Friday, June 27, 2014

ကျောက်မျက်တင်ဒါအောင်ပြီး ငွေမချေသူများတွင် တရုတ်နိုင်ငံသား အများဆုံးပါဝင်


ကျောက်မျက်ပြပွဲများတွင် ကျောက်စိမ်းကျောက်မျက် အတွဲများ တင်ဒါအောင်မြင်ပြီး ငွေပေး ချေရန် ပျက်ကွက်သူများတွင် တရုတ် နိုင်ငံသား အများဆုံးဖြစ်၍ ၎င်းတို့ကို အမည်ပျက်စာရင်းသွင်းပြီး ပြပွဲ ၀င်ခွင့် ပိတ်ပင်ထားကြောင်း ပြပွဲ ကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌက ပြောသည်။

‘‘မြန်မာနဲ့ တရုတ်မှာ တရုတ်က အများဆုံးပဲ’’ဟု အဆိုပါ ဒုဥက္ကဋ္ဌက ပြောသည်။

ဆလိုင်းတင်မောင်ဦး စာပေဆုနှင့်(၃၈)နှစ်မြောက်အောက်မေ့ဖွယ် အထိမ်းအမှတ်ပြုလုပ်


ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေးခံရခြင်း(၃၈)နှစ် မြောက်အောက်မေ့ဖွယ်အထိမ်း အမှတ်နှင့်ဆလိုင်းတင်မောင်ဦး စာပေဆုရှင်များပေးအပ်ချီးမြှင့်ခြင်းအား ဇွန် ၂၆ရက်က City Star Hotel တွင်ကျင်းပပြုလုပ်ခဲ့သည်။

ယူနတီဂျာနယ် ထုတ်ဝေမှု ယာယီရပ်ဆိုင်းမည်


နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲခံထားရသည့်ယူနတီ အပတ်စဉ်ထုတ်ဂျာနယ်၏ ထုတ်ဝေမှုကို ယာယီရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း အဆိုပါ ဂျာနယ်မှ ရုံးအဖွဲ့မှူး ဦးအောင်ဝင်းထွန်းက ပြောကြားသည်။ 

အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦး တရားစွဲခံထားရသည့် အပြင် ရုံးအဖွဲ့တစ်ခုလုံး ဖိဖိစီးစီး အလုပ်မလုပ်နိုင်ခြင်း၊ ဂျာနယ် ထုတ်ဝေ မည့်ရက် နီးကပ်ချိန်အထိ ဝန်ထမ်းများကို ဖုန်းဆက်ခေါ်ရခြင်း စသည့် အခက်အခဲများကြောင့် ယာယီရပ်ဆိုင်းရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံကျင်းပမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ ကို လာမယ့် ဇူလိုင်လ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ပြုလုပ်မယ်လို့ ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။အဲဒီညီလာခံကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ပြုလုပ်မှာဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းအသီးသီးက ဗဟိုလူငယ်ညီလာခံကိုယ်စားလှယ် ၂၀၀ လောက် တက်ရောက်မယ်လို့ လူငယ်ညီလာခံကျင်းပရေးကော် မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောပါတယ်။

သြစီမှာ ဒုက္ခသည် လျောက်ထား သူတွေ အခက်ကြုံရနိုင်


သြစတြေးလျနိုင်ငံမှာ ​ခိုလှုံခွင့်တောင်းခံသူတွေ ​ဒုက္ခသည်အဖြစ် ​အသိမှတ်ခံ ရဖို့အတွက် ​သတ်မှတ်တဲ့ ​စည်းမျဉ်းဥပဒေတွေကို ​အစိုးရက ​တင်းကြပ်လိုက်မယ်ဆိုရင် ​ခိုလှုံခွင့်တောင်းခံသူတွေကအတွက် ​ပိုမိုခက် ခဲစေတယ်လို့ ​သြစတြေးလျ ​ရှေ့နေများအဖွဲ့ကပြောပါတယ်။

ရခိုင်ပြည်သူများ၏ဘ၀ ဖွံ့ဖြိုးအောင်လုပ်မည်ဟု ဗိုလ်ချုပ်မောင်မောင်အုန်းပြော


ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတက ခန့်အပ်ဖို့ အဆိုပြုထားတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းက နိမ့်ကျနေတဲ့ ရခိုင်ပြည်သူတွေရဲ့ ဘ၀ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရင်းနဲ့ တဖက်ကလည်း မတည်မငြိမ်ဖြစ်နေတဲ့ ပြည်တွင်းရေးပြဿ နာကိုလည်း ဟန်ချက်ညီအောင် ထိန်းညှိသွားမယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ဝန်ကြီးချုပ် မခန့်ရန် ရခိုင်တွင် ဆန္ဒပြ



နိုင်ငံတော်သမ္မတက ရခိုင်ပြည်နယ်လွှတ်တော်ကို ပေးပို့ထားသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် အဆိုအပေါ် မကျေနပ်၍ မြို့သုံးမြို့တွင် ဇွန်လ ၂၅ ရက်နေ့ ညပိုင်းက စကောတီး၍ ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။ စစ်တွေ၊ ကျောက်တော်နှင့် မြောက်ဦးမြို့တို့တွင် ယင်းသို့ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် ကန်ဒေါ်လာ သန်း ၁၃၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး


အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်ရေးနေ့အဖြစ် ဇွန်လ ၂၆ ရက်နေ့တွင် ဖမ်းဆီး မူးယစ်ဆေးဝါး တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၃၀ ဒသမ ၉၃၅၆၈ သန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မြန်မာ့မူးယစ် စီးပွား အစိုးရ GDP ထက် ကြီးထွား


ကမ္ဘာ့တ၀န်း တချို့ဒေသမှာ မူးယစ်ဆေးဝါး သုံးစွဲမှုပမာဏ မြင့်တက်လာပေမဲ့ အားလုံးခြုံ ကြည့်ရင်တော့ မူယစ်ဆေးဝါး သုံးစွဲမှုအခြေအနေဟာ တည်ငြိမ်မှု ရှိလာတယ်လို့ ကုလသမဂ္ဂက အစီရင်ခံစာထုတ်ပြန်လိုက် ပါတယ်။ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ဟာ ၂၀၀၆ ခုနှစ်ကုန်ပိုင်းကစပြီး တိုးတက်လာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ စိုက်ခင်း ဧကပေါင်း တသိန်းခွဲနီးပါးထိ ရှိလာခဲ့ကြောင်း၊ ဘိန်းဖြူ ထုတ်လုပ်မှု ဟာလည်း ၂၀၀၈ ကနေ ၂၀၁၁ ခုနှစ်ကာလ ထုတ်လုပ်တဲ့ ပမာဏကို ပြန်လည် တိုးတက်လာခဲ့ကြောင်း UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး ရဲ့ ၂၀၁၄ ခုနှစ်အစီရင်ခံစာမှာဖေါ်ပြလိုက်ပါတယ်။ 

မြောက်ကိုရီးယား ဒုံးကျည် ဂျပန်ပင်လယ်ပြင်ထဲ ပစ်လွှတ်


မြောက်ကိုရီးယားဟာ ဂျပန်ပင်လယ်ပြင်ထဲကို တာတိုပစ် ဒုံးကျည် ၃ စင်း စမ်းသပ် ပစ်လွှတ်ခဲ့တာ တွေ့ရ တယ်လို့ တောင်ကိုရီးယား အစိုးရက ပြောကြားလိုက်ပါတယ်။မြောက်ကိုရီးယားရဲ့ ရော့ကက်တွေဟာ ကိုရီးယားကျွန်းဆွယ်အရှေ့ဘက်ကမ်းရိုးတန်းကနေ ကြာသပတေးနေ့က ပစ်လွှတ်ခဲ့တာလို့  တောင်ကို ရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ပင်လယ်ပြင်ထဲကို မိုင် ၁၂၀ အကွာလောက်ကနေ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒေသဆိုင်ရာမှာ မြန်မာ့အခန်းကဏ္ဍ တိုးပွားလာပုံ


ဒေသဆိုင်ရာမှာ မြန်မာနိုင်ငံပါဝင်တဲ့အခန်းကဏ္ဍ တိုးပွားလာပုံကို ရေးသားထားတဲ့ ပညာရှင် (၆) ဦးရဲ့  သုတေသနစာတမ်းတွေကို စုပေါင်းပြီး Myanmar's Growing Regional Role ဆိုတဲ့ အမည်နဲ့ လွန်ခဲ့တဲ့ မတ်လက စာအုပ်ထုတ်ပါတယ်။ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် Seattle မြို့  အခြေစိုက် National Bureau of Asian Research က ထုတ်ဝေတာ ဖြစ်ပါတယ်။ ဒီ စာအုပ်ကိုရေးတဲ့ သုတေသီတစုဟာ လွန်ခဲ့တဲ့နှစ် အောက်တိုဘာလမှာ မြန်မာပြည်ကို သွားရောက်လေ့လာခဲ့ကြပါတယ်။ အလှည့်ကျ အာဆီယံဥက္ကဋ္ဌ ဖြစ်လာတဲ့ မြန်မာအစိုးရရဲ့  ဒေသဆိုင်ရာ အခန်းကဏ္ဍကို သုံးသပ်ထားပါတယ်။

အီရတ် အစိုးရကို အီရန်နဲ့ ဆီးရီးယား ကူညီ


အီရတ်နိုင်ငံကို သိမ်းယူဖို့ကြိုးပမ်းနေတဲ့ ဆူနီစစ်သွေးကြွ သူပုန်တွေကို တိုက်နေ တဲ့ စစ်ပွဲတွေမှာ ဆီရီးယား နဲ့ အီရန်နိုင်ငံတွေကလည်း အီရတ်အစိုးရကို အကူအညီတွေပေးတဲ့ အနေနဲ့ ပါဝင်လာကြပါတယ်။ အီရတ် နဲ့ ဆီးရီးယား ၂ နိုင်ငံ နယ်ခြား၊ ဆီးရီးယားနိုင်ငံဘက်အခြမ်းမှာရှိတဲ့ စစ်သွေးကြွတွေကို ဆီရီးယား စစ်လေ ယာဉ်တွေဟာ အခုသီတင်းပတ် အစောပိုင်းတုန်းက ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တယ်လို့ အီရတ် ၀န်ကြီးချုပ် နိုရီအလ်မာလီကီက ကြာသာပတေးနေ့မှာ ပြောကြား လိုက်ပါတယ်။ 

ဆီးရီးယား သူပုန်တွေကို ကန်အစိုးရ ကူညီမည်


ဆီးရီးယား အတိုက်အခံအုပ်စုတွေထဲက အယူအစွဲမပြင်းထန်တဲ့သူတွေကို ရွေးထုတ်ပြီး လက်နက်ထောက် ပံ့ဖို့နဲ့ စစ်သင်တန်း ပို့ချပေးရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အကူအညီပေးရေး အတွက် အမေရိကန်သမ္မတ အိမ်ဖြူတော်က ကွန်ဂရက် လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။

KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘော ကွယ်လွန်




ပြည်တွင်းကုန်သွယ်မှုများ၏ ရာခိုင်နှုန်း ၈၀ အထိရှိသော Asia World အပါ အ၀င် ဆိပ်ကမ်းများနှင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရားမ၀င်ကုန်ပစ္စည်း တင်သွင်းမှုများကို ဇူလိုင် ၂ ရက်မှ စတင် ဖမ်းဆီးမည်


ပြည်တွင်းကုန်သွယ်မှုများ၏ ရာခိုင်နှုန်း ၈၀ အထိရှိနေသည့် အေးရှားဝေါလ် အပါအ၀င် ဆိပ်ကမ်းများနှင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရားမ၀င်ကုန်ပစ္စည်း တင်သွင်းမှုများကို ဇူလိုင် ၂ ရက်တွင်စတင် စစ်ဆေးဖမ်းဆီးမည်ဖြစ်ကြောင်း တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ သတင်းရ ရှိသည်။

ရန်ကုန်မြို့၌ ယခုနှစ် ငါးလအတွင်း ယာဉ်တိုက်မှုဖြစ်ပွားကာ ယာဉ်မောင်း ထွက်ပြေး တိမ်းရှောင်ခဲ့သည့် အမှုပေါင်း ၃၅၀ ကျော်ရှိခဲ့ပြီး ၉၂ မှုမှ ကျူးလွန်သူများ လွတ်မြောက်နေဆဲဖြစ်



ရန်ကုန်မြို့၌ ယခုနှစ်ငါးလအတွင်း ယာဉ်တိုက်မှုဖြစ်ပွားကာ ယာဉ်မောင်းထွက်ပြေး တိမ်းရှောင်ခဲ့သည့် အမှုပေါင်း ၃၅၀ ကျော်ရှိခဲ့ပြီး ၉၂ မှုမှ ကျူးလွန်သူများမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဇွန် ၂၆ ရက်တွင် စုံစမ်းသိရသည်။

သစ်အလွန်အကျွံ ခိုးထုတ်မှုများကြောင့် မေယုတောင်တန်း၌ သစ်တောပြုန်း တီးမှုနှင့် ရင်ဆိုင်လာရ


အလွန်အကျွန် သစ်ခိုးထုတ်မှုများကြောင့် မေယုတောင်တန်းတွင် သစ်တော ပြုန်းတီးမှုနှင့် ရင်ဆိုင်လာရပြီး တရားဝင်သစ်ထုတ်မှုများကြောင့် ကြိုးပြင်တောများတွင် သစ်ရှားပါးလာခြင်းများကြောင့် ဒေသတွင် သစ်ဈေးနှုန်းများ အဆမတန်ကြီးမားလာပြီး ဒေသခံများ နေအိမ်ဆောက်လုပ်ရာတွင် အခက်အခဲ ဖြစ်လာ နေကြောင်းလည်း သိရသည်။

အမြန်လမ်းတွင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု စခန်းများ မိုင် ၄၀ လျှင် တစ်ခုထားရန် စီစဉ်



မန္တလေးအမြန် လမ်းမကြီးတွင် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိပါက အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုစခန်းများကို မိုင် ၄၀ လျှင် တစ်ခုထားရှိပေးနိုင်ရေး အတွက် စီစဉ် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

အခြေခံဥပဒေပြင်ရန် လူထုလှုပ်ရှားမှု မကွေးတိုင်းတွင် ခွင့်ပြုချက်ရ



နိုင်ငံရေး လှုပ်ရှားမှုများ ကိုသတိကြီးကြီးထားကာ စောင့် ကြည့်လေ့ရှိသည့် မကွေးတိုင်း ဒေသကြီးတွင် ဖွဲ့စည်းပုံပြင် ဆင်ရေးလူထုလှုပ်ရှားမှု ပြုလုပ်ရန် ခွင့်ပြုချက်တောင်းခံခြင်းကို အာဏာပိုင်များဘက်က ပထမဆုံးအကြိမ်အဖြစ် တရားဝင်ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။

အာဏာပိုင်များ သိမ်းဆည်းထားသည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်သူ့မြေ များပေါ်တွင် Asia World ကုမ္ပဏီက စီမံကိန်းများဆောင်ရွက်ခဲ့သည့်အပေါ် ဥပဒေအရ ဆောင်ရွက်မည်ဟုဦးသိန်းညွန့် ပြောကြား


အာဏာပိုင်များ သိမ်းဆည်းထားသည့် ပြည်သူ့မြေများပေါ်တွင် Asia World Co.,Ltd မှ စီမံကိန်းများဆောင် ရွက်ခဲ့ခြင်းအား ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်မည်ဟု ဦးသိန်းညွန့်က ပြောကြားခဲ့သည်။

ဇူလိုင် ၂ ရက်မှစ၍ GSM နှင့် WCDMA မိုဘိုင်းဖုန်းများ ပြည်ပနိုင်ငံ ၃၁ နိုင်ငံသို့ သယ်ဆောင်အသုံးပြုခွင့် ပြုမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏  GSM နှင့်WCDMA ဖုန်းကိုင်ဆောင်အသုံးပြုသူများ ပြည်ပနိုင်ငံ ၃၁ နိုင်ငံ သို့ မိမိအသုံးပြုနေသည့်ဖုန်းများသယ်ဆောင် အသုံးပြုခွင့်ကို ဇူလိုင် ၂ ရက်မှစတင်ခွင့်ပြုမည်ဖြစ် ကြောင်းကို ဇူလိုင် ၂၆ ရက် ညပိုင်း မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြခဲ့သည်။

အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည့် လန်ဒန်ဆရာတော် အပါအ၀င် သံဃာငါးပါး သင်္ကန်းဝတ်ဖြင့် တာမွေတရားရုံးတွင် ယနေ့ အမှုရင်ဆိုင်မည်


အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည့် လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာငါးပါးသည် သင်္ကန်းဝတ်ဖြင့် တာမွေတရားရုံး၌ ၂ဝ၁၄ ခုနှစ် ဇွန် ၂၇ ရက်တွင် အမှုရင်ဆိုင်မည်ဖြစ်ကြောင်း သိရသည်။

“တတိယအကြိမ် ရုံးချိန်းမှာ ပုဒ်မ ၁၄ နဲ့ ပတ်သက်တဲ့အမှုကို တရားလိုကို စတင်စစ်ဆေးဖွယ်ရာ ရှိပါတယ်” ဟု လန်ဒန်ဆရာတော် ဦးဥတ္တရအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ဗြိတိသျှသံရုံးမှ ငှားရမ်းထားသည့် ရှေ့နေ ဦးနေလက ဆိုသည်။

မန္တလေးမြို့ ဒိုင်းမွန်းပလာဇာရှိ မြန်မာအရှေ့တိုင်းဘဏ်နှင့် LG အရောင်းပြခန်း ဖောက်ထွင်းခံရ




မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ဒိုင်းမွန်းပလာဇာ ပထမထပ်ရှိ မြန်မာ အရှေ့တိုင်းဘဏ်နှင့် LG ၊ Sony အရောင်းပြခန်းတို့တွင် ဇွန် ၂၅ ရက် ညပိုင်းက ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Thursday, June 26, 2014

ပုသိမ်မြို့နှင့် ဂျပန် ရှီဇုအိုကမြို့ ညီအစ်မမြို့တော်ဖြစ်ရေး ဆွေးနွေး


ဧရာဝတီတိုင်း ဒေသကြီး၏ တိုင်းမြို့တော် ပုသိမ်မြို့နှင့် ဂျပန်နိုင်ငံမှ ရှီဇုအိုက (Shizuoka) မြို့တို့အား ညီအစ်မမြို့တော်အဖြစ် သတ်မှတ်ရန် တာဝန်ရှိသူများ ဆွေးနွေးနေကြောင်း သတင်းရရှိသည်။ဧရာဝတီ တိုင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့က ပြီးခဲ့သည့် ဧပြီလအတွင်း ဂျပန်နိုင်ငံသို့သွားရောက်၍ ညီအစ်မမြို့တော်ဖြစ်ရေး ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အီရတ်တွင် အသေခံဗုံးဖောက်ခွဲမှုကြောင့် လူ ၆ ဦး သေဆုံး၊ ၂၃ ဦး ဒဏ်ရာရ


အီရတ်နိုင်ငံအရှေ့မြောက်ပိုင်းက ကာကွက်မြို့မှာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က အသေခံဗုံးဖောက်ခွဲမှုကြောင့် လူ ၆ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကာဒ့်ရဲတပ်ဖွဲ့က ပြောပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်က ကာကွက်မြို့ကို ကာဒ့်တပ်ဖွဲ့ဝင်တွေ သိမ်းပိုက်ခဲ့ပြီးနောက် ပထမဆုံး ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပြီး ကာဒ့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးလည်း သေဆုံးသူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားကို သတ်ပြီး တက္ကစီကားထဲ ထည့်ထား


ထိုင်းနိုင်ငံအလယ်ပိုင်း မဟာာချိုင်လို့ လူသိများတဲ့ စမွတ်စခွန်မြို့နယ်မှာ မြန်မာအလုပ်သမားလို့ ယူဆရသူ တဦး အသတ်ခံရပြီး တက္ကစီကားထဲ လာထည့်သွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

ဇွန် ၂၄ ရက် မနက် ၁ နာရီလောက်က တက္ကစီကားတစီးပေါ်မှာ လူသေအလောင်း တွေ့ကြောင်း သတင်းပေးချက်အရ တာဝန်ကျရဲနဲ့ ကုသိုလ်လူမှုကူညီရေးအဖွဲ့တို့က သွားရောက် စစ်ဆေးခဲ့ကြောင်း၊ ဘန့်နမ့်ကျစ်ရပ်ကွက် ကျတ်ဆန်ဖနန်လမ်းကြား သံထည်စက်ရုံအနီးမှာ ရပ်ထားတဲ့ တက္ကစီကားတစီး နောက်ဖုံးခန်းထဲကနေ ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၃၅ နှစ်ရွယ် အမျိုးသားတဦးကို တွေ့ရှိခဲ့တာလို့ ဘန့်နမ့်ကျစ်ရဲစခန်းက စခန်းမှူး ဗိုလ်မှူကြီး ဆနွန် ဆွန်မတ်က သတင်းထောက်တွေကို ပြောပါတယ်။

လွှတ်တော်သက်တမ်းတလျှောက်တွင် တပ်မတော်သားကိုယ်စားလှယ်များမှ အဆိုနှစ်ခုသာ တင်သွင်းဖူးကြောင်း သိရ



လွှတ်တော်သက်တမ်းတလျှောက် ပထမအကြိမ်မှ ဆဋ္ဌမအကြိမ်အထိ ပုံမှန်အစည်းအဝေးများအတွင်းပြည် သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း၌ တပ်မတော်သားကိုယ်စားလှယ် များမှအဆိုနှစ်ခုသာ တင်သွင်းဖူးကြောင်း ပွင့်လင်းမြန်မာ့ရှေ့ဆောင်(Open Myanmar Initiative)၏လွှတ်တော် စောင့်ကြည့် လေ့လာရေး အစီရင်ခံစာပါ အချက်အလက်များအရ သိရသည်။

ရခိုင်အကျိုးစီးပွားကို အသက်နှင့်လဲ ကာကွယ်မည်ဟု ဗိုလ်ချုပ် မောင်မောင်အုန်း ကတိပြုပြောဆို


ဗိုလ်ချုပ်မောင်မောင်အုန်းကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ရန် အဆိုပြုထားသော သ၀ဏ်လွှာဖတ်ကြားခဲ့သည့် ရခိုင် ပြည်နယ်အရေးပေါ် လွှတ်တော်အစည်းအဝေးကျင်းပနေချိန်တွင် စစ်တွေမြို့၌ လုံခြုံရေးတင်းကျပ် ခဲ့ကြောင်း သတင်းရရှိသည်။

သဲကုန်းလယ်သိမ်းခံတောင်သူတွေ ဒုတိယအကြိမ် ကျိန်စာတိုက်ပွဲဝင်


ပဲခူးတိုင်းအနောက်ပိုင်း ​သဲကုန်းမြို့နယ် ​အောင်ကုန်းကျေးရွာမှာ ​စစ်တပ်နဲ့လယ်ယာ ​လက္ကားသမ၀ါယမ 
အသင်းကနေပြီးတော့ ​သိမ်းဆည်းထားတဲ့ ​လယ်ယာမြေ ​တစ်ထောင်ကျော်ကို ​ပြန်ရဖို့ ​သပိတ်စခန်းဖွင့်ပြီး ​တောင်းဆိုနေပေမယ့် ​ပြေလည်အောင် ​ဖြေရှင်းတာမျိုးတွေ ​မရှိတဲ့အတွက် ​လယ်သိမ်းခံ ​တောင်သူတွေက ​ဒုတိယအကြိမ် ​ကျိန်စာတိုက်ပွဲ ​ထပ်မံ ​ပြုလုပ်ခဲ့တယ်လို့ ​သိရပါတယ်။

ငြိမ်းချမ်းရေး မိန့်ခွန်း ပိုပြောဖို့ အစ္စလာမ်မစ် ခေါင်းဆောင် တွေကို သြစီတိုက်တွန်း


သြစတြေးလျ ​နိုင်ငံအတွင်းက ​အစ္စလာမ်မစ် ​ဘာသာရေး ​ခေါင်းဆောင်တွေ ​အနေနဲ့ ​ငြိမ်းချမ်းရေး ​မိန့်ခွန်းတွေ ​ပိုမို ​ဟောပြောကြဖို့ ​သြစတြေးလျ ​အစိုးရက ​တိုက်တွန်း ​လိုက်ပါတယ်။အရှေ့ ​အလယ်ပိုင်း ​ဒေသတွေမှာ​ဖြစ်နေတဲ့ ​အစွန်းရောက် ​လှုပ်ရှား​မှုတွေကို ​ထောက်ခံတဲ့ ​တီရှပ်အင်္ကျီတွေ ​ဝတ်ဆင် ​နေကြ တာဟာ ​သြစတြေးလျ ​နိုင်ငံလူမှုအတွင်း ​စည်းလုံး​ညီညွတ်မှုတွေ ​ထိခိုက်နိုင်တဲ့အတွက် ​အဲဒီလိုမျိုး ​လုပ်ရပ်တွေမလုပ်ဖို့ ​သတိပေးတာတွေ ​လုပ်သင့်တယ်လို့ ​ပြောသွားတာ ​ဖြစ်ပါတယ်။

မီဒီယာများကို သတင်းတပ်ဖွဲ့ ခေါ်ယူတွေ့ဆုံမှု ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် စာနယ်ဇင်းကောင်စီ တောင်းဆို



ငွေကြေးခဝါချမှု တားဆီးကာကွယ်ရန်နှင့် အခြားမလိုလားအပ်သော ပြဿနာများ မဖြစ်ရန်ဟုဆိုကာ ရန်ကုန် မြို့တော်အခြေစိုက် နေ့စဉ်နှင့် အပတ်စဉ်စာစောင်များ ထုတ်ဝေနေသော သတင်းမီဒီယာများ၏ ရပ်တည် နေမှုများကို အထူးသတင်းတပ်ဖွဲ့က တွေ့ဆုံမေးမြန်းမှုကို ပြည်ထဲရေးဝန်ကြီးဌာနက ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ယနေ့ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဥပဒေ (ပုဒ်မ ၁၈) ပြင်ဆင်ချက်ထုတ်


ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအဖြစ် သမ္မတ ဦးသိန်းစိန်က ဒီကနေ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ ပြင်ဆင်ချက်မထုတ်ခင် အရင် ဒီဥပဒေနဲ့ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေနဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေဟာ မကြာခဏ တရားစွဲဆို ခံခဲ့ရတာ ဖြစ်ပါတယ်။အခုပြင်ဆင်ချက်ထဲမှာတော့ ထောင်ဒဏ်တွေ ကို လျှော့ချလိုက်သလို အစားထိုး ချက်တွေနဲ့ ပြဌာန်းလိုက်တဲ့ ဒီဥပဒေအပေါ် အမြင်သဘောထားတွေကို မဆုမွန်က စုစည်းတင်ပြပေးထား ပါတယ်။ 

ယူကရိန်းပြဿနာကြီးထွားရင် အိုဘားမား ရုရှားအပေါ် ပိတ်ဆို့မှုချမည်


ယူကရိန်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ အရှိန်လျော့ကျရေး မလုပ်ဆောင်ရင် ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှု အသစ်တွေ ချမှတ်သွားဖို့ အဆင်သင့်ပဲလို့ သမ္မတ အိုဘားမား အစိုးရက ပြောလိုက်ပါတယ်။ ဒါပေမဲ့ အမေရိကန်က ချမှတ်မယ့် ပိတ်ဆို့မှုအသစ်တွေအပေါ် ဥရောပနဲ့ အမေရိကန် ထုတ်ကုန်လုပ်ငန်း ရှင်တွေထံက ညီညွတ်တဲ့ ထောက်ခံမှု မရခဲ့ဘူးလို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

မစုစုနွေး ၏ ကိုယ်တွေ့မှတ်တမ်းများရေးဖွဲ့ထားသော တိုက်ပွဲဝင်နှင်းဆီ စာအုပ်မိတ်ဆက်



နိုင်ငံတကာရောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် ပြည်သူ့အင်အားစု အဖွဲ့ဝင်များ ပြည်တွင်းသို့ရောက်ရှိ


၁၉၈၈ ခုနှစ်နောက်ပိုင်း ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေသူများပါဝင်ဖွဲ့စည်းထားသည့်နိုင်ငံတကာ ရောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် ပြည်သူ့အင်အားစုအဖွဲ့ဝင်များသည် ဧပြီ ၃ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ၎င်းတို့အနေဖြင့် တိုင်းပြည်ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖော်ဆောင်မှုများတွင် အားဖြည့်ပါဝင်သွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့မှ ကိုအောင်ကြည်ဦး က ပြောသည်။

PR စနစ် ဆွေးနွေးရင် မျှတအောင်လုပ်မည်လို့ ဦးရွှေမန်းပြော


အချိုးကျကိုယ်စားပြုစနစ် PR ကို လွှတ်တော်ထဲမှာ ဆွေးနွေးစဉ်းစားတဲ့အခါ ညီညီမျှမျှဖြစ်အောင် ဆောင် ရွက်ပေးမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။နေပြည်တော် ပြည်ထောင်စုလွှတ်တော် ဇဗ္ဗူသီရိခန်းမဆောင်မှာ သူရဦးရွှေမန်းနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဒီနေ့ သီးသန့်တွေ့ဆုံရာမှာ အခုလိုပြောကြားခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အခြေခံဈေးအမြင့်ဆုံး ယူရိုသန်း ၆၀ တန် အလေးချိန် ၂၃၃ ကီလိုရှိ ကျောက်စိမ်းအရိုင်းတုံးနှင့် ယူရိုတစ်သန်းနှင့်အထက် ကျောက်စိမ်းအတွဲပေါင်း ၆၉ တွဲကို တင်ပြရောင်းချမည်


(၅၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် အခြေခံဈေး အမြင့်ဆုံး ယူရိုသန်း ၆၀ တန်ရှိသည့် အလေးချိန် ၂၃၃ ကီလိုရှိ ကျောက်စိမ်းအရိုင်းတုံးနှင့် ယူရိုတစ်သန်းနှင့်အထက် ကျောက်စိမ်းအတွဲပေါင်း ၆၉ တွဲကို တင်ပြရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးကိုကိုကြီး ဒီချုပ်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ရန် မသေချာသေး



လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ရွေးကောက် ပွဲဝင်၊ မဝင်အပေါ် မဆုံးဖြတ်ရ သေးကြောင်း ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသား ခေါင်း ဆောင်တစ်ဦးဖြစ်သည့် ဦးကိုကို ကြီးက 7 Day Daily အား ပြောကြားလိုက်သည်။


မဟာသန္တိသုခပိုင်ဆိုင်မှု အရှုပ်တော်ပုံ


ပိုင်ဆိုင်မှုအတွက် လပေါင်းများစွာ အငြင်းပွားနေခဲ့သည့် ရန်ကုန်မြို့၊ တာမွေ မြို့နယ် နတ်ချောင်းရပ်ကွက် အတွင်းရှိ မဟာသန္တိသုခကျောင်းတော်ကြီးနှင့် ပတ်သက်သည့် ပြဿနာများ အဆုံးသတ်ရေးအတွက် သံဃာများနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့က ဇွန်လ ၁၀ ရက် ညပိုင်းတွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။

Wednesday, June 25, 2014

အဓမ္မပြုကျင့်မှု ရပ်တန့်ရေး ချင်း အမျိုးသမီး ၁၃၀ ကျော် ဆန္ဒထုတ်ဖော်



အစိုးရ စစ်သားများက အမျိုးသမီးများအား အဓမ္မပြုကျင့်မှုများ ရပ်တန့်ရန် ရည်ရွယ်ပြီး ချင်းပြည်နယ် မတူပီမြို့၌ ချင်းအမျိုး သမီး ၁၃၀ ကျော်သည် ယမန်နေ့က ပထမဆုံးအကြိမ် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု သိရသည်။“ပထမအကြိမ် တင်တုန်းက မတူပီ ရဲစခန်းက ခွင့်မပြုပြီး။ နောက်တခါ ပြန်တင်တော့မှ ခွင့်ပြုတယ်။ တင်ထားတဲ့ လမ်းအတိုင်း တော့ လမ်းမလျှောက်ပါနဲ့။ လမ်းပိတ်မှာ စိုးလို့ ပြောပါတယ်။ ဒါပေမယ့် ကျမတို့ကတော့ တင်ထားတဲ့ လမ်းအတိုင်းပဲ လျှောက်ပါ တယ်။ အမျိုးသမီးတွေ နစ်နာနေတာတွေကို ဆန္ဒထုတ်ဖော်တာပါ”ဟု ဆန္ဒ ထုတ်ဖော်ရာတွင် ပါဝင်သည့် ချင်းအမျိုးသမီး အဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်အယ်လီက ဧရာဝတီကို ပြောသည်။

အားကိုးရာ ရှာမတွေ့သေးသော လူဦးရေ သုံးသန်း ကျော်


မြန်မာနိုင်ငံငယ်ဟု တင်စားခေါ်ဝေါ်ကြသည့် မဟာချိုင်ရှိ မြန်မာနိုင်ငံသားများအနက် လူ ၄၀၀ ကျော်ကို အာဏာသိမ်းထိုင်းစစ်အစိုးရက ၁၅ ရက်အတွင်း ဖမ်းဆီးခဲ့သည်။ ဧရိယာ ၈၇၂ ကီလိုမီတာ ကျယ်ဝန်းပြီး မြန်မာနိုင်ငံသား ငါးသိန်းကျော် နေထိုင်သော ထိုင်းနိုင်ငံ မဟာချိုင်ရှိ ယင်းမြန်မာနိုင်ငံသား ၄၀၀ ကျော်ကို ထိုင်းစစ်အစိုးရက ဇွန်လ ၃ ရက်မှ ၁၈ ရက်အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယူကရိန်း ရဟတ်ယာဉ် ပစ်ချခံရပြီးနောက် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို သမ္မတ ပြန်စဉ်းစားနေ


ယူကရိန်းစစ်ဘက် ရဟတ်ယာဉ် တစ်စီးကို သူပုန်တပ်ဖွဲ့များက ပစ်ချလိုက်ပြီးနောက် မိမိကိုယ်တိုင် အဆိုပြု ထားသည့် အပစ်အခတ် ရပ်စဲရေးကို ပြန်လည် ရုပ်သိမ်းရန် စဉ်းစားနေကြောင်း ယူကရိန်း သမ္မတသစ် ပက်ထရို ပိုရိုရှန်ကိုက ခြိမ်းခြောက် ပြောကြားခဲ့သည်။

မယ်စကြ၀ဠာပြိုင်ပွဲဝင်များ ပုဂံတွင် အမှိုက်ကောက်



ရနောင်းခရိုင်တွင် မြန်မာအလုပ်သမားတဦးထံမှ ရာဘ ၄ သောင်း ဖမ်းမိ


ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ပတ်နမ့်မြို့နယ်ထဲမှာရှိတဲ့ ဆရနီးကျွန်း ရေပြင်စစ်ဆေးရေးဂိတ်မှာ မြန်မာအလုပ်သမားတဦးဆီက စုစုပေါင်း ရာဘအလုံးရေ ၄ သောင်းပါ အထုပ် ၂၀ ထုပ်နဲ့ အိုက်စ်ရေခဲ မူးယစ်ဆေး အလေးချိန် ၀ ဒသမ ၁၃ ဂရမ် ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မက္ကဆီကို မူးယစ်ရာဇ၀တ်ဂိုဏ်းခေါင်းဆောင်ကို ဖမ်းမိပြီ


မက္ကဆီကိုစစ်သားတွေက နိုင်ငံမြောက်ပိုင်း နယ်စပ်မြို့ တီဟွာနာမှာ မူးယစ်ရာဇ၀တ်ဂိုဏ်း ခေါင်းဆောင်ကို ဖမ်းမိပြီလို့ အစိုးရအရာရှိတွေက ဇွန် ၂၄ ရက်နေ့က ပြောပါတယ်။ အင်ဂျင်နီယာလို့ လူသိများတဲ့ လူးဝစ် ဖာနန်ဒို စန်ချဲ့ဇ် အာရေလာနိုကို တီဟွာနာမြို့က အိမ်တအိမ်ကို စစ်တပ်က စီးနင်းမှုအတွင်း ဇွန် ၂၃ ရက်နေ့ နေလည်ပိုင်းက ဖမ်းမိတာလို့ ဆိုပါတယ်။

My Blog List