Friday, January 08, 2016

“NLD ဦးဝင်းထိန်၊ လူဆိုးလား”



အခုရက်ပိုင်း သတင်းမီဒီယာ သမားတွေအကြား၊ ပြည်သူတွေအကြား အပြောများနေတဲ့ ကိစ္စ တစ်ခုကတော့ NLD ခေါင်းဆောင် ဦးဝင်းထိန်နဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် အာရ်အက်ဖ် အေ သတင်းဌာန အင်တာဗျူး ကိစ္စပါ။ အင်တာဗျူး ပြီးဆုံးချိန် ဦးဝင်းထိန် ပြောလိုက်တဲ့ “ကျေးဇူးတင် မနေနဲ့။ ခင်ဗျားတို့မေးတဲ့ မေးခွန်းတွေကို စဉ်းစဉ်းစားစား မေးကြ” ဆိုတဲ့ စကားအပေါ်မှာ ဝေဖန်မှု များသွား တာဖြစ်ပါတယ်။ ဒီကနေ့ အဲဒီအကြောင်း ဆွေးနွေးကြည့်ကြရအောင်။

တိုက်ပွဲဖြစ်နေသည့် ရှမ်းမြောက်တွင် ပြည်နယ်အဆင့် အပစ်ရပ် စောင့်ကြည့်ရေးအဖွဲ့စတင်ဖွဲ့စည်းမည်



တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြည်နယ် အဆင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးအဖွဲ့ကို ဇန်နဝါရီလ ၁၀ ရက်တွင် ဖွဲ့စည်းကာ တိုက်ပွဲများဖြစ်ရသည့် အကြောင်းအရင်းများကို လေ့လာသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းနှင့်ကရင်တွင် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီဖွဲ့စည်းမည်



ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) များကို ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဇန်နဝါရီ၉ ရက်မှစ၍ ဖွဲ့စည်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ရှမ်းပြည်နယ်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေး ကော်မတီကို ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်တွင် ခိုလမ်မြို့၌ သွားရောက် ဖွဲ့စည်း မည်ဖြစ်ကြောင်း ပြည်ထောင်စု အဆင့် JMC အဖွဲ့ဝင်ဒေါက်တာ မင်းဇော်ဦးကပြောသည်။ 

ထိပ်သီးဆွေးနွေးပွဲ လာမယ့် မြန်မာသမ္မတကို အိမ်ဖြူတော်က ကြိုဆို



အမေရိကန်ပြည်ထောင်စုမှာ ဖေဖေါ်ဝါရီလ ကျင်းပမယ့် ပထမဆုံး အကြိမ်အဖြစ် အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ မြန်မာသမ္မတ ဦးသိန်းစိန်ကို အမေရိကန် သမ္မတ ဘရက်အိုဘားမားက ဖိတ်ကြားခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကမနေ့ကကြေညာခဲ့ပါ တယ်။ မြန်မာနိုင်ငံကြောင့် အာဆီယံနဲ့ အမေရိကန် ဆက်ဆံရေး နှစ်ပေါင်းများစွာ အကန့်အသတ်တွေရှိ ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ထိပ်သီးညီ လာခံကို တက်ရောက်လာမယ့် မြန်မာကိုယ်စားလှယ်အဖွဲ့ကိုကြိုဆိုကြောင်း သမ္မတ အိမ်ဖြူတော်က ဗွီအိုအေကို ပြောပါတယ်။ ဆက်သွယ်မေးမြန်း ထားတဲ့မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

ကချင်ဝန်ကြီးချုပ်ကို ခေါ်ယူ စုံစမ်းနေချိန် ကျောက်တူးကားများ ဝင်ရောက်မှု ရပ်ဆိုင်း



ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်မှုနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် ကို နေပြည်တော်ကို ခေါ်ယူစစ်ဆေးနေချိန်မှာ ဖားကန့်ဒေသအတွင်းကို တင်သွင်းနေတဲ့ မြေသယ်ကားတွေနဲ့ မြေတူးစက်တွေ ၀င်ရောက်လာတာ ရပ်ဆိုင်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို တူုးဖော်ရေးယာဉ်နဲ့ ယန္တရားတွေ တင်သွင်းတာရပ်ဆိုင်းပေမဲ့ ကျောက်တူးဖော်နေတာတွေကတော့ အရင်လိုပဲ ရှိနေဆဲလို့ ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နိုင်ငံရေး တံခါးလေးပွင့်လာလို့ ….. ( RCSS ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းငင်းနှင့် ဆက်သွယ်မေးမြန်း )



သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့တို့ အစိုးရနဲ့ အောက်တိုဘာလထဲမှာ တပြည်လုံး ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ၂၀၁၅ နှစ်ကုန်တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့တုန်း က ပြန်လည် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွါးခဲ့ပါတယ် ။ မကြာမှီမှာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ တော့မှာမို့ ဒါဟာ NCA ချိုးဖောက်မှုတခုလို့ ဆိုနိုင်မလား ။ RCSS ရည်မှန်းချက် ၊ ရှေ့ဆက် ဘာတွေ ဆက်လုပ်ဖို့ရှိနေပါသလဲဆိုတာ ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစိုင်းငင်းကို သျှမ်းသံတော် ဆင့် က ဆက်သွယ် မေးမြန်းထား ပါတယ် ။ 

တိုင်းပြည်၏ သယံဇာတ ရောင်းချရငွေများကို နိုင်ငံတိုးတက်အောင် မလုပ်ဘဲ အချင်းချင်း တိုက်ခိုက်မှုများကြောင့် ဆုံးရှုံးမှုသာဖြစ်ခဲ့ပြီး ပြည်သူများ ဒုက္ခကြုံနေရ၍ ငြိမ်းချမ်းရေးရအောင် ဆွေးနွေးရန် KNU မှ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး တိုက်တွန်း


တိုင်းပြည်၏ သယံဇာတရောင်းချရငွေများကို နိုင်ငံတိုးတက်အောင် မလုပ်ဘဲ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ခဲ့မှုများကြောင့် ဆုံးရှုံးမှုသာဖြစ်ခဲ့ပြီး ပြည်သူများ ဆင်းရဲဒုက္ခကြုံနေရ၍ ငြိမ်းချမ်းရေးရရှိအောင် ဆွေးနွေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ဇန်န၀ါရီ ၇ ရက် တွင် ပြောကြားသည်။

အင်န်အယ်လ်ဒီနဲ့ မီဒီယာဆက်ဆံရေး


၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီက တောင်ပြိုကမ်းပြို နိုင်လိုက်သည်။ တစ်နည်းအားဖြင့် တိုင်းပြည်၏ ဥပဒေပြုရေးအာဏာ၊ ထိုမှတဆင့် အုပ်ချုပ်ရေးအာဏာကို လာမည့် ငါးနှစ်စာ သက်တမ်းအတွက် ရယူနိုင်ပါမည့်အကြောင်း မဲဆန္ဒရှင် ပြည်သူလူထုက အခွင့်ပေးလိုက်ခြင်း ဖြစ်သည်။ ပေးလည်း ပေးထိုက်ပါသည်၊ အင်န်အယ်လ်ဒီသည် ၈၈၈၈ လူထုလှုပ်ရှားမှု ဒီမိုကရေစီ အရေးတော်ပုံမှ ပေါက်ဖွားလာသော ပြည်သူ့ပါတီဖြစ်သဖြင့် မဲဆန္ဒရှင် ပြည်သူများကလည်း မပြောင်းမ လဲသော စိတ်ထားဖြင့် လာမည့်ငါးနှစ်သက်တမ်းစာ အခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

NLD အနိုင်ရ ကိုယ်စားလှယ်ကို စွဲထားသည့်အမှု လိုပြသက်သေစစ်ဆေး


ပြီးခဲ့သည့်အထွေထွေရွေးကောက်ပွဲတွင် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကို အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းကို တရားစွဲဆိုထားသည့် အမှုကို ဇန်နဝါရီ ၇ရက်နေ့က ဇမ္ဗူသီရီမြို့ နယ်တရားရုံးတွင် တရားလိုပြသက်သေ နှစ်ဦးကို စစ်ဆေးခဲ့ကြောင်း NLD ပါတီမှ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ မှ တရားလွှတ်တော်ရှေ့ နေ ဒေါ်စန်းစန်းမြင့် ကပြောသည် ။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်မည်မဟုတ်ဟု UWSA ပြော


နေပြည်တော်၌ ဇန်န၀ါရီလ ၁၂ ရက်တွင် ကျင်းပမည့် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသည် အဓိပ္ပာယ်မရှိသည့် အစည်းအဝေး ဟု ယူဆသဖြင့် “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)က တက်ရောက်မည် မဟုတ်ကြောင်း ပြော သည်။

တောင်ကြီးတွင် ကလေး ၃ ဦးကို ခေါ်ဆောင်သွားသူအား ဖမ်းဆီး စစ်ဆေးနေ


ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ကွန်လုံကျေးရွာအုပ်စု ရေပူကျေးရွာသား ကလေးငယ် ၃ ဦးကို ခိုးယူခေါ်ဆောင်သွားသည် ဆိုသော အာကာဟိန်း(ခ) သီဟနိုင်အား ဖမ်းဆီးရမိထားကြောင်း ရွှေညောင် နယ်မြေ ရဲစခန်းက ပြောသည်။ ထို အာကာဟိန်း(ခ) သီဟနိုင်၏ နောက်ကွယ်တွင် အပေါင်းအပါ၊အဖွဲ့များ ရှိ မရှိနှင့် ပတ်သက်၍လည်း ဆက်လက်စစ်ဆေးနေကြောင်း ရွှေညောင် နယ်မြေ ရဲစခန်းမှ ဒုရဲအုပ် စောမြင့်ဇော်က ဧရာဝတီကို ပြောပြသည်။

ရှမ်းပြည်နယ်တွင်း ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး ကော်မတီ ဖွဲ့မည်


ရှမ်းပြည်နယ်အတွင်း ပစ်ခတ် တိုက်ခိုက်မှုဆိုင်ရာ စစ်ရေး စောင့်ကြည့်မှု ကော်မတီ တရပ် ဖွဲ့စည်းရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ ကိုယ်စားလှယ်များက ရှမ်းပြည်နယ် ခိုလမ်မြို့ရှိ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ သွားရောက်၍ ရှမ်းပြည်နယ် JMC ပြည်နယ်အဆင့် ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းသွားမည်ဟု သိရသည်။

Thursday, January 07, 2016

မြောက်ကိုရီးယားရဲ့ နျူလှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ UNဆို


မြောက်ကိုရီးယားနိုင်ငံရဲ့ ​နျူကလီးယား ​လှုပ်ရှားမှုတွေကို ​ရပ်တန့်ဖို့ ​ကုလသမဂ္ဂက ​တောင်းဆိုလိုက်ပါတယ်။မြောက်ကိုရီးယား ​အစိုးရက ​ရေအောက်မှာ ​ဟိုက်ဒရိုဂျင်ဗုံးကို ​အောင်မြင်စွာ ​စမ်းသပ်နိုင်ခဲ့ပြီလို့ ​ကြေညာပြီးတဲ့နောက် ​ကုလသမဂ္ဂက ​အခုလို ​ပြောဆို ခဲ့တာပါ။

ဘာသာရေးခေါင်းဆောင် ကွပ်မျက်ခံရတဲ့အပေါ် သြစီမှာ ဆန္ဒပြ


ဆော်ဒီအာရေးဗီးယားနိုင်ငံက ​ရှီရိုက် ​ဘာသာရေးခေါင်းဆောင် ​Nimr ​al-Nimr ​ကို ​ကွပ်မျက်တဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​သြစတြေးလျနိုင်ငံမှာရှိတဲ့ ​ဆော်ဒီအာရေးဗီးယား ​သံရုံးမှာ ​လူပေါင်း ​ရာနဲ့ချီ ​ဆန့်ကျင်ဆန္ဒပြမှု ​လုပ်ခဲ့ကြပါတယ်။ဆော်ဒီအာရေးဗီးယား ​အာဏာပိုင်တွေကတော့ ​အဲဒီ ​ဘာသာရေး ​ခေါင်း ဆောင်ဟာ ​အကြမ်းဖက် ​ဝါဒတွေ ​ဟောပြောတယ်ဆိုပြီး ​ကွပ်မျက်တာ ​ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ့ဆုံ မှာလား


ဒီလထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ထပ်မံတွေ့ ဆုံနိုင်တယ်လို့ ရန်ကုန်နဲ့ နေပြည်တော် နိုင်ငံရေး သတင်းရပ်ကွက်တွေမှာ ပြောဆိုနေပါတယ်။ သူတို့နှစ်ဦး ရွေးကောက်ပွဲအပြီးမှာ ပထမဆုံး အကြိမ်အဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပြီး ကောင်းမွန်တယ်လို့ နှစ်ဖက်စလုံးက ပြောဆိုခဲ့ပါတယ်၊ ဆွေးနွေးပွဲကတော့ အချိန် တနာရီပဲ ကြာမြင့်ပါတယ်။

NCA လက်မှတ်မထိုးသောအဖွဲ့များကိုလည်း ငြိမ်းချမ်းရေးညီလာခံတွင် ဖိတ်ကြားမည်ဟုဆို


တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးခဲ့သည့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကို ပြည် ထောင်စု ငြိမ်းချမ်းရေးညီလာခံ တက်ရောက်နိုင်ရန်ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးမှတစ်ဆင့် တရားဝင်ဖိတ်ကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လိပ်ကျွန်းအမှု ဒီအင်န်အေနမူနာ သက်သေနှင့်ပတ်သက်၍ ဩစတြေးလျ မှုခင်းသိပ္ပံပညာရှင် မေးခွန်းထုတ်


လိပ်ကျွန်းလူသတ်မှုတွင် မြန်မာလုပ်သားနှစ်ဦးကို သေဒဏ်ချမှတ်ခြင်း ခံရအောင် တွန်းပို့ခဲ့သည့် အဓိက DNA သက်သေကိစ္စအပေါ် ဩစတြေးလျ မှုခင်းသိပ္ပံ ပညာရှင်တစ်ဦးက မေးခွန်းထုတ်သွားခဲ့သည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ထိုင်းနိုင်ငံ၊ လိပ်ကျွန်းသို့ လာရောက်လည် ပတ်သည့် ဗြိတိန်နိုင်ငံသား ခရီးသွားနှစ်ဦးကို သတ်ဖြတ်မှုဖြင့် ထိုင်းတရား ရုံးက မြန်မာလုပ်သား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက သေဒဏ် ချမှတ်ခဲ့သည်။ ထိုအမှုကို စစ်ဆေး ကြားနာရာတွင် DNA နမူနာ တင်သွင်းမှုများသည် နိုင်ငံတကာ စံနှုန်းများနှင့် လျော်ညီမှုမရှိကြောင်း အငြင်းပွားဝေဖန်မှုများလည်း ပေါ်ပေါက်ခဲ့သည်။

ဒီချုပ်အမတ်အများစုတက်ရမည့် လွှတ်တော်သစ် ဖေဖော်ဝါရီ ၁ ရက် ကျင်းပမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုယ်စား လှယ်အများစုတက်ရောက် ရမည့် ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးများကို ဖေဖော်ဝါရီ ၁ ရက် တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၆ ရက်၌ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

NLD အစိုးရသစ် တိုင်းရင်းသားအရေး ဖြေရှင်းနိုင်မလား


၂၀၁၆ အစိုးရသစ်တက်လာရင် ဖြေရှင်းရမယ့် အဓိကပြဿနာကြီးတခုဟာ တိုင်းရင်းသားလူနည်းစုများနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးပဲ ဖြစ်ပါတယ်။ တည်ဆဲ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ တက်လာမယ့် အစိုးရသစ်ဟာ သီးခြားလွတ်လပ် အာဏာတည်ရှိခွင့်ရနေမြဲဖြစ်တဲ့ တပ်မတော်အပေါ် ဩဇာညောင်းမှုအားနည်းနေ သေးတာမှန်ပါတယ်။

ငြိမ်းချမ်းရေးညီလာခံတွင် တိုင်းရင်းသားဒေသများ ပဋိပက္ခ လျှော့ချရေး ဆွေးနွေးမည်


ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် တိုင်းရင်းသားဒေသများအတွင်း ပဋိပက္ခများ လျှော့ချရေးနှင့် ထိန်းသိမ်းရေးကို ဦးတည်ချက်ထား၍ ဆွေးနွေးသွားမည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC)က ပြောသည်။

မဲခေါင် လက်နက်မူးယစ်ကုန်သွယ်မှု၊ တရုတ်ရပ်တည်ချက်နှင့် မြန်မာ့ ငြိမ်းချမ်းရေး လားရာ


နှစ်ပေါင်း ၂၅ အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်သံအမတ် မစ္စတာ ဟုန်လျှံဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် တစ်ယောက်အနေနဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးကို ရန်ကုန်မြို့မှာ ရှိတဲ့ ကိုးမိုင်က သူ့ရဲ့ နေအိမ်မှာ ဒီဇင်ဘာလ နောက်ဆုံးအပတ်က သွားရောက် တွေ့ဆုံခဲ့ပါတယ်။ 

ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန်စီစဉ်ခြင်းသည် ရှမ်းမြောက်နှင့် ကချင်တိုက်ပွဲများကို လျစ်လျူရှုခြင်း ဖြစ်ဟုဆို


ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ခေါ်ယူကျင်းပရန် စီစဉ်ခြင်းသည် ရှမ်းပြည် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ဖြစ်နေသော တိုက်ပွဲများကို လျစ်လျူရှုလိုက်ခြင်းဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်က ဇန်န၀ါရီ ၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

NLD အစိုးရသစ်နဲ့ တရုတ်နိုင်ငံ ဆက်ဆံရေး


နိုဝင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် မတ်လကုန်ပိုင်းတွင် စတင်ပေါ်ပေါက်လာမည့် အစိုးရသစ်တခု၏ လက်ထက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဒေသတွင်း နိုင်ငံရေးနှင့် နိုင်ငံခြားရေးမူဝါဒတွင် စာမျက်နှာသစ်တခု ဖွင့်လှစ်နိုင်ရန် တရုတ်နိုင်ငံက မျှော်လင့်နေသည်။

Drone များကို မှတ်ပုံတင်ပြီး အသုံးပြုစေရန် အစိုးရ စီစဉ်နေ


မောင်းသူမဲ့လေယာဉ်/ရဟတ်ယာဉ်(Drones)များကို အလေးချိန်နှင့် စွမ်းဆောင်နိုင်မှုအပေါ် ခွဲခြားသတ်မှတ်ကာ စနစ်တကျ မှတ်ပုံတင်ခြင်း၊ စီးပွားရေးလုပ်ငန်း အသုံးပြုခွင့်လက်မှတ် ထုတ်ပေးခြင်း၊ မြေပြင်မှ ထိန်းချုပ်မောင်းနှင်သူများအား စိစစ်ရန်အတွက် လိုအပ်သော လုပ်ထုံး၊ လုပ်နည်းများ ထုတ်ပြန်ရန် စီစဉ်နေသည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်ယော်က ပြောသည်။

NLD အစိုးရအဖွဲ့အတွက် ဝန်ကြီးနေရာတောင်းသူတွေ တစ်ပုံကြီး၊ ရှက်စရာကောင်းတဲ့ လုပ်ရပ်လို့ဆို


အစိုးရတစ်ရပ် ဖွဲ့စည်းတော့မည့် NLD အစိုးရအတွက် ဝန်ကြီးနေရာတောင်း သူများ များစွာရှိနေပြီး အလွန်ရှက်စရာကောင်းသည့် လုပ်ရပ်ဟု NLD ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ပြောလိုက်သည်။ ဝန်ကြီးနေရာ တောင်းသူများတွင် ပါတီဝင်များသာမက ပါတီဝင် မဟုတ်သူများပါပါဝင်သည်ဟု လွတ်လပ်သည့် အာရှအသံ(မြန်မာပိုင်း) နှင့် တွေ့ဆုံမှုတွင် ဦးဝင်းထိန်က ပြေလိုက်ခြင်းဖြစ်သည်။

နာယကဂုဏ်ဖြင့် ညီစေချင်


ယခုရက်ပိုင်းအတွင်း အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် သတင်းထောက်များ၏ မေးခွန်းကို ဒေါသစွက်သော လေသံဖြင့် ပြန်လည် ဖြေကြားပြောဆိုခဲ့သူ အမျိုးသားဒီမိုကရေစီ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ၏ သတင်းကို ဝေဖန်ထင်မြင်ချက်ပေးသည့် သတင်းများကို ဖတ်ကြရပါသည်။

ကေအိုင်အိုအတွင်း နောက်ထပ် ဒုစစ်ဦးစီးချုပ်နှစ်ဦး တိုးမြှင့်ခန့်ထား


ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေရဲ့ ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော် တာဝန်ယူနေရတဲ့ လုပ်ငန်းတွေ များနေတာကြောင့် နောက်ထပ်ဒုတိယစစ်ဦးစီးချုပ် နှစ်ဦးကို ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ဗဟိုက ထပ်မံခန့်ထားလိုက်ပါတယ်။

ဝ တပ်ဖွဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တက်ရောက်မည်မဟုတ်

ဇန်န၀ါရီလ ၁၂ ရက် နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူ အက်စ်အေ)က တက်ရောက်မှာ မဟုတ်ဘူးလို့ ၀ တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ထဲမှာ ပါဝင်ထားခြင်း မရှိတဲ့အတွက် ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးစရာ မရှိဘူးလို့ ၀ပြည်သွေး စည်းညီညွတ်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးကျောက်ကော်အန်းက ဒီဗွီဘီကို ပြောပါတယ်။

သေဒဏ်ပေးခံ ၀င်းနှင့်ဇော်ကို ထိုင်းရှေ့နေများ ထောင်တွင်းသွားရောက် တွေ့ဆုံ


ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ နခွန်းစီထမရတ် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ မြန်မာအလုပ်သမား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို အမှု လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီက ရှေ့နေတွေက ဒီနေ့ သွားရောက် တွေ့ဆုံပါတယ်။

ထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှက နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်ကြောင်း အင်းစိန်ထောင်တွင် အစာငတ်ခံဆန္ဒပြ


လက်ပံတောင်းတောင်သူ ဒေါ်ခင်ဝင်း သေဆုံးမှု အမှုမှန်ဖော်ထုတ်ပေးရေး ဆန္ဒပြမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တရားရုံး အသီးသီးက ပုဒ်မ ၁၈ အပါအ၀င် ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှက နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်ကြောင်း ဇန်န၀ါရီ ၅ ရက်မှ စတင်ကာ အင်းစိန်အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြလျက်ရှိကြောင်း သိရသည်။

တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် သစ်ကုန်သွယ်မှု တရားဝင်ဖြစ်ရန် နားလည်မှု စာချွန်ရေးထိုးရန် ဆောင်ရွက်မှု ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးရန် အရပ်ဘက် အဖွဲ့အစည်း ၈၀ ၀န်းကျင် တောင်းဆို


တရုတ်နိုင်ငံနှင့် သစ်တရားဝင် ရောင်းချမှုအတွက် နားလည်မှု စာချွန်လွှာ ရေးထိုးရန် ကြိုးပမ်းမှုကို အရပ်ဘက် အဖွဲ့အစည်း ၈၀ ၀န်းကျင်က ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရန် တောင်းဆိုမှု အနေဖြင့် အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို ငွေကြေးထောက်ပံ့နေသည့် အဖွဲ့အစည်းဖြစ်သည့် Global Environmental Institute ၏ Blue Moon Fund သို့ စာရေးသားပေးပို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း အဆိုပါ Campaign ကို ပါဝင်လှုပ်ရှားနေသူ မထက်ထက်က ပြောကြားသည်။

ကမာရွတ်မြို့နယ်တွင် ငွေထုတ်ကတ် အတုဖြင့် ATM စက်မှ ငွေခိုးထုတ် ယူခဲ့သည့် ဘူဂေးလ်ရီးယား နိုင်ငံသားကို စစ်ဆေးရာမှ အခြား ခိုးထုတ်မှု နှစ်မှု ထပ်မံပေါ်ပေါက်


ကမာရွတ်မြို့နယ် အတွင်းရှိ ATM စက် နှစ်စက်မှ ငွေထုတ်ကတ် အတုဖြင့် ငွေခိုးထုတ်ယူခဲ့သည့် ဘူဂေးလ်ရီးယား နိုင်ငံသားအား ထပ်မံစစ်ဆေးရာ အခြားလိမ်လည်ထုတ်ယူမှု နှစ်မှုထပ်မံ ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ယင်းဘူဂေးရီးယား နိုင်ငံသားသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဇာရှိ ကမ္ဘောဇ ATM စက်မှ ငွေထုတ်ကတ် အတုဖြင့် ငွေလေး သိန်းကျပ်အား ထုတ်ယူခဲ့သည့်အပြင် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းကွင်း ကမ္ဘောဇဘဏ်ခွဲရှိ ATM စက်မှ ငွေထုတ်ကတ် အတုဖြင့် ငွေငါးသိန်းကျပ်အား ထပ်မံ ခိုးထုတ်ယူသွားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

လက်ရှိအစိုးရနှင့် ညှိနှိုင်းမှုများတွင် အခက်အခဲမရှိကြောင်းနှင့် သတင်းဌာနများ ပါးစပ်ပိတ်ထားရန် ရည်ညွှန်းသည့် ပြောဆိုမှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် ပြောကြားခဲ့


လက်ရှိအစိုးရနှင့် ညှိနှိုင်းမှုများတွင် အခက်အခဲမရှိကြောင်းနှင့် သတင်းဋ္ဌာန များ ပါးစပ်ပိတ်ထားရန် ရည်ညွှန်းသည့် ပြောဆိုမှုများကို အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က RFA သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။

Tuesday, January 05, 2016

"သေဒဏ်ကျမြန်မာ နှစ်ဦးကိစ္စအမှုမှန် ပေါ်ပေါက်ရေးအတွက် ကောက်ခံရရှိထားတဲ့ လက်မှတ်တွေကို ထိုင်းသံရုံးကိုပေးပို့"



ငြိမ်းချမ်ရေးတည်ဆောက်လိုလျှင် စစ်ရေးအကြောင်း သဘောပေါက်အောင်လုပ်ပါဟု ကာချုပ်ပြော


စစ်ပွဲများကို တပ်မတော်ထက်ပိုပြီး မလိုလားမည့်သူ ရှိမည်မဟုတ်ဟုဆိုကာ ငြိမ်းချမ်းရေးကို တည်ဆောက်လိုလျှင် အရင်ဆုံး စစ်ရေးဆိုင်ရာကိစ္စများအကြောင်း သဘောပေါက်အောင်လုပ်ပါ ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ကာ/လုံ ဥပဒေကြမ်း အသက်ဝင်တော့မည် မဟုတ်


ဒီဇင်ဘာ ၂၁ရက်က အမျိုးသားလွှတ်တော်တွင် အမတ်များအား ဖြန့်ဝေ လိုက်သည့် ကာ/လုံဟု လူသိများသော "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ" ဥပဒေကြမ်းသည် လွှတ်တော်သို့ တင်ပြသို့ဆွေးနွေး သည့်အဆင့်ပင် ရောက်မည်မဟုတ်ဟု အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ပြောဆိုလိုက်သည်။

MH17 လေယာဉ်ပျက်ကျမှုနောက်ကွယ်မှ ရုရှားများကို ဖော်ထုတ်နိုင်ပြီဟု ယူကေအုပ်စုပြော


၂၀၁၄ ခုနှစ် ဇူလိုင်လက ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပစ်ချခံရမှုကြောင့် MH17 လေယာဉ်ပျက်ကျခဲ့မှုတွင် ပတ်သက်နေသည့် ရုရှားစစ်သားများကို ဖော်ထုတ်နိုင်ပြီ ဆိုသည့် နိုင်ငံသားဂျာနယ်လစ်များ၏ ပြောကြားချက်များကို လေးလေးနက်နက်လေ့လာမည်ဟု ဒတ်ခ်ျအစိုးရရှေ့နေများက ပြောကြားလိုက်သည်။

ပရဟိတလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ အကယ်ဒမီ ဝေဠုကျော် အားခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းက လူမှုထူးချွန်ဆု(ဒေါက်တာဘွဲ့)ပေးအပ်ချီးမြှင့်


သရုပ်ဆောင် ဝေဠုကျော်ကို ယူနီယံဓမ္မတက္ကသိုလ်၏ ၁၅ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဒေါက်တာဆု ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းကပေးသည့် ဓမ္မတက္ကသိုလ် ဒေါက်တာဘွဲ့ ဆိုသည်မှာ စိတ်ဓာတ်မြင့်မားသူ၊ မေတ္တာတရား ကြီးမားသူကို ထိုက်တန်ဂုဏ်ပြုသည့် ဘွဲ့ဖြစ်သည်။ Union Biblical Seminary မှစွမ်းစွမ်း တမံ ဆောင်ရွက်လေ့ရှိသူများကို ပေးအပ် လေ့ရှိသည့် နှစ်ခြင်းခရစ်ယာန် အသင်းတော်နှင့် အခြား အဖွဲ့အစည်းနှစ်ခု ပူးပေါင်း ပေးအပ်သည့် Doctor of Humane Letter ဒေါက်တာ ဘွဲ့ ချီးမြှင့်မှု အခမ်း အနားကို အကယ်ဒမီ ဝေဠုကျော်က ဇန်န၀ါရီလ ၄ ရက် ဧမာနွေလ ဘုရားကျောင်းတွင် ပြုလုပ် သည့် ယူနီယံဓမ္မတက္ကသိုလ်၏ ၁၅ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား သို့ တက်ရောက် ရယူခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေးဝန်ထမ်းများအား တစ်ဆင့်တိုး ရာထူးများ ပေးအပ်ရန်ရှိဟု သတင်းများထွက်ပေါ်


ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေးဝန်ထမ်းများကို တစ်ဆင့်တိုး ရာထူးများ ပေးအပ်ရန်ရှိသည်ဟု သတင်းများထွက်ပေါ်နေကြောင်း ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။ သတင်းများထွက်ပေါ်ရာတွင် သူနာပြုဆရာမကြီးများကို ဦးစီးအရာရှိအဖြစ် လည်းကောင်း၊ သူနာပြုအုပ်များကို လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း၊ လက်ထောက်ဆရာဝန်များကို ဦးစီးအရာရှိအဖြစ် လည်းကောင်း၊ လုပ်သက်ရင့် လက်ထောက်ဆရာဝန်များကို မြို့နယ် ကျန်းမာရေး အရာရှိအဖြစ် လည်းကောင်း၊ လက်ထောက်အထူးကု ဆရာဝန်များကို အထူးကုဆရာဝန်အဖြစ် လည်းကောင်း၊ အထူးကု ဆရာဝန်များကို ဒုတိယညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း၊ အထူးကုဆရာဝန်ကြီးများ၊ ဆေးရုံအုပ်ကြီးများ၊ တွဲဖက်ပါမောက္ခ များကို ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း အဆင့်တိုးမြှင့်ပေးရန် ရှိသည်ဟု သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။

မြန်မာအမျိုးသားကို သတ်သည့် စွဲချက်ဖြင့် ထိုင်းခုနစ်ဦးကို ဖမ်းဆီး


ပြီးခဲ့သည့် ဇန်န၀ါရီ ၂ ရက်နေ့က မြန်မာအမျိုးသား တစ်ဦးကို ၀ိုင်းဝန်း ကန်ကျောက် ထိုးနှက်ရာမှ လူသေဆုံးမှု ဖြစ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ထိုင်းခုနစ်ဦးကို ချင်းမိုင်တွင် ဇန်န၀ါရီ ၄ ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ် သတင်းတွင်ရေးသားသည်။

ငြိမ်းချမ်းရေး ညီလာခံကျင်းပရေး အန်အယ်လ်ဒီနှင့် တိုင်းရင်းသားများ ဆွေးနွေး


လာမယ့် ဇန်န၀ါရီ ၁၂ ရက်မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနဲ့ ပတ်သက်ပြီး အန်စီအေ လက်မှတ်ရေထိုးတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တချို့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မီတို့ ဒီကနေ့ ဇန်န၀ါရီ ၄ ရက်နေ့က ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးပါတယ်။

လိပ်ကျွန်းအမှု မြန်မာ ၂ ဦးကို ဓားစာခံအဖြစ် ထိုင်းရဲအသုံးချတာဖြစ် ကြောင်း နိုင်ငံတကာ ဟက်ကာအုပ်စု ကြေညာ

လိပ်ကျွန်းအမှုမှာ မြန်မာ ၂ ယောက်ကို သေဒဏ်ချမှတ်ခြင်းဟာ ဓားစာခံ အဖြစ် ထိုင်းရဲတွေက အသုံးချလိုက်တာ ဖြစ်တယ်လို့ နိုင်ငံတကာက ဟက်ကာအုပ်စုလို့ လူသိများတဲ့ Anonymous က ကြေညာလိုက်ပါတယ်။

ထိုင်းလေယာဉ်ပေါ်တွင် ခိုးမှုကျူးလွန်သည့် တရုတ်ခရီးသည် ဖမ်းဆီးခံရ


ဇန်န၀ါရီလ ၄ ရက်နေ့က လေယာဉ်တစီးပေါ်မှာ အခြားခရီးသည်တဦးဆီမှ ခိုးမှု ကျူးလွန်ခဲ့တဲ့ တရုတ်နိုင်ငံသားတဦးကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ အသက် ၄၅ နှစ်အရွယ် ကျီချင်းမာအမည်ရ တရုတ်နိုင်ငံသားဟာ တူရကီနိုင်ငံ မြို့တော် အစ္စတန်ဘူလ်မြို့မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိလေဆိပ်ကို ဆင်းသက်ခဲ့စဉ်မှာ ကျူးလွန်ခဲ့တာပါ။

ဟိုင်းပါစစ်ပြေးဒုက္ခသည်များ အိမ်ပြန်ကြရန် အစိုးရစစ်တပ်တိုက်တွန်း


အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ကြား တိုက်ပွဲတွေ ငြိမ်သက်သွားပြီဖြစ်တဲ့ အတွက် မိုင်းရှူးမြို့နယ် ဟိုင်းပါစစ်ဘေးရှောင် ဒုက္ခသည်စခန်းမှာ လာရောက်တိမ်းရှောင်နေတဲ့ ဒေသခံတွေကို အိမ်ပြန်ကြဖို့ အစိုးရတပ်က တိုက်တွန်းလိုက်ပါတယ်။

ဘာဘာဝါလိုစ် ဘုန်းတော်ကြီးများ ၂၀၁၆ ၏ ကမ္ဘာ့ရေးရာများကို ကြိုတင်ဟောကိန်း ထုတ်


ကျူးဘားနိုင်ငံက အက်ဖရို-ကျူးဘန်းမျိုးနွယ် ဆန်တဲရီးယန်းအယူဝါဒ ဘာသာရေး ခေါင်းဆောင်တွေက ၂၀၁၆ ရဲ့ ကမ္ဘာ့ရေးရာတွေကို နှစ်သစ်ကူး ကြိုတင်ဟောကိန်းတွေ ထုတ်ခဲ့ပါတယ်။ ဒီနှစ် ၂၀၁၆ မှာ ရွှေ့ပြောင်းနေထိုင်သူတွေအရေး ပေါက်ကွဲမှုဖြစ်မယ့် အလားအလာ ရှိပြီး ကမ္ဘာတလွှား လူမှုရေး မတည်ငြိမ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ တိုးပွားလာမှာဖြစ်တယ်လို့ ဘာဘာဝါလိုစ်တွေလို့ သိကြတဲ့ ဘုန်းတော်ကြီးတွေက တဲ့တိုး ဟောပြောလိုက်တာပါ။

ဗြိတိန်နိုင်ငံရောက် မြန်မာတွေ ထိုင်းဝန်ကြီးချုပ်ထံ ပေးစာပို့


ထိုင်းနိုင်ငံမှာ ခိုတောင်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီးသေဒဏ် ချမှတ်ခံ ထားရတဲ့ မြန်မာလူငယ်နှစ်ဦးရဲ့ အမှုကို ပြန်လည်သုံးသပ်စီစစ်ပေးဖို့ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက မနေ့ညနေပိုင်းက ထိုင်းသံရုံး ရှေ့မှာ အေးချမ်းစွာဆန္ဒပြပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်အတွက် မေတ္တာရပ်ခံစာတစ်စောင်ပေးပို့လိုက်ပါတယ်။

ရှမ်းနဲ့ ပလောင်လူငယ် ၁၅ ဦး ပြန်ပေးဆွဲမှု မိမိတို့လက်ချက် မဟုတ်ကြောင်း KIO ငြင်းဆို


ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ် KIA တပ်ဖွဲ့တွေက တပ်သားသစ်တွေ စုဆောင်းဖို့ ဒေသခံတွေကို ဖမ်းဆီးတယ်ဆိုတာ မဟုတ်မှန်ကြောင်း KIO အဖွဲ့က RFA ကိုပြောပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲအတွက်သာ ပြင်ဆင်ဖို့ NLD တိုက်တွန်း


လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ စတင်ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဆုံးဖြတ်ချက် တစ်စုံတရာချတာမျိုးမလုပ်ဘဲ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုတွေသာလုပ်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သဘောထားရှိကြောင်း ပါတီတာဝန်ရှိသူတွေက ဒီနေ့ ဆွေးနွေးပွဲမှာ ပြောကြတယ်လို့ သိရပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး ဦးစားပေးလုပ်ဆောင်မယ်လို့ ပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပပြီး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးမရသေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအပြင် အားလုံးပါဝင်လာနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ ပြောပါတယ်။

My Blog List