Thursday, June 21, 2012

ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ နဲ့ ဒေါ်အောင်ဆန်းစုကြည်


ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ အောက်စဖို့ တက္ကသိုလ်ကြီးမှာ ယနေ့ မြန်မာစံတော်ချိန် ၅ နာရီလောက် က ဒေါ်အောင်ဆန်းစုကြည်အား ၁၉၉၃ ခုနှစ်ကတည်းက ပေးအပ်ထားသည့် Honorary Doctorate in civil law ဂုဏ်ထူးဆောင် ဒေသန္တရ ဥပဒေဆိုင်ရာ ပါရဂူဘွဲ့ ကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်က လက်ခံယူသည့် အခမ်းအနား ဓာတ်ပုံများပါ။

မြန်မာရေလုပ်သား ၂ ဦး ဓာတ်လိုက်သေဆုံး


ထိုင်းနိုင်ငံ ဖူးခက်ဒေသမှာ ပင်လယ်ထဲ ငါးဖမ်းနေတဲ့ မြန်မာအလုပ်သမား ၂ ယောက်ဟာ ဓာတ်လိုက်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

အခင်းဖြစ်တဲ့ နေရာကို ထိုင်းအာဏာပိုင်တွေကလည်း သွားရောက် စစ်ဆေးခဲ့တယ်၊ သေဆုံးသွားသူတွေမှာ ဒဏ်ရာ ဒဏ်ချက်တွေ မတွေ့ရဘူး၊ ဓာတ်လိုက်သေဆုံးတာ မှန်ကန်တယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း မင်ဒဲလားနှင့် ကျပ်တစ်သောင်းတန် (မောင်ဝံသ)


ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မောင်ဝံ၀ံသ ပြောချင်လွန်းလို့ ဆောင်းပါး။

တစ်သောင်းတန်နဲ့ ဗိုလ်ချုပ်ပုံ

ကျပ်တစ်သောင်းတန် ငွေစက္ကူထုတ်တဲ့သတင်းကြေညာပြီလို့ ကြားကြားချင်း မေးမိတာက ငွေစက္ကူဒီဇိုင်းမှာ ဘယ်လို ရုပ်ပုံပါသလဲဆိုတာပဲဗျ။ ကျွန်တော်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာပဲ ငွေစက္ကူအပေါ်က ရုပ်ပုံတွေအကြောင်းဆောင်းပါး ရေးခဲ့သေးတာကိုး။

သည်တော့ အခု တန်ဖိုးအကြီးဆုံး (လို့ယူဆရတဲ့) တစ်သောင်းတန် ငွေစက္ကူ ထုတ်မယ်ဆိုတော့ အများမျှော် လင့်နေသလို အမျိုးသား ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ နဲ့ ထုတ် လိုက်လေ မလားလို့ ထင်မိခဲ့တာဗျ။ ခုတော့ ဆင်ဖြူတော်နှစ်ကောင်ပုံနဲ့ ထုတ်လိုက် တာ ဆိုတော့ ငွေ စက္ကူတွေပေါ် မှာ တိရစ္ဆာန် တစ်မျိုး ထပ်မံတိုးပွား လာတာပဲပေါ့ဗျာ။

မွန်ပြည်နယ်က တိရိစ္ဆာန်များ စာဖတ်တတ်တယ်


ဖေ့စ်ဘုတ်မှာ တွေ့ရှိတဲ့ ထူးခြားတဲ့ ဆိုင်းဘုတ်တခုပါ။ မြန်မာနိုင်ငံက တိရိစ္ဆာန်တွေ စာဖတ်တတ်တာ အခုမှ သိတော့တယ်။

စစ်တွေမြို့ငြိမ်းချမ်းရေး မြို့နယ်သံဃာထု က သမ္မတထံ တင်ပြ


စစ်တွေမြို့ပေါ်မှာနေထိုင်ကြတဲ့ ရခိုင်လူမျိုးတွေနဲ့ တစ်ခြားမြန်မာ တိုင်းရင်းသားတွေ ငြိမ်းချမ်းစွာ နေထိုင် နိုင်ရေးအတွက် စစ်တွေမြို့နယ် ဂိုဏ်းပေါင်းစုံကျောင်းထိုင်ဆရာတော်များအဖွဲ့မှ ပြည်နယ်အစိုးရ အဖွဲ့နဲ့ နိုင်ငံတော်သမ္မထံ ဇွန်လ(၁၉) ရက်နေ့စွဲနဲ့ တင်ပြ တောင်းဆိုလိုက်ကြ ပါတယ်။

ဆရာတော်တွေရဲ့တောင်းဆိုချက်တွေထဲမှာ- ဘင်္ဂါလီလူမျိုးတွေကို စစ်တွေမြို့ကနေ အလှမ်းဝေးတဲ့ နေရာ တစ်နေရာမှာ သီးခြားနေထိုင်ခွင့် ချထား ပေးဖို့ ၊

ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာ မီးရှို့ခံရသည့် အိမ်ခြေ ၄၀ ရှိဟုဆို





ဇွန် ၁၉၊ ၂၀၁၂ ၊ YPI

ဇွန်လ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာတွင်ဖြစ်ပွားသည့် နေအိမ်မီးရှို့မှုတွင် လောင်ကျွမ်းသွားသည့် နေအိမ် အရေအတွက်မှာ နိုင်ငံပိုင် သတင်းစာတွင် ဖေါ်ပြသကဲ့သို့ ၁၂ လုံးမဟုတ်ပဲ အိမ်ခြေ ၄၀ နီးပါး ရှိသည်ဟု အမည်မဖေါ်လိုသူ ယင်းကျေးရွာသားတဦးက YPI သို့ပြောသည်။

“ဖြစ်တာက ကျောင်းဆရာဟောင်း ဥိးအေးမောင်က ရှို့တာ၊

ရသေ့တောင်မြို့ ကူတောင် အဓိကရုဏ်း မှာ သေဆုံးသူ ရခိုင်အလောင်းများ ရှာမတွေ့ 

ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ရသေ့တောင်မြို့ ကူတောင်ကျေးရွာ ဘင်္ဂလီမူဆလင်-ရခိုင် အရေးအခင်းတွင် ရခိုင် ၁၁ဦးနှင့် ဘင်္ဂလီမူဆလင် ၂ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူ ရခိုင် ၁၁ဦးတွင် ကျောင်းအုပ်ဆရာ ဦးဟန်သာ ၁ဦး၏ အလောင်းကိုသာ စစ်တပ်မှ ရရှိခဲ့ပြီး၊ ကျန်လူ ၁၀ဦး အလောင်းများမှာ လုံးဝရှာမတွေ့တော့ကြောင်း သိရှိရသည်။

ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်တွေ ဒေါ်စု ထောက်ပြ

ဓာတ်ပုံ ASSOCIATED PRESS
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာပဲ လန်ဒန်စီးပွားရေး တက္ကသိုလ်မှာ ပြုလုပ်တဲ့ နှီးနှောဖလှယ်ပွဲ တက်ရောက်ခဲ့ပြီး တော့ အဲဒီ နှီးနှောဖလှယ်ပွဲ အတွင်းမှာပဲ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေမှာ အခြေခံကျကျ အပြောင်း အလဲတွေ လိုအပ်နေတုန်းပဲဖြစ်သလို  ဒီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ လူထုကိုပါ အကျိုးရှိစေမယ့် အစီအစဉ်တွေ ဖြစ်ဖို့ လိုအပ်မယ်လို့လည်း ပြောဆိုခဲ့ပါ တယ်။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မြို့ ရောက်ရှိ

AFP
၎ ရက်တာ ဗြိတိန်နိုင်ငံ ခရီးစဉ်အတွက် ဇွန်လ ၁၉ ရက်နေ့က လန်ဒန်မြို့ကို ဒေါ်အောင်ဆန်းစုကြည် စတင်ရောက်ရှိလာစဉ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိုင်ယာလန်နိုင်ငံကနေ သူ ၂၄ နှစ်ကြာ ခွဲခွာခဲ့တဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ဒီကနေ့ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။

မနက်ဖြန် နေ့လည်ပိုင်းမှာ အောက်စ်ဖို့မြို့မှာ ကျင်းပမယ့် မိသားစုနဲ့ ပြန်လည်ဆုံဆည်းပွဲ အခမ်းအနားကို တက်ရောက် မှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီမြို့မှာ နေထိုင်နေတဲ့ သားငယ် ကင် ဟာ မိသားစုပြန်လည် ဆုံဆည်းပွဲကို တက်ရောက်မှာ ဖြစ်ပေမယ့် အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်မှာ နေထိုင်နေတဲ့ သားအကြီး Alexander ကတော့ လာ မလာ မသေချာသေးဘူးလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၆၇ နှစ်ပြည့်မွေးနေ့ အခမ်းအနား ကျင်းပ

RFA
၂၀၁၂ ခုနှစ် ဇွန်လ ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် (၆၇) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အမေ့မေတ္တာ အခမဲ့ပညာဒါန ကျောင်းဖွင့်ပွဲကို ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်တွင် ကျင်းပနေစဉ်။
ဇွန်လ ၁၉ ရက်နေ့ ဒီကနေ့မှာ ကျရောက်တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည့်မွေးနေ့ (မြန်မာနိုင်ငံအမျိုးသမီးများနေ့) အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာ ကျင်းပခဲ့ပါတယ်။

UWSA နဲ့ SSA ကြား တင်းမာမှုကြောင့် ထိုင်းတပ်တွေ အသင့်ပြင်နေ

(Photo-RFA/KMZ)
ထိုင်းမြန်မာနယ်စပ်မှာ UWSA ၀ ပြည်သူ့တပ်မတော် နဲ့ SSA ရှမ်းပြည် တပ်မတော် တို့ကြား အခြေအနေ တင်းမာနေတဲ့အတွက် တကယ်လို့ ထိပ်တိုက် ရင်ဆိုင်မှုတွေဖြစ်ပွားလာရင် စစ်ပြေး ဒုက္ခသည်တွေ ထိုင်းနိုင်ငံ အတွင်း ထွက်ပြေးတိမ်းရှောင်လာကြဖွယ် ရှိနေတဲ့အနေအထားနဲ့
ပတ်သက်ပြီး ထိုင်းစစ်တပ်က အသင့် ပြင်ဆင်နေတယ်လို့ ဒီကနေ့ ဘန်ကောက်ပို့စ် သတင်းစာ က ဖေါ်ပြပါတယ်။

ရန်ကုန်တွင် ကျား-မ ဖြစ်ခြင်း အခန်းဂဏ္ဍနှင့်လူမှုအဖွဲ့အစည်း ဖိုရမ် ဆွေးနွေး


အမျိုးသမီးများ၏ အခွင့်အရေးကိုကာကွယ်ပြီး အမျိုးသားနည်းတူအခွင့်အရေးရရှိရန် ရည်ရွယ်၍ ကျား-မ ဖြစ်ခြင်းအခန်းကဏ္ဍနှင့်လူမှုအဖွဲ့အစည်း ဖိုရမ်ဆွေးနွေးပွဲတခုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင်ယမန်နေ့ကကျင်းပခဲ့သည်။

Wednesday, June 20, 2012

(ဗိုလ်ချုပ်ကြီးဟောင်း) ဦးခင်ညွန့်မှ နိုင်ငံတော်သမ္မတထံ မေတ္တာရပ်ခံစာတစ်စောင်ပေးပို့မည်


ယခင်စစ်ထောက်လှမ်းရေး(ဗိုလ်ချုပ်ကြီးဟောင်း)ဦးခင်ညွန့်ကလာမယ့်ဇွန်(၂၅)ရက်နေ့မှာနိုင်ငံတော်သမ္မတထံကိုမေတ္တာရပ်ခံတဲ့စာတစ်စောင်ပေးပို့သွားဖို့စီစဉ်နေတယ်လို့သိရပါတယ်..

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘီဘီစီ အင်တာဗျူး



ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်မှာ ဘီဘီစီ သတင်းထောက် Fergal Keane ဗျူးထားပုံကို ဘီဘီစီ ၀က်ဘ်ဆိုက်မှာ ကြည့်နိုင်ပါတယ်။

အင်တာဗျူးထဲမှာ အကျယ်ချုပ် ခံရတာနဲ့ ပတ်သက်ပြီး နောင်တရ မိပါသလား ဆိုတဲ့ မေးခွန်းလည်း ပါပါတယ်။

ထားဝယ်ဒေသအတွက် The Voice ဂျာနယ် စာမျက်နှာသစ်ဖွင့်

ယခုတစ်ပတ်ထုတ် The Voice Weekly ဂျာနယ်တွင် "စီမံချက်ဧရိယာအတွင်းဖြန့်ဝေသည်"ဟူသော မှတ်ချက်ဖြင့် DAWEI NEWS အချပ်ပိုသတင်းလွှာကို ထုတ်ဝေ ဖြန့်ချိကြောင်း တွေ့ရသည်။

ထိုသတင်းလွှာတွင် ထားဝယ်ဒေသအတွင်းဖြစ်ပေါ်နေသော သတင်းများကို ဦးစားပေး ဖော်ပြထားရာ ဂျာနယ်ရေစီးကြောင်းအတွင်း ထားဝယ်ဒေသရှိ သတင်းသမားများ၏ အစပျိုး ခြေလှမ်းအဖြစ် တွေ့မြင်ရသည်။

ထူးထူးခြားခြား ပန်းချီဆွဲပြသူ

ပန်းချီ မဆွဲပြခင် တွေ့ရပုံ

ထိုင်းရုပ်သံလိုင်း အမှတ် ၃ မှာ တနင်္ဂနွေနေ့က လွှင့်သွားတဲ့ အရည်အချင်းပြိုင်ပွဲက အင်မတိ အင်မတန် လူပြောများနေပါတယ်။

Duangjai Jansaunoi ဆိုတဲ့ ပြိုင်ပွဲဝင်သူ ကလေးမရဲ့ ပန်းချီအစွမ်းပြချက်ကြောင့်ပါ။ သူ့အလှည့်မှာ ပရိသတ်ကို ကျောပေးပြီး ပန်းချီဆွဲပါတယ်။ ပထမဆုံး လူပုံကြီးကြီး ခဲရာပေးပါတယ်။

NLD ရုံးချုပ်မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည့်မွေးနေ့ ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ကျင်းပပုံကို ဖော်ပြပေးလိုက်ပါတယ်။

Tuesday, June 19, 2012

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်း

ဓာတ်ပုံ- Artist Soe Thaw Dar

ပြည်သူ့ အောင်ပန်း၊ မြဲဆင်မြန်းသည့်

အောင်ဆန်းစုကြည် ၊ ရဲဇာနည်ကို

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆေင်အား Dublinမြို့က ခမ်းနားကြီး ကျယ်တဲ့ ကြိုဆိုမှု မြင်ကွင်း (ဓါတ်ပုံ)

၂၀၀၉ ခုနှစ်က ချီးမြှင့်ခဲ့သော Ambassador of Conscience Award ကို ၂၀၁၂ ခုနှစ် ဇွန်(၁၈)ရက်နေ့က လက်ခံရယူခဲ့စဉ်

ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန်လူထု ထောင်နဲ့ချီ ကြိုဆို

ဒေါ်အောင်ဆန်းစုကြည် အား  အိုင်ယာလန်လူထုကြိုဆိုနေစဉ် Photo - RTE
နော်ဝေးကနေ အိုင်ယာလန်နိုင်ငံကို မနေ့ညနေပိုင်းက ရောက်ရှိလာတဲ့
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန်ပြည်သူတွေ ထောင်နဲ့ချီပြီး မြို့လယ် စင်မြင့်ကြီးမှာ တခမ်းတနား ကြိုဆို ဂုဏ်ပြုခဲ့ကြပါတယ်။

အခမ်းအနားမှာ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ကတည်းက
ဒေါ်အောင်ဆန်းစုကြည်ကို ဒပ်ဗလင် မြို့သူမြို့သားတွေ ချီးမြှင့်ခဲ့တဲ့ Freedom of the City ဂုဏ်ပြုလွှာကိုလည်း မြို့တော်ဝန် ကိုယ်တိုင် ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ 

ရခိုင်ဒေသအတွက် ၈၈ တွေရဲ့ အလှူ


ရခိုင်ပြည်နယ်မှ ဘေးဒုက္ခကြုံတွေ့နေရသော ပြည်သူများအတွက် ၈၈ မျိုးဆက်ကျောင်းသား များမှ တဆင့် ပေးပို့လှူဒါန်းသော အ၀တ်အထည်များကို ရခိုင်ပြည်နယ်သို့ ပို့ဆောင်ပေးနေပါတယ်။

ဦးသိန်းစိန်ရဲ့ ဇွန် ၁၉ မိန့်ခွန်း

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်မှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြောကြားသည့် မိန့်ခွန်း

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်မှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသဥက္ကဋ္ဌများ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲ များအား ပြောကြားသော မိန့်ခွန်း

အမွန်မြတ်ဆုံးဒါန



သွေးလှူတယ်ဆိုတာ အင်မတန်ကိုမှ မွန်မြတ်တဲ့ အလှူဒါနပါ။ သွေးလှူခြင်းဟာ နာကျင်မှု မရှိသလို အချိန်လည်းပေးစရာ သိပ်မလိုပါဘူး။ ဒါ့အပြင် ကိုယ်လှူလိုက်တဲ့ သွေးကြောင့် တစ်စုံတစ်ယောက် အသက်ရှင်သွားရတယ်ဆိုတဲ့ အသိက အင်မတန်ကိုမှ ပီတိ ဖြစ်စရာပါ။

ယခုအခါ သွေးလှူဘဏ်မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းတာတွေ ရှိသလို အထိမ်းအမှတ်နေ့တွေမှာ မိတ်ဆွေတွေ အုပ်စုလိုက် သွေးလှူဒါန်းတာမျိုးလည်း ရှိနေတာ သာဓုခေါ်စရာပါ။ ဒါပေမဲ့ လူနာတွေပြည့်နှက်နေတဲ့ ဆေးရုံကြီးမှာ လိုအပ်တဲ့ သွေးပမာဏ လုံလောက်တဲ့အထိတော့ မရှိသေးပါဘူး။ ဒါကြောင့် မွန်မြတ်လှတဲ့ အလှူဒါနဖြစ်တဲ့ သွေးလှူခြင်းကို ပြုလုပ်ကြပါလို့ တိုက်တွန်းလိုပါတယ်။

လမ်းပေါ်ထွက်ဆန္ဒပြမှုအကြောင်း ဦးသိန်းစိန် ပြောပြီ

သမ္မတဦးသိန်းစိန်က ဒီမနက် နေပြည်တော်မှာ ၀န်ကြီးများ၊ အရာရှိကြီးများနဲ့ တွေ့ဆုံတဲ့ အခမ်းအနား ပြုလုပ်ပါတယ်။
ကြိုတင်ကြေညာထားတဲ့အတိုင်း ဦးသိန်းစိန် မိန့်ခွန်းပြောပြီး ဒီအခမ်းအနားကို ရုပ်သံက တိုက်ရိုက် လွှင့်ပါတယ်။

My Blog List