Saturday, July 25, 2015

ထိုးစစ်တွေရပ်တန့်ပေးဖို့ အဖွဲ့ ၁ဝဝ ကျော် သမ္မတနဲ့ ကာချုပ်ထံ စာပေးပို့ တောင်းဆို


ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ တပ်မတော်က ထိုးစစ်ဆင်နေတာတွေကို ရပ်တန့် ပေးဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၁ဝဝ ကျော်က နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ထံ အိတ်ဖွင့် ပေးစာပေး အပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး အိန္ဒိယသွားမည်


ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဇူလိုင်လ ၂၆ ရက်နေ့ ကစပြီး အိန္ဒိယနိုင်ငံကို ၆ ရက်ကြာသွားဖို့ စီစဉ်ထားတယ်လို့ နယူးဒေလီကလာတဲ့ သတင်းတွေမှာ မနေ့က ဖေါ်ပြလိုက်ပါတယ်။ ဒီခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အိန္ဒိယကာကွယ်ရေးဝန်ကြီး Manohar Parrikar တို့တွေ့ဆုံ မှာဖြစ်သလို၊ အိန္ဒိယလေတပ်ပြုပြင်ထိမ်းသိမ်း ရေးစခန်းနဲ့ စစ်လက် နက်ဆိုင်ရာနေရာတွေကို လည်ပတ် ကြည့်ရှုမယ်လို့ဆို ပါတယ်။

ကျားဖြူပါတီ ကိုယ်စားလှယ်လောင်း ၂ဝဝ အတွက် ကျပ် ၁ဝ သိန်းစီ ထောက်ပံ့မည်


ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ခေါ်) ကျားဖြူပါတီကို ကိုယ်စား ပြုပြီး နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၂ဝဝ ကို မှတ်ပုံတင်ကြေးနဲ့ စည်းရုံးရေး အတွက် ငွေကျပ်စုစုပေါင်း ကျပ်၁၀သိန်းစီ ပါတီက ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲ ဗီဒီယိုခွေ လက်ဝယ်ရှိသူ တစ်ဦး ဖမ်းဆီးခံရ


မိုးကုတ်မြို့နယ် ရေပူကျောင်းတိုက်ဆရာတော် လွတ်မြောက်ရေးအတွက် ဒေသခံတွေရဲ့ ဆန္ဒပြတောင်း ဆိုပွဲကို ဗီဒီယိုဖိုင်ရိုက်ကူးပြီး အခွေထုတ်ထား တဲ့ တောင်သူလယ်သမားနဲ့ အလုပ်သမားအရေးဆောင် ရွက်သူ ဦးကျော်ဆွေ လတ်ကို လယ်ဝေးမြို့နယ်ရဲစခန်းက ဗီဒီယိုအက်ဥပဒေပုဒ်မ ၃၂ (ခ) နဲ့ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

တစ်သားမွေးတစ်သွေးလှလာတဲ့သက်မွန်မြင့်နှင့် စကားစမြည်


ကိုယ်ဝန်လနုစဉ် အချိန်ကတည်းက   ကျန်းမာရေးအခြေအနေကြောင့် ဇာတ်ကားရိုက်ကူးမှု ရပ်နားခဲ့သည့် သက်မွန်မြင့်က မီးဖွားပြီးသုံးလအကြာ ယခုရက်ပိုင်းတွင် နေတိုးနှင့်တွဲဖက်၍ ဗီဒီယိုဇာတ်ကား ပြန်လည် ရိုက်ကူးနေသည်။ ထို့ပြင် ဇူလိုင် ၂၃ ရက်တွင် ကျရောက်သည့်၎င်း၏မွေးနေ့ကို သားဖြစ်သူ‘အောင်ခေတ်’ ၏ရက်တစ်ရာပြည့်နှင့်ပေါင်း၍ပြုလုပ်ခဲ့သည်။ 

အိုင်အက်စ်အိုင်အက်စ်(ISIS) က မြန်မာကို ဘယ်လိုဖျက်ဆီးနိုင်သလဲ


မြန်မာနိုင်ငံသည် လောလောဆယ်မှာ အစ္စလာမ်မစ်အစွန်းရောက် အကြမ်းဖက်အဖွဲ့ဖြစ်သည့် အိုင်အက်စ် အိုင်အက်စ် (ISIS) ၏ ပစ်မှတ်ထားသည့် စာ ရင်းတွင် မပါဝင်သေးပေ။ အဆိုပါ အုပ်စု၏ အာရှ၊ အာဖရိက နှင့် ဥရောပရှိနေရာအချို့ကို   သိမ်း ပိုက်မည့် ငါးနှစ်ကြာ စီမံကိန်းမှာ လည်း မြန်မာကိုထည့်ထားခြင်း မရှိပါ။ အာဖဂန်တာလီဘန်၊ အယ်လ်ရှာဘတ်၊ ပါကစ္စတန် တာလီဘန်လို အစ္စလာမ်အစွန်း ရောက် အုပ်စု များက မြန်မာနိုင်ငံ ထဲက မွတ်စလင် လူနည်းစုများ အပေါ် မကြာသေးခင်က ဘာသာရေးစစ်ပွဲစိန်ခေါ်မှု လုပ်ခဲ့သော် လည်း အိုင်အက်စ်အိုင် အက်စ်အဖွဲ့ကမြန်မာအပေါ် ဘာမျှ တုံ့ပြန်မှု မရှိပါ။

တရားရုံးတွင် အခြေအနေပိုကောင်းလာသော မြန်မာလုပ်သားနှစ်ဦး


လိပ်ကျွန်းလူသတ်မှုတွင် ထိုင်းရဲတပ်ဖွဲ့က တင်သွင်းခဲ့သည့်  တရားလိုပြ သက်သေ ၁၁ ဦးကို  စစ်ဆေးပြီး ချိန်၌ ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦး အမှုကျူးလွန် ကြောင်း သက်သေမပြနိုင်ဘဲ မှုခင်းအချက်များနှင့် ကွဲလွဲသည့် အချက် ၁၀ ချက် ပေါ်ထွက်လာ သည်။

အပစ်ရပ်စာချုပ်မူကြမ်း လက်ကျန် အချက်သုံးချက် သဘောတူညီချက်မရ၍ စာချုပ်အချောမသပ်နိုင်


တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် (NCA) မူကြမ်းအတွက် ဆွေးနွေးရန် ကျန်နေသည့်သုံး ချက်ကို သဘောတူညီချက်မရ သောကြောင့် အချောသပ်နိုင်ခြင်း မရှိဘဲ သြဂုတ်လဆန်း တွင်နှစ်ဖက် ပြန်လည်တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်းသတင်းရရှိသည်။

Air Bagan လေယာဉ်တစ်စီး ရန်ကုန်လေဆိပ်တွင် ပြေးလမ်းချော်


မန္တလေးမှ ရန်ကုန်သို့ ပျံ သန်းလာသည့် Air Bagan လေ ကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီး သည်  ယနေ့ ညနေ ၆နာရီခွဲခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ရာ ပြေးလမ်းချော် ခဲ့ပြီး လမ်းဘေးမြက်ခင်းထဲသို့ထိုးဆင်း ခဲ့ကြောင်းသတင်းရရှိသည်။

ပေါင်ချိန် ခေါ် လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်အောင်မြင့် ရွေးကောက်ပွဲ ဝင်မည်


သမာသမတ်ကျပြီး ပေါင်ချိန်ကဲ့သို့ အရည်အချင်းရှိခြင်းကြောင့် လာမည့် ရွေးကောက်ပွဲတွင် ထပ်ပြိုင်ဦး မည်ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြေညာလိုက်သည်။လာမည့် ရွေးကောက်ပွဲတွင် လက်ရှိ မဲဆန္ဒနယ်ဖြစ်သော မန္တလေးတိုင်း၊ ပျော်ဘွယ်နှင့် ရမည်းသင်းမြို့နယ် ကိုယ်စားပြုကာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ထပ်မံယှဉ်ပြိုင်မည်ဟု ဇူလိုင် ၂၄ အမျိုးသား လွှတ်တော် အစည်း အဝေးအပြီး ဦးခင်အောင်မြင့်က ပြောဆိုလိုက်ခြင်းဖြစ် သည်။

ပထမဆုံးအကြိမ်အဖြစ် တူရကီစစ်လေယာဉ်များ ဆီးရီးယားရှိ အိုင်အက်စ် ပစ်မှတ်များကို ဗုံးကြဲ


နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများတွင် တူရကီစစ်သား တစ်ဦးသေဆုံးပြီးနောက် တိုက်ခိုက်မှုများသိသိ သာသာ မြင့်မားလာချိန် ပထမဆုံးအကြိမ် အဖြစ် တူရကီဂျက်တိုက်လေယာဉ်များသည် ဆီးရီးယားနိုင်ငံ အတွင်းရှိ အိုင်အက်စ်ဂျီဟတ်ဝါဒီများ၏ စခန်းများကို ဇူလိုင် ၂၄ ရက်နေ့အစောပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ သည်။

ထိုင်းအစိုးရရှေ့နေများက လူပေါင်း ၁၀၀ကျော်ကို လူမှောင်ခို ကုန်ကူးမှုဖြင့် တရားစွဲထား


ယခုနှစ်အစောပိုင်းက နိုင်ငံတောင်ပိုင်းတွင် ဒါဇင်ပေါင်းများစွာသော ရုပ်အလောင်းများ ကိုတွေ့ရှိ ပြီး နောက် လူသိရှင်ကြားဖြစ်လာသော နိုင်ငံစုံပါဝင်ပတ်သက်နေသည့် လူမှောင်ခိုကုန်ကူးမှု အရှုပ်တော်ပုံတွင် ထိုင်းစစ်တပ် ဗိုလ်ချုပ်တစ်ဦးအပါအ၀င် လူပေါင်း ၁၀၀ကျော်ကို ထိုင်းအစိုးရရှေ့နေများက တရားစွဲဆို ထားသည် ဟုပြောရေးဆို ခွင့်ရှိသူတစ်ဦး က ဇူလိုင်လ ၂၄ရက်နေ့ တွင်ပြောကြားခဲ့သည်။

မဲရုံမှုးနှင့် ဒုတိယ မဲရုံမှုးများကို ပညာရေး ၀န်ကြီးဌာန၏ လုပ်သက်အတွေ့ အကြုံများသူကို ဦးစားပေး ခန့်မည်


မဲရုံများအတွက်  မဲရုံမှူးနှင့် ဒုတိယ မဲရုံမှူးကို ပညာရေးဝန်ကြီးဌာနမှ အမှုထမ်း လုပ်သက်ရင့် အတွေ့အကြုံ ရှိ သူများကို ဦးစားပေးပြီးခန့်အပ်သွားမည်ဟု မန္တလေး ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ရွေးကောက် ပွဲ အရာရှိ ဦးတင်မင်းအေးကပြောသည်။

ရွေးကောက်ပွဲ ၀င်ရန် ဦးထွန်းလွင်ကို ကမ်းလှမ်းသော်လည်း ကျန်းမာရေး အရငြင်းပယ်ဟုဆို


အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၂၀၁၅ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြုကာ ကိုယ်စား လှယ်လောင်း အဖြစ်ဝင်ရောက်ရွေးချယ် ခံရန်အတွက် မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်ကို ကမ်းလှမ်းခဲ့ သော်လည်း ၎င်း၏ ကျန်းမာရေး အရ ငြင်းပယ်ခဲ့သည်ဟု NLD သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှဒု-ဥက္ကဋ္ဌ ဦးစိုးညွန့်က မဇ္ဈိမ ကိုပြောသည်။

သစ်ခုတ်သမားများအမှု တရုတ်မီဒီယာနှင့်လူထုကအထူးအလေးထားစောင့်ကြည့်နေဟု တရုတ်ဆင်ဟွာကဆို


တရုတ်နိုင်ငံသား သစ်ခုတ်သမားများအား မြန်မာနိုင်ငံ တရားရုံးမှ ချမှတ်ခဲ့သည့် ထောင်ဒဏ်နှင့် ပတ်သက် ၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့် ရှိသူ လုခန်းမှ တရုတ် နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံ၏ စီရင်မှု အပေါ် အလေးထား စောင့် ကြည့်ပြီး မြန်မာဘက်သို့ တရုတ် နိုင်ငံ၏ သဘောထားကို လည်း ပြောဆို ခဲ့ပြီး ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံမှ တရုတ်နိုင်ငံ၏ ဂရုပြုမှုကို အလေးထားရန်နှင့် အကြောင်း အရာ တွေ့ရှိချက်များကို ပေါင်းစပ် သုံးသပ်ကာ ဤအမှုကိစ္စ အပေါ် သင့်လျော်သော ဆောင်ရွက်မှု ပြုလုပ်ရန် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြောကြား ခဲ့သည်။

"ဦးရွှေမန်း ဖြူးမှ ဝင်အရွေးခံမည်"


ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ သူရဦးရွှေမန်းသည် ၄င်း၏မွေးရပ်မြေဖြစ်သော ဖြူးမဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၄င်း၏ ဖေ့စ်ဘွတ်စာမျက်နှာ မှတဆင့် ပြောကြားလိုက်သည်။

Thursday, July 23, 2015

ရွေးကောက်ပွဲမတိုင်မီ အပစ်ရပ် စာချုပ်လက်မှတ်ထိုးဖို့ ၀န်ကြီး ဦးအောင်မင်းပြောကြား


တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် အပြီးသတ် လက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရဘက်က လိုလားကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ UPWC ဒုတိယ ဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်းက ပြောလိုက်ပါတယ်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးချိန်အတွင်း တိုက်ပွဲများဖြစ်ပွားမှု နှစ်ဖက်လုံး တွင် တာဝန်ရှိဟု KNU ဒုဥက္ကဋ္ဌ ပြောကြား


အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေစဉ် သုံးနှစ်တာကာ လအတွင်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ဒေသများတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းကို ထိန်းသိမ်းဆောင်ရွက်ရန် တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့များ နှစ်ဖက်စလုံးတွင် တာဝန်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ပြောကြားသည်။

အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်ဆွေးနွေးပွဲ ပထမနေ့ အချက် ၄ ချက် သဘောတူ


ရန်ကုန်မြို့တွင် ဂျူလိုင်လ ၂၂ ရက်နေ့ကစတင်ကျင်းပသည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၏ ဆွေးနွေးပွဲပထမနေ့တွင် အချက် ၄ ချက်အား သဘောတူညီနိုင်ခဲ့ကြောင်း သိရသည်။နှစ်ဘက်ပူးတွဲ ရေးဆွဲထားသည့် တနိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေး မူကြမ်းတွင် တိုင်းရင်းသားများ၏ လော်ခီးလာ ညီလာခံမှဆုံးဖြတ်လိုက်သည့် ထပ်မံထည့်သွင်းရန် အဆိုပြုထားသည့် အချက် ၁၃ အနက် အချက် ၆ ချက်ကို စတင်ဆွေးနွေးခဲ့ပြီး အချက် ၄ ချက်ကို ပြင်ဆင်ထည့်သွင်းရန် သဘောတူ လိုက်ခြင်း ဖြစ်ကြောင်း နှစ်ဘက်တာဝန်ရှိသူများက ဆွေးနွေးပွဲအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အမတ်နေရာ ၂၅၀ ကျော် ၀င်ပြိုင်မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းတွေ ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု (အန်ဒီအက်ဖ်) ပါတီဟာ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ နိုင်ငံတ၀န်း မဲဆန္ဒနယ် ၁၀၀၀ ကျော်အနက် ၂၅၀ ကျော်မှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ အန်ဒီအက်ဖ်ပါတီရဲ့ ရွေးကောက်ပွဲ ရည်မှန်းချက်နဲ့ ပတ်သက် ပြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးအောင်သောင်း ကွယ်လွန်


စင်ကာပူနိုင်ငံတွင် ဆေးကုသမှုခံယူနေသော ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းသည် ယနေ့နံနက်ပိုင်း တွင် စင်ကာပူနိုင်ငံ၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။ 

တရားရုံးက ပြစ်ဒဏ်ချခံရသည့် ဦးကိုကိုကြီးအတွက် အမည်မသိသူတစ်ဦး ငွေဒဏ်ဆောင်ပေး


ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် ၅ ဦးကို တောင်ဥက္ကလာပ မြို့နယ်တရားရုံးက ငွေဒဏ်တစ်သောင်းစီ (သို့မဟုတ်)ထောင်ဒဏ် ၂၁ ရက်ချမှတ်ခဲ့ရာ အမည်မသိ ပြည်သူတစ်ဦးက ယင်းဒဏ်ငွေများကို ပေးဆောင် သွားကြောင်း အဆိုပါ မြို့နယ်တရားသူကြီး ဦးခင်မောင်ဆွေက ပြောကြားသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒခံယူပွဲ ဆိုင်းငံ့ရန် လွှတ်တော် ဆုံးဖြတ်


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ဘဏ္ဍာငွေ ကျပ်သန်း ၄၇၀၀ ကျော် ကုန်ကျမည့် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကို ဆိုင်းငံ့ထားရန် ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က ဆုံး ဖြတ်လိုက်ကြောင်း သတင်းရရှိသည်။

ထိုင်းသို့ ဗီဇာမလိုဘဲ သွားနိုင်တော့မည်


အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှတစ်ဆင့် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ သွားလာမည့် ခရီးသည်များ အနေနှင့် ကြိုတင်ဗီဇာ လျှောက်ထားရန် မလိုတော့ဘဲ ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်ပေးရန် စီစဉ်နေကြောင်း နိုင်ငံ ခြားရေး ဝန်ကြီးဌာန ကောင်စစ်ရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ဦးက ပြောကြားသည်။

အိုင်ဝေဝေ နိုင်ငံကူးလက်မှတ် ပြန်ရပြီ


တရုတ်နိုင်ငံသား အိုင်ဝေဝေရဲ့ နိုင်ငံကူးလက်မှတ်ကို တရုတ်အစိုးရက လေးနှစ်ကြာ သိမ်းဆည်းခဲ့ပေမယ့် မကြာသေးခင်တုန်းကပဲ ပြန်ပေး လိုက်ပြီလို့ သိရပါတယ်။ အိုင်ဝေဝေဟာ တရုတ်နိုင်ငံရဲ့ မော်ဒန် အနုပညာ သမားထဲမှာ နာမည် အကြီးဆုံ အနုပညာသမား ဖြစ်ပြီး တရုတ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။

ဂရိလွှတ်တော်က ဒုအကြိမ် သုံးစွဲမှု လျှော့ချဖို့ သဘောတူ


ဂရိနိုင်ငံ လွှတ်တော်အမတ်တွေက အသုံးစရိတ် လျှော့ချဖို့အတွက် ဒုတိယအကြိမ်မြောက် ထပ်မံ သဘော တူလိုက်ပြီ ဖြစ်ပါတယ်။ ပထမ အသုတ်တုန်းကတော့ ပင်စင်၊ အခွန်နဲ့ အလုပ်အကိုင် ဥပဒေမှာ အပြောင်း အလဲ လုပ်ဖို့ သဘောတူခဲ့ကြပြီး အခု ဒုတိယ အသုတ်မှာတော့ တရားဥပဒေ ဆိုင်ရာ ပြောင်းလဲရေး၊ ဘဏ်လုပ်ငန်း အပြောင်းအလဲတွေကို သဘောတူ ခဲ့တာ ဖြစ်ပါတယ်။

အီရန်နျူကလီးယား သဘောတူညီမှု ဆော်ဒီထောက်ခံ


အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ထားမယ့် သမိုင်းဝင် သဘောတူညီချက်ကို ထောက်ခံ မယ်လို့ ဆော်ဒီအာရေးဗီးယားနိုင်ငံ ခေါင်းဆောင်တွေက သူ့ကို အာမခံချက်ပေးခဲ့ကြောင်း အမေရိကန်ကာ ကွယ်ရေးဝန်ကြီး Ash Carter က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ 

ကိုယ်စားလှယ်လောင်းစာရင်း ကန့်သတ်ရက် အချိန်တိုးပေးဖို့ ကော်မရှင်ငြင်းဆို


ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ် ထားတဲ့ နောက်ဆုံးရက် သြဂုတ်လ ၈ ရက်နေ့အစား နောက်ထပ် ရက်အနည်းငယ်တိုးပေးဖို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် NLD ရဲ့ တင်ပြချက်ကို ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်တယ်လို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။

သမ္မတ အရွေးခံချင်တဲ့ Myanmar’s Strongman


ဒီတပတ်  မြန်မာ့အရေး သုံးသပ်ချက် အစီအစဉ်မှာ လူထုက ဆန္ဒရှိတယ်ဆိုရင် သမ္မတ အရွေးခံမယ်၊ တိုင်းရင်းသားအင်အားစုတွေရဲ့လက်နက်တွေ အားလုံးကိုသိမ်းပြီး ထာဝရငြိမ်းချမ်းရေးရမှ တပ်မတော်ဟာ နိုင်ငံရေးက နောက်ဆုတ်မယ်ဆိုတဲ့ ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်ရဲ့ပြောကြားချက် တွေအပေါ် မြန်မာ့ အရေးသုံးသပ်သူတွေဖြစ်ကြတဲ့ ဦးအောင်သူငြိမ်း၊ ဒေါက်တာရန်မျိုးသိမ်းတို့နဲ့ ဦးကျော်ဇံသာက ဆွေးနွေးသုံး သပ် တင်ပြထားပါတယ်။

လှေစီးပြေး ၁၅၅ ဦး ဘင်္ဂလားဒေ့ရှ်သို့ ထပ်မံလွှဲပြောင်း


တရုတ်လူမျိုး ၁၀၀ ကျော် တရားမ၀င် သစ်ခိုးမှုနဲ့ထောင်ကျ


သစ်ခိုးထုတ်လုပ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ကချင်ပြည်နယ် မြစ်ကြီးနား ခရိုင် တရားရုံးကနေ ဒီကနေ့မှာ ပြစ်ဒဏ်စီရင်ချက် ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူ တရုတ် နိုင်ငံသားတွေကို ထောင်ဒဏ်တသက်တကျွန်းကနေ ထောင်ဒဏ် ၁၀ နှစ်အထိ ချခဲ့တယ်လို့လည်း အမှုလိုက် ရှေ့နေတွေက ပြောပါတယ်။ 

ဦးကိုကိုကြီးအမှု ငွေဒဏ်နဲ့အပြီးသတ်


ကလေးအားကစားကွင်းကိစ္စနဲ့ ပတ်သက်လို့ ခွငြ့်ပုတဲ့နေရာမှာ ဆန္ဒပြတာမျိုး မလုပ်ဆောင်တဲ့အတွက်  ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားရတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးကို တောင်ဥက္ကလာပ တရားရုံးမှ ဒဏ်ငွေ ၁ သောင်း သို့မဟုတ် ထောက်ဒဏ် ၂၁ ရက် ကျခံရန် အမိန့်ချမှတ် လိုက်ပေမဲ့  ကိုကိုကြီးနဲ့ ရင်းနှီးသူတဦးက ငွေဒဏ်ဆောင်ပေး လိုက်တယ်လို့ ဆိုပါတယ်။

ဗြိတိသျှလူမျိုးနှစ်ဦး သတ်ခံရမှု မြန်မာနှစ်ဦး ရုံးပြန်ထုတ်


ထိုင်းနိုင်ငံက အပန်းဖြေကျွန်းတခုမှာ ဗြိတိန် ကမ္ဘာလှည့်ခရီးသည်နှစ်ဦးကို သတ်မှုနဲ့ စွပ်စွဲပြီး အဖမ်းခံထား ရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးကို ဒီကနေ့ ထပ်မံရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အသက် ၂၂ အရွယ် မြန်မာအလုပ်သမားတွေ ဖြစ်ကြတဲ့ မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းကပဲ အဖမ်းခံထားရတာပါ။

ကမ္ဘောဒီးယား တက်ကြွလှုပ်ရှားသူများ ဆူပူအုံကြွမှုဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရ


ကမ္ဘောဒီးယားအတိုက်အခံအဖွဲ့ဝင်များနှင့် တက်ကြွလှုပ်ရှားသူ ၁၁ ဦးသည် ဆူပူအုံကြွမှုစွဲချက် များဖြင့် ထောင်ချခံခဲ့ရသည်ဟု တရားခံရှေ့နေတစ်ဦးက ပြောသည်။ ယင်းသို့ထောင်ချခံရသူများတွင် သုံးဦးမှာ ထောင်ဒဏ်နှစ် ၂၀ ကျခံရသည်ဟု သိရသည်။

အမေရိကန် ဦးဆောင်လေကြောင်း တိုက်ခိုက်မှုကြောင့် ဆီးရီးယားရှိ အယ်လ်ခိုင်ဒါခေါင်းဆောင်သေဆုံး


ယခုလအစောပိုင်းက အမေရိကန်ဦးဆောင်ညွန့်ပေါင်းအဖွဲ့၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဆီးရီးယား ရှိ အယ်လ်ခိုင်ဒါအဖွဲ့ခွဲတစ်ခု၏ ခေါင်းဆောင် သေဆုံးခဲ့ပြီး ယင်းခေါင်းဆောင်သည် အမေရိကန်နှင့် မဟာ မိတ်များကို တိုက်ခိုက်ရန်ကြံစည်နေသည်ဟု အမေရိကန် အရာရှိများက စွပ်စွဲခဲ့ကြောင်း ပင်တဂွန် ကပြော ကြားခဲ့သည်။

ခြောက်လခန့်အတွင်း အရေးယူထားသော ဧရာဝတီမြစ်တွင်းသွား ရေယာဉ်အစီးရေ ၁၀၀ ကျော်ရှိ


ရေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် ဧရာဝတီမြစ်အတွင်း ပြေးဆွဲနေသော ယာဉ်များကို စစ်ဆေး အရေးယူမှုများပြုလုပ်နေရာ ခြောက်လခန့်အတွင်း အစီးရေ ၁၃၇ စီး အရေးယူထားသည်ဟု မန္တလေးတိုင်းဒေသကြီး၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်သန်းက မဇ္ဈိမ ကိုပြောသည်။

စုန်းမဟု စွပ်စွဲကာ ခေါင်းဖြတ်သတ်ခဲ့မှုအတွက် လူ ၁၆ ဦးကို အိန္ဒိယဖမ်းဆီး


စုန်းမဟုစွပ်စွဲကာ ခေါင်းဖြတ်သတ်ခဲ့မှုနှင့် ဆက်နွယ်နေသည့် လူ ၁၆ ဦးကို ဖမ်းဆီးလိုက်ပြီဟု အိန္ဒိယရဲတပ် ဖွဲ့က ပြောကြားသည်။ အာသံပြည်နယ် ဆိုနစ်ပူရ်ခရိုင်ရှိ လူမျိုးစုအသိုင်းအ၀ိုင်းတစ်ခုအတွင် နာမကျန်းမှု များအတွက် အပြစ်တင်ခံရသော အသက် ၆၃ နှစ်အရွယ်ရှိ ပူရ်နီအိုရန်ဆိုသည့် အမျိုးသမီးကြီးတစ်ဦးမှာ စုန်းတတ်သည်ဟု စွပ်စွဲခံရပြီးနောက် ရွာသားများက အ၀တ်အစားများ ချွတ်ကာခေါင်းဖြတ် သတ်ခဲ့ကြ သည်။

ဗိုလ်ချုပ်ရုပ်ထု ဖျက်ဆီးမှုနှင့် ဆက်စပ်ပြီး ပဋိပက္ခများ မဖြစ်စေရန် သက်ဆိုင်ရာနှင့် ပူးပေါင်းပြီး ကြိုတင်ကာကွယ်မည်ဟု ကြံခင်း NLD ထုတ်ပြန်


ကြံခင်းမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်ရုပ်ထုကို ဖျက်ဆီးမှုနှင့် ဆက်စပ်ပြီး နောက်ထပ် အကြမ်းဖက်လှုံ့ဆော်မှု များမဖြစ်စေရန် သက်ဆိုင်ရာ အဖွဲ့များနှင့် ပူးပေါင်းပြီး ကြိုတင် ကာကွယ်မည်ဟု ကြံခင်း မြို့နယ် NLD က ဇူလိုင် ၂၁ ရက်က သတင်းထုတ်ပြန်လိုက်သည်။

ကယ်တင်ခဲ့သည့် ဘင်္ဂလားရွှေ့ပြောင်းအခြေချသူ ၁၅၅ ဦးကို ဘင်္ဂလားဒေ့ရှ်သို့ မြန်မာ လွှဲပြောင်းပေးပို့


ပင်လယ်တွင် သောင်တင်နေခဲ့သော လှေတစ်စီးမှ ကယ်တင်ခဲ့ပြီးနောက် တစ်လကျော်အကြာတွင် ဘင်္ဂလား ဒေ့ရှ်မှ ရွှေ့ပြောင်း အခြေချသူ ၁၅၅ ဦးကို ဇူလိုင် ၂၂ ရက်က ဘင်္ဂလားသို့ မြန်မာက ပြန်လည် လွှဲပြောင်းပေးပို့ ခဲ့သည်။

တလင်တမယားစနစ် ဥပဒေကြမ်း ပြည်သူ့လွှတ်တော်အတည်ပြု


တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေကို မနေ့က ပြည်သူ့ လွှတ်တော်က အတည်ပြုပေးလိုက်ပါ တယ်။ ဒီဥပဒေကို အမျိုးသားလွှတ်တော်မှာ ဆက်လက်ဆွေးနွေးသွားဦးမှာပါ။ ဒီဥပဒေဟာ တလင်တမယား စနစ်ကို လက်ခံကျင့်သုံးနိုင်ဖို့ တိုက်တွန်းထားတဲ့ ဥပဒေဆိုပေမဲ့ ဥပဒေမှာပါဝင်တဲ့ ပုဒ်မတွေဟာ ပြည့်စုံမှု မရှိဘူးလို့ လွှတ်တော် အမတ်တချို့က ဝေဖန်နေကြပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

မြန်မာ FBR အီရတ်က IS ကို တိုက်ခိုက်


Free Burma Rangers (FBR) လို့ခေါ်တဲ့ အဖွဲ့ဟာ IS အစ္စလာမ်မစ် အဖွဲ့ကို တိုက်ခိုက်ဖို့ အီရတ်နိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။ Mosul မြို့အနီးတဝိုက်က IS ကို တိုက်ခိုက်နေတဲ့ Kurdish အဖွဲ့နဲ့ ပူးပေါင်းပြီး IS ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

UPWC နှင့် SD တို့ NCA ပြင်ဆင်ဖြည့်စွက်ချက် ၄ ချက် သဘောတူညီမှုရရှိခဲ့


ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (Union Peace-making Work Committee ) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့  (Senior Delegation) တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement) အတွက် (၈) ကြိမ်မြောက် အစည်းအဝေး ကို ယနေ့ ဇူလှိုင် (၂၂) တွင်  မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေးလုပ်ငန်းဗဟိုဌာန (Myanmar Peace Center) တွင် ကျင်းပပြုလုပ်သွားခဲ့ပြီး NCA စာချုပ်ပါ အချက် ၆ ချက်ဆွေးနွေးခဲ့ရာ အချက် ၄ ချက် သဘောတူညီမှုရရှိခဲ့သည်။ 

“ကိုယ်စားလှယ် မစစ်မှန်လို့ သတ္တိနည်းလွန်းတဲ့ လွှတ်တော် အမတ်တွေ”


ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ “လွှတ်တော်ကိုယ်စား လှယ် တာဝန်မှပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာဥပဒေကြမ်း” ပြဋ္ဌာန်းနိုင်ရေး ကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။ ဒီ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာရော အမျိုးသားလွှတ်တော်မှာပါ ဆွေးနွေးခဲ့ကြပြီး သဘောထား ကွဲလွဲမှုတချို့ ရှိခဲ့ပါတယ်။

DKBA မှ ဗိုလ်မှူးချုပ်စောကျော်သက် နှင့် ဗိုလ်မှူးကြီးစောဆန်းအောင်ကို အပြီးထုတ်ပယ်


ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)မှ ကလူထူးဝါး စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စောကျော် သက်နှင့် ဗိုလ်မှူးကြီး စောဆန်းအောင်တို့ကို ဇူလိုင်လ ၂၁ ရက်မှစ၍ ကလိုထူးဘောတပ်ဖွဲ့မှ DKBA မှ အပြီးအပိုင် ထုတ်ပယ်လိုက်သည်ဟု DKBA ဌာနချုပ်ရုံးက ထုတ်ပြန်လိုက်သည်။

Wednesday, July 22, 2015

ကိုးကန့်ဒေသတွင် ရွေးကောက်ပွဲ ကျင်းပပေးမည်


အစိုးရနှင့် ကိုးကန့်တပ်ဖွဲတို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသတွင်လည်း ရွေးကောက်ပွဲများ ကို ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ဇူလိုင် ၂၂ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“လက်နက်ကိုင် နယ်မြေတွေမှာ ရွေးကောက်ပွဲ လုပ်ရတာ ခက်ခဲတယ်”


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပြားလှသော ကရင်ပြည်နယ်အတွင်း တွင် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကရင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က မည်သို့မည်ပုံ ဆောင် ရွက်ထားသည်ကို ဧရာဝတီ သတင်းထောက် မင်းခန့်ပိုင်က ကရင်ပြည်နယ်ရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးကျော်ဝင်းမောင်ကိုတွေ့ဆုံမေးမြန်းထား ပါသည်။

တပ်နယ်မြေတွင် မဲဆွယ်ခွင့်ပြုမည် မဟုတ်ဟု ဦးတင်အေးပြော


၂၀၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရာတွင် တပ်မတော် ဧရိယာနယ်မြေများအတွင်းတွင် မဲဆွယ် စည်းရုံးခွင့်ပြုမည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုလိုက်သည်။

ဦးကိုကိုကြီးအပါအဝင် ငါးဦးကို တရားရုံးက ဒဏ်ငွေတစ်သောင်း ချမှတ်”



ပုဒ်မ၁၉ဖြင့် အမူဖွင့်အရေးယူခံထားရသော ၈၈ ငြိမ်း/ပွင့်မှ ဦးကိုကိုကြီးအပါအဝင် ငါးဦး၏အမှုကို တောင်ဥက္ကလာပမြို့ နယ်ရဲတပ်ဖွဲ့က ယနေ့နေလည်ပိုင်းတွင် တရားရုံးသို့ လွှဲပို့ပြီးနောက် ချက်ချင်းပင် မြို့နယ်တရားသူကြီးက အမှုအား 
စစ်ဆေးခြင်းမရှိဘဲ အမိန့်ချမှတ်လိုက်သည်။

ဒီငြိမ်းလင်းနှင့် စည်သူမောင် ရွေးကောက်ပွဲဝင်ရန် NLD သို့ လျှောက်လွှာတင်


ကျောင်းသားသမဂ္ဂ ပြန်လည်ပေါ်ပေါက်ရေး ဦးဆောင်ခဲ့သူများဖြစ်သော ကိုဒီငြိမ်းလင်း နှင့် ကိုစည်သူမောင်တို့ ရွေး ကောက်ပွဲဝင်ရန် အတွက် NLD ပါတီ သို့ လျှောက်လွှာ တင်ထားကြောင်း သတင်းရရှိသည်။ “ကျွန်တော်က လွန်ခဲ့တဲ့ ဧပြီလ သင်္ကြန် မတိုင်ခင်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀င်ထားတာခင်ဗျ။ ၀င်ထားပြီးတော့မှ ရွေးကောက် ပွဲ ၀င်ဖို့အတွက်ကိုလည်း ပါတီက တာဝန်ပေးလာရင်လည်း လုပ်ဆောင်ဖို့ ဆန္ဒပြုထားတယ်”ဟု ကိုစည်သူမောင်က ပြော သည်။

My Blog List