Friday, May 15, 2015

ပါလက်စတိုင်းကို နိုင်ငံအဖြစ် ပုပ်ရဟန်းမင်းကြီး၏ ဗာတီကန် အသိအမှတ်ပြု စာချုပ်ချုပ်၊ အစ္စရေး လိုလားသူများ ဝေဖန်


ပါလက်စတိုင်းဒေသကို နိုင်ငံအဖြစ် အသိအမှတ်ပြုအဆင့်ထားသည့် ပထမဆုံး သဘောတူစာချုပ်တစ်ရပ် ကို ဗာတီကန်စီးတီး ကက်သလစ်နိုင်ငံက ချုပ်ဆိုခဲ့ရာ အစ္စရေးနှင့် မဟာမိတ်များက ဝေဖန်ခဲ့ကြောင်း VOA သတင်းတစ်ရပ်က ဖော်ပြထားသည်။

မင်းသားကြီး ဂျွန်နီဒက်(ပ်)၏ ခွေးနှစ်ကောင် သြစတြေးလျတွင် ဆက်ထားလျှင် အသတ်ခံရလိမ့်မည်ဟု ခြိမ်းခြောက်ခံရပြီးနောက် ထိုခွေးနှစ်ကောင်ကို အခြားနိုင်ငံသို့ ပို့ဖွယ်ရှိ


ကမ္ဘာကျော် ရုပ်ရှင်မင်းသား ဂျွန်နီဒက်(ပ်) ၏ ခွေးနှစ်ကောင်မှာ သြစတြေးလျမှနေ၍ ထွက်ခွာသွားကြဖွယ် ရှိကြောင်း သြစတြေးလျ  စိုက်ပျိုးမွေးမြူရေး ဝန်ကြီးက ပြောကြားလိုက်သည်။ ထိုခွေးနှစ်ကောင်အား  သြစတြေးလျ နိုင်ငံတွင် ဆက်လက်ထားရှိပါက ထိုခွေးနှစ်ကောင် အသတ်ခံရလိမ့်မည်ဖြစ်ကြောင်း ဝန်ကြီးက ခြိမ်းခြောက်ပြောကြားခဲ့ပြီးနောက် ဝန်ကြီး၏ ယခုမှတ်ချက် ထပ်မံထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ် သည်။

ရွေးကောက်ပွဲကာလ လုံခြုံရေးအတွက် လက်ရှိ ရဲအင်အား မလုံလောက်၍ အထူးရဲများ ခန့်ထားမည်


 ရွေးကောက်ပွဲကာလ ရန်ကုန်တိုင်းအတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လက်ရှိ ရဲအင်အားမှာ မလုံလောက်သဖြင့် အထူးရဲများ ခန့်အပ်ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၊ ဒုတိယတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဗိုလ်က ပြောသည်။

နီပေါ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီမည့် လမ်းဘေး ဂစ်တာတီးဝိုင်း ကျပ်သိန်း ၁၂၀ ကျော်ရရှိပြီ


နီပေါနိုင်ငံ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီပေးရန် ပရဟိတလုပ်ငန်းများ စိတ်ဝင်စားသော မြန်မာ လူငယ်များက လမ်းဘေးဂစ်တာဝိုင်း ပြုလုပ်၍ အလှူခံရာ မေလ ၁၄ ရက်အထိ သိန်း ၁၂၀ ရရှိနေပြီး ဖြစ် သည်ဟု တာဝန်ခံ ဆောင်ရွက်သူကို သိုင်းသက်ဇင်ထွန်းကူကူးက မဇ္ဈိမကို ပြောသည်။

ကန်ရဲ့ B-1 စစ်လေယာဉ်ကို သြစီမှာ ထားမှာမဟုတ်


သြစတြေးလျနိုင်ငံမှာ အမေရိကန်ပိုင် B-1 ဗုံးကျဲလေယာဉ် ဒါမှမဟုတ် ထောက်လှမ်းရေး လေယာဉ် ထားရှိ မယ်ဆိုတဲ့ သတင်းက မမှန်ဘူးလို့ အမေရိကန်က ပြောလိုက်ပါတယ်။အစောပိုင်တုန်းကတော့ အမေရိကန် ကာကွယ်ရေးအရာရှိ David Shear က အမေရိကန်ရဲ့ စစ်သုံးလေယာဉ်ကို သြစတြေးလျမှာ ထားရှိမယ် လို့ ပြောခဲ့ပါတယ်။

Miss Progress International 2015 ပြိုင်ပွဲ အွန်လိုင်း မဲပေးမှု မြန်မာနိုင်ငံ ပထမနေရာမှ တတိယနေရာရောက်


အီတလီ နိုင်ငံ Puglia မြို့တွင် ကျင်းပမည့် Miss Progress International 2015 ပြိုင်ပွဲအတွက် အွန်လိုင်း
မဲပေးမှုကို မေလ ၁၆ ရက် နောက်ဆုံးထား သတ်မှတ်ထားပြီး လက်ရှိတွင် မြန်မာနိုင်ငံမှ တတိယ နေရာ၌ တည်ရှိနေသည်။

ဦးနေမျိုးဇင် အပါအဝင် ခြောက်ဦး ထောင်ဒဏ် လေးနှစ် လေးလစီကျ


လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်ပြီး တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့် တရားစွဲ ဆိုခံထားရသည့် ဦးနေမျိုးဇင်အပါအ၀င် ခြောက်ဦးကို  အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးနှစ် လေးလစီ ပြစ် ဒဏ်ကျခံစေရန် ဒဂုံမြို့နယ် တရားရုံးက မေလ ၁၅ ရက်တွင် အမိန့်ချမှတ်လိုက်သည်။

NNER မှ အစိုးရနှင့် လွှတ်တော်သို့ အိတ်ဖွင့်ပေးစာ


ဖမ်းဆီးထိန်းသိမ်းခံထားရသော ကျောင်းသားကျောင်းသူများနှင့် ဝန်းရံ ပြည်သူများ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးနှင့် ဆွေးနွေးပွဲသဘောတူညီချက်များနှင့်အညီ အောင်မြင်စွာ အကောင်အ ထည်ဖော် ဆောင်ရွက်ရေးအတွက် NNER မှ အစိုးရနှင့် လွှတ်တော်သို့ အိတ်ဖွင့်ပေးစာ တစ်စောင်ကို ပေး ပို့လိုက်ပါသည်။

အပျိုစင်စစ်ဆေးမှုကို ရပ်တန့်ဖို့ အင်ဒို ဖိအားပေးခံရ


အင်ဒိုနီးရှား စစ်တပ်မှာ အမှုထမ်းဆောင်လိုတဲ့ အမျိုးသမီးတွေကို အပျိုစင်စစ်မစစ် စစ်ဆေးတာကို ရပ်တန့် ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက အင်ဒိုနီးရှား အစိုးရကို ပြောလိုက်ပါတယ်။ စစ်ထဲ ဝင်လိုတဲ့ အင်ဒိုနီးရှား အမျိုးသမီးတွေကို ဆရာဝန်တွေက အပျိုစင် ဟုတ်မဟုတ် စစ်ဆေးတာဖြစ်ပြီး လက်နှစ်ချောင်းထိုးပြီး စစ်ဆေးတယ်လို့ ဆိုပါတယ်။

ပင်လယ်မှာ မျောနေသူကို ကယ်တင်ဖို့ ကုလဆို


ပင်လယ်ပြင်မှာ သောင်တင်နေတဲ့ ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တွေကို လက်ခံဖို့ ထိုင်း၊ မလေးရှား နဲ့ အင်ဒိုနီးရှားတို့ ငြင်းဆိုတဲ့အပေါ် ကုလသမဂ္ဂက စိုးရိမ်နေပါတယ်။ ဒုက္ခရောက်သူတွေကို ကယ်တယ်ဖို့ ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

ကလေး ၃၅၀ ဦးကို လက်နက်ကိုင်အဖွဲ့ ပြန်လွတ်ပေး


Central African Republic နိုင်ငံက လက်နက်ကိုင်အဖွဲ့တွေက သူတို့ ဖမ်းဆီးထားတဲ့ ကလေးငယ် အယောက်ပေါင်း ၃၅၀ ကို လွတ်ပေးလိုက် ပါတယ်။ ကုလသမဂ္ဂကနေ ကြားဝင်ဖြေရှင်းပြီး အပေးအယူ လုပ်ရာက လွတ်ပေးခဲ့တာပါ။ အဲဒီနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပြီး ၂ နှစ်အကြာမှာပဲ ကလေးတွေကို ခိုင်းစားဖို့ ဖမ်းဆီးကြတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားတွင် ကျွန်ပြုခံရသည့် မြန်မာ ၁၀၀ ကျော် ရန်ကုန်သို့ ထပ်ရောက်


အင်ဒိုနီးရှားနိုင်ငံရှိ ငါးဖမ်းသင်္ဘောများတွင် ကျွန်ပြုခံခဲ့ရသည့် မြန်မာရေလုပ်သား ငါးရာကျော်အနက် ဒုတိယ အသုတ်အဖြစ် ၁၂၅ ဦး မေလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့တော်သို့ ပြန်လည်ရောက်ရှိလာသည်။ကျန်ရှိနေ သည့် မြန်မာရေလုပ်သားများကိုလည်း အသုတ်သုံးသုတ်ခွဲကာ မေလ ၁၇ ရက်နေ့၊ ၁၈ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တား ဆီးနှိမ်နင်းရေး တပ်ဖွဲ့ထံမှ သိရှိရသည်။

နယ်မြေမတည်ငြိမ်ပါကရှမ်းနှင့်ကချင်ပြည်နယ်ရှိ ဒေသအချို့တွင် ရွေးကောက်ပွဲမလုပ်ဟု ဦးတင်အေးဆို


တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ အကြား တိုက်ပွဲများ ဖြစ် ပွားနေသော ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ ဒေသများတွင် နယ်မြေတည်ငြိမ်မှု မရှိပါက ရွေးကောက်ပွဲ ပြုလုပ်မည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

လောက်ကိုင်ဒေသ အရေးပေါ်အခြေအနေ ရက် ၉၀ ထပ်တိုး


လောက်ကိုင်ဒေသကို အရေးပေါ်အခြေအနေကြေငြာထားခြင်းအား ရက် ၉၀ ထပ်တိုးသတ်မှတ် ရန် ပြည်ထောင်စုလွှတ်တော်တွင် ယနေ့မနက်က အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့နှင့် အစိုးရစစ်တပ်အကြားတိုက်ပွဲများ ဖြစ်ပွားနေ သော လောက်ကိုင်ဒေသကို ဖေဖော်ဝါရီ ၁၇ ရက်ကစ၍ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၁/၂၀၁၅)အရ အရေးပေါ်အခြေအနေ ရက် ၉၀ ကြေငြာထားခဲ့သည်မှာ ယခုလ ၁၇ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။

ရိုဟင်ဂျာ အသုံးအနှုံး နဲ့ ဆွေးနွေး လျှင် မြန်မာ လက်မခံ



မြန်မာအစိုးရဘက်က ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတာကြောင့် အခု မလေးရှားနဲ့ အင်ဒိုနီး ရှား နိုင်ငံတို့ဆီကို ရောက်ရှိလာတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို မြန်မာနိုင်ငံတွင်းက ထွက်ပြေးလာကြ သူတွေကို ရိုဟင်ဂျာတွေလို့ သုံးနှုန်းရင် ဆွေးနွေးလို့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောဆို လိုက်ပါတယ်။ 

ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံများ လုံခြုံရေး အိုဘားမား အခိုင်အမာ အာမခံ


အမေရိကန်ပြည်ထောင်စုဟာ ပင်လယ်ကွေ့ဒေသ မဟာမိတ်နိုင်ငံတွေ ရဲ့လုံခြုံရေး အတွက် မပြောင်းလဲနိုင် တဲ့ သန္နိဋ္ဌာန်ချမှတ်ထားကြောင်း၊ အဲဒီနိုင်ငံတွေအပေါ် ခြိမ်းခြောက်လာပြီဆိုရင် စစ်အင်အားအသုံးပြုဖို့ စဉ်းစားမှာ ဖြစ်ကြောင်း သမ္မတ ဘရာ့ခ် အိုဘားမားက ပြောလိုက်ပါတယ်။

Burundi သမ္မတ တိုင်းပြည်ပြန်ရောက်ကြောင်း သမ္မတရုံး ကြေညာ


Burundi သမ္မတ Pierre Nkurunziza ဟာ တိုင်းပြည်အတွင်း ပြန်ရောက် လာပြီဖြစ်ပြီး သူတန်ဇန်းနီး ယားနိုင်ငံမှာ ရှိနေစဉ်က အာဏာသိမ်းဖို့ ကြိုးစားမှုဟာလည်း မအောင်မြင်ခဲ့ဘူးလို့ သမ္မတရုံးက ပြော ပါတယ်။ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ Burundi ပြည်သူ ပြည်သားတွေကို သမ္မတ Nkurunziza က ကြာသ ပတေးနေ့မှာ ချီးကျူး ပြောကြားခဲ့တယ်လို့လည်း သမ္မတရုံးက ပြောပါတယ်။ 

အင်းတကော်မြို့တွင် လာရောက်စွန့်ပစ်သွားသည့် လူသေ ၂ လောင်းသည် ဂျပန်တွင် အလုပ်ရမည်ဆိုကာ သိန်း ၇၀၀ နီးပါး လိမ်လည်မှုနှင့် ပတ်သက်ဟု ရဲက ယူဆ


ပဲခူးတိုင်းဒေသကြီး၊ အင်းတကော် မြို့နယ်တွင် လာရောက်စွန့်ပစ်သွားသည့်လူသေအလောင်း နှစ်လောင်းနှ င့် ဆက်စပ်သည့် တရားခံဟု ယူဆသူ ၄ ဦးကို ဖမ်းဆီးရမိထားကာ တစ်ဦးသာကျန်ရှိတော့ကြောင်း ပဲခူး တိုင်းဒေ သကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ လူသတ်မှုတွင် ပါဝင်သူ ၅ ဦး ရှိသည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်း ထားပြီး ကားမောင်းသူ ၂ ဦးနှင့် လူသတ်တရားခံဟု ယူဆရသူ ၃ ဦး ပါရှိနိုင်သည် ဟု ရဲတပ်ဖွဲ့ကယူဆကာ လိုက်လံဖမ်း ဆီးနေခြင်း ဖြစ်သည်။

KNPP တပ်များ သံလွင်အရှေ့ခြမ်း ပြန်လှည့်မည်


ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် ရှားတောမြို့နယ်အတွင်းသို့ လူထုစည်းရုံးရေး ကွင်းဆင်းဆောင်ရွက်နေ သည့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တပ်ဖွဲ့များကို မိခင်တပ်ရင်းများထံ ပြန်လည်ဆုတ် ခွါရန် KNPP ခေါင်းဆောင်များက ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။

၂၀၀၈ အခြေခံဥပဒေကို ကာကွယ်မည့် ဥပဒေကြမ်းတစ်ခု အစိုးရက အမြန်ဆုံးရေးဆွဲရန် သူရဦးရွှေမန်းကိုယ်တိုင် တိုက်တွန်းကြောင်း အဆိုတင်သွင်း


၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်း တစ်ခု လွှတ်တော် သို့ ပြည်ထောင် စုအစိုးရက အမြန်ဆုံးတင်သွင်းရန် တိုက်တွန်းကြောင်း အဆိုတစ် ရပ်ကို မေလ ၁၄ ရက်က ကျင်းပ သော ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကိုယ်တိုင်အဆိုတင်သွင်းလိုက် သည်။

ကိုးကန့်ဒေသကိုစစ်အုပ်ချုပ်ရေး သက်တမ်းရက်ပေါင်းကိုးဆယ်ထပ်တိုးဖို့ လွှတ်တော်မှာတင်သွင်း


ရှမ်းပြည်နယ်ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စစ်အုပ်ချုပ်ရေး ကြေ ငြာခဲ့ရာ ယခုလ ၁၇ ရက်နေ့မှာ သက်တမ်းပြည့်မှာဖြစ်ပါတယ်။

Thursday, May 14, 2015

အာဖရိကတိုက်ရှိ ဘူရွန်ဒီ နိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွား


အာဏာသိမ်းရန် အားထုတ်မှုတစ်ရပ် ဖြစ်ပွားခဲ့သော ဘူရွန်ဒီ နိုင်ငံသို့ သမ္မတ ပီယဲ ကူရွန်ဇီဇာ ပြန်လည် ဝင်ရောက်ရန် ကြိုးပမ်းမှု မအောင်မြင် ခဲ့ကြောင်း သတင်းရရှိသည်။ ကူရွန်ဇီဇာသည် တန်ဇန်းနီးယား သို့ အစည်းအဝေးတစ်ခု တက်ရောက်ရန်ရောက်ရှိနေစဉ် အာဖရိကအရှေ့တောင်ပိုင်း ကုန်းတွင်းနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းယူရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ် ဂိုဒီဖရွိုက်ဒ် နီယွမ်ဘဲ ဦးဆောင်သည့် စစ်တပ်က မေလ ၁၃ ရက်တွင် သမ္မတ နိုင်ငံအတွင်း မရှိခိုက် ယခုကိစ္စကို အကောင်အထည် ဖော်ခဲ့ခြင်းဟု သိရသည်။

ဘာရန်မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီဖြစ်တော့မှာလား


ဘာရန်ကျွန်းမီးတောင်

ဘာရန်ကျွန်းဟာ ကပ္ပလီ ကျွန်းစုအတွင်းရှိ အိန္ဒိယနိုင်ငံက ပိုင်ဆိုင်သော ကျွန်းဖြစ်ပါတယ်။ ကပ္ပလီကျွန်းစု တွင်ပါဝင်သော Port Blair မြို့ရဲ့ အရှေ့မြောက် ဘက် ၁၃၅ ကီလိုမီတာအကွာမှာ တည်ရှိပါတယ်။ ဆူမတြားကျွန်း နဲ့ မြန်မာနိုင်ငံအကြားတည်ရှိနေ သော မီးတောင်အစွယ်တန်း (Volanic arc) တွင် တစ်ခု တည်း သော မီးတောင်ရှင်တစ်ခုဖြစ်ပါ တယ်။ မြေအောက် ၂,၂၅၀မီတာ အနက်မှ အထက်မြေပေါ်အမြင့် ၃၅၄ မီတာအထိ ထိုးထွက်နေ သော မီးတောင်ရှင်ဖြစ်ပါတယ်။

အီရတ် လေကြောင်း ထိုးစစ်အတွင်း အိုင်အက်စ် ဒုခေါင်းဆောင် သေဆုံး


အိုင်အက်စ်အဖွဲ့ ဒုတိယ ခေါင်းဆောင်ဖြစ်သူသည် အီရတ်မြောက်ပိုင်းတွင် အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များ၏ လေကြောင်း ထိုးစစ်အတွင်း သေဆုံးကြောင်း အီရတ် ကာကွယ်ရေး ဝန်ကြီး ဌာနက ပြော သည်။

ဆင်းမ်ကတ် ၁၈ သန်း အရောင်းထွက်ပြီးပြီ


မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆက်သွယ်ရေး အားအနည်းဆုံးနိုင်ငံအဖြစ် အချိန်အတော်ကြာ ရပ်တည်နေခဲ့ရာမှ ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံခြား မိုဘိုင်းတယ်လီဖုန်း ကုမ္ပဏီများအား နိုင်ငံတွင်းသို့ ၀င်ရောက်လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြင့် ဆက်သွယ်ရေး ကဏ္ဍကို မြှင့်တင်နိုင်ရန် လုပ်ဆောင်လာ သည်။

တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ပါးစပ်အပြောမဟုတ်ဘဲ လက်တွေ့ကျကျဆောင်ရွက်ဖို့ လိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပြော


တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးကို ပါးစပ်ကအပြော မဟုတ်ဘဲ လက်တွေ့ ကျကျဆောင်ရွက်ဖို့လို ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားခဲ့ ကြောင်းသိရသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး အလျှော့ပေး ဈေးဆစ်


ဒီရက်ပိုင်းအတွင်း ပြန်လည်စတင်လာတဲ့ လွှတ်တော်အစည်းအဝေးတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ကို ဦးစားပေး ဆွေးနွေးမယ်လို့ သိရပါတယ်။ ဘာတွေကိုဘယ်လောက် ပြင်နိုင်ကြမလဲ။ ပြည်သူလူထု မျှော် လင့်တောင့် တနေတဲ့ ဒီမိုကရေစီ ထွန်းကားရေး၊ တိုင်းရင်းသားတွေ မျှော်မှန်းနေတဲ့ စစ်မှန်သော ဖယ်ဒ ရယ်ပြည်ထောင်စု ပေါ်ထွန်းရေးတို့အတွက် ဘယ်လောက် အလားအလာကောင်းနိုင်သလဲ ဆိုတာကို ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း၊ ဝါရင့်သတင်းစာဆရာကြီး ဦးကျော်ရင်မြင့် တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်ထားပါတယ်။

တရုတ်ရဲများ ညှဉ်းပန်းနှိပ်စက်မှု ဆက်လုပ်နေဟု လူ့အခွင့်အရေးအဖွဲ့ ပြော


တရုတ်သမ္မတ ရှီကျင့်ပင်းက တရားဥပဒေ စိုးမိုးရေးအတွက် ပြုပြင်ပြောင်းလဲရေးကို ကတိပြုထားပေမယ့် ရဲတွေက အချုပ်တွေမှာ ညှဉ်းပန်းနှိပ်စက်တာတွေ ဆက်ရှိနေတုန်းပဲလို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က မေ ၁၃ ရက်နေ့မှာ ပြောပါတယ်။

လိပ်ကျွန်းအမှု စွပ်စွဲဖမ်းဆီးခံ ကိုဝင်းဇော်ထွန်း၏ဖခင် ကွယ်လွန်


ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား လူငယ် ၂ ဦး ထဲက ကိုဝင်းဇော်ထွန်းရဲ့ဖခင် ဦးထွန်းထွန်းထိုက် ဒီကနေ့မနက် ကွယ်လွန်သွားပါတယ်။ ဦးထွန်းထွန်း ထိုက် နေထိုင်တဲ့ ကျောက်ဖြူမြို့နယ် ကာပီချောင်းကျေးရွာမှာပဲ ကွယ်လွန်သွားတာလို့ ရခိုင်အမျိုးသား ကွန်ရက်ဥက္ကဋ္ဌ ဦတင်ထူးအောင်က ပြောပါတယ်။

ဘင်္ဂလာဒေရှ့် ၁၁၆ ဦးကို ထိုင်းငါးဖမ်းဘုတ်နှင့်အတူ ဘင်္ဂလာရေပိုင်နက်တွင် ဖမ်းမိ


မလေးရှားနိုင်ငံသို့ ရေလမ်းကြောင်းမှ ထွက်ခွာရန် စီစဉ်နေသည့် ဘင်္ဂလီ ၁၁၆ ဦးကို ထိုင်းငါးဖမ်းဘုတ် တန်းကေး တစ်စီးနှင့်အတူ သူ့နိုင်ငံ၏ ရေပိုင်နက်အတွင်း ဘင်္ဂလာဒေရှ့် ရေတပ်က ဖမ်းဆီးလိုက်သည်ဟု Bdnews24 တွင် သတင်းရေးသားဖော်ပြသည်။

ထိုင်းနိုင်ငံရှိစက်ရုံတွင်ပိတ်လှောင်၍စေခိုင်းခံရသော မြန်မာလုပ်သားလေး ဆယ်ကျော်ကို ထိုင်းရဲတပ်ဖွဲ့ကယ်တင်


ထိုင်းနိုင်ငံ မဟာချိုင်မြို့နယ်ရှိ ပုစွန်အခွံခွာသည့် အလုပ်ရုံတွင် လူကုန်ကူးခံရပြီး သုံးနှစ်ခန့် ကြာ ပိတ်လှောင် ထားကာအလုပ် စေခိုင်းခံနေရသောမြန်မာလုပ်သား ၄၀ ကျော်ကို ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT)နှင့်ထိုင်းရဲတပ်ဖွဲ့တို့ကမေ လ ၁၂ ရက်တွင် ကယ်ထုတ်နိုင်ခဲ့ ကြောင်း သတင်းရရှိသည်။

မြန်မာလုပ်သားလေးဦးကို သေနတ်ဖြင့်ပစ်သော ထိုင်းအလုပ်ရှင်အား မြန်မာသံရုံး အမှုဖွင့်တိုင်ကြား


လုပ်အားခတောင်းခံ သော မြန်မာလုပ်သားလေးဦးကိုသေနတ်ဖြင့်ပစ်သော ထိုင်းအလုပ်ရှင်သူဌေးအား အရေးယူ ဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံဆိုင် ရာမြန်မာသံရုံးက ထိုင်းရဲတပ်ဖွဲ့ရုံး ချုပ်တွင် အမှုဖွင့်တိုင်ကြား လိုက် ကြောင်း သတင်းရရှိသည်။

လက်ပံတောင်းအရေး တရုတ်သံရုံးရှေ့ ဆန္ဒပြသူ ခြောက်ဦးကို မေလ ၁၅ ရက်တွင် အမိန့်ချမည်


လက်ပံတောင်းတောင်တွင် သေနတ်ထိမှန် သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်းအတွက်အမှုမှန် ဖော်ထုတ်ပေးရေးနှင့် လက်ပံ တောင်းတောင်စီမံကိန်း ရပ်ဆိုင်း ရေးအတွက် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုသောကြောင့် ပုဒ်မလေးခုဖြင့် တရားစွဲဆိုခံထား ရသူ ခြောက်ဦးကို ဒဂုံမြို့နယ် တရားရုံးက မေလ ၁၅ ရက်တွင် အမိန့်ချ မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

လွှတ်တော်ဥပဒေကြမ်းတွေ အစိုးရ လိုက်လံရေးဆွဲနေတာ အကျိုး မရှိကြောင်း သူရဦးရွှေမန်းပြော


လွှတ်တော်တွေက ဥပဒေကြမ်းတွေ ရေးဆွဲနေချိန်မှာ ပြည်ထောင်စုအစိုးရက အလားတူ ဥပဒေတွေရေး ဆွဲပြီး လွှတ်တော်ထံ တင်ပြတာဟာ လွှတ်တော်နဲ့ အစိုး ရ နှစ်ဖက်စလုံးအတွက် အကျိုးမရှိကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ ပြောကြား လိုက်ပါတယ်။

ကိုယ်စားလှယ်တွေ ခွင့်မယူရေး သတ်မှတ်ချက် အမျိုးသားလွှတ်တော် အတည်ပြု


အမျိုးသားလွှတ်တော်မှာ အရေးကြီးတဲ့ အဆိုတွေ၊ ဥပဒေတွေကို ဆွေးနွေး အတည် ပြုတဲ့အခါ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မပျက်မကွက် တက်ရောက် ကြဖို့ သတ်မှတ်ချက်ကို အမျိုးသားလွှတ်တော်ဆိုင် ရာ ဥပဒေမှာ ထည့်သွင်းအတည်ပြု လိုက်ပါတယ်။

လွှတ်တော်လုပ်မှ နောက်က ကမန်းကတမ်း လိုက်တင်တာက နှစ်ဘက်စလုံး အကျိုးမရှိ ဟု လွှတ်တော် နာယကပြော



ဥပဒေပြုရေးအတွက် ဥပဒေကြမ်းများ ရေးဆွဲသည့်အခါ ကြာသင့်သည့် အချိန်ထက် မပိုသင့်ကြောင်း၊ လွှတ်တော်က ဥပဒေကြမ်း ရေးဆွဲဆွေးနွေးတော့မှ သက်ဆိုင်ရာ ဝန်ကြီးဌာနက နောက်က ကမန်းကတမ်း လိုက်လံရေးဆွဲတင်သွင်းခြင်းသည် နှစ်ဘက်စလုံးအတွက် အကျိုးမရှိနိုင်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မေ ၁၃ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထုတ်ဖော်ပြောကြားခဲ့ သည်။

ရွှေ့ပြောင်းအလုပ်သမား ၅၀၀၀ ကျော် အမျိုးသားမှတ်ပုံတင်ကဒ်ရရန် RCSS စီစဉ်ပေးနေ


ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား ၅၀၀၀ ကျော်အတွက် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့သို့ခေါ်ယူကာ နိုင်ငံသား စိစစ်ရေးကဒ် (မှတ်ပုံတင်) လုပ်ပေးရန် RCSS မှ တာဝန်ယူ စီစဉ်ဆောင် ရွက်ပေးသွားမှာဖြစ်ကြောင်းသိရှိပါသည်။

မြန်မာကိုပေးတဲ့ အကူညီ ၄၀% ကို သြစီလျှော့ချ


သြစတြေးလျ အစိုးရက မနေ့ညတုန်းကပဲ ဒီနှစ်အတွက် ဘတ်ဂျက်ကို ကြေညာလိုက်ပြီး မြန်မာနိုင်ငံ ကို ပေးနေတဲ့ ထောက်ပံ့ကူညီငွေကို ၄၀ % တောင် လျှော့ချလိုက်ပါတယ်။မြန်မာနိုင်ငံကို သြစတြေးလျက တစ်နှစ်ကို သန်း ၁၀၀ ဝန်းကျင် ကူညီရာကနေ ၄၀% လောက်ကို လျှော့ချမှာ ဖြစ်ပါတယ်။

အစိုးရပိုင်နှင့် တပ်မတော်ပိုင် သတင်းစာများတွင် ရေးသားထားသော သတင်းများအပေါ် KNPP မှ ဗဟိုကော်မတီဝင်များ ရှင်းလင်း


နိုင်ငံတော်အစိုးရပိုင်နှင့် တပ်မတော်ပိုင် သတင်းစာများတွင် ရေးသားထားသော သတင်းများအပေါ် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP မှ ဗဟိုကော်မတီဝင်များက လွိုင်ကော်မြို့ ဆက်ဆံရေးရုံး၌ မေ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်တွင်းရှိ သတင်းသမားများနှင့် ငြိမ်းချမ်းရေးစောင့် ကြည့်လေ့လာရေး အဖွဲ့ဝင် များအား ခေါ်ယူတွေ့ဆုံ ရှင်းလင်းသည်ဟု သိရသည်။

Wednesday, May 13, 2015

အားလုံးက တန်းတူညီတူ သဘောထားကြီးမှ တကယ့်ညီညွတ်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်နိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား


အားလုံးက တန်းတူညီတူ သဘောထားကြီးမှ တကယ့်ညီညွတ်တဲ့ပြည်ထောင်စုကို ထူထောင်နိုင် မှာဖြစ်ကြောင်း စဉ်းစားစေချင်တယ်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် က ပြောကြား ခဲ့သည်။

အစည်းအဝေးမှာ အိပ်ငိုက်တဲ့ မြောက် ကာကွယ်ရေးဦးစီးချုပ်ကို ကွပ်မျက်လိုက်ပြီလို့ဆို


အစည်းအဝေးမှာ အိပ်ငိုက်ပြီး သူ့ကို ခွန်းတုံ့ပြန်ခဲ့တဲ့အတွက် ကာကွယ်ရေးဦးစီးချုပ် ဟွန်ယောင်ချို ကို မြောက်ခေါင်းဆောင်ကင်ဂျုံအန်း က ကွပ်မျက်လိုက်ပြီလို့ တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့ (NIS)က ယုံကြည်ရတဲ့သတင်းရင်းမြစ်ကို ကိုးကားပြီး ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ခွပ်ဒေါင်းအစိုးရ နန်းတက်ခဲ့သော်


၂ဝ၁၅အလွန်မှာ ဒီချုပ်က အစိုးရတာဝန်ယူနိုင်မလား၂ဝ၁၅ ရွေးကော်ပွဲကြီး နီးလာပြီ။ လေးနှစ်တာ တာဝန် ယူခဲ့သော ဦးသိန်းစိန်အစိုးရလက်ထက်ကို လည်ပြန်ကြည့်လျှင် အနိမ့်၊ အမြင့်၊ အတက်၊ အကျ ဂယက်က လှိုင်းကဲ့သို့ ကြမ်းသည်ဆိုရမည်။

အကြွေးစနစ်ဖြင့် ချုပ်နှောင်နှိပ်စက်ခံရသည့် မြန်မာအလုပ်သမားများ လွတ်မြောက်



ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်စခွန်ခရိုင် မဟာချိုင်မြို့က စက်ရုံတရုံမှာ လူကုန်ကူးသူ တွေက အကြွေးစနစ်နဲ့ လာထားသွားပြီး မတရားခိုင်းစေခံနေ ရတဲ့ အလုပ်သမား ၄၀ ကျော် မနေ့ညက ပြန်လွတ်လာခဲ့ပြီ ဖြစ်ပါ တယ်။

၂၀၁၅ တွင် အနားယူမည့် ပင်စင်စား ဗိုလ်ချုပ်ကြီးများ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ဝင်ပြိုင်ဦးမည်


၂၀၁၅ ခုနှစ်အကုန်တွင် တပ်မတော်မှပင်စင်ယူမည့် ဒုတိယဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်ချုပ်အချို့တို့ သည်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များအဖြစ်  ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ် ပြိုင်နိုင်ဖွယ် ရှိသည်ဟု ပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။

ဝင်းစိန်ဆရာတော်ကြီး ဦးစီးတည်ထားကိုးကွယ်တော် မူခဲ့သော ကမ္ဘာ့ အကြီးဆုံးလျောင်းတော်မူဘုရားကြီးကို သီရီဒုံဆက်တည်မည့်သတင်း မဟုတ်မှန်



ဝင်းစိန်ဆရာတော်ကြီး ဦးစီးတည်ထားကိုးကွယ်တော် မူခဲ့သော မုဒုံမြို့မှ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဘုရားကြီးအား ထိုင်းနိုင်ငံ ဘုရင့်သမီး တော် ချက်ကရီသီရိဒုံ မှ ဆက်လက်တာဝန်ယူတည်ထားမည် မှာ မဟုတ်မှန် ကြောင်း အဆိုပါ ဘုရား ဂေါပက အဖွဲ့ ကပြောသည်။ “ဒီဘုရားကြီးတွေကို ထိုင်းနိုင်ငံက တာဝန်ယူပြီးတည်မယ်ဆိုတာ မဟုတ်ပါဘူး၊ ကောလာဟလ တွေပါ ။

လှေစီးဒုက္ခသည် ထောင်ကျော် မလေးရှား ဖမ်းဆီး



အမျိုးသမီးပါတီထူထောင်ခွင့် ပယ်ချခံရ


မြန်မာနိုင်ငံမှာ ပထမဆုံးအမျိုးသမီးပါတီကို ထူထောင်ခွင့်ရရှိဖို့ မွန်အမျိုးသမီးတွေဦးဆောင်ပြီး လျှောက်ထား ခဲ့ရာမှာ မေ ၁၂ ရက်မှာတော့ အမျိုးသမီးပါတီအမည်နဲ့ ထူထောင်ခွင့်မပြုနိုင်ကြောင်း နဲ့ အမည်ပြောင်း ဖို့ ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းပြန်ကြားလိုက်ပါတယ်။

My Blog List