Friday, October 10, 2014

ဦးအောင်မြတ်တိုးအတွက် ရည်စူးလှူဒါန်းမယ့် အစီအစဉ်တွေ ထူးဖောင်ဒေးရှင်း ထုတ်ပြန်


တောင်တက်သမားနှစ်ဦး ရှာဖွေ ကယ်ဆယ်ရေးမှာ ပါဝင်ကူညီရင်း ပျောက်ဆုံးခဲ့တဲ့ ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါလာပြီး ရဟတ်ယာဉ်ပျက်ကျစဉ် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့တဲ့ မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုး အတွက် ထူးဖောင်ဒေးရှင်းက လှူဒါန်းကူညီမှုတွေ လုပ်သွားမယ်လို့ ထူးဖောင်ဒေးရှင်းက ထုတ်ပြန် ကြေညာထားပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ဘယ်ပျောက်နေလဲ ???



အခုတလော ကမ္ဘာမီဒီယာတွေမှာ ရေပန်းစားနေတာကတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် လူမြင်ကွင်းက ပျောက်ကွယ်နေတဲ့သတင်းတွေပါဘဲ။ကောလဟာလတွေကလည်း အတော်ပျံ့နှံနေတာပါ။

ဆိုဗီယက် ခေါင်းဆောင်ဟောင်း ဂိုဗာချော့ဗ် ကျန်းမာရေး ဆိုးရွားသဖြင့် ဆေးရုံတက်နေရ


ကျန်းမာရေး အခြေအနေ ဆိုးရွားလာမှုကြောင့် ဆိုဗီယက် ခေါင်းဆောင်ဟောင်း မစ်ခေးလ် ဂိုဗာချော့ဗ်ကို ဆေးရုံတင်ထားရပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သတင်းရရှိသည်။ ရုရှားသတင်းဌာနများက အောက်တိုဘာ(၉)ရက်တွင် အဆိုပါ သတင်းကို စတင်ဖော်ပြလာခြင်း ဖြစ်သည်။ ဂိုဗာချော့ဗ်သည် အသက် (၈၃)နှစ် အရွယ် ရှိနေပြီ ဖြစ်သည်။ 

မဖြူနှင်းထွေးကို ပုဒ်မကြီးတပ် အမိန့်ချရန် ကြိုးစားခြင်းသည် နိုင်ငံပုံရိပ်ကို ဆိုးရွားစေသည်ဟုဆို


ဗကသအဖွဲ့ဝင် ကျောင်းသူ မဖြူနှင်းထွေးကို ပုဒ်မကြီးတပ် အမိန့်ချမှတ်ရန် ကြိုးစားခြင်းသည် နိုင်ငံပုံရိပ်ကို ဆိုးရွားစေသည်ဟု ဆရာကြီး သခင်ကိုယ်တိုင်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်မှ ပြန်ကြားရေးတာဝန်ခံ ဦးထွန်းဝင်းငြိမ်းက မဇ္ဈိမကို ပြောသည်။

မြန်မာပြည်ကို ထိုင်ဝမ်က ရင်းနှီးမြှုပ်နှံမှုများ ဝင်လာမယ်


အာဆီယံ အဖွဲ့ဝင်နိုင်ငံများနဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေးအေးခဲနေပေ မယ့်လည်း ထိုင်ဝမ်ကျွန်းနိုင်ငံ ငယ်လေးမှာ ၎င်းရဲ့ အိမ်နီးချင်းနိုင်ငံကို ကျော်လွန်ပြီး မြန်မာနိုင်ငံကို အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြု လုပ်ဖို့ စီစဉ်နေပါတယ်။

ဆီးပူခြင်းအတွက် သဘာဝဆေးနည်း


ဆီးပူ၊ ဆီးအောင်၊ ဆီးနာ၍ ဆီးသွားလျှင် နာကျင်ခံစားနေရပါက အောက်ပါရိုးရာသဘာဝဆေးနည်းလေး ဖြင့် ကုသနိုင်ကြပါတယ်။

ဆေးပြုလုပ်နည်း

၁။ ကြက်သွန်နီ အနေတော် (၁)လုံးကို ကြိတ်၍ဖြစ်စေ၊ ထုထောင်း၍ဖြစ်စေ အရည်ရအောင် ညစ်ယူပါ။

သယံဇာတတွေ တရုတ်နဲ့ထိုင်း ခိုးလို့ကုန်ပြီဟု ဦးခင်ညွှန့်ပြော


မြန်မာနိုင်ငံက သယံဇာတများကို တရုတ်နှင့် ထိုင်းနိုင်ငံတို့က ခိုးထုတ်နေသည်မှာ ကုန်နေပြီဟု ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးခင်ညွှန့်က ပြည်ထောင်စု နေ့စဉ်သတင်းစာနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားလိုက်သည်။

ဟောင်ကောင် အစိုးရက ဆန္ဒပြသူများနှင့် ဆွေးနွေးရေးကို ဖျက်သိမ်း


ဆန္ဒပြသူများက မြို့တော်အတွင်း ဆန္ဒပြမှုများကို ဆက်လက်လုပ်ဆောင် သွားမည်ဟု ထုတ်ပြန်ပြီးနောက် ဟောင်ကောင်အစိုးရက ဆန္ဒပြသူများနှင့် ဆွေးနွေးမည့်အစီအစဉ်ကို အောက်တိုဘာ ၉ ရက်တွင် ဖျက်သိမ်း လိုက်ကြောင်း သိရသည်။

လွှတ်တော် တိုက်တွန်းချက် ၇၀ ရာခိုင်နှုန်းသာ ရခိုင်ပြည်နယ်အစိုးရ ဆောင်ရွက်ဟု ဝေဖန်


ရခိုင်ပြည်နယ်လွှတ်တော်၏ ဆုံးဖြတ်တိုက်တွန်းချက် စုစုပေါင်း၏ ၇၀ ရာခိုင် နှုန်းခန့်ကိုသာ ပြည်နယ်အစိုးရ က လက်တွေ့ အကောင်အထည်ဖော်သည်ဟု အမတ်အချို့က ဝေဖန်လိုက်သည်။ ရခိုင်ပြည်နယ် လွှတ်တော်က ပြည်နယ်ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ဦးစားပေး ဆောင် ရွက်ခြင်းမရှိဟု ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ မီဒီယာပုံရိပ်များမှ လုံးဝပျောက် ကွယ်နေသည်မှာ ရက်ပေါင်း ၃၀ ကျော် ကြာပြီဖြစ်


အောက်တိုဘာလ ၁၀ ရက်နေ့သည် မြောက်ကိုရီးယား ကွန်မြူနစ်ပါတီ ၆၉ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ် သည်။ နှစ်စဉ် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်လေ့ရှိသည့် အဆိုပါ နှစ်ပတ်လည်နေ့ အခမ်းအနားကို ခေါင်းဆောင် Kim Jong-Un တက်ရောက်မည်လားဆိုသည်ကို ကမ္ဘာနိုင်ငံခေါင်းဆောင် အများအပြားက စောင့်ကြည့်နေကြမည် မှာ သေချာလှသည်။

ဟောင်ကောင် အစိုးရ ဆွေးနွေးပွဲဖျက်


ဟောင်ကောင်မှာ သတင်းပတ်နဲ့ ချီ ဖြစ်ခဲ့တဲ့ တင်းမာမှုတွေ လျှော့ကျသွားပြီးတဲ့နောက် ကျောင်းသားခေါင်း
ဆောင်တွေ နဲ့ ဆွေးနွေး စကားပြောဆိုဖို့ သတ်မှတ်ထားတဲ့အချိန် မရောက်ခင် နာရီပိုင်းအလိုမှာ အစိုးရ ဘက်က ဖျက်သိမ်း လိုက် တာကြောင့် ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေအနေနဲ့ အများပြည်သူတွေနဲ့ ဆိုင်တဲ့ နေရာတွေကို ဆက်လက် သိမ်းပိုက်ထားဖို့ ကျောင်းသားတွေ က နှိုးဆော်နေပါတယ်။

ထိုင်း ၀န်ကြီးချုပ် ခရီးစဉ်အတွင်း ထားဝယ်စီမံကိန်းရှိ မြေယာပြဿနာများ ဖြေရှင်းပေးရန် တောင်းဆို


ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေး ဇုန် စီမံကိန်း ပြန်လည် အကောင်အထည် ဖော်မည်ဆိုပါက အများဆုံး ဖြစ်ပွားနေသည့် မြေယာသိမ်းဆည်း မှု ပြဿနာများကို ဦးစွာ ဖြေရှင်းမှုပြုရန် DDA က တောင်းဆိုလိုက်သည်။

ခိုတောင်ကျွန်း လူသတ် တရားခံ အဖြစ် ဖမ်းဆီးထားသူများကို ထိုင်းမီဒီယာများ တွင် မြန်မာနိုင်ငံသားများဟု မဖော်ပြရန် ၀န်ကြီးချုပ် ပရာယွတ် ညွှန်ကြား




မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ပထမပတ်တွင် နော်ဝေ ဘုရင်နှင့် ဘုရင်မ လာရောက်မည်ဟု သတင်းထုတ်ပြန်




နော်ဝေဘုရင် ဟာရဲလ်နှင့် မိဖုရားဆွန်ယာတို့သည် ဒီဇင်ဘာလဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်မည် ဟု နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ 

သမ္မတရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ရှမ်း ခေါင်းဆောင် နှစ်ဦး ဝေဖန်


ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြုလုပ်နေချိန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် အစိုးရစစ်တပ်က ထိုးစစ်တွေဆင်တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် သမ္မတရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ရှမ်းခေါင်း
ဆောင်နှစ်ဦးက ဝေဖန်ပြောဆို လိုက်ကြပါတယ်။

အမေရိကန်တွင် အီဘိုလာဝေဒနာရှင် ကွယ်လွန်၍ လေဆိပ်တွင် စစ်ဆေးမှုများ ချဲ့ထွင်ပြုလုပ်မည်


အမေရိကန်နိုင်ငံ တက္ကဆတ်ပြည်နယ်တွင် အီဘိုလာရောဂါ ပထမဆုံး ဖြစ်ပွားသူမှာ အောက်တိုဘာ ၈ ရက်က ကွယ်လွန်သွားခဲ့သည်ဟု အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ၎င်းအား အပြင်းအထန်ပြုစု ကုသပေးခဲ့သော်လည်း ကုသမှုစတင်ခံယူခဲ့ချိန်မှာ နှောင့်နှေးခဲ့သည်။

ဆန္ဒပြကျောင်းသားများနှင့် ဆွေးနွေးပွဲ ဟောင်ကောင်အစိုးရ ရပ်ဆိုင်း



ဟောင်ကောင်အစိုးရက ဆန္ဒပြကျောင်းသားခေါင်းဆောင်တွေနဲ့လုပ်နေတဲ့ စေ့စပ်ဆွေးနွေးပွဲကို ဒီနေ့ ရပ်ဆိုင်းလိုက်ပါ တယ်။ ဒီမိုကရေစီတောင်းဆိုချက်တွေ အစိုးရက မလိုက်လျောရင် ဆန္ဒပြပွဲတွေကို ပြန်လုပ်မယ်လို့ ကျောင်းသားခေါင်


ဆောင်တွေက ဆိုတာကြောင့် ဆွေးနွေးပွဲကို ရပ်ဆိုင်းလိုက်တာလို့ ဟောင်ကောင်အတွင်းရေးမှူးချုပ် ကာရီအ်လန် (Carrie Lam)က ဆိုပါတယ်။

အိုင်အက်စ်အဖွဲ့က ကိုဘာနီမြို့ အရှေ့ပိုင်းဒေသကို သိမ်းပိုက်



ဆီးရီးယားနယ်စပ် ကိုဘာနီမြို့မှာ တိုက်ပွဲတွေဆက်လက် ပြင်းထန်နေပြီး အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်

နေပေမ့ယ် အိုက်အက်စ်တပ်ဖွဲ့တွေဟာ ရှေ့ကို ချီတက်နေပြီးမြို့အရှေ့ပိုင်းဒေသအားလုံးကို သိမ်းထားလိုက်ပြီလို့ ဆီရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးးအဖွဲ့က ပြောပါတယ်။

ယီမင်နိုင်ငံ ဆာနာမြို့တော်တွင် အသေခံဗုံးခွဲမှုကြောင့် သေဆုံးသူ ၄၂ ဦးထိ ရှိပြီ



ယီမင်နိုင်ငံ ဆာနာမြို့တော်မှာ ရှီယားမွတ်စလင် ဟူတီမျိုးနွယ်စုတွေကို ပစ်မှတ် ထားတဲ့ အသေခံဗုံးခွဲမှု ဖြစ်ခဲ့ပြီး သေဆုံး သူ ၄၂ ဦးထိရှိလာပြီလို့ ဆေးရုံသတင်း ရင်းမြစ် တွေက ဆိုပါတယ်။အများအပြားလည်း ဒဏ်ရာပြင်းထန်ကြတာကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာဖို့ ရှိပါတယ်။

ယူကရိန်း သမ္မတက ယခင်အစိုးရ ဝန်ထမ်းများအား တာဝန်မှ ရပ်စဲ


ယူကရိန်း သမ္မတ ပက်ထရိုပေါ်ရိုရှန်ကိုသည် အောက်တိုဘာ ၉ ရက်က သမ္မတဟောင်း ဗစ်တာယာနူကို ဗစ်နှင့် ဆက်နွယ်သည့် အစိုးရအာဏာပိုင်များကို ရှင်းလင်းဖယ်ရှားနိုင်မည့် ဥပဒေသစ်တစ်ရပ်ကို အတည်ပြု ခဲ့သည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဧည့်လမ်းညွှန် ဝန်ဆောင်ခ တစ်ရက် ၃၅ ဒေါ်လာ သတ်မှတ်


ဧည့်လမ်းညွှန် ဝန်ဆောင်ခနှုန်းထား (Guide Fees)ကို တစ်ရက်လျှင် အနည်းဆုံး ကန်ဒေါ်လာ ၃၅ သတ် မှတ်ထားသည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် ဧည့်လမ်းညွှန်များအသင်းတို့မှ အောက်တိုဘာ ၈ ရက်၌ ပူးတွဲထုတ်ပြန်ခဲ့သည်။

သြစတြေးလျ သူနာပြုတဦး အီဘိုလာ ရှိမရှိ စောင့်ကြည့်


သြစတြေးလျနိုင်ငံ ကွင်း(စ်)စလန် (Queensland) ပြည်နယ်မှာ အသက် ၅၇ နှစ်အရွယ် ကြက်ခြေနီသူနာပြု Sue-Ellen Kovack ကို အီဘိုလာရောဂါ ကူးစက်ခံရခြင်း ရှိ၊ မရှိသြစတြေးလျကျန်းမာရေးအာဏာပိုင်တွေ က ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က စောင့်ကြည့်နေကြပါတယ်။

လိပ်ကျွန်းလူသတ်မှု ဥပဒေနှင့်အညီဆောင်ရွက်ပေးရန် ဗိုလ်ချုပ်မှူးကြီး တောင်းဆို


လိပ်ကျွန်းလူသတ်မှု အမှုမှန်ပေါ်ပေါက်ရေး ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်နိုင်ငံ ဒုဝန်ကြီးချုပ်ကို ပြောကြားလိုက်ပါတယ်။ လိပ်ကျွန်းဖြစ်စဉ်မှာ အမှုမှန် ပေါ်ပေါက်ရေးကို ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးဖို့၊  မြန်မာသံရုံးက အထူးအဖွဲ့ လေ့လာနေမှုကို မှန်မှန်ကန်ကန်လေ့လာနိုင်ရေး စီစဉ် ဆောင်ရွက်ပေးဖို့၊ “အပြစ်ရှိသူကို အပြစ်မပေးမိတာထက် အပြစ်မရှိ သူကို အပြစ်မပေးမိရန် လိုသည်” ဟူသော ဥပဒေစကားအတိုင်း သေချာစွာ စိစစ်လုပ်ဆောင် ပေးစေ လိုကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်ကို ပြော ကြားလိုက်ပါတယ်။

ထိုင်း ၁၀ ဘတ်စေ့များ ပျောက်ဆုံးနေမှု စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း



ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ သူ့ရဲ့ဘဏ္ဍာတိုက်ထဲမှ ပျောက်ဆုံးနေတဲ့ BE 2533- ၁၉၉၀ ပြည့်နှစ်ထုတ် ၁၀ ဘတ်တန် အကြွေ ၁၈ စေ့ ပျောက်ဆုံးနေ မှုကို စုံစမ်းရေးအဖွဲ့တဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ မာတီချွန် အွန်လိုင်းသတင်းအရ သိရပါတယ်။ဘဏ္ဍာရေးဌာန အကြီးအကဲ နာရီချိုင်ဆွတ် ပြောကြားချက်အရ အဲဒီနှစ်က ၁၀ ဘတ်တန်အကြွေစေ့ အခု ၁၀၀ သာ ထုတ်ထားတယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်မှုဖြင့် ထိုင်းတွင် စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးနှင့် ပတ်သက်၍ တရားမျှတစွာ ဥပဒေအရ အကာအကွယ်ပေးရန် ရန်ကုန်မြို့တွင် လမ်းလျှောက်ဆန္ဒပြ



ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ခိုထောင်ကျွန်း(လိပ်ကျွန်း) ၌ ဖြစ်ပွားခဲ့ သည့် ဗြိတိန်ခရီးသွားနှစ်ဦး အသတ်ခံရ သည့်အမှုတွင် မြန်မာနှစ်ဦးကို တရားခံဟု ထိုင်းရဲတပ်ဖွဲ့မှ စွပ်စွဲချက်အပေါ် တရားမျှတစွာ ပြန်လည်စစ်ဆေးပေးရန်နှင့် ဥပဒေအရ အကာအကွယ်ပေးရန် အောက်တိုဘာ ၉ ရက် ညနေပိုင်းက ရန်ကုန်မြို့တွင် လမ်းလျှောက်ဆန္ဒပြခဲ့သည်။

တောင်ကြီးမြို့ပေါ်တွင် ချိန်ကိုက်ဗုံး ဆက်တိုက်ပေါက်ကွဲမှုကြောင့် တန်ဆောင် တိုင် မီးထွန်းပွဲတော်၏ လုံခြုံရေးကို ယခင်နှစ်ထက် နှစ်ဆတိုးမြှင့်မည်


ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ချိန်ကိုက်ဗုံးသုံးလုံးဆက်တိုက် ပေါက်ကွဲ မှုကြောင့် နှစ်စဉ်ကျင်းပသော အထင်ကရပွဲတော် တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင် မီးထွန်း ပွဲတော်တွင် လုံခြုံရေးဆောင် ရွက်ချက်များကို ယခင်နှစ် ပွဲတော်ကာလထက် နှစ်ဆတိုးမြှင့်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်းက ပြောကြားသည်။

NLD ပါဝင်ဖွဲ့စည်းထားသော တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ခေါင်းဆောင် အမည်စာရင်းများ နိုဝင်ဘာလဆန်း အစည်းအဝေးမှသာ ထုတ်ပြန်နိုင်မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသားပါတီများ ပါဝင်သောတိုင်းရင်းသားမဟာမိတ်နိုင်ငံရေး ပါတီများလုပ်ငန်းအဖွဲ့(EAPP) ၏ ခေါင်းဆောင် အမည်စာရင်းများကို နိုဝင်ဘာလဆန်း ပုံမှန်အစည်းအဝေး၌ အတည်ပြု ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း အဖွဲ့ဝင်ပါတီများ၏ တာဝန်ရှိသူများက ပြောကြားသည်။

ပျောက်ဆုံး မြန်မာလေယာဉ်မှူးအလောင်း တွေ့ရှိ


ခါကာဘိုရာဇီတောင်တက်ရင်း ပျောက်ဆုံးသွားတဲ့ တောင်တက်သမား ၂ ဦးကို ရှာဖွေနေရင်း အဆက်အ သွယ်ပြတ် ပျောက်ဆုံးနေတဲ့ ထိုင်း B4 ရဟတ်ယာဉ်က မြန်မာလေယာဉ်မှူး ဦးအောင်မြတ်တိုးဟာ တော တွင်းတစ်နေရာမှာ ကွယ်လွန်သွားတဲ့အကြောင်း ရှာဖွေရေးဦးဆောင်နေတဲ့ ထူးဖောင်ဒေးရှင်း အဖွဲ့က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ် သမ္မတဦးသိန်းစိန် နဲ့တွေ့ဆုံ




လိပ်ကျွန်းလူသတ်မှု တရာမျှတရေး ဂျပန်မှာတောင်းဆိုဆန္ဒပြ


ထိုင်းနိုင်ငံ ခိုတောင်း ခေါ် လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်း သိမ်းထားတဲ့ မြန်မာနိုင်ငံသားတွေရဲ့အမှုကို တရားမျှမျှတတဖြစ်အောင် စစ်ဆေးဆောင်ရွက်ပေးဖို့အတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက တိုကျိုမြို့က ထိုင်းသံရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါ တယ်။

ထားဝယ်ရေနက်ဆိပ်ကမ်း အမြန်အကောင်အထည်ဖော်ရန် နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူ


ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှုတွင် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်ရန်သဘောတူပြီး လိပ်ကျွန်းလူသတ်မှုကို တရားဥပဒေနှင့်အညီ ဖြစ်စေရန်၊ အမှုစစ်ဆေးမှုများ ပွင့်လင်းမြင်သာမှုရှိရန်နှင့် ထိုင်း ရောက် ရွှေ့ပြောင်းလုပ်သားများ အရေးအပါ အ၀င် ထိုင်း-မြန်မာနယ်စပ်မြို့သုံးမြို့ကို ညီအစ်မမြို့အဖြစ်သတ်မှတ်ရန် နားလည်မှုစာချွန်လွှာလက်မှတ်ရေး ထိုး လိုက်ကြောင်း သတင်းရရှိသည်။

Thursday, October 09, 2014

တနိုင်ငံလုံး အပစ်ရပ်ရေး ဝေးနေဦးမယ်


ရန်ကုန်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နောက်ဆုံးနေ့က ဆွေးနွေးပွဲအပြီး ခန်းမထဲက ထွက်လာကြ တဲ့ နှစ်ဖက်ခေါင်းဆောင် တွေရဲ့ ခြေလှမ်းတွေဟာ လေးလေးပင်ပင် ဖြစ်နေသလို မျက်နှာတွေကလည်း အပြုံးကိုယ်စီ ကင်းမဲ့နေတာ တွေ့ရပါတယ်။

DKBA ဗျူဟာမှူးကို ဖမ်းဝရမ်းထုတ်


ဗိုလ်မှူးကြီး ဆန်းအောင်ကို ကျိုက်မရော ရဲစခန်းက ဖမ်းဝရမ်းထုတ်လိုက် DKBA ဗျူဟာမှူး ဗိုလ်မှူးကြီး ဆန်းအောင်ကို ကျိုက်မရော ရဲစခန်းက ဖမ်းဝရမ်း ထုတ်လိုက်တယ်ဆိုတဲ့ သတင်းတွေ ဗုဒ္ဓဟူးနေ့ ညနေက ထွက်ပေါ်ခဲ့ပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန်ကို ဘယ်လို အကောင်အထည် ဖော်နိုင်မလဲ


မြန်မာနိုင်ငံသို့ ထိုင်းဝန်ကြီးချုပ် လာရောက်မည့် ကိစ္စနှင့်ပတ်သက်၍ တဆက်တည်း မီဒီယာများတွင် ဖော်ပြ လာကြသည့် သတင်းမှာ ထားဝယ် အထူးစီးပွားရေးဇုန်ကို ဘယ်လိုအကောင်အထည် ဖော်မလဲ၊ ဘယ်သူ တာဝန်ယူမလဲ၊ ဘယ်တော့ အကောင်အထည်ဖော်မလဲ ဆိုတာတွေပဲ ဖြစ်ပါတယ်။

ထိုင်းလေယာဉ်မှူးကို မိသားစုဆန္ဒအရ ဘန်ကောက်ဆေးရုံတွင် ကုသပေးမည်


B4 ရဟတ်ယာဉ်နှင့်အတူ လိုက်ပါသွားသည့် ထိုင်းနိုင်ငံသား ရဟတ်ယာဉ်မှူး Mr.Chatchawal အား အောက်တိုဘာ ၉ရက်က ရန်ကုန်သို့ ညတွင်းချင်းပြန်ခေါ်လာကာ ဝိတိုရိယဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး ၎င်း၏မိသားစုဆန္ဒအရ ထိုင်းနိုင်ငံဘန်ကောင်ဆေးရုံတွင် ပြန်လည်ဆေးကုသမည်ဟု ထူးဖောင်
ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက်က ပြောသည်။

ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အပေါ် အမေရိကန်ကြိုဆို


နိုင်ငံ တော်သမ္မတ၏ အမိန့်ဖြင့် အကျဉ်းသား ၃ဝဝဝကျော်ကို ပြစ်ဒဏ်မှလွတ် ငြိမ်းချမ်းသာခွင့်ပေးခဲ့မှု အပေါ် အ မေရိကန်အစိုးရက ထောက်ခံကြိုဆို ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Jen Psaki က ပြောကြားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်တပ်မတော် SSA ဌာနချုပ်ကို သိမ်းပိုက်ရန်မရှိဟု ဦးအောင်မင်း ပြောကြား


အစိုးရနှင့်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသော ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP /SSA ဌာနချုပ် ဝမ်ဟိုင်းကို သိမ်းပိုက်ရန် အစိုးရအစီအစဉ် မရှိကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

“သမိုင်းက မှတ်တမ်းတင်သွား ပါလိမ့်မယ်”


စစ်ထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် တန်ခိုးအာဏာကြီးထွားစဉ်က စစ်ထောက်လှမ်းရေး အဖွဲ့၏ အရေးပါသော ဌာနကြီးတခုဖြစ်သည့် နိုင်ငံတကာဆက်ဆံရေးဌာနအကြီး အကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းဆွေသည် သမ္မတ ဦးသိန်းစိန်၏ အောက် တိုဘာလ ၇ ရက်နေ့ထုတ်ပြန် ကြေညာလိုက်သော ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ပြန်လည်လွတ်မြောက် လာသည်။ 

Taxas ပြည်နယ်က အီဘိုလာဝေဒနာသည် ကွယ်လွန်



အမေရိကန်နိုင်ငံမှာ အီဘိုလာရောဂါ ကုသမှုခံယူခဲ့တဲ့ လူနာက Taxas ပြည်နယ်မှာပဲ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။သောမတ်စ် အဲရစ် ဒန်ကန်ဟာ လိုင်ဘေးရီးယားနိုင်ငံကနေ အမေရိကန်နိုင်ငံကို လွန် ခဲ့ တဲ့ နှစ်ပါတ် ကျော်က ရောက်ရှိ လာပြီးနောက် နာမကျန်း ဖြစ်ခဲ့ပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ပြောတဲ့နိုင်ငံတော်ဘတ်ဂျက်ကိုနှိုက်စားနေတာ ဘယ်သူတွေလဲ


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံ အတွင်းရှိ လူမှု ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စက်မှုဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး၊ ဆင်းရဲမွဲတေမှုပပျောက်ရေး စတဲ့ အရေးအများအပြား ကို စီမံကိန်းတွေ ရေးဆွဲချမှတ်ကာ လုပ်ဆောင်နေတာကိုလည်း သတင်းစာမျက် နှာတွေကနေတစ်ဆင့် ဖော်ပြမှုကြောင့် အားလုံးသိရှိ နေပြီးလို့လည်း ထင်ပါတယ်။

M ဂျာဆိုင်း Miss Grand International 2014 ဆု လွဲချော်


Miss Grand International 2014 ပြိုင်ပွဲကို အောက်တိုဘာ ၇ရက်ည ၇ နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက် ရှိ INDOOR STADIUM HUAMARK တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသည်ဆုများနှင့် လွဲချော်ခဲ့သည်။ ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက် ည ၇ နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ INDOOR STADIUM HUAMARK တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသည် ဆုများနှင့် လွဲချော်ခဲ့သည်။ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက် ည ၇ နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ INDOOR STADIUM HUAMARK တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသည် ဆုများနှင့် လွဲချော်ခဲ့သည်။ ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက် ည ၇ နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ INDOOR STADIUM HUAMARK တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသည် ဆုများနှင့် လွဲချော်ခဲ့သည်။

နိုင်ကျဉ်း ၈၀ ဦး အကျဉ်းထောင်များအတွင်းကျန်ရှိနေ တက်ကြွလှုပ်ရှားသူ တစ်ရာကျော် တရားရင်ဆိုင်နေရ


၂၀၁၄ ခုနှစ် စက်တင် ဘာလကုန်အထိ မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်းတွင် နိုင် ငံရေးအကျဉ်းသား ၈၀ ဦး ထိန်း သိမ်းခံနေရပြီး တက်ကြွလှုပ်ရှားသူ ၁၃၀ ခန့် နိုင်ငံရေး လှုပ်ရှားမှုကြောင့် တရားရင်ဆိုင်နေရ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)က အောက်တိုဘာ ၈ ရက် တွင်ထုတ်ပြန်လိုက်သည်။

Kim Jong-un နေအိမ်အကျယ်ချုပ် ခံရနိုင်


မြောက်ကိုရီးယားနိုင်ငံ ​ခေါင်းဆောင် ​Kim ​Jong-un ​ကို ​လူရှေ့သူရှေ့မှာ ​မတွေ့ရတာ ​တစ်လကျော် ​ကြာ သွားပြီးတဲ့နောက် ​နေအိမ်အကျယ်ချုပ် ​ခံထားရတာ ​ဖြစ်နိုင်တယ်လို့ ​သုံးသပ်နေကြပါတယ်။ အသက် ​၃၁ ​နှစ်အရွယ် ​Kim ​Jong-un ​ကို ​စက်တင်ဘာလ ​၃ ​ရက် ​နေ့ ​မှာ ​နောက်ဆုံး ​တွေ့ခဲ့ကြတာ ​ဖြစ်ပါတယ်။

ဦးသန်းလှိုင်ပြသခဲ့သည့် ဆရာ့ဂုဏ်




ရှစ်နှစ်တာတိုင်အောင် နာသုံးနာဖြင့် သင်ကြားပြသခဲ့သူ ဆရာနှင့် သူ၏ကျောင်း သားများ ခွဲခွာမှုက ၀မ်းနည်းကြေကွဲစရာ ကောင်းလှသည်။ သနပ်ခါးဘဲကျား လိမ်းကျံထားသော ပါးပြင်များတွင် မျက်ရည်စီးကြောင်းများက အထင်းသား။ ဆရာဖြစ် သူကလည်း တပည့်များ ၀မ်းနည်းနေသလိုပင် စီးကျလာသော မျက်ရည်များကို လက်ကိုင်ပ၀ါတို့ဖြင့် သုတ်ရင်းကတပည့်များ ကို နှစ်သိမ့်နေသည်။

အမေရိကန် တိုက်လေယာဉ်တစီး ပျက်ကျ



အမေရိကန်လေတပ်ပိုင် တိုက်လေယာဉ်တစီးဟာ အင်္ဂလန်နိုင်ငံ အရှေ့ပိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က ပျက်ကျသွားခဲ့တယ်လို့ အမေရိကန်လေတပ်က အတည်ပြုပါတယ်။ ဒါပေမယ့် လေယာဉ်မှူး ကတော့ လေယာဉ်ပေါ် ကနေ ခုန်ချခဲ့လို့ အသက်မသေဘဲ လွတ်မြောက်ခဲ့ပါတယ်။

My Blog List