Friday, January 24, 2020

ပြည်ခိုင်ဖြိုးပါတီပြန်လည်တာဝန်ယူရပါက ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်သည့် နိုင်ငံတကာမှ လူ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ပြန်လွှတ်မည်


Image may contain: 12 people, people standing, tree and outdoor
ပြည်ခိုင်ဖြိုးပါတီ ပြန်လည် တာဝန်ယူရပါက ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုများ လုပ်နေသည့် နိုင်ငံတကာမှ လူ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ပြန်လည်စိစစ်ပြီး သက်ဆိုင်ရာ နေရာများသို့ ပြန်လွှတ်သင့်လျှင် လွှတ်ရမည်ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်က ပြောကြားလိုက်သည်။
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ နှောကန်ကျေးရွာတွင်ပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီဝင် အသိအမှတ်ပြုကတ်ပြား ပေးအပ်ပွဲ အခမ်းအနားတွင် ဦးဝဏ္ဏမောင်လွင်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းြဖစ်သည်။

လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ခြင်းကြောင့် လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ပြည်ပမှ တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်၍ဖြစ်စေ ဝင်ရောက်စွက်ဖက် နေသည့် ကိစ္စရပ်များအားလုံးကို ပြန်လည်စိစစ်မည်ဖြစ်ကြောင်း၊ ဝင်ရောက်စွက်ဖက် ခွင့်ရအောင် ဆောင်ရွက်နေသည့် ပြည်တွင်းကို ရောက်ရှိနေသည့် နိုင်ငံတကာ အဖွဲ့အစည်းများ အားလုံးကို ပြန်လည်စိစစ်မည်ဟု ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

“ကျွန်တော်တို့ ပြန်လည်စိစစ်ပါမယ်။ မိမိပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေ တယ်ဆိုတ ဲ့သူတွေကို ပြန်လည်စိစစ်ပြီး သူတို့ သက်ဆိုင်ရာနေရာတွေကို ပြန်လွှတ်သင့်ရင်လည်း လွှတ်ရပါလိမ့်မယ်” ဟု ဦးဝဏ္ဏမောင်လွင်က”ပြောသည်။

အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေသည့်လုပ်ငန်း အချုပ်အခြာအာဏာကို ထိခိုက်စေ သည့် လုပ်ရပ်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပါဝင်ပတ် သက်နေသည့် နိုင်ငံခြားပြည်ပ သြဇာလွှမ်းမိုးအောင် ကြိုးစားနေသည့် လူ၊ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအားလုံးသည်အမျိုးသား အကျိုးစီးပွားကို ထိခိုက်စေနိုင်သူ များဖြစ်သည့် အတွက် အားလုံးကို ပြန်လည်စိစစ် သွားမည်ဖြစ်ကြောင်းလည်း ဦးဝဏ္ဏမောင်လွင်က ဆက်လက်ပြောကြားခဲ့သည်။

The Ladies News
ပြည်ခိုင်ဖြိုးပါတီပြန်လည်တာဝန်ယူရပါက ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်သည့် နိုင်ငံတကာမှ လူ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ပြန်လွှတ်မည်
--- --- ---
ပြည်ခိုင်ဖြိုးပါတီ ပြန်လည် တာဝန်ယူရပါက ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုများ လုပ်နေသည့် နိုင်ငံတကာမှ လူ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ပြန်လည်စိစစ်ပြီး သက်ဆိုင်ရာ နေရာများသို့ ပြန်လွှတ်သင့်လျှင် လွှတ်ရမည်ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်က ပြောကြားလိုက်သည်။

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ နှောကန်ကျေးရွာ တွင်ပြုုလုပ်သည့် ပြည်ခိုင်ဖြိုး ပါတီဝင် အသိအမှတ်ပြုကတ်ပြား ပေးအပ်ပွဲ အခမ်းအနားတွင် ဦးဝဏ္ဏမောင်လွင်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ခြင်းကြောင့် လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ပြည်ပမှ တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်၍ဖြစ်စေ ဝင်ရောက်စွက်ဖက် နေသည့် ကိစ္စရပ်များအားလုံးကို ပြန်လည်စိစစ်မည်ဖြစ်ကြောင်း၊ ဝင်ရောက်စွက်ဖက် ခွင့်ရအောင် ဆောင်ရွက်နေသည့် ပြည်တွင်းကို ရောက်ရှိနေသည့် နိုင်ငံတကာ အဖွဲ့အစည်းများ အားလုံးကို ပြန်လည်စိစစ်မည်ဟု ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

“ကျွန်တော်တို့ ပြန်လည်စိစစ်ပါမယ်။ မိမိပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေ တယ်ဆိုတ ဲ့သူတွေကို ပြန်လည်စိစစ်ပြီး သူတို့ သက်ဆိုင်ရာနေရာတွေကို ပြန်လွှတ်သင့်ရင်လည်း လွှတ်ရပါလိမ့်မယ်” ဟု ဦးဝဏ္ဏမောင်လွင်က”ပြောသည်။

အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေသည့်လုပ်ငန်း အချုပ်အခြာအာဏာကို ထိခိုက်စေ သည့် လုပ်ရပ်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပါဝင်ပတ် သက်နေသည့် နိုင်ငံခြားပြည်ပ သြဇာလွှမ်းမိုးအောင် ကြိုးစားနေသည့် လူ၊ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအားလုံးသည်အမျိုးသား အကျိုးစီးပွားကို ထိခိုက်စေနိုင်သူ များဖြစ်သည့် အတွက် အားလုံးကို ပြန်လည်စိစစ် သွားမည်ဖြစ်ကြောင်းလည်း ဦးဝဏ္ဏမောင်လွင်က ဆက်လက်ပြောကြားခဲ့သည်။

The Ladies News

No comments:

Post a Comment

My Blog List