Friday, May 16, 2014

အစိုးရအား ဆန့်ကျင်ဆန္ဒပြသော သပိတ်စခန်းတွင် တိုက်ခိုက်မှုဖြစ်ပွားပြီး လူ ၂ ဦး သေဆုံး



ထိုင်းနိုင်ငံ မြို့တော် ဗန်ကောက်ရှိ သပိတ်စခန်း တိုက်ခိုက်မှုတွင် လူ ၂ ဦး သေဆုံးခဲ့ပြီး ၂၂ ယောက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။မြို့တော်၏ ဒီမိုကရေစီ အထိမ်းအမှတ်နေရာရှိ သပိတ်စခန်းတွင် ပေါက်ကွဲမှုများ၊ သေနတ် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းကို မျက်မြင် သက်သေများမှပြောကြားခဲ့သည်။

အစီရင်ခံစာသစ်အရ ၂၀၁၃ မြန်မာပြည်တွင်း ဒုက္ခသည် ၆ သိန်းရှိ



ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့လူဦးရေ ၃၃ ဒဿမ ၃ သန်းဟာ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြည်တွင်းဒုက္ခသည်တွေဖြစ်နေကြတယ်လို့ အစီရင်ခံစာသစ်တရပ်မှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံ မှာလည်း မကြာသေးခင် နှစ်တွေကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေကြောင့် လူဦးရေ ၆ သိန်းကျော်ဟာ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ ဒုက္ခသည်တွေ ဖြစ်နေကြတယ်လို့ ဆိုထားပါတယ်။

ထိုင်းနိုင်ငံရေး အကြမ်းဖက်မှု အနည်းဆုံး ၃ ဦးသေဆုံး


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို လက်ပစ်ဗုံးနဲ့ရော သေနတ်နဲ့ပါ တိုက်ခိုက်ခဲ့လို့ ၃ ယောက်သေဆုံးခဲ့တဲ့နောက် ဇူလိုင်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ အတွက် ရွေးကောက်ပွဲအာဏာပိုင်တွေက တောင်းဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်၏ မဲဆွယ်ခွင့် ညွှန်ကြားချက် ပါတီများ သဘောထား ကွဲ



ရွေးကောက်ပွဲကော်မရှင်ကနေ ထုတ်ပြန်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများ စုဝေးဟောပြောခွင့်နှင့် မဲဆွယ် စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြားချက် နဲ့ ပတ်သက်ပြီးနိုင်ငံရေးပါတီတွေအကြား သဘောထားကွဲလွဲနေပါတယ်။ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံရေးပါတီတွေကို မေလဒုတိယပတ်ထဲမှာ ဖြန့်ဝေထားတဲ့ မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြားချက် နဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေအကြားမှာ သဘောထားကွဲလွဲမူရှိနေတာပါ။

သိမ်းဆည်းခံလယ်မြေပြန်ရရေး မအူပင် လယ်သမားများ ထွန်တုံး တိုက်ပွဲ စတင်


ဧရာဝတီတိုင်း မအူပင်မြို့နယ်အတွင်းက လယ်မြေသိမ်ဆည်းခံရတဲ့ တောင်သူ ၆၀ ကျော်ဟာ သူတို့ လယ်မြေပြန်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေကြပါတယ်။မအူပင် တံတားဆောက်လုပ်ဖို့ဆိုပြီး ဆောက်လုပ်ရေးက ၂၀၀၁ ခုနှစ်ကတည်းက သိမ်းဆည်းခဲ့တဲ့ လယ်မြေဧက ၁၇ ဧကကို မူလလယ်ပိုင်ရှင်
လယ်သမားတွေက ဒီကနေ့ ၀င်ရောက်ထွန်ယက်ကြပါတယ်။

မြန်မာနဲ့ စီးပွားရေး ဒဏ်ခတ်မှု အမေရိကန်သက်တမ်းတိုး


အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ မြန်မာစစ်တပ်နဲ့တွဲပြီး စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ လုပ်တာကို ပိတ်ပင် ထားတဲ့ အရေးယူ ဒဏ်ခတ်မှု အမိန့်ကို သမ္မတ အိုဘားမားက နောက်ထပ် တစ်နှစ် သက်တမ်းတိုး လိုက်ပါ တယ်။ မြန်မာနိုင်ငံတွင်း စိုးရိမ်စရာ အခြေအနေတွေ အချို့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒ ကို အလွန်အမင်း ခြိမ်းခြောက်မှု ဆက်ရှိနေ တာကြောင့် အရေးယူမှုကို အခုလို ထပ်ပြီး သက်တမ်းတိုးတာဖြစ်တယ်လို့ သမ္မတ အိုဘားမားရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက ပြောပြမှာပါ။

သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဆွေးနွေးခွင့် အဖွဲ့ ၁၅၀ ကျော် တောင်းဆို



သမ္မတဦးသိန်းစိန်၊ လွှတ်တာ်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း အရပ်ဘက် အဖွဲ့အစည်း ၁၅၀ ကျော် မေလ ၁၄ ရက်နေ့က စာရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်မျိုးစောင့်ဥပဒေတွေ နဲ့ ပတ်သက်ပြီး အကြံပြုဆွေးနွေးတင်ပြလိုတာကြောင့် အခုလို တောင်းဆိုရတာလို့ အမျိုးသမီး တန်းတူညီမျှရေးကွန်ရက် အဖွဲ့ဝင် ဒေါ်မေစပယ်ဖြူက ပြောပါတယ်။

အစိုးရနှင့် အန်စီစီတီ ဆွေးနွေးပွဲ ရက်ရွှေ့



ရန်ကုန်မှာ လုပ်ဖို့ရှိတဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (အန်စီစီတီ)တို့ ဆွေးနွေးပွဲကို မေလ ၂၁ ရက်နဲ့ ၂၂ရက်တို့မှာ ပြောင်းလဲ ကျင်းပပြုလုပ်မယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။

တရုတ်ရေတပ် သင်္ဘောတွေ မြန်မာနိုင်ငံလာမည်




"တောင်ကိုရီးယား ကူးတို့သင်္ဘောကပ္ပတိန်ကို လူသတ်မှုဖြင့် စွဲချက်တင်"




အမျိုး၊ ဘာသာ၊ သာသနာ တိုးတက်စေဖို့ ၅၉ (စ) ထောက်ခံစို့ အပါအ၀င် အချက် (၄) ချက် တောင်းဆိုကာ ဇလွန်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ဆန္ဒပြ


အမျိုး၊ ဘာသာ၊ သာသနာတိုးတက်စေဖို့ ၅၉(စ) ထောက်ခံစို့ အပါအဝင် အချက်လေးချက် တောင်းဆိုကာ မေ ၁၅ ရက်က ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင် ဆန္ဒပြခဲ့သည်။

ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးရှေ့မှ နံနက် ၈ နာရီခွဲတွင် စတင်ကာ ဗိုလ်ချုပ်လမ်းအတိုင်း လူဦးရေ ၅၅ဝဝကျော် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခဲ့ကြကာ ပြည်ထောင်စုသားစစ်စစ် ဒီမိုကရေစီအရေး ၅၉(စ) ထောက်ခံရေး၊ အမျိုး၊ ဘာသာ၊ သာသနာ တိုးတက်စေဖို့ ၅၉ (စ)ထောက်ခံစို့၊ မြန်မာဒီမိုကရေစီ တိုးတက်စေဖို့ ယဉ်ကျေးမှုနှင့်အညီ ဆောင်ရွက်စို့ စသည့်ခွင့်ပြုမိန့် ရရှိထားသော အချက်သုံးချက်အပြင် ခွင့်ပြုမိန့်တွင် မပါရှိသော အမျိုးမစစ်ရင် အမျိုးမချစ်ဘူး၊ အမျိုးစစ်မှ အမျိုးချစ်မည်၊ အမျိုးဖျက်သူ အလိုမရှိ ရေးသားထားသော လက်ကိုင်ဆိုင်းဘုတ်များကိုပါ ကိုင်ဆောင်ကာ ဇလွန်ပြည်တော်ပြန်ဘုရားကြီးရှေ့အထိ ဆန္ဒပြခဲ့ကြပြီး နံနက် ၉ နာရီခွဲတွင် အဆုံးသတ်ခဲ့သည်။

Thursday, May 15, 2014

ကောလာဟလတွေ ကြားရတာကို အရမ်းစိတ်ကုန်တယ်လို့ဆိုတဲ့ စံရတီမိုးမြင့်



ချစ်စရာကောင်းတဲ့ ဟန်ပန်အမှုအရာလေးတွေနဲ့ တီဗီကြော်ငြာတွေမှာ မြင်တွေ့လာရတဲ့ အချိန်ကစပြီး နောက်ပိုင်း ဗီဒီယို ဇာတ်ကားတော်တော်များများမှာပါ တွေ့လာရတဲ့ စံရတီမိုးမြင့်ဟာ အောင်မြင်မှုခြေလှမ်းတွေကို ပိုင်ဆိုင်နိုင်ဖို့ တစ်ဖြေးဖြေးချင်းလျှောက်လှမ်းကြိုးစားနေတဲ့ သူလေး ဖြစ်တာကြောင့် သူမနဲ့တွေ့ဆုံခိုက် မေးမြန်းကြည့်ဖြစ်တဲ့အခါ လတ်တလောမှာတော့ အချစ်ဖန်စီ ကားလေးရိုက်နေပါတယ်။ 

အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကျန်းမာရေးဆိုင်ရာ သိမှတ်စရာများ



အိမ်ထောင်ပြုလိုက်တာနဲ့ အနေအထိုင်တွေ ဆင်ခြင်ရ၊ အသွားအလာ၊ အသုံးစရိတ်တွေ လျှော့ချပစ်ရ၊ ရှေ့ရေးအတွက် အားသွန်ခွန်စိုက် အလုပ်တွေလုပ်ရ စသဖြင့် စိတ်ပင်ပန်းရတဲ့ ကာလတွေ ရှိပေမယ့် အိမ်ထောင်ပြုလိုက်လို့ ဖြစ်လာတဲ့ ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောင်းကျိုးတွေပေါ့။ အဲ့ဒါတွေကတော့

အသားမဲသွားရင် လုံးဝ ကြည့်မကောင်းတော့တာကြောင် အသားအရေပိုင်းကို ဂရုစိုက်တဲ့ မိစန္ဒီ



Hip Hop မြူးဇစ်ကို နှစ်ခြိုက်တဲ့ ရက်ပ်ပါမလေး မိစန္ဒီနဲ့ တွေ့ဆုံခိုက် သူမရဲ့ အလှအပရေးရာနဲ့ အချစ်ရေးအကြောင်း မေးကြည့်ဖြစ်တဲ့အခါ သူမက ‘ ခုက မိုးတွင်းရောက်တော့မယ်။ မိုးကလဲ သိပ်မရွာသေးဘူး။နေက ပူနေတုန်းပဲ ဆိုတော့ အသားအရေပိုင်းကတော့ တော်တော်လေး ဂရုစိုက်ရပါတယ်။ sun cream များများပါတဲ့ဟာ လိမ်းဖြစ်တယ်။ 

မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေးအတွက် လမ်းလျှောက်ခဲ့ကြတဲ့အဖွဲ့ မြစ်ကြီးနားမြို့ကို ရောက်




ရွေးကောက်ပွဲကော်မရှင်ညွှန်ကြားချက် ပြုပြင်ပေးရန် FDA တောင်းဆို



ရွေးကောက်ပွဲကော်မရှင်ညွှန်ကြားချက် ပြုပြင်ပေးဖို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) အဖွဲ့က ရန်ကုန်မြို့မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်လိုက်တဲ့မဟာမိတ် အဖွဲ့ရဲ့ သဘောထားကြေညာချက် ၅ ခုကို အဖွဲ့ဝင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီခေါင်းဆောင်ဦးခင်မောင်ဆွေက အခုလို ပြောပါတယ်။

နိုင်ငံတော်သမ္မတ မန္တလေးမြို့တွင် မိန့်ခွန်းပြောမည်



အင်အားကြီးပါတီ တစ်ခုအဖြစ် ရပ်တည်လျက်ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်ရန်ရှိသည့် အထက်မြန်မာပြည် ခရီးစဉ်မတိုင်မီ သုံးရက်အလို တွင် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲအတွက် နိုင်ငံတော်သမ္မတက မန္တလေးမြို့တော်တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။

သြစီတချို့ကို စောင့်ကြည့် ပေးဖို့ သြစီအစိုးရက ကန်ကိုတောင်းဆို ခဲ့လို့ဆို



သြစတြေးလျနိုင်ငံ အစိုးရကနေ သြစတြေးလျ ပြည်သူတချို့အပေါ် စောင့်ကြည့်မှုတွေ လုပ်ပေးဖို့ အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ NSA ကို အကူအညီတောင်းခံခဲ့တဲ့အကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ အမေရိကန် ထောက်လှမ်းရေး အမှုထမ်းဟောင်း အက်ဒွက် စနိုဒန် ရဲ့ ဖော်ထုတ်မှုအရ သိရတာဖြစ်ပြီး အစွန်းရောက် လှုပ်ရှား မှုတွေမှာပါဝင်တဲ့ သြစတြေးလျ နိုင်ငံသား တွေအပေါ် စောင့်ကြည့်မှုတွေ လုပ်ပေးဖို့ သြစတြေးလျ အစိုးရက အမေရိကန် ရဲ့ NSA အဖွဲ့ကို အကူအညီ တောင်းထားတဲ့ စာရွက်စာတမ်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တူရကီ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု သေဆုံးသူ ၂၀၅ ဦးသို့ ရောက်ရှိ၊ လူပေါင်း ရာနှင့်ချီ ပိတ်မိနေဆဲ



ပြီးခဲ့သော အင်္ဂါနေ့က ဖြစ်ပွားခဲ့သော တူရကီနိုင်ငံ အနောက်ပိုင်းရှိ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတွင် သေဆုံးသူ အရေအတွက်မှာ ၂၀၅ ဦးသို့ ရောက်ရှိသွားပြီ ဖြစ်ပြီး မိုင်းတွင်းအတွင်း၌ လူရာနှင့်ချီ၍ ပိတ်မိနေဆဲ ဖြစ်သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

လာမည့် ဆွေးနွေးပွဲတွင်လည်း တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းအား အတည်ပြုနိုင်မည်မဟုတ်ဟု NCCT ပြော



ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်မည့် တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ (NCCT) နှင့်အစိုးရတို့ ဆွေးနွေးပွဲတွင် တစ်တိုင်းပြည်လုံးအပစ်အခတ်ရပ်စဲရေးမူကြမ်းအား အတည်ပြုနိုင်မည် မဟုတ်ကြောင်း NCCT ဒုတိယခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း က The Messenger သတင်းစာသို့ပြောသည်။ 

လေယာဉ်စီးလာတဲ့ လိပ်တွေ ဘန်ကောက် လေဆိပ်မှာ ဖမ်းမိ



လိပ်တွေ လေယာဉ်စီးပြီး အိန္ဒိယကနေ ထိုင်းနိုင်ငံကို ရောက်လာတော့ သုဝဏ္ဏ ဘုမ္မိ နိုင်ငံတကာ လေဆိပ် မှာ ထိုင်း အကောက်ခွန်ဝန်ထမ်းတွေက မနေ့က ဖမ်းဆီးလိုက်ပါတယ်။ ဟမ်မီလ်တန် လိပ်မျိုး အကောင် ၂၃ဝ ကို ခရီးဆောင် အိတ်ကြီး ၄ လုံးထဲထည့်ကာ အိန္ဒိယနိုင်ငံ ကလ္လကတ္တား လေဆိပ်ကနေ IndiGo Airlines flight 6E077 နဲ့ ဘန်ကောက် ကို ရောက်လာခဲ့တာပါ။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ပစ်ခတ်မှု ၂ ဦးသေဆုံး



မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ မြန်မာ နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ အမည်မသိ လက်နက် ကိုင် တပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံးကြောင်း သိရသည်။ အမည်မသိ လက်နက်ကိုင်အဖွဲ့သည် ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြို မြို့နယ်ခွဲ နယ်စပ်တွင် ကာရံထားသည့် ခြံ စည်းရိုးကိုဖြတ်ကျော်ပြီး မေလ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၀န်းကျင်တွင် ၀င်ရောက်လာစဉ် နယ်ခြား မှတ်တိုင် အမှတ် ၃၉ အနီး၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုကြောင့် ထိုအဖွဲ့မှ လူ ၂ ဦး သေဆုံးသည်ဟု စုံစမ်းသိရှိရကြောင်း၊ မြန်မာလုံခြုံရေးအဖွဲ့မှ ထိခိုက်ဒဏ်ရာမှုမရှိကြောင်း မောင်တော ခရိုင် ရဲတပ်ဖွဲ့မှ ဒု ရဲမှူးကြီး ရွှေသန်း က  ပြောသည်။

လူပေါင်း ၃၆ဝကျော် သေဆုံးခဲ့ပြီး နောက် ရန်ကုန်-မန္တလေးလမ်းမကြီး အား အဆင့် သုံးဆင့် ဖြင့် နိုင်ငံ တကာအဆင့် မြှင့် ရန် အစိုးရဆုံးဖြတ်



ရန်ကုန်၊ မေ ၁၄- လူ ၁၄ဦးအ သက်ဆုံးရှုံးခဲ့ရသည့် ရာဇာမင်းခရီး သည်တင်အမြန်ဘတ်စ်ကား ရန်ကုန် -မန္တလေး လမ်းမကြီး၌ တိမ်းမှောက် မှုဖြစ်အပြီး ၄၈နာရီအတွင်း အဆိုပါ သေမင်းတမံလမ်းမကြီးအား နိုင်ငံတကာအဆင့် မြှင့်တင် ရန် အစိုးရက ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိကြီးတစ်ဦးက ဒီမိုကရေစီ တူဒေးသို့ အတည် ပြုပြော ကြားသည်။

ယခုနှစ်လေးလအတွင်း လူကုန်ကူးမှု ၁၉ မှု ဖြစ်ပွားကာ လူကုန်ကူးခံရသူ ၁၃ ဦးအား ကယ်ဆယ်နိုင်ခြင်းမရှိဘဲ ကျူးလွန်သည်ဟု ယူဆရသူ ၁၆ ဦး လွတ်မြောက်နေ



ယခုနှစ်လေးလအတွင်း လူကုန်ကူးမှု ၁၉ မှု ဖြစ်ပွားခဲ့ကာ လူကုန်ကူးခံရသူ ၁၃ ဦးအား ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေးသည့်အပြင် လူကုန်ကူးမှု ကျူးလွန်သည်ဟု ယူဆရသော ၁၆ ဦးမှာလည်း ထွက်ပြေးလွတ်မြောက်လျက်ရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ခွင့်ကာလ တိုးမြှင့်ပေးရန် နိုင်ငံရေးပါတီများ တောင်းဆိုမည်



လာမည့် ပွင့်လင်းရာသီတွင် ကျင်းပမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသော ကြားဖြတ်ရွေးကောက်ပွဲ တွင် မဲဆွယ်စည်းရုံးခွင့်ကာလကို တိုးမြှင့်ပေးရန်အတွက် နိုင်ငံရေးပါတီများက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီဝင်များက ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသား ၆ ဦး စာရင်းတိုးဖို့ ကော်မတီတောင်းဆိုမည်



လတ်တလော ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေနဲ့ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ ၅ ဦး စုစုပေါင်း ၆ ဦးကို နိုင်ငံရေး အကျဉ်းသားအဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းဆိုသွားမယ်လို့ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီက ဒီနေ့ ပြောပါတယ်။

မျိုးစောင့်ဥပဒေကိစ္စ သမ္မတနဲ့ တွေ့ဆုံဖို့ လူမှုအဖွဲ့ ၁၅၀ ကျော် တောင်းဆို



အစိုးရကပြဌာန်းဖို့ ကြိုးပမ်းနေတဲ့ မျိုးစောင့်ဥပဒေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတို့ကို တွေ့ဆုံဆွေးနွေးလိုကြောင်း မျိုးစောင့်ဥပဒေ ပြဌာန်းရေးကိစ္စကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်နေကြတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၅၀ ခန့်က ဒီကနေ့ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြပါတယ်။

ရာဇာမင်းယာဉ် တိမ်းမှောက်မှုတွင် သေဆုံးသူများအား အာမခံလုပ်ငန်းနှင့် ယာဉ်လိုင်းမှ လျော်ကြေးငွေ တစ်ဦးလျှင် ကျပ်သိန်း ၆၀ စီပေးအပ်



မေ ၁၂ ရက်တွင် ရာဇာမင်းယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် ခရီးသည် ၁၄ ဦးအား အာမခံလုပ်ငန်းနှင့် ရာဇာမင်းယာဉ်လိုင်းမှ လျော်ကြေးငွေအဖြစ် တစ်ဦးလျှင် ကျပ်သိန်း ၆၀ စီ ပေးအပ်မှုကို မေ ၁၄ ရက်တွင် ဘဏ္ဍာရေး ၀န်ကြီးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဆုံးအကြိမ် ရခိုင်အမျိုးသားနေ့ အခမ်းအနားကျင်းပ



ရခိုင်အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားကို ပထမဆုံးအကြိမ် ရန်ကုန်မြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်ရခိုင်အမျိုးသားနေ့ ကို မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ရခိုင်အမျိုးသားညီလာခံမှာ သတ်မှတ်ခဲ့တာပါ။

ပြည်ထောင်စုအစိုးရထံက တရားဝင်အသိအမှတ်ပြုမှု မရသေးပေမယ့် ရခိုင်မျိုးသားနေ့ကို ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဦးစီးမှုနဲ့ မေ ၁၄ ရက်နေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် သက်မှတ်ကျင်းပလိုက် ပါတယ်။

ဘက်မလိုက် ယာယီဝန်ကြီးချုပ်ခန့်အပ်ဖို့ ထိုင်းအစိုးရစဉ်းစားမည်



ထိုင်းနိုင်ငံမှာ အတိုက်အခံတွေရဲ့ အဓိက တောင်းဆိုချက်တခုဖြစ်တဲ့ ဘက်မလိုက် ယာယီဝန်ကြီးချုပ်တဦး ခန့်အပ်နိုင်ဖို့ အစိုးရအနေနဲ့ စဉ်းစားမှာဖြစ်တဲ့အကြောင်း ယာယီဝန်ကြီးချုပ် Niwatthamrong Boonsongphaisan က ပြောပါတယ်။ဥပဒေထဲက ဘယ်အခန်းတွေ၊ အပိုဒ်ခွဲတွေက ယာယီဝန်ကြီးချုပ်တဦးကို ရွေး ချယ်ခွင့် ပေးထားသလဲ ဆိုတာကို လေ့လာရဦးမှာ ဖြစ်သလို၊ တောင်းဆိုမှုတွေ ကို ငြင်းပယ်တာမျိုး မဟုတ်ဘဲ ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတာကို ကြည့်ရဦးမှာ ဖြစ်တဲ့အကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

မြန်မာပြည်တွင်း ငြိမ်းချမ်းရေး တရုတ်ကူညီဆောင်ရွက်မည်



မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံမှာ အမြန်ဆုံး ငြိမ်းချမ်းရေးရရှိဖို့ တရုတ်နိုင်ငံက အကူအညီပေးမှာ ဖြစ်တဲ့အကြောင်း တရုတ်အစိုးရ ကိုယ်စားလှယ်က ကတိပြုလိုက်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ သံဃာတော်များ မဲပေးခွင့် ရရှိရေး နိုင်ငံတော်သမ္မတထံ တောင်းဆိုမည်ဟု မဘသဆို



လာမည့် ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သံဃာတော်များ ဝင်ရောက် မဲပေးခွင့် ရရှိရေးအတွက် သံဃာတော်များ ဆန္ဒပြုလက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ(ဗဟို) မကွေးကျောင်းတိုက် ဆရာတော် အရှင် ပါမောက္ခက မိန့်ကြားသည်။

လယ်ယာမြေ ပြန်ရရန် ဆုတောင်းပွဲ ဦးဆောင် ကျင်းပသူများကို ရဲတပ်ဖွဲ့ ရိုက်နှက်ဖမ်းဆီးဟု ဒေသခံများဆို



ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ပြည်ခရိုင် သဲကုန်းမြို့တွင် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက လယ်ယာမြေ ပြန်လည် ရရှိရန် တရားဝင်ဆန္ဒထုတ်ဖော်ခွင့် တောင်းခံခြင်း မရှိဘဲ ဆုတောင်းပွဲနှင့် ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင် ကျင်းပသူခဲ့များကို အပြန်လမ်းတွင် ရဲတပ်ဖွဲ့က နံပါတ်တုတ်များဖြင့် ရိုက်နှက် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အဝေးသင်တက္ကသိုလ် အဖြေလွှာ စာစဉ်များကို ဝန်ထမ်းများ အငှားဖြေဆိုပေးပါက အရေးယူမည်



ရန်ကုန်နှင့် မန္တလေး အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားမှု စစ်ဆေးသော အဖြေလွှာ စာစဉ် (Assignment) ကို အငှားဖြေဆိုပေးသည့် ဝန်ထမ်းများ စစ်ဆေးတွေ့ရှိပါက ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းနှင့် အညီ အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က The Voice သို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားနှစ်ချပ် လေလံတင်ရောင်းချမည်



မန္တလေးမြို့တော်တွင် ပြီးခဲ့သည့် မဟာသင်္ကြန် ကာလအတွင်းက ခွပ်ဒေါင်း ကြယ်ဖြူသင်္ကြန် အလှပြယာဉ်တွင် ချိတ်ဆွဲ ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပန်းချီကားနှစ်ချပ်ကို မန္တလေးတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ရန်ပုံငွေ ရရှိရန်အတွက် မေလ ၁၄ ရက်နေ့မှစတင်ကာ လေလံတင် ရောင်းချသွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ ဆွေးနွေးမှု အဖြေမထွက်


ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ဖို့ရှိတဲ့ မဲဆွယ်စည်းရုံးရေး ညွန်ကြားချက် နဲ့ ပတ်သက်လို့ နိုင်ငံရေး ပါတီတွေနဲ့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ ဒီကနေ့ အကြိတ် အနယ်ဆွေးနွေး ခဲ့ကြပေမဲ့ သဘောတူညီချက်မရပဲ ပြီးဆုံး သွားခဲ့ပါတယ်။ ဆွေးနွေးပွဲကို တလတကြိမ်ပြုလုပ်ပေးဖို့ နိုင်ငံရေးပါတီတွေ ဘက်က တင်ပြထားတယ်လို့ ဆိုပါတယ်။

Wednesday, May 14, 2014

" ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရရှိသည့် မြန်မာနိုင်ငံ လူဦးရေစာရင်း သြဂုတ်လတွင် ထုတ်ပြန်ပေးမည်ဟုပြည်ထောင်စုဝန်ကြီး ဦးခင်ရီပြော "



ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုမှရရှိသည့် မြန်မာနိုင်ငံ၏ လူဦးရေစာရင်းကို ယခုနှစ် သြဂုတ်လတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင် စုဝန်ကြီး ဦးခင်ရီက ပြောသည်။ မြန်မာနိုင်ငံရှိ လူဦးရေစာရင်း၊ အမျိုးသား၊ အမျိုးသမီးအရေအတွက်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ လူဦးရေ အရေအတွက် မြို့နယ်ရှိ လူဦးရေများစာရင်းကို ထုတ်ပြန် သွားမည်ဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူရာမှ ရရှိ သည့်အချက် အလက်များကို ၂ဝ၁၅ ခု နှစ် မေလတွင် အပြီးသတ် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ကျောင်းသူ ၂၀၀ ကျော် ပြန်လွတ်ရေး အပေးယူလုပ်မည်ဟု နိုင်ဂျီးရီးယားအစိုးရပြော


ပြန်ပေးဆွဲခံထားရတဲ့ကျောင်းသူ ၂၀၀ ကျော်ကို ကယ်တင်နိုင်ရေးအတွက် ဘိုကိုဟာရမ် အဖွဲ့နဲ့ အပေးအယူ လုပ်ဖို့ လမ်းဖွင့်ထားတယ်လို့ နိုင်ဂျီးရီးယား အစိုးရက ပြောပါတယ်။အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်က အဆင့်မြင့်အရာရှိ မိုက် အိုမာရီက ကျောင်းသူတွေကို ကယ်တင်နိုင်ရေးအတွက် လမ်းကြောင်းအားလုံးကို ဖွင့်ထားတယ်လို့ မီဒီယာတွေကို ပြောပါတယ်။

ရုရှားအနေဖြင့် သဘာဝဓာတ်ငွေ့ကို လက်နက်တခုလို အသုံးမချရန် ယူကရိန်း တိုက်တွန်း


ရုရှားအနေနဲ့ သဘာဝဓာတ်ငွေ့ကို လက်နက်တခုလို အသုံးမချဖို့ ယူကရိန်း ၀န်ကြီးချုပ် အာဆန်နီ ယတ်ဆန်နွတ်က တိုက်တွန်းလိုက်ပါတယ်။ရုရှားဟာ ယူကရိန်းအပိုင် ခရိုင်းမီးယားဒေသမှာ ဒေါ်လာ ဘီယံလီပေါင်းများစွာ တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေနဲ့ စွမ်းအင်တွေကို သိမ်းပိုက်ထားတယ်လို့လည်း စွပ်စွဲ လိုက်ပါတယ်။

လီဗာပူးနည်းပြ ရော့ဂျာ တစ်နှစ်တာအကောင်းဆုံးဆု ဆွတ်ခူး


လီဗာပူးနည်းပြ ဘရင်ဒန်ရော့ဂျာမှာ လိဂ်မန်နေဂျာ အစည်းအရုံးမှ ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံး နည်းပြဆု ဆွတ်ခူးသွားခဲ့သည်။ ရော့ဂျာသည် လီဗာပူးကို ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်သည့်အဆင့် ရောက်ရှိရန် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အဆင့်(၂)နေရာဖြင့် ရာသီသိမ်းနိုင်ခဲ့သည်။ 

လူတွေအကြောင်း သိမှတ်သင့်သော စကားလုံး တစ်ချို့


(၁) လူတစ်ယောက်ဟာ အလွန်အကျွံ့ ရီမောမယ်ဆိုလျှင် သူသည် စိတ်အားငယ် တတ်တယ်။

(၂) လူတစ်ယောက်ဟာ ပုံမှန်ထက် ပိုပြီး အိပ်တတ်မယ်ဆိုလျှင် သူသည် ဝမ်းနည်းလွယ် ပါတယ်။

(၃) လူတစ်ယောက်သည် စကားနည်းမယ်ဆိုလျှင် ဒါမှမဟုတ် စကားပြောတာ မြန်မယ်ဆိုလျှင် သူသည် လျှို့ဝှက်တတ်သူ ဖြစ်ပါတယ်။

လေရှူ အထုတ်အသွင်း လုပ်ရုံဖြင့် ကင်ဆာရှိမရှိ သိနိုင်ပြီ


ကိုယ်တွင်းမှ လေရှူ အထုတ် အသွင်း ပြုလုပ်ရုံနဲ့ မိမိမှာ ကင်ဆာ ရှိမရှိ သိနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒီအတွက် ထောက်ပံ့တဲ့ အိတ်ဆောင် စက်ငယ် လေးများကို ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ပုံမှာ ပြသထားတဲ့ စက်ကတော့ အယ်လ်ကိုဟော ဓာတ်ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တဲ့ စက်ပါ။ 

အစ္စရေး ဝန်ကြီးချုပ်ဟောင်းကို ထောင် ၆ နှစ် ချမှတ်


အစ္စရေး ဝန်ကြီးချုပ်ဟောင်း အီဟွတ် အိုလ်မတ် Ehud Olmert ကို အဂတိ လိုက်စားမှုနဲ့ အစ္စရေး တရားရုံး တစ်ခုက ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။အစိုးရ ခေါင်းဆောင်ဟောင်း တစ်ဦးကို အဂတိ လိုက်စားမှုနဲ့ အခုလို ထောင်ဒဏ် ချမှတ်တာဟာ အစ္စရေးမှာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

မြောက်ကိုးရီးယားနိုင်ငံတွင် ၁၇ ကြိမ်မြောက် ပြောင်းယန်းနွေဦး နိုင်ငံတကာ ကုန်စည်ပြပွဲ ကျင်းပ



မြောက်ကိုရီးယားနိုင်ငံမှာ စီးပွားရေးတိုးတက်စေဖို့အတွက် ရည်ရွယ်ပြီး ၁၇ ကြိမ်မြောက် ပြောင်းယန်းနွေဦး နိုင်ငံတကာ ကုန်စည်ပြပွဲ ကျင်းပနေတယ်လို့ အစိုးရမီဒီယာက အစီရင်ခံပါတယ်။

North Koreaအစိုးရမီဒီယာ ကေစီအန်အေက မေလ ၁၂ ရက်နေ့က ရိုက်ကူးထားတဲ့ ရုပ်သံကိုတော့ သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်မှု မရှိပါဘူး။ ဒီရုပ်သံထဲမှာတော့ ပြောင်းယန်း တော်လှန်ရေး ၃ ခု အိမ်တော်မှာ ကျင်းပတဲ့ ကုန်စည်ပြပွဲကို ပြည်သူတွေ တက်ရောက်နေတာ ပြသထားပါတယ်။

တယ်လီနော မိုဘိုင်းလ်အင်တာနက်မြန်နှုန်း လက်ရှိထက် နှစ်ဆ ပိုမည်ဟုဆို



တယ်လီနော ဆင်းမ်ကတ်များတွင် ပါဝင်မည့် မိုဘိုင်းလ် အင်တာနက်စနစ်ကို အသုံးပြုပါက လက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ် အင်တာနက်ထက် နှစ်ဆမြန်မည်ဖြစ်ကာ အနည်းဆုံးမြန်နှုန်း 1 Mbps (Mega Byte per Second) ရှိမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က ပြောကြားသည်။

မြစ်ကြီးနားမြို့၌ ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် အဓမ္မ စုဆောင်းခံရသူများ၏ မိဘများက KIO နည်းပညာ အကြံပေးရုံးအဖွဲ့ရှေ့တွင် ဆန္ဒပြ


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနေစဉ်အတွင်း အဓမ္မ စစ်သား စုဆောင်းခံရသူများ၏ မိဘများက KIO နည်းပညာ အကြံပေးအဖွဲ့ရုံးရှေ့တွင် မေ ၁၃ ရက် ညနေပိုင်းက ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကဆုန်လပြည့်နေ့ ရွှေတိဂုံစေတီတော်တွင် ဘုရားဖူးပရိသတ် သိန်းချီ



ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့တွင် ရွှေတိဂုံစေတီတော်၌ ညောင်ရေသွန်းရန် လာရောက်သည့် ဘုရားဖူးပရိသတ်မှာ သိန်းချီခန့်ရှိပြီး စည်ကားခဲ့ကြောင်း ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။ အနယ်နယ်အရပ်ရပ်မှ လာရောက်သည့် ဘုရားဖူး ပရိသတ်များမှာ ရင်ပြင်တော်ပြည့် စည်ကားလျက်ရှိပြီး ထောင့်ငါးထောင့်ရှိ မဟာဗောဓိ ညောင်ပင်များ တွင်လည်း ညောင်ရေ သွန်းလောင်းသူ ဘုရားဖူးများ တန်းစီစောင့်ဆိုင်း၍ ညောင်ရေသွန်းလျက် ရှိကြောင်း အင်္ဂါထောင့်တွင် ဝေယျာဝစ္စ ပြုလုပ်ပေးနေသည့် သစ္စာမဏ္ဍိုင်အသင်းမှ ဦးကျော်ဝင်းက ပြောကြားသည်။

My Blog List