Thursday, January 23, 2020

တပ်မတော်၏ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာများကို အဆင့်မြင့်တပ်မတော်အဖြစ်ပြုပြင်ပြောင်းလဲနေ


Image may contain: 1 person
တပ်မတော်၏ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများကို အဆင့်မြင့်တပ်မတော်အဖြစ် ပြုပြင်ပြောင်းလဲနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားေရးကော်မတီမှအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
“အဆင့်မီလုံခြုံရေးတပ်ဖွဲ့ြဖစ်ဖို့ဆိုတာသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ၂ ခုလုံးပါဝင်တာဖြစ်တယ်။ အဲဒီလိုမျိုးဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ဘာတွေဆောင်ရွက်နေလဲဆိုတာ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ အဆင့်မီစစ်လက်နက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာအဆင့်မီဖြစ်အောင် ဆောင်ရွက်တယ်” ဟု ၎င်းက ပြောသည်။
ယင်းအပြင် တပ်ပိုင်းဆိုင်ရာလေ့ကျင့်ရေးအပိုင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာအဆင့်မီဖြစ်စေရန် ဆောင်ရွက်ပြီး စစ်ဥပဒေပိုင်းဆိုင်ရာ၊ စစ်စည်းကမ်းပိုင်းဆိုင်ရာ၊ မမြင်နိုင်သည့်အပိုင်းများကိုပါပြုပြင်ပြောင်းလဲနေကြောင်း သိရသည်။
“အရင်တုန်းက ကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်ပေါ့။ ကျွန်တော်တို့နိုင်ငံမှာရော၊ ကျွန်တော်တို့ တပ်မတော်ဘက်မှာရော လူ့အခွင့်အရေးဆိုတာနဲ့ပတ်သက်ပြီးတော့ သိပ်ပြီးပြောလေ့၊ပြောထမရှိဘူး။ သင်ကြားပို့ချနေပြီးတော့ ခေတ်စနစ်နဲ့အညီ ကျွန်တော်တို့အဆင့်မီတပ်မတော်ရဲ့ ပြုပြင်ပြောင်းလဲမှုများ၊ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျှက်ရှိပါတယ်။” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။
လက်ရှိတပ်မတော်မှ စစ်ကြောင်းမှူး၊ ဗိုလ်မှူး၊ တပ်စုမှူး၊ တပ်ဖွဲ့မှူး၊ တပ်ရင်းမှူးသင်တန်းများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သင်တန်းများတွင် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်မှ ကိုယ်တိုင်လာရောက်ပြီး လူ့အခွင့်အရေးနှင့် ပတ်သက်သည့်သင်တန်းများ၊ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများ၊ လူ့အခွင့်အရေးကြေညာစာတမ်းနှင့် ပတ်သက်သည့်အကြောင်းအရာများကို သင်တန်းများ ပို့ချနေကြောင်း သိရသည်။

အံ့ညီညီ- နေပြည်တော်(အကုန်သိသတင်းဌာန
<<< Unicode Version >>>

တပ်မတော်၏ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာများကို အဆင့်မြင့်တပ်မတော်အဖြစ်ပြုပြင်ပြောင်းလဲနေ

တပ်မတော်၏ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာများကို အဆင့်မြင့်တပ်မတော်အဖြစ် ပြုပြင်ပြောင်းလဲနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီမှအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
“အဆင့်မီလုံခြုံရေးတပ်ဖွဲ့ဖြစ်ဖို့ဆိုတာသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ၂ ခုလုံးပါဝင်တာဖြစ်တယ်။ အဲဒီလိုမျိုးဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ဘာတွေဆောင်ရွက်နေလဲဆိုတာ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ အဆင့်မီစစ်လက်နက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာအဆင့်မီဖြစ်အောင် ဆောင်ရွက်တယ်” ဟု ၎င်းက ပြောသည်။
ယင်းအပြင် တပ်ပိုင်းဆိုင်ရာလေ့ကျင့်ရေးအပိုင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာအဆင့်မီဖြစ်စေရန် ဆောင်ရွက်ပြီး စစ်ဥပဒေပိုင်းဆိုင်ရာ၊ စစ်စည်းကမ်းပိုင်းဆိုင်ရာ၊ မမြင်နိုင်သည့်အပိုင်းများကိုပါပြုပြင်ပြောင်းလဲနေကြောင်း သိရသည်။
“အရင်တုန်းက ကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်ပေါ့။ ကျွန်တော်တို့နိုင်ငံမှာရော၊ ကျွန်တော်တို့ တပ်မတော်ဘက်မှာရော လူ့အခွင့်အရေးဆိုတာနဲ့ပတ်သက်ပြီးတော့ သိပ်ပြီးပြောလေ့၊ပြောထမရှိဘူး။ သင်ကြားပို့ချနေပြီးတော့ ခေတ်စနစ်နဲ့အညီ ကျွန်တော်တို့အဆင့်မီတပ်မတော်ရဲ့ ပြုပြင်ပြောင်းလဲမှုများ၊ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျှက်ရှိပါတယ်။” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။
လက်ရှိတပ်မတော်မှ စစ်ကြောင်းမှူး၊ ဗိုလ်မှူး၊ တပ်စုမှူး၊ တပ်ဖွဲ့မှူး၊ တပ်ရင်းမှူးသင်တန်းများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သင်တန်းများတွင် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်မှ ကိုယ်တိုင်လာရောက်ပြီး လူ့အခွင့်အရေးနှင့် ပတ်သက်သည့်သင်တန်းများ၊ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများ၊ လူ့အခွင့်အရေးကြေညာစာတမ်းနှင့် ပတ်သက်သည့်အကြောင်းအရာများကို သင်တန်းများ ပို့ချနေကြောင်း သိရသည်။
အံ့ညီညီ- နေပြည်တော်(အကုန်သိသတင်းဌာန

No comments:

Post a Comment

My Blog List