20-12-2013
မြန်မာ နိုင်ငံနှင့် ဂျပန် နိုင်ငံတို့ အကြား သာမန် နိုင်ငံကူး လက်မှတ်
ကိုင်ဆောင် သူများ အနေဖြင့် ဗီဇာ မလိုဘဲ သွားလာ နိုင်ရန် အတွက် နှစ်
နိုင်ငံ အစိုးရ အဖွဲ့ တို့ အကြား စီစဉ် ဆောင်ရွက် လျက် ရှိကြောင်း
နိုင်ငံခြား ရေး ဝန်ကြီး ဌာနမှ သိရသည်။ လက်ရှိ တွင် နှစ် နိုင်ငံ သံတမန်
များ နှင့် အဆင့်မြင့် အရာရှိ များ အနေဖြင့် သွားလာ နိုင်ရန် ဆောင်ရွက်
လျက် ရှိပြီး သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင် သူ တိုင်း သွား
လာ နိုင်ရန် စီစဉ် လျက် ရှိကြောင်း သိရသည်။ နိုင်ငံခြား ရေး ဝန်ကြီးဌာန
ကောင်စစ် ရေးရာ နှင့် အပြည်ပြည် ဆိုင်ရာ ဥပဒေ စာချုပ်များ ဦးစီး ဌာနမှ
တာဝန် ရှိသူ တစ်ဦးက “ဂျပန် နိုင်ငံနဲ့ နှစ် နိုင်ငံ လက်မှတ် ရေးထိုး
နိုင်ဖို့ ဆောင်ရွက် နေပါတယ်” ဟု ပြောသည်။
ဂျပန် နိုင်ငံနှင့်
ဗီဇာ ကင်းလွတ်ခွင့် ရရှိ ပါက ပြည်တွင်း သို့ ရင်းနှီး မြှုပ်နှံမှု များ
အပြင် ခရီးသွား လုပ်ငန်း များပါ တိုးတက် လာနိုင် ကြောင်း ပြည်တွင်း
စီးပွားရေး လုပ်ငန်းရှင် အသိုင်း အဝိုင်းက သုံးသပ် ပြောသည်။ “အသေး စားနှင့်
အလတ် စား စီးပွားရေး လုပ်ငန်းရှင် ဦး အောင်ဟိန်း က “လက်ရှိ မှာ ဂျပန်
ကတော့ မြန်မာ နိုင်ငံ ကို အလွန် စိတ်ဝင်စား တယ်။ မြန်မာ နိုင်ငံမှာ သူတို့
အတွက် စီးပွားရေး လုပ်ကိုင် ဖို့ အကွက် အကွင်း တွေ ရှိနေတယ် လို့လဲ ယုံကြည်
တယ်။ မြန်မာ နိုင်ငံရဲ့ ပွင့်လင်း မြင်သာမှု နဲ့ လူမျိုးချင်း နီးစပ်မှု တွေ
ကြောင့် မြန်မာ ပြည် ကို လာချင် ကြ တယ်။ နှစ် နိုင်ငံ ဗီဇာ ကင်းလွတ် ခွင့်
ပေးမယ် ဆိုရင်တော့ စီးပွားရေး အတွက် ရင်းနှီး မြှုပ်နှံမှု တွေ တိုးလာ
နိုင်တယ်” ဟု သုံးသပ် ပြော သည်။ လက်ရှိ တွင် မြန်မာ နိုင်ငံတွင် ဗီဇာ
အမျိုးအစား လေးမျိုး ရှိပြီး နိုင်ငံ ပေါင်း ၅၁ နိုင်ငံ ကို သတ်မှတ်
စည်းကမ်း ချက်များ နှင့် ကိုက်ညီ ပါက ဆိုက်ရောက် ဗီဇာ ထုတ်ပေး လျက်
ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်း(မ်)
Michelle Obama Tells Girls to Fight Man's 'Presumption' to Power
-
On a trip to Asia to promote girls' education, the former US first lady
contrasted her path to recognition and success as a black woman
1 hour ago