Friday, August 16, 2013

ဝီကီလိခ်စ် သတင်း ပေါက်ကြားစေခဲ့သည့် တပ်သား မန်းနင်း အမေရိကန်ပြည်ထောင်စုကို တောင်းပန်

Friday, August 16, 2013
လျှို့ဝှက်သတင်းအချက်အလက်များကိုဝီကီလိခ်စ်ဝက်ဘ်ဆိုက်သို့ပေးပို့ခဲ့မိသည့်အတွက်အမေရိကန်ပြည်ထောင် စုအကျိုးစီးပွားများထိခိုက်ခဲ့ရပြီး ယင်းအတွက်တောင်းပန်သည်ဟု အမေရိကန်တပ်သား ဘရတ်ဒလေ မန်းနင်းက ပထမဆုံးအကြိမ် ဝန်ခံ ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
“ကျွန်တော့် လုပ်ရပ်ကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ ပြည်သူတွေ ထိခိုက်ခဲ့ရပါတယ်” ဟု စစ်တပ် တရားသူကြီး ဗိုလ်မှူးကြီး ဒီမီစီလင်းကို မန်းနင်းက ဝန်ခံ ပြောကြားလိုက်သည်။
သို့သော်လည်းအမေရိကန်စစ်ဘက်တရားရေးစနစ်၏ပြင်းထန်သော ဖိအားများကြောင့် မန်းနင်း တောင်းပန် ခဲ့ရခြင်း ဖြစ်ကြောင်း ဝီကီလိခ်စ် ဝက်ဘ်ဆိုက်က သတင်း ထုတ်ပြန်သည်။
အမေရိကန်ပြည်ထောင်စု၏လျှို့ဝှက်တိုက်ပွဲသတင်းများနှင့်သံတမန်ရေးရာအချက်အလတ်များကို ပေါက်ကြားစေ ခဲ့မှုဖြင့် ပြီးခဲ့သည့် လအတွင်း မန်းနင်းကို အပြစ်ရှိကြောင်း အမိန့် ချမှတ်ခဲ့သည်။

ရွှေဘိုမင်းကုန်း ဆရာတော်ကြီး၏ ရုပ်ကလာပ် ပျံလွန်တော်မူပြီး ရှစ်လကြာထိ မပုပ်မသိုးရှိနေ

Friday, August 16, 2013
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာ၊ သီရိမင်္ဂလာကျောင်းတိုက်တွင် သီတင်းသုံး လျက်ရှိနေသော ဦးနန္ဒိယဆရာတော်ကြီသည် သက်တော်ရ၅နှစ်၊ ဝါတော် ၅၄ဝါအရတွင် ၂၀၁၂ခု နှစ် ဒီဇင်ဘာ ၁၄ရက်က ပျံလွန် တော်မူခဲ့သော ဆရာတော်ကြီး ၏ ရုပ်ကလာပ်သည် ယခု၂၀၁၃ ခု၊ ဩဂုတ် ၁၄ရက်တိုင်အောင် ထူးဆန်းစွာ မပုပ်မသိုးဘဲရှိနေကြောင်း သိရသည်။
''ဆရာတော်ကြီးက အစက တော့ ဒီကျောင်းမှာ သင်္ကန်း ဝတ်တာ မဟုတ်ဘူး။ စပြီးတော့ သာသနာ့ဘောင် ထဲဝင်ခဲ့တာကတော့ စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် အင်ကြင်းပင်ကျောင်း တိုက်မှာ ဝင်ခဲ့တာဖြစ် တယ်။ ဆရာတော်ကြီးရဲ့ ဆရာအရင်းကတော့ဂွေးပင်ကျောင်းတိုက် ဦးဝိသုဒ္ဓ၏ တပည့်ဖြစ်တယ်။ မင်းကုန်းကျောင်း ကိုရောက်ခဲ့တာကတော့ နှစ်ပေါင်း ၃ဝကျော်လောက်တော့ရှိပြီလို့ ဆိုပါတယ်။

ကောက်တမ်းအရ အတိုက်ခံခေါင်းဆောင်ကို ပိုကြိုက်နှစ်သက်ကြ

Friday, August 16,2013
သြစတြေးလျနိုင်ငံမှာရွေးကောက်ပွဲမတိုင်ခင်ရွေးကောက်ပွဲမှာဘယ်သူအနိုင်ရမလဲဆိုတဲ့ကြိုတင်ကောက်တမ်းတွေ ကို ပြုလုပ်လေ့ရှိပြီး ကောက်တမ်းတွေအရ အတိုက်အခံပါတီခေါင်းဆောင် တိုနီအာဘော့တ်ကို ဝန်ကြီးချုပ် ကယ်ဗင်ရဒ်ထက် ပထမဆုံးအကြိမ် ကြိုက်နှစ်သက်မှုက ပိုများနေပါတယ်။
အရင် တုန်းက ပြုလုပ်တဲ့ ကောက်တမ်း တိုင်းမှာ လက်ရှိဝန်ကြီးချုပ် ကယ်ဗင်ရဒ်ကို ပိုမို ကြိုက်နှစ်သက် ကြကြောင်း ပြသလေ့ရှိပေမယ့် ဒီတချီမှာတော့ လက်ရှိ ဝန်ကြီးချုပ်ကို ကြိုက်နှစ်သက်မှုက ၄၁% သာရှိပြီး အတိုက်အခံ ခေါင်းဆောင် တိုနီအာဘော့တ်ကို ကြိုက်နှစ်သက် မှုနှုန်းက ၄၇ % ရှိနေပါတယ်။
Photo: ကောက်တမ်းအရ အတိုက်ခံခေါင်းဆောင်ကို ပိုကြိုက်နှစ်သက်ကြ 
Friday, August 16,2013

သြစတြေးလျနိုင်ငံမှာ ရွေးကောက်ပွဲမတိုင်ခင် ရွေးကောက်ပွဲမှာ ဘယ်သူအနိုင်ရမလဲဆိုတဲ့ ကြိုတင်ကောက်တမ်းတွေကို ပြုလုပ်လေ့ရှိပြီး ကောက်တမ်းတွေအရ အတိုက်အခံပါတီခေါင်းဆောင် တိုနီအာဘော့တ်ကို ဝန်ကြီးချုပ် ကယ်ဗင်ရဒ်ထက် ပထမဆုံးအကြိမ် ကြိုက်နှစ်သက်မှုက ပိုများနေပါတယ်။ 

အရင် တုန်းက ပြုလုပ်တဲ့ ကောက်တမ်း တိုင်းမှာ လက်ရှိဝန်ကြီးချုပ် ကယ်ဗင်ရဒ်ကို ပိုမို ကြိုက်နှစ်သက် ကြကြောင်း ပြသလေ့ရှိပေမယ့် ဒီတချီမှာတော့ လက်ရှိ ဝန်ကြီးချုပ်ကို ကြိုက်နှစ်သက်မှုက ၄၁% သာရှိပြီး အတိုက်အခံ ခေါင်းဆောင် တိုနီအာဘော့တ်ကို ကြိုက်နှစ်သက် မှုနှုန်းက ၄၇ % ရှိနေပါတယ်။  

Newspoll ကောက်တမ်းမှာ အတိုက်အခံပါတီခေါင်းဆောင်ကို ကြိုက်နှစ်သက်မှု ပိုများတယ်လို့ ဖော်ပြခဲ့ပေမယ့် National ကောက်တမ်းမှာတော့ လက်ရှိဝန်ကြီးချုပ်ကို ကြိုက်နှစ်သက်မှု ပိုများကြောင်း ဖော်ပြထားပါတယ်။

သြစတြေးလျနိုင်ငံက သက်ကြီးရွယ်အိုတွေအရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ကတော့ သြစတြေးလျနိုင်ငံက ဝန်ကြီးချုပ် ကယ်ဗင်ရဒ်ဦးဆောင်တဲ့ လေဘာပါတီနဲ့ အတိုက်အခံခေါင်းဆောင် တိုနီအာဘော့တ် ဦးဆောင်တဲ့ လစ်ဘရယ်ပါတီ နှစ်ခုစလုံးက သက်ကြီးရွယ်အိုတွေ သူတို့ပါတီကို မဲပေးလာအောင် လုပ်ဆောင်တာ မတွေ့ရဘူးလို့ ပြောပါတယ်။

သက်ကြီးရွယ်အိုတွေက စီးပွားရေး ကောင်းမွန်ဖို့၊ နေထိုင်စရိတ်သက်သာဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်တဲ့ ပေါ်လစီကို ဘယ်အဖွဲ့က ချမှတ်မလဲဆိုတာကို အဓိက စောင့်ကြည့်နေပေမယ့် ခုချိန်ထိ ဘယ်ပါတီကမှာ ကောင်းမွန်တဲ့ အဖြေမပေးနိုင်သေးဘူးလို့ ဆိုပါတယ်။

သြစတြေးလျနိုင်ငံက မဲပေးနိုင်သူ စုစုပေါင်း လူဦးရေရဲ့ ၄၇% ဟာ အသက် ၅၀ အထက်ရှိသူတွေဖြစ်တဲ့အတွက် အစိုးရဖြစ်ချင်တဲ့ ပါတီတွေအနေနဲ့ အလေးထားရမယ့် လူအုပ်စု ဖြစ်ကြောင်းလည်း ထောက်ပြကြပါတယ်။

လောလောဆယ် နိုင်ငံရေးပါတီတွေအကြား အပြိုင်အဆိုင် ပြောဆိုနေကြတာကတော့ စီးပွားရေး ကောင်းမွန်အောင် ပြုလုပ်ဖို့နဲ့ လှေတွေနဲ့ ခိုးဝင်လာတဲ့ ကိစ္စ ဖြေရှင်းဖို့သာဖြစ်ပါတယ်။

အစိုးရပါတီရော အတိုက်အခံပါတီပါ လှေတွေနဲ့ ခိုးဝင်လာကြသူတွေရဲ့ ပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမယ်ဆိုတာ ပြောဆိုနေကြတုန်းမှာပဲ အလည်အလတ် အင်အားရှိတဲ့ Katters Australian Party ကတော့ သူတို့သာ အာဏာရမယ်ဆိုရင် လှေတွေနဲ့ ခိုးဝင်လာမှုတွေ လုံးဝမရှိအောင် လုပ်မယ်လို့ ပြောပါတယ်။

အစိုးရပါတီရော အတိုက်အခံပါတီပါ ငွေရေးကြေးရေး အင်အား၊ လူအင်အား အပြည့်ရှိတဲ့ကြားက ဒီပြဿနာကို မဖြေရှင်းနိုင်ပေမယ့် သူတို့မှာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှိတယ်လို့ ပြောပါတယ်။

သူတို့ပါတီရဲ့ ပေါ်လစီအသေးစိတ်ကို လာမယ့်တစ်ပတ်မှာ ထုတ်ပြန်သွားပြီး ဘယ်လို လုပ်ဆောင်မယ်ဆိုတဲ့ နည်းလမ်းတွေ ပြသသွားမယ်လို့ ပြောပါတယ်။

ABC Radio Australia

မဲဆွယ်စည်းရုံးရေး ကာလအတွင်း အပြိုင်မဲဆွယ်နေကြတဲ့ အတိုက်အခံပါတီခေါင်းဆောင် တိုနီအာဘော့တ် (ဝဲ) နဲ့ ဝန်ကြီးချုပ် ကယ်ဗင်ရဒ်(ယာ) (Credit: AAP)

ကိုးကွယ်ယုံကြည်သူတို့ရဲ့ပွဲတော်တောင်ပြုံး

Friday, August 16,2013
ခေတ်စနစ်တို့သည် နရီစီးကိုက် ရွေ့လျားပြောင်းလဲနေကြသော်လည်း ရိုးရာယဉ်ကျေးမှု၊ အစဉ်အလာ ယုံ ကြည်မှုများက မပြောင်းလဲသည်ကို မြန်မာနိုင်ငံ နေရာဒေသအနှံ့အပြား တွင်တွေ့မြင်နေ ရဆဲဖြစ်သည်။ ဘာသာ တရားကို ကိုးကွယ်ယုံကြည်သူများ နှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာအရ နတ်များ အပေါ်အားကိုး အားထားပြုကြသူများ၏ဝါခေါင်လဆန်း ၈ ရက်မှ လပြည့်နေ့အထိ နှစ်စဉ် ကျင်းပမြဲဖြစ် သည့် တောင်ပြုံးပွဲတော် ကို (သြဂုတ် ၁၄ ရက်)တွင် စတင် ကျင်းပနေပြီဖြစ်သည်။
တောင်ပြုံးပွဲတော် ဆိုသည်မှာ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုံးရွာရှိ ဆုတောင်းပြည့် နှင့် ဆုတောင်းရဘုရားများ၏ ဗုဒ္ဓပူဇနိယ ပွဲတော်နှင့်ဆွမ်းတော်ကြီးလောင်းလှူပွဲ ဖြစ်သော် လည်း တောင်ပြုံး မင်းနှစ်ပါး ဖြစ်သည့် ရွှေဖျင်းကြီးနှင့် ရွှေဖျင်းလေး ညီနောင်နှစ်ပါးအား ပူဇော်ပသမှုက များစွာအလေး သာသော ပွဲဖြစ်သည်။

တောင်ပြုန်းဘုရားပွဲ ငွေတောင်းသူများကို ဂေါပကအဖွဲ့ ဖယ်ရှား သွားမည်ဟုဆို

Friday, August 16,2013
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်းရွာ ဘုရားပွဲတော်သို့ လာရောက် ငွေတောင်းရမ်းသူ များနှင့်ကြဲချငွေကောက်သူများကိုအဆိုပါဘုရားဂေါပကအဖွဲ့ကဖယ်ရှားသွားမည်ဖြစ်ကြောင်း တောင်ပြုန်း ပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌက ပြောကြားသည်။အဆိုပါတောင်ပြုန်းပွဲတော်တွင် အနယ်နယ် အရပ်ရပ်မှရောက်ရှိလာသောတောင်းစားသူများနှင့်တောင်ပြုန်းကျေးရွာအနီးဝန်းကျင်မှအပျော်တမ်းငွေကောက် သူများကို ပွဲတော်ကျင်းပရေးကော်မတီက သြဂုတ်လ ၁၄ ရက်နေ့မှ စတင်၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ပွဲတော်လုံခြုံရေးရဲဝန်ထမ်း၊မီးသတ်ဝန်ထမ်းတို့နှင့် ပူးပေါင်းပြီး နေ့စဉ်ဖယ်ရှားရှင်းလင်းသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
အနယ်နယ်အရပ်ရပ်မှ တောင်ပြုန်းပွဲသို့ ဘုရားဖူးသူများကို ကားပေါ်မှငွေကြဲချခြင်း မပြုလုပ်ကြရန် ပွဲတော် အဝင်ဂိတ်ပေါက်မှ နေ့စဉ် အသံချဲ့ စက်ဖြင့် သတိပေးနေသော်လည်း ပွဲတော်လာသူများမှာ ငွေများကို ကြဲမြဲကြဲချနေခြင်းကြောင့် ငွေကြေး တောင်းရမ်းသူနှင့် အပျော်တမ်း ငွေကောက်နေ သူများ ပိုမို များပြား လာရခြင်း ဖြစ်ကြောင်း အဆိုပါ ဂေါပကအဖွဲ့ထံမှ သိရသည်။

Thursday, August 15, 2013

မြင့်တက်နေသော ဆန်ဈေးကျရန် အရန်ဆန် လေးသိန်း ယခုလအတွင်း ထုတ်ရောင်းမည်

Thursday, August 15, 2013
မြန်မာနိုင်ငံ တစ်ဝန်းလုံး ရေကြီးမှုနှင့် လယ်ကွင်းများရေနှစ်မြှုပ်မှုကို အကြောင်းပြု၍ မြင့်တက်လာသော ဆန်ဈေးနှုန်း ကို ပြန်လည်ကျဆင်းစေရန်အတွက် အရန်ဆန် တန်ချိန် လေးသိန်းကို သြဂုတ်လအတွင်း ထုတ်ရောင်းတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်ကုန်သည်များအသင်းဥက္ကဋ္ဌဦးအောင်သန်းဦးက ပြောသည်။
“ဒီလထဲမှာပဲ လယ်မြေတွေ ရေနစ်မြှုပ်တာကို လူတွေက အစိုးရိမ်လွန်ပြီ်း ၀ယ်ခဲ့တာကြောင့် ဆန်ဝယ် ယူမှုတွေ အရမ်းမြင့်တက်လာပြီး ဆန်ဈေးနှုန်းတွေက တစ်အိတ်ကို တစ်ထောင်လောက် မြင့်တက်လာ တယ်”ဟု ဦးအောင်သန်းဦးက ဆိုသည်။

ယခုဘဏ္ဍာနှစ်အတွင်း ငါးရှဥ့်တင်ပို့မှု လျာထားချက်ထက် နှစ်ဆပိုမည် ခန့်မှန်း

 Thursday, August 15, 2013
မြန်မာနိုင်ငံ၏အဓိကရေထွက်ပို့ကုန်ဖြစ်သောငါးရှဥ့်အားယခုဘဏ္ဍာနှစ်တွင် မျှော်မှန်းထားသည်ထက် နှစ်ဆ ပိုမိုတင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တာဝန်ရှိသူများက ပြောသည်။
လာမည့်နှစ်အတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနက ငါးရှဥ့်တင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၃၀ရရှိရန် မျှော်မှန်းထားသော်လည်း ပထမလေးလပတ်အတွင်းမှာပင် ကန်ဒေါ်လာ ၁၈ သန်း ရှိထားပြီးဖြစ်၍ လျာထားချက်ထက် နှစ်ဆတင်ပို့ နိုင်မည်ဟု ခန့်မှန်းခြင်းဖြစ်သည်။
ယင်းသို့တင်ပို့နိုင်ရေးနှင့်ပတ်သက်ပြီးကုန်စည်ရရှိမှုအခြေအနေကိုမြန်မာနိုင်ငံငါးရှဥ့် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဘသော်က “ငါးရှဥ့်ကို အရင်တုန်းက ဖမ်းဆီးမှုကနေရရှိ လာတာတွေပဲရှိတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ကစပြီး ငါးရှဥ့် မွေးမြူရေး စလုပ်ခဲ့ကြတာ တော်တော်အောင်မြင်နေကြတယ်။ ငါးရှဥ့်ပို့ကုန် အတွက်က တိုးတက်လာဖို့ရှိတယ်” ဟုပြောသည်။

လိုင်ဇာလမ်းလျှောက်အဖွဲ့ကို နှစ်နာရီသာ လျှောက်ခွင့်ပြုပြီး ကျန်အချိန်ကို ယာဉ်နှင့်သွားခွင့်ပြု

Thursday, August 15, 2013
ကချင်ပြည်နယ် လိုင်ဇာမြို့သို့ လမ်းလျှောက်မည့် တောင်သူများ ကို တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးက သြဂုတ်လ ၁၂ ရက်နေ့တွင် တောင် ငူမြို့နယ်တွင်း ၂ နာရီသာ လမ်းလျှောက်ခွင့်ပြုပြီး ကျန်အချိန်များတွင် ယာဉ်နှင့်သာဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း လက်မှတ်ထိုးပြီးခွင့်ပြုချက်ပေးခဲ့ကြောင်း လမ်းလျှောက်အဖွဲ့ ခေါင်းဆောင် ဦးခင်ဇော်က The Voice သို့ ပြောကြား သည်။
Photo: လိုင်ဇာလမ်းလျှောက်အဖွဲ့ကို နှစ်နာရီသာ လျှောက်ခွင့်ပြုပြီး ကျန်အချိန်ကို ယာဉ်နှင့်သွားခွင့်ပြု
Thursday, August 15, 2013

ကချင်ပြည်နယ် လိုင်ဇာမြို့သို့ လမ်းလျှောက်မည့် တောင်သူများ ကို တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးက သြဂုတ်လ ၁၂ ရက်နေ့တွင် တောင် ငူမြို့နယ်တွင်း ၂ နာရီသာ လမ်းလျှောက်ခွင့်ပြုပြီး ကျန်အချိန်များတွင် ယာဉ်နှင့်သာ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း လက်မှတ်ထိုးပြီး ခွင့်ပြုချက်ပေးခဲ့ကြောင်း လမ်းလျှောက်အဖွဲ့ ခေါင်းဆောင် ဦးခင်ဇော်က The Voice သို့ ပြောကြား သည်။

တောင်ငူခရိုင်အတွင်း တပ်ရင်းတပ်ဖွဲ့များနှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းအချို့က အကြောင်းအမျိုးမျိုးဖြင့် သိမ်းယူခဲ့သော လယ်ယာမြေများ ပြန်လည်ရရှိရေးနှင့် တောင်သူများကို တရားစွဲဆိုမှုများ ပြန်လည် ရုပ်သိမ်းပေးရန်အတွက် လိုင်ဇာသို့ လမ်းလျှောက်ရန် မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်းများကို တရားဝင် တင်ပြပြီး ဖြစ်သော်လည်း သြဂုတ်လ ၇ ရက်နေ့တွင် လမ်းလျှောက်ခွင့် ချီတက်ခွင့် ပယ်ချခံရပြီး ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို ခွင့်ပြုချက် ထပ်မံတင်ပြရာတွင် ငြင်းပယ်ခဲ့ရာမှ ၂ နာရီသာ ခွင့်ပြုကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“လမ်းလျှောက် ချီတက်ခွင့်၊ စုဝေးခွင့်ဆိုင်ရာ ဥပဒေ နည်းဥပဒေများအရ တရားဝင် လျှောက်ထားလို့ သြဂုတ်လ ၁၂ ရက်နေ့က တစ်နာရီ စုဝေးခွင့်နဲ့ နှစ်နာရီ လမ်းလျှောက်ခွင့် ပေးခဲ့ပါတယ်” ဟု တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဦးဇော်မင်းက ရှင်းပြသည်။

တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်မှ လယ်သိမ်းခံတောင်သူ ၁၄ ဦး၊ သံဃာတစ်ပါး အပါအဝင် လယ်ယာမြေ အကျိုးတော်ဆောင်တစ်ဦး စုစုပေါင်း ၁၆ ဦးသည် သိမ်းဆည်းခံ လယ်ယာမြေများ ပြန် လည် ရရှိရန်၊ တရားစွဲဆို ခံထားရသူ တောင်သူများကို တရားစွဲဆိုခြင်းမှ ပြန်လည် ရုပ်သိမ်းရန် တောင်းဆိုသည့်အနေနှင့် တောင်ငူမြို့မှ ၆၆၅ မိုင်ကွာဝေးသော ကချင်ပြည်နယ် လိုင်ဇာမြို့သို့ သြဂုတ်လ ၁၄ ရက် နံနက် ၈ နာရီခွဲတွင် တောင်ငူမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်း မင်းကြီးညို ရုပ်တု ရင်ပြင်ရှေ့မှ စတင်ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

တောင်ငူခရိုင်အတွင်း တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် မြို့နယ်အုပ် ချုပ်ရေး အဖွဲ့များက သိမ်းဆည်းထားသော လယ်ယာမြေဧက ၁၀၀၀ ကျော် ရှိပြီး ယခုနှစ် ဇွန်လတွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သည့် ဒေ သခံတောင်သူ အယောက် ၆၀ ကျော်ကို နယ်မြေကျော်နင်းမှု အပါအဝင် ဝတ္တရား နှောင့်ယှက်မှုတို့ဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တရားစွဲ ဆိုခံ ထားရကြောင်း တောင်ငူမြို့နယ် မြောက်ရေကြည် ကျေးရွာအုပ်စု သဲဖြူကျေးရွာမှ လယ်သိမ်းခံ တောင်သူ ဦးပွေးက ပြောကြားသည်။

အဆိုပါ လမ်းလျှောက်အဖွဲ့သည် ကချင်ပြည်နယ် လိုင်ဇာမှ ပြန် လည် ရောက် ရှိလာပါက တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့မှ သိမ်းဆည်းခံ လယ်ယာမြေများပိုင်ရှင် တောင်သူများနှင့် ချိတ်ဆက်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ လမ်းလျှောက် ချီတက် မည် ဖြစ်ကြောင်း တောင်သူအကျိုးဆောင် ဦးခင်ဇော်က ရှင်းပြသည်။

ယခုနှစ် ဇန်နဝါရီလ တတိယအပတ်တွင် ရန်ကုန်နှင့် မုံရွာမြို့တို့မှ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ အဖွဲ့နှစ်ဖွဲ့သည် ရန်ကုန်နှင့် မုံရွာမြို့များမှ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိနိုင်ရန် ဆန္ဒဖော်ထုတ် လမ်းလျှောက်ခဲ့ကြသည်။

The Voice Weekly

လူ့အခွင့်အရေး လှုပ်ရှားသူများကို ထပ်မဖမ်းရန် အစိုးရကို တိုက်တွန်းမည်ဟု ကင်တားနားပြော

Thursday, August 15, 2013
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကိုဆက်လက်ဖမ်းဆီးမှုမပြုလုပ်ရန်အစိုးရကိုတိုက်တွန်းသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်သောမက် အိုဟေး ကင်တားနားက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်ခံရမူများနှင့် ပတ်သက်ပြီး သြဂုတ်လ ၁၃ ရက်နေ့က ငြိမ်ချမ်းရေးနှင့် ပွင့်လင်းလူ့အ ဖွဲ့အစည်းရုံးတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးမြအေး၊ ဦးပြုံးချို၊ ဦးထွန်းမြင့်အောင်တို့နှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ် သည်။ မစ္စတာကင်တားနားမှာ သြဂုတ်လ ၁၁ ရက်နေ့မှစတင်ကာ မြန်မာနိုင် ငံ ရောက်ရှိနေခြင်း ဖြစ်ပြီး ၎င်း၏ ၁၁ ရက်ကြာ ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

လျှော့တွက်၍မရသည့် ပရီးမီးယားလိဂ် ဒိုင်လူကြီးတို့၏ စွမ်းဆောင်ရည်များ

Thursday, August 15, 2013
ဒိုင်လူကြီးများ၏ကြံ့ခိုင်မှုသည် ပရီးမီးယားလိဂ် နာမည်ကျော် ဘောလုံးသမားများနှင့် ယှဉ်နိုင်ပြီး ဒိုင်လူကြီး အများစုသည်၎င်းတို့တာဝန်ယူရသည့်ပွဲစဉ်များတွင်ကစားသမားအများစုထက်ပိုမို၍ ပြေးလွှားနေခဲ့ကြောင်း လည်း ယင်းစစ်တမ်း ရလဒ်များကဆိုသည်ပြီးခဲ့သည့် ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ဒိုင်များ၏ ပျမ်းမျှစွမ်းဆောင်ရည်များကို တွက်ချက်လေ့လာကြည့်ရာ အထင်ကြီးလောက်စရာ အခြေအနေမျိုး ရှိနေ ခဲ့ကြောင်း သိရှိရသည်။ ဒိုင်လူကြီးများ၏ ကြံ့ခိုင်မှုသည် ပရီးမီးယားလိဂ် နာမည်ကျော် ဘောလုံးသမား များနှင့်ယှဉ်နိုင်ပြီး ဒိုင်လူကြီး အများစုသည် ၎င်းတို့ တာဝန်ယူရသည့် ပွဲစဉ်များတွင် ကစားသမား အများ စုထက် ပိုမို၍ ပြေးလွှားနေခဲ့ကြောင်းလည်းယင်းစစ်တမ်း ရလဒ်များက ဆိုသည်။ ပရိသတ်များက မိမိတို့ သဘောမကျသည့် ဆုံးဖြတ်ချက်များ ချမှတ်သည့်အခါ ပွဲကြည့်စင်မှနေ၍ ခင်ဗျားဒိုင်လူကြီး လုပ်မနေပါ နဲ့တော့ဟု အော်ဟစ် ဝေဖန်ကြသော်လည်း ပျမ်းမျှအားဖြင့် ဒိုင်များ၏ ဆုံးဖြတ်ချက်များသည် ရာနှုန်းပြည့် နီးပါး မှန်ကန်မှုရှိတတ်ကြောင်းလည်း အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံမှ ပိုးကောင်ဟင်းနှင့် ခံတွင်းမြိန်သူများ

Thursday, August 15, 2013
မလေးရှားလူမျိုးတို့သည် ကောင်းသော၊ အရသာရှိသော အစားအသောက်ကို အလွန်ခုံမင် တတ်ကြသည်။ ထိုသူများ အထဲမှပင် အများ တကာထက် အကောင်းကြိုက်သူ များသည် ပိုးကောင်များဖြင့် ကြော်လှော် ချက်ပြုတ် ထားသော ဟင်းများကို နှစ်သက်စွာ စားသုံးကြသည်ဟု ဆိုသည်။
ပိုးကောင်ဟင်းတို့မှာ အာဟာရ တန်ဖိုးနှင့်လည်း ပြည့်စုံသည်ဆို ပြန်၏။ ပင့်ကူဟင်းဆိုပါက ဝါးစားလိုက်သည့် အခါ ကြိုးကြိုးကြွပ်ကြွပ်နှင့် အရသာ ရှိလှသည်ဟု စားဖူးသူတို့က ဆိုကြသည်။ သူတို့ကရိုးရိုး သားငါးဟင်းများနှင့်မတူသော အရသာကိုခံစားကြ၏။
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီး FAOသည် ထိုကဲ့သို့သော ဟင်းလျာများကို သူတို့၏ နေ့စဉ် အစား အသောက် များ၏ အစိတ်အပိုင်းတစ်ရပ် အဖြစ် ကြိုဆိုကြရန် တောင်းဆိုခဲ့သည်။

ကျားတို့ဌာနေ ဟူးကောင်းမြေ

Thursday, August 15, 2013
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသည် ၂ဝဝ၄ ခုနှစ်တွင် ကချင်ပြည် နယ် မြစ် ကြီးနားခရိုင် တနိုင်းမြို့နယ် အတွင်းရှိ ၂၄၆ဝ စတုရန်းမိုင်ရှိသော ဧရိယာကို ဟူးကောင်း ချိုင့်ဝှမ်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော အဖြစ် သတ်မှတ်ခဲ့သည်။
၂ဝ၁ဝ ပြည့်နှစ်တွင် ကျားများ ရှင်သန်ပေါက်ဖွားရန်နှင့် ကျားထိန်းသိမ်းရေးနယ်မြေအဖြစ် ဧရိယာ ၆၇ဝ၈ စတုရန်းမိုင်သို့တိုးချဲ့ဖွဲ့စည်းသတ်မှတ်ခဲ့ပြီး ကမ္ဘာ့ အကြီးဆုံး ကျား ထိန်းသိမ်းရေး နယ်မြေအဖြစ် သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီ အစဉ်)နှင့် ပူးပေါင်းဆောင်ရွက် နိုင်ခဲ့ပါသည်။
ကမ္ဘာပေါ်တွင် ကျားမျိုးစိတ်ပေါင်း ကိုးမျိုး ရှင်သန်ပေါက်ဖွား နေထိုင်ခဲ့ကြသော်လည်း ယခုအခါ ကျားမျိုး စိတ် ခြောက်မျိုးသာ ရှင်သန် ပေါက်ဖွားလျက်ရှိပြီး မြန်မာနိုင်ငံတွင် ကျားမျိုးစိတ် နှစ်မျိုးဖြစ်သည့် ဘင်္ဂလား ကျား Bengal Tiger (Panthera tigris tigris) နှင့် အင်ဒိုချိုင်းနားကျား Indochinese Tiger (Panthera tigris corbetti) တို့ ရှင်သန် ပေါက်ဖွား နေထိုင် ကျက်စားလျက် ရှိပါသည်။

တိုက်နံရံမှ တွယ်ကပ် သစ်ပင် ရှင်းလင်းခ နေအိမ်အချို့ မပေးဟုဆို

Thursday, August 15, 2013
တိုက်နံရံများ၌ ပေါက်ရောက် သော တွယ်ကပ်သစ်ပင်များ ရှင်းလင်း ခြင်းအတွက် ဝန်ဆောင်ခမပေး သည့် နေအိမ်အချို့ရှိနေကြောင်း ရန်ကုန် စည်ပင် အဆောက်အအုံဌာနမှ အကြီး တန်းအရာရှိတစ်ဦး က ပြောသည်။”ဝန်ဆောင်ခက ဘယ်လောက်မှ မကျပါဘူး။ တစ်ခန်းကို ၅ဝဝ၊ ၁ဝဝဝ ပဲ ကျတာပါ။ ဒါပေမဲ့ မပေးတာတွေ လည်းရှိတယ်။ မပေးတာကို မြို့နယ်တာ ဝန်ခံကစိုက်ပြီးရှင်းပေးရတာပေါ့။ အခု ဝန်ကြီးချုပ် ကတော့ ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေကတစ်ဆင့်ရအောင် တောင်းခိုင်းထားတယ်”ဟု အထက်ပါ အရာရှိ က ပြောသည်။ ယင်းအပြင်တိုက်ခန်းများ၌ နေထိုင်သူများတွင် အုပ်ထိန်းသူမရှိ၍ လုံခြုံရေးအရတံခါးဖွင့် လှစ်မပေးခြင်းနှင့်ပူးပေါင်းပါဝင်မှုမရှိခြင်းတို့ကြောင့်ရှင်းလင်းရေးတွင်အခက်အခဲရှိနေသည်ဟု၎င်းကပြောသည်။

ကမ္ဘာ့ချန်ပီယံ ပြေးခုန်ပစ်ပွဲ၌ ရုရှား တုတ်ထောက်ခုန်မယ် ရွှေတံဆိပ် ဆွတ်ခူး

Thursday, August 15, 2013
ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပလျက်ရှိသော ကမ္ဘာ့ ချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲမှ တုတ်ထောက်ခုန် ပြိုင်ပွဲတွင် အိမ်ရှင်နိုင်ငံမှ ကစားသမားရီလီနာ အီဆင်ဗရီးဘားသည် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ကြောင်း BBC သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ယင်းတုတ်ထောက်ခုန် ပြိုင်ပွဲတွင် ပြိုင်ပွဲ အသီးသီး၌ ရွှေတံဆိပ် ဆယ်ခု ရရှိထားသော ရုရှားနိုင်ငံသူ အသက် ၃၁ နှစ်အရွယ် အီဆင်ဗရီးဘားသည် ယခုနှစ် ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲတွင် ၄ဒသမ ၈၉မီတာ အမြင့်သာ ခုန်နိုင်ခဲ့ပြီး ကမ္ဘာ့စံချိန် ဖြစ်သော ၅ ဒသမ ၀၇ မီတာကို မချိုးနိုင်ခဲ့သော်လည်း ရွှေ တံဆိပ်ကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

SEA Games မွေထိုင်းပြိုင်ပွဲ ဦးဆောင်အဖွဲ့ ညှိနှိုင်းရခက်

Thursday, August 15, 2013
SEA Games ပြိုင်ပွဲ ကျင်းပရန် ၁၁၈ ရက်သာ ကျန်ရှိချိန်ထိ မွေထိုင်း အားကစားနည်းကို ဦးဆောင် ကျင်းပ မည့်အဖွဲ့ကိုဆီဒိုးနားဟိုတယ်တွင်တွေ့ဆုံဆွေးနွေးခဲ့သော်လည်းအတည်မပြုနိုင်သေးကြောင်း မြန်မာနိုင်ငံ မွေ ထိုင်း အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၌ ထည့်သွင်း ကျင်းပမည့် မွေထိုင်း အားကစားနည်း ပြိုင်ပွဲ အတွက် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ၊ နိုင်ငံတကာ မွေထိုင်း အဖွဲ့ချုပ်၊ အာရှ မွေထိုင်း အဖွဲ့ချုပ်နှင့် ပြိုင်ပွဲဝင် ရှစ်နိုင်ငံက မွေထိုင်း အသင်း အဖွဲ့ချုပ်တို့ ဆီဒိုးနား ဟိုတယ်တွင် တွေ့ဆုံ ညှိနှိုင်းခဲ့သော်လည်း ဦးဆောင် ကျင်းပမည့် အဖွဲ့ကို အတည်ပြုနိုင်ခြင်း မရှိခဲ့ဟု ၎င်းက ဆိုသည်။

အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်း ဆိုင်းငံ့ရန် အသင်းအဖွဲ့ ၄၉ ခု စုပေါင်းတောင်းဆို

Thursday, August 15, 2013
လက်ရှိ ပြည်သူ့လွှတ်တော်တွင် လက်ခံဆွေးနွေးရန် အတည်ပြုထားသော အသင်းအဖွဲ့ဆိုင်ရာ ဥပဒေ ကြမ်းနှင့် ပတ်သက်ပြီး ၎င်း ဥပဒေကြမ်းကို ပြင်ဆင်ရန်နှင့် လက်ရှိ ရပ်ဆိုင်းထားရန် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ရှိ လူမှုရေး အဖွဲ့အစည်း ၄၉ ဖွဲ့က သဘောထား ထုတ်ပြန်ထားကြောင်း သြဂုတ်လ ၁၃ ရက်နေ့တွင် ကျင်းပသော လူမှုရေး အသင်းအဖွဲ့များ၏ အလုပ်ရုံဆွေး နွေးပွဲထံမှ စုံစမ်းသိရှိရသည်။
မြန်မာတစ်နိုင်ငံလုံးရှိ လူမှုရေးအသင်းအဖွဲ့များနှင့် သက်ဆိုင်သော ၎င်းဥပဒေကို ရေးဆွဲသူများသည် အသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက်ဖူးသူများ ပါဝင်နိုင်သလို ပရဟိတ လုပ်ငန်းများနှင့် ကင်းလွတ် သူများလည်း ရှိနိုင်သဖြင့် ပြည်သူ့လွှတ်တော်တွင် တင်သွင်းထားသော ဥပဒေကြမ်းသည် ပြည့်စုံမှုမရှိဘဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နေသော အရပ်ဘက် အဖွဲ့အစည်းများ ကိုယ်တိုင် တင်သွင်းသော ကိုယ်စားပြု ဥပဒေကြမ်းကို ပြန်လည်တောင်းခံရန် လိုအပ်ကြောင်း မိုးမေတ္တာပရဟိတ သွေးလှူရှင်များ အသင်းက ဦးညီညီအောင်က The Voice သို့ ပြောဆိုသည်။

ဖိလစ်ပိုင်နှင့်ထိုင်ဝမ်က ငါးဖမ်းလုပ်ငန်း လုပ်တော့မည်ဖြစ်၍ ဖိလစ်ပိုင်က အမေရိကန် စစ်တပ် တိုး၍ ထားရှိ မည်

Thursday, August 15, 2013
မေလကထိုင်ဝမ်ငါးဖမ်းသမားများကို သေသည်အထိပစ်ခတ်ခဲ့ခြင်းကြောင့် ဖိလစ်ပိုင်ကို ဆန်ရှင်(Sanction) လုပ်ပိတ်ပင်ထားလိုက်ပြီး နောက်ပြန်လည်ဖွင့်လှစ် ပေးလိုက်သဖြင့် ထိုင်ဝမ်သည် ဖိလစ်ပိုင် နှင့် ငါးလုပ်ငန်း စာချုပ် ချုပ်ဆိုရေးအတွက် နောက်တစ်ကြိမ် ဆွေးနွေးရန် တွန်းအားပေးလျက်ရှိသည်။
ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီး ဒေးဗစ်ဝိုင်-အိုင်လင်းက ''ဇွန် ၁၄ ရက်က ကျင်းပခဲ့သည့် ငါးဖမ်းလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကြိုတင်ပြင်ဆင်သည့်အစည်းအဝေးသည်ခိုင်မာသောရလဒ်များရရှိပြီး နှစ်ဖက်  စလုံးက ငါးလုပ်ငန်းဆိုင်ရာကိစ္စရပ်များဆွေးနွေးရန်ရှေ့ဆက်သွားမည်ဟု သဘော တူညီချက်များ ရရှိကြောင်း'' ပြောကြားခဲ့သည်။

ဓါတ်လှေခါးအတွင်း ပိတ်မိသူအမျိုးသမီးနှစ်ဦး မီးသတ်တပ်ဖွဲ့မှ ကယ်တင်ခဲ့ရ

Thursday, August 15, 2013  
သြဂုတ် ၁၄ ရက် ညနေ ၃ နာရီ ၅၅ မိနစ်ခန့်က လျှပ်စစ်မီး ရုတ်တရက် ပြတ်တောက်သွားသဖြင့် ဗိုလ် တထောင်မြို့နယ် (၁ဝ) ရပ်ကွက် ၄၅ လမ်း(အထက်) -အမှတ် ၁၅၈၊ ၁ ခန်း ရှစ်ထပ်တိုက် ၏ ခြောက်လွှာထပ်နှင့် ခုနစ်လွှာအကြားအရောက်၌ ဓာတ် လှေကားရပ်သွားရာ အမျိုးသမီးနှစ်ဦး ဓာတ်လှေ ကားအတွင်း ပိတ်မိနေ ကြောင်း မီးပြန်လာသော်လည်း ဓာတ်လှေကားမှာ ပြန်လည်အတက် အဆင်းမ လုပ်နိုင်ဘဲ ပိတ်မြဲပိတ်နေ သည်ဟု ၄င်းတိုက်ဝန်းကျင်မှ သတင်းရရှိသည်။ ဆက်လက် စုံစမ်းစစ်ဆေးခဲ့ရာ တိုင်းမီးသတ်တပ်ဖွဲ့သို့ သတင်းပေး ထားကြောင်း မီးသတ်တပ်ဖွဲ့ဝင်များ ထွက်လာနေပြီဖြစ်ကြောင်း သိရှိခဲ့ရ သည်။အခင်းဖြစ်ရာသို့ ကျောက်တံတား မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ ဒုတိယ မီးသတ်ဦးစီးမှူး ဦးကျော်သူရနှင့် မီးသတ်တပ်ဖွဲ့ဝင် ခုနစ်ဦးတို့ ညနေ ၄ နာရီကျော်၌ ရောက်ရှိလာကြောင်း တွေ့ရသည်။ 

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများအတွက် ကျန်းမာရေးအာမခံ စနစ်သစ်ထုတ်ပြန်

Thursday, August 15, 2013
ထိုင်းဘုရင်မ ဆုမ်ဒေဖရနန်းစ၀် ဆီရီကစ် ဖရာ့ပလုမ်ရာချီနီနာတ့်၏ ၈၁ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုသော အားဖြင့်ရွှေ့ပြောင်း အလုပ်သမားများအတွက် ကျန်းမာရေးအာမခံ အထူးခံစားခွင့် ပေါ်လစီအသစ်တစ်ခု ထိုင်းကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်ဟု Migrant Working Group မှ ပြောရေးဆိုခွင့် ရှိသူ ဦးစောခူက Dawei Watch သို့ ပြောကြားသည်။ စနစ်သစ်အရ အလုပ်သမားများ နေထိုင်ခွင့်သက်တမ်း တစ်ကြိမ်တိုးလျှင် အစိုးရဆေးရုံတွင် ကျန်းမာရေးကောင်းမွန်ကြောင်း စစ်ဆေးရမည်ဖြစ်ပြီး ထိုထောက်ခံ စာဖြင့် လျှောက်ရသည်ဖြစ်ရာ တစ်ကြိမ် ဘတ် ၆၀၀ ကုန်ကျမည်ဖြစ်သည်။

ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် ၂ဝ၁၆ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည်

Thursday, August 15, 2013
အသစ်ထပ်မံဆောက်လုပ်မည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းသည် ၂ဝ၁၆ ခုနှစ်၌ အပြီးသတ်တည်ဆောက်နိုင် မည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနမှ တာဝန်ရှိ သူ တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ လေဆိပ်တည်ဆောက်မှုသည်မြန်မာနိုင်ငံအတွင်းသို့ ခရီးသွားများ ဝင်ရောက်မှု နှစ်စဉ် တိုးတက်လာ ရာ ၂ဝ၃ဝ ပြည့်နှစ် အထိ ဝင်ရောက်လာမည့် ခရီးသွား ဝင်ရောက်နှုန်းကို ခန့်မှန်း၍တွက်ချက်တည်ဆောက်ခြင်းဖြစ်ကြောင်း၊ထို့အတူ ပြည်ပလေကြောင်းလိုင်းများမှ လေယာဉ်ကြီးများ ပိုမိုဆိုက်ကပ်လာနိုင်စေရန် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် စာနယ်ဇင်းကောင် စီ တွေ့ခွင့်တောင်းမည်

Thursday, August 15, 2013
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ကရေးဆွဲသည့် သတင်းမီဒီယာဥပဒေကြမ်းကိုရှင်းပြရန် နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်တို့ကိုတွေ့ဆုံခွင့်တောင်းမည် ဖြစ်ကြောင်း အဆိုပါကောင်စီက သြဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ကန့်ကွက်နေသည့် သတင်းမီဒီယာ ဥပဒေကြမ်းကို သမ္မတဦးသိန်းစိန်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တို့ကို တွေ့ဆုံရှင်းပြမည် ဖြစ်ကြောင်း ယင်း ကြေညာချက် တွင် ဖော်ပြထားသည်။

အကြွေစေ့ဂိမ်းဆိုင်ကြောင့် DKBA နှင့် ခရိုင်ရဲတပ်ဖွဲ့တို့ နှစ်ဖက်တင်းမာ

Thursday, August 15, 2013
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)နှင့် ဆက်စပ်မှုရှိသည့် ကော့ကရိတ်ခရိုင်အတွင်းမှ အကြွေစေ့လောင်းကစားဆိုင်တစ်ခုကို ခရိုင်ရဲစခန်းက ၀င်ဖမ်းခဲ့ပြီးနောက်ပိုင်းတွင် ယင်းကိစ္စကို ဖြေရှင်းရန် လက်နက် အပြည့်အစုံပါလာသည့် DKBA မှ ကားနှစ်စီးက ရဲစခန်းသို့ သွားရောက်ခဲ့သဖြင့် နှစ်ဖက် တင်းမာခဲ့ရသည်။ သြဂုတ် ၁၂ ရက် နေ့လည်တွင် DKBA တပ်ဘက်မှ လက်နက်အပြည့်ပါလာသော ကားများက ရဲစခန်းသို့ လာရောက်သဖြင့် ရဲများဘက်ကလည်း သေနတ်မောင်းတင်ကာ အသင့်အနေအ ထား နေရာယူခဲ့ သည်အထိ အချေအတင် တင်းမာသွားခဲ့ရသည်ဟု စုံစမ်းရရှိသည်။

လက်ပံတောင်းအရေး လှုပ်ရှားသည့် ဒေါ်နော်အုန်းလှကို ဆူပူအောင် လှုံ့ဆော်မှုဖြင့် တရားစွဲမည်

Thursday, August 15, 2013
လက်ပံတောင်းတောင်စီမံကိန်းလုံးဝရပ်ဆိုင်းပေးရေးအတွက် ဒေသခံများနှင့်အတူဆန္ဒပြခဲ့သော ဒေါ်နော်အုန်း လှအား ဒေသတည်ငြိမ်မှုကိုပျက်ပြားစေရန်လှုံ့ဆော်နေသူအဖြစ် အာဏာပိုင်ကစွပ်စွဲရာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၅၀၅(ခ)ဖြင့်တရားစွဲဆိုမည်ဖြစ်ကြောင်းမုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှရဲမှတ်တမ်းများတွင် ဖော်ပြ ထားသည်။ယင်းရဲမှတ်တမ်းများတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး အကြောင်းပြ လျက် ဒေသတွင်း တည်ငြိမ်မှုပျက်စေရုံသာမက အစိုးရကို အကြည်ညိုပျက်စေရန် ဥပဒေမဲ့ လူစုလူဝေးပြု လုပ်ခြင်း၊စီတန်းလှည့်လည်ခြင်းပြုလုပ်ခဲ့သူအဖြစ်ဒေါ်နော်အုန်းလှကိုစွပ်စွဲထားသည်ကိုလည်း တွေ့ရသည်။

အီဂျစ်အဓိကရုဏ်း သေဆုံးသူ ပိုမိုများပြား

Thursday, August 15, 2013
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာရှိတဲ့ အကြီးဆုံးသပိတ်စခန်း (၂)ခုကို အဓိကရုဏ်းထိန်းရဲတွေက သံချပ်ကာ ကားတွေ ဘူဒိုဇာတွေနဲ့ ဝင်ဖျက်ခဲ့ပြီးနောက်မှာတော့ ညမထွက်ရအမိန့်နဲ့ နိုင်ငံပြန်တည်ငြိမ်လာပြီလို့ အီဂျစ် အရာရှိတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင် ၄၃ ဦးအပါအဝင် လူပေါင်း ၂၇၈ ဦး ဗုဒ္ဓဟူးနေ့ က သေဆုံး ခဲ့တယ်လို့ ကြားဖြတ်အစိုးရက ပြောပါတယ်။ ဒါပေမယ့် ဖြုတ်ချခံ သမ္မတ Mohamed Morsi ကို အာဏာပြန်အပ်နှင်းဖို့ တောင်းဆိုနေတဲ့ မွတ်စလင် ညီအကိုတော်များအဖွဲ့ရဲ့ ပြောခွင့်ရသူကတော့ ဆန္ဒပြ သူ လူအုပ်ထဲကို ရဲက စက်သေနတ်နဲ့ ပစ်ခဲ့လို့ လူပေါင်း ၂၆၀၀ သေဆုံးခဲ့ ရတယ်လို့ ပြောပါတယ်။

တရုတ်နှင့် ဆွေးနွေးရာမှာ အာစီယံ တသံတည်း ထွက်မည်

Thursday, August 15, 2013
တောင်တရုတ်ပင်လယ်အရေးကိစ္စမှာ Code of Conduct လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ပတ်သက်လို့ပြော ဆိုဆွေးနွေးမှုတွေမှာတသံတည်းထွက်ဖို့အာဆီယံအရှေ့တောင်အာရှနိုင်ငံများအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူခဲ့ကြပါတယ်။ မကြာခင်လာတော့မယ့် တရုတ်နဲ့အကြိုပြင်ဆင်မှုအဖြစ်နဲ့ ထိုင်းနိုင်ငံ ဟွာဟင်း ( Hua  Hin) အပန်းဖြေစခန်းမှာ ဗုဒ္ဓဟူးနေ့က အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ပါ။ တရုတ်အစိုးရက သိပ်ပြီးတော့ မကျင်းပချင်တဲ့ ဒီဆွေးနွေးပွဲကို စောစောစီးစီး အဆုံးသတ်နိုင်ဖို့အာဆီယံအဖွဲ့က လိုလားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကပြောပါတယ်။ ဒီလအစောပိုင်းက ရေပိုင်နက် စည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သက်လို့ အဆိုပြုထားတဲ့ အာဆီယံနဲ့သဘောတူညီမှုကို လက်မှတ်ရေးထိုးဖို့ အရင်မလိုပါဘူးလို့ တရုတ်ကပြောသွားတာပါ။ လိုက်နာရမယ့်ကျင့်ဝတ်စည်းမျဉ်းတွေနဲ့ပတ်သက်ပြီးတော့အများကြီးလုပ်ဆောင်ရဦးမယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကပြောပါတယ်။

ဆင်များ၏ သစ္စာစောင့်သိမှုကြောင့် အကျပ်တွေ့နေရသည့် ကျေးရွာလေး

Thursday, August 15, 2013
ပြီးခဲ့သည့်သီတင်းပတ်ကစတင်၍ အိန္ဒိယ နိုင်ငံတွင် တောဆင်ရိုင်း တစ်အုပ်၏ မျိုးနွယ်စုအပေါ် သစ္စာစောင့် သိစိတ်ကြောင့် ကျေးရွာလေး တစ်ခုမှ ရွာခံများနှင့် တာဝန်ရှိသူများ ခေါင်းခဲနေရကြောင်း သိရှိရသည်။ အိန္ဒိယအရှေ့ပိုင်းဒေသရှိ မာတာရီရွာလေးတွင် မီးရထားတစ်စင်းသည် အလေ့ကျ လှည့်လည် သွားလာနေ သည့် ဆင်ရိုင်းတစ်ကောင်ကို တိုက်သတ်မိခဲ့သည်။ ယင်းသည် ရည်ရွယ်ချက် မပါသော မတော်တဆ ကိစ္စ သာဖြစ်ပြီး ရွာခံများပင် စိတ်မကောင်း ဖြစ်ခဲ့ကြသည်။ သို့သော်လည်း  တောဆင်ရိုင်းများ၏ တုံ့ပြန်မှုကမူ ရွာသားများအတွက် အံ့ဩ တုန်လှုပ်စရာ ဖြစ်လာသည်။ တောဆင်ရိုင်း (၁၅)ကောင်မျှသည် ၎င်းတို့၏ မျိုးနွယ်တူရဲဘော်ရဲဘက်သေဆုံးခဲ့သည့်နေရာတွင်ဝမ်းနည်းကြေကွဲစွာလာရောက်စုရုံး အော်မြည်ခဲ့ကြသည်။

မွန်ပြည်နယ် ရှိ ရေဘေးသင့် ပြည်သူ များအား ကူညီ ထောက်ပံ့

Thursday, August 15, 2013
မွန်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများ ပြန်လည် ထူထောင်ရေးတွင် အသုံးပြုရန်အတွက် အမျိုးသား လွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီမှ ကူညီထောက်ပံ့သည့် အခမ်းအနားကို ပြည်နယ် ခန်းမ၌ ယမန်နေ့ နံနက် ၁ဝနာရီခွဲက ကျင်းပရာ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ အမျိုးသား လွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များကူညီစောင့်ရှောက်ရေးaက်ာမတီဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေနှင့် ကော်မတီ ဝင်များ၊ တာဝန်ရှိသူ များ တက်ရောက်ကြသည်။

အစိုးရ အဖွဲ့အစည်းများသို့ ကမ်းလွန်သဘာဝဓာတ်ငွေ့ အရှုံးခံ ရောင်းချနေသည့်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၂၈ ဒသမ ၉၃၃ ရှုံးနေ၍ ဈေးနှုန်းမြှင့်ရန် လိုအပ်ကြောင်း ဒုတိယ၀န်ကြီး ပြောကြား

၂၀၁၂ ခုနှစ်၊ဇွန်မှ ၂၀၁၃ ခုနှစ် ဇွန်လအထိ နိုင်ငံပိုင်စက်ရုံများသို့ ပြည်တွင်းသုံး ကမ်းလွန်သဘာဝဓာတ်ငွေ့ ရောင်းချရာတွင် Total E& P Myanmar Co.Ltd သို့ ပေးချေရသည့် ဈေးနှုန်းနှင့် ရောင်းဈေးကွာခြား မှုကြောင့် အရှုံးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၂ ဒသမ ၅၆၈ နှင့် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ  ပိုက်လိုင်းဖြတ်သန်းခ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၇၆ ဒသမ ၃၆၅ ရရှိခြင်း မရှိသောကြောင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၂၈ ဒသမ ၉၃၃ ဆုံးရှုံးသည့်အတွက် ပြည်တွင်းသုံး ကမ်းလွန်သဘာဝဓာတ်ငွေ့ ဈေးနှုန်းအား ယေဘုယျအားဖြင့် မြှင့်တင်ရန်လိုအပ်ကြောင်း၊ ဖြစ်ပေါ်နိုင်သည့်

အင်တာနက် လွတ်လပ်ခွင့် တင်းကျပ်ထားသည့် အင်တာနက် ရန်သူစာရင်းတွင် တရုတ်၊ ကျူးဘား၊ မြောက်ကိုရီးယား စသည့်နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံ ပါဝင်နေ

ပြင်သစ်နိုင်ငံအခြေစိုက်အဖွဲ့အစည်းတစ်ခုဖြစ်သည့်နယ်စည်းမထားသတင်းထောက်များအဖွဲ့မှထုတ်ပြန်သော အင်တာနက်ရန်သူနိုင်ငံများစာရင်း (Enemies of Internet-2012) တွင် မြန်မာနိုင်ငံသည် တရုတ်၊ ကျူးဘား၊ မြောက်ကိုရီးယား စသည့်နိုင်ငံများနှင့်အတူ ပါဝင်နေကြောင်း ၎င်းတို့စာရင်းအရ သိရသည်။
အဆိုပါအင်တာနက်ရန်သူစာရင်းတွင် ထိပ်ဆုံးမှ ရှိနေသူမှာ ဘာရိန်းနှင့် ဘီလာရုစ်တို့ဖြစ်ပြီး  မြန်မာနိုင်ငံက တတိယနေရာမှ လိုက်နေခြင်း ဖြစ်သည်။
"၀က်ဘ်ဆိုက်တွေ ပိတ်တာမျိုး မရှိတော့တာမျိုးတော့ ကြာပြီ။ နောက်ပြီး အင်တာနက် ဆားဗစ်တွေ သုံးလို့ရနိုင်ဖို့အတွက် လိုအပ်တဲ့ port တွေကို ပိတ်ဆို့ထားတာမျိုးတွေ မရှိတော့တာလည်း ကြာပြီ။ ကျွန်တော်တို့က ဆင်ဆာကဏ္ဍကနေ ကြည့်မယ်ဆိုရင်တော့ ဒါမျိုးတွေ မရှိတော့တဲ့ အတွက်ကြောင့် လွတ်လပ်ခွင့်ရပြီလို့ ပြောနိုင်ပါတယ်။ အင်တာနက် လွတ်လပ်ခွင့်ဆိုတာ အင်တာနက် ဆက်သွယ်ရေးကို လူတိုင်းသက်သက်သာသာနဲ့ သုံးနိုင်ရမယ်ဆိုတဲ့ အချက်နဲ့ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့မှာ လိုအပ်ချက် ရှိနေပါတယ်။ လူတိုင်းအင်တာနက်ကို ဈေးသက်သက်သာသာနဲ့ မရနိုင်သေးဘူး။ နောက်တစ် ခုကအင်တာနက်ကတော်တော်နှေးနေသေးတယ်။အင်တာနက်ဆက်သွယ်မှုနှေးတာရယ်တပ်ဆင်ခ ဈေးကြီး

ဖိလစ်ပိုင်နိုင်ငံ SAUL ဆိပ်ကမ်းအနီး နစ်မြုပ်ခဲ့သည့် သင်္ဘောမှ မြန်မာသင်္ဘောသား ၂၁ ဦးအား ဒေါ်လာတစ်သန်းကျော် လျော်ကြေးပေးအပ်

ဖိလစ်ပိုင်နိုင်ငံ SAUL ဆိပ်ကမ်းအနီးတွင် ယခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က နစ်မြုပ်ခဲ့သည့် MV.HARITA BAUHITEသင်္ဘောပေါ်တွင်တာဝန်ထမ်းဆောင်နေသည့်မြန်မာသင်္ဘောသား၂၁ဦးတို့မှ သေဆုံးသူ၊ ပျောက် ဆုံးသူ၊ ဒဏ်ရာရရှိသူများကို လျော်ကြေးငွေ ဒေါ်လာ ၁ သန်းကျော်ကို သြဂုတ် ၁၄ ရက်က ရန်ကုန်မြို့ရှိ Dolphin Restaurant တွင် ပေးအပ်ခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံသား တစ်ဦးထံမှ ကျည်ဆန်တောင့်များ ဖမ်းဆီးရမိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထိုင်းနိုင်ငံသို့ပြန်မည့်ထိုင်းနိုင်ငံသားတစ်ဦးထံမှ ကျည်ဆန်တောင့် များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။သြဂုတ် ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် လေကြောင်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ပထွက်ခွာသည့် ခရီးသည်များနှင့် အိတ်များကို Main X-ray စက်ဖြင့် စစ်ဆေးရှာဖွေနေစဉ် အမ်အေအိုင် လေကြောင်းလိုင်းဖြင့် ရန်ကုန်မှ ဘန်ကောက်သို့ လိုက်ပါစီးနင်းမည့် ခရီးသည်တစ်ဦးဖြစ်သူ Ms.Gomes Suraphanapa (၂၃) နှစ် ကိုင်ဆောင်သော လက်ဆွဲပစ္စည်းအ၀ါနှင့် အနီကြား စိန်ဂေဟာတံဆိပ်ပါ ဈေးဝယ်အိတ်အတွင်း ထိုင်းစာတန်းပါ ကြွတ်ကြွတ်အိတ် အဖြူရောင်ထဲတွင်

ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ရွှေနန်းတော် မြ၀တီ-ဇရပ်ကြီး ခရီးသည်တင် မှန်လုံယာဉ် တိမ်းမှောက်

သြဂုတ် ၁၄ ရက် နံနက် ၇ နာရီ ၄၅ မိနစ်အချိန်က တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အင်ဒိုင်းကျေးရွာ အနီး တွင် ရွှေနန်းတော် မြ၀တီ-ဇရပ်ကြီး ခရီးသည် တင်မှန်လုံယာဉ်တစ်စီး လမ်းဘေးသို့ ဆွဲချတိမ်းမှောက် မှု ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ပြီး ၅ ဦးအား ဆေးရုံတင်ပို့ ကုသထားရကြောင်း သိရသည်။
မြ၀တီမြို့မှ ဇရပ်ကြီးမြို့သို့ သြဂုတ် ၁၃ ရက် နံနက် ၉ နာရီမှ စတင်ထွက်ခွာလာသော ယာဉ်အမှတ် ၄င/၇၅၃၄ ယာဉ်မောင်း မင်းသိန်းကျော် (၂၃ နှစ်)(ဘ) ဦးအောင်နိုင် ဖြူးမြို့နယ်နေသူ မောင်းနှင်လာသော FUSO ခြောက်ဘီး ရွှေနန်းတော် မြ၀တီ-ဇရပ်ကြီး ခရီးသည် တင်မှန်လုံယာဉ် တစ်စီးသည် ယာဉ်မောင်း ယာဉ်နောက်လိုက်နှင့် ခရီးသည် အပါအ၀င် လူ ၁၀ ဦးအား တင်ဆောင်လာပြီး တောင်ငူခရိုင်၊ အုတ်တွင်း မြို့နယ် အင်ဒိုင်းကျေးရွာအနီး အမြန်လမ်းမဟောင်း မိုင်တိုင်အမှတ် ၁၆၂ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံအကြား တွင် တောင်မှမြောက်သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏အနောက်ဘက်သို့ ဆွဲချတိမ်းမှောက် ခဲ့ရာ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးပြီး ခရီးသည် ကျားနှစ်ဦး မသုံးဦးအား အုတ်တွင်းမြို့နယ် ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ကုသ ထားရကြောင်း သိရသည်။

Wednesday, August 14, 2013

ဒလိုင်းလားမား Website အတိုက်ခံရ


တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား၏ တရုတ်ဘာသာဖြင့် တင်ထားသည့် Website သည် ကွန်ပျူတာလုံခြုံရေး အဖွဲ့အစည်းကြီး တစ်ခု၏ သတိပေး နေသည့်ကြားမှ အတိုက်ခံလိုက်ရပြီး ယင်း Website သို့ ဝင်ရောက်ကြည့်ရှုသူများ၏ ကွန်ပျူတာများသို့ပါ ဗိုင်းရပ်စ်များကူးစက် ခံလိုက်ရကြောင်း၊ အထူးသဖြင့် ထို site သို့ မကြာခဏ သွားရောက်ကြည့်
ရှုသော လူ့ အခွင့်အရေး စောင့်ကြည့်အဖွဲ့ဝင်များ၏ ကွန်ပျူတာများတွင် ဗိုင်းရပ်စ်ကူးစက်ခြင်း ခံရစေရန် စနစ်တကျ စီစဉ်ထားခြင်းဖြစ် ကြောင်း Reuters သတင်းဌာနက ရေးသား ဖော်ပြထားသည်။

နော်အုန်းလှအပါအ၀င် လက်ပန်တောင်း ဒေသခံ ၉ ဦးအားဖမ်း ဆီး



လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းရေး၊ အကြမ်းဖက်နှိမ်နှင်းတဲ့ ရဲတရားခံတွေ ဖော်ထုတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နဲ့ စီမံကိန်း ဖော်ဆောင်ရေး ကော်မီတီကနေပြည်ထောင်စုဝန်ကြီး ဦးလှထွန်း နှုတ်ထွက်ပေးရေး စတဲ့အချက် ၄ ချက်နဲ့ မုံရွာမြို့မှာ ချီတက် တောင်းဆိုဆန္ဒပြခဲ့တဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်နော်အုန်းလှ ကို ပုဒ်မ ၁၈ နဲ့ ဖမ်းဆီး 

ရွှေပြည်သာတွင် ဗလီသစ်ဆောက်သည့် ကောလာဟလကြောင့် ရဲများစုံစမ်းပြီး မမှန်ကန်ကြောင်းထုတ်ပြန်






ရွှေပြည်သာမြို့နယ်တွင် ဗလီအသစ်တစ်လုံး ဆောက်လုပ်နေကြောင်း အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ကောလဟာလများ ပျံ့နှံ့ခဲ့သဖြင့် ထိုကိစ္စကို ရဲများကစုံစမ်းခဲ့ရာ မဟုတ်မှန်ကြောင်း ရန် ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ထိုကိစ္စကို အတည်ပြုစုံစမ်းရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က သြဂုတ် ၁၂ ရက်တွင် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာဒေသရှိ ရဲစခန်းမှရဲများက သွားရောက်စုံစမ်းခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ထူးအိမ်သင် ကွယ်လွန်ခြင်း ၉ နှစ်ပြည့်အမှတ်တရ ပြန်လည်ဖော်ပြမှု



၁၄၊၈၊၂၀၁၃ ဒီနေ့ မှာ သူမရှိတော့တာ..(၉) နှစ်ပြည့်သွားခဲ့ပါပြီ။
ဒါပေမဲ့ ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ ကိုငှက် (ထူးအိမ်သင်)ဆိုတာ ဘယ်တော့မှ သေဆုံးပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။
သူဖန်တီးခဲ့တဲ့ အနုပညာတွေဟာ အမြဲရှင်သန်နေဆဲပါပဲ...။
သူ့ ပရိတ်သတ်တွေကလည်း သူ့ အပေါ်တမ်းတနှမျောဆဲပါပဲ....။

မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်လေးများကို သရဖူပေးအပ်ချီးမြှင့်


ကမ္ဘာ့အဆင့် အလှမယ်ပြိုင်ပွဲများဖြစ်သော Miss Supranational 2013 နှင့် Miss Grand International 2013 ပြုင်ပွဲကြီးများသို့ သွားရောက်ယှဉ်ပြိုင်မည့်မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်လေးများကို သရဖူပေးအပ်ချီးမြှင့်ခြင်းနှင့်စာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနားကို သြဂုတ်လ ၁၄ ရက်နေ့၊ မနက် ၁၀ နာရီတွင် ထရိတ်ဒါးဟိုတယ်တွင် ကျင်းပခဲ့ပါတယ်။

့၁၀ ထပ်အမြင့်ရှိသော Star Cruise အပျော်စီသင်္ဘော သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ရောက်မည်


ကမ္ဘာလှည့်ခရီးသည်များလိုက်ပါလာသည့် ၁၀ ထပ်အမြင့်ရှိသော Star Cruise အပျော်စီသင်္ဘောကြီးသည် သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ရောက်လာမည်

မင်းအုပ်စိုးမှ “လူရွှင်တော် အိပ်မက်” ရုပ်ရှင်ကို ထပ်မံတင်ဆက်မည်




မြန်မာ့ဇာတ်သဘင်ကို သရုပ်ဖော်တင်ပြသည့် “အငိုမျက်လုံး အပြုံးမျက်နှာ ” ရုပ်ရှင်ကားကြီးအား သရ၀ဏ် ထုတ်လုပ်ရေးမှ ဒါရိုက်တာမင်းအုပ်စိုး ရိုက်ကူးတင်ဆက်ခဲ့ပြီးနောက် ယခုနှစ်အတွင်းတွင်လည်း လူရွှင်တော်တို့၏ ဘ၀ကို သရုပ်ဖော်ထားသည့် “လူရွှင်တော် အိပ်မက်” ရုပ်ရှင်အား တင်ဆက်ရန်စီစဉ်ပြီးဖြစ်ကြောင်း သရ၀ဏ် ထုတ်လုပ်ရေးမှ မအေးအေးသင်းက မဇ္ဈိမသို့ ပြောကြားလိုက်သည်။

တမူးသို့ ဟောပြောပွဲသွားသော နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ ညအိပ်ခွင့်မရ





တမူး နိဗ္ဗာန်လမ်း နာရေးကူညီမှုအဖွဲ့၏ ဖိတ်ကြားချက်အရ စစ်ကိုင်းတိုင်း၊ တမူးမြို့သို့ သွားရောက်ခဲ့သော နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့သည် ယင်းမြို့တွင် ညအိပ်တည်းခိုခွင့် မရဘဲ ပြန်လာရသည်ဟု တမူးမြို့ နိဗ္ဗာန်လမ်း နာရေးကူညီမှုအဖွဲ့မှ ပြောကြားချက်အရ သိရသည်။

ဦးကျော်သူနှင့်အဖွဲ့သည် တမူးမြို့တွင် နာရေးကူညီမှုဆိုင်ရာ ဟောပြောပွဲအတွက် သွားရောက်ရာဟော ပြောပွဲအပြီး တွင် ညအိပ်တည်းခိုခွင့်မရရှိဘဲ ပြန်သွားရကြောင်း တမူးနိဗ္ဗာန်လမ်းအဖွဲ့မှ အဖွဲ့ဝင်ဦးမိုးဇော်က မဇ္ဈိမကို ပြောသည်။

ကရင်ပြည်နယ်အတွင်း ရေကြီးမှုကြောင့် ပိတ်ထားရသည့် အခြေခံပညာကျောင်းများ ပြန်ဖွင့်



ကရင်ပြည်နယ်အတွင်း ရေကြီးမှုကြောင့် ပိတ်ထားရသော အခြေခံပညာကျောင်းများအားလုံးကို သြဂုတ် ၁၃ ရက်က စတင်ပြန်လည် ဖွင့်လှစ်ပြီဖြစ်ကြောင်း ကရင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။






ဇူလိုင်လကုန်ပိုင်းကစပြီး မြန်မာနိုင်ငံဒေသအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကရင်ပြည်နယ် အပါအ၀င် ဒေသအချို့တွင် ရေကြီးမှုကြောင့် ကျောင်းများ ပိတ်ထားခဲ့ရသည်။

မန်းမှလုပ်သားများအတွက် အနည်းဆုံးလစာနှုန်း သတ်မှတ်မည့် ကော်မတီဖွဲ့စည်းတော့မည်


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံလုပ်သားများ အနည်းဆုံးလုပ်ခလစာ မည်မျှရရှိနိုင်သည်ကို သတ်မှတ်မည့်ကော်မတီကို ယခုလကုန်တွင် ဖွဲ့စည်းနိုင်တော့မည်ဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့ထံမှ စုံစမ်းရရှိသည်။

“အနည်းဆုံးလုပ်ခလစာသတ်မှတ်ရာမှာလည်း အလုပ်သမားနဲ့အလုပ်ရှင်အတွက် မျှတတဲ့လုပ်ခလစာဖြစ်စေဖို့ဆောင်ရွက်သွားမယ်” ဟု မန္တလေးတိုင်းသစ်တောနှင့် သတ္တုဝန်ကြီး ဦးသန်းစိုးမြင့်က ပြောကြားခဲ့သည်။

အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးကော်မတီကို ဖွဲ့စည်းပြီးပါက အခြေခံလုပ်ငန်း အမျိုးအစားပေါင်း ၂၀ ကျော်မှ လုပ်သားများအတွက် လုပ်ခလစာနှုန်းထားများ သတ်မှတ်နိုင်လိမ့်မည်ဟုလည်း သူကဆိုသည်။

အမေရိကန်ထံမှ စစ်ရေးအကူအညီ ပိုမိုရရှိရန် ဖိလစ်ပိုင်လိုလား



ဖိလစ်ပိုင်နိုင်ငံ၏ ပင်လယ်ပြင်ရေပိုင်နက်များကို ကာကွယ်နိုင်ရန်အတွက်၊ အမေရိကန်ထံမှ စစ်ရေးဆိုင်ရာ အကူအညီများ ပိုမိုရယူနိုင်ရေးကို ခွင့်ပြုသင့်ကြောင်း ဖိလစ်ပိုင်က တောင်းဆိုခဲ့ကြောင်း သြဂုတ် ၁၃ ရက် က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

ယခုအပတ်အတွင်းစတင်ခဲ့သည့်၊ ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှုများ ထပ်မံတိုးချဲ့ရေး ဆွေးနွေးရာ တွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ဖိလစ်ပိုင်နှင့် အမေရိကန်တို့အနေဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် အမေရိကန်၏ စစ်ရေးတည်ရှိမှု ပိုမိုတိုးမြှင့်ရေး ကိုခွင့်ပြုရန်မူအား ဖြင့်သဘောတူပြီးဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘတ်ဒယ်လ် ရို ဆာရီယို (Albertdel Rosario) က ပြောကြားခဲ့သည်။

အဆက်မပြတ် ဗုံးကွဲမှုများကြောင့် အီရတ်ပြည်သူများကအစိုးရကို စိတ်ပျက်နေ






အစ်ပွဲတော် အားလပ်ရက်အတွင်း လူ ၇၄ ဦးသေဆုံးခဲ့ရသည့် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အစိုးရက ကာကွယ်တားဆီး မပေးနိုင်သောကြောင့် အီရတ်ပြည်သူများက အီရတ်အာဏာပိုင်များကို ဒေါသတကြီး ပြစ်တင်ဝေဖန်ခဲ့ကြကြောင်း သြဂုတ် ၁၃ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။ 

နှစ်ပေါင်းများစွာအတွင်း အီရတ်နိုင်ငံ၏ အသေအပျောက်အများဆုံး ရာမာဒန်ဥပုသ်လအဖြစ်လည်း စာ ရင်းဝင်သွားခဲ့သည်။

Monday, August 12, 2013

၂၀၁၄ မယ်စကြ၀ဠာပြိုင်ပွဲ မြန်မာဝင်ပြိုင်မည်

Monday, August 12, 2013
ရန်ကုန်- ၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် မယ်စကြ၀ဠာပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု မယ်တစ်ဦး စေ လွှတ်ယှဉ်ပြိုင်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မယ်စကြ၀ဠာရွေးချယ်ရေးအဖွဲ့နှင့် သဘောတူညီမှု ရထားပြီးဖြစ်ကြောင်း နယူးယောက်မြို့ကို ရောက်ရှိနေသည့် စီစဉ်သူ မြန်မာနိုင်ငံ အမျိုးသမီးအားကစား အဖွဲ့ချုပ်မှ ဒေါ်စိုးယုဝေက ပြောကြားသည်။
မယ်စကြ၀ဠာပြိုင်ပွဲ စေလွှတ်ရန် မြန်မာနိုင်ငံအဆင့် မယ်စကြ၀ဠာမြန်မာကို ပြည်တွင်းတွင် ပြိုင်ပွဲလုပ်ပြီး အသေအချာ ရွေးချယ်သွားမည်ဖြစ်ပြီး၊ အထူးသဖြင့် မြန်မာဆန်သောရုပ်ရည် နှင့် အရပ် ၅ ပေ ၆ လက်မ ရှိသူကိုသာ ရွေးချယ်သွားပြီး မြန်မာပြည်အဆင့်တွင် ပြိုင်ပွဲဝင်များ မက်လောက်စရာ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားရန် စီစဉ်ထားကြောင်း ဒေါ်စိုးယုဝေက ရှင်းပြသည်။

အီရတ်တွင် အစ်ပွဲတော်ကာလ ဗုံးပေါက်ကွဲမှုများ အယ်လ်ကေးဒါးတို့ လက်ချက်ဟုဆို

Monday, August 12, 2013
အီရတ်နှင့် မြေထဲပင်လယ် အရှေ့ပိုင်း ဒေသများတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများအတွင်း လူပေါင်း ၇၄ ဦးမျှ သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြပါသည်။
ီရတ်အခြေစိုက် အယ်လ်ကေးဒါးအကြမ်းဖက် အဖွဲ့များက အစ်ပွဲတော်ကာလအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများမှာ မိမိတို့လက်ချက်ဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်သည်။ အီရတ်နှင့် မြေထဲ ပင်လယ်အရှေ့ပိုင်းဒေသများတွင်ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများအတွင်း လူပေါင်း ၇၄ဦးမျှ သေဆုံး ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အစ္စလာမ်မစ် နိုင်ငံတော်အတွက် စတင်စည်းရုံးနေပါပြီ။ ဘဂ္ဂဒက် မှာ၊ တောင်ပိုင်း ပြည်နယ်တွေမှာရှိတဲ့ အဖွဲ့အစည်းတွေကိုလည်း မြန်ဆန်တဲ့ သတင်းပါးမှုမျိုး ဖြစ်စေလိမ့် မယ် ဟု အယ်လ်ကေးဒါးအဖွဲ့က ကြေညာခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ပေါက်ကွဲမှု ဖြစ်ပွား

Monday, August 12, 2013
အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Palue ကျွန်းပေါ်မှာ ပြီးခဲ့တဲ့ စနေနေ့က မီးတောင် ပေါက်ကွဲခဲ့တဲ့အတွက် လူ ၃ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့သိရပါတယ်။ မီးတောင်ပေါက်ကွဲမှု ဟာ Rokatenda တောင် မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ မီးတောင်မှ ထွက်ရှိလာတဲ့ ပြာ မှုန်တွေ၊ ချော်ရည်တွေ နဲ့ မီးခိုးတွေကြောင့် လူ ၃ဦး သေဆုံးခဲ့ပြီး၊ ၃ဦး ပျောက်ဆုံး လျက်ရှိပါတယ်။ ဒါ့အပြင် ကျွန်းပေါ်နေ လူဦးရေရဲ့ ထက်ဝက်ခန့်ဖြစ်တဲ့ လူ သုံးထောင်ကို ဘေးလွတ်ရာ သို့ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

Photo: အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ပေါက်ကွဲမှု ဖြစ်ပွား
Monday, August 12, 2013

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Palue ကျွန်းပေါ်မှာ ပြီးခဲ့တဲ့ စနေနေ့က မီးတောင် ပေါက်ကွဲခဲ့တဲ့အတွက် လူ ၃ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့

သိရပါတယ်။ မီးတောင်ပေါက်ကွဲမှု ဟာ Rokatenda တောင် မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ မီးတောင်မှ ထွက်ရှိလာတဲ့ ပြာ မှုန်တွေ၊ ချော်ရည်တွေ နဲ့ မီးခိုးတွေကြောင့် လူ ၃ဦး သေဆုံးခဲ့ပြီး၊ ၃ဦး ပျောက်ဆုံး လျက်ရှိပါတယ်။ ဒါ့အပြင် ကျွန်းပေါ်နေ လူဦးရေရဲ့ ထက်ဝက်ခန့်ဖြစ်တဲ့ လူ သုံးထောင်ကို ဘေးလွတ်ရာ သို့ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

အဲ့ဒီမီးတောင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ကတည်းက အစပြုလှုပ်ခတ် နေခဲ့တာဖြစ်ပြီး အင်ဒိုနီးရှား အစိုးရကတော့ မီးတောင်အနီး ပတ်လည် ၃ကီလိုမီတာကို အန္တရာယ်ဇုန် အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

နိုင်ငံတွင်း မီးတောင်ရှင် ၁၂၀ကျော်ရှိပြီး လွန်ခဲ့တဲ့ ၃နှစ်က ဂျာဗားကျွန်းပေါ်ရှိ Merapi မီးတောင် ပေါက်ကွဲမှုကြောင့် လူရာ ပေါင်းများ စွာ သေဆုံးခဲ့ဖူးတယ်လို့ သိရပါတယ်။

MRTV4

စီးပွားရေး အထောက်အကူပြု သင်တန်းပေးရန် ဂျပန်-မြန်မာစင်တာဖွင့်

Monday, August 12, 2013

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ရန် ဆွဲဆောင်နိုင်မည့် စီးပွားရေး အထောက်အကူပြု သင်တန်းများ ပို့ချနိုင်ရန် ဂျပန်-မြန်မာစင်တာကို သြဂုတ်လ ၉ ရက်နေ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ဖွင့်လှစ်ခဲ့ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ သိရသည်။

မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံ အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လျက် ရှိရာတွင် ခိုင်မာသော ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြင့်ရရှိစေရန် ဆွဲဆောင်နိုင်မည့် အထောက်အကူပြု သင်တန်းများ ပို့ချရန် လိုအပ်ခြင်းကြောင့် အဆိုပါစင်တာကို UMFCCI နှင့် JICA တို့ ပူးပေါင်း၍ တည်ထောင်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း JICA မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

ပထမတန်း ကျောင်းသားကို ကျောင်း အထွေထွေလုပ်သား ရိုက်နှက်မှု တိုင်းပညာရေးမှူးထံ တင်ပြ

Monday, August 12, 2013

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဝမ်းဘဲအင်းကျေးရွာ အခြေခံပညာမှ မူလတန်းကျောင်း ပထမတန်း ကျောင်းသား မောင်မင်းခန့်ကျော်ကို သြဂုတ်လ ၂ ရက်နေ့ က ကျောင်း အထွေထွေ လုပ်သား ဦးဝင်းညွန့်က ရိုက်နှက်ခြင်းနှင့် ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး ပညာရေးမှူးထံ အမှုတွဲ တင်ထားကြောင်း နတ်မောက်မြို့ ပညာရေးမှူး ဒေါ်ခင်ငြိမ်းယုက ပြောကြား သည်။

နတ်မောက်မြို့ မြို့နယ်ပညာရေးမှူး ရုံး၌ သတင်း မီဒီယာများကို သြဂုတ်လ ၁၁ ရက်နေ့တွင် ခေါ်ယူ ရှင်းလင်းစဉ် ဒေါ်ခင်ငြိမ်းယုက ကျောင်းသားမိဘ ဦးတင်မောင်ဦးက မြို့နယ် ပညာရေးမှူး ရုံးထံ နှုတ်ဖြင့် တိုင်ကြားသဖြင့် ခုံအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေး ရရှိထားသော အမှုတွဲကို တိုင်းပညာရေးမှူးထံ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကြက်သွန်ဖြူ အစိမ်းစားခြင်းက အဆုတ်ကျန်းမာရေးကို အထောက်အကူပြု

Monday, August 12, 2013
တစ်ပတ်လျှင် နှစ်ကြိမ်မျှ ကြက်သွန်ဖြူ အစိမ်းစားပေးခြင်းသည် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို သိသိ သာသာ လျော့ကျသွားစေနိုင်ကြောင်း သိရှိရသည်။ ကြက်သွန်ဖြူ အစိမ်းစားခြင်းသည် အဆုတ် ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေနိုင်ကြောင်း သုတေသီများက ပြောကြားလိုက်သည်။ တစ်ပတ်လျှင် နှစ်ကြိမ်မျှ ကြက်သွန်ဖြူ အစိမ်းစားပေးခြင်းသည် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျသွားစေနိုင်ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံတွင် ပြုလုပ်သော ကျန်းမာရေး စစ်တမ်း အစီရင်ခံစားများကို အခြေခံသည့် သုတေသနပြုမှုတွင် အဆိုပါ ရလဒ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သုတေသီများသည် လူပေါင်း (၆၀၀၀)နီးပါး၏ နေထိုင်စားသောက်မှု အလေ့အထများနှင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ဆက်စပ်မှုများအပေါ် ခြေရာခံ လေ့လာခဲ့ခြင်း ဖြစ်သည်။

တားမြစ်ဆေးကို စအိုထဲထည့်၍ ထောင်တွင်းသို့သယ်ဆောင်ရန် ကြံစည်ပြန်

Monday, August 12, 2013
တားမြစ်ဆေးများကို စအိုတွင်းထည့်၍ ထောင်ထဲသို့သယ်ဆောင်ရန် ကြံစည်သူနှစ်ဦးကို အင်းစိန်မြို့နယ်တရားရုံးက သြဂုတ် ၉ ရက်တွင် အရေးယူဆောင်ရွက်လျက်ရှိသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
တရားရင်ဆိုင်ဆဲကာလတွင် အင်းစိန်ထောင်တွင် အချုပ်ကျခံနေရသောသူများသည် တရားရုံး၌ အမှုရင်ဆိုင်ပြီး အပြန်တွင် ထောင်တွင်း၌တားမြစ်ထားသည့် ဆေးများဖြစ်သော သခွားစေ့ခေါ် ချောင်းဆိုးပျောက် ဆေးများကို စအိုတွင်ထည့် သယ်လာသည်ကို ထောင်အရာရှိများက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အသက် ၁၇ နှစ်အရွယ် Google သိပ္ပံဆု ရရှိသူလေး

Monday, August 12, 2013
Brittany Wenger လို့အမည်ရပါတယ်။ ၂၀၁၂ ခုနှစ် Google Science ပြိုင် ပွဲ ကိုဝင်ပြိုင်ခဲ့ပါတယ်။ ဆယ်ကျော်သက်တွေ အတွက် သီးသန့် ဖန်တီးပေး တဲ့ ပြိုင်ပွဲပါ။ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ပါ။
ဆုရရှိသူသွားသူကတော့ ပုံမှာ မြင်တွေ့နေရတဲ့ Brittany Wenger အမည်ရ ကလေးမပဲ ဖြစ်ပါတယ်။ အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ်။ သူ ဖန်တီးလိုက် တာကတော့ အမျိုးသမီး ရင်သားကင်ဆာ ကုသဖို့အတွက် အသုံးဝင် တဲ့ ဆော့ဖ်ဝဲလေးပါ။ Leukemia လို့ခေါ်တဲ့ ရောဂါကို ဖြစ်နိုင်ချေ ရှိမယ့် ပိုးမွားနဲ့ ဆဲလ်တွေကို ထောက်လှမ်းပေးမယ့် diagnostic tool လေးပါ။

ကြက်သွန်နီ ဈေးမြင့်၍ တောင်သူများ ဈေးကွက် စောင့်ကြည့်

Monday, August 12, 2013
မန္တလေး ကုန်စည်ဈေးကွက်အတွင်း ကြက်သွန်နီ ဈေးနှုန်းများ မြင့်တက်နေ မှုကြောင့် တောင်သူများ ဈေးကွက် စောင့်ကြည့်ကာ ကြက်သွန်နီများ ကို လှောင်ထားဆဲ ဖြစ်ကြောင်း မန္တလေးမြို့တော် အခြေစိုက် ကြက်သွန် ပွဲရုံများထံမှ စုံစမ်း သိရှိရသည်။
မန္တလေးမြို့တော် ကြက်သွန်နီ ဈေးကွက်တွင် ပြီးခဲ့သည့် ဇူလိုင် လဆန်း က မြင်းခြံ ကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင် ၄၈၀ကျပ်၊ အလတ် ၄၅၀ ကျပ်၊ အလတ် (သေး) ၄၀၀ကျပ်၊ မုံရွာ ကြက်သွန်နီ တစ်ပိဿာ လျှင် အောက်စ ၃၆၀ကျပ်၊ အကြီး ၄၂၀ကျပ်၊ ရှယ် ၄၅၀ ကျပ်သာ ပေါက်ဈေး ရှိခဲ့ပြီး သြဂုတ်လ ဒုတိယပတ်ခန့်တွင် မြင်းခြံ ကြက်သွန်နီ ထိပ်စ တစ်ပိဿာ လျှင် ၆၅၀ကျပ်၊ အလတ် ၆၂၀ ကျပ်၊ အလတ် (သေး) ၅၈၀ ကျပ်နှင့် အသေး ၅၅၀ ကျပ်ခန့်ထိ ဈေးနှုန်း မြင့်တက်သွားသောကြောင့် တောင်သူ များ ဈေးကွက်ကို စောင့်ကြည့်နေဆဲ ဖြစ်ကြောင်း ယင်းပွဲရုံ လုပ်ငန်းရှင်များ က ပြောကြားသည်။

ပင်လယ် ရေကြောင်းမှ တရားမဝင် ကုန်သွယ်မှု တားဆီးရေး လုပ်ငန်းကို သြဂုတ် ၁၂ ရက်တွင် စတင် ဆောင်ရွက်မည်

Monday, August 12, 2013
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်သည် စားသုံးသူ ကာကွယ်ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ကိစ္စရပ်များဆောင်ရွက်ရန် တာဝန် ပေးအပ်ထားသည့် Mobile Team (ရန်ကုန် ဆိပ်ကမ်း နယ်မြေ)မှ တာဝန် ရှိသူများအား ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ နန်းသီတာ ဆိပ်ကမ်း၌ တွေ့ဆုံပြီး မြန်မာ တစ်နိုင်ငံလုံး ကုန်သွယ်မှု ပမာဏ၏ ၈ဝ ရာခိုင်နှုန်းကို ပင်လယ် ရေကြောင်းမှ တစ်ဆင့် ဆောင်ရွက်လျက် ရှိရာတွင် တရားမဝင် ကုန်သွယ်မှုများကို နည်းမျိုးစုံဖြင့် လုပ်ဆောင် နေကြသည်ကို သိရပါသည်။

အိန်္ဒိယ၌ မိသားစုဝင် ဆင်တစ်ကောင် ရထားတိုက်၍ သေဆုံးခဲ့မှု အပေါ် လက်စားချေသည့် အနေဖြင့် နေအိမ်များကို ဆင်များဖျက်ဆီး

Monday, August 12, 2013
အိန်္ဒိယ နိုင်ငံ အရှေ့ပိုင်း မာတာရီ ကျေးရွာ အနီးတွင် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ရထား တိုက်မိ မှုကြောင့် ဆင်တစ်ကောင်သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် ဆင် ၁၅ ကောင်ခန့် ပါဝင်သော ဆင်အုပ်တစ်အုပ် သည်၎င်းတို့၏အပေါင်းအဖော်ဆင်သေဆုံးခဲ့သည့်ရွာသို့လာရောက်၍ ကလဲ့စားချေသည့် အနေဖြင့် နေအိမ် များကိုဖျက်ဆီးခဲ့ကြောင်း သိရသည်။
Photo: အိန်္ဒိယ၌ မိသားစုဝင် ဆင်တစ်ကောင် ရထားတိုက်၍ သေဆုံးခဲ့မှု အပေါ် လက်စားချေသည့် အနေဖြင့် နေအိမ်များကို ဆင်များဖျက်ဆီး 
Monday, August 12, 2013

အိန်္ဒိယ နိုင်ငံ အရှေ့ပိုင်း မာတာရီ ကျေးရွာ အနီးတွင် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ရထား တိုက်မိမှုကြောင့် ဆင်တစ်ကောင် သေဆုံးမှု ဖြစ်ပွား ခဲ့ပြီးနောက် ဆင် ၁၅ ကောင်ခန့် ပါဝင်သော ဆင်အုပ် တစ်အုပ်သည် ၎င်းတို့၏ အပေါင်း အဖော်ဆင် သေဆုံးခဲ့သည့် ရွာသို့ လာရောက်၍ ကလဲ့စား ချေသည့် အနေဖြင့် နေအိမ်များကိုဖျက်ဆီးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဆင်အုပ်သည် အနီးအနားရှိ နေအိမ်များကို ဖျက်ဆီးခဲ့ပြီး စာသင်ကျောင်း၏ အစိတ်အပိုင်း အချို့ကိုလည်း ဖျက်ဆီး ခဲ့ကြောင်းနှင့် ဆင်အုပ်ကို ဒေသခံ များက ဗျောက်အိုးများ အသုံးပြု၍ အုပ်စုခွဲ နိုင်ခဲ့ကြောင်း သိရသည်။

ဆင် ၁၅ ကောင်ခန့် ပါဝင်သော အဆိုပါ ဆင်အုပ်သည် ၎င်းတို့၏ အပေါင်း အဖော်ဆင် သေဆုံးခဲ့သည့် နေရာသို့ ရောက်ရှိခဲ့ကြောင်း၊ ဆင်များသည် ယင်းနေရာမှ ရက်ပေါင်းများစွာ ဖယ်ရှားခြင်း မရှိသည့် အတွက် ရထား ခရီးစဉ်များ ရပ်တန့် ခဲ့ရကြောင်း Times of India တွင် ဖော်ပြထားသည်။ 

ဆင်များသည် ၎င်းတို့၏ အပေါင်းအဖော် ဒဏ်ရာရရှိ ခဲ့သည်ဟု ယူဆပြီး ၎င်းကို ကယ်ဆယ်ရန် အတွက် အခင်း ဖြစ်ပွားရာ နေရာသို့ ပြန်လာရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဆင်တစ်ကောင် သဘာဝ အတိုင်း သေဆုံး ခဲ့ပါက ၎င်း၏ အပေါင်းအဖော် ဆင်များသည် သေဆုံးသည့် ဆင်၏ ခန္ဓာကိုယ်ကို သစ်ကိုင်းများဖြင့် ဖုံးအုပ်လေ့ ရှိကြောင်း     တောရိုင်း တိရစ္ဆာန် ဆိုင်ရာ ကျွမ်းကျင်သူ ဒီအက်ခ်ဆရီဖက်စ်တာဗာက Times of India သို့ ပြောကြားခဲ့သည်။

မြ၀တီ

နေ့စဉ်မိုးလေ၀သသတင်း

Monday, August 12, 2013
(၂၀၁၃ ခုနှစ်၊ သြဂုတ်လ(၁၂)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြအနေ။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအား အသင့် အတင့် ရှိနေပါသည်။ ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေး တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့်ကယားပြည်နယ် တို့တွင်နေရာကျဲကျဲ၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေ သကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ် ချုန်းရွာပြီး ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်နေရာကွက်၍မိုး ကြီးနိုင် ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

My Blog List