Friday, January 31, 2014

လာမည့် ခြောက်လနှင့်ရှစ်လကြားတွင် ပြည်ပအော်ပရေတာ များကပေးသော မိုဘိုင်းဖုန်းဝန်ဆောင်မှုများ သုံးနိုင်မည်


ပြည်တွင်းတွင် မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းများကို ၀န်ဆောင်မှုပေးမည့် ပြည်ပအော်ပရေတာများ ဖြစ်သော တယ်လီနောနှင့်အူရီးဒူးက ဆက်သွယ်ရေးလုပ်ငန်းများလုပ်ကိုင်ရန်အတွက် လုပ်ငန်းလိုင်စင် လက်မှတ်များကို ဇန်န၀ါရီ ၃၀ ရက်က ရေးထိုးလိုက်ပြီဖြစ်ရာ လာမည့်ခြောက်လနှင့် ရှစ်လကြားတွင် ပြည်ပအော်ပရေတာများကပေးသော မိုဘိုင်းဖုန်းဝန်ဆောင်မှုများကို စတင်အသုံးပြုနိုင်တော့မည် ဖြစ်သည်။ 

အော်ရီဒူးက ဇူလိုင်၊ တယ်လီနောက စက်တင်ဘာ ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်မည်




အစိုးရထံမှ တရားဝင် ဆက်သွယ်ရေးလိုင်စင် ရရှိပြီးနောက် အော်ရီဒူး ကုမ္ပဏီက လာမည့် ဇူလိုင်လနှင့် တယ်လီနောက စက်တင်ဘာ လတို့တွင် ပြည်တွင်း၌ မိုဘိုင်းလ်ဖုန်း SIM Card များအပါအဝင် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို စတင် ရောင်းချသွားမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်လုံခြုံရေး ကိစ္စရပ်များကို ဆွေးနွေးခြင်းမပြုရန် ပြည်ထောင်စု လွှတ်တော် နာယက သတိပေး



၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်ပြီးမူနှင့် အခြေခံသဘောထား ဆွေးနွေးရာတွင် နိုင်ငံတော်လုံခြုံရေး ကိစ္စများကို ထည့်သွင်း ဆွေးနွေးခြင်း မပြုရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

RCSS/SSAနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ သီးခြားတွေ့ဆုံ




ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ကို NCCT တပြည်လုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့နဲ့ မြန်မာ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီတို့ ဇန်န၀ါရီလ ၂၉ ရက်နေ့ကတွေ့ဆုံစဉ် မပါဝင်ခဲ့တဲ့အတွက် မကြာခင် ရန်ကုန်မှာပြုလုပ်မယ့် တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေး ကြိုတင်ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့က သူတို့ကို ဖိတ်ခေါ်ခဲ့တဲ့အကြောင်း RCSS အဖွဲ့ရဲ့ ပြောခွင့်ရက ပြောပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီတို့ ဇန်န၀ါရီလ ၃၀ရက်နေ့က ချင်းမိုင်မြို့မှာ တွေ့ဆုံစဉ် အဲ့ဒီလို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာ ဒုက္ခသည်တွေ ပြောင်းရွှေ့အခြေချခွင့် ကန် လျှော့ချတော့မည်




ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်းတွေထဲမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စုမှာ ရွှေ့ပြောင်းအခြေစိုက် ခွင့်ပြုတဲ့ အစီအစဉ်ကို အဆုံးသတ် လိုက်ပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကြာသပတေးနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Jen Psaki က ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ 

၂၀၁၄ ခုနှစ်အတွက် ဧရာဝတီလင်းပိုင် သုတေသန ခရီးစဉ်တွင် လင်းပိုင် ၆၃ ကောင်တွေ့ရှိ




၂ဝ၁၄ ခုနှစ်အတွက် ဧရာဝတီလင်းပိုင်ဦးရေ စာရင်းနှင့် အုပ်စုဖွဲ့ ပျံ့နှံ့နေထိုင်မှုအား စဉ်ဆက်မပြတ် သုံးသပ်နိုင်ရန် ဧရာဝတီ လင်းပိုင် တို့အပေါ် အန္တရာယ် ဖြစ်ပေါ်စေနိုင်သော အချက်အလက်များနှင့် ထိန်းသိမ်းဆောင်ရွက်မှုများကို သုံးသပ်မှတ်တမ်း ပြုစုနိုင်ရန် ဧရာဝတီလင်းပိုင် သုတေသနပြု လုပ်ငန်းကို ဇန်နဝါရီ ၁၁ ရက်မှ ၂၆ ရက်တိုင် ပြုလုပ်ခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCF)မှ စုံစမ်းသိရှိရသည်။

ကိုယ်စားလှယ်လွှဲစာ အတုဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမား ပို့ဆောင်ခဲ့၍ မြန်မာလုပ်သား ၁၉၅ ဦး မဲဆောက်မြို့မှ ပြန်လှည့်လာရပြီး မြ၀တီတွင် သောင်တင်နေ



ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ တစ်ခုဖြစ်သော ပုလဲမိုးအေဂျင်စီမှ ထိုင်းနိုင်ငံရှိ Itthiphan Construction တွင် အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံသား ၁၉၅ ဦးအား ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်သမား ယာယီနိုင်ငံကူး လက်မှတ်ဖြင့် ပို့ဆောင်ခဲ့ရာ အေဂျင်စီ၏ ကိုယ်စားလှယ်ပါဝါမှာ အတုဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများက စစ်ဆေးတွေ့ရှိ၍ ယင်းအလုပ်သမားများမှာ လုပ်ငန်းခွင်သို့ ရောက်ရှိခြင်း မရှိဘဲ ဇန်နဝါရီ ၂၉ ရက် ညနေ ၄ နာရီတွင် မြဝတီမြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်အတွက် ဧရာဝတီလင်းပိုင် သုတေသန ခရီးစဉ်တွင် လင်းပိုင် ၆၃ ကောင်တွေ့ရှိ




၂ဝ၁၄ ခုနှစ်အတွက် ဧရာဝတီလင်းပိုင်ဦးရေ စာရင်းနှင့် အုပ်စုဖွဲ့ ပျံ့နှံ့နေထိုင်မှုအား စဉ်ဆက်မပြတ် သုံးသပ်နိုင်ရန် ဧရာဝတီလင်းပိုင် တို့အပေါ် အန္တရာယ် ဖြစ်ပေါ်စေနိုင်သော အချက်အလက်များနှင့် ထိန်းသိမ်းဆောင်ရွက်မှုများကို သုံးသပ်မှတ်တမ်း ပြုစုနိုင်ရန် ဧရာဝတီလင်းပိုင် သုတေသနပြု လုပ်ငန်းကို ဇန်နဝါရီ ၁၁ ရက်မှ ၂၆ ရက်တိုင် ပြုလုပ်ခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCF)မှ စုံစမ်းသိရှိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး စစ်တပ် အရေးကြီးတဲ့ ကဏ္ဍမှာ ရှိနေဟု ဗြိတိန်ဝန်ကြီးပြော




မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်တွေမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စမှာ စိန်ခေါ် ချက်တွေရှိနေပြီး၊ ဒီလုပ်ငန်းစဉ်တွေမှာ မြန်မာ စစ်တပ်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ အကြောင်းနဲ့ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့လည်း ကောင်းမွန်တဲ့ သမိုင်းအမွေထားခဲ့ဖို့ အခွင့်အလမ်းရှိနေတဲ့အကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံး အာရှရေးရာဝန်ကြီး ဟူဂိုဆွိုင်ယာ က ပြောဆို လိုက်ပါတယ်။ 

RCSS/SSAနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ သီးခြားတွေ့ဆုံ




ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ကို NCCT တပြည်လုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့နဲ့ မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီတို့ ဇန်န၀ါရီလ ၂၉ ရက်နေ့ကတွေ့ဆုံစဉ် မပါဝင်ခဲ့တဲ့အတွက် မကြာခင် ရန်ကုန်မှာပြုလုပ်မယ့် တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေး ကြိုတင်ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ မြန်မာ အစိုးရ ကိုယ်စားလှယ်အဖွဲ့က သူတို့ကို ဖိတ်ခေါ်ခဲ့တဲ့အကြောင်း RCSS အဖွဲ့ရဲ့ ပြောခွင့်ရက ပြောပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီတို့ ဇန်န၀ါရီလ ၃၀ရက်နေ့က ချင်းမိုင်မြို့မှာ တွေ့ဆုံစဉ် အဲ့ဒီလို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ 

ရန်ကုန်မြို့၏ တရုတ်နှစ်သစ်ကူးပွဲ၌ ရိုးရာအကများ၊ နဂါး ခြင်္သေ့ အကပြိုင်ပွဲများဖြင့် စည်ကား




တရုတ်နှစ်သစ်ကူးပွဲတော်တွင် ရိုးရာအကများနှင့် နဂါး၊ခြေင်္သေ့အက အလှပြပြိုင်ပွဲများကို လာရောက် ကြည့်ရှုသူများဖြင့် ရန်ကုန်မြို့ရှိ၊ တရုတ်ဘုရားကျောင်းများ၊ လသာမြို့နယ်၊ ဈေးဝယ်စင်တာများတွင် စည်ကားလျက်ရှိကြောင်း သိရသည်။

တယ်လီနော်နှင့် အူရီဒူးကုမ္ပဏီများ နိုင်ငံလုံးဆိုင်ရာ ဆက်သွယ်ရေးလိုင်စင် ရရှိပြီဖြစ်သဖြင့် လာမည့် ရှစ်လအတွင်း ကျပ် ၁၅၀၀ ခန့်ဖြင့် ဆင်းမ်ကတ်များ သုံးစွဲနိုင်တော့မည်




ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် တယ်လီနော်နှင့် အူရီဒူးကုမ္ပဏီများက မြန်မာနိုင်ငံလုံးဆိုင်ရာ ဆက်သွယ်ရေးလိုင်စင် ရရှိပြီဖြစ်သဖြင့် လာမည့် ရှစ်လအတွင်း မြန်မာနိုင်ငံတွင် ပြည်ပကုမ္ပဏီများ၏ ကျပ် ၁၅ဝဝ ဝန်းကျင်ခန့် တန်ဖိုးရှိ ဆင်းမ်ကတ်များကို စိတ်ကြိုက်ဝယ်ယူ သုံးစွဲနိုင်တော့မည် ဖြစ်သည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ဆက်သွယ်ရေးနည်းဥပဒေအား အတည်ပြုပြဋ္ဌာန်းပြီး ကျန်သည့် ဆက်သွယ်ရေးနှင့်ဆိုင်သော လိုင်စင်များ ဆက်လက်ထုတ်ပေးမည်




၂၁၀၄ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ဆက်သွယ်ရေးနည်းဥပဒေအား အတည်ပြု ပြဋ္ဌာန်းပြီး ကျန်သည့် ဆက်သွယ်ရေးလိုင်စင်များအား ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၃၀ ရက်က ဆက်သွယ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် Ooredoo ဆက်သွယ်ရေးကုမ္ပဏီနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနတို့ လက်မှတ်ရေးထိုးပွဲ၌ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောကြားသည်။

မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာမှ ရွာသား ၂၅၀ ပျောက်ဆုံးနေခြင်းမှာ သတ်ဖြတ်ခံရခြင်းမဟုတ်ဘဲ ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့သဖြင့် တိမ်းရှောင်နေခြင်းသာဖြစ်ကြောင်း EU အဖွဲ့အား ဒေသခံများ ဖြေကြား



 
ပြည်ပမီဒီယာများတွင် ဖော်ပြနေသော ဒုချီးရားတန်းရွာမှ ရွာသား ၂၅၀ ပျောက်ဆုံးနေခြင်းမှာ သတ်ဖြတ်ခံရခြင်းမဟုတ်ဘဲ ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် တိမ်းရှောင်နေခြင်းသာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဥရောပ သံအမတ်ကြီး မစ္စတာ Roland Kobia နှင့် ဥရောပသံတမန်များ မောင်တောမြို့သို့ ရောက်ရှိစဉ် ဒုချီးရားတန်းကျေးရွာမှ ဒေသခံများက ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အား အရေးယူမည်




ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အား အသရေဖျက်မှု၊ ဆူပူအောင်လှုံ့ဆော်မှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေမှု၊ နိုင်ငံသားကဒ်ပြားလိမ်လည်ရယူမှု စသည့် စွဲချက်များဖြင့် တရားစွဲဆို အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

အခန်းပေါင်း ၄၀၀ ကျော်ပါဝင်သည့် ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်းတွင် အခန်းဝယ်ယူလိုကြောင်း လျှောက်ထားသူ ၆၀၀၀ ခန့်ရှိနေ


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်လျက်ရှိသော ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက်ရှိ အခန်းပေါင်း ၄၀၀ ကျော် ပါဝင်သည့် ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်းတွင် အခန်းဝယ်ယူလို၍ လျှောက်ထားသူ ၆၀၀၀ နီးပါးရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

Thursday, January 30, 2014

ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် နယ်ခြားစောင့်တပ်ထားရန် ကြိုးပမ်းမည် ALD ဆို


ရခိုင်ပြည်နယ်၏ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော ဒေသများတွင် ရခိုင် တပ်မတော် (AA) ကို နယ်ခြားစောင့်တပ်အဖြစ် ထားရှိနိုင်ရန် ကြိုးပမ်းသွားမည်ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

မလေးရှားတွင် အကျဉ်းကျ မြန်မာများ တစ်လတစ်ကြိမ် နေရပ်ပြန်ခေါ် မည်ဟုဆို


မလေးရှားနိုင်ငံအကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသည့် မြန်မာများကိုတစ်လတစ်ကြိမ်နှုန်းဖြင့် နေ ရပ်ပြန်ခေါ်ရန် စီစဉ်ထားကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့က မလေးရှားတွင် အကျဉ်းကျနေသည့် မြန်မာ လုပ်သား ၁၄၀ ကျော်ကို နေရပ်ခေါ်လာစဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သီတဂူ အထောက်အဖွဲ့ (မလေးရှား) မှ အတွင်းရေးမှူး ဒေါက်တာမြတ်သူက ပြောကြားသည်။

မလေးရှားနိုင်ငံတွင် အကျဉ်းကျခံခဲ့ရသူ ဦးကျော်ဝဏ္ဏနှင့် တွေ့ဆုံခြင်း

မလေးရှားနိုင်ငံတွင် အကျဉ်းကျ ခံနေရသည့် မြန်မာနိုင်ငံသား ၁၄၁ ဦးသည် သီတဂူ အထောက်အကူပြု အဖွဲ့နှင့် ကမ္ဘောဇဘဏ်လီမိတက်တို့ ပူးပေါင်းလှူဒါန်းမှုဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန် လည် ရောက်ရှိလာစဉ်အကျဉ်းကျခံခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သားဦးကျော် ဝဏ္ဏနှင့် တွေ့ဆုံးမေးမြန်းချက်များကို ကောက်နုတ် ဖော်ပြပါသည်။

ယူကရိန်းအရေး နိုင်ငံခြား တိုင်းပြည်များ ဝင်ရောက် မစွက်ဖက်ရန် ရုရှားသမ္မတ သတိပေး

ဥရောပကောင်စီ ဥက္ကဋ္ဌ ဗွန်ရန်ပူ၊ ဥရောပကော်မရှင် အကြီးအကဲ မန်နျူရယ် ဘားရို့တို့နှင့် ရုရှားသမ္မတ ပူတင်တို့ တွေ့ ဆုံ ဆွေးနွေးလျက်ရှိပြီး နိုင်ငံရေး မတည်ငြိမ်မှုများ ပေါ်ပေါက်နေသော ယူကရိန်းနိုင်ငံရေးတွင် နိုင်ငံခြား တိုင်းပြည်များ ဝင်ရောက် မစွက်ဖက်ရန် သတိပေးလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ဟောင်ကောင်တွင် H7N9 ကြက်တုပ်ကွေးပိုးတွေ့၊ ကြက် ၂၀၀၀၀ ကိုသုတ်သင်၊ ပြည်မကြီးမှ ကြက်တင်သွင်းမှု သုံးပတ်ပိတ်ပင်

ဟောင်ကောင်တွင် တရုတ်ပြည်မကြီးမှ တင်သွင်းလာသော ကြက်၊ ငှက်များတွင် H7N9 ကြက်ငှက် တုပ်ကွေး ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် ကြက်ကောင်ရေ ၂၀၀၀၀ ကို သုတ်သင်လိုက်ပြီး တရုတ်ပြည် မကြီးမှ ကြက်အရှင်များ တင်သွင်းမှုကို သုံးပတ်ထိ ပိတ်ပင်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်။

တောင်ကိုရီးယားနှင့် စစ်ရေး ပူးပေါင်း လေ့ကျင့်မှု အမေရိကန် လျှော့ချမည်

အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံအကြား နှစ်စဉ် ပြုလုပ်မြဲဖြစ်သော စစ်ရေး ပူးပေါင်း ဆောင် ရွက်မှုကို အမေရိကန်က အဆင့်လျှော့ချ ပြုလုပ်သွားမည် ဖြစ်ပြီး လေယာဉ်တင် သင်္ဘောနှင့် မဟာဗျူ ဟာမြောက် ဗုံးကြဲ လေယာဉ်ကြီးများ စစ်ဆင်ရေးတွင် ပါဝင်တော့မည် မဟုတ်ဟု ထုတ်ပြန်လိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ကွန်ဂရက်လွှတ်တော်က အီရန်ကို ပိတ်ဆို့အရေးယူမည့် ဥပဒေကြမ်းကို ဗီတိုအာဏာဖြင့် ပယ်ချမည်ဟု အိုဘားမားပြော

နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ ကြားအဆင့် သဘောတူညီမှုရရှိထားသော အီရန်အပေါ် အမေရိကန်လွှတ်တော်က ပိတ်ဆို့အရေးယူသည့် ဥပဒေကြမ်းကို ပြဋ္ဌာန်းခဲ့ပါက ဗီတိုအာဏာသုံး၍ ပယ်ချ မည်ဟု အမေရိကန်သမ္မတ အိုဘားမားက ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံရေးဆွေးနွေးမှ ငြိမ်းချမ်းရေးရမည်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေနဲ့ အစိုးရအကြား အပစ် အခတ်ရပ်စဲပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေစတင်ရန် များစွာအရေးကြီးတယ်လို့ ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တွေ မရရှိဘူးဆိုရင် အပစ်အခတ်ရပ်စဲရေးဟာ တခဏနဲ့ ပျက်ပြားသွားနိုင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြော ပါတယ်။

မိုးထိမိုးမိလုပ်သားတွေ နေရာမဖယ်ပါက အရေးယူမယ်လို့ အာဏာပိုင်များ ကြေညာ

ရမည်းသင်းခရိုင် ရွှေမြင်တင်တောင်ခြေက ဘုရားစောင်းတန်းမှာ ခိုလှုံနေကြတဲ့ မိုးထိမိုးမိ ရွှေတောလုပ် သားတွေနဲ့ သူတို့မိသားစုတွေကို အဒီနေရာကနေ မဖယ်ရင် အရေးယူမယ်ဆိုပြီး၊ ဒေသခံ အာဏာပိုင်တွေ က မနေ့ကနေ့လယ်မှာ ကြေညာတယ်လို့ သိရပါတယ်။

မြန်မာအိမ်ဖော်တွေကို ဟောင်ကောင်ပို့ဖို့ ဆက်လက်ဆောင်ရွက်

ဟောင်ကောင်မှာ နိုင်ငံခြားသား အိမ်ဖေါ်လုပ်သားတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုမြင့်တက်နေတဲ့ အခုကာလမှာပဲ မြန်မာနိုင်ငံကနေ ဟောင်ကောင်ကို အိမ်ဖေါ်လုပ်သားတွေ ပို့မယ့်အစီအစဉ်ကို ဆက် လက်ဆောင်ရွက်နေတယ်လို့ ဟောင်ကောင် လစ်ဘရယ်ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ် လည်းဖြစ်၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်တဲ့ Felix Chung Kwok-pan က ပြောလိုက်ပါတယ်။

စာနယ်ဇင်းသမား လူငယ်တွေကို စမတ်ကျစေချင်တဲ့ တင်မိုးလွင်နဲ့ တွေ့ဆုံခြင်း

မော်ဒယ်လ် လောကမှာ အနှစ် ၂၀ ကျော်ကြာ အခိုင်အမာ နေရာတခုရရှိနေတဲ့၊ မော်ဒယ်လ်မိခင်ကြီး တင်မိုးလွင်က သူလေးစား အားကျရတဲ့ စာနယ်ဇင်းသမား လူငယ်များကို လုပ်ငန်းခွင်တွင်း နေထိုင် သွားလာမှုမှာ ပိုမို စမတ်ကျလာစေဖို့ သင်တန်းပို့ချပေးမယ် ဆိုတဲ့သတင်း ထွက်ပေါ်လာပါတယ် ဒါကြောင့် သူ့စိတ်ကူး အစီအစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီက တင်မိုးလွင်နဲ့ တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။

တိုက်ပွဲ မဖြစ်၍ အပစ်ရပ်ရေးဆွေးနွေးပွဲ “ဝ” တပ်ဖွဲ့ မတက်ဟု ဦးအောင်မင်း ပြော

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မြန်မာအစိုးရအကြား တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသောကြောင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် “ဝ” တပ်ဖွဲ့မတက် ရောက်ခြင်း ဖြစ်ပြီး
 ဆွေးနွေးပွဲ မတက်ရောက်သည့် “ဝ” တပ်ဖွဲ့ကို အထင်မလွဲကြရန် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြော ဆိုလိုက်သည်။

ခြစားမှုရှိလျှင် ကမ္ဘာ့ဘဏ် အကူအညီ ပြန်ရုပ်သိမ်းမည်

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှု အဆင့်မြှင့် တင်နိုင်ရေး အမေရိကန်ဒေါ်လာ ၂ ဘီလီယံ အကူအညီများ ပေးအပ်မည်ဖြစ်ပြီး အကူအညီ ပေးအပ်ရာတွင် အကျင့်ပျက်ခြစားမှုများ ပေါ် ပေါက်ပါက အကူအညီများ ချက်ချင်းပြန်ရုပ်သိမ်း မည်ဟု ဇန်နဝါရီလ ၂၇ ရက်နေ့က သတိပေးပြောဆို လိုက်ကြောင်း ရိုက်တာသတင်းဌာန၏ သတင်းတရပ် အရ သိရှိရသည်။

ရခိုင် ရေနံပိုက်လိုင်း လုပ်ငန်းခွင် တရုတ်နှင့်မြန်မာ ၀န်ထမ်း ပဋိပက္ခ လူ ၂၀ ကျော် ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံပိုက်လိုင်းတွင် အလုပ်လုပ်ကိုင် နေကြသော တရုတ် နိုင်ငံသားများနှင့် မြန်မာများ အကြား ပဋိက္ခ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မြန်မာ ၂၀ ကျော်ကို ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

ဗြိတိသျှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကချင်စစ်ပြန် ၁၅ ဦးကို တွေ့ဆုံ



ဗြိတိသျှ အဆင့်မြင့် အရာရှိအနေဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရောက်ရှိလာသော ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Hugo Swire သည် ဒုတိယ ကမ္ဘာစစ်အတွင်း အင်္ဂလိပ် စစ်တပ်တွင် အမှုထမ်းခဲ့သော ကချင်လူမျိုး ကချင်စစ်ပြန်များထဲမှ စစ်ပြန် ၁၅ ဦးကို လေးစားဂုဏ်ပြုသောအားဖြင့် ဂါရဝပြု တွေ့ဆုံ ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှ ဒုတိယအတွင်းဝန် Mr. Joe Fisher က ပြောကြားသည်။

ရခိုင်အရေး သတင်းထုတ်ပြန်ရန် နယ်စပ်ရေးရာဝန်ကြီးဌာန ဦးဆောင်အဖွဲ့ ဖွဲ့မည်




သတင်းမှားများ လျင်မြန်ပျံ့နှံ့မှုကို ဖြေရှင်းရန် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ပဋိပက္ခ ကိစ္စများကိုသတင်း ထုတ်ပြန်ရန် နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့ကို အမြန်ဆုံး ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ကန်နိုင်ငံခြားရေးအကြီးတန်းအကြံပေး မြန်မာပြည်သွားမည်



အမေရိကန် နိုင်ငံခြားရေးဌာနက မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း အကြံပေးပုဂ္ဂိုလ် Judith Cefkin ဟာ ဇန်န၀ါရီလ ၃၀ ရက်နေ့ ကနေ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ဗြိတိန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွေဆီ ခရီးထွက်ခွာမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဇန်န၀ါရီလ ၂၉ ရက်နေ့စွဲနဲ့ သတင်း ထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသားတွေနဲ့ အပစ်ရပ်ရေး ၈၀ ရာခိုင်နှုန်းခန့် သဘောတူညီမှုရရှိ



မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ မြန်မာအစိုးရကြား တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် အခြေခံမူတွေ ညှိနှိုင်းကြတာမှာ ၈၀ % သဘောတူညီချက် ရခဲ့ပြီ ဖြစ်ပါတယ်။

အပစ်ရပ်ရေးမူကြမ်းစာချုပ်ပါ “တော်လှန်ရေး”ဟူသည့်စကားလုံး အစိုးရက မသုံးစေလိုဟုဆို


ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌဦးအောင်မင်းဦးဆောင်သည့် အဖွဲ့နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ ဇန်န၀ါရီလ ၂၉ ရက်က ချင်းမိုင်မြို့တွင်ဆွေးနွေးရာ "တော်လှန်ရေး"ဟူသည့် အသုံးအနှုန်းအပေါ် အမြင်ကွဲပြားလျက်ရှိနေသည်။

RCSS နှင့် ၀န်ကြီးဦးအောင်မင်းတို့ အပစ်အခတ်ရပ်စဲရေး ယနေ့ ဆွေးနွေးမည်


ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီခေါ် ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA နှင့် ပြည် ထောင်စုအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒု-ဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်း ဦးဆောင် သောအဖွဲ့တို့ ဇန်န၀ါရီလ ၃၀ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ထပ်မံတွေ့ဆုံမည် ဖြစ်သည်။

ဂျာမနီသမ္မတ ပထမဆုံးအကြိမ် မြန်မာနိုင်ငံလာမည်



မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည့် ဂျာမန်-မြန်မာ စီးပွားရေးဖိုရမ်အတွက် ဂျာမနီနိုင်ငံ သမ္မတ Mr.Joachim Gauck သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် ရောက်ရှိမည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံ အခြေစိုက် DW Akademie မှမြန်မာနိုင်ငံ ဆိုင်ရာ အစီအစဉ် မန်နေဂျာ Mr.Patrick Benning က The Voice သို့ ပြောကြားသည်။

My Blog List