical Hospital ဆေးရုံသို့ မီးဖွားဖို့ ဆေးရုံရောက်လာကြတဲ့ ကျန်းကျန်းမာမာနဲ့ ကိုယ်ဝန်သည်အမျိုးသမီး ၆၄ ဦးကို လေ့လာခဲ့ပါတယ်။ သူတို့အားလုံးတွေမှာ ပုံမှန်ကိုယ်ဝန်ဆောင်ခဲ့ကြဖူးကြပြီး အလိုအလျောက် သဘာဝအရ မီးဖွားခဲ့ဖူးသူတွေဖြစ်ကြပါတယ်။

၃၂ ဦးပါဝင်တဲ့ အဖွဲ့နှစ်ဖွဲ့မှာ တစ်ခုတည်းသော မတူညီသောအချက်က မွေးပြီး ၁၀ စက္ကန့်မှာ ချက်ကြိုးတွေကို ဖြတ်ပေးပါတယ်။ နောက်တစ်နည်းမှာ  ၂ မိနစ်ကြာပြီးမှ ဖြတ်ခိုင်းခြင်းဖြစ်ပါတယ်။

ချက်ကြိုးဖြတ်ခြင်းမှာ ရောဂါခုခံနိုင်စွမ်းအပေါ် အကျိုးသက်ရောက်မှု ရှိခဲ့ပြီး မီးဖွားနေစဉ်အတောအတွင်း ရောဂါခုခံနှုန်းရဲ့ အားနည်းမှုကိုလည်း လျော့ချပေးပါတယ်။ နောက်ပြီး မွေးဖွားပြီး ပထမရက်တွေမှာ မွေးကင်းစကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ဖော်ပြထားကြောင်း သိပ္ပံပညာရှင်တွေက ပြောဆိုခဲ့ပါတယ်။ 

Source: metro.co.uk
Trend Myanmar

သင့်မွေးကင်းစကလေး ရောဂါခုခံနိုင်စွမ်း ပိုမြင့်စေချင်တယ်၊ ရောဂါခုခံအား ချိနဲ့ခြင်းကို လျော့နည်းစေချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

တစ်ခုတည်းသော လုပ်ရမယ့်အချက်က ချက်ကြိုးဖြတ်ရမယ့်အချိန်ကို ခဏစောင့်ပေးဖို့ပဲဖြစ်ပါတယ်။

ဝန်ကြီးညွှန်ကြားချက်ဖြင့် ဆရာ ယူနီယံများဖွဲ့ရန် ပြင်နေခြင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာအဖွဲ့ချုပ် ကန့်ကွက်


Photo: ဝန်ကြီးညွှန်ကြားချက်ဖြင့် ဆရာ ယူနီယံများဖွဲ့ရန် ပြင်နေခြင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာအဖွဲ့ချုပ် ကန့်ကွက်
Thursday, December 18, 2014

 ဝန်ကြီး၏ညွှန်ကြားချက် အရဟုဆိုကာ တက္ကသိုလ်အသီး သီးတွင် ဆရာ၊ ဆရာမများ ယူနီ ယံနှင့်ကျောင်းသားများယူနီယံတို့ ဖွဲ့စည်းနိုင်ရန် စတင်ဆောင်ရွက် နေသည့်အပေါ် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ ချုပ်က ဒီဇင်ဘာ ၁၆ ရက်တွင် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အလုပ်သမားအဖွဲ့အစည်း ဥပဒေအရ ဖွဲ့စည်းထားသည့် တက္ကသိုလ်ဆရာ၊ ဆရာမများ သမဂ္ဂများကို ပညာရေးဝန်ကြီး ဌာနက အသိအမှတ်ပြုလက်ခံခဲ့ ခြင်းမရှိဘဲ အမျိုးသားပညာရေး နည်းဥပဒေအတည်ပြုပြဋ္ဌာန်းခြင်းမရှိမီ ဝန်ကြီး၏ညွှန်ကြားချက်အရဟုဆိုကာ ယူနီယံဖွဲ့စည်းခြင်း သည် ဆရာ၊ ဆရာမအချင်းချင်း သွေးကွဲစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည်ဟုယူဆကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။

‘‘အခု ဖွဲ့စည်းမယ်ဆိုတဲ့ ဆရာများယူနီယံဆိုတာက ဗဟို က ချုပ်ကိုင်ပြီးတော့ ဝန်ကြီးရဲ့ ညွှန်ကြားချက်အရ ဆိုပြီးတော့ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတွေပါ။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ကန့်ကွက်ကြောင်းတုံ့ပြန်တာပါ’’ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမ များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသုတက ပြောသည်။

 ပညာရေး ဝန်ကြီးဌာနကဗဟိုဦးစီးစနစ်ဖြင့် ညွှန်ကြားလုပ် ဆောင်ခြင်းသည် ဒီမိုကရေစီ ပညာရေးကို အထောက်အကူပြုရန် မဟုတ်ဘဲ ဆရာ၊ ဆရာမတို့၏ လွတ်လပ်သော သဘောဆန္ဒကို လျစ်လျူရှုခြင်းဖြစ်ပြီး လွှတ်တော် နှင့်အစိုးရက အကောင်အထည် ဖော်ဆောင်ရွက်နေသော ဒီမိုကရေစီလမ်းစဉ်နှင့်ပါ ဆန့်ကျင်နေသောကြောင့် ဤလုပ်ဆောင်မှုများအတွက် မြန်မာနိုင်ငံလုံးဆိုင် ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကအပြင်းအထန် ကန့်ကွက်လိုက် ကြောင်း ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။

‘‘အခု လောလောဆယ်က နိုင်ငံခြားဘာသာ တက္ကသိုလ် (UFL)မှာစလုပ်နေတယ်။ တခြား ဌာနတွေမှာလည်း ညွှန်ကြားထား တယ်ပြောတယ်။ အခု စိန်ရတု ခန်းမမှာ အဆင့်မြင့် ပညာရေး ဥပဒေမူကြမ်းကိုဆွေးနွေးတယ်။ ကျောင်းအလိုက် ဆွေးနွေးပွဲတွေ လုပ်ဖို့ရှိတယ်။ မလုပ်ခင် ကျောင်း သားသမဂ္ဂနဲ့ ဆရာသမဂ္ဂဖွဲ့စည်း ဖြစ်ဖို့လိုတယ်။ ပြီးရင် သူတို့တွေနဲ့ ပြန်ပြီးတော့ ဆွေးနွေးပြီးတော့ သူတို့တွေကသဘောတူပါတယ် ဆိုပြီးတော့ လုပ်နိုင်ဖို့အတွက် အခုလို လုပ်နေကြတာပါ’’ ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ  ဆရာ၊ ဆရာမများအဖွဲ့ချုပ်အတွင်းရေး မှူး ဒေါက်တာ အာကာမိုးသူက ပြောသည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအဝင် အခြားမြို့များရှိ တက္က သိုလ်များတွင် တက္ကသိုလ်ဆရာ၊ ဆရာမများသမဂ္ဂ ၁၄ ခုကို ၂၀၁၂ တွင် စတင်ဖွဲ့စည်းထားခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကို ယခုနှစ် မေလအတွင်းက တက္ကသိုလ် ဆရာများသမဂ္ဂ (UTA)များမှ ဆရာများကို အခြေခံ၍ စတင်ဖွဲ့စည်းခဲ့ကာ အဖွဲ့ဝင်ဆရာ၊ ဆရာမ အင်အား ၇၀၀ ကျော်ရှိသည်။

တက္ကသိုလ်စာသင်ခန်းတစ်ခုအတွင်း တွေ့ရသည့် ဆရာမနှင့် ကျောင်းသူလေးများ (ဓာတ်ပုံ −ကျော်ဇင်သန်း)
7Day Daily
တက္ကသိုလ်စာသင်ခန်းတစ်ခုအတွင်း တွေ့ရသည့် ဆရာမနှင့် ကျောင်းသူလေးများ (ဓာတ်ပုံ −ကျော်ဇင်သန်း) 

ဝန်ကြီး၏ညွှန်ကြားချက် အရဟုဆိုကာ တက္ကသိုလ်အသီး သီးတွင် ဆရာ၊ ဆရာမများ ယူနီ ယံနှင့်ကျောင်းသားများယူနီယံတို့ ဖွဲ့စည်းနိုင်ရန် စတင်ဆောင်ရွက် နေသည့်အပေါ် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ ချုပ်က ဒီဇင်ဘာ ၁၆ ရက်တွင် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကျူးကျော်မြေတစ်ကွက် ကျပ်သုံးသိန်းအထိ ဈေးပေါက် လှိုင်သာယာရှိ ကျူးကျော်အများစုမှာ ဧရာဝတီတိုင်းမှလာရောက်သည့် ကျပန်းအလုပ်လုပ်သူများဖြစ်


လှိုင်သာယာမြို့နယ်၊ ၀ါ ၀ါဝင်းကုမ္ပဏီပိုင်မြေနေရာနှင့် မြ စိမ်းရောင်အိမ်ရာစီမံကိန်းမြေနေ ရာများတွင် ၀င်ရောက်ကျူးကျော် ထားသည့် ကျူးကျော်မြေဈေး ကွက်သည် ၁၅ ပေပတ်လည်မြေ တစ်ကွက်လျှင် ကျပ်တစ်သိန်းမှ သုံးသိန်းထိ ပေါက်ဈေးရှိနေပြီး ပြန်လည်ရောင်းချမှုများရှိနေ ကြောင်းသတင်းရရှိသည်။

မလေးရှားတွင် ၁၆ ရက်အတွင်း တရားမဝင်မြန်မာလုပ်သား နှစ်ရာကျော် ဖမ်းမိ


မလေးရှားနိုင်ငံရှိ တရားမဝင်မြန်မာလုပ်သားများ မြန်မာနိုင်ငံသို့ အောက်လမ်းမှ ပြန်လာနေသည်ကို မလေးရှားရဲတပ်ဖွဲ့ကဖမ်းဆီးလျက်ရှိရာ ၁၆ ရက်အတွင်း မြန်မာလုပ်သား ၂၀၀ ကျော်ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

အခြေခံဥပဒေပြင်ဆင်ချက် ဥပဒေကြမ်းကော်မတီတွင် တပ်မတော်သား အမတ်များ မပါတော့


အခြေခံဥပဒေပြင်ဆင် ချက်ဥပဒေကြမ်း ရေးဆွဲရမည့် ပြည်ထောင်စုလွှတ်တော်ဥပဒေ ကြမ်း ပူးပေါင်းကော်မတီမှ တပ်မ တော်သားလွှတ်တော်ကိုယ်စား လှယ်များ ထုတ်ကာ အသစ်ပြန် လည်ဖွဲ့စည်းလိုက်ကြောင်း သ တင်းရရှိသည်။

ဥပဒေကြမ်းပူးပေါင်းကော်မ တီတွင် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ၁၅ ဦး၊ အမျိုးသားလွှတ်တော်မှ ၁၅ ဦးပါဝင်ဖွဲ့စည်းထားရာမှ ကော်မတီဝင်ခုနစ် ဦးစီနှင့် ဥက္ကဋ္ဌအပါအ၀င် ၁၅ ဦး ဖြင့်သာ ပြန်လည်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် အသစ်ဖွဲ့လိုက် သည့် ပူးပေါင်းကော်မတီတွင် အ မျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီ၌ ပါဝင်သည့် တပ်မတော်သားကိုယ်စားလှယ်များလည်း မပါဝင်တော့ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်မည့် ဥပဒေကြမ်းကို လွှတ် တော်နှစ်ရပ် ပေါင်းစည်းထား သည့် ဥပဒေကြမ်းပူးပေါင်းကော် မတီကသာ ရေးဆွဲမည်ဖြစ်ကြောင်းအခြေခံဥပဒေပြင်ဆင်နိုင်ရေး အ ကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောကြားထားသည်။

လွှတ်တော် နှစ်ရပ်စလုံးမှ တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ်များသည် အခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးမှုများတွင် ပုဒ်မအများစုကို မူလအတိုင်းသာထားရှိရန် ဆွေးနွေးခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သည် အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ၎င်း၏ မိန့်ခွန်းများတွင် တရားဝင်အသိပေးထားသည်။

အခြေခံဥပဒေအရပင် ဥပ ဒေကြမ်းပူးပေါင်းကော်မတီက ရေးဆွဲရမည်ဖြစ်သော်လည်း မည် သည့်အချက်များ ပြင်ဆင်မည် ဆိုသည်ကို လွှတ်တော်က ဆုံး ဖြတ်ပြီး တရားဝင်တာဝန်ပေးမှ သာ စတင်ရေးဆွဲရမည်ဟု ပြည် သူ့လွှတ်တော်ဥပဒေကြမ်းကော် မတီ အတွင်းရေးမှူး ဦးစောလှ ထွန်းက ပြောသည်။

ဥပဒေကြမ်းပူးပေါင်းကော် မတီ၏ အစည်းအဝေးကို ဒီဇင်ဘာ၁၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီကပါ ပါဝင်၍ ၂၀၁၅- ၁၆ ဘဏ္ဍာနှစ်အတွက် ဘတ် ဂျက်ညှိနှိုင်းခြင်းကို စတင်ပြုလုပ် မည်ဟု ပူးပေါင်းကော်မတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။

7Day Daily

လာမည့်နှစ်အတွင်း တင်သွင်းခွင့်ပြုမည့် မော်တော်ယာဉ် မော်ဒယ်လ်နှစ်များ စီးပွား/ကူးသန်း ထုတ်ပြန်



စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်အတွင်း တင်သွင်းခွင့်ပြုမည့် မော်တော်ယာဉ် မော်ဒယ်လ်နှစ် သတ်မှတ်ချက်များကို ထုတ်ပြန်လိုက်သည်။

ဘော်စတွန် မာရသွန်ပြေးပွဲ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး နောက်ဆုံး စစ်ဆေးစီရင်မှု ပြုလုပ်မည်


BombBrother
ဘော်စတွန် မာရသွန် ပြိုင်ပွဲအား ဗုံးခွဲတိုက်ခိုက်ခဲ့သူဟု စွပ်စွဲခြင်း ခံထားရသူ ဒဇိုခါ ဇာနာယက်ဗ်သည် လာမည့် ဇန်နဝါရီလတွင် စတင်မည့် စစ်ဆေး စီရင်မှု အတွက် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တရားရုံးသို့ လာရောက်ရမည် ဖြစ်ရာ ၁၇ လကြာ ကာလ အတွင်းတွင် ပထမဆုံး အကြိမ် အဖြစ် အများပြည်သူ ရှေ့မှောက်သို့ ပြန်လည် ရောက်ရှိ လာခြင်း ဖြစ်သည်။

သံတွဲတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ် တစ်ခု၌ ကျူးလွန်သူ သုံးဦးကို ထောင်ဒဏ်နှစ် ၃၀ စီချ


သံတွဲမြို့နယ်တွင် ၂၀၁၃ အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ၌ ဦးဆောင်ပါဝင်ခဲ့သူ သုံးဦးကို ထောင်ဒဏ်နှစ် ၃၀ပြစ်ဒဏ်ချမှတ် ခဲ့ကြောင်းသတင်းရရှိသည်။

ယင်းဖြစ်စဉ်တွင် ရခိုင်လူမျိုး နှစ်ဦးသေဆုံးခဲ့ပြီး ထောင်ဒဏ်ချ မှတ်ခံရသူများမှာ အစ္စလာမ်ဘာ သာဝင်များဖြစ်သည်။

USAID အကြီးအကဲ နှုတ်ထွက်


Photo: USAID အကြီးအကဲ နှုတ်ထွက်
Thursday, December 18, 2014
 
အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ USAID အကြီးအကဲ နှုတ်ထွက်သွားပါတယ်။ DR. RaJiv Shah ဟာ ၁၆ ယောက်မြောက် USAID အကြီးအကဲအဖြစ် ၂၀၀၉ ခုနှစ်က စတင် တာဝန်ထမ်းဆောင်ခဲ့တာပါ။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အခုလို နှုတ်ထွက်လိုက်တာနဲ့ ပတ်သတ်ပြီး စိတ်လှုပ်ရှားပေမဲ့ ဘာကြောင့် အခုလို ဆုံးဖြတ်ခဲ့တယ်ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။ ဖေဖေါ်ဝါရီလမှာ သူ့တာဝန်ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ကျူးဘားအကျဉ်းထောင်ထဲမှာ ၅ နှစ်ကြာ အကျဉ်းကျခဲ့တဲ့ USAID အမှုထမ်း ကန်ထရိုက်တာ Alan Gross လွတ်မြောက်လာပြီး မကြာခင်မှာပဲ အခုလို ကြေညာချက် ထွက်လာတာပါ။ မစ္စတာ Gross ဟာ ကျူးဘားနိုင်ငံထဲကို တားမြစ်ထားတဲ့ နည်းပညာတွေကို ရောက်အောင်လုပ်ပေးခဲ့တာကြောင့် ၂၀၀၉ ခုနှစ်မှာ အဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။ သူ အခုလို အဖမ်းခံခဲ့ရတာကြောင့် USAID ရဲ့ အစီအစဉ်တွေအပေါ် အမေရိကန် လွှတ်တော်အမတ်တွေက ဝေဖန်ခဲ့ကြတာပါ။

AP သတင်းဌာနရဲ့ သီးခြားစုံစမ်းမှုအရ ကျူးဘားအစိုးရအဖွဲ့အတွင်း မတည်မငြိမ်ဖြစ်အောင် အချက်အလက်တွေ ဖလှယ်နိုင်တဲ့ Twitter လိုမျိုး လူမှုကွန်ယက်တခု တည်ဆောက်ဖို့နဲ့ ကျူးဘားအရေး တက်ကြွလှုပ်ရှားသူတွေကို စုစည်းဖို့ ရည်ရွယ်ချက်နဲ့ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ဆိုတဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ USAID က အစီအစဉ်တွေ ချမှတ်ခဲ့တာပါ။

ဒါပေမဲ့လည်း Dr. Shah ဟာ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုတော့ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီမိုကရေစီဖော်ဆောင်မှုလုပ်ငန်းတွေ၊ ကမ္ဘာတလွှား ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နေတဲ့ တချိန်တည်းမှာ သူဟာ ဒီအဖွဲ့ကို ပိုပြီး ခေတ်မီဆန်းသစ်အောင် လုပ်နိုင်သူအဖြစ် အမေရိကန် နိုင်ငံခြားရေး John Kerry က ချီးကျူး ပြောဆိုပါတယ်။

အမေရိကန်သမ္မတ အိုဘားမားကလည်း မစ္စတာ Shah ဟာ အမေရိကန်ရဲ့ အကောင်းဆုံး တန်ဖိုးထားမှုတွေကို ပုံဖော်နိုင်သူတဦးအဖြစ်နဲ့ ချီးကျူးပြောဆိုခဲ့ပါတယ်။ Dr. Shah ဟာ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းနဲ့ အများယုံကြည်လက်ခံတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ USAID ကနေ ပံ့ပိုးကူညီမယ်လို့ ပြောခဲ့သလို ဒီနှစ်ဆန်းက ရောက်ခဲ့ချိန်မှာလည်း ကျေးလက်နေ လူထုတိုးတက်ရေးအတွက် အဓိက ကူညီထောက်ပံ့ပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

VOA

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ USAID အကြီးအကဲ နှုတ်ထွက်သွားပါတယ်။ DR. RaJiv Shah ဟာ ၁၆ ယောက်မြောက် USAID အကြီးအကဲအဖြစ် ၂၀၀၉ ခုနှစ်က စတင် တာဝန်ထမ်းဆောင်ခဲ့တာပါ။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အခုလို နှုတ်ထွက်လိုက်တာနဲ့ ပတ်သတ်ပြီး စိတ်လှုပ်ရှားပေမဲ့ ဘာကြောင့် အခုလို ဆုံးဖြတ်ခဲ့တယ်ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။ ဖေဖေါ်ဝါရီလမှာ သူ့တာဝန်ကုန်ဆုံးမှာ ဖြစ်ပါတယ်။

လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ The Elders ကို ကော်မရှင် အာမခံ

 
The Elders အဖွဲ့ကို မြန်မာသမ္မတဦးသိန်းစိန် လက်ခံတွေ့ဆုံနှုတ်ဆက်နေစဉ် (ဓာတ်ပုံ - မြန်မာသမ္မတရုံးဝပ်ဆိုဒ်)
  
မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်အတွင်း ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာစွာနဲ့ ကျင်းပပေးသွားမှာ ဖြစ်ပါတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက နေပြည်တော်မှာ ရောက်ရှိနေတဲ့ The Elders လို့ခေါ်တဲ့ ကမ္ဘာ့အထင်ကရ ခေါင်းဆောင်ကြီးများအဖွဲ့ရဲ့ အဖွဲ့ဝင်တွေကို မနေ့က ပြောကြားလိုက်ပါတယ်။

Wednesday, December 17, 2014

လူမှုဖူလုံရေးနှင့် အလှမ်းဝေးနေသည့် လုပ်ငန်းခွင်များရှိ စက်ရုံအလုပ်သမားများ လက်ရှိအချိန်ထိ မီးဖွားခွင့် မခံစားရသေး



အမျိုးသမီးလုပ်သားများအတွက် မီးဖွားခွင့်ကို သတ်မှတ်ပေးထား သော်လည်း လူမှုဖူလုံရေးနှင့်အလှမ်း ဝေးနေသည့်လုပ်ငန်းခွင်များရှိ စက်ရုံ အလုပ်သမားများတွင် လက်ရှိအချိန် ထိ အကျိုးခံစားခွင့် မရရှိသေး ကြောင်း သိရသည်။

စီအိုင်အေက ရက်စက်ယုတ်မာသော နည်းများကို အသုံးပြုခြင်းမှာ တရားမျှတသည်ဟု အမေရိကန် ပြည်သူတစ်ဝက်က ယုံကြည်



အကြမ်းဖက်ဝါဒတိုက်ဖျက် ရေးစစ်ပွဲဆင်နွှဲရာတွင် ဖမ်းဆီးရမိ ပြီး ထိန်းသိမ်းထားသူများကို စီအိုင် အေက ညှဉ်းပန်းနှိပ်စက်သည့် ရက် စက်ကြမ်းကြုတ်သော နည်းလမ်းများ ကို အသုံးပြုလျက် စစ်ဆေးမေးမြန်း ခြင်းသည် တရားမျှတမှုရှိသည်ဟု အမေရိကန်နိုင်ငံသား တစ်ဝက်ခန့် တို့က ယုံကြည်သည်ဟု သိရသည်။

အစုလိုက် ကွပ်မျက်မှု ဓာတ်ပုံများကို အစ္စလာမ်မစ်စတိတ် စစ်သွေးကြွများ ထုတ်ပြန်


ဘဂ္ဂဒက်၊ ဒီဇင်ဘာ ၁၆။ ဆွန်နီမွတ်စလင် မျိုးနွယ်စု လက်နက်ကိုင်များဟု ဆိုကြသော အမျိုးသား ၁၃ ဦးအား အီရတ်နိုင်ငံ မြောက်ပိုင်းရှိ တီကရက် မြို့အနီး တွင် အစ္စလာမ်မစ်စတိတ် အဖွဲ့က ၎င်းတို့ ကွပ်မျက်ထားသော ဓာတ်ပုံများကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်စုများ လူ့အခွင့်အရေးဆုံးရှုံးနေဟုဆို



ကချင်ပြည်နယ်အတွင်း လူ့ အခွင့်အရေးချိုးဖောက်ခံရသည့် အရေအတွက်တွင် လယ်ယာစိုက် ပျိုးရေးအဓိကလုပ်ကိုင်စားသောက် နေသော ရှမ်းမျိုးနွယ်စုအများဆုံး ဖြစ်သည်ဟု ယခုလ ၁၁ ရက်တွင် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က ပြောသည်။ရှမ်းမျိုးနွယ်စုများသည် ၄င်း တို့ အသက်မွေးဝမ်းကျောင်းပြုနေ သည့် အခင်း၊ စိုက်ခင်း၊ လယ်ယာ မြေများအပေါ် KIA တို့က ဆက် ကြေးကောက်ခံခြင်း၊ လူသစ်စု ဆောင်းခြင်း၊ အလိုမတူဘဲသား မယားပြုကျင့်ခြင်း၊

ရွေးကောက်ပွဲ ကော်မရှင်နှင့် အနုပညာရှင်များ တွေ့ဆုံမှု မဲဆွယ်ရန်မဟုတ်ဟု ဦးတင်အေးပြော


U-Tin-Aye

 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အနုပညာရှင်များနှင့် တွေ့ဆုံမှု တစ်ရပ်ပြုလုပ်ခဲ့ပြီး ထိုသို့တွေ့ဆုံခြင်းသည် အာဏာရ အစိုးရ၏ ဝါဒဖြန့်ချိရေး၊ မဲဆွယ်စည်းရုံးရေးအတွက်မဟုတ်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်းပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

ဗီဇာအတုဖြင့် မလေးရှားတွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သား ၄၅ ဦး ပြန်ရောက်လာ



မလေးရှားနိုင်ငံသို့ ဗီဇာ အတုဖြင့် သွားရောက်ခဲ့၍ ထောင် ဒဏ် တစ်နှစ်စီချမှတ်ဖမ်းဆီးခံ ထားရပြီးနောက် လွတ်ငြိမ်းချမ်း သာခွင့်ရရှိသူများ မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၅ ရက် တွင် ပြန်လည်ရောက်ရှိလာသည်။

ဒီဇင်ဘာ ၁၅ ရက် ည ၉ နာရီခန့်တွင် စုစုပေါင်း ၁၅ ဦး မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့၏ မိသားစုများလာရောက်ကြိုဆိုခဲ့ကြသည်။

ဂျာမနီနိုင်ငံ၌ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်



အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဂျာမနီနိုင်ငံ ဒရက်ဒန်မြို့၌ ပြုလုပ်ရာတွင် လူပေါင်း ၁၀,၀၀၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

သံတွဲ ပဋိပက္ခအတွင်း လူသတ်မှုကျူးလွန်သူများ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ


သံတွဲထောင် (ဓါတ်ပုံ- နိရဉ္စရာ)

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း လူသတ်မှု ကျူးလွန်သူ မွတ်ဆလင် (၁၀) ဦးအား ဒီဇင်ဘာလ ၁၆ ရက်နေ့က နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။

ထောင်ဒဏ် ချမှတ် ခံရသူများ အထဲမှ (၃) ဦး ထောင်ဒဏ် တစ်သက် တစ်ကျွန်းနှင့် ကျန်လူများကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း

အမိန့် အာဏာဖြင့် ဆရာ၊ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းစေခြင်းကို မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် ကန့်ကွက်


ဆရာ၊ ဆရာမ သမဂ္ဂများ၊ ကျောင်းသား သမဂ္ဂ များကို အမိန့် အာဏာဖြင့် ဖွဲ့စည်း စေခြင်းကို အပြင်းအထန် ကန့်ကွက်ကြောင်း မြန်မာ နိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ထုတ်ပြန် လိုက်သည်။
ပညာရေး ၀န်ကြီးဌာနသည် ပညာရေး နည်း ဥပဒေများ ရေးဆွဲ အတည်ပြုရခြင်း မရှိသေးမီ ၀န်ကြီး၏ အမိန့်ဟု ဆိုကာ တက္ကသိုလ် ကောလိပ် များတွင် ဆရာ၊ ဆရာမ ယူနီယံများ၊ ကျောင်းသား ယူနီယံများ ဖွဲစည်းရန် လုပ်ဆောင်နေ သဖြင့် ထိုကဲ့သို့ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း အဆိုပါ အဖွဲ့ချုပ် ထံမှ သိရသည်။

စာသင်ကျောင်း တိုက်ခိုက်မှုအပြီး ပါကစ္စတန်တွင် သုံးရက်ကြာ ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ် သတ်မှတ်



နိုင်ငံသမိုင်းတစ်လျှောက် အဆိုးရွားဆုံး စာရင်းဝင် အကြမ်းဖက်မှုကြီး တစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီးနောက် ပါကစ္စတန်နိုင်ငံ၊ ပီရှာဝါမြို့တွင် သုံးရက်ကြာ ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ် သတ်မှတ်ကြေညာ ထားလိုက်ကြောင်း သတင်းရရှိသည်။

ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ်က စစ်တပ်အုပ်ထိန်းမှုအောက်ရှိ စာသင်ကျောင်း တစ်ကျောင်းကို တာလီဘန် အကြမ်းဖက်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတော်အဆင့် ဝမ်းနည်းမှု အထိမ်းအမှတ် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် အပြစ်မဲ့ ကျောင်းသူ ကျောင်းသား ကလေးငယ် (၁၃၂)ဦးနှင့် ပညာရေးဝန်ထမ်း (၉)ဦးတို့ သေဆုံးခဲ့ရသည်။

Father Land ကုမ္ပဏီပိုင်ရှင် ထွက်ပြေးတိမ်းရှောင်ဟု သတင်းများထွက်


ငွေကြေးနှင့် စာချုပ်စာတမ်းကိစ္စများ လိမ်လည်ခဲ့မှုများနှင့် တရားစွဲခံနေရသော Father Land ကုမ္ပဏီမှ ပိုင်ရှင် ဦးကျော်မြင့်မှာ ကျောက်တံတားမြို့နယ် တရားရုံးသို့ ဒီဇင်ဘာလ ၁၆ ရက်နေ့က လာရောက်ခဲ့ခြင်း မရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်နေပြီဟု ယူဆရကြောင်း လိမ်လည်ခံရသည့် အိမ်၊ ခြေ၊ မြေ ဝယ်ရောင်း လုပ်ကိုင်နေသူများထံမှ စုံစမ်းသိရှိရသည်။

မြို့တော်ခန်းမအထွက် တံခါးကိုပိတ်၍ သပိတ်စခန်းဖွင့်သူများကို အရေးယူမည်



မြို့တော်ခန်းမရှေ့အထွက် တံခါးကိုပိတ်၍ သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော်နေခြင်းမှာ အစိုးရရုံးဌာနကို ပိတ်ဆို့ခြင်း ဖြစ်သည့်အတွက် ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်ရာ တရားဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက သတင်းမီဒီယာများသို့ ပြောကြားသည်။

ရခိုင်ပြည်နယ်နေ့ အခမ်းအနား ဘင်္ဂလာဒေရှ့် နယ်စပ် အနီးတွင်ကျင်းပ


arakan-state-day-on-border-2

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်ခဲ့သော နှစ် (၄၀) မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းကို မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် ကျေးရွာ တစ်ခုဖြစ်သော ကြိမ်ချောင်းရွာတွင် ကျင်းပခဲ့ရာ အထူးစည်ကားခဲ့သည်ဟု သတင်း ရရှိသည်။

အာဏာပြန်မသိမ်းရန် လွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းထားခြင်းဖြစ်ဟု ဦးတင်အေးပြောကြား



မြန်မာနိုင်ငံရေးတွင် တပ်မတော်က အာဏာသိမ်းမှု ထပ်မံမဖြစ်ပွားစေရန်အတွက် အခြေခံဥပဒေအရ လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို ထည့်သွင်းထားခြင်း ဖြစ်ကြောင်း တပ်မတော် ဗိုလ်ချုပ်ကြီးဟောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

မိုင်းယောင်းမြို့၌ သောင်းကျန်းသူ ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်




ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၊ မြို့မအားကစားကွင်း၌ ဒီဇင်ဘာ ၁၄ ရက်၊ နံနက်(၉)နာရီ အချိန်က သောင်းကျန်းသူ ဆန့်ကျင်ရှုတ်ချပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယား နိုင်ငံ၏ လူ့အခွင့်ရေး ချိုးဖောက်မှုကိစ္စ လာမည့် သီတင်းပတ်၌ လုံခြုံရေးကောင်စီတွင် ဆွေးနွေးမည်



NorthRight
မြောက်ကိုရီးယားတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေပြီး အထူးသဖြင့် အကျဉ်းထောင်များတွင် ဖြစ်သည်။

လူ့အခွင့်ရေးကို ချိုးဖောက်သည့် ရာဇ၀တ်မှုများနှင့် စပ်လျဉ်း၍ မြောက်ကိုရီးယားနိုင်ငံ ကို နိုင်ငံတကာ တရားရုံးသို့ တင်ရန် တောင်းဆိုမှုများ ရှိနေစဉ် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် လာမည်သီတင်းပတ် တွင် မြောက်ကိုရီးယားနိုင်ငံ၏ လူ့အခွင့်ရေး ချိုးဖောက်မှု မှတ်တမ်းကို ဆွေးနွေး သွားမည်ဖြစ်သည်။

တက္ကသိုလ်တိုင်းလွတ်လပ်စွာ စီမံခွင့်ရှိမည့် အချက်လေးချက်ကို အဆင့်မြင်ပညာ ဥပဒေတွင် ထည့်သွင်းထားဟု ဝန်ကြီးပြော



ရန်ကုန် (မဇ္ဈိမ)။ ။ တက္ကသိုလ်တိုင်း၏ လွတ်လပ်စွာ စီမံခွင့်ကို အချက်လေးချက်ဖြင့် အကောင် အထည်ဖော်ရန် အဆင့်မြင့်ပညာ ဥပဒေတွင်ထည့်သွင်းထားကြောင်း ပညာရေးဝန်ကြီး ဒေါက်တာ ခင်စန်းရီက ပြောကြားလိုက်သည်။

ကချင်ဒုက္ခသည်တွေထံ အထောက်အကူပေးမှု ကုလအခက်ကြုံ


ကချင်ပြည်နယ် လိုင်ဇာမြို့ အနီးက ကချင်စစ်ပြေးဒုက္ခသည်စခန်းတွင်းက ကလေးငယ်များ ( ဇန်နဝါရီ ၄၊ ၂၀၁၃)။
မြန်မာနိုင်ငံမြောက်ပိုင်းက သူပုန်တွေထိန်းချုပ်ထားပြီး စစ်မက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်အတွင်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ထောင်နဲ့ချီတဲ့ လူတွေထံကို သွားလို့မရဖြစ်နေတာ ၂ လ ရှိနေပြီဖြစ်ပြီး မကြာခင်ကဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေကြောင့် အခြေနေတွေ တင်းမာနေသလို နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ တိုးလာနေတယ်လို့ ကုလသမဂ္ဂက အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

ပြည်ကမ်းနားလမ်းမှ ကျူးကျော်တဲ ၂၁ လုံးကို တစ်လုံးငါးသောင်းပေး၍ ပြောင်းရွှေ့ခိုင်း

Photo: ပြည်ကမ်းနားလမ်းမှ ကျူးကျော်တဲ ၂၁ လုံးကို တစ်လုံးငါးသောင်းပေး၍ ပြောင်းရွှေ့ခိုင်း
Wednesday, December 17, 2014

ပြည်မြို့ ဆံတော်ရပ်ကွက် ကမ်းနားလမ်း သဘောင်္ဆိပ်အနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဆောက်လုပ်ထားသော ကျူးကျော်နေအိမ် ၂၁လုံးကို တစ်လုံးလျှင် ကျပ်ငါးသောင်းနှုန်း ထောက်ပံ့ကြေးပေး၍ ဒီဇင်ဘာ ၁၆ ရက်တွင် ရွှေ့ပြောင်းခိုင်းထားကြောင်း ဆံတော်ရပ်ကွက် ရာအိမ်စုမှူး ဦးသိန်းဆွေက ပြောသည်။

“အခုနိုင်ငံခြားသားက တစ်လ သဘောင်္လေးငါးစီးဝင်တယ်။ နိုင်ငံခြားသားတွေလာရင် အမြင်မသင့်တဲ့ အတွက် နေရာရွှေ့ဆောက် ခိုင်းတာပါ” ဟု ဆံတော်ရပ်ကွက် ရာအိမ်စုမှူး ဦးသိန်းဆွေက ပြောသည်။

ကျူးကျော်တဲမြေနေရာများကို ရန်ကုန်မြို့နေသူတစ်ဦးက ပိုင်ဆိုင်ပြီး မြေကွက်ပိုင်ရှင်က တဲတစ်လုံးလျှင် ငွေငါးသောင်း ထောက်ပံ့ပေး မည်ဖြစ်ကြောင်း ရာအိမ်စုမှူး ဦးသိန်းဆွေက ပြောသည်။

တဲအိမ်များကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း အနောက်ဘက် ကမ်းနား အမှိုက်ပုံနေရာသို့ ပြောင်းရွှေ့ခိုင်း ထားသည်။ ဒီဇင်ဘာ ၁၆ ရက်တွင် ရွှေ့ပြောင်းရန် တဲ ၁၈လုံးဖျက်ထားကြပြီး တဲ ၃ လုံးသာ ကျန်တော့သည်။

ရွှေ့ပြောင်းလိုက်ရသော နေရာတွင်လည်း ထပ်မံရွှေ့ပြောင်းခံရနိုင်သည့်အတွက် တဲအိမ်ပိုင်ရှင်များက စိုးရိမ်နေကြသည်။ ရွှေ့ပြောင်းစရိတ် မလောက်ငှသည့်အတွက် ပြောင်းရွှေ့ရန် အခက်အခဲရှိပြီး ရွှေ့ပြောင်းစရိတ်ကို မထုတ်ပေးသေးကြောင်း တဲပိုင်ရှင်များက ပြောသည်။

“စရိတ်က နှစ်သိန်းလောက်ကုန်မှာ။ အလုပ်လည်းပျက်မယ်။ အခုရွှေ့ခိုင်းတဲ့နေရာကိုလည်း ဘယ်သူမှ အာမမခံဘူး။ ဒီနေရာကနေ ဘယ်ကိုထပ်ရွှေ့ရမလဲမသိဘူး” ဟု ရွှေ့ပြောင်းရန် ပြင်ဆင်နေသည့် ကိုစိုင်းကိုက ပြောသည်။

တဲအိမ်မဖျက်ရသေးသူ ဒေါ်စန်းစန်းအေးက “အခုလောလောဆယ် ကျွန်မတို့မှာ ကြိုးတစ်ခွေဖိုးတောင် ဝယ်ဖို့ပိုက်ဆံမရှိဘူး။ ကျွန်မက တစ်ယောက်တည်းနေရတာ။ ကျန်းမာရေးကလည်း မကောင်းတော့ ဖျက်ပေးမယ့် လူလည်းမရှိဘူး။ ဆောက်ပေး မယ့်လူလည်းမရှိဘူး” ဟုပြောသည်။

မဇ္ဈိမ

ပြည်မြို့ ဆံတော်ရပ်ကွက် ကမ်းနားလမ်း သဘောင်္ဆိပ်အနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဆောက်လုပ်ထားသော ကျူးကျော်နေအိမ် ၂၁လုံးကို တစ်လုံးလျှင် ကျပ်ငါးသောင်းနှုန်း ထောက်ပံ့ကြေးပေး၍ ဒီဇင်ဘာ ၁၆ ရက်တွင် ရွှေ့ပြောင်းခိုင်းထားကြောင်း ဆံတော်ရပ်ကွက် ရာအိမ်စုမှူး ဦးသိန်းဆွေက ပြောသည်။

ရုရှားအပေါ် ပိတ်ဆို့မှုအသစ် ချမှတ်ဖို့ အိုဘားမားပြင်ဆင်




ယူကရိန်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အရေးအခင်းမှာ ရုရှားရဲ့ ပါဝင်ပတ်သက်နေမှုကြောင့် အရေးယူပိတ်ဆို့မှု အသစ်တွေ ပြုလုပ်ဖို့အတွက် ခွင့်ပြုတဲ့ဥပဒေကို အတည်ပြု လက်မှတ်ရေးထိုးဖို့ သမ္မတ ဘရက်ခ် အိုဘားမားက ဆုံးဖြတ်လိုက်ပြီလို့ အမေရိကန် သမ္မတအိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။

စတုတ္ထတန်းမြန်မာစာမေးခွန်း ဗိုလ်ချုပ်မွေးနေ့ မှားယွင်းဖော်ပြ


Photo: စတုတ္ထတန်းမြန်မာစာမေးခွန်း ဗိုလ်ချုပ်မွေးနေ့ မှားယွင်းဖော်ပြ
Wednesday, December 17, 2014

ခရိုင်အဆင့်အခြေခံ ပညာစတုတ္ထတန်း ဒီဇင်ဘာ စာ မေးပွဲ မြန်မာစာမေးခွန်းလွှာတွင် အမျိုး သားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့ကို ဖေ ဖော်ဝါရီ ၁၅ ရက်ဟု မှားယွင်း ဖော်ပြထားသည်။

ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များတွင်စစ်ဆေးသော မြန်မာစာမေးခွန်း၊ နံပါတ် (၅) တွင် ‘‘ဗိုလ်ချုပ်အောင် ဆန်းကို နတ်မောက်မြို့တွင် ၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ မွေးဖွားခဲ့ပါသည်’’ဟု ဖော် ပြထားခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း အ ကြောင်း စာပိုဒ်ဖတ်၍ ပေးထား သော မေးခွန်းများကို ဖြေဆိုရသည့် ၁၀ မှတ်တန်မေးခွန်းတွင် ဗိုလ်ချုပ် အောင်ဆန်း၏ မွေးဖွား ရာဇာတိ၊ မွေးသက္ကရာဇ်နှင့် မိဘများကို ဖော်ပြရန် မေးထား ခြင်းဖြစ်သည်။

‘‘ဗိုလ်ချုပ်အောင်ဆန်းမွေး နေ့မှားနေတာကို စာမေးပွဲခန်း စောင့်တဲ့ ဆရာမတွေလည်း သိပါ တယ်။ ကျောင်းသားတချို့လည်း သိနေပါတယ်’’ဟု ရန်ကုန်အရှေ့ ပိုင်းခရိုင်ရှိ စာမေးပွဲခန်းစောင့် ကြပ်ရသော ဆရာမတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁၃ ရက်တွင် မွေးဖွားခဲ့သော ဗိုလ်ချုပ်အောင် ဆန်း၏ မွေးနေ့ကို မြန်မာစာမေး ခွန်း၌ မှားယွင်းဖော်ပြခဲ့မှုနှင့် ပတ်သက်၍ လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင်လည်း ပျံ့နှံ့ နေပြီး ဝေဖန်ပြောဆိုမှုများရှိနေ သည်။

‘‘စာမေးပွဲမေးခွန်းက သက် ဆိုင်ရာခရိုင်အလိုက် ထုတ်တာ ပါ။ မေးခွန်းတွေက အားလုံး အတူတူမဟုတ်ပါဘူး။ မှားသွား ရင်တော့ ပြင်ဆင်ဖို့အတွက် ပြော ဆိုမှာပါ’’ဟု အမှတ် (၃) အခြေခံ ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ် ဦးကဆိုသည်။

ပညာရေးဝန်ကြီးဌာနသည် စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့ အတွက် သက်ဆိုင်ရာခရိုင်အ လိုက် မေးခွန်းထုတ်၍ စစ်ဆေး သည့်စနစ်ကို ယခုပညာသင်နှစ်တွင် စတင်ကျင့်သုံးမည်ဖြစ်ပြီး  ယင်းကို စာမေးပွဲအကြို အစမ်းစာမေး ပွဲများစစ်ဆေးနေခြင်းဖြစ်သည်။

စတုတ္ထတန်း မြန်မာစာမေးခွန်းတွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ မှားယွင်းဖော်ပြထားပုံ
7Day Daily


စတုတ္ထတန်း မြန်မာစာမေးခွန်းတွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ မှားယွင်းဖော်ပြထားပုံ


ခရိုင်အဆင့်အခြေခံ ပညာစတုတ္ထတန်း ဒီဇင်ဘာ စာ မေးပွဲ မြန်မာစာမေးခွန်းလွှာတွင် အမျိုး သားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့ကို ဖေ ဖော်ဝါရီ ၁၅ ရက်ဟု မှားယွင်း ဖော်ပြထားသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်း ပထမဆုံးဥက္ကဋ္ဌအဖြစ် ကျောင်းသူတစ်ဦးအား ရွေးချယ်

Photo: ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်း ပထမဆုံးဥက္ကဋ္ဌအဖြစ် ကျောင်းသူတစ်ဦးအား ရွေးချယ်
Wednesday, December 17, 2014

သမိုင်းအစဉ်အလာကြီး မားခဲ့သည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ဒီဇင် ဘာ ၂၆ ရက်တွင် ပြန်လည်ဖွဲ့ စည်းခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် သမဂ္ဂဥက္ကဋ္ဌအဖြစ် ကျောင်းသူတစ်ဦးအား တင်မြှောက်ခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တက္ကသိုလ်ကျောင်း သားသမဂ္ဂ ပြန်လည်ဖွဲ့စည်းခဲ့ သည့် ရည်ရွယ်ချက်မှာ အဓိက အနေဖြင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက် အအုံပြန်လည်တည်ဆောက်ပေး ရန်၊ ကျောင်းသားအခွင့်အရေးကို တန်းတူညီမျှရရှိစေရန်ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ယာယီအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ မအိဆွေမြတ်ကပြောသည်။

‘‘ကျောင်းသားသမဂ္ဂ အနေနဲ့ ကျောင်းသားထုရှေ့ကနေပြီး တော့ လိုအပ်နေတဲ့ အခွင့်အရေး တွေကို တန်းတူရရှိနိုင်ဖို့အတွက် တောင်းဆိုသွားမှာပါ။ သမဂ္ဂ အနေနဲ့ ရန်ကုန်တက္ကသိုလ်မှာ တက္ကသိုလ် ကျောင်းသား အ ဆောက်အအုံ ပြန်လည်တည် ဆောက်ပေးဖို့အတွက် လမ်းစဉ် တစ်ခုချပြီးတော့ ဆောင်ရွက်သွား မည်လို့ ဆုံးဖြတ်ချက်ချထားပါ တယ်။ အခုဖွဲ့ထားတဲ့ ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ က ဘယ်နိုင်ငံရေး ပါတီအဖွဲ့ အစည်း၊ မည်သူ တစ်ဦးတစ် ယောက်ရဲ့ ချုပ်ကိုင်မှုအောက်မှာ မရှိဘဲနဲ့ မည်သည့်ကိစ္စကိုမဆို လွတ်လွတ်လပ်လပ်ဖော်ဆောင်  ပြောဆိုနိုင်တဲ့၊ ဆုံးဖြတ်ချက်ချနိုင် တဲ့ အဖွဲ့အစည်းတစ်ခု အနေနဲ့ ရပ်တည်မှာပါ’’ ဟု မအိဆွေမြတ် ကပြောသည်။

အဆိုပါ သမဂ္ဂကို ယာယီအလုပ် အမှုဆောင်အဖွဲ့ဝင် ၁၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီးဥက္ကဋ္ဌအဖြစ် မြန်မာစာ ဒုတိယနှစ်ကျောင်းသူ မအိဆွေမြတ်အားရွေးချယ်တင် မြှောက်ခဲ့ကြပြီး ပါဝင်လိုသည့် ကျောင်းသားများကို အဖွဲ့ဝင် အဖြစ် လက်ခံပြီးပါက ကျောင်း သားများသမဂ္ဂဖွဲ့စည်းပုံ ပြန်လည်ရေးဆွဲ၍ ရွေးချယ်တင်မြှောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂယာယီအလုပ်အမှုဆောင် အဖွဲ့အတွင်းရေးမှူး ကိုခန့်ဝေ ဟိဏ်းကပြောသည်။ မြန်မာနိုင်ငံ၏ ကျောင်းသားသမဂ္ဂများသမိုင်းတွင် ဗိုလ်ချုပ် အောင်ဆန်း၊ ကိုနု၊ ကိုရာရှစ်၊ ကိုဗဟိန်း၊ ကိုဘဂျမ်းတို့ အပါ အ၀င် ထင်ရှားသည့် ပုဂ္ဂိုလ်များ ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ သည့် ကျောင်းသားသမဂ္ဂအ ဆောက်အအုံကို ၁၉၆၂ ဇူလိုင် ၇ ရက်တွင် တော်လှန်းရေးကောင်စီ အစိုးရက ဖျက်ဆီးခဲ့ပြီးသည့် နောက်ပိုင်း ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများ နည်းပါးသွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ၁၉၉၆ က ပိတ်ထားခဲ့ပြီး နောက်ပိုင်း ဘွဲ့လွန်သင်တန်းများကို သာ သင်ကြားပေးနေရာမှ ၂၀၁၃ ဒီဇင်ဘာတွင် ၀ိဇ္ဇာ၊ သိပ္ပံဘာသာ ရပ်ဘွဲ့ကြိုသင်တန်းများကို ပြန် လည်ဖွင့်လှစ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေစဉ် (ဓာတ်ပုံ− နစ်ကီ)
7Day Daily

ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေစဉ် (ဓာတ်ပုံ− နစ်ကီ) 


သမိုင်းအစဉ်အလာကြီး မားခဲ့သည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ဒီဇင် ဘာ ၂၆ ရက်တွင် ပြန်လည်ဖွဲ့ စည်းခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် သမဂ္ဂဥက္ကဋ္ဌအဖြစ် ကျောင်းသူတစ်ဦးအား တင်မြှောက်ခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တက္ကသိုလ်ကျောင်း သားသမဂ္ဂ ပြန်လည်ဖွဲ့စည်းခဲ့ သည့် ရည်ရွယ်ချက်မှာ အဓိက အနေဖြင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက် အအုံပြန်လည်တည်ဆောက်ပေးရန်၊ ကျောင်းသားအခွင့်အရေးကို တန်းတူညီမျှ ရရှိစေရန်ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ယာယီအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ မအိဆွေမြတ် ကပြောသည်။

သမ္မတအိမ်တော်သတင်းထောက် ထားရှိတော့မည်


နိုင်ငံတော်သမ္မတအိမ် တော်က သတင်းထုတ်ပြန်ရေး တစ်ပတ်လျှင်တစ်ကြိမ် ပြုလုပ် မည်ဖြစ်ပြီး အိမ်တော်သတင်းရ ယူလိုသည့် သတင်းဌာနများ အနေ ဖြင့် သတင်းထောက်လုပ်သက် ငါး နှစ်အထက်ရှိ အကြီးတန်းသတင်း ထောက်များ လျှောက်ထားနိုင် ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကပြောသည်။

မြန်မာသမ္မတ အိမ်တော် သတင်းထောက် ထားခြင်းသည် အမေရိကန်သမ္မတအိမ်ဖြူတော် ၏ White House Press Corp ကို နမူနာယူခြင်းဖြစ်ပြီး အိမ်ဖြူ တော်တွင် အယ်ဒီတာအဖွဲ့ဝင်ကို သာ ပေးဝင်သော်လည်း

ကျူးကျော်တဲများကို အင်အားသုံးဖယ်ရှား ခြောက်ဦးဒဏ်ရာရ


လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်အိမ်ရာစီမံကိန်းမြေ အတွင်းရှိ ကျူးကျော်တဲနှစ်ထောင် ကျော်ကို မြေပိုင်ရှင်များက လူအင် အား သုံးရာခန့်ဖြင့် ညအချိန် ၀င်ရောက်ဖယ်ရှားရာ ကျူးများက တဲတစ်လုံးကိုမီးရှို့ခဲ့ပြီး နှစ်ဖက်တိုက်ခိုက်မှု များဖြစ်ပွားကာ လူ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်။

မြစိမ်းရောင် အိမ်ရာစီမံ ကိန်းမြေအတွင်း ဒီဇင်ဘာ ၁၅ရက်ညက မြေပိုင်ရှင်များနှင့် ကျူးကျော်သူများ ထိပ်တိုက်တွေ့ခဲ့ကြ သည်။ ယင်းဖြစ်စဉ်တွင် ကျူးကျော်သူ လူခြောက်ဦးဒဏ်ရာရ ကာ ရဲတပ်ဖွဲ့ အကူအညီဖြင့် လှိုင်သာယာဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း နယ်မြေအပိုင်ဖြစ်သည့်

ရခိုင်ပြည်နယ် ထက်ဝက်ခန့် အစိုးရ လျှပ်စစ်မီးပေးနိုင်တော့မည်


ရခိုင်ပြည်နယ်၏ ရာခိုင်နှုန်း ထက်ဝက်ခန့်ကို မဟာဓာတ် အားလိုင်းမှတစ်ဆင့် လျှပ်စစ်မီး ပေးနိုင်ပြီ ဖြစ်ပြီး တစ်ယူနစ်ဈေး နှုန်းမှာ ပုဂ္ဂလိကကုမ္ပဏီများထက် ဆယ်ဆကျော် သက်သာမည်ဖြစ် ကြောင်း ပြည်နယ်အစိုးရထံမှ သ တင်းရရှိသည်။

ယခင်က ရခိုင်ပြည်နယ်တွင် ပုဂ္ဂလိကကုမ္ပဏီများက တစ်ယူနစ်လျှင် ၄၄၀ ကျပ်နှုန်းဖြင့် လျှပ်စစ်မီးပေးဝေနေခြင်းဖြစ်ပြီး ယခုအခါ ၃၅ ကျပ်နှုန်းဖြင့် ပြည်နယ်အစိုးရက လျှပ်စစ်မီးပေးဝေမည် ဖြစ်သည်။

မိကျောင်းကန် သပိတ်စခန်း ကိစ္စကို ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ပြောကြား


Photo: မိကျောင်းကန် သပိတ်စခန်း ကိစ္စကို ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ပြောကြား
Wednesday, December 17, 2014

မိကျောင်းကန် သပိတ်စခန်း ကိစ္စအား ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ရန်ကုန်မြို့တော်ခန်းမတွင် ဒီဇင်ဘာ ၁၆ ရက်ကပြုလုပ်သည့် e-government နှင့်ပတ်သက်၍ ရှင်းလင်းပွဲအပြီး မီဒီယာများ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။

“ဒါကို ကျူးလွန်တဲ့သူပဲ အပြစ်ကျတာ။ မကျူးလွန်ရင် ဘယ်သူမှ အပြစ်မကျဘူး။ အခု အဲဒီလို သဘောမျိုးပဲ ဖြစ်နေတာ။ ကျွန်တော်တို့ မိဘအရွယ်တွေလည်း ဖြစ်တယ်။ ကျွန်တော် အမြဲတမ်းပြောတယ်။ ဥပဒေအတိုင်း ဘောင်ထဲက လုပ်ပါ။ ဘောင်ထဲကနေ ဖြေရှင်းပေးမယ်။ မိကျောင်းကန်ကိစ္စက တိုင်းဒေသကြီး လုပ်ပိုင်ခွင့်ထဲမှာ မရှိဘူး။ နောက်ပြီးတော့ တပ်မတော်ပိုင်မြေ။ ကျွန်တော်တို့ ရှင်းပြပြီးပြီ။ သူတို့ ပိုင်ဆိုင်တယ်ဆိုရင် ပိုင်ဆိုင်တဲ့ အထောက်အထားတွေနဲ့ တင်ပြတောင်းခံရင် ရတာပဲ။ ဆန္ဒပြတာ ပြပိုင်ခွင့်ရှိပါတယ်။ သို့သော် စည်းနဲ့ကမ်းနဲ့ သတ်မှတ်တဲ့အတိုင်း ပြသင့်တာပေါ့။ ရုံးဌာနတစ်ခုကို ပိတ်ပြီး ဆန္ဒပြတယ်ဆိုရင် ဥပဒေမဲ့ လုပ်တာပေါ့။ ဥပဒေမဲ့လုပ်ရင် အရေးယူမှာပေါ့။ ဥပဒေချိုးဖောက်တဲ့သူ မှန်သမျှ အရေးယူရမှာပဲ” ဟု ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

“ဥပဒေချိုးဖောက်သူ ဖြစ်တဲ့အတွက် အဲဒီထဲက ဘယ်သူ့ကို အရေးယူယူရပါတယ်။ ကျွန်တော်တို့ဆီမှာ မှတ်တမ်းတွေ ရှိပါတယ်။ ဒီကိစ္စက ရန်ကုန်တိုင်းအစိုးရ လုပ်ပိုင်ခွင့် မရှိဘူး။ ကာယကံရှင်က တပ်မတော်ပဲ။ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်လာရင်တော့ ဥပဒေအတိုင်း လုပ်ရမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ရှင်းလင်းပွဲပြီး ရန်ကုန်မြို့တော် ခန်းမအတွင်းမှ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာဝန်ကြီးများ ပြန်လည်ထွက်ခွာလာချိန်တွင် မိကျောင်းကန် ဆန္ဒပြသူများသည် မြို့တော်ခန်းမထွက်ပေါက် ဝင်ပေါက်နှစ်ဖက်ရှေ့၌ သိမ်းဆည်းခံမြေများအတွက် ညှိနှိုင်းဆွေးနွေးပေးရန် ကြွေးကြော်သံများဖြင့် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

“ဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာ လူကြီးမင်းများရှင့်၊ ကျွန်မတို့ ဘိုးဘွားပိုင် မိကျောင်းကန်မြေ အသိမ်းဆည်းခံရမှုအား ညှိနှိုင်းဆွေးနွေး အဖြေရှာပေးကြပါရန် အကူအညီ တောင်းခံပါတယ်။ ကျွန်မတို့ ပြည်သူတွေကို ညှိနှိုင်းဖြေရှင်းပေးဖို့ မရှိဘဲ ထောင်ဒဏ်သာပေးရန် ရှိတယ်ဆိုရင်လည်း ဖမ်းဆီးအရေးယူပါ။ ကျွန်မတို့ မြေသိမ်းခံ ပြည်သူတွေမှာ နေစရာနေရာမရှိ လမ်းဘေးရောက်တဲ့ သူတွေဖြစ်နေကြပြီ။ ဘဝတွေလည်း စုတ်ပြတ်ပျက်စီးနေပါပြီ” ဟု အော်ဟစ်ပြောဆိုခဲ့ကြသည်။

ရန်ကုန်မြို့တော်ခန်းမ ၀င်ပေါက်ရှေ့တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ ထွက်ခွာလာစဉ် မိကျောင်းကန်ပြည်သူများက ဆန္ဒပြ တောင်းဆိုနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
Eleven Media Group

မိကျောင်းကန် သပိတ်စခန်း ကိစ္စအား ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ရန်ကုန်မြို့တော်ခန်းမတွင် ဒီဇင်ဘာ ၁၆ ရက်ကပြုလုပ်သည့် e-government နှင့်ပတ်သက်၍ ရှင်းလင်းပွဲအပြီး မီဒီယာများ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။

“ဒါကို ကျူးလွန်တဲ့သူပဲ အပြစ်ကျတာ။ မကျူးလွန်ရင် ဘယ်သူမှ အပြစ်မကျဘူး။ အခု အဲဒီလို သဘောမျိုးပဲ ဖြစ်နေတာ။ ကျွန်တော်တို့ မိဘအရွယ်တွေလည်း ဖြစ်တယ်။ ကျွန်တော် အမြဲတမ်းပြောတယ်။ ဥပဒေအတိုင်း ဘောင်ထဲက လုပ်ပါ။ ဘောင်ထဲကနေ ဖြေရှင်းပေးမယ်။ မိကျောင်းကန်ကိစ္စက တိုင်းဒေသကြီး လုပ်ပိုင်ခွင့်ထဲမှာ မရှိဘူး။

The Irrawaddy မှ ထုတ်ဝေနေသော သတင်းဂျာနယ်နှင့် မဂ္ဂဇင်းအမည်များ ပြင်ဆင်ပြောင်းလဲမှုပြုလုပ်ရန် ပြန်ကြားရေးဝန်ကြီးဌာန ဖိအားပေး


The Irrawaddy မှ ထုတ်ဝေနေသော သတင်းဂျာနယ်နှင့် မဂ္ဂဇင်းအမည်များ ပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် ပြန်ကြားရေးဝန်ကြီးဌာနက ဖိအားပေးသည့် ပုံသဏ္ဌာန်များရှိခဲ့ကြောင်း The Irrawaddy ၏ တာဝန်ရှိသူများက ဒီဇင်ဘာ ၁၆ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။

ဒီဇင်ဘာ ၁၆ ရက်ထုတ် အစိုးရသတင်းစာများတွင် The Irrawaddy ကို ရည်ညွှန်းသော သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကာ အဆိုပါ ထုတ်ပြန်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းတွင် The Irrawaddy က သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

အစိုးရနှင့် ကေအိုင်အို ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့တို့ မတွေ့ဆုံနိုင်၍ ကေအိုင်အေမှ ဆက်ကြေးကောက်၊ လူဖမ်းသည့် ကိစ္စရပ်များ ဖြေရှင်းစရာလမ်းကြောင်း မရှိသေးဟု ရှမ်းရေးရာအဖွဲ့ ပြောကြား


အစိုးရနှင့် ကေအိုင်အို ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့တို့ မတွေ့ဆုံနိုင်ခြင်းကြောင့် ဆက်ကြေးကောက်၊ လူဖမ်းသည့်ကိစ္စရပ်များ ဖြေရှင်းစရာလမ်းကြောင်း မရှိဟု ရှမ်းရေးရာအဖွဲ့မှ ဦးစန်းဝေက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ရှမ်းရေးရာအဖွဲ့မှ ဦးစန်းဝေက “လူဖမ်းတာ၊ ဆက်ကြေးကောက်တာတွေနဲ့ ပတ်သက်ပြီးတော့ ပဋိပက္ခညှိနှိုင်းရေး အဖွဲ့ကို ကျွန်တော်တို့အဖွဲ့ဟာ အခါအားလျော်စွာ စာတင်ခဲ့တာ ရှိပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်မှုနောက်ပိုင်းမှာ ကျွန်တော်တို့လည်း ဘာမှတင်ပြနိုင်တာ မရှိဘူး။ သူတို့လည်း တရားဝင် ရပ်ဆိုင်းထားတယ်လို့တော့ သိရတယ်။ ကျွန်တော်တို့လည်း အခုဆိုရင် ဘယ်ကိုစာတင်ပြီး ဘယ်လိုဖြေရှင်းရမှန်း မသိဘူး။ ဘယ်လိုဖြစ်ဖြစ် သူတို့နဲ့ ဆက်သွယ်ပြီးလုပ်တော့ အောင်မြင်တယ်လို့ မပြောနိုင်သည့်တိုင် ဆက်ကြေးကောက်တာ

လွှတ်တော်အတွင်း စစ်တပ် ၂၅ ရာခိုင်နှုန်းသည် အာဏာပြန်မသိမ်းဖြစ်ရန် ပါဝင်ခဲ့ခြင်း ဖြစ်သော်လည်း တိုင်းပြည်မတည်ငြိမ် မအေးချမ်းပါက စစ်တပ်မှ အာဏာသိမ်းရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောကြား



လွှတ်တော်အတွင်း စစ်တပ် ၂၅ ရာခိုင်နှုန်းသည် အာဏာပြန်မသိမ်းရန် ပါဝင်ခဲ့ခြင်း ဖြစ်သော်လည်း တိုင်းပြည်မတည်ငြိမ် မအေးချမ်းပါက စစ်တပ်မှ အာဏာသိမ်းရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန်မြို့ မီကာဆာဟိုတယ်၌ ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ရုပ်ရှင်၊ ဂီတ အနုပညာရှင်များ တွေ့ဆုံပွဲ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Tuesday, December 16, 2014

ညီညီညွတ်ညွတ်နဲ့ ၀န်ကြီးဟောင်း ဦးဆန်းဆင့်ကို ထောင်ထဲရောက်အောင်လုပ်ခဲ့ကြတာ



သာသနာရေးဝန်ကြီးဟောင်း ဦး ဆန်းဆင့်၏ အမှုကိုလိုက်ပါဆောင်ရွက်ခဲ့ ကြသည့် တရားလွှတ်တော် ရှေ့နေများမှ မီဒီယာများနှင့်တွေ့ဆုံပွဲကို ဒီဇင်ဘာ(၁၄) ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ လမ်းတွင် ပြုလုပ်ခဲ့ကြသည်။

အိန္ဒိယနိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် နျူကလီးယား ရေငုပ်သင်္ဘော စမ်းသပ်မောင်းနှင်ရန် အဆင့်သင့်ဖြစ်



နယူးဒေလီ၊ ဒီဇင်ဘာ၁၅။ အိန္ဒိယနိုင်ငံ၏ ပထမဆုံးပြည်တွင်းလုပ် ရေငုပ်သင်္ဘော INS Arihanသည် ယခုအခါ ပင်လယ်အတွင်း သို့ပထမဆုံးအကြိမ် ငုပ်ဆင်း   မောင်းနှင်ရန် နောက်ဆုံးအဆင့်များအားလုံးကို လုပ်ဆောင်နေပြီဖြစ်သည်။

ဆစ်ဒနီကော်ဖီဆိုင် ပစ်ခတ်မှုအတွင်း သေဆုံးသူ ဓားစာခံနှစ်ဦးကို သူရဲကောင်းများသဖွယ် ဂုဏ်ပြု



ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ ကော်ဖီဆိုင်တစ်ခုတွင် အကြမ်းဖက်သမား တစ်ဦးကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ရှင်းလင်းမှု၌ သေဆုံးခဲ့သူ ဓားစာခံ နှစ်ဦးသည် သူရဲကောင်းများသဖွယ် ချီးကျူး ဂုဏ်ပြုခံခဲ့ရကြောင်း သိရသည်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသော်လည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးမှုနှေးကွေးနေ


ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၁ ခုနှစ်မှ စတင်ကာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍသည် လက်ရှိအချိန်အထိ ဖွံ့ဖြိုးမှုနှေး ကွေးနေဆဲဖြစ်သည်ဟု သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များက ပြောသည်။

တစ်နိုင်ငံလုံးအပစ်ရပ် ဆွေးနွေးပွဲများ ယခုနှစ်အတွင်း မဖြစ်နိုင်တော့ဟုဆို


 အောက်တိုဘာအတွင်း ပြန်လည်တွေ့ဆုံရန် မူလက သဘောတူထားသည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၏ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲများ ၂၀၁၄ အတွင်း မဖြစ်နိုင်တော့ ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်၏ စီးပွားရေးအဆင့်မှာ ပြည်ထောင်စုနိုင်ငံအတွင်း အနိမ့်ကျဆုံးအခြေအနေတွင် ရောက်ရှိနေဆဲဖြစ်



ရခိုင်ပြည်နယ်၏ စီးပွားရေးအဆင့်မှာ ပြည် ထောင်စုနိုင်ငံအတွင်း အနိမ့်ကျဆုံး အခြေအနေတွင် ရောက်ရှိနေဆဲပင် ဖြစ်ကြောင်း ပြည်နယ်နေ့ဖြစ်သော ဒီဇင်ဘာ ၁၅ရက်တွင် အခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌက ပြောသည်။

နိုင်ငံရေးတွင် စစ်တပ်ပါဝင်နေသဖြင့် မြန်မာ့အပြောင်းအလဲရှေ့ဆက်မတိုးဟု The Eldersအဖွဲ့ပြော


 မြန်မာ့နိုင်ငံရေးတွင် တပ်မတော်က ဆက်လက်ကြီးစိုး ထားဆဲဖြစ်ပြီး လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင် သေးခြင်းတို့ကြောင့် မြန်မာ့နိုင်ငံ ရေးအပြောင်းအလဲ ရှေ့ဆက် မတိုးနိုင်ခြင်းဖြစ်ကြောင်း ကမ္ဘာ့ ရပ်မိရပ်ဖခေါင်းဆောင်များအဖွဲ့ (The Elders)က ပြောကြားသည်။

ဒုတိယကမ္ဘာစစ်အမှတ်တရ ဂျပန်ပြတိုက် ချင်းပြည်နယ်မြောက်ပိုင်းတွင် ထားရန် တောင်းဆို


ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် သေဆုံးခဲ့သည့် ဂျပန်စစ်သားတို့၏ ရုပ်ကြွင်းနှင့် အသုံးအဆောင် ပစ္စည်းများကို ပြသထားမည့် ပြတိုက်ကို ချင်းပြည်နယ် မြောက်ပိုင်းတွင်သာ ဆောက်လုပ်ပါရန် ဒေသခံများနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများက ဂျပန်အစိုးရထံ ကိုယ်စားလှယ်မှ တစ်ဆင့် တောင်းဆိုထားသည်ဟု ဇိုမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ခေါင်းဆောင် ဆရာပေါလ်က ပြောသည်။

ဆိုက်ဘာ တိုက်ခိုက်ခံရမှုကြောင့် Sony Studio ဒေါ်လာ သန်း ၁၀၀ ခန့်ဆုံးရှုံးမှု ဖြစ်ပေါ်နိုင်ဟုဆို



Sony မှပိုင်ဆိုင်သော ရုပ်ရှင်စတူဒီယိုသည် ဆိုက်ဘာတိုက်ခိုက် ခံရမှုကြောင့် ၎င်းတို့၏ လုပ်ငန်းများ ထိခိုက်ခဲ့ပြီး အချက်အလက်များ ဖွင့်ချခံရခဲ့သောကြောင့် ဒေါ်လာ သန်း ၁၀၀ ခန့်ဆုံးရှုံး ရနိုင်ကြောင်း ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်ပညာရှင်များက ပြောကြားခဲ့သည်။

စိုက်ပျိုးရေးတက္ကသိုလ် ဓာတ်ခွဲခန်းအတွက် ဂျပန်နိုင်ငံက အကူအညီ ပေးမည်


စိုက်ပျိုးရေး တက္ကသိုလ် (ရေဆင်း)တွင် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆ မီလီယံ အကုန်အကျခံ တည်ဆောက်မည့် ဓာတ်ခွဲခန်းများအတွက် ဂျပန်နိုင်ငံအစိုးရအဖွဲ့မှ ကူညီပေးသွားမည်ဟု ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မျိုးကြွယ်က ပြောသည်။ 

ကွပ်မျက်ခံရသော တရုတ်ဆယ်ကျော်သက် ၁၈နှစ်ကြာမှ အပြစ်မရှိကြောင်း တွေ့ရှိ


တရုတ်ဆယ်ကျော်သက်တစ် ဦးမှာ လူသတ်မှု၊ မုဒိမ်းမှုဖြင့် စွဲချက် တင်ခံရကာ လွန်ခဲ့သော ၁၈နှစ်က ကွပ်မျက်ခံခဲ့ရသည်။ 

တနင်္လာနေ့၌ ၄င်းတွင် အပြစ်မရှိကြောင်း တရားရုံး တစ်ခုက ကြေညာခဲ့သည်။
မှားယွင်း ဆုံးဖြတ်သည့် စီရင်ချက်များကို ပြန် လည်သုံးသပ်သည့် ရှားရှားပါးပါး ကိစ္စရပ်ဟုဆိုကြောင်း AFP သတင်း က ရေးသားခဲ့သည်။ 

ကြံ့ခိုင်ရေးပါတီ ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်တစ်ခု ကိုယ်စားလှယ်လောင်း ငါးဦး စတင်ရွေးချယ်မည် ကြံ့ခိုင်ရေးပါတီ ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်တစ်ခု ကိုယ်စားလှယ်လောင်း ငါးဦး စတင်ရွေးချယ်မည်


၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများစု  အနိုင်ရရှိခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် မဲဆန္ဒနယ် တစ်ခုလျှင် ကိုယ်စားလှယ်လောင်း ငါးဦးကို ယခုလအတွင်း စတင်ရွေးချယ်မည် ဖြစ်ကြောင်း ယင်းပါတီ၏ ဗဟိုကော်မတီဝင် တစ်ဦးက ပြောကြားသည်။

ထားဝယ်အထူးဇုန်မှ ရင်းနှီးမြှုပ်နှံမှု ပြန်ထုတ်ယူခဲ့ခြင်း မက်စ်ဥက္ကဋ္ဌ ဦးဇော်ဇော်ရှင်း


ထားဝယ်ရေနက်ဆိပ် ကမ်းနှင့်  အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မှုသည် အချိန်ကာလကြာမြင့်မည်ဖြစ်၍ မက်စ်မြန်မာကုမ္ပဏီ၏ အစုရှယ် ယာများ ပြန်လည်ထုတ်ယူခဲ့ခြင်း ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးဇော်ဇော် ကပြောကြားသည်။

နိုင်ငံရေးပါတီများ ခန်းမများတွင် မဲဆွယ်ဟောပြောနိုင်ပြီ


၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီများ ပြင်ပခန်းမများတွင် ဥပ ဒေနှင့် အညီ မဲဆွယ်စည်းရုံးဟောပြောမှုများ ပြုလုပ်နိုင်ပြီ ဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်သည်။

ရွေးကောက်ပွဲကျင်းပသည့် ရက်မတိုင်မီ မဲဆွယ်စည်းရုံးရန် ရက်ပေါင်းခြောက်ဆယ် သတ် မှတ်ပေးထားသော်လည်း ယင်း ရက်ပေါင်း ခြောက်ဆယ်မတိုင်မီ လက်ရှိအချိန်တွင် ပါတီများအ နေဖြင့် ပြင်ပခန်းမများ၌ မဲဆွယ် စည်းရုံးဟောပြောမှုများကို ဥပဒေ နှင့်အညီ ပြုလုပ်နိုင်ပြီဟု ပြည် ထောင်စု ရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြော သည်။

ဆစ်ဒနီကကော်ဖီဆိုင် အနုကြမ်းဝင်စီးမှု လူသုံးဦးသေသည့်စစ်ဆင်ရေးဖြင့် ပြီးဆုံး


 
ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်က ကော်ဖီဆိုင် အနုကြမ်းဝင်စီးတဲ့ ဖြစ်ရပ်ဟာ ၁၆ နာရီကြာချိန်မှပဲ သြစတေးလျ ကွန်မန်ဒိုတပ်ရဲ့ စစ်ဆင်ရေးနဲ့ ပြီးဆုံးသွား ပါတယ်။ အစက ငြိမ်းချမ်းစွာပဲ ဆွေးနွေး ညှိနှိုင်းသွားမယ်လို့ သြစတေးလျ အစိုးရဘက်မှ သတင်းထုတ်ပြန်ခဲ့ပြီး ယခုလို တိုက်စစ်ဆင်လိမ့်မယ်လို့ ထင်မထားတဲ့ အရေအတွက် အတော်များပါတယ်။ ဒါပေမယ့် ညသန်းခေါင် မှောင်ချိန် လျှပ်စစ်မီး အမှောင်ချပြီး မီးခိုးဗုံး ဝင်ကြဲလို့ စစ်ဆင်ရေးဆင်ခဲ့ ပါတယ်။ 

ရခိုင်ပြည်နယ် လက်ရှိတည်ငြိမ်မှုကို ဆက်ထိန်းထားရန် သမ္မတတိုက်တွန်း


ရခိုင်ပြည်နယ်တွင် ရရှိ ထားပြီးသော တည်ငြိမ်အေးချမ်း မှုကို ဆက်လက်ထိန်းသိမ်းပြီးဒေ သဖွံ့ဖြိုးရေးအတွက် တိုင်းရင်း သားပြည်သူများက အစိုးရနှင့်အ တူကြိုးပမ်းသွားကြရန် နိုင်ငံတော် သမ္မတဦးသိန်းစိန်ကတိုက်တွန်း ပြောကြားလိုက်သည်။

အထည်ချုပ်အလုပ်သမားသုံးဦး စက်ရုံပိုင်ကားတစ်စီး တိုက်မိ၍ ဒဏ်ရာရ


လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်ရှိ Bo gart Lingerie အထည်ချုပ် စက်ရုံမှ လုပ်ခလစာကို လျော့ချလိုက်မှုကြောင့် တိုးမြှင့်ပေးရန် အလုပ်မဆင်းဘဲ တောင်းဆိုနေကြသည့် အလုပ်သမားများအနက် အမျိုးသမီး သုံးဦးကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက စက်ရုံပိုင်မော်တော်ကား တစ်စီးမှ တိုက်မိကာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ပို့ ခဲ့ရကြောင်း သတင်းရရှိသည်။

စစ်တွေတွင် ဒေသခံ တစ်ဦး ဓားထိုးခံရ



 ဒဏ်ရာ ရရှိသွားသော ထွန်းထွန်း (ခေါ်) ဆောက်လုံး ( ဓါတ်ပုံ- နိရဉ္စရာ)
ဒဏ်ရာ ရရှိသွားသော ထွန်းထွန်း (ခေါ်) ဆောက်လုံး ( ဓါတ်ပုံ- နိရဉ္စရာ)


ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဗျိုင်းဖြူရွာကျေးရွာမှ ဒေသခံ တစ်ဦး ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ဓားထိုးခံလိုက်ရကြောင်း စစ်တွေအမှတ်(၂)ရဲစခန်းမှ တဆင့် သိရသည်။

ရဲ၏အတည်ပြုချက်အရ ဓားဒဏ်ရာရရှိခဲ့သူမှာ အသက် ၃၉ နှစ်အရွယ် ထွန်းထွန်း(ခ) ဆောက်လုံး ဖြစ်ပြီး ယင်းကို ဗျိုင်းဖြူရွာကျေးရွာအနီး သံတော်လီကျေးရွာမှ ဘင်္ဂါလီ ၁ဝ ခန့်က တိုက်ခိုက်စဉ် ဓါးထိုးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်အတွင်း အင်ဒိုနီးရှားရှိ လူ့အခွင့်အရေး ချိုးဖောက်မှု အများစုကို ရဲများ ကျုးလွန်ခဲ့ကြ


IndoPolice

ဂျာကာတာ၊ ဒီဇင်ဘာ၁၅။ ပျောက်ဆုံးလူများနှင့် အကြမ်းဖက်ဓါးစာခံများ ဆိုင်ရာကော်မရှင် (Kontras) ၏ နှစ်ကုန် အစီအရင်ခံစာ အရ အင်ဒိုနီးရှား နိုင်ငံတွင် ၂၀၁၄ခုနှစ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အများစုကို ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့ ကြကြောင်း သိရသည်။

ကင်ဂျုံအီ ကွယ်လွန်သည့် နှစ်ပတ်လည် အခမ်းအနားသို့ တောင်ကိုရီးယား အမတ်တစ်ဦး တက်ရောက်မည်


KimJongIlFuneral

ဆိုးလ်၊ ဒီဇင်ဘာ ၁၅။ မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်ဂျုံအီ ကွယ်လွန်သည့် သုံးနှစ်ပြည့် အခမ်းအနား တစ်ရပ်အတွက် တောင် ကိုရီးယား အကြီးတန်း နိုင်ငံရေးသမား တစ်ဦး မြောက်ကိုရီးယားသို့ သွားရောက်မည်ဟု သိရသည်။ ယင်းခရီးစဉ်သည် ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးရန်သာဖြစ်ပြီး နိုင်ငံရေးအရ သွားရောက်သည့် ခရီးစဉ်မဟုတ်ဟု တောင်ကိုရီးယား အစိုးရက ဒီဇင်ဘာ ၁၅ ရက် ကပြောကြားသည်။

မြန်မာ့လွှတ်တော် အဆောင်အယောင်နှင့် နိုင်ငံရေး အုပ်စုများ

လွှတ်တော်,
လွှတ်တော်တက်ရန် ရောက်လာသော တိုင်းရင်းသားအမတ်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

လွှတ်တော်အစည်းအဝေးတခုတွင် အတိုက်အခံပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်မေးခဲ့သည့် တခုတည်းသော မေးခွန်းမှာ သူ့ခေါင်းပေါင်းကို ချွတ်ထားခွင့်ပြုဖို့ ဖြစ်သည်။ ခေါင်းပေါင်းက သူ့ကို ခေါင်းကိုက်စေပြီး ဆံပင်များကိုလည်း ကျွတ်စေသည်ဟု သူကဆို၏။ ဟာသဆန်ဆန် ပမာမခန့်လုပ် တတ်ခြင်းကြောင့် လူသိများသည့် အသက် ၇၂ နှစ်အရွယ် ဦးဝင်းထိန်က ကျီစယ်ခြင်း ဖြစ်ကြောင်း ဝန်ခံလိုက်ပါသည်။ သို့သော်လည်း လွှတ်တော်ဥက္ကဋ္ဌကလည်း ပယ်ချခဲ့ပါသည်။

ရန်ကုန်မြို့အတွင်းရှိ ATM ငွေထုတ်စက်များတွင် ငွေထုတ်ကတ်အတုများဖြင့် လိုက်လံငွေထုတ်နေသည့် နိုင်ငံခြားသားတစ်ဦး ထပ်မံဖမ်းဆီးရမိ


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ATM ငွေထုတ်စက်များတွင် ငွေထုတ်ကတ် အတုများပြုလုပ်ကာ လိုက်လံငွေ ထုတ်နေသည့် နိုင်ငံခြားသားတစ်ဦးကို ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံး မှ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက သိရသည်။

ထပ်မံဖမ်းဆီးခဲ့သည့် နိုင်ငံခြားသားမှာ ဘူဂေးရီးယားနိုင်ငံသားဖြစ်ပြီး ရန်ကုန်မြို့လယ်၌ ဒီဇင်ဘာ ဒုတိယပတ်အတွင်းက ဖမ်းဆီးရမိခဲ့ကြောင်း အမည်မဖော်လိုသူ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။

မောင်တောနယ်စပ်ရှိ တောင်ပေါ် တိုင်းရင်းသားများအား ပြည်နယ်အစိုးရအဖွဲ့ စားနပ်ရိက္ခာ ထောက်ပံ့မည်


ဆက်သွယ်သွား လာမှုခက်ခဲသည့် မောင်တောနယ်စပ်ဒေသရှိ တောင်ပေါ်တိုင်း ရင်းသားများအတွက် ပြည်နယ်အ စိုးရအဖွဲ့က စားနပ်ရိက္ခာများ ထောက်ပံ့ပေးသွားမည်ဟု သ တင်းရရှိသည်။

လယ်သမားများအရေးယူခံရခြင်းမှာ သွေးထိုးမှုများကြောင့်ဟု သူရဦးရွှေမန်းပြော

သွေးထိုးလှုံ့ဆော်သည့် ကိစ္စရပ်များကို နားမယောင်ကြရန်နှင့် ဥပဒေနည်းလမ်းများကို နား လည်ထားရန် ဧရာဝတီတိုင်းအ တွင်းရှိ လယ်သမားများအား သူရ ဦးရွှေမန်းက တိုက်တွန်းပြောကြား လိုက်သည်။

ဒီဇင်ဘာ ၁၅ ရက်က ပုသိမ် မြို့တွင် ပြုလုပ်သော တောင်သူ လယ်သမားများနှင့် တွေ့ဆုံပွဲ၌ လယ်သမားများအား အထက်ပါ အတိုင်း တိုက်တွန်းပြောကြားခဲ့ ခြင်းဖြစ်သည်။

ယူကရိန်း ဒေဝါလီမခံရစေဖို့ ဒေါ်လာ ဘီလီယံ ၁၀ အရေးပေါ်လိုအပ်

အီးယူ- ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk (ယာ) နဲ့ ယူကရိန်းဝန်ကြီးချုပ် Arseniy Yatsenyuk (ဝဲ) တို့ ဘရပ်ဆဲလ်မှာရှိတဲ့ ဥရောပကောင်စီ ရှေ့မှာ။ (ဒီဇင်ဘာ ၁၅၊ ၂၀၁၄)
အီးယူ- ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk (ယာ) နဲ့ ယူကရိန်းဝန်ကြီးချုပ် Arseniy Yatsenyuk (ဝဲ) တို့ ဘရပ်ဆဲလ်မှာရှိတဲ့ ဥရောပကောင်စီ ရှေ့မှာ။ (ဒီဇင်ဘာ ၁၅၊ ၂၀၁၄)

ယူကရိန်းနိုင်ငံ ဒေဝါလီမခံရစေဖို့ ဒေါ်လာသန်းပေါင်း တသောင်းရဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ယူကရိန်း ဝန်ကြီးချုပ် Arseniy Yatsenyuk ကပြောပါတယ်။

သပိတ်စခန်းအားလုံး ဖယ်ရှားပြီးကြောင်း ဟောင်ကောင်အကြီးအကဲ ကြေညာ

ဟောင်ကောင်အုပ်ချုပ်ရေးမှူး လီရှန်ယွန်းက ဟောင်ကောင်မြို့တော်လမ်းမတွေပေါ်မှာ သီတင်းဆယ်ပတ်ကျော်ကြာ ပိတ်ဆို့ဆန္ဒပြမှုတွေ အဆုံးသတ်သွားပြီလို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးကျန်တဲ့ သပိတ်စခန်းနေရာတခုကို ရဲတွေက အပြီးသတ်ဖယ်ရှားပြီးတာနဲ့ သူတို့ ပြန်လာကြမယ်လို့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ဟောင်ကောင်ဆန္ဒပြသူတွေ လမ်းဘေးကို ပြောင်းရွှေ့နေကြစဉ်။
ဟောင်ကောင်ဆန္ဒပြသူတွေ လမ်းဘေးကို ပြောင်းရွှေ့နေကြစဉ်။

My Blog List