ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice - ICJ) ၌ တရားစွဲဆို လျှောက်ထားမှုကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကြားဖြတ် အစီအမံ (Provisional Measures) ချမှတ်မည်ဟု သိရှိရသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ICJ နှင့် မြန်မာနိုင်ငံ စကားဝိုင်းကို ထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူအဖြစ် ဦးကိုကို (စက်မှုတက္ကသိုလ်) က ဆောင်ရွက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ (ပူးတွဲကိုယ်စားလှယ်၊ မြန်မာကိုယ်စားလှယ်အဖွဲ့)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦး(အဖွဲ့ဝင်၊ မြန်မာကိုယ်စားလှယ်အဖွဲ့)၊ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် ရှေ့နေကောင်စီ၏ အသိအမှတ်ပြုရှေ့နေ ဦးသီဟန်မျိုးညွန့် (အဖွဲ့ဝင်၊ မြန်မာကိုယ်စားလှယ်အဖွဲ့) နှင့် ဝါရှင်တန်ဒီစီအခြေစိုက် Law Firm တွင် ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ ဖူးသူ၊ ဥပဒေရေးရာအကြံပေးအဖွဲ့ဝင် ဦးကျော်တင်(အဖွဲ့ဝင်၊ မြန်မာကိုယ်စားလှယ်အဖွဲ့)တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။ ICJ နှင့် မြန်မာနိုင်ငံ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများ၏ ဆွေးနွေးချက်များကို ဖော်ပြအပ်ပါသည် -
ဦးကိုကို ။ ။ ဇန်နဝါရီလ ၂၃ ရက်နေ့မှာတော့ ကြားနာမှုနဲ့ ပတ်သက်ပြီး ICJ က အမိန့် ချမှတ်မယ်ဆိုတဲ့ သတင်းရရှိပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုစီစဉ် ဆောင်ရွက်ထားတယ် ဆိုတာသိချင်ပါတယ်။ ပြည်ထောင်စုဝန်ကြီးက စတင်ဆွေးနွေးပေးဖို့ မေတ္တာရပ်ခံပါတယ်။
ဦးကျော်တင့်ဆွေ။ ။ ဆရာဦးကိုကို ပြောသလို ICJ ကိစ္စဟာ ပြည်သူလူထုအများကြီး စိတ်ဝင်စားနေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကောင်းနိုးရာရာ ပြောနေ၊ ပြုနေတဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးရှိပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ICJ မှာ Provisional Measures cọcaToo ndotwo နိုင်ငံကနေ တင်သွင်းထားတဲ့ ကိစ္စကို ဆုံးဖြတ်ချက်ချဖို့ရှိပါတယ်။ အဲဒီဆုံးဖြတ် ချက်ချမယ့်ကိစ္စမှာလည်း ကျွန်တော်တို့နိုင်ငံက ကိုယ်စားလှယ်အဖွဲ့ ဖွဲ့ပြီးတော့ သွားရောက်ဖို့ရှိပါတယ်။
ဒီတစ်ခေါက်မှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လိုက်ပါစရာမလိုတဲ့အတွက် လိုက်ပါမှာမဟုတ်ပါဘူး။ ကျွန်တော့် အနေနဲ့ ပူးတွဲကိုယ်စားလှယ်အဖြစ် သွားရောက်မှာ ဖြစ်ပါတယ်။ ကျွန်တော်နဲ့အတူတူ စကားဝိုင်းမှာရှိနေကြတဲ့ ဒီပုဂ္ဂိုလ်သုံးဦးဟာလည်း ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ်ပါမှာ ဖြစ်ပါတယ်။ ။
အဲဒါအပြင် ကျွန်တော်တို့ငှားထားတဲ့ နိုင်ငံတကာဥပဒေပညာရှင် ရှေ့နေများ အနေနဲ့လည်း ICJ ကို လာရောက်မှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူကို ရှင်းပြသင့်တဲ့ အချက်တွေကိုရှင်းပြနိုင်ခွင့်ရှိမှာ ဖြစ်တဲ့အတွက်လည်း များစွာကျေးဇူးတင်ပါတယ်။ ရှင်းပြဖို့လည်းလိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခုနက ကျွန်တော် ပြောသလိုပဲ ကောင်းနိုးရာရာပြောနေတဲ့ကိစ္စတွေက မှန်တာလည်းရှိတယ်၊ စိတ်ကူးနဲ့ ပြောတာလည်းရှိတယ်၊ ဘာသာရပ်ကျွမ်းကျင်မှု မရှိတဲ့အတွက် ပြောတာလည်း ရှိတယ်။ အဲဒီတော့ ပြည်သူတွေ တကယ့် အခြေအနေမှန်သိအောင် အခုလို စကားဝိုင်း လေးလုပ်ခြင်းဟာ များစွာအကျိုးရှိတယ်လို့ ထင်ပါတယ်။ ။ ဦးကိုကို ။ ။ ICJ နဲ့ မြန်မာနိုင်ငံစကားဝိုင်းဆိုတော့ ကျွန်တော်တို့ ရှေ့ပိုင်းမှာလည်း ပြောထားပါတယ်။ အခုထပ်ပြီးတော့ ပြည်သူတွေလည်း သိစေချင်ပါတယ်။ အဲဒါက ကျွန်တော်တို့ ICJ လို့ပြောပြောနေတဲ့ ICJ ဆိုတာဘာလဲ၊ ICJ မှာ ကိစ္စတစ်ခုခုဖြစ်လာ ရင် ဘယ်လိုမျိုးဖြေရှင်းကြသလဲ၊ အဆင့်ဆင့် ဆောင်ရွက်ပုံပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး ဦးသီဟန်မျိုးညွန့် နည်းနည်းလောက် ဆွေးနွေးပေးပါ။
ဦးသီဟန်မျိုးညွန့်။ ။ ဒီမေးခွန်းကို ကျွန်တော်ဖြေခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံထဲမှာ ICJ Provisional Measures ဆိုပြီး ကြားနေတာတွေ အများကြီးပါပဲ။ ကျွန်တော် ဘာစဉ်းစားမိလဲဆိုတော့ ကျွန်တော့်အစ်ကိုကြီးတစ်ယောက် ပြောလေ့ပြောထရှိတဲ့ ကိစ္စတစ်ခု ရှိပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ညနေပိုင်းကစားရင် မိဘတွေက ကလေးတွေ အိမ်ထဲပြန်လာစေချင်ရင် ဒေဝေါကြီး လာဖမ်းသွားမယ်။ ဒေဝေါကြီး ရှိတယ်ဆိုပြီးတော့ ခြိမ်းခြောက်တာလေးတွေရှိတယ်။ အဲဒီတော့ ICJ ORI Provisional Measures of poss ကလည်း ဒေဝေါကြီးနဲ့ ဒေဝေါလေးပေါ့ဗျာ။ အဲဒီလိုမျိုး မြင်နေကြတာလေးတွေရှိတယ်။ ဒါကြောင့် ICJ Procedures ကို ရှင်းပြခွင့် ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ။
Provisional Measures ဆိုတာကို လွန်ခဲ့တဲ့လကလည်း အများပြည်သူ တော်တော်များများက TV မှာ တွေ့ရပါမယ်။ ကျွန်တော်တို့ သည်ဟိတ်ဂ်မြို့မှာ ကြားနာမှု ဆိုင်ရာကို သွားခဲ့ပါတယ်။ ဒါက Provisional Measures Stage ဆိုတော့ အမှန်တကယ်က ပွဲတောင်မစသေးဘူး။ ဒါပြီးမှ နောက်အဆင့်က ဘာဖြစ်လာမလဲဆိုတော့ Preliminary Objections တွေ၊ ကျွန်တော်တို့ ကန့်ကွက်ချင်တာတွေ ကန့်ကွက်လို့ ရပါသေးတယ်။ ကျွန်တော်တို့က ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုစဉ်းစားရမလဲဆိုတော့ ICJ တရားရုံး အနေနဲ့ရော တရားစီရင်ပိုင်ခွင့် ရှိသလား၊ မရှိဘူးလားဆိုတာကို ကျွန်တော်တို့က သေသေချာချာ Contest လုပ်ရပါမယ်။ ပြီးတော့မှ ကျွန်တော်တို့ရဲ့ ဘောလုံးပွဲက စမှာပါ။ ပြီးတော့မှ နောက်ဆုံးအဆင့်မှာမှ ကျွန်တော်တို့ရဲ့ အထောက်အထားတွေ၊ သူတို့ရဲ့ အထောက်အထားတွေ သွင်းရ ပါမယ်။
သူတို့ကလည်း သူတို့ရဲ့ အထောက်အထားတွေ သွင်းမယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း ကျွန်တော်တို့မှာရှိတဲ့ Facts တွေ၊ ဘယ်ဥပဒေတွေ သုံးရမလဲ။ ဘယ်လိုမျိုးနည်းနဲ့ စဉ်းစားရမလဲဆိုတာက အစ သွင်းပြီးမှ နောက်ဆုံးအဆင့်မှာမှ ဆုံးဖြတ်ချက်ချမှာပါ။
ဦးကျော်တင့်ဆွေ။ ။ ဦးသီဟန်မျိုးညွန့် ပြောတော့မှ နောက်ဆုံး ဒေဝေါကြီး၊ ဒေဝေါကြီးဆိုတော့ ကျွန်တော်က ဘာကို သွားသတိရတုန်းဆိုတော့ ငယ်ငယ်က သင်ရတဲ့ စာအုပ်ထဲမှာ ဆင်ဆိုသည်မှာ ဆိုတာကို ခုနကပုံအတိုင်း ထင်မြင်ယူဆချက်တွေ အများကြီး ပြောနေတာရှိပါတယ်။ အဲဒီတော့ ကျွန်တော်က အကုန်လုံး မှားတယ် မပြောပါဘူး။ ။
ဦးကိုကို။ ။ ပြည်ထောင်စုဝန်ကြီး တင်ပြတာက ကျွန်တော်တို့ငယ်ငယ်က သင်ခဲ့ရတဲ့ မျက်မမြင် ပုဏ္ဏားခြောက်ယောက်နဲ့ ဆင်ကြီး ကိစ္စထင်တယ်။
ဦးကျော်တင့်ဆွေ ။ ။ မှန်ပါတယ်။ မျက်မမြင်တဲ့အတွက် ဆင်ရဲ့နှာမောင်းကြီးကို ကိုင်ပြီးတော့ ဆင်ဆိုသည်မှာ မြွပေါလားလို့ ပြောတာလည်းရှိတယ်။ အဲဒီအခါကျတော့ ကိုယ့်အပိုင်း၊ ကိုယ့်အပိုင်းနဲ့ ပြောတော့ မှန်တာလည်းရှိမယ်၊ မှားတာလည်းရှိမယ်၊ ခြုံငုံပြီးပြောတော့မှ တကယ့်ဆင်ဆိုတာ ဘာဆိုတာပေါ်မှာပါ။
ဦးကိုကို။ ။ ဝန်ကြီးဆိုလိုတာက The Whole Picture ကြည့်တတ်ဖို့လိုတယ်၊ တစ်ခုချင်းစီပြောနေမယ့်အစား စုစည်းပြီးတော့မြင်တတ်ဖို့ လိုမယ်လို့ ပြောချင်တဲ့ မက်ဆေ့ချ်ပါ။ အခုကိစ္စကလည်း Provisional Measures နဲ့ ပတ်သက်တော့ ဆရာမ ဒေါက်တာသီတာဦးက Provisional Measures ကို နိုင်ငံတကာ ဉပဒေတွေနဲ့ လေ့လာထားတော့ အဲ့ဒါနဲ့ ပတ်သက်ပြီး သဘောသဘာဝလေးတွေ ထပ်ပြီးတော့ ရှင်းပြပေးပါဦး။
ဒေါက်တာသီတာဦး။ ။ ပြီးခဲ့တဲ့စကားဝိုင်း တုန်းက ကျွန်မတို့ ဆွေးနွေးခဲ့သလိုပါပဲ။ Provisional Measures ချတယ်ဆိုတာက အမှုနိုင်ခြင်း၊ ရှုံးခြင်းနဲ့ မဆိုင်ပါဘူး။ အမှုက စတောင်မစရသေးပါဘူး။ ကျွန်မတို့ ပြီးခဲ့တဲ့ ခရီးစဉ်တုန်းက သွားခဲ့တာက Provisional Measures ပတ်သက်ပြီး ရှင်းလင်းဖို့ သွားပြီး ရင်ဆိုင်ခဲ့တာပါ။ အခု ၂၃ ရက်နေ့မှာ ကျွန်မတို့ကို Provisional Measures ချမှတ်ရန် သင့်၊ မသင့်ဆိုပြီး ဆုံးဖြတ်မှာကို ကျွန်မတို့က ဒုတိယခရီးစဉ်အနေနဲ့ သွားဖို့ရှိတာပါ။ ဂမ်ဘီယာနိုင်ငံအနေနဲ့က ICJ မှာ မြန်မာနိုင်ငံကို ရင်ဆိုင်ဖြေရှင်းဖို့ တောင်းဆိုထားတဲ့ ခေါင်းစဉ်က ဂျီနိုဆိုက်(Genocide) ပါ။ လူမျိုးပြုန်းတီးမှု ရပ်ဆိုင်းရေးဆိုင်ရာ ကွန်ဗင်းရှင်းလို့လည်း ပြောလို့လည်းရပါတယ်။
သူ့ခေါင်းစဉ်ကတော့ အကြီးကြီးပေါ့။ ဒါပေမယ့် သူကိုယ်တိုင်က သူ့ Application လျှောက်လွှာရဲ့ အပိုဒ် ၁၁၉၊ ၁၂၆၊ ၁၂၉ ပေါ့။ အထူးသဖြင့် အပိုဒ် ၁၁၉ ကို ဖတ်လိုက်ရင် ရေးထားတာက ရှင်းပါတယ်။ Provisional Measures ချဖို့ဆိုတာ သူတို့တင်ထားတဲ့ Application ပေါ်မှာ ကြည့်ပြီးတော့ တရားရုံးက ဆုံးဖြတ်ပေးပါ။ တရားရုံးက ဂျီနိုဆိုက် မြန်မာနိုင်ငံမှာ ကျူးလွန်ခြင်း ရှိ၊ မရှိတို့၊ တရားရုံးက စီရင်ပိုင်ခွင့် ရှိ၊ မရှိတို့၊ တရားရုံးက ဒီအမှုကို လက်ခံစစ်ဆေးခွင့် ရှိ၊ မရှိ တို့နဲ့ကို အတိအကျသုံးသပ်ရန် မလိုပါဘူးဆိုပြီး အပိုဒ် ၁၁၉ မှာ သူတို့ကိုယ်တိုင် ရှင်းထားတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ခေါင်းစဉ်တပ်ထားတဲ့အခါကျတော့ လူမျိုးပြုန်းတီးမှုရပ်တန့်ရေးဆိုင်ရာ ကွန်ဗင်းရှင်းဆိုတော့ ခေါင်းစဉ်က အကြီးကြီးပါ။ ဒါပေမယ့် Provisional Measures que aposamuS: ICJ À Statute Article 41 မှာ လိုအပ်တယ်လို့ ထင်မြင်ယူဆလို့ရှိရင် Provisional Measures ချဖို့ ICJ မှာ အခွင့်အာဏာ ရှိပါတယ်။
ဒီတော့ နိုင်ငံတကာဥပဒေတွေအရ Provisional Measures ချဖို့ဆိုတဲ့ Criteria တွေက Prima facie Jurisdiction ဆိုတဲ့ ထင်သာရုံ၊ မြင်သာရုံနဲ့ ချနိုင်တယ်တို့၊ နောက်တစ်ခုက Plausible ယုတ္တိတန်လား၊ မတန်လားပေါ့။ တစ်ခုလောက်ကိုပဲ တရားရုံး က တွေ့လို့ရှိရင် ချလို့ရတယ်ဆိုတဲ့ ပုံစံမျိုးတွေ နိုင်ငံတကာဥပဒေမှာ ရှိပါတယ်။ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်။ ဖြစ်ကောင်းဖြစ်နိုင်တယ် ဆိုတဲ့အချက်အပေါ် မူတည်ပြီး ခေါင်းစဉ်က ဂျီနိုဆိုက် ဆိုတော့ လူမျိုးပြုန်းတီးမှုဆိုတာ တော်တော်ကြီးကို အရေးကြီးတဲ့အတွက်ကြောင့် ဒါက ဖြစ်ကောင်းဖြစ်နိုင်တယ် ဆိုပြီးတော့ တရားရုံးကချမယ်ဆို ချလိုက်နိုင်တဲ့ အခွင့်အရေးကို ပေးထားတာပါ။
ဦးကျော်တင့်ဆွေ။ ။ တစ်နည်းပြောရရင် သာမန်တရားရုံးမှာဆုံးဖြတ်တဲ့ သူ့သတ်မှတ်ချက်နဲ့ ပတ်သက်တဲ့ Provisional Measures အတွက် လိုအပ်တဲ့သတ်မှတ်ချက် မတူပါဘူး။ Provisional Measures အတွက် လိုအပ်တဲ့ သတ်မှတ်ချက်က အင်မတန်မှ နိမ့်ပါတယ်။ ဖြစ်ကောင်းဖြစ်နိုင်သည်ဆိုတဲ့ အချက်ကို ဖော်ပြနိုင်ရင် Provisional Measures ချလို့ရတယ်။ ဖြစ်ကောင်းဖြစ်နိုင်သည်ဆိုတဲ့ကျွန်တော်တို့ရဲ့ အခက်အခဲ ကလည်းဘာလဲဆိုတော့ လုံးဝကိုအခြေအမြစ် မရှိတဲ့အချက်တွေအပေါ်ကို မူတည်ထားတဲ့ FFM Reportပဲ ဖြစ်ပါတယ်။ FFM Report က ကုလသမဂ္ဂကနေပြီးတော့ လူ့အခွင့်အရေးကောင်စီက လုပ်ထားတဲ့အတွက် ကုလသမဂ္ဂ Report လို့ ထင်ထားမြင်ထားတဲ့အချက်က ရှိပါတယ်။ သို့သော် ဒီအချက်တွေက မှန်သလား မမှန်ဘူးလားဆိုတာကို တကယ့်ကို စနစ်တကျ စိစစ်မှုမရှိဘဲချထားတဲ့ အစီရင်ခံစာပါ။ ဒီအစီရင်ခံစာကို အသုံးပြုထားတဲ့အတွက် ကုလသမဂ္ဂအစီရင်ခံစာလို့ လက်ခံလိုက်မယ် ဆိုရင် သူတို့အတွက် Prima facie ဆိုတဲ့ လိုအပ်ချက်က ပြည့်စုံသွားမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် သူတို့ရှေ့နေတွေက အင်မတန်မှ ကျွမ်းကျင်တယ်။ ICJ ရဲ့ Procedures ကလည်း အခြား Procedures နဲ့ မတူတာမို့ တစ်နည်းအားဖြင့်ပြောရရင် သူတို့ သာကိုသာနေတဲ့ နည်းလမ်းရှိတဲ့အတွက် Prima facie လောက်ပြနိုင်ရုံလောက်ကို သူတို့က အားယူပြီးတော့ Provisional Measures ကို တင်သွင်းခြင်း ဖြစ်ပါတယ်။
ဦးကိုကို ။ ။ ပြည်ထောင်စုဝန်ကြီးနဲ့ ရှေ့နေ ချုပ်ရုံးက ဆရာမတို့ ပြောတဲ့အတိုင်းဆို သတ်မှတ်ချက်က တော်တော်နှိမ့်ထားတယ်။ Genocide ရဲ့ သတ်မှတ်ချက်က မြင့်တယ်။ Provisional Measures က နိမ့်တယ်။ ဒါကို နိုင်ငံတကာဥပဒေ အတွေ့အကြုံရှိတဲ့ ဦးကျော်တင်အနေနဲ့ ဆက်ပြီးဆွေးနွေးပေးပါ။
ဦးကျော်တင် ။ ။ မြန်မာနိုင်ငံအနေနဲ့ Genocide Convention ကို ၁၉၅၆ ခုနှစ် ကတည်းက စဝင်တာပါ။ အဲ့ဒီအထဲမှာရှိတဲ့ Obligation တွေအားလုံးကို ကျေပွန်စွာ တာဝန်ယူပြီး ထမ်းဆောင်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကို ဂမ်ဘီယာနိုင်ငံက တရားစွဲပြီးတော့ Genocide ဖြစ်ပါတယ်၊ Genocide Convention ကို ချိုးဖောက်မှုဖြစ်ပါတယ်လို့ တရားစွဲလာတာပါ။ ကျွန်တော်တို့ နောက်မှ သိရတာက OIC က ကြံဖန်ပြီးတော့လုပ်တဲ့ ကိစ္စပါ။ ခုက Provisional Measures ကို Indicate လုပ်ကောင်းလုပ်နိုင်တယ်။ ချမှတ်ကောင်းချမှတ်နိုင်မယ်။ အဓိကအချက်ကို မရောက်သေးဘူး။ ကျွန်တော် နှိုင်းယှဉ်ပြီး ပြောနိုင်တာက ဘောလုံးပွဲလိုပေါ့။ ဘောလုံးပွဲက စတောင်မစရသေးဘူး။ အခုမှ ဒိုင်လူကြီးက နှစ်ဖက်ကိုခေါ်ပြီး ပြောတယ်။ Genocide Convention အရဆိုရင် Obligation တွေရှိတယ်။ တာဝန်တွေရှိတယ်။ ပြန်ပြောမယ် ဒီတာဝန်တွေက ဒါတွေပဲဆိုတာကို ပြောသေးတဲ့ အဆင့်ပဲရှိတယ်။ ဘောလုံးပွဲက စတောင်မစသေးဘူး။ အဲဒါလေးကို မိဘပြည်သူတွေကို နည်းနည်း ရှင်းပြချင်ပါတယ်။
ဦးကိုကို ။ ။ ဦးကျော်တင် ဆွေးနွေးသွားတဲ့ အထဲကနေ စကားလုံးလေးတစ်လုံး ရလိုက်တယ်။ Indicate ဆိုတဲ့ စကားလုံးလေးပါ။ Provisional Measures က Indicate ဘယ်လိုဆက်စပ်နေပါသလဲ။
တကယ်လို့ ဂျီနိုဆိုက် မဟုတ်ဘူးပဲထားဦး။ တရားရုံးအနေနဲ့က ဒီအမှုဖြစ်နေတဲ့ ကာလအတွင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ တစ်ခုခုဖြစ်ခဲ့လို့ရှိရင် သူ့တာဝန် ဖြစ်မှာလည်း မလိုလားဘူးလေ။ Provisional Measures ချခြင်းအားဖြင့် တရားရုံးကို ကိုယ့်ဘာသာကိုယ် ကာကွယ်တဲ့ သဘောလည်း ရှိတယ်။ ပြီးတော့ နောက်တစ်ခု ထပ်ထည့်ချင်တာက ဂျီနိုဆိုက်နဲ့ပတ်သက်တဲ့ ကိစ္စတွေ၊ ဂျီနိုဆိုက်နဲ့ ပတ်သက်တဲ့အမှု၊ Bosnia against Serbia i Croatia against Serbia ဒီအမှုတွေမှာလည်း Provisional Measures ကို တရားလိုနိုင်ငံဘက်က တောင်းခဲ့ရင် တရားရုံးအနေနဲ့က အမြဲတမ်းလိုလို ချပေးလေ့ရှိပါတယ်။
ဦးကိုကို ။ ။ ဒါနဲ့ ဆက်စပ်ပြီး ၂၃ ရက်နေ့မှာ အမိန့်ချမယ်လို့ ပြောကြတဲ့အခါ Provisional Measures ချကောင်းချနိုင်တယ်ဆိုပြီး သုံးသပ်မှုတွေရှိတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲခင်ဗျာ။
ဦးသီဟန်မျိုးညွန့် ။ ။ ကျွန်တော့် အနေနဲ့ ပြောရရင်လည်း Provisional Measures ကို ချကောင်း ချနိုင်တယ်။ ဂမ်ဘီယာက တောင်းဆိုတာ အကုန်လုံးဖြစ်ချင်လည်း ဖြစ်မယ်၊ မဖြစ်ချင်လည်း မဖြစ်ဘူး။ ဒါပေမယ့် မြန်မာနိုင်ငံ ပြည်သူ ပြည်သားတွေ နားလည်ရမှာက Provisional Measures ချလိုက်တိုင်း ကျွန်တော်တို့က ဒီအမှုကို ရှုံးသွားတာ မဟုတ်ဘူး။ Provisional Measures ချလိုက်လို့ ပိုပြီး စိတ်ပျက်သွားတာ၊ စိုးရိမ်လာတာတို့ ဖြစ်စရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတာ အခုနက ဦးကျော်တင် ဆွေးနွေးတဲ့အထဲမှာလည်း ပါပါတယ်။ ကျွန်တော်ကလည်း ထပ်ပြီးတော့ ဆွေးနွေးလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂမ်ဘီယာက တောင်းဆိုတဲ့ Provisional Measures တွေကို ကြည့်မယ်ဆိုရင် အချက် ၁ နဲ့ ၂ နဲ့၊ သူတို့ တောင်းဆိုထားတာက မြန်မာနိုင်ငံအနေနဲ့ ဂျီနိုဆိုက် မဖြစ်အောင် ကာကွယ်ပေးပါ။ မြန်မာနိုင်ငံရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်မတော်ပဲ ဖြစ်ဖြစ်၊ တခြား Paramilitary Units တွေပဲ ဖြစ်ဖြစ်၊ သူတို့ကနေ ဂျီနိုဆိုက်မလုပ်အောင် ကာကွယ်ပေးပါ။ ဒါက ၁ နဲ့ ၂ ပဲနော်။
ဒီ Obligation တွေ၊ ကျွန်တော်တို့ရဲ့တာဝန်တွေက ခုနက ဦးကျော်တင် ပြောသလိုပဲ၊ ကျွန်တော်တို့ ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ၁၉၅၆ ခုနှစ်ကတည်းက ပါဝင်လက်မှတ်ရေးထိုး လိုက်ကတည်းက ကျွန်တော်တို့မှာ နဂိုကတည်းက ရှိတဲ့တာဝန်တွေ ဖြစ်ပါတယ်။ ဒါတွေက အထူးမဟုတ်ပါဘူး။ ထပ်ပြီးတော့ လုပ်ရမယ့် တာဝန်တွေလည်း မဟုတ်ပါဘူး။ ပြီးတော့ အဲဒီထဲမှာပါတဲ့ အချက် နံပါတ် ၄ ပါ။ အဲဒါကလည်း Bosnial Serbia ကိစ္စပါတဲ့ Provisional Measures တစ်ခုဖြစ်ပါတယ်။
အဲဒီတုန်းကကျတော့ တစ်ဖက်နဲ့ တစ်ဖက် စစ်တိုက်နေတော့ တစ်ဖက်နဲ့တစ်ဖက် အရှိန်တွေပိုပြီးတော့ မမြင့်လာ အောင်လို့ တရားရုံးကနေပြီးတော့ ဒီတရား ရင်ဆိုင်မှုရှိနေပေမယ့် နှစ်နိုင်ငံ အရှိန်တွေ လျော့ထားပါဆိုတဲ့ သဘောရှိပါတယ်။ အဲဒါ မျိုးလေးတွေကျ ကျွန်တော်တို့အနေနဲ့က Provisional Measures တွေ ချလိုက်လို့ ကျွန်တော်တို့ အမှုကြီး ရှုံးသွားပါပြီ၊ အဲဒီလိုမျိုး မဟုတ်ပါဘူး။ အဲဒါတင်ပဲမကဘူး။ တရားရုံး Provisional Measures ကို ချတာနဲ့ သူတို့ရဲ့ Opinion ထဲမှာ ဘာရေးထားသလဲဆိုတော့ ဒီ Provisional Measures တွေ ချလိုက်တိုင်း မြန်မာနိုင်ငံအနေနဲ့ ဒီအမှုကို ကျူးလွန်နေတာလို့ သူတို့ မထင်ပါဘူး။ သူတို့က Merits တွေ ဘာတွေ ကိုတောင် မကြည့်ရသေးဘူး။
အမှန်တကယ် ပြောရရင် ကျွန်တော် တို့ဘက်က တင်သွင်းရမယ့် Facts တွေ၊ Evidence တွေ၊ ဥပဒေတွေကို ဘယ်လို နည်းမျိုးနဲ့ ကြည့်သင့်ပါတယ်၊ International Legal Precedents တွေကို ဘယ်လိုနည်းနဲ့ သုံးသပ်သင့်ပါတယ်။ ဒါတွေက ဒီအဖြေတွေကို ဘာမှမသွားရသေးဘူး။ ခုနက ဦးကျော်တင်ပြောသလိုပဲ စစချင်းလေးပဲ ရှိသေးတယ်။ စစချင်းမှာ ဒိုင်လူကြီးက နှစ်ဖက်ဘောလုံးအသင်းကို ဘောလုံးကန်တဲ့ အချိန်မှာ ကောင်းကောင်းကန်ဖို့၊ မညစ်ဖို့ အဲဒါမျိုး ခေါ်ပြီးပြောတဲ့ အဆင့်ပဲရှိပါသေးတယ်။
ဦးကျော်တင့်ဆွေ။ ။ ကျွန်တော် ဒီ Provisional Measures နဲ့ ပတ်သက်ပြီး ထပ်ပြီးတော့ ပြောချင်ပါသေးတယ်။ ခုနက ဦးသီဟန်မျိုးညွန့် ပြောသလိုပဲ Provisional Measures ကို တောင်းထားတဲ့ ကိစ္စတွေက ကျွန်တော်တို့ လုပ်နေတာတွေကို တောင်းထားတာ။ သဘောကတော့ ကျွန်တော် ဒီမှာထိုင်နေတယ်။ ထိုင်နေတဲ့ ဥစ္စာကို Provisional Measures က ဒီမှာထိုင်ပါလို့ ပြောတဲ့သဘောနဲ့ အတူတူပါပဲ။ ကျွန်တော်ကတော့ ထိုင်နေတဲ့ ကိစ္စ။ ဘာကြောင့်လဲဆိုတော့ တချို့ Provisional Measures မှာ တောင်းဆိုတဲ့အချက်တွေကို ခုနကပြောသလိုပဲ။ ကျွန်တော်တို့အနေနဲ့ ဒီကွန်ဗင်းရှင်းကိုဝင်ကတည်းကိုက မလုပ်ပါဘူးလို့ ပြောထားတဲ့ကိစ္စ။ လွှတ်တော်ကို ပြောတုန်းကလည်း ကျွန်တော်တို့က ဒီကိစ္စကို အခုလည်း မလုပ်ဘူး၊ နောင်လည်း ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက်ရှိတယ်လို့ပြောရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ဥပဒေကြောင်းအရ ပြောရမယ်ဆိုရင် ကျွန်တော်တို့ရှေ့နေတွေက သူတို့တင်ပြချက်တွေကို အမြစ်ကနေ လှဲပြီးတော့ပယ်ချနိုင်တဲ့အဆင့်အထိ လုပ်ထားသော်လည်း ဒီကိစ္စကို လုပ်နေ၊ ကိုင်နေတဲ့ ဥစ္စာက တရားရေးသက်သက်၊ ဥပဒေကြောင်းသက်သက် ဟိုဘက်က လုပ်ဆောင်တာမဟုတ်ပါဘူး။ သူတို့က နိုင်ငံရေး ဖိအားအနေနဲ့ ပေးနေတယ်။ တစ်ဖက်ကလည်း ကျွန်တော်တို့ ပြီးခဲ့တဲ့ အပတ်မှာ ပြောခဲ့သလိုပဲ တရားရုံးကိုတောင် ခြိမ်းခြောက်တဲ့ ပုံစံမျိုးအနေနဲ့ ပြောခဲ့တာရှိတယ်။
ဒီကိစ္စကို တစ်ကမ္ဘာလုံးက ကြည့်နေတယ်နော်၊ ခင်ဗျားတို့ ဒီကိစ္စကို Provisional Measures မှ မချဘူးဆိုရင်တော့ ဆိုတဲ့ သဘောမျိုးပြောသွားပါတယ်။ မနေ့တစ်နေ့က ဘင်္ဂလားဒေ့ရှ်ရှိ Camps ၇ ခုမှာ ဆန္ဒပြပါတယ် ဆိုပြီးတော့ Provisional Measures ချပါ စသဖြင့် စာရွက်လေးတွေ ထောင်ပြီးတော့ ဆန္ဒပြမှုတွေကိုလည်း လုပ်ပြပါတယ်။ အင်္ဂလိပ်လို ပြောရင်တော့ State Manage လုပ်တယ် လို့ ပြောရမှာဖြစ်ပါတယ်။
အဲဒါမျိုးတွေ လုပ်နေတဲ့အခါ ကျွန်တော်တို့က ဥပဒေကြောင်းအရသွားတယ်။ သူတို့က နိုင်ငံရေး၊ ပြီးတော့ Emotion ။ Camps မှာနေတဲ့ သူတွေက သနားစရာပဲ၊ သနားစရာ ပုဂ္ဂိုလ်တွေက ဒီလိုပြောနေပါတယ်ဆိုပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် သူတို့ဘက်က ကြည့်တယ်ဆိုရင်တော့ တို့တော့ Provisional Measures ချနိုင်လိမ့်မယ်ဆိုပြီးတော့ သူတို့အနေနဲ့ ယူဆကောင်း ယူဆနေမယ်။ အဲဒီလို ချတယ်ဆိုရင်လည်း Provisional Measures ဘယ်လိုဟာမျိုး ချတယ်ဆိုတဲ့အပေါ်မူတည်ပြီး ကြည့်ရမှာပါ။
ခုနက ကျွန်တော်ပြောသလိုပဲ ကျွန်တော်တို့ နိုင်ငံမှာ ဂျီနိုဆိုက်မရှိဘူးဆိုတာ အမှန်ပဲ။ ဒီအမှန်အတိုင်း လုပ်နေတဲ့ ဥစ္စာကို အေး- ခင်ဗျားတို့လုပ်ကြဟေ့လို့ပြောတဲ့ Provisional Measures မျိုး ချမယ်ဆိုရင်တော့လည်း ချနိုင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
ဒေါက်တာသီတာဦး ။ ။ ကျွန်မအနေနဲ့လည်း ဖြည့်စွက်ဆွေးနွေးရမယ်ဆိုရင် Provisional Measures က ကျွန်မတို့ကို ၆ ချက်တင်ထားတာပါ။ ဂမ်ဘီယာက ၆ ချက် တင်ထားတာပါ။ ဒီ ၆ ချက်စလုံးထဲမှာ တရားရုံးက အကုန်ချတာ သို့တည်းမဟုတ် တချို့ကိုပဲ ချမှတ်တာ ၊ ဒီ Provisional Measures မှာ မပါတဲ့ တရားရုံးကသင့်သည် ထင်မြင်တဲ့ဟာ ချမှတ်တာ ဒီလိုမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ရဲ့ ရှေ့နေကြီးတွေ ဆွေးနွေးသွားတဲ့ အထဲမှာ မစ္စတာ ရှေးဘတ်စ်နဲ့ မစ္စဖီဘီ ဆွေးနွေးသွားတဲ့အထဲမှာ ခုနကပြည်ထောင်စုဝန်ကြီး အမိန့်ရှိသလို မစ္စတာရှေးဘတ်စ်ကတော့ ဂျီနိုဆိုက် လုံးဝမဟုတ်ဘူးဆိုတဲ့ အကြောင်းကို အမြစ်ကလှန်ထုတ်ပြီး တစ်ခါတည်း ဖြေရှင်းလိုက်ပြီ။ အပြီးသတ်မှာတော့ ကျွန်မတို့နိုင်ငံဟာ ဂျီနိုဆိုက် ကျူးလွန်နေတဲ့ နိုင်ငံမဟုတ်ဘူးဆိုတဲ့ အဖြေထွက်လာဖွယ် ရှိပါတယ်။ ထွက်လာမယ်လို့လည်း ယူဆပါတယ်။ UN နဲ့ ပူးပေါင်းဆောင်ရွက်ပါ။ လက်ရှိမှာ UN ရဲ့ အဖွဲ့အစည်းတွေ အကုန်လုံးက ဟိုမှာ အခြေစိုက်ပြီးတော့ UNDP UNFPA I ICRC အဖွဲ့ဝင်တွေ အကုန်လုံးက ဒီမှာ ပူးပေါင်းဆောင်ရွက်နေတာ လက်တွေ့မှာ ရှိပါတယ်။
ဦးကိုကို ။ ။ သူတို့က ယူဆချက်တစ်ခု ယူချင်တာပါ။ ရှင်းပါတယ်။ ကျွန်တော်တို့ ဆောင်ရွက်ပြီးသားကိစ္စတွေကို ဆောင်ရွက်ပါ လို့ပြောနေတယ်။ အဲဒီတော့ ကျွန်တော်တို့က သူတို့တစ်စုံတစ်ခု ချမှတ်လိုက်တဲ့အပေါ်မှာ ကျွန်တော်တို့က ပြန်လည်တုံ့ပြန်ဖြေရှင်းခွင့်၊ ဖြေရှင်းနိုင်တာ၊ Provisional Measures အပေါ်ပြောင်းလဲနိုင်တဲ့ ကိစ္စတွေ ကျွန်တော်တို့မှာ ဆောင်ရွက်ခွင့်ရှိသလား။
ဦးကျော်တင့်ဆွေ။ ။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်ပြောချင်ပါတယ်။ ICJ က ချတဲ့ ဆုံးဖြတ်ချက်တွေ အားလုံးက စောဒက တက်လို့မရဘူး၊ အယူခံဝင်လို့ မရဘူး။ အဲဒီအချက်ကတော့ အရေးကြီးတဲ့အချက်ပါ။ ICJ မှာ ကျွန်တော်တို့ ဒီအမှုရောက်တယ်ဆိုတဲ့ ဥစ္စာကိုက နိုင်ငံအတွက် အင်မတန် ဂုဏ်သိက္ခာကျပါတယ်။ ပိုပြီးတော့ စိတ်ထိခိုက်ဖွယ်ကောင်းတယ်ဆိုတာက ကျွန်တော်တို့ မလုပ်တဲ့ကိစ္စ၊ မဟုတ်တဲ့ကိစ္စကို စွပ်စွဲခံရတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဒီကိစ္စဟာ အစိုးရကို စွပ်စွဲတာလည်း မဟုတ်ဘူး၊ နိုင်ငံကို စွပ်စွဲတာပါ။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အင်မတန်မှ ထိခိုက်တဲ့ကိစ္စ၊ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေအတွက် အင်မတန်မှ ထိခိုက်တဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီတော့ ဒါမျိုးအမှုကိစ္စဟာ ၅ နှစ်၊ ၁၀ နှစ်၊ ၁၂ နှစ်ကြာတယ်။ အဲဒီအပိုင်းကို Merits Stage လို့ ခေါ်တယ်။ Merits Stage ဆိုရင်တော့ ကျွန်တော် ပြောရဲတယ်။ ကျွန်တော်တို့ နိုင်မှာပဲ။
အခု Provisional Measures ဆိုတာက အဲဒီဟာက နှစ်ပေါင်းများစွာ ကြာမှာဖြစ်တဲ့အတွက် အခြေအနေ မဆိုးအောင် လိုရမယ်ရ ဒီအချက်တွေကို ချမှတ်ပေးပါဆိုပြီး တောင်းထားတာပါ။ အခုနက ကျွန်တော်ပြောသလိုပဲ သူရဲ့ သတ်မှတ်ချက်ကတော့ နိမ့်တဲ့အတွက် Provisional Measures ချကောင်းချနိုင်တယ်။ သို့သော် ကျွန်တော်တို့ သိရမယ့် ဥစ္စာက အမှုတောင် မစသေးဘူး။ အဆင့်တွေ အများကြီး သွားရဦးမယ်။ အဲဒီတော့ Provisional Measures ချတာကို မကြိုက်ရင် jurisdiction Challenge ဆိုတာ လုပ်လို့ရတယ်။ ဆိုလိုတာက တရားရုံးက ဆုံးဖြတ်ပိုင်ခွင့် ရှိ မရှိဆိုတာ ကျွန်တော်တို့က လျှောက်လဲလို့ရတယ်။ အဲဒီတော့ တရားရုံးက ရှိတယ်လို့ ဆုံးဖြတ်ရင်တော့ Provisional Measures က အတည်ဖြစ်သွားမယ်။ အဲဒီကျမှ တကယ့်အမှုက စမှာ။ အခု အမှုက မစသေးဘူး။ အဲဒီကျမှ တကယ့်အမှုက စမှာ။ ကျွန်တော်တို့က Merits Case ရောက်လာရင်တော့ ဂျီနိုဆိုက်ဖြစ်ပေါ်ခြင်း လုံးဝမရှိတဲ့အတွက် အမှန်တရားက ပေါ်လာမှာပဲ။ ကျွန်တော်တို့ နိုင်မှာပဲ။ အဲဒီအပိုင်းကတော့ အသေအချာပါပဲ။
ဦးသီဟန်မျိုးညွန့်။ ။ ကျွန်တော် ထပ်ပြီး ဖြည့်စွက်ချင်တာက ဒီ Provisional Measures အဆင့် ပြီးသွားတော့ Preliminary Objections ပြီးရင်တောင်မှ ပြီးမှ ကျွန်တော်တို့ရဲ့ Evidence တွေ သွင်းရတာပါ။ အဲဒီမှာမှ ကျွန်တော်တို့ရဲ့ Counter Memorial လို့ ခေါ်တယ်။ Counter Memorial သွင်းပြီးတော့မှ ဒီ Merits Stage မှာ ကျွန်တော်တို့က ဟိုဘက်နဲ့ဒီဘက် ဘယ်ဟာက အမှန်တရားလဲဆိုတာ တရားရုံးက ဆုံးဖြတ်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ဘာကြောင့် ICJ ကို သွားလဲဆိုတာ မေ့လို့ မရပါဘူး။
ဦးသီဟန်မျိုးညွန့် ။ ။ ဘာဖြစ်လို့လဲ ဆိုတော့ အပြင်မှာ မြင်နေရတဲ့အမြင်က ဒီ FFM Report အပေါ်မှာ အခြေခံပြီး မြင်နေရတဲ့ အမြင်။ အရင်တုန်းကရှိခဲ့တဲ့ မြန်မာနိုင်ငံကို ဘယ်လိုသုံးသပ်ခဲ့သလဲဆိုတဲ့ အပေါ်မှာရှိတဲ့အမြင်တွေနဲ့ အပြင်ကကြည့်ရင် သူတို့က မြန်မာနိုင်ငံအကြောင်း သေချာသိချင်မှ သိမယ်။ ဆိုတော့ အဲဒီလိုမျိုးဖြစ်နေတဲ့ အချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ဘာသည် အမှန်တရားလဲဆိုတာကို ကျွန်တော်တို့က ICJ မှာ Evidence တင်သွင်းပြီး ပြောချင်တဲ့အတွက် ICJ တရားရုံးကို သွားရောက်ခြင်း ဖြစ်ပါတယ်။ အဲဒီလိုပြောပြီးတော့မှပဲ ကျွန်တော်တို့သည် Genocide လုပ်တဲ့နိုင်ငံ မဟုတ်ပါဘူး၊ ဘာကြောင့် မြန်မာနိုင်ငံမှာ Genocide မရှိတာလဲ၊ သေသေချာချာ အောင်အောင်မြင်မြင် ကျွန်တော်တို့လုပ်နိုင်မှာ ဖြစ်ပါတယ်။
ဦးကျော်တင့်ဆွေ ။ ။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော်ပြောချင်တာက ပြီးခဲ့တဲ့အခါမှာလည်း ပြောခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဘာကြောင့်ကိုယ်တိုင် ICJ ကို သွားသလဲ။ ကျွန်တော် အဲဒီတုန်းက ပြောခဲ့သလိုပဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သွားတယ်ဆိုတာမှာ သူ့မှာအန္တရာယ်ရှိတယ်။ အန္တရာယ်ရှိတယ်ဆိုတာမှာ ICJ ရုံးစိုက်ရာ သည်ဟိတ်ဂ်မြို့နဲ့ ICC ရုံးစိုက်ရာ သည်ဟိတ်ဂ်မြို့က အတူတူပဲ။ ပြီးတော့ ICC အနေနဲ့ကလည်း လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ဝရမ်းထုတ်နိုင်ပါတယ်။ ဝရမ်းထုတ်ခဲ့တယ်ဆိုရင်လည်း ကြိုတင်သိစရာ မလိုပါဘူး။ သူတို့ အခေါ်အဝေါ် Sealed Warrant လို့ခေါ်တယ်။ အဲဒီ ဝရမ်းထုတ်ထားပြီး လျှို့ဝှက်ထားလိုက်တယ်။ အဲဒီပုဂ္ဂိုလ် နိုင်ငံတစ်နိုင်ငံကို သွားရင် အဲဒီတစ်နိုင်ငံက ICC အဖွဲ့ဝင်ဖြစ်တယ်ဆိုရင် အဲဒီနိုင်ငံကို ဖမ်းပါဆိုပြီး ပြောလို့ရတယ်။
အဲဒါကြောင့်မို့လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သွားရမယ့်ခရီးစဉ်ကို ပြည်ပနိုင်ငံ တချို့က မသွားပါနဲ့၊ အန္တရာယ် ရှိပါတယ်လို့ အဲဒီလိုလာပြီး မေတ္တာရပ်ခံတာ ရှိပါတယ်။ သို့သော် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ရပ်တည်ချက်က သူသွားပြီး အခြေအနေကို ရှင်းပြနိုင်ရင် ကျွန်တော်တို့မှာ ဆယ်စုနှစ်နဲ့ ရှိခဲ့တဲ့ ပုံရိပ်ဆိုးကြီးက ရှိတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် အထင်မှား၊ အမြင်မှား လက်ခံထားတဲ့အချက်တွေရှိ တယ်။ Narrative လို့ ခေါ်ပါတယ်။ အဲဒီ Narrative က ဆယ်စုနှစ်နဲ့ချီပြီးရှိနေပြီ၊ အဲဒီဟာကို သူသွားပြောမယ်ဆိုရင် နိုင်ငံတကာက အလေးထားနားထောင်မှာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ မသွားဘူးဆိုရင် နိုင်ငံအပေါ်မှာ တာဝန်မကျေရာ ရောက်လိမ့်မယ်လို့ ယူဆပြီး သူသွားခြင်းဖြစ်တယ်။
အဲဒီလို သွားလိုက်တာကလည်း ထိရောက်သလား၊ ထိရောက်ပါတယ်။ နိုင်ငံတကာ မီဒီယာမှာ သူသွားမယ့်အချက်နဲ့ သူပြောတဲ့အချက်တွေကို အမှန်အတိုင်း မီးမောင်းထိုးထားခြင်း မရှိပါဘူး။ သို့သော် နိုင်ငံတကာမှာရှိတဲ့ Policymaker လို့ ခေါ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေ၊ ဝန်ကြီးချုပ်ရုံးတွေ အဲဒီရုံးတွေက သူဘာပြောသလဲ ဆိုတာကို အသေးစိတ်လေ့လာတယ်။ လေ့လာပြီးတော့ ဒီပြောတဲ့အချက်တွေနဲ့ ပတ်သက်ပြီး ပိုပြီးသိလာတယ်။ ဥပမာ ဆိုရင် ခုနကတုန်းက FFM Report ထဲမှာ ကျွန်တော်တို့အနေနဲ့ ရခိုင်မှာ တိုက်ခိုက်နေ တဲ့ AA နဲ့ တိုက်ခိုက်နေတဲ့ကိစ္စ၊ လုံခြုံရေးအခြေအနေတွေ ဘယ်လိုရှိတယ်ဆိုတဲ့ကိစ္စ တစ်ချက်မှမပါဘူး။ ပိုဆိုးတာက ဒါစဖြစ်တယ်ဆိုတာဟာ ARSA တိုက်တဲ့အတွက် တပ်မတော်အနေနဲ့ ပြန်လည်ကာကွယ်ပြီးတော့ တိုက်ခိုက်တယ်ဆိုတဲ့အချက်တွေကို လုံးဝ မထည့်ထားဘူး။ သို့သော် အခုတော့ တဖြည်းဖြည်းနဲ့ သက်ဆိုင်ရာနိုင်ငံတွေကလည်း သဘောပေါက်လာကြတယ်။ နိုင်ငံတကာပညာရှင်တွေကတောင် သဘောပေါက်လာကြတယ်။
တစ်နည်းအားဖြင့် ဆိုတော့ နဂိုက ဆိုးနေတဲ့ပုံရိပ် Narrative ကို Counter-Narrative နဲ့ပြန်ပြီး ကျွန်တော်တို့ လုပ်လိုက်နိုင်တယ်လို့ ယူဆရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အခု နိုင်ငံတကာက သဘောပေါက်လာတယ်။ နိုင်ငံတကာမီဒီယာမှာတောင် မနေ့တစ်နေ့က ဆောင်းပါးတစ်ခု ပါလာတဲ့အတွက် ကျွန်တော် တော်တော်လေးကို ဝမ်းသာအားရ ဖြစ်တယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ထားတဲ့ The UN Smears Myanmar ဆိုပြီးတော့ အဓိကကတော့ FFM Report ကနေပြီး ဒီအချက်အလက်တွေကို ထိမ်ချန်ပြီး မြန်မာနိုင်ငံကို မတရားစွပ်စွဲထားတယ်။ မြန်မာနိုင်ငံကို အိုးမဲသုတ်ထားတယ်ဆိုတဲ့ ဆောင်းပါးပဲ ဖြစ်ပါတယ်။ ဖတ်များ ဖတ်ဖူးကြသလား မသိဘူး။ အဲဒီအတွက် ကတော့ ကျွန်တော်ပြောချင်တယ်ဆိုတဲ့ အချက်က ဒီမှာဘာတွေပါသလဲ၊ အခုကိစ္စ ဖြစ်တာက ARSA က စတိုက်တဲ့အတွက် တပ်မတော်ကနေ ကာကွယ်ပြီးတော့ ပြန်လည်တိုက်ခိုက်ရင်းကနေ ဖြစ်တယ် ဆိုတဲ့အချက်ကို ARSA တိုက်ခိုက်မှုကို လုံးဝမထည့်ထားဘူး။ နောက် ကျွန်တော်တို့ရဲ့ တကယ့်အခြေ အနေ၊ ရခိုင်မှာ AA နဲ့ဖြစ်နေတဲ့ တိုက်ပွဲ အခြေအနေတွေ၊ ကျွန်တော်တို့နိုင်ငံကိစ္စဟာ လွယ်လွယ်ကူကူ အပေါ်ယံကြည့်ရုံနဲ့ မသိနိုင်ဘူး၊ ထဲထဲဝင်ဝင်ကြည့်မှ သိနိုင်တယ်။ အဲဒီတော့ မြန်မာနိုင်ငံက မတရား အစွပ်စွဲ ခံနေရတယ်ဆိုတဲ့အနေနဲ့ ပြောထားခြင်းဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော် Link လင့်ခ်လေးလည်း ပေးပါမယ်။ ဒီပရိသတ် ကိုလည်း အဲဒီလင့်ခ်မှာ ဖတ်ကြည့်ကြပါလို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။
ဦးကျော်တင် ။ ။ ကျွန်တော်ဖတ်တော့ နည်းနည်း တချို့အချက်အလက်လေးတွေကို မြင်သွားတာပေါ့နော်။ ဘယ်လိုလဲဆိုတော့ ပထမအချက်အနေနဲ့ ဒီဂမ်ဘီယာ နိုင်ငံကလေ၊ မြန်မာပြည်နဲ့ ဘာမှမပတ်သက်တဲ့ ဂမ်ဘီယာနိုင်ငံက ဘာဖြစ်လို့ ဒီ Case ကို ICJ မှာလာပြီး ဖွင့်တာလဲဆိုတာပေါ့နော်။ ဒါရဲ့နောက်ဆက်တွဲ Article မှာလည်း သူရေးထားပါတယ်။ နောက်မှာ ပါနေတဲ့ OIC ပေါ့။ သူကပဲ ဖန်တီးပြီးတော့ ဒါတွေအားလုံးကို ဖန်တီးပြီးတော့ ဒါကို Playbook လုပ်တာပေါ့နော်။ ဒီဂမ်ဘီယာကို မင်းတို့ တရားသွားစွဲ၊ ဒီကိစ္စနဲ့ဆိုင်ပြီးတော့ အဲဒါကို ငါတို့ Fund တွေ ရှာပေးမယ်။ ဒါတွေအားလုံးက သူက အရင်တုန်းက Planning တွေက လုပ်ထားပြီးသားပါ။ အဲဒါက ခုနက ပြည်ထောင်စုဝန်ကြီး ပြောသလိုပဲ။ ဒီ ARSA အကြောင်းလည်း ဘာမှ မပြောဘူး။ Mention မလုပ်ဘူး။ ပြီးတော့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ AA နဲ့ ဖြစ်တဲ့ကိစ္စတွေကိုလည်း FFM Report မှာ ဘာမှဖော်ပြခြင်း မလုပ်ပါဘူး။ ပြီးတော့ နောက်တစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင် ဒါမြန်မာပြည်ကို အနိုင်ကျင့်တာပေါ့ နော်။ OIC အနေနဲ့ အနိုင်ကျင့်တာလည်း ရှိတယ်။ ပြီးတော့ UN ကို အသုံးပြုပြီး အနိုင် ကျင့်တာလည်း ရှိတယ်။ အဲဒီနှစ်ချက် ကို ကျွန်တော်အဓိကအချက်အနေနဲ့ ဒီဆောင်းပါးထဲမှာ မြင်လိုက်ပါတယ်။
ဦးသီဟန်မျိုးညွန့် ။ ။ ဒီဆောင်းပါးက ပြည်ထောင်စုဝန်ကြီး ပြောသလိုပဲ။ ဒါကျွန်တော် တို့ရဲ့ Counter-Narrative ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက Single-Narrative ဆိုတဲ့ ကျွန်တော်တို့ဆီမှာ တစ်ဖက်ပြောပဲရှိနေတာပါ။ အခုလည်း အပြင်မှာကြည့်ရင် တစ်ဖက်ပြောများတုန်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ဖြည်းဖြည်း၊ ဖြည်းဖြည်းချင်း ကျွန်တော်တို့က Counter-Narrative ကို Build Up လုပ်ဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုနက ကိုကျော်တင် ပြောသွားသလိုပဲ ကျွန်တော်တို့က UN တစ်ခုလုံးကို မပုတ်ခတ်ချင်ပါဘူး။ ဒါပေမယ့် ဘာရှိသလဲဆိုတော့ ကျွန်တော်တို့က ဒီတစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်စပ် စစ်တိုက်ရင် Warfare ပေါ့ဗျာ။ အခုကျတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကြုံတွေ့နေရတဲ့ ဒီ ICJ နဲ့ပဲဖြစ်ဖြစ်၊ ICC နဲ့ပဲဖြစ်ဖြစ် ကြုံတွေ့နေရတဲ့ပြဿနာက ကျွန်တော်တို့က Lawfare လို့ ခေါ်လို့ရတယ်။ ဒါက နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာမှာ ရှိတဲ့ Mechanisms သုံးပြီး ကျွန်တော်တို့ မြန်မာနိုင်ငံကို စစ်ဆင်တဲ့ပုံစံမျိုးဆိုတော့ Lawfare ဆိုပြီး ကျွန်တော်တို့အနေနဲ့ အဲဒါမျိုးပြောလို့ ရပါတယ်။ ဒါကျွန်တော်တို့ကို အကျဉ်းအကျပ်ရောက်တဲ့နေရာကို ပို့နေတာပါ။ ဒါတွေက ကျွန်တော်တို့ကို United Nations က လုပ်တယ်လို့ ကျွန်တော်တို့ ပြောလို့မရပါဘူး။ ဒါပေမယ့် United Nations Mech- anisms တွေကို အသုံးချပြီး၊ ICC Mech- anisms တွေကို အသုံးချပြီး ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ချင်း ဖြစ်ချင်ဖြစ်မယ်၊ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ချင်ဖြစ်မယ်၊ နိုင်ငံတစ်နိုင်ငံတောင် ဖြစ်ချင်မှဖြစ်မယ်။ ကျွန်တော်တို့ကို သူတို့ ရောက်ချင်တဲ့နေရာကို တွန်းပို့နေတဲ့ပုံစံမျိုး၊ အဲဒါမျိုးကျတော့လည်း ကျွန်တော်တို့အနေနဲ့က ဒါကိုပြန်ပြီး Fight လုပ်ရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ သိက္ခာ၊ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ဒါတွေကလည်း ကျွန်တော်တို့ တန်ဖိုးထားရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ ပြီးတော့ ICJ ကို သွားခြင်းအားဖြင့် ကျွန်တော်တို့ နိုင်ခဲ့လို့ရှိရင် Counter-Narrative ကို ICJ မှာချပြရင်း၊ ကျွန်တော်တို့ ICJ တရားရုံးမှာပဲ ကျွန်တော်တို့ လုပ်ရင်း Counter-Narrative ကို ဒီထက်မက ပိုပြီးကောင်းအောင် ပြန်ပြင်ဖို့ လိုပါတယ်။
ဦးကျော်တင့်ဆွေ ။ ။ ကျွန်တော်ဆိုလိုတာ က ICJ သွားခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ အဖြစ်မှန်တွေကို နိုင်ငံတကာကို ပြောပြလို့ရမယ်။ ခုနက ကုလသမဂ္ဂနဲ့ ပတ်သက်ပြီး UN Smears Myanmar ဆိုပြီးပြောတဲ့ အခါကျတော့ ကျွန်တော် ကုလသမဂ္ဂအတွက် စိတ်မကောင်းပါဘူး။ ဘာကြောင့် စိတ်မကောင်းတာလဲဆိုတာ ကုလသမဂ္ဂက ကမ္ဘာမှာ အင်မတန်မှ လိုအပ်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အထူးသဖြင့် ကျွန်တော်တို့လို နိုင်ငံငယ်တွေအတွက် ကုလသမဂ္ဂ ရှိကိုရှိရမယ်။
ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ နိုင်ငံခြား ရေးဝါဒမှာလည်း ကုသလမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံရဲ့ အဓိက နိုင်ငံရေးမူဝါဒ တစ်ချက်ဖြစ်တယ်။ အဲဒီတော့ ကုလသမဂ္ဂကို နာမည်ဖျက်နေတာက ခုနက FFM Report မှာပါတဲ့ လူပုဂ္ဂိုလ်တွေရဲ့ ပုဂ္ဂိုလ်ရေး ဆောင်ရွက်ချက်တွေကြောင့် အဲဒီသူတို့ရဲ့ နဂိုကတည်းကိုက တစ်ဖက်စောင်းနင်း ဖြစ်နေတဲ့ ရှိရင်းစွဲခံယူချက်တွေနဲ့ လုပ်သွားတဲ့ကိစ္စတွေ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က FFM Report ကို ကျွန်တော်တို့က UN Report လို့ မယူဆပါဘူး။
ဦးကိုကို ။ ။ ဒါပေမယ့် ခုနက ပြည်ထောင်စု ဝန်ကြီးပြောသလို ဒါလေးထွက်လာတာက ဒါဘာပဲပြောပြော ကျွန်တော်တို့ နိုင်ငံတော်၏အတိုင်ပင်ခံကိုယ်တိုင် သွားခဲ့တဲ့ ဒီခရီးစဉ်ရဲ့ လက်ငင်းရရှိတဲ့ အကျိုး၊ ဒါနားလည်မှု။ နားလည်မှုဆိုတာကတော့ ချက်ချင်းကြီးတော့ ခုနကပြောသလိုပေါ့ ဝုန်းကနဲ၊ ဒိုင်းကနဲ အပြည့်မရနိုင်ဘူးပေါ့။ ဖြည်းဖြည်းချင်း၊ ဖြည်းဖြည်းချင်းပဲ ကျွန်တော်တို့ ယူသွားမယ်။ဒါပေမယ့် တစ်ခုရှိတာက ကျွန်တော်တို့ အခု ဒီလိုမျိုးစကားဝိုင်းတွေ လုပ်တယ်။ နားလည်အောင်လို့ ကျွန်တော်တို့က ပြည်ထောင်စုဝန်ကြီးတို့ ကိုယ်တိုင် မအားလပ်တဲ့ကြားထဲက၊ သူတို့ဆိုလည်း ခရီးတွေ သွားနေကြတဲ့ ကြားထဲကနေပြီးတော့ ရှင်းပြ ရင်းတန်းလန်းနဲ့ကိုပဲ တချို့လူတွေကြားထဲမှာ ဝေ့လည်လည်ဖြစ်နေတဲ့ အပိုင်းတွေလည်း ရှိတယ်။ ဆွေးနွေးကြတာ၊ ပြောဆိုဆွေးနွေးချင်ကြတာတွေ အမျိုးမျိုးအဖုံဖုံ ကြားနေရတယ်။ ကြားနေရတဲ့ အခါကျတော့ ပြည်သူတွေကျတော့ ဟိုဟာဟုတ်နိုးနိုး၊ ဒီဟာဟုတ်နိုးနိုး အကုန်လုံးကလည်း ဥပဒေ ပညာရှင်တွေ၊ ဒီမှာလည်း ဥပဒေပညာရှင်တွေ ပြောကြပြန်ပြီ၊ ဟိုမှာလည်း ဥပဒေ ပညာရှင်တွေ ပြောကြပြန်ပြီဆိုတော့ ဘယ်ဟာယုံရမလဲ လိုပေါ့၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘယ်ဟာ ယုံရမလဲ၊ ဘယ်ဟာမှန်မလဲ ဆိုတာမျိုး ဖြစ်နေကြတာတွေလည်း ရှိနေပါတယ်ခင်ဗျ။
ဦးကျော်တင့်ဆွေ ။ ။ အဲဒါလေးလည်း ကျွန်တော်ပြောချင်တာရှိပါတယ်။ ကျွန်တော် ပြောချင်တာရှိတယ် ဆိုတာကတော့ အားနာနာနဲ့ပဲ ဥပဒေပညာရှင်သုံးယောက်နဲ့ ပတ်သက်ပြီးပဲ ရှေ့မှာပဲ ပြောရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေပညာဆိုတာ အင်မတန်မှ ကျယ်ပြန့်ပါတယ်။ အင်မတန်မှ နက်ရှိုင်းပါတယ်။ ဥပဒေပညာရှင်ဆိုတာ ဥပမာဆိုပါတော့ ဘွဲ့မြင့်လာလေလေ သူတို့ ခေါ်တဲ့ Specialization လို့ခေါ်တဲ့ စူးစမ်းပြီးတော့ လုပ်တဲ့အချက်က ကျဉ်းမြောင်း လေလေပဲ။ အဲဒီတော့ နိုင်ငံတကာဥပဒေမှာလည်း အမျိုးစုံရှိတယ်။ Constitution Law ဆိုပါတော့။ အဲဒီပုဂ္ဂိုလ်က Constitution နဲ့ပတ်သက်လို့ ကောင်းကောင်းတတ်တယ်။ Patent law ဆိုပါတော့ Patents တွေ ကောင်းကောင်းတတ်တယ်။ ဦးကျော်တင်ဆိုရင် ဒေါက်တာဂျူဝစ်ဆိုတဲ့ Patents နဲ့ ပတ်သက်ပြီး တကယ့်ပညာရှင်ပါ။ ဦးသီဟန်မျိုးညွန့်ဆိုရင်လည်း International Trade Law နဲ့ ပတ်သက်တဲ့ ပညာရှင်ပါ။ အမြဲတမ်းအတွင်းဝန် ဒေါ်သီတာဦးက International Criminal Law နဲ့ ပတ်သက်ပြီး လေ့လာထားတယ်။
အဲဒီတော့ အားလုံးကို International Criminal Law အကုန်တတ်သလားလို့ ပြောတော့ တတ်တယ်လို့ ပြောလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ရယ်စရာလေးနဲ့ ကျွန်တော်ပြောပြ မယ်။ ကျွန်တော်တတိယအတွင်းဝန်ဘဝက ကျွန်တော်တို့ မိတ်ဆွေထဲမှာ ဥပဒေဘွဲ့သုံးခုရတဲ့ ပုဂ္ဂိုလ်ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့အထဲက နိုင်ငံခြားက တစ်ယောက်က Marriage By Proxy လုပ်ချင်တယ်ဆိုတဲ့ အခါကျတော့ ကျွန်တော်တို့ အုပ်ချုပ်ရေးဌာန မှူးကနေခေါ်လိုက်တယ်။ ဟေ့ လာပြောစမ်း ဆိုတော့ သူက မပြောနိုင်ဘူး။ ခင်ဗျားဗျာ ဥပဒေဆိုင်ရာ ဘွဲ့သုံးခုလည်း ရသေးတယ်။ ဒါမှမတတ်ဘူးလားဆိုတော့ သူကလည်း သတ္တိရှိတယ်။ ဘယ်လိုပြောသလဲဆိုတော့ ဥပဒေသမားအနေနဲ့ ဥပဒေအားလုံးကို လေ့လာလို့ ရပေမယ့်၊ ဥပဒေ တစ်ခုတည်းကိုသာ ကျွမ်းကျင်နိုင်တယ်ဆိုပြီး ပြောပါတယ်။ အဲဒါကြောင့်မို့လို့ Constitution Law မှာ ပါရဂူဘွဲ့ရလာလို့ International Criminal Law ကို ကျွမ်းကျွမ်းကျင်ကျင် တတ်ပြီလားဆိုတော့ တတ်တယ်လို့ ပြောနိုင်တဲ့သူက ရှားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ International Criminal Law ဆိုတဲ့ဟာကလည်း ဖြစ်ပေါ်မှုကလည်း အင်မတန်မှ နည်းတဲ့အတွက် နိုင်ငံတကာမှာလည်း တကယ့်ပညာရှင်ဆိုတာ လက်ချိုးရေလို့ ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ကံကောင်းတာက International Criminal Law မှာ နာမည်ကြီးတဲ့ ဆယ်ယောက်လောက်ထဲက နှစ်ယောက်ကို ကျွန်တော်တို့ ငှားရမ်း နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က တတ်နိုင်သလောက် ပြောတဲ့နေရာမှာ ကျွန်တော်တို့ရဲ့ ပြောကြားချက်တွေကို အဓိကထားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သိထားတာ တွေကိုပြောတာ မဟုတ်ပါဘူး။ ဥပဒေ ပညာရှင်တွေ ပြောထားတဲ့အပေါ်မှာ အခြေခံပြီးပြောတာပါ။ အဲဒီလိုပြောတဲ့အခါမှာ ကျွန်တော်က လူပြိန်းဖြစ်တဲ့အတွက် သူတို့လောက် လွယ်လွယ်ကူကူ မတတ်နိုင်ဘူး ပေါ့လေ။
ဦးကိုကို ။ ။ အဲဒီတော့ ကျွန်တော်တို့ စကားဝိုင်းက တော်တော်လေးလည်း ပြီးပြည့်စုံပြီဆိုတော့ ဦးသီဟန်မျိုးညွန့်အနေနဲ့ နောက်ဆုံးထပ်ပြီး ဆွေးနွေးစရာ ဘာများရှိမလဲခင်ဗျ။
ဦးသီဟန်မျိုးညွန့် ။ ။ နောက်ဆုံးအနေနဲ့ ကျွန်တော်ထပ်ပြီးဆွေးနွေးချင်တာက ICJ မှာ ကြုံတွေ့နေရတဲ့ဟာ ခုနက ကျွန်တော် ပြောခဲ့တဲ့ Lawfare ဆိုတာကို လျှော့တွက်လို့ မရဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံအတွက် သိပ်ပြီးအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ICJ မှာ တစ်ခု၊ ICC မှာကလည်း တည်ထားတယ်။ ဆိုတော့ ဒီ ICJ မှာ ကျွန်တော်တို့က ဒါမြန်မာနိုင်ငံရေး မဟုတ်တော့ဘူး။ ဒါသည်နိုင်ငံ့အရေးဖြစ်သွားပြီ၊ နိုင်ငံ့အရေး ဖြစ်ရုံတင်မကဘူး၊ ဒါက ကျွန်တော်တို့ မြန်မာနိုင်ငံသူနိုင်ငံသားတွေ အားလုံးရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ထိရောက်မယ့်ကိစ္စ တစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုမျိုးကိစ္စတစ်ခုမှာ ကျွန်တော်တို့က ICJ မှာပဲ Fight လို့၊ ချလို့မရဘူး။ ပြည်တွင်းမှာလည်း လုပ်သင့်လုပ်ထိုက်တာတွေလည်း လုပ်ရမယ်။ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်တဲ့ အချိန်မှာလဲ အားလုံးနဲ့ ပူးပေါင်းပြီး ဘယ်နဲ့ညာနဲ့ ညီညီညာညာ ကောင်းကောင်း ရှေ့ချီတက်သွားပြီးတော့၊ အားလုံးပူးပေါင်းပြီးတော့ အောင်မြင်အောင်လုပ်ဖို့ လိုပါတယ်။ အဲဒီလိုအောင်မြင်အောင် လုပ်မှပဲ ICJ မှာ လည်း နိုင်မယ်၊ အောင်မြင်အောင်လုပ်နိုင် မှလည်း Genocide ဆိုတဲ့ တကယ့်ကို မကြားသင့်မကြားထိုက်၊ မဟုတ်တဲ့ အနံ့ကြီးလည်း မြန်မာနိုင်ငံနဲ့ ခပ်ဝေးဝေးကို လွှင့်ပစ် လိုက်လို့ရမှာ။
ဒေါက်တာ သီတာဦး ။ ။ နောက်ဆုံး Mess- age လေးပါ။ မြန်မာနိုင်ငံမှာ Genocide မကျူးလွန်ဘူး ဆိုတဲ့အကြောင်းကို ရှင်းအောင် ကျွန်မတို့ နိုင်ငံအတွက် သက်သေပြဖို့ တစ်ခုရယ်၊ နောက်တစ်ခုက ကျွန်မတို့ နိုင်ငံက ကျူးလွန်ကောင်းကျူးလွန်မယ်ဆိုတဲ့ဟာလေးတွေဖြစ်တဲ့ Crimes Against Humanity လိုမျိုး ပဋိပက္ခကြားထဲမှာ ဖောက်ဖျက် ကျူးလွန်မှုလေးတွေ ရှိနိုင်တယ်။ ဒါပေမယ့် Genocide ကတော့မဟုတ်ဘူး။ ခုနက ကျွန်မတို့ဆွေးနွေးတဲ့အထဲမှာ Mechanisms တလွဲသုံးပြီး လုပ်တာရှိပေ မယ့် UN ကို လေးစားတယ်။ UN ကို အမြဲ တမ်း ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံလည်း ဖြစ်တယ်ပေါ့။
ဦးကိုကို ။ ။ ရှင်းနေတဲ့ကိစ္စကို နံပါတ်(၁)က ရှုပ်နေအောင် လုပ်ထားသလို ဖြစ်နေတယ်။ အဲဒါကို ကျွန်တော်က ပြန်ရှင်းအောင် နောက်တစ်ခုက မြန်မာစကားပုံမှာလည်း ရှိပါတယ်။ ထပ်ပြောပါရစေ။ အိပ်ချင်ယောင် ဆောင်နေတဲ့လူက နှိုးရခက်တယ်ဆိုတာ လိုပါ။ သူတို့က အိပ်ချင်ယောင်ဆောင်နေ ကြတယ်။ ကျွန်တော်တို့က နှိုးနေတယ်၊ အဲဒီလိုမျိုးခံစားရတယ်။ နောက်ဆုံးပိတ်ပေါ့။ ဦးကျော်တင်အနေနဲ့ ဆွေးနွေးခန်းလေးမှာ ပြောစရာ ရှိတာလေးတွေ၊ အနားသတ် ဆွေးနွေးစရာရှိတာလေးတွေ ဆွေးနွေးပါ။
ဦးကျော်တင်။ ။ နောက်ဆုံးအနေနဲ့ ပြောချင်တာက မြန်မာပြည်သူပြည်သားတွေ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စိတ်ဝင်စားစရာ စောင့်ပြီး ကြည့်နေမှာပါ။ ကျွန်တော် အဓိက ပြောချင်တာက ဘာပဲဖြစ်ဖြစ် Main Case က အနိုင်အရှုံးကို ဒီ Stage မှာ ဆုံးဖြတ်မှာမဟုတ်သေးပါဘူးဆိုပြီး ပြောချင်ပါတယ်။
နောက်တစ်ခုထပ်ပြီး ကျွန်တော် ပြောချင်တာက စောစောကပြောသွားတဲ့ ICJ မှာ စကားလုံး အသုံးအနှုန်းကို ဂရုတစိုက် သုံးပါတယ်။ Indicate နဲ့ မပတ်သက်ဘူး ဆိုပြီး သေသေချာချာ နိုင်ငံတကာညှိနှိုင်းပြီး ရွေးထားတဲ့စကားလုံးတွေပါ။
ဦးကိုကို ။ ။ နိုင်ငံအချင်းချင်းဖြစ်နေတဲ့ ကိစ္စတွေဆိုတာကြောင့် စကားလုံးကအစ အထူးပြုစံနှုန်းသုံးပြီး အသုံးပြုထားတာပေါ့နော်။ နောက်ဆုံးအနေနဲ့ ပြည်ထောင်စု ဝန်ကြီးအနေနဲ့ ဒီ ၂၃ ရက်နေ့ အမိန့်ချမယ့် ကိစ္စကို ကိုယ်တိုင်ကလည်း ဦးဆောင်ပြီးသွားမှာလည်း ဖြစ်တယ်။ ပြည်သူတွေ အားလုံးကလည်း ဒါနဲ့ပတ်သက်ပြီး စိတ်ဝင် တစားရှိတယ်၊ တောက်လျှောက်နားထောင် တာလည်း ရှိတယ်။ ပြည်သူတွေ ကြည့်ရှုနေတဲ့ ရုပ်မြင်သံကြားဆွေးနွေးပွဲကနေ တစ်ဆင့် အခုနားထောင်နေကြတဲ့ မြန်မာ နိုင်ငံမှာရှိတဲ့ ပြည်သူတွေအားလုံးကို ဘယ်လို Message တွေ ပေးချင်ပါသလဲ။
ဦးကျော်တင့်ဆွေ။ ။ကျွန်တော်တို့ ပြည်သူတွေကို ကျွန်တော်ပေးချင်တဲ့ Message ကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သွားတဲ့အခါမှာ အပြည့်အဝထောက်ခံခဲ့တယ်၊ ပြန်လာတဲ့အခါမှာလည်း တကယ့်ကို အရေးရယ်၊ အကြောင်းရယ် ရှိလာတဲ့အခါ ကျတော့ ဒို့နိုင်ငံအတွက်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်ပြီး သွားရောက် ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ထောက်ခံတာကို ကြည့်တဲ့အတွက် အင်မတန်မှ အားရပါတယ်။ နောက်တစ်ခု ကျွန်တော်တို့ဆွေးနွေးခဲ့သလိုပဲ ဒီကိစ္စဟာ နိုင်ငံ့အရေးပါ။ နိုင်ငံရေး မဟုတ်ပါဘူး။ ဘယ်သူမဆိုရင်ဆိုင်ပြီးတော့ Main Case တကယ့်အမှုကို စဉ်းစားတဲ့ အချိန်ရောက်လာရင်လည်း သူနိုင်ကိုယ်နိုင်ပဲ။ သူတို့ Provisional Measures ချတယ် ဆိုရင် ကျွန်တော်တို့အနေနဲ့ အဲဒီကိစ္စကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို ရှေ့နည်းလမ်းတွေကို ဘယ်လိုသွားမလဲဆိုတာကို သေသေချာချာစဉ်းစားပြီး အင်မတန်မှ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး ရင်ဆိုင်မယ်။ အဲဒီလိုရင်ဆိုင်တဲ့အခါမှာ ပြည်သူတွေရဲ့ အင်အားက အင်မတန်မှ လိုပါတယ်။
ဒီကိစ္စက နိုင်ငံ့အရေးဖြစ်တဲ့အတွက် နိုင်ငံမှာရှိတဲ့ ပုဂ္ဂိုလ်အားလုံး၊ ပြည်သူ၊ ပြည်သားတွေ၊ တိုင်းရင်းသားတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရော ၊ နိုင်ငံရေးပါတီတွေရော ဒီကိစ္စက မိမိတို့ နိုင်ငံ့ အရေးကိစ္စမှာ ဒို့အားလုံးပူးပေါင်းဆောင်ရွက် ကြမယ်ဆိုတဲ့ စိတ်ဆန္ဒမျိုးနဲ့ ဆောင်ရွက် ပေးကြပါလို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ် ခံချင်ပါတယ်။ ဒီကိစ္စအမှုမှာ နိုင်ကိုနိုင်မယ်။ Provisional Measures Stage သည် အမှုမတိုင်ခင် လိုလိုမယ်မယ် ဆောင်ရွက်တဲ့ကိစ္စဆိုတဲ့ဟာကို နားလည်သဘောပေါက်ပြီး Provisional Measures အချခံရရင်လည်း စိတ်ဓာတ်မကျပါနဲ့။ ကျွန်တော်အရင်က ပြောသလိုပဲ ရှုံးတာမဟုတ်ဘူး။ Provisional Measures မချခဲ့ဘူးဆိုရင်လည်း နိုင်ပြီလို့ မတွက်ပါနဲ့ဦး။ အမှုရှိပါသေးတယ်။ ဘယ်သူမဆို ဇန်နဝါရီလ ၂၃ ရက်နေ့မှာ သူတို့ဒီကိစ္စကို ဆုံးဖြတ်ချက်ချရင် ကျွန်တော်တို့အနေနဲ့ ရင်ဆိုင်ပါ့မယ်။ ရင်ဆိုင်နိုင်စွမ်းလည်း ရှိတယ်ဆိုတာကို ကျွန်တော် တင်ပြချင် ပါတယ်။
ဦးကိုကို ။ ။ ပြည်ထောင်စုဝန်ကြီး ယခုလို အဆုံးသတ်လေး ပြည်သူကို Message ပေးရင်း အဆုံးသတ်၊ အနားသတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ စကားဝိုင်းကတော့ တော်တော်များများလေး ပြည့်စုံတဲ့အတွက်ကြောင့် ဒီနေရာမှာပဲ စကားဝိုင်းကို ရပ်နားချင်ပါတယ်။
ထုံးစံအတိုင်း ပြောဆိုဆွေးနွေးခဲ့တာ တွေအားလုံး နိဂုံးချုပ်အနေနဲ့ ပြန်ပြောရမယ် ဆိုရင် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ချမှတ်ကောင်း ချမှတ်နိုင်တဲ့ Provisional Measures အပေါ် စိုးရိမ်စိတ်မရှိကြပါနဲ့။ ဒါသည် ဒီအမှုကြီးတစ်ခု၏ နိုင်ခြင်း၊ ရှုံးခြင်း မဟုတ်ပါဘူး။ ဒီကိစ္စသည် အမှုအပေါ်မှာ လည်း မည်သို့မျှ လွှမ်းမိုးမှုမရှိပါဘူး။ သို့သော် ပြည်ထောင်စုဝန်ကြီး ပြောသွားတဲ့အထဲမှာ အရေးကြီးဆုံးဖြစ်တဲ့ နိုင်ငံ့အရေးဆိုတဲ့ စကားလုံးလေးတစ်ခု မှတ်သားမိပါတယ်။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေအားလုံးရဲ့ အင်အားနဲ့ပူးပေါင်း ဖြေရှင်းမယ်၊ ရပ်တည်သွားမယ်။ ကျွန်တော့်အနေနဲ့ အဆုံးသတ်ချင်တာကတော့ နိုင်ငံသားတိုင်း နိုင်ငံသားတိုင်းဟာ တာဝန်ရှိပါတယ်။ ကိုယ့်နိုင်ငံရဲ့ အရေးကိစ္စကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိပါတယ်။ တာဝန်သိတဲ့ နိုင်ငံသားတွေအနေနဲ့၊ နိုင်ငံ ရေးသမားတွေပဲဖြစ်စေ၊ အဖွဲ့အစည်း အသီးသီးမှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေပဲဖြစ်စေ တာဝန်သိတဲ့ အဖွဲ့အစည်းဝင်တွေအနေနဲ့ တကယ့်ကို နိုင်ငံရဲ့အရေးကိစ္စပါ။ တာဝန်သိစိတ်အပြည့်နဲ့ ပူးပေါင်း ဆောင်ရွက်ကြ မယ်ဆိုရင် ဆရာမြသန်းတင့်ရဲ့ ဝတ္ထုကောင်းလေးတစ်ခု သတိရလိုက်တယ်၊ ဓားတောင် ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်ဆိုတဲ့ စကားလုံးကို သွားသတိရတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဓားတောင်ကိုလည်း မကြောက်ပါဘူး၊ မီးပင်လယ်လည်း မမှုပါဘူး။ တကယ်လိုအပ်တာက ပြည်သူတွေအားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ စည်းလုံးညီညွတ်မှုပါလို့ ပြောရင်းနဲ့ ကျွန်တော်တို့ရဲ့ စကားဝိုင်းကို အဆုံးသတ်ချင်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။
သတင်းအဖွဲ့
No comments:
Post a Comment