Thursday, January 23, 2020

စွပ်စွဲထားသလို လုပ်ဆောင်ခြင်းမရှိသည့်အတွက် ICJ ၏ အမိန့်ချမည့်အပေါ် စိုးရိမ်စိတ်မရှိဟု တပ်မတော်ပြော


Image may contain: 3 people, people sitting and indoor
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) အနေဖြင့် မြန်မာနိုင်ငံအပေါ် မည်သို့ဆုံးဖြတ်ချက်ချသည်ဖြစ်စေ စွပ်စွဲထားသလို လုပ်ဆောင်ထားခြင်းမရှိသည့်အတွက် အမိန့်ချမည့်အပေါ် စိုးရိမ်စရာမရှိဟု ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ်သောင်းနိုင်က ပြောသည်။
"ကျွန်တော်တို့အနေနဲ့ကတော့ စိုးရိမ်စိတ်ကမရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့စွပ်စွဲထားသလို ကျွန်တော်တို့ လုပ်တာဟုတ်မှမဟုတ်တာ။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ဆီမှာ လုပ်သင့်လုပ်ထိုက်တာကို ကျွန်တော်တို့ စစ်ဘက်တရားစီရင်ရေး မူဘောင်ထဲက ဆောင်ရွက်နေတာဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်သောင်းနိုင်က ပြောသည်။

ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဗိုလ်ချုပ်သောင်းနိုင်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ICJ အနေဖြင့်လည်း လုပ်စရာရှိသည်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး တပ်မတော်အနေဖြင့် စစ်ဘက်တရားစီရင်ရေး မူဘောင်အတွင်းမှ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်သောင်းနိုင်က ပြောသည်။

မည်သည့် အမိန့်ချသည်ဖြစ်စေ အစိုးရ၏လမ်းညွှန်ချက်နှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

တရားရုံးတွင် အစိုးရ၏လျှောက်လဲခဲ့မှုများနှင့် ပတ်သက်၍ ICJ ၏ဆုံးဖြတ်ချက်အပေါ်အကောင်းဆုံးမျှော်လင့် ထားကြောင်း၎င်းကပြောသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ္မစ်ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့(OIC) ကိုယ်စား မြန်မာနိုင်ငံကို (ICJ) ၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

ထိုသို့ တရားစှဲဆိုထားသညျ့အတှကျ နိုငျငံတောျအတိုငျပငျခံပုဂ်ဂိုလ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် နယ်သာလန်နိုင်ငံကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက သွားရောက်ကာတရားရင်ဆိုင် လျှောက်လဲချက်ပေးခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ICJ က ယနေ့တွင် ကြားဖြတ်အမိန့်ချမှတ်သွားမည်ဖြစ်သည်။

(Zawgyi)
စွပ်စွဲထားသလို လုပ်ဆောင်ခြင်းမရှိသည့်အတွက် ICJ ၏ အမိန့်ချမည့်အပေါ် စိုးရိမ်စိတ်မရှိဟု တပ်မတော်ပြော

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) အနေဖြင့် မြန်မာနိုင်ငံအပေါ် မည်သို့ဆုံးဖြတ်ချက်ချသည်ဖြစ်စေ စွပ်စွဲထားသလို လုပ်ဆောင်ထားခြင်းမရှိသည့်အတွက် အမိန့်ချမည့်အပေါ် စိုးရိမ်စရာမရှိဟု ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ်သောင်းနိုင်က ပြောသည်။

"ကျွန်တော်တို့အနေနဲ့ကတော့ စိုးရိမ်စိတ်ကမရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့စွပ်စွဲထားသလို ကျွန်တော်တို့ လုပ်တာဟုတ်မှမဟုတ်တာ။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ဆီမှာ လုပ်သင့်လုပ်ထိုက်တာကို ကျွန်တော်တို့ စစ်ဘက်တရားစီရင်ရေး မူဘောင်ထဲက ဆောင်ရွက်နေတာဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်သောင်းနိုင်က ပြောသည်။

ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားေရးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဗိုလ်ချုပ်သောင်းနိုင်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ICJ အနေဖြင့်လည်း လုပ်စရာရှိသည်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး တပ်မတော်အနေဖြင့် စစ်ဘက်တရားစီရင်ရေး မူဘောင်အတွင်းမှ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်သောင်းနိုင်က ပြောသည်။

မည်သည့် အမိန့်ချသည်ဖြစ်စေ အစိုးရ၏လမ်းညွှန်ချက်နှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ြဖစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

တရားရုံးတွင် အစိုးရ၏လျှောက်လဲခဲ့မှုများနှင့် ပတ်သက်၍ ICJ ၏ဆုံးဖြတ်ချက်အပေါ်အကောင်းဆုံးမျှော်လင့် ထားကြောင်း၎င်းကပြောသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ္မစ်ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့(OIC) ကိုယ်စား မြန်မာနိုင်ငံကို (ICJ) ၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

ထိုသို့ တရားစွဲဆိုထားသည့်အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် နယ်သာလန်နိုင်ငံကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက သွားရောက်ကာတရားရင်ဆိုင် လျှောက်လဲချက်ပေးခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ICJ က ယနေ့တွင် ကြားဖြတ်အမိန့်ချမှတ်သွားမည်ဖြစ်သည်။

#TheFifthWaveNews

No comments:

Post a Comment

My Blog List