Friday, November 15, 2019

ကြံ့ခိုင်ရေးအပါအဝင် ပါတီ ၂၀ ၏ ကြေညာချက်သည် ဝန်ခံချက်ကို ဖောက်ဖျက်ခြင်းဖြစ်ဟု ရွေးကောက်ပွဲကော်မရှင်ဆို ထပ်မံပြုလုပ်ပါက နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရှိမည်မဟုတ်ဟု သတိပေး


No photo description available.

ကြံ့ခိုင်ရေးအပါအဝင် ပါတီ ၂၀ ၏ ကြေညာချက်သည် ပါတီမှတ်ပုံတင်စဉ်က ဝန်ခံချက်ကို ဖောက်ဖျက်ခြင်းဖြစ်သဖြင့် ထိုသို့သော ဝန်ခံချက်များကို ဖောက်ဖျက်သော ပါတီများသည် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိမည် မဟုတ်ခြင်းကြောင့် ထိုသို့သော အပြုအမူများ ထပ်မံပြုလုပ်ခြင်းမပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လောကီလူ့ဘောင်အတွင်း အဖျက်သဘောဆောင်သော အင်အားစုများအပေါ် ကျော်လွှား လွန်မြောက်ရေးတွင်လူသားတို့၏ စွမ်းပကားအပေါ်ယုံကြည်ရမည်ဟုဆို


Image may contain: 1 person, standing

မိမိတို့၏ လောကီလူ့ဘောင်အတွင်း အဖျက်သဘောဆောင်သော အင်အားစုများအပေါ် မိမိတို့ကျော်လွှား လွန်မြောက် ရေးတွင်လူသားတို့၏ စွမ်းပကားအပေါ် မိမိတို့ယုံကြည်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၄ ရက်တွင်ပြောသည်။

ဦးဝှေ့တင်းကို လွှတ်ပေးရန် လွှတ်တော်၏အရေးကြီးအဆိုအပေါ် တုံ့ပြန်ရန်မရှိဟု AA ပြော

Image may contain: 1 person, standing

ရခိုင်လက်နက်ကိုင်အဖွဲ့(AA)က ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးဝှေ့တင်းကို ဖမ်းဆီး ထားမှု ပြင်းထန်စွာကန့်ကွက်ကြောင်း နှင့် ဦးဝှေ့တင်းအပါအဝင် ဝန်ထမ်းများနှင့်အရပ်သားများအား အမြန် ဆုံး ပြန်လည်လွှတ်ပေးရန် တောင်းဆိုကြောင်း အရေးကြီးအဆိုအပေါ် တုံ့ပြန်ရန်မရှိဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

အကြမ်းဖက်လုပ်ရပ်များစွန့်၍ ငြိမ်းချမ်းရေးလမ်းပေါ်လျှောက်လှမ်းရန် ဗိုလ်ချုပ်မှူးကြီးဖိတ်ခေါ်


အန်စီအေ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ့အနေနဲ့ အကြမ်းဖက်လုပ်ရပ် တွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  ထပ်မံဖိတ်ခေါ်လိုက်ပါတယ်

မတ္တရာမြို့နယ်အတွင်း တရားမဝင် ရွှေတူးဖော်သည့် ဒေသခံအား ဆက်လက်တူးဖော်ခြင်းမပြုရန် တားမြစ်ထား


Image may contain: 3 people, people standing, outdoor and natureImage may contain: 1 person, outdoor
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ကန်ကျေးရွာအုပ်စု ကင်းကျေးရွာအနီးတွင် တရားမဝင် ရွှေတူးဖော်မှုများလုပ်နေသည့် ဒေသခံများကို ဆက်လက်တူးဖော်ခြင်းမပြုရန် တားမြစ်ထားကြောင်း မတ္တရာမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း က ပြောသည်။

နိုင်ငံရေးပါတီ (၂၀)၏ ပူးတွဲသဘောထားထုတ်ပြန်ချက်အပေါ် ရွေးကောက်ပွဲကော်မရှင် သတိပေး



နိုင်ငံရေးပါတီ (၂၀)ရဲ့ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ(၆)ရက်မှာကျင်းပတဲ့ စုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကဖော်ပြပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ (၂၀)ရဲ့ ပါတီတာဝန်ရှိသူအသီးသီးက လက်မှတ်ရေးထိုးပြီး နိုဝင်ဘာ(၂)ရက် ရက်စွဲနဲ့ ပူးတွဲသဘောထား ထုတ်ပြန် ကြေညာခဲ့တာပါ။ 

Thursday, November 14, 2019

တိုက်ပွဲများကြောင့်လမ်းပိတ်ဆို့မှု့ကြုံတွေ့နေသည့် ခရီးသွားပြည်သူများကို တပ်မတော်သားများက နေ့လည်စာ ထမင်းထုပ်များ ဝေငှလှူဒါန်းပေး


Image may contain: 4 people, people standing and outdoor
ယနေ့(နိုဝင်ဘာ ၁၄ )မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်မြောက် ပိုင်းမှ ကွတ်ခိုင်နှင့် နမ့်ဖတ်ကာအကြားရှိ နတ်စင်ကုန်းတွင် TNLA လက်နက်ကိုင်အဖွဲ့များက ခရီးသည်တင်ကားများကို တားဆီး၍လမ်းပိတ်ထားကာ တပ်မတော်နှင့် ဆိုင်တွေ့ထားသည်ဟု သိရှိရသည်။

(၂၀၁၈)ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု စာရေးဆရာကြီး ဦးတင်မောင်မြင့်နှင့် ဦးထွန်းအောင်ချိန်တို့ရရှိ


Image may contain: 1 person, smiling, closeupImage may contain: 1 person

မြန်မာစာပေအကျိုးအတွက် တစ်သက်တာလုံး အားထုတ်ရေးသားပြုစု ခဲ့တဲ့တာကို နိုင်ငံတော်က အသိအမှတ်ပြုတဲ့အနေနဲ့ စာရေးဆရာကြီး ဦးတင်မောင်မြင့်နဲ့ စာပေပညာရှင် ဆရာကြီး ဦးထွန်းအောင်ချိန်တို့ကို အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ က (၂၀၁၈ )ခုနှစ်အတွက် အမျိုးသားစာပေတစ် သက်တာဆုရှင်အဖြစ် ရွေးချယ်ချီးမြှင့်လိုက်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

အမြန်လမ်းတွင် ခရီးသည်တင်ယာဉ်နှစ်စီး နောက်မှ ဆင့်တိုက်မှုဖြစ်ပွား


Image may contain: night, car and outdoorImage may contain: outdoor
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီးက ရှေ့မှ သွားနေသော ခရီးသည်တင်ယာဉ်၏ နောက်ပိုင်းကို ဝင်တိုက်မှု ဖြစ်ပွားခဲ့ရာ သံဃာတစ်ပါး အပါအဝင် ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရုံးက သတင်းထုတ် ပြန်ခဲ့သည်။

ပြည်သူလူထု စားဝတ်နေရေး ကြပ်တည်းနေခြင်း၊ နိုင်ငံနိမ့်ကျနေခြင်းတို့ကို ကြည့်မနေနိုင်၍ ပါတီတည်ထောင် ရန်ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းဆို



Image may contain: 3 people
ပြည်သူလူထု စားဝတ်နေရေး ကြပ်တည်းနေခြင်း၊ နိုင်ငံနိမ့်ကျနေခြင်းတို့ကို ဒီအတိုင်း ကြည့်မနေနိုင်၍ ပါတီ တည်ထောင်ရန်ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းက ၎င်း၏ ထားဝယ်ခရီးစဉ်၌ ပြောဆိုခဲ့သည်။

ရုရှားရေတပ်မှ စစ်ရေယာဉ် တစ်စင်း ချစ်ကြည်ရေးခရီး အလည်အပတ် ရောက်ရှိ


Image may contain: ocean, sky, outdoor and waterImage may contain: one or more people, people standing, sky and outdoor
ရုရှားရေတပ်မှ လေ့ကျင့်ရေး စစ်ရေယာဉ် PEREKOP သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေး ခရီး လည်ပတ်ရန် အတွက်ရန်ကုန်မြို့၊ သီလဝါ ဆိပ်ကမ်း MITT တံတားသို့ နိုဝင်ဘာ ၁၃ ရက်တွင် ရောက်ရှိလာခဲ့ သည်။

ကွတ်ခိုင်မြို့အနီးဝန်းကျင်တွင် ပစ်ခတ်မှုများကြောင့် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်ကြီးများရပ်နား


Image may contain: sky, car and outdoor
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့ အနီးဝန်းကျင်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် မူဆယ်-မန္တလေးပြေးဆွဲနေသော ခရီးသွားမော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်ကြီးများ ရပ်နားခဲ့ရကြောင်း သိရသည်။ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ နတ်စင်အနီးတွင် နိုဝင်ဘာ ၁၃ ရက် နံနက် ၅ နာရီ၌ တိုင်းရင်းသား လက်နက်ကိုင်တစ်ဖွဲ့မှ ငွေကြေးကောက်ခံမှုနှင့် ပစ်ခတ်မှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ရကြောင်း သိရသည်။

ဦးဝှေ့တင်း အမြန်ဆုံးလွတ်မြောက်ရေး ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတင်


Image may contain: 1 person, hatImage may contain: 1 person

AA အဖွဲ့က ဖမ်းဆီးထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာ နိုဝင်ဘာ(၁၃)ရက်က အရေးကြီးအဆိုတစ်ရပ် တင်သွင်းလိုက်ပါတယ်။

၂၀၂၀ တွင် ကြိုတင်မဲဖြင့် အနိုင်ယူခြင်းမျိုးမဖြစ်စေရေး ဂရုစိုက်ဆောင်ရွက်ရမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းပြော


Image may contain: 1 person, indoor
လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲဖြင့် အနိုင်ယူခြင်းမျိုးမဖြစ်စေရေး အလေးအနက်ထား၍ ဂရုစိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

အကောင့်တု သန်း ၅၀၀၀ ကျော် ဖေ့စ်ဘွတ်ခ် ဖျက်သိမ်း



ဖေ့စ်ဘွတ်ခ်က ဒီနှစ်ထဲမှာပဲ အကောင့်တု ၅ ဒသမ ၄ ဘီလီယံကို ဖျက်သိမ်းခဲ့တယ်လို့ အခုလ ၁၃ ရက်နေ့မှာ ထုတ်ပြန် ကြေညာပါတယ်။

My Blog List