Saturday, January 17, 2015

လက်ပံတောင်းသပိတ်စခန်း နှစ်ပတ်ကျော်ကြာသည်အထိ ဖြေရှင်းပေးခြင်းမရှိသေး


စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြိုနယ် လက်ပံတောင်းတောင် စီမံကိန်းဒေသတွင် ဖွင့်လှစ်ထားသည့် သပိတ် စခန်းမှာ ဇန်နဝါရီ ၁၇ရက်အထိ နှစ်ပတ်ကျော် ကြာပြီဖြစ်သော်လည်း သက်ဆိုင်ရာက တစ်စုံတစ်ရာ လာရောက်ညှိနှိုင်း ဖြေရှင်းပေးခြင်း မရှိသေးဟု သပိတ်စခန်းမှ ဒေသခံများက မဇ္ဈိမကို ပြောသည်။

ရေပိုင်နက်ကျူးလွန်မှုကြောင့် အိန္ဒိယနိုင်ငံတွင် အကျဉ်းချခံရသူ ရေလုပ်သားများ ပြန်လည်ရောက်ရှိ

အိန္ဒိယနိုင်ငံ ရေပိုင်နက်အတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ သည့် မြန်မာနိုင်ငံသား ရေလုပ်သားများ ဇန်န၀ါရီလ ၁၇ ရက် မွန်းလွဲပိုင်းတွင် ပထမအသုတ်အဖြစ် ၁၅၀ ဦး ရန်ကုန်လေဆိပ်သို့ လေ ယာဉ်ဖြင့်ရောက်လာပြီဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများ ဖျက်သိမ်းနိုင်ရေး စာရင်းကောက်မည်


ကုလသမဂ္ဂနှင့် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနတို့က ထိုင်းနိုင်ငံ နယ်စပ် တလျှောက်ရှိ မြန်မာဒုက္ခသည်များကို စစ်ဆေး စာရင်းကောက်ယူသွား မည်ဖြစ်သည်။ ရရှိသော အချက်အလက်များက မိခင်နိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးရန်နှင့် အနာဂတ်တွင် ပိုမိုကောင်းမွန်သော လူသားချင်းစာ နာထောက်ထားမှု အကူအညီ များပေးသွားရန် ရည်ရွယ်ချက်နှင့် ဖြစ်သည်ဟုလည်း သိရသည်။

ဒုတိယမြောက် အမျိုးသား လွှတ်တော်၏ စစ်ဆေးကြားနာမှုသို့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် မလာရောက်


ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝါထရာသည် အငြင်းပွားဖွယ် ဆန်စပါး အမတော်ကြေး အစီအ စဉ် နှင့် ပတ်သက် ၍ထိုင်း အမျိုးသားဥပဒေပြုလွှတ်တော် NLA ရှေ့မှောက်တွင် ဒုတိယအကြိမ်မြောက် ကြားနာစစ်ဆေးခံရန် ဇန်နဝါရီ ၁၆ ရက် ကရောက်ရှိလာခြင်းမရှိဘဲ အဆိုပါအစီ အစဉ် တွင်ပါဝင်ခဲ့သည့် ဝန်ကြီးများကိုသာ ဖြေကြားရန် စေလွှတ်ခဲ့သည်။ ယခုကဲ့သို့ ၎င်းတက်ရောက်မ လာခြင်းအပေါ် ထိုင်းပါလီ မန် အမတ်များ ကဝေဖန် ခဲ့ကြသည်။

ပါရီတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ၁၂ ဦးကို ပြင်သစ်ရဲ ဖမ်းဆီးစစ်ကြော


ပြီးခဲ့တဲ့တပတ် ပါရီမြို့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး လူ ၁၂ ဦးကို ပြင်သစ်ရဲတွေက မနေ့ ဖမ်းဆီးလိုက်ပါ တယ်။သေနတ်သမားတွေကို လက်နက်တွေ၊ ကားတွေကို ကူညီထောက်ပံ့ပေးခဲ့ခြင်း ရှိ၊ မရှိ စစ်ကြောနေ တယ်လို့ ပြင်သစ်ရဲက ပြောပါတယ်။

မြန်မာ့ ပြုပြုပြောင်းလဲရေးအပေါ် စိုးရိမ်ဟု အမေရိကန်ပြော


မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ရှေ့ဆက်နိုင်ပ့ါမလားဆိုတဲ့အပေါ်မှာ စိုးရိမ်စရာတွေ ရှိနေတယ်လို့ မြန် မာပြည်မှာ ရောက်နေတဲ့  အမေရိကန် လူ့အခွင့်အရေးဆိုင်ရာ သံတမန်က ပြောဆိုပါတယ်။မြန်မာနိုင်ငံ ကို ရောက်ရှိနေတဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး  တွန်မာလင်နော့စကီး နဲ့ အဖွဲ့ ဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ရှေ့ဆက်နိုင်ပါ့မလား စိုးရိမ်ကြောင်း အမေရိကန် နဲ့ မြန်မာ နှစ်နိုင်ငံ အကြား လူအခွင့်အရေးဆိုင်ရာဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ ရှင်းလင်းပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မြို့နယ်နှစ်ခုတွင် လိမ်လည်မှုဖြင့် အမှုရင်ဆိုင်နေရသည့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်အား ကျပ်သိန်း ၂၅၀၀၀ ကျော် လိမ်လည်သည်ဟုဆိုကာ ဗဟန်းရဲစခန်း၌ ထပ်မံအမှုဖွင့်


ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်နှစ်ခုတွင် လိမ်လည်မှုဖြင့် အမှုရင်ဆိုင်နေရသည့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ၎င်းတို့ထံမှ စုစုပေါင်းငွေကျပ် ၂၅၃၆ သန်းကျော် (သိန်း ၂၅၀၀၀ ကျော်) လိမ်လည်သွားသည်ဟုဆိုကာ ဗဟန်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားပြီဖြစ်ကြောင်း ဇန်န၀ါရီ ၁၆ ရက်တွင် သက်ဆိုင်ရာ ရဲစခန်းက စုံစမ်းသိရသည်။

ကုလအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ကို မကျေနပ်၍ ဦးဝီရသူခေါင်းဆောင်၍ ဆန္ဒပြ


ဘင်္ဂါလီများအား နိုင်ငံ သားအခွင့်အရေးပေးရန် ကုလသ မဂ္ဂအထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်အပေါ် ဆရာတော်ဦးဝီရသူ ဦးဆောင်၍ ရာနှင့်ချီသော သံဃာတော်များနှင့် လူပုဂ္ဂိုလ်များက ရန်ကုန်မြို့တွင် ကန့်ကွက် ဆန္ဒ ပြခဲ့ကြသည်။

ဓမ္မစေတီခေါင်းလောင်းပုံရိပ်ဟု ယူဆရသောအရာကိုတွေ့ရှိဟုဆိုပြန် အတည်မပြုနိုင်မီ ခေါင်းလောင်းတွေ့ပြီဟု မပြောသင့်ကြောင်း ပညာရှင်အချို့ပြော



ဓမ္မစေတီခေါင်းလောင်း ကြီးဟု ယူဆရသောပုံရိပ်ကို ရန် ကုန်မြို့တောင်ဘက် ၁၀မိုင်အကွာ သန်လျင်ရေနံ ချက်စက်ရုံဆိပ်ကမ်းအနီး ကိုက်တစ်ရာခန့်ရှိရန်ကုန်မြစ်အတွင်း ရေအောက် ပေ ၄၀၌ တွေ့ရှိရပြီဖြစ်ကြောင်း ရှာဖွေသူပုဂ္ဂလိက သင်္ဘောအရာရှိဟောင်းဦးကျော်ဝင်း ကပြောသည်။

ဥရောပ ငြိမ်းချမ်းရေးဆုအတွက် ဆန်ကာတင်စာရင်း မြန်မာပါဝင်


ဥရောပသမဂ္ဂက ချီးမြှင့်မယ့် ၂၇ ကြိမ်မြောက် Tipperary International Peace တစ်ပရေရီနိုင်ငံတကာ ငြိမ်းချမ်းရေးဆုအတွက် မြန်မာနိုင်ငံက လူ့ အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ နောက်ဆုံးဆန်ကာတင်စာရင်းမှာ ပါရှိနေတယ်လို့သိရပါတယ်။

ရခိုင်မှာ လူ့အသိုင်းအ၀ိုင်းနှစ်ခု ရန်စောင်နေမှု Yanhee Lee အတည်ပြု


ရခိုင်ပြည်နယ်ရဲ့ ပြသနာဟာ နိုင်ငံတကာအတွက်ပါ အရှုတ်အထွေး ဖြစ်စေပြီးတော့ ကုလအဖွဲ့ဝင် နိုင်ငံအား လုံးနဲ့ ပါ သက်ဆိုင်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် က ဒီကနေ့ သူ့ရဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာ ပြောဆို သွားခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း နှစ်ဖက် အသိုင်းအဝိုင်း အကြားမှာ ရန်လိုမှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာ သူမကို ပြောဆိုခဲ့ တယ်လို့ ဆိုပါတယ်။ 

သမ္မတ ဦးသိန်းစိန် ရဲ့ ပြည်ထောင်စုနေ့မှာ အပစ်ရပ်ရေးအိပ်မက် ဘာဆက်ဖြစ်မလဲ


ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ၆၈ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရန် နီးကပ်လာ ပြီဖြစ်သည်။ ယခုနှစ် ပြည်ထောင်စုနေ့၏ ထူးခြားမှုသည် နှစ်ပေါင်း ၆ဝကျော်ဖြစ် ပွားခဲ့ သည့် ပြည်တွင်း စစ်ပွဲများကို ရပ် တန့်စေမည့် အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ် ဆိုရန် သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များကို ကမ်းလှမ်းထားသည်။

လူ့အခွင့်အရေးဆိုင်ရာအခြေအနေ စိုးရိမ်ပူပန်စရာအဆင့်ရှိနေကြောင်း ရန်ဟီးလီပြောကြား


မျိုးစောင့်ဥပဒေအပါ အ၀င် ဥပဒေကြမ်းအချို့၊ ကချင် ပြည်နယ်မှ တိုက်ခိုက်မှုများ၊ လက်ပံတောင်းတောင်စီမံ ကိန်းအပါအ၀င် မြေယာဆိုင်ရာပြဿနာများ၊ မီဒီယာ လွတ်လပ်ခွင့်၊ ရခိုင်ပြည် နယ်ရှိ အသိုက်အ၀န်းနှစ်ခုကြား ပဋိပက္ခ၊ နိုင်ငံရေး အကျဉ်းသား ဆိုင်ရာစသည်တို့အပါအ၀င် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးဆိုင်ရာ အခြေ အနေများမှာ စိုးရိမ်ပူပန် စရာအဆင့်၌ ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂလူ့ အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီကပြော ကြားသည်။

မျှတလွတ်လပ်သော ရွေးကောက်ပွဲဖြစ်ရန် မီဒီယာများဘက်မလိုက်ဘဲ အပြုသဘောဆောင်ရန်လိုဟု ဦးတင်အေးပြော


လွတ်လပ်ပြီး တရားမျှ တမှုရှိသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရန် သတင်းမီဒီယာများ အနေဖြင့် ဘက်လိုက်မှုမရှိဘဲ အပြုသဘော ဆောင်သည့် သတင်းများ ရေးသား ဖြန့်ဝေပေးရန် လိုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးဖြစ်ထွန်းမည် ဆိုပါက မည်သည့် ပါတီ၊ မည်သည့် အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား


ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးဖြစ်ထွန်းမည် ဆိုပါက မည်သည့် ပါတီ၊ မည် သည့် အဖွဲ့အစည်းနှင့်မဆို မိတ်ဖက်အဖြစ် သဘောထားကာပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌသူရဦးရွှေမန်းက ပြော ကြားသည်။

ဖားကန့်မြို့နယ်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦးအား လက်လုပ်မိုင်းများနှင့်အတူ ဖမ်းဆီးရမိ



အကြမ်းဖက် တိုက်ခိုက်မှု လက်တွဲ ကာကွယ်ဖို့ အိုဘားမားနဲ့ ကင်မရွန်း ပြော


ဥရောပတလွှားမှာ ရဲတွေက အကြမ်းဖက်သမားလို့ သံသယရှိသူ ဒါဇင်နဲ့ ချီပြီး ဖမ်းဆီးနေချိန်မှာပဲ အစ္စလာမ် အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့နဲ့ အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုတွေကို တိုက်ဖျက် ဖို့အတွက် အမေရိကန်ပြည်ထောင်စု နဲ့ ဗြိတိန် နိုင်ငံတွေ လက်တွဲ ဆောင်ရွက် မှာဖြစ်ကြောင်း ကြေညာ လိုက်ပါတယ်။

Friday, January 16, 2015

ဗဟိုချုပ်ကိုင်မှုကြီးသည့်စနစ်မှလာ၍ အစိုးရမှပြုပြင်ပြောင်းလဲရေးအတွက် စိုးရိမ်မှုရှိနိုင်ဟု ဦးရဲထွဋ်ဆို


လက်ရှိအစိုးရသည်ဗဟိုချုပ်ကိုင်မှုကြီးမားသည့်စနစ်မှလာသည့်အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် စိုးရိမ်မှုများရှိနိုင်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က ပြောကြားလိုက်သည်။

တောင်ကိုရီးယား တပ်မတော်အကြီးအကဲ မြန်မာပြည်လာမည်


တောင်ကိုရီးယားလက်နက်ကိုင်တပ်ဖွဲ့များရဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ချွိုင်ယွန်ဟီးဟာ နှစ်နိုင်ငံ စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင် ဖို့ မြန်မာနိုင်ငံကို ၃ ရက်ကြာ လာရောက်မယ်လို့ တောင်ကိုရီးယား မီဒီယာတွေက ဖော်ပြပါတယ်။

ပြည်ခိုင်ဖြိုးပါတီသည် အားကိုးရာအဖြစ် ပြည်သူကို စည်းရုံးရန် ပါတီဥက္ကဋ္ဌ ဦးရွှေမန်း ညွှန်ကြား


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည်သာ ပြည်သူလူထု၏ အားကိုရာအဖြစ် စည်းရုံးရန် ပါတီဥက္ကဋ္ဌဖြစ် သူနှင့် ပြည်ထောင်စု လွှတ်တော် နာယက ဖြစ်သူ သူရဦးရွှေမန်းက ဇန်နဝါရီ ၁၆ ရက် နေပြည်တော်တွင် ပြုလုပ်သည့် ပါတီဗဟိုကော်မတီ နှစ်ပါလည် မိန့်ခွန်းတွင် ထည့်သွင်း ညွှန်ကြားလိုက်သည်။

ရမယ်ရှာ လှည့်ကွက်လေလား


ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အရှိန်အဟုန်မြှင့်ပြုလုပ်ခဲ့သော်လည်း မြင်သာထင်ရှားသော တိုးတက်မှုမရှိခဲ့ သည့် နှစ်တစ်နှစ်ကုန်ဆုံးပြီး ရက်ပိုင်းအတွင်းမှာပင် အစိုးရနှင့် ထိပ်တိုက်တွေ့ဆုံမှု အများဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နှင့် ပတ်သက်သည့် အငြင်းပွားဖွယ်ရာကိစ္စတစ်ခု ပေါ်ပေါက်လာသည်။

လုံးခင်းရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရပြီး ၄ ဦးဒဏ်ရာရ


စစ်တပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲများပြင်ထန်းနေတဲ့ ဖားကန့်မြို့နယ် လုံးခင်းရဲစခန်ဝန်းအတွင်းမှာ မနေ့ညနေ ၆ နာရီခန့်က ဗုံးတလုံးပေါက်ကွဲခဲ့ပြီး ရဲဝန်ထမ်း မိသားစုဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ လုံးခင်း ရဲစခန်းက ဧရာဝတီကို အတည်ပြုပြောဆိုပါတယ်။

မြန်မာ့တပ်မတော်က အမျိုးသမီးတွေရဲ့ တွေးခေါ်မြော်မြင်ရေးကို ကန့်သတ်လိုတာလား


ဒီနှစ် ဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းတွေ ခေါ်ယူရာမှာ ရရှိထားတဲ့ ဘွဲ့အမျိုးအစား ကန့်သတ်မှုတွေ ပါဝင်နေခြင်းက နောက်ဆက်တွဲ စဉ်းစားဖွယ်ရာများ ရှိလို့နေပါတယ်။ အဓိကအနေနဲ့ အဲဒီ လျှောက် လွှာခေါ်ယူရာမှာ ၀ိဇ္ဇာဘာသာ ရပ်ထဲက တွေးခေါ် မြော်မြင်ရေးကို အဓိကထား သင်ကြားပေးတဲ့ ဒဿနိက ဗေဒပညာရပ် (Philosophy) ဘာသာရပ်နဲ့ ဘွဲ့ရထားသူတွေ မပါဝင်လို့ပဲ ဖြစ်ပါတယ်။

အရပ်ဘက် လူမှုအဖွဲ့များ လှုပ်ရှားမှု အာဏာပိုင်များ စောင့်ကြည့်လာ

 
အရပ်ဘက် လူမှုအဖွဲ့အစည်း(CSO) များ၏ လှုပ်ရှားမှုများကိုအာဏာပိုင်များက စောင့်ကြည့်မှုများ ပြုလုပ်နေ၍ လုံခြုံမှု မရှိသည့် အခြေအနေမျိုး ကြုံတွေ့နေ ရကြောင်း CSO များက ပြောသည်။ လယ်ယာမြေ အသိမ်းခံရ မှုများနှင့်ပတ်သက်ပြီး အကူအညီပေးနေသည့် တို့မြေကွန်ရက် အဖွဲ့ဝင် ကိုစည်သူက “အရင်တုန်းက အဝေး က လိုက်တာပဲ ရှိတယ်။ 

မီဒီယာများ ဘက်မလိုက်ကြရန် ရွေးကောက်ပွဲကော်မရှင် တိုက်တွန်း


၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဘက်မလိုက်ကြဘဲ မျှမျှတတ ရေးသားပေးဖို့  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မီဒီယာတွေကို တိုက်တွန်းပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် တေးသီချင်းသစ်များ” တေးစီးရီး ဗိုလ်ချုပ်မွေးနေ့အမီ ထွက်မည်

ဒါရိုက်တာ မောင်သူရ (လူရွှင်တော် ဇာဂနာ) စီစဉ်ပြီး Bo Bo Entertainment မှ ထုတ်လုပ်ဖြန့်ချိ သွားမည့် “ဗိုလ်ချုပ် အောင်ဆန်း နှစ် ၁၀၀ ပြည့် တေးသီချင်း သစ်များ” အမည်ရှိ တေးစီးရီးခွေ Audio CD ကို ယခုလ ၂၀ ရက်နေ့မှ စတင်ကာ မြန်မာတနိုင်ငံလုံးသို့ ဖြန့်ချိသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၅ ရွေးကောက်ပွဲ၊ ကြံ့ခိုင်ရေးရဲ့ ဗျူဟာနဲ့ အတိုက်အခံတို့ အကျပ်အတည်း


၂၀၁၅ ရွေးကောက်ပွဲဟာ ဒီနှစ်အကုန် နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေထဲ လုပ်မယ် လို့ နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အကြမ်းဖျင်း ကြေညာထားပါတယ်။ ဒီကြေညာချက်ဟာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဝင်၊ မဝင် မဆုံးဖြတ် ရသေးဘူး၊ ရွေးကောက်ပွဲရက်နဲ့ စည်းမျဉ်းစည်းကမ်းတွေက ဘယ်မှာမှန်းတောင်  မသိသေးဘူးလို့ ပြောလိုက်အပြီး ဆက်တိုက် ပေါ်ထွက် လာတာပါ။

လက်နက်ကြီးပစ်ခတ်မှုကိစ္စ ဆွေးနွေးပြီးဖြစ်ကြောင်း ကယားဝန်ကြီးချုပ် ပြောကြား


ဒီမောဆိုမြို့နယ် ဒေါတမကြီးကျေးရွာမှာ အမှတ် ၁၄ တန်းမြင့် သင်တန်းကျောင်း က လက်နက်ကြီး စမ်းသပ် ပစ်ခတ်မှုကြောင့် ဒေသခံတွေ စိုးရိမ်ကြောက် လန့်နေတာကို စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေ နဲ့  ညှိုနှိုင်းဆွေးနွေးပြီးဖြစ်တယ်လို့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဧပြီလတွင် ကျင်းပရန်စီစဉ်ထားကြောင်း သူရဦးရွှေမန်းပြော


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအား ယခုနှစ်ဧပြီလအတွင်း ကျင်းပ ရန်စီစဉ်ထားကြောင်း ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေမန်း က ပြောကြားခဲ့ကြောင်း သိရသည်။ ''ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းပြော သွားတာ ရှိပါတယ်။ 

အိန္ဒိယဝန်ကြီးချုပ်မိုဒီအား တရားစွဲဆိုထားမှု အမေရိကန်တရားရုံးပယ်ဖျက်


၂ဝဝ၂ ခုနှစ် ဂူဂျာရက် အဓိက ရုဏ်းဖြစ်ပွားစဉ်က လူသားချင်းစာ နာထောက်ထားမှု မရှိသော ရာဇဝတ် မှုများကြောင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ အား တရားစွဲဆိုမှုကို အမေရိကန် တရားသူကြီးကပယ်ဖျက် လိုက်ကြောင်း BBC သတင်းများအရ သိရသည်။

ခြောက်ပွင့်ဆိုင်ဆွေးနွေးရေးအား ၄၈ ဦး တွေ့ဆုံမှုအဖြစ် အစားထိုးရှောင် ရှားခြင်းမျိုး မဖြစ်သင့်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ပြည်ထောင်စုလွှတ်တော်မှ အ တည်ပြုထားသော ခြောက်ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေးအား နေပြည်တော် သမ္မတအိမ်တော်တွင် ဇန်နဝါရီ ၁၂ ရက် က ကျင်းပခဲ့သော ၄၈ ဦး တွေ့ဆုံမှုအဖြစ် အစားထိုး ရှောင်ရှားခြင်း မျိုး မဖြစ်သင့်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။

၂​၀​၁​၅ ရွေး​ကောက်​ပွဲ​မှာ ပြည်​ခိုင်​ဖြိုး အနေ​နဲ့ အခက်​အခဲ ရှိ​နိုင်


ပြည်ခိုင်ဖြိုး ဟာ စည်းရုံးမှု အနေအထား မှာ လူထုနဲ့ နီးနီးစပ်စပ် ရှိနေတယ် လို့ ဦးအောင်သောင်း က ဆိုပါ တယ်။အာဏာရ ပြည်ခိုင်ဖြိုး ပါတီ ရဲ့ နှစ်ပတ်လည် ဗဟို ကော်မတီ အစည်းအဝေး ကို ဇန်နဝါရီ ၁၆ ရက်က စလို့ နေပြည်တော် မှာ ၃ ရက်ကြာ ကျင်းပ ပါလိမ့်မယ်။

မန္တလေး ပညာရေး ကွန်ရက်အလှူငွေနှင့် ဂီတပွဲမှ ယာယီစာရင်းအရ ကျပ်သိန်း ၅၀၀ ကျော်ရရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရန်ပုံငွေ Iron Cross ဂီတဖျော်ဖြေပွဲလက်မှတ် ၆,၀၀၀ တွင် အစောင် ၃,၅၀၀ သာ ရောင်းချခဲ့ ရပြီး ဖျော်ဖြေပွဲရန်ပုံငွေနှင့် လှူဒါန်းငွေ စုစုပေါင်းမှာ ဇန်န၀ါရီ ၁၅ ရက် စာရင်းအရ ကျပ်သိန်း ၅၀၀ ကျော်သာ ရရှိသေးကြောင်း ပညာရေးကွန်ရက်(အထက်မြန်မာပြည်) ဘဏ္ဍာရေး တာဝန်ခံ ဦးမျိုးနိုင်က မဇ္ဈိမကို ပြောသည်။

နှစ်တစ်ရာပြည့် အထိမ်းအမှတ် ဗိုလ်ချုပ်ကြေးရုပ်ထားရှိရန် မြေနေရာမရလျှင် ဆန္ဒပြမည်


ကျောက်ဆည်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် ကြေးရုပ်တုထားရှိရန် မြေနေ ရာတောင်းဆိုမှု မရလျှင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံ ဆန္ဒပြတောင်းဆိုသွားမည်ဟု နှစ်တစ်ရာပြည့် ဗိုလ်ချုပ်ကြေး ရုပ်ဖြစ်မြောက်ရေး ကော်မတီ တာဝန်ခံ ဦးစိုးသီဟ ၈၈ ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း (ကျောက်ဆည်) က ပြောသည်။

အမျိုးသားပညာရေးမူဝါဒ ဥပဒေများတွင် အချက် ၁၁ ချက် ထည့်သွင်းပြင် ဆင်ပေးရန် တောင်းဆိုထား


ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နှင့် ၎င်းသမဂ္ဂများ တည်ရှိ မှုအပေါ် တရားဝင် အသိအမှတ်ပြုရေး အပါအဝင် ဒီမိုကရေစီ ပညာရေးစနစ်ကို ဖော်ဆောင်နိုင်မည့် အမျိုးသား ပညာရေးမူဝါဒ ဥပဒေများ ပေါ်ပေါက်လာရန် အချက် ၁၁ ချက်ကို သက်ဆိုင်သူများနှင့် အဖြေရှာ မည်ဟု ဇန်န၀ါရီလ ၁၅ ရက်က ကြေညာလိုက်သည်။

ကြံ့ခိုင်ရေးပါတီဝင် လယ်သမား ခှနစ်ရာကျော် ပါတီဝင်အဖြစ်မှ နုတ်ထွက်မည်ဟုဆို


လယ်ယာမြေများ သိမ်းဆည်းခံထားရသည့် ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် လယ်သမား(၇၀၀)ကျော်သည် လယ်ယာမြေအရေး အစိုးရက မဖြေရှင်းပါက လာမည့်မတ်လကုန်တွင် ပါတီဝင်အဖြစ်မှ နုတ်ထွက်မည်ဟု ထိုဒေသရှိ ပါတီဝင်လယ်သမား ခေါင်းဆောင် များကပြောသည်။

၆၃ ကြိမ်မြောက် ကယားပြည်နယ်နေ့ စည်စည်ကားကား ကျင်းပ

ဇန်န၀ါရီ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ၆၃ ကြိမ်မြောက် ကယားပြည် နယ်နေ့ ခေါ် ကယားဒေး ပွဲတော်ကို မြို့တော် လွိုင်ကော်မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပနေပါတယ်။ ဇန်န၀ါရီ ၁၀-၁၆ ရက်နေ့အထိ ကျင်းပတဲ့ ဒီပွဲမှာ အားကစား၊ ရိုးရာဝတ်စားဆင် ယင်မှု၊ အက စပါး ထောင်း ပြိုင်ပွဲ၊ လက်ဝှေ့နဲ့ ဖြေဖျော်ပွဲတွေကို ထည့်သွင်း ကျင်းပသလို ပြည်နယ် တ၀န်းက ဒေသခံ တွေ လာရောက်ကြတယ်လို့ ပြည်နယ် အခြေစိုက် သတင်းထောက်က ပြောပါတယ်။

အကြမ်းဖက်သမားများကို စစ်ရေးအရှိန်မြှင့်မည်ဟု ယူကရိန်းသမ္မတပြော


လူ ၁၁ ဦး သေဆုံးခဲ့ရတဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်း ခရီးသည်တင်လိုင်းကားတစီး ကို အမြောက်နဲ့ ပစ်ခတ်မှု အပေါ် သမ္မတ ပိုရိုရှန်ကိုက ရှုတ်ချလိုက်ပြီး အကြမ်းဖက်သမားတွေကို စစ်ဆင် ရေး အရှိန်မြှင့်သွားမယ် လို့ ပြောပါတယ်။

အကြမ်းဖက်အဖွဲ့နှိမ်နင်းရေး နိုင်ဂျီးရီးယားအစိုးရ နိုင်ငံတကာ အကူအညီတောင်းခံ


နိုင်ဂျီးရီးယားနိုင်ငံမှာ ဆူပူသောင်းကျန်းနေတဲ့ ဘိုကိုဟာရမ်အဖွဲ့ကို နှိမ်နင်းနိုင် ဖို့ နိုင်ငံတကာ က ကူညီကြဖို့ အစိုးရက တောင်းဆိုပါတယ်။ ဒီလဆန်း ၃ ရက်နေ့က နိုက်ဂျီးရီးယား အရှေ့မြောက်ဘက် ချဒ်နိုင်ငံနယ်စပ် ကမ်းခြေက Baga မြို့မှာ လူမျိုးတုန်းသတ်ဖြတ်မှုလို့ သံသယဖြစ်ဖွယ် အခင်းမှာ ဘယ်နှစ်ဦးသေဆုံး ဒဏ်ရာရ တယ်ဆိုတာကို မသိနိုင်သေးပေမယ့် နိုင်ငံတကာ သတင်းဌာနကြီးတွေကတော့ လူ ၂ ထောင်လောက် အထိ သေဆုံးနိုင်သလို သောင်းနဲ့ချီပြီး အမြောက်အမြား အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဖော်ပြနေကြ ပါတယ်။

ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် စာရေးဆရာထင်လင်းဦး၏ ငါးကြိမ်မြောက် ရုံးချိန်းအပြီးတွင် ဦးထင်လင်းဦးက သံဃာတော်များအား ကန်တော့တောင်းပန်



ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ -က၊ ၂၉၈ တို့ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တရား ရုံးတွင် တရားစွဲဆိုခံထားရသည့် စာရေးဆရာ ဦးထင်လင်းဦး၏အမှုအား ငါးကြိမ်မြောက်ရုံးချိန်းအဖြစ် ဇန်နဝါရီ ၁၅ ရက်တွင်စစ်ဆေးခဲ့ပြီးနောက် အာမခံလျှောက်ထားခဲ့ရာ မြို့နယ်တရားရုံးက ထပ်မံပယ်ချခဲ့ပြီး အမှုရုံးချိန်းအပြီးတွင် စာရေးဆရာ ဦးထင်လင်းဦးက သံဃာတော်များအား ကန်တော့တောင်းပန်မှုပြုလုပ် ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံဝင်းတံခါး ကျောက်ခဲဖြင့် ပစ်ပေါက်သော စိတ်မနှံသူကို ရွာသာကြီးသို့ပို့


ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံအမှတ်(၅၄) ခြံတံခါးကို စိတ်မနှံ့သော လူတစ်ဦးက ကျောက်ခံဖြင့် ပစ်ပေါက်မှု ဖြစ်ပွားရာ တံခါးကျိုးပဲ့သွားပြီး စိတ်မနှံ့သူအား ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့က ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

ဖားကန့်ဒေသတွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားအစိုးရစစ်တပ်နှင့် ကေအိုင်အေ တို့ ဇန်နဝါရီ ၁၅ ရက် တစ်နေ့လုံး တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံး ဒဏ်ရာရရှိ မှုများရှိကာ ဒေသခံ ၁,၀၀၀ နှင့် ခရီးသည်တင်ကား အစီး ၁၀၀ ခန့် ပိတ်မိခဲ့


ရဲတပ်ဖွဲ့ဝင်သုံးဦးကို ကချင်လွတ်မြောက်ရေး တပ်မ တော်(ကေအိုင်အေ)က ဖမ်းဆီး ထိန်းသိမ်းပြီး တစ်ရက် အကြာ ဇန်န၀ါရီ ၁၅ ရက် တစ်နေ့လုံး အစိုးရစစ်တပ်နှင့် ကေအိုင်အေ တို့ကြား ဖားကန့်ဒေသ၌ တိုက်ပွဲ များ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

နိုင်ငံရေး ဗဟုသုတစစ်တမ်း


ပြောင်းလဲနေတဲ့ မြန်မာပြည်အကြောင်း နိုင်ငံသူနိုင်ငံသားတွေ ဘယ်လောက် နားလည်သဘောပေါက်တယ်ဆိုတာကို သိရှိနိုင်ဖို့အတွက် အမေရိကန် အခြေစိုက် Asian Foundation အဖွဲ့က စုံစမ်းပြီး လွန်ခဲ့တဲ့ ဒီဇင်ဘာလက စာမျက်နှာ တရာကျော်စစ်တမ်းကို ထုတ်ဝေထားပါတယ်။ မေလ က ဇွန်လအထိ တိုင်းနဲ့ပြည်နယ် (၁၄) ခုမှာ လူပေါင်း သုံးထောင်ကျော်ကို စိတ်ရှည်လက်ရှည် တွေ့ဆုံမေးမြန်းပြီး ရေးထားတဲ့ အစီရင်ခံစာဖြစ်ပါတယ်။ ပြည်သူလူထုဟာ စိတ်ထဲရှိတာကို ပြောရဲပေမယ့် အစိုးရသက်တမ်းနုပြီး ပြည်သူ့သဘောထား ကောက်ယူတဲ့ အစီအစဉ်မရှိခဲ့တာမို့ အများစုဟာ နိုင်ငံရေးဗဟုသုတ နည်းပါးကြတယ်လို့ ဆိုပါတယ်။

ရက် ၆၀ အထိ တုံ့ပြန်မှုမရှိပါက သပိတ်မှောက်ဆန္ဒပြမှုများ ကျောင်းသားများ ဆက်လုပ်သွားမည်


အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်ဆန္ဒပြခဲ့ ကြသည့် တက္ကသိုလ်ကျောင်း သားများက အစိုးရ၊ တာဝန်ရှိသူ များနှင့် တွေ့ဆုံညှိနှိုင်းရန် တောင်းဆိုထားသည့် ရက် ၆၀ ပြည့်မည့် ဇန်န၀ါရီ ၁၆ ရက်အထိ တုံ့ပြန်မှု ကို စောင့်ဆိုင်းသွားမည်ဖြစ်ပြီး တွေ့ဆုံညှိနှိုင်းခြင်း မပြုပါက သပိတ်မှောက်ဆန္ဒပြမှုများ ဆက် လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

Thursday, January 15, 2015

လူ့အခွင့်အရေးကိစ္စ မြန်မာဘက်က ဆက်ကြိုးစားရမယ့်အရာဟု ဝန်ခံ


မြန်မာ့လူ့အခွင့်အရေးအခြေအနေအပေါ် နိုင်ငံတကာက မေးခွန်းထုတ်နေချိန်၊ ရွေးကောက်ပွဲနီးကပ်လာနေပြီး ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အစိုးရက ဟန့်တား ဖမ်းဆီးအရေးယူမှုတွေ တိုးမြှင့်လုပ်ဆောင်လာချိန်မှာ လူ့အခွင့်အရေးကိစ္စက ဆက်ပြီးကြိုးပမ်းသွားရမယ့်အရာတွေပါလို့ ဇန်နဝါရီ ၁၄ရက်နေ့မှာ စတင်ကျင်းပတဲ့ ဒုတိယအကြိမ်အမေရိကန်-မြန်မာလူ့အခွင့်အရေးဆွေးနွေးပွဲမှာ မြန်မာအစိုးရက ဝန်ခံပြောဆိုခဲ့ပါတယ်။

နတ်မောက်ရှိ ဗိုလ်ချုပ်နေအိမ်တွင် နှစ်၁ဝဝပြည့် ကျောက်စာတိုင် စိုက်ထူရန် ခွင့်ပြုချက်မရသေးဟုဆို


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဗိုလ်ချုပ်နေအိမ် (ယခု ဗိုလ်ချုပ်နေ အိမ်ပြတိုက်)တွင် ဗိုလ်ချုပ်နှစ် ၁ဝဝ ပြည့် ကျောက်စာတိုင် စိုက်ထူနိုင်ရန် ယဉ်ကျေးမှုဝန်ကြီးဌာနအား ဒီဇင်ဘာလအတွင်း ခွင့်ပြုချက်တင် ထားပြီး ယနေ့အချိန်အထိ ခွင့်ပြုချက်မရသေးကြောင်း ဗိုလ်ချုပ်ရာပြည့်ပွဲတော် ကျင်းပရေးကော်မတီမှ သိရသည်။

ပညာရေး ၀န်ကြီးဌာနက အခမဲ့မူကြိုကျောင်း(၂၀၀၀၀) ကို (၅) နှစ် စီမံကိန်းချ၍ ဖွင့်လှစ်ရန်စီစဉ်


အဆိုပါ စီမံကိန်းအရ ၂၀၁၅-၁၆ နှင့် ၂၀၁၆-၁၇ ပညာသင်နှစ်များတွင် မူကြိုကျောင်းပေါင်း သုံးထောင်စီကို လည်းကောင်း၊ ၂၀၁၇-၁၈ နှင့် ၂၀၁၈-၁၉ ပညာသင်နှစ်များတွင် ကျောင်းပေါင်း လေးထောင်စီကို လည်းကောင်း၊ ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ကျောင်းပေါင်း ခြောက်ထောင်ကို လည်းကောင်း တိုးချဲ့ ဖွင့်လှစ်ထားမည် ဖြစ်ပြီး၊ ဖွင့်လှစ်ရန် ဆန္ဒရှိသည့် မူကြိုကျောင်းများကို မြို့နယ် အလိုက် စာရင်း ကောက်ယူပြီး ဗဟိုမှ ခွဲတမ်းချ ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

My Blog List