Friday, June 06, 2014

ကျိုက်လတ်မြို့နယ်တွင် ထွန်တုန်းတိုက်ပွဲ ပြုလုပ်



သစ်အချောထည် အလုပ်သမား ၁၀၀၀ ခန့် မန္တလေးကို ဆန္ဒပြရန် ချီတက်


အလုပ်သမားတွေကို နစ်နာစေမယ့် စာချုပ်ကို လက်မှတ်ထိုးဖို့ ငြင်းဆန်လို့ အလုပ်ရှင်ရဲ့ မောင်းထုတ် တာကို ခံခဲ့ရတဲ့ စဥ့်ကိုင်မြို့နယ် ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ ဒီနေ့ မနက် ၉ နာရီက မန္တလေးကို ဆန္ဒပြဖို့ လာနေပါတယ်။

အင်ဒိုနီးရှား သမ္မတလောင်း ၂ ဦး ရွေးကောက်ပွဲ မဲဆွယ်မှုစတင်



ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယံ နဲ့ ဂျိုကိုဝီဇူလိုင် ၉ ရက်နေ့မှာ ကျင်းပမယ့် အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်း ၂ ဦး ဇွန် ၅ ရက်နေ့က စတင်မဲဆွယ်နေကြပါတယ်။လက်ရှိသမ္မတ ယူဒိုယူနိုကို ဆက်ခံဖို့ ဂျကာတာမြို့ဝန် ဂျိုကိုဝီနဲ့ ယခင် ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယံတိုတို့ ၂ ဦးထဲက ရွေးချယ်ရမှာ ဖြစ်ပါတယ်။

D-Day နှစ် (၇၀) မြောက် အခမ်းအနားများကျင်းပ



နိုင်ငံရေး ဆွေးနွေးမှုမရှိပဲ ကချင် အပစ်ရပ်ဖို့ မလွယ်


မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေးရရှိဖို့ ဆိုရင် နိုင်ငံရေးဆွေးနွေး ပွဲတွေ ကို လုပ်ဆောင်မှသာ ဖြစ်နိုင်မယ်လို့ ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦး Gum Grawng Aung Kham က ပြောပါတယ်။ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဆောင်မယ်ဆိုရင်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကို လျော့ချဖို့ လိုအပ်ပြီး နှစ်ဖက် ယုံကြည်မှုရှိဖို့ လိုအပ်တယ်လို့  ပြောကြားလိုက်တာပါ။ 

ရုရှားသမ္မတ နဲ့ အနောက်နိုင်ငံခေါင်းဆောင်များ မျက်နှာချင်းဆိုင် တွေ့ဆုံ


ရုရှားသမ္မတ Vladimir Putin ဟာ ယူကရိန်းပဋိပက္ခ စတင်တဲ့အချိန်ကစလို့ အနောက်အုပ်စုနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ပထမဆုံးအကြိမ်အဖြစ် ကြာသပတေးနေ့က မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပါတယ်။ D – Day လို့ခေါ်တဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တပ်ဖွဲ့တွေကို ပြင်သစ်နိုင်ငံ Normandy ကမ်းခြေမှာ မဟာမိတ်တပ်ဖွဲ့တွေက စတင် ထိုးစစ်ဆင် တိုက်ခိုက်တဲ့နေ့ အထိမ်းအမှတ် နှစ်ပတ်လည် အခမ်းအနားကို နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက်တဲ့အချိန် အခုလို တွေ့ဆုံကြတာ ဖြစ်ပါတယ်။

ကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ တက်မည်


အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Daniel Russel ဟာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီး စည်းဝေးပွဲကို တက်ဖို့အတွက် ဇွန်လ ၅ ရက်နေ့က အမေရိကန်နိုင်ငံကနေ ရန်ကုန်မြို့ကို ထွက်ခွာသွားပြီ ဖြစ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဦးမြအေး ၏ ကျန်းမာရေး အခြေအနေ


၈၈ မျိးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးသည် နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ယနေ့ (ဇွန်လ ၆ ရက်)တွင် ဆေးကုသမှု ခံယူရမည်ဟု  ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်းမှ သတင်း ရရှိသည်။‘‘သူ့မျက်နှာ  ပြာလာတာကိုတော့ တွေ့တယ်။ ဘယ်ဆေးရုံမှာ တက်နေတာလဲ ဆိုတော့ ပြောပြလို့မရသေးဘူး’’ ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဥပဒေရေးရာ တာဝန်ခံ ဦးမာကီးက ပြောသည်။

ထိုင်းအာဏာသိမ်း ဗိုလ်ချုပ်ကြီး ပရာယွတ်ဝန်ကြီးချုပ်ဖြစ်လာမည်ဟု ဗေဒင်ဆရာ ဟောကိန်းထုတ်



ထိုင်းနိုင်ငံကို လက်ရှိအာဏာသိမ်းထားသော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်၏အခါတော်ပေးဗေဒင် ဆရာက ဗိုလ်ချုပ်ကြီးပရာယွတ်သည် ထိုင်းနိုင်ငံ၏ နောင်လာမည့် ၀န်ကြီးချုပ်ဖြစ်လာမည်ဟု ဟောကိန်းထုတ်လိုက် ပါသည်။‘‘အက္ခရာပီနဲ့စတဲ့သူဟာ နိုင်ငံကို ပြန်လည်တည်ထောင်မည့်သူ ဖြစ်လိမ့်မည်။ ဒီပြဿ      နာတွေကို ဖြေရှင်းဖို့ သူ့ကိုယ်သူ စတေးမယ့်သူ ဖြစ်လိမ့်မယ်’’ဟု ဗေဒင်ဆရာဘာရင် ဘွေဗီယာလတ်က ပြောကြားလိုက်သည်။

တောင်ကိုရီးယား အောက်မေ့သတိရကျောက်တိုင် ဖွင့်လှစ်



ရုရှားတွင် ခိုလှုံခွင့် သက်တမ်း တိုးမြှင့်ရရှိရန် စနိုးဒန် ကြိုးပမ်းနေ



အမေရိကန်အမျိုးသားလုံခြုံရေးဌာန၏ ထောက်လှမ်းရေးဆိုင်ရာ ကန်ထရိုက်တာဟောင်း အက်ဒ်ဝပ် စနိုးဒန်သည် ရုရှားတွင် ခိုလှုံခွင့် သက်တမ်း တိုးမြှင့်ခွင့်ရရန် ကြိုးပမ်းနေကြောင်း ၎င်း၏ ရှေ့နေက ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။အရာရာတွင် အစီအစဉ် ကျနေပြီဖြစ်ပြီး စနိုးဒန်၏ နေထိုင်ခွင့် သက်တမ်း တိုးမြှင့်ခွင့်ရ ရန်ကြိုးပမ်းနေကြောင်း စနိုးဒန်၏ ရှေ့နေ အနာတိုလီ ကူချဲရီနာက အင်တာဖက်စ် သတင်းဌာနသို့ ပြောဆိုခဲ့သည်။ 

တက္ကသိုလ်ဆရာ၊ ဆရာမ ရာထူးပြောင်းရွှေ့စနစ် ပွင့်လင်းမြင်သာ စနစ်သို့ ပြောင်းလဲမည်ဟုဆို



ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လက်အောက် တက္ကသိုလ်များတွင် ၂၀၁၄ ခုနှစ်မှ စတင်၍ တက္ကသိုလ် ဆရာ၊ ဆရာမများ ရာထူး အပြောင်းအရွှေ့အတွက် ပွင့်လင်းမြင်သာသည့် စနစ်ပုံစံ ပြောင်းလဲမည် ဖြစ်ကြောင်း မိတ္ထီလာ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက The Voice သို့ ပြောကြားသည်။

အပစ်ရပ်ရေး ခိုင်မြဲရန် တိုင်းရင်းသား အခွင့်အရေး ကာကွယ်သည့် အချက်အလက်ပါ ဥပဒေများ ပြဋ္ဌာန်းမည်ဟု သူရဦးရွှေမန်း ပြောကြား



နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ခိုင်မြဲရန်အတွက် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းရာတွင် တိုင်းရင်းသား အခွင့်အရေး ကာကွယ်ပေးသော အချက်များကို ထည့်သွင်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ကရင်အမျိုးသားအစည်းအရုံး KNU နှင့် တွေ့ဆုံစဉ် ကတိပြု ပြောကြားခဲ့ကြောင်း KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် က ပြောကြားသည်။

ဦးရဲထွဋ် ရဲ့ မေမြို့ထမင်းဝိုင်းနောက်ကွယ်မှာ ဘာတွေရှိသလဲ




သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ ဗဟိုအစိုးရ ပြန်ကြားရေးဒုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က သိပ်မကြာသေးခင် ပြင်ဦးလွင်မြို့တနေရာမှာ  ငါးပိရည်နဲ့စားခဲ့တဲ့ နေ့လယ်စာအကြောင်း Facebook မှာ ရေးလိုက်တော့ အင်မတန် လူပြောများတဲ့အကြောင်းအရာတခု ဖြစ်သွားပါတယ်။

မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် နှစ်နိုင်ငံ အလံတင်ဆွေးနွေးပွဲ ကျင်းပ




မြန်မာ-ဘင်္ဂလားဒေ့ရှ် အလံတင် ဆွေးနွေးပွဲအား ဇွန် ၅ ရက် နံနက်ပိုင်းက မောင်တောမြို့ ဒေဝါနဒီခန်းမ၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။ယင်းအစည်းအဝေးမှာ ခြောက်နာရီ ကြာမြင့်ခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်ကြားတွင်ရှိနေသော RSO လက်နက်ကိုင်အဖွဲ့ကို ပူးပေါင်းရှင်းလင်းရန် အဓိကအချက်အနေဖြင့် မြန်မာနိုင်ငံဘက်မှ တိုက်တွန်းမှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး မသေမချာဖြစ်စေမှုတွင် လာဘ်ပေးလာဘ် ယူမှုသည် အကြမ်းဖက်မှုထက် ပိုမိုဆိုးရွားစေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား



နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး မသေမချာဖြစ်စေမှုမှာ လာဘ်ပေးလာဘ်ယူမှုဟာ အကြမ်းဖက်မှုထက် ပိုမိုဆိုးရွား စေကြောင်းကို ဇွန် ၅ ရက် MICC တွင်ပြုလုပ်သည့် ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် သမ္မတဦးသိန်းစိန်က ပြောကြားသည်။

မြန်မာ-တရုတ် နယ်ခြားမှတ်တိုင် ပြဿနာ ပြေလည်စွာ ညှိနှိုင်းမည်ဟု ဦးရဲထွဋ် ပြောကြား



မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တရုတ်နိုင်ငံယူနန်ပြည်နယ်နယ်စပ်တွင် နယ်ခြားမှတ်တိုင်သတ်မှတ်ရာ၌ ဒေသခံ များအကြား အငြင်းပွားမှု ဖြစ်နေသော ပြဿ    နာကို တရုတ်အစိုးရနှင့် ပြေလည်စွာ ညှိနှိုင်းသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ပြောကြားသည်။ 

KIA ၏ ပစ်ခတ်မှုကြောင့် တပ်မတော်မှ တပ်ရင်းမှူးတစ်ဦး ကျဆုံး


တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အချို့အကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သော ရှမ်းပြည် နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် တာမိုးညဲ မြို့နယ်ခွဲအတွင်း ရှေ့တန်းစစ်ကြောင်းမှ ပြန်လာသော မော်တော်ယာဉ် တစ်စီးကို KIA အဖွဲ့က ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့ကြောင်း အစိုးရနှင့် တပ်မတော်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

အာရှပစိဖိတ်၂၀၁၄ ပထမဆုရရှိသူမေမြတ်နိုး ရန်ကုန်သို့ ပြန်လည်ရောက်ရှိ



Unicef က ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုခြင်းအား ပြန်လည်တောင်းပန်


ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ Unicef က အခမ်းအနားတစ်ခုတွင် ရိုဟင်ဂျာဟုသုံးနှုန်းပြောဆို ခဲ့ခြင်းအား ဇွန် ၅ ရက်တွင် ဌာနေကိုယ်စားလှယ် ကိုယ်တိုင် ပြန်လည်တောင်းပန်လိုက်ကြောင်း သိရသည်။

၅၉ (စ) မပြင်ဆင်ရေး ဆန္ဒပြမှုများကို ပြည်ခိုင်ဖြိုးပါတီမှ လုပ်နေခြင်း မဟုတ်ကြောင်း ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ငြင်းဆို


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၅၉ (စ) မပြင်ရေးဆန္ဒပြမှုများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လုပ်နေခြင်းမဟုတ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒုတိယဥက္ကဌ ဦးဌေးဦး က ပြောကြားသည်။

မေ ၆ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးပြီးနောက် သတင်းထောက်များ၏ မေးမြန်း ချက်ကို ဦးဌေးဦးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

Thursday, June 05, 2014

ပုပ်ရဟန်းမင်း ခရီးစဉ်နှင့် ပါလက်စတိုင်း ငြိမ်းချမ်းရေး



“ငြိမ်းချမ်းရေး အရှင်သခင် ယေရှုခရစ်တော်၏ ဟောသည်မွေးရပ်မြေတွင် သင်တို့ကို ကျွန်ုပ် ဖိတ်မန္တကပြုပါ၏။ အို... ပါလက်စတိုင်း သမ္မတနှင့် အစ္စရေးသမ္မတတို့၊ သင်တို့ နှစ်ဦးသည် ကျွန်ုပ်နှင့်အတူ ဘုရားသခင် ထံတော်ပါးတွင် ငြိမ်းချမ်းရေး ဆုမြတ် ပေးသနားတော်မူစေကြောင်း ရင်ထဲအသည်းထဲမှ ဆုတောင်းကြမည်။ ဤသို့ ဆုတောင်းကြရန် အတွက် ဗာတီကန်ရှိ ကျွန်ုပ်၏ နေရာရင်းသို့ နှစ်ဦးစလုံး ကြွရောက်ပါရန်လည်း ဖိတ်ကြားအပ်ပါသည်။ 

ထိုင်းအခြေအနေ အာဆီယံဥက္ကဋ္ဌ မြန်မာ ထောက်ခံ


ထိုင်းနိုင်ငံ အခြေအနေကို လက်ရှိ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မြန်မာက ထောက်ခံတယ်လို့ ထိုင်း နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကောင်စီ (NCPO) က ပြောပါတယ်။ ဇွန် ၂ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး အမြဲတမ်းအတွင်ရေးမှူး ဆီဟာဆတ် ပေါင်ကပ်ကွေး (Sihasak Puangketkaew) က မြန်မာနိုင်ငံကို သွားရောက်ပြီး ထိုင်းနိုင်ငံ ပုံမှန်ဖြစ်ရေးအတွက် စစ်ကောင်စီရဲ့ လမ်းပြမြေပုံကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်နဲ့ တွေ့ဆုံရှင်းပြခဲ့ရာက ထောက်ခံချက်ရရှိတာ ဖြစ်တယ်လို့ NCPO ပြောခွင့်ရ ယောင်ယွတ် မေယလပ် (Yongyuth Mayalarp)က ပြောပါတယ်။

အူရီဒူးကို သပိတ်မှောက်ဖို့ ပြင်ဆင်နေ



အူရီဒူးဆက်သွယ်ရေးကုမ္ပဏီသပိတ်မှောက်ရေး လှုပ်ရှားမှုတခုကို ရန်ကုန်မှာ ပြင်ဆင်နေပါတယ်။ဒီလှုပ်ရှားမှုကို ထောက်ခံတဲ့သံဃာတပါးဖြစ်တဲ့ မကွေးပရိယတ္တိစာသင်တိုက်က ဦးပါမောက္ခက ဒီလှုပ်ရှားမှု လာမယ့် စနေနေ့မှာ ပြုလုပ်မယ်လို့ မိန့်ပါတယ်။ဒီကုမ္ပဏီဟာ အစ္စလမ်နိုင်ငံအခြေစိုက်တဲ့အတွက် အူရီဒူး ဆင်ကတ်ကို ၀ယ်မသုံးကြဖို့၊ အူရီဒူး ဆင်ကတ်သုံးပြီးဖုန်းခေါ်လာရင် လက်ခံဖြေကြားခြင်း မပြုဖို့ အများပြည်သူကို တိုက်တွန်းမယ်လို့ မိန့်ကြားပါတယ်။

ယူကရိန်းအရေးနှင့်ပတ်သက်၍ တားဆီးပိတ်ဆို့မှုအသစ်များ ချမှတ်နိုင်ကြောင်း ဂျီ-၇ အဖွဲ့က ရုရှားအားသတိပေး


ယူကရိန်းနိုင်ငံတွင် ရုရှား၏လုပ်ရပ်များကြောင့် ရုရှားနိုင်ငံအပေါ် တားဆီးပိတ်ဆို့မှုများ ထပ်မံချမှတ် သွားနိုင်ကြောင်း ဘရပ်ဆဲလ်မြို့တွင် တွေ့ဆုံစည်းဝေးနေသော ဂျီ-၇ စက်မှုနိုင်ငံခေါင်းဆောင်များက ပြော ကြားလိုက်သည်။ယူကရိန်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ဆက်လက်ချိုးဖောက်နေခြင်းအတွက် မော်စကို ကိုရှုတ်ချလိုက်ကြောင်း  ပူးတွဲကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

ဗြိတိန်အမျိုးသမီး၏ MH 370 နှင့် ပတ်သက်သော ပြောကြားချက်ကို သြစတြေးလျအစိုးရ စတင်စုံစမ်း


သြစတြေးလျအစိုးရသည် အိန္ဒိယသမုဒ္ဒရာအထက်တွင် မီးလောင်နေသည့် မလေးရှားလေယာဉ် MH 370 ကို တွေ့မြင်ခဲ့သည်ဟုဆိုသော ဗြိတိန်အမျိုးသမီးကက်သရင်းတီး၏ ပြောကြားချက်ကို စတင်စုံစမ်းနေပြီဖြစ် သည်။

တယ်လီနောဆင်းမ်ကတ်များ ၁၅၀၀ကျပ်ဖြင့် စက်တင်ဘာလတွင် စတင်ရောင်းမည်



တယ်လီနောမြန်မာကုမ္ပဏီမှ မိုဘိုင်းဆင်းမ်ကတ်များကို စက်တင်ဘာလတွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး အသက် အရွယ်ကန့်သတ်ချက်မရှိဘဲ မှတ်ပုံတင်ရှိသူတိုင်း မိုဘိုင်းဆင်းမ်ကတ်များ လိုသလောက်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တာဝန်စတင်ထမ်းဆောင်ဖို့ ကျမ်းကျိန်လိုက်ပြီဖြစ်တဲ့ ပါလက်စတိုင်း အစိုးရအဖွဲ့သစ်


ပါလက်စတိုင်းအမျိုးသားပြန်လည်ပေါင်းစည်းရေးအစိုးရဟာတာဝန်ထမ်းဆောင်ဖို့အတွက် ကျိမ်းကျိန်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။အာဏာရပါလက်စတိုင်းသမ္မတ "မာမွတ်အာဘတ" ဟာ အစိုးရအဖွဲ့မှာတာဝန် ထမ်းဆောင်ဖို့အတွက် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးအနောက်ဘက်ကမ်းရိုးတန်းနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အချုပ်အခြာ အာဏာရရှိအောင်လုပ်ဆောင်မှာဖြစ်တယ်လို့ပြောပါတယ်။

တောင်ကြီးခရိုင် NLD ရပ်ကျေးဒုဥက္ကဋ္ဌ ပစ်သတ်ခံရ


ရှမ်းပြည်နယ် တောင်ကြီးခရိုင် ဟိုပုန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရပ်ကျေး ဒုဥက္ကဋ္ဌတဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့နယ်ပါတီ တာဝန်ရှိသူက ပြောပါတယ်။သေဆုံး သူဟာ ဟိုပုန်းမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စု ဒုဥက္ကဋ္ဌ အသက် ၅၀ နှစ်ရွယ် ဦးစံထွန်း ဆိုသူဖြစ်ပြီး သေနတ် ဒဏ်ရာနဲ့ သေဆုံးတာလို့ တောင်ကြီးမြို့နယ် အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးခွန်သန်းလွင်က ပြောပါတယ်။

ကိုရဲထွဋ်ခေါင်နှင့် ကိုသီဟ တို့နှစ်ဦးအား လူလိမ်များဖြစ်သည်ဟု မြစ်ဆုံသို့လမ်းလျှောက်ဆန္ဒပြရာတွင် ပါဝင်သူများမှပြော




မြစ်ဆုံစီမံကိန်းရပ်ဆိုင်းပေးရန်အတွက် မြစ်ကြီးနားမြို့ရှိ မေခ မလီခမြစ်ဆုံအထိ လမ်းလျှောက်ဆန္ဒပြခဲ့သူ များအား ကျန်းမားရေးအထောက်အကူပြုဆေးဝါးများ၊စားရေး သောက်ရေး၊အားလုံးတာဝန်ယူမည်ဟု ပြောကြားခဲ့သော ကိုရဲထွဋ်ခေါင်နှင့်ကိုသီဟတို့နှစ်ဦးအား လူလိမ်များဖြစ်သည်ဟု မြစ်ဆုံသို့လမ်းလျှောက် ဆန္ဒပြခဲ့ရာတွင် ပါဝင်သော ပြည်သူများမှ ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံကို ထောက်ပံ့ရေးအစီအစဉ်တွေ ရပ်ဆိုင်းတော့မယ့် ဂျပန်နိုင်ငံ



ဗီယက်နမ်အစိုးရဟာ တံစိုးလက်ဆောင်စားမှုတွေကို တိုက်ဖျက်မှု မရှိဘူးဆိုရင်ပေးအပ်နေတဲ့ ထောက်ပံ့ရေးအကူအညီ တွေကို ရပ်ဆိုင်းတော့မှာဖြစ်တယ်လို့ဂျပန်အစိုးရက ပြောပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဗျူရို အထွေထွေအတွင်းရေးမှူးချုပ်ခီမီဟီရိုအီရှီကိန်းက ဗီယက်နမ်သယ်ယူ ပို့ဆောင်ရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီးငုရင်ငေါင်ဒေါင်နဲ့ တွေ့ဆုံရာမှာ ဗီယက်နမ်နိုင်ငံ အတွင်းမှာ ဖြစ်ပွားနေတဲ့ တံစိုး လက်ဆောင်စားမှုတွေကို စုံစမ်းစစ်ဆေးမှုမလုပ်ဘူးဆိုရင်နိုင်ငံတွင်းကိုပေးအပ်နေတဲ့ အကူအညီတွေကို ရပ်ဆိုင်းမှာဖြစ်တယ်လို့ပြောခဲ့တာ ဖြစ်ပါတယ်။

သက်ဆင်ကိုလိုလားသောရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးများကို ထိုင်းစစ်အစိုးရဖယ်ရှား


ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို သစ္စာခံသည်ဟုသတ်မှတ်ခံထားရသော အရာရှိများ၏သြဇာအာဏာ အားနည်းသွားစေရန် ထိုင်းစစ်ဘက်က စနစ်တကျနေရာရွှေ့ပြောင်းမှုများပြုလုပ်နေသည်ဟု ရိုက်တာ သတင်းဌာနက ဖော်ပြသည်။

မေးသည့် မေးခွန်းကို တည့်တည့်ဖြေရန် သမဝါယမ ဒုတိယဝန်ကြီးကို သူရဦးရွှေမန်း အသိပေး



လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသော မေးခွန်းများကို တည့်တည့် ဖြေဆိုပေးရန် သမဝါယမ ဒုတိယဝန်ကြီး ဦးသန်းထွန်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန်လ ၄ ရက်နေ့၌ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အသိပေး ပြောဆိုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ဆွေးနွေးရန် NLD ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူ


ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာအားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ရွေးကောက်ပွဲတွက် အနိုင်ရရှိရေး အဓိကထား ဆောင်ရွက် မည့် လုပ်ငန်းစဉ်များ ဆွေးနွေးရန် ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူထားကြောင်း အဆိုပါ ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်း က  ပြောကြားသည်။

အသင်းအဖွဲ့ မှတ်ပုံတင် ဥပဒေကြမ်း အရပ်ဘက်အဖွဲ့အစည်းများ၏ တောင်းဆိုချက်နှင့် မကိုက်ညီ


အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှ အတည်ပြုထားပြီး ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြု ပြဌာန်းတော့မည့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းသည် အရပ်ဘက် အဖွဲ့အစည်းများ၏ တောင်းဆိုချက်များနှင့် ကိုက်ညီမှု မရှိကြောင်း သိရသည်။

မန္တလေးတိုင်း ဝန်ကြီးချုပ် နေအိမ် မီးလောင်မှု ဝန်ကြီးချုပ်ကို တရားစွဲခွင့် မရှိဟုဆို



အစိုးရသစ်လက်ထက်တွင် ပထမဆုံးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နေအိမ် မီးလောင်မှုကြောင့် ဝန်ကြီးချုပ် ကို ရဲစခန်း၌ အမှုဖွင့်ထားပြီး ယင်းမီးပေါ့ဆမှုဖြင့် ဝန်ကြီးချုပ်ကို တရားရုံး စွဲတင်ရန် ရှေ့နေချုပ်ရုံးထံ ဥပဒေအကြံ တောင်း ခံထားရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ညွှန်ကြားချက်အရ ဝန်ကြီးချုပ်ကို တရားစွဲဆိုခွင့် မရှိကြောင်း မန္တလေး တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့် က ပြောကြားသည်။

အမေရိကန် ကုန်သွယ်ရေးဝန်ကြီး မြန်မာနိုင်ငံသို့ ယနေ့ရောက်မည်


နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် ကောင်းမွန်စ ပြုလာသည့် မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ စီးပွားရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်မှုအဖြစ် အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Ms. Penny Pritzker ဦးဆောင်သော အမေရိကန် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဒု-ရုံး အဖွဲ့မှူးထံမှ သိရသည်။

Miss Asia Pacific World 2014 ဆုရှင် မေမြတ်နိုး အား ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်အဖွဲ့အစည်းမှ အဖွဲ့ဝင်အဖြစ် ခန့်အပ်


Miss Asia Pacific World 2014 ဆုရှင် မေမြတ်နိုး အား တောင်ကိုရီးယားနိုင်ငံရှိ Korea Film Actor's Association (KAA)က ၎င်းတို့၏အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။“KAA ရဲ့အဖွဲ့ဝင်ဖြစ် သွားတဲ့အတွက် ကိုရီးယားမှာ သရုပ်ဆောင်အဖြစ် ရိုက်ကူးခွင့်လိုင်စင်ကို ပေးအပ်ခဲ့ပြီး သူတို့ဆီက အနု ပညာလှုပ်ရှားမှုတွေမှာလည်း မေမြတ်နိုးအနေနဲ့ ပါဝင်ခွင့်ရရှိမှာပါ။ 

တပ်မတော် ခေါင်းဆောင်ပိုင်း ရာထူး အပြောင်းအလဲ မကြာမီ ပြုလုပ်ဖွယ်ရှိ



ကာကွယ်ရေး ဦးစီးချုပ်ရာထူး အပါအ၀င် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ရာထူးတချို့ မကြာမီ အပြောင်းအလဲ ပြုလုပ်ဖွယ်ရှိကြောင်း နေပြည်တော်ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့်နီးစပ်သော စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်မှ သိရှိ ရသည်။

လတ်တလော ရရှိထားသော သတင်းများအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူးအပါအ၀င် တပ်မတော်၏ အရေးကြီးသော ခေါင်းဆောင်ရာထူးများကို အပြောင်းအလဲပြုလုပ်ဖွယ်ရှိကြောင်း၊ အပြောင်းအလဲ ပြုလုပ်မည့်အချိန်သည် သြဂုတ်လဟု မျှော်လင့်ရသော်လည်း ထိုထက်ပိုမို ကြာမြင့်နိုင်ကြောင်း၊ ယခု အပြောင်းအလဲသည် အနားယူမည့် စစ်ဗိုလ်ချုပ်များ နိုင်ငံရေး လောကထဲသို့ ၀င်ရောက်လာမည့် အခြေအနေရှိကြောင်း သိရှိရသည်။

အာဏာသိမ်းမှုနှင့်ပတ်သက်၍ ထိုင်းအတွင်းဝန် အာဆီယံဥက္ကဋ္ဌ မြန်မာကို လာရောက်ရှင်းပြ


ထိုင်းစစ်တပ်အာဏာသိမ်းမှုကို ထောက်ခံမှုရယူမည့် ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲ တမ်း အတွင်းဝန်က မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်ခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ရေးသား ထားသည်။

ကာချုပ်နှင့် ကေအင်န်ယူဥက္ကဋ္ဌ ခြောက်ကြိမ်မြောက် တွေ့ဆုံသောအခါ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကေအင်န်ယူ ကရင်အမျိုးသားအစည်း အရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီမှ ၁၂ နာရီခွှဲအထိ နေပြည်တော်၌ တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေးကို မဖြစ်မနေ အောင်မြင်မှုရရှိသည်အထိ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

သမ္မတ ဦးသိန်းစိန် ကို နောက်ထပ်သက်တမ်း ထမ်းဆောင်စေလိုသည့် KNU


ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌအပါအ၀င် ဗဟိုကော်မတီဝင်များနှင့် နိုင်ငံတော်သမ္မတ တို့တွေ့ ဆုံစဉ် နိုင်ငံတော်သမ္မတကြီးအား ဒုတိယသက်တမ်းကို ဆက်လက်ထမ်းဆောင်ရန် အကြံပြုခဲ့ကြောင်း KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကပြောသည်။

" သီတဂူဆရာတော်ကြီး မျက်စိနှစ်လုံး ခွဲစိပ်ကုသရခြင်း "



(တပည့်များ စိတ်အေးစေရန် ကြေငြာချက် - OFFICIAL Report)

သီတဂူဆရာတော်ကြီးသည် ညာဘက်မျက်လုံး အနီးအဝေး မမြင်သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သည်။ ၂၀၁၄ နိုဝင် ဘာလ ၂၄ရက်နေ့က နီပေါလ်နိုင်ငံ လုမ္ဗိနီဒေသ ဗုဒ္ဓဘာသာအမွေနှစ်များ ထိမ်းသိန်းစောင့်ရှောက်ရေးအတွက် အကြို ညှိနှိုင်းအစည်းဝေးကြွခဲ့သည်။ အပူချိန် ၄၀အထိရှိသည့် လုမ္ဗိနီဒေသ ဖိနပ်မစီးရသတ်မှတ်ထားသော နေရာများတွင် ဖိနပ်မစီးဘဲ တော်တော်ကြာ လမ်းလျှောက်ခဲ့ပြီး ဟိုတယ်အပြန် ရေချိုးလိုက်သောအခါ ဘယ်ဘက်မျက်စိပါ အလင်းမရ ဖြစ်ခဲ့သည်။ 

My Blog List